ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၈)

ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏အမှုအဆင့်တစ်ခုစီသည် ခေတ်တစ်ခေတ်လုံးမှ သူ၏ အမှုကို ကိုယ်စားပြုပြီး၊ လူသား၏အလုပ်ကဲ့သို့ ကာလတစ်ခုကိုသာ ကိုယ်စားမပြုပေ။ ထို့ကြောင့် ဘုရားသခင်၏နောက်ဆုံးလူ့ဇာတိခံယူခြင်း အမှု၏ အဆုံးမှာ သူ့အမှုသည် လုံးဝအဆုံးသတ်သွားခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် ခေတ်တစ်ခေတ်လုံးကို ကိုယ်စားပြုပြီး၊ ဇာတိခန္ဓာနှင့် အမှုဆောင်ခဲ့သော ကာလကိုသာ ကိုယ်စားပြုခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် ဇာတိခန္ဓာထဲတွင် ရှိနေသည့်အချိန်အတွင်း ခေတ်တစ်ခေတ်လုံးအတွက် သူ၏အမှုကို ပြီးမြောက်စေခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ထိုအမှုသည် နေရာအားလုံးသို့ ပျံ့နှံ့သွားသည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏သာသနာကို ပြီးမြောက်အောင်ဆောင်ရွက်ပြီး နောက်တွင်သူ့နောက်လိုက်သူများထံသို့ သူ၏ အနာဂတ်အမှုကို တာဝန်ပေးစေခိုင်းလိမ့်မည်။ ဤနည်းအားဖြင့် ခေတ်တစ်ခေတ်လုံးမှ သူ၏အမှုကို အပျက်အစီးမရှိ ဆက်လက် ဆောင်ရွက်နိုင်လိမ့်မည်။ လူ့ဇာတိခံယူသည့် ခေတ်တစ်ခေတ်လုံး၏ အမှုသည် စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့ပြီးသည့်အခါမှသာ လုံးလုံးလျားလျားပြီးစီးပြီဟု မှတ်ယူခြင်း ခံရမည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည်ခေတ်သစ်တစ်ခေတ်ကို စတင်ပေးပြီး သူ၏အမှုကို ဆက်လက် လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ သာသနာအတွင်းတွင်သာရှိပြီး၊ ဤနယ်ပယ်အပြင်သို့ ကျော်သွားနိုင်စွမ်းမရှိပေ။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့လျှင် လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်နိုင်စွမ်းမရှိသကဲ့သို့၊ ခေတ်သစ်သို့ ဆောင်ကြဉ်းသွားနိုင်စွမ်းလည်း မရှိပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူသားတို့လုပ်နိုင်သည့် တာဝန်ပမာဏအတွင်းတွင်သာရှိပြီး ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် သူလုပ်သင့်သော ဤအမှုကိုလာရောက်ကာပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး၊ သူမှလွဲ၍ သူ့ကိုယ်စား မည်သူကမျှ ဤအလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ငါပြောသော အကြောင်းသည် လူ့ဇာတိခံယူခြင်း အမှုနှင့် ပတ်သက်သည်မှာ မှန်ပေသည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ပထမအနေဖြင့် လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့်အဆင့်တစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူသားတို့ အယူအဆများနှင့် မကိုက်ညီသည့်အမှုများစွာကို လုပ်လေသည်။ ဤအမှု၏ ရည်ရွယ်ချက်မှာ လူသားကို သိမ်းပိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည်လူသား၏အယူအဆများနှင့် မကိုက်ညီသည့် ပို၍များသောအမှုတို့ကို လုပ်ဆောင်သည့်အပြင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည်လည်း လူသားတို့၏ အယူအဆများနှင့် ညီညွတ်ခြင်းမရှိသဖြင့် လူသားသည် ဘုရားသခင်နှင့်ပတ်သက်သော ပို၍အကဲဖြတ်သည့် အမြင်များ ရှိလာကြသည်။ ဘုရားသခင်သည် သူနှင့်ပတ်သက်သော အယူအဆများအသင်္ချေများလှစွာရှိသည့် လူသားတို့ကြားတွင် သိမ်းပိုက်ခြင်းအမှုကို လုပ်နေခြင်းသာဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ ဘုရားသခင့် သာသနာတော် ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက်တွင် လူသားအားလုံးသည်ဘုရားသခင့် အုပ်စိုးမှုအောက်တွင် ဝန်ခံလာကြလိမ့်မည်။ ဤအမှု၏ စစ်မှန်သောအချက်သည် တရုတ်လူမျိုးများကြားတွင်သာ ထင်ဟပ်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား သိမ်းပိုက်မည့်ပုံကို ကိုယ်စားပြုခြင်းဖြစ်သည်။ ဤလူတို့အပေါ်တွင်ရရှိသော အကျိုးသက်ရောက်မှုများသည် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ်တွင်ရရှိမည့် အကျိုးသက်ရောက်မှုများ၏ ရှေ့ပြေးနိမိတ်ဖြစ်ပြီး၊ အနာဂတ်တွင် သူပြုမည့်အမှု၏ အကျိုးသက်ရောက်မှုများသည် ဤလူတို့အပေါ်ရသည့် အကျိုးသက်ရောက်မှုများထက် တိုး၍ပင် သာလွန်များပြားလိမ့်မည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏အမှုတွင် ကြီးမားသော ခမ်းကြီးနားကြီးဖြစ်မှု မပါဝင်သကဲ့သို့ လျှို့ဝှက်ချက်ဖြင့် ဖုံးလွှမ်းထားခြင်းလည်းမရှိပေ။ ယင်းသည် စစ်မှန်ပြီး မှန်ကန်ကာ တစ်နှင့်တစ်ပေါင်းနှစ်ကဲ့သို့ မှန်ကန်သည့် အမှုဖြစ်သည်။ မည်သူ့ထံမှ လျှို့ဝှက်ခြင်းမရှိသလို မည်သူ့ကိုမျှ လှည့်စားခြင်းမရှိပေ။ လူတို့တွေ့မြင်သည့်အရာမှာ စစ်မှန်၍မှန်ကန်သော အရာများဖြစ်ပြီး၊ လူတို့ရရှိသောအရာမှာ စစ်မှန်သော သမ္မာတရားနှင့် အသိပညာဖြစ်သည်။ အလုပ်ပြီးဆုံးချိန်တွင် လူသားသည် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာအသစ်တစ်ခုကိုရရှိကာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေသော သူတို့သည်ဘုရားသခင်နှင့် ပတ်သက်သော နောက်ထပ်ထင်မြင်ယူဆချက်များ ရှိလာတော့မည်မဟုတ်ပေ။ ဤသည်မှာ တရုတ်လူမျိုးတို့အပေါ်ရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုမျှသာ မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်သည့် သူ့အမှု၏ အကျိုးသက်ရောက်မှုကို ကိုယ်စားပြုသည်။ အကြောင်းမှာ လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်သည့်အလုပ်တွင် ဤဇာတိခန္ဓာ၊ ဤဇာတိခန္ဓာ၏အမှု၊ဤဇာတိခန္ဓာနှင့်စပ်ဆိုင်သည့် အရာအားလုံးထက် ပို၍ အကျိုးပြုနိုင်သည့်အရာ မရှိသောကြောင့်တည်း။ ယင်းတို့သည် ယနေ့ ဘုရားသခင့်အမှုကို အကျိုးပြုသကဲ့သို့ အနာဂတ်တွင်လည်း သူ၏အမှုတော်ကို အကျိုးပြုမည်။ ဤဇာတိခန္ဓာသည် လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်ပြီး၊ လူသားတစ်မျိုးနွယ်လုံးကို ရယူမည်။ လူသားတစ်မျိုးနွယ်လုံးမှ ဘုရားသခင်ကိုမြင်တွေ့ရန်၊ နာခံရန်နှင့် သိရှိရန်ထက်ပို၍ကောင်းသော အမှုမရှိတော့ပေ။ လူသားတို့ လုပ်ဆောင်သောအမှုသည် ကန့်သတ်နယ်ပယ်တစ်ခုကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ချိန်တွင် လူတစ်ဦးတည်းကိုသာ စကားပြောခြင်း မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးနှင့် သူ၏နှုတ်ကပတ်တော်တို့ကို လက်ခံသောသူအားလုံးတို့ကို စကားပြောတော်မူသည်။ သူဖော်ပြသောအဆုံးသည် လူသားအားလုံး၏ အဆုံးသတ်ဖြစ်ပြီး လူသားတစ်ဦးတည်း၏ အဆုံးသတ်သာမဟုတ်ပေ။ ဘုရားသခင်သည် လူတစ်ဦးဦးကို အထူးမျက်နှာသာပေးခြင်း သို့မဟုတ် တစ်ဦးဦးကို မတရားညှဉ်းဆဲခြင်းမရှိဘဲ သူသည် လူသားတစ်မျိုးနွယ်လုံးထံ စကားပြောကာ အမှုဆောင်သည်။ သို့ဖြစ်၍ ဤလူ့ဇာတိခံယူသည့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံးကို အမျိုးအစားအလိုက် ခွဲခြားခြင်း၊ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းနှင့် လူသားတစ်မျိုးနွယ်လုံးအတွက် သင့်လျော်သော ပန်းတိုင်တစ်ခုကို စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို တရုတ်နိုင်ငံတွင်သာ လုပ်ဆောင်လင့်ကစား အမှန်တွင်မူ သူသည် စကြဝဠာတစ်ခုလုံးတွင် အမှုကို သတ်မှတ်ခဲ့ပြီးဖြစ်လေသည်။ ဘုရားသခင်သည် ဖွင့်ဟခြင်းများနှင့် စီစဉ်မှုများကို အဆင့်အလိုက် မလုပ်ဆောင်မီတွင် လူသားတစ်မျိုးနွယ်လုံးကြားတွင် သူ၏အမှုပျံ့နှံ့ရန် မစောင့်ဆိုင်းနိုင်ပေ။ သို့ပြုခြင်းသည် အလွန်နောက်ကျလွန်းမည် မဟုတ်လော။ ယခုအခါတွင် သူသည် အနာဂတ်အမှုကို ကြိုတင်၍ ပြီးမြောက်အောင် အပြည့်အဝ လုပ်ဆောင်နိုင်ပြီဖြစ်သည်။ အကြောင်းမှာ အလုပ်လုပ်ဆောင်နေသူသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် အကန့်အသတ် နယ်ပယ်တစ်ခုအတွင်းတွင် အကန့်အသတ်မဲ့သော အမှုကို လုပ်ဆောင်နေပြီး၊ ထို့နောက်တွင် လူသားတို့လုပ်ဆောင်သင့်သောတာဝန်ကို လုပ်ဆောင်ရန် သူစေခိုင်းလိမ့်မည်။ ဤသည်မှာ သူ့အမှု၏ စည်းမျဉ်းတည်း။ သူသည် လူသားနှင့် တစ်ခဏသာ အတူနေနိုင်ပြီး ခေတ်တစ်ခုလုံး နိဂုံးချုပ်သွားချိန်တိုင်အောင် လူသားကို အဖော်ပြုနိုင်မည်မဟုတ်ပေ။ သူသည် ဘုရားသခင်ဖြစ်သောကြောင့် သူ၏အနာဂတ်အမှုကို ကြိုတင်၍ သူဟောကြားလေသည်။ ထို့နောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးကိုသူ၏နှုတ်ကပတ်တော်များဖြင့် အမျိုးအစားအလိုက် အဆင့်အတန်း ခွဲခြားကာ လူသားမျိုးနွယ်သည် သူ၏နှုတ်ထွက်စကားတော်များနှင့်အညီ သူ၏ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သည့် အမှုအတွင်းသို့ ဝင်ရောက်ရမည်။ မည်သူမျှ ရှောင်ပြေးနိုင်ခြင်းမရှိ။ လူတိုင်းသည် ထိုသို့ပင် ကျင့်သုံးလုပ်ဆောင်ရမည်။ ထို့ကြောင့် အနာဂတ်တွင် ခေတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းညွှန်ပြီး ဝိညာဉ်တော်က လမ်းညွှန်မည် မဟုတ်ပေ။

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည်လူ့ဇာတိခံ ဘုရားသခင်၏ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ” | ကောက်နုတ်ချက် ၅၂၂

ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်” | ကောက်နုတ်ချက် ၃၉၃

လူသားအားလုံး၌ တည်ရှိနေသော ဘုံပြဿနာမှာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက် နားလည်ပါလျက်နှင့် လက်တွေ့ကျင့်သုံးရန် ပျက်ကွက်ခြင်း ဖြစ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ” | ကောက်နုတ်ချက် ၃၄၄

ငါ၏အမှုသည် သင်တို့အတွက် အလွန်အထောက်အကူ ဖြစ်ပါသော်လည်း သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို အစဉ်အမြဲ နားမလည်ဘဲ သင်တို့အထဲ၌ ဘာမျှ ဖြစ်မလာချေ။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရီးပန်းတိုင်နှင့်ပတ်သက်၍” | ကောက်နုတ်ချက် ၃၃၅

သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏- ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည်...