ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏ (ကောက်နုတ်ချက် ၂)

ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုရားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏သီးသန့်ပိုင်သည့် ပစ္စည်းဥစ္စာအဖြစ် ဘုရားသခင်က သူ့ကိုယ်သူ မသတ်မှတ်ထားဘဲ၊ မည်သည့်ပုံစံ၊ မည်သည့်တိုင်းနိုင်ငံ၊သို့မဟုတ် မည်သည့်လူမျိုးမျှ၏ ဘောင်ခတ်ခြင်းကို မခံဘဲ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို လုပ်နေသည်။ သင့်အနေဖြင့် ထိုပုံစံကို တစ်ခါမျှ စိတ်မကူးမိခဲ့ဖူးခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ထိုပုံစံနှင့်ပတ်သက်သော သင့်သဘောထားသည် ငြင်းဆန်သောသဘောထား ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ဘုရားသခင်အနေဖြင့် မိမိကိုယ်မိမိ ဖော်ထုတ်ပြသည့် အရပ်ဖြစ်သောတိုင်းနိုင်ငံနှင့် လူမျိုးတို့သည် တိုက်တိုက်ဆိုင်ဆိုင်ပင် လူအားလုံးတို့၏ ခွဲခြားဆက်ဆံမှု ခံနေရပြီး ကမ္ဘာပေါ်၌ ခေတ်နောက်အကျန်ဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်၌ သူ၏ဉာဏ်ပညာရှိသည်။ သူ၏ ကြီးမြတ်သောတန်ခိုး၊ သူ၏ သမ္မာတရားနှင့် သူ၏စိတ်သဘောထားအားဖြင့် ဘုရားသခင်သည် သူနှင့် စိတ်တစ်ဝမ်းတည်းဖြစ်သည့် လူတစ်စုကိုအမှန်ရရှိခဲ့သည်။ အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများ၊ အမျိုးမျိုးသော နှိပ်စက်မှုများကို ကြံ့ကြံ့ခံပြီး သူ့နောက်သို့ အဆုံးတိုင် လိုက်နိုင်သည့်သူသိမ်းပိုက်ထားသော လူစုဖြစ်သည့် စုံလင်အောင် သူပြုလိုသော လူတစ်စုကို အမှန်ပင် သူရရှိခဲ့သည်။ မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံ၏ကန့်သတ်ခြင်းများ မရှိသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့်အတိုင်းအလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါကကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန်အတွက်ကားတိုင်၌ အသေခံဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့်ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီးသခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည်အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကိုအစွမ်းကုန် ကြေညာကြသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကိုပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်ကသူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုအမှတ်မထင် တွေ့သွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသောလူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကိုတောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲလေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှသင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကိုသင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည်သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ အယူအဆများကို ဘေးဖယ်ထားလော့။ တိတ်တိတ်နေကာဤနှုတ်ကပတ်တော်များကို သေသေချာချာ ဖတ်လော့။ သင့်အနေဖြင့် သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ပြီး သူ၏အလိုနှင့် သူ၏နှုတ်ကပတ်တော်များကို သင်နားလည်လိမ့်မည်။ “မဖြစ်နိုင်” ဟူသည့် သင့်အမြင်များကို ဘေးဖယ်ထားလော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည်ကောင်းကင်ထက် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်းလူ၏အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆနှင့် စိတ်ကူးနိုင်စွမ်းထက်ကျော်လွန်သော အရာဖြစ်လေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုဆန္ဒ သာ၍ပါလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ဘုရားသခင်က သူ့ကိုယ်သူ ထုတ်ဖော်သည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ထို့ပြင် ဘုရားသခင်ပေါ်ထွန်းသည့်နည်းဟန်နှင့် တည်နေရာကြောင့် သူ၏အနှစ်သာရမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားက ပြောင်းလဲခြင်း မရှိပါ။ ထို့ပြင် ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားသခင်ဖြစ်သည်။ ယင်းအချက်မှာ သခင်ယေရှုသည်ဣသရေလလူမျိုးတို့၏ ဘုရားသာမဟုတ်ဘဲ အာရှ၊ ဥရောပနှင့် အမေရိကတိုက်ရှိ လူအားလုံး၏ဘုရားဖြစ်သည်သာမက စကြဝဠာတစ်ခုလုံး၌တစ်ဆူတည်းသော ဘုရားဖြစ်သကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ငါတို့ ရှာဖွေကြပါစို့။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကိုသူ၏မိန့်မြွက်ခြင်းများထဲတွင် ရှာဖွေကြပါစို့။ ထို့ပြင် သူ၏ခြေလှမ်းများကို အမီလိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊အသက်လည်း ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ပေါ်ထွန်းခြင်းတို့သည်တစ်ပြိုင်တည်း တည်ရှိကြသည်။ သူ၏ စိတ်သဘောထားနှင့် ခြေရာများသည်လည်းလူသားများအဖို့ အစဉ် လမ်းဖွင့်ပေးထားသည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ ဤနှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကိုသင်တို့မြင်နိုင်မည်ဟု ငါမျှော်လင့်သည်။ ခေတ်သစ်တစ်ခေတ်ထဲသို့ သင်တို့ရှေ့တိုးလျက် လှမ်းသွားသည်နှင့် ဘုရားသခင်၏ခြေလှမ်းများနောက်သို့ စတင်လျှောက်လှမ်းပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေကြသူများအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့်လှပသော ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆီသို့ ဝင်ရောက်ကြလိမ့်မည်ဟု ငါမျှော်လင့်သည်။

“ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည်ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ

သမ္မာတရားလက်ခံသူသာ ဘုရားအသံတော်ကြားနိုင်

ဘုရား ထင်ရှားရာနေရာတွေ မှာ သမ္မာတရား နှင့် ဘုရား စကားအသံတော် ဖော်ထုတ်ခြင်းရှိ သမ္မာတရား အား လက်ခံသူသာ လျှင် ဘုရား၏ပေါ်ထွန်းခြင်းမြင်တွေ့နိုင် ဘုရား၏ အသံများကြားနိုင်

“မဖြစ်နိုင်ခြင်း” အမြင်တွေ ကို ဖယ်ရှား မဖြစ်နိုင်ခြင်း အတွေးခေါ် များ ဖြစ်လာနိုင်ခြေရှိ ဘုရား၏ဉာဏ်တော် မိုးကောင်းကင်ထက် မြင့်မား သူအမှုတော် နှင့် သူ့အကြံစည်တော် လူတို့အကြံအစည်နဲ့ လုံးဝမတူ မဖြစ်နိုင်သောအခြေနေများလေ အမှန်တရားရှာဖွေရန် ပိုများလေ လူ့စိတ်ကူး တွေထက်ကျော်လွန် သွားလေ ဘုရားအလိုတော်ပိုပါ ဝင် နိုင်လေ ဘယ်နေရာမှာ သူသည်ပေါ်ထွန်းပါစေ ဘုရားကဘုရားပဲ ဘုရားကဘုရားပဲ သူပေါ်ထွန်းသည့်နေရာကြောင့် သူ့သဘောသဘာဝ တို့မပြောင်းလဲ သင့်၏အယူအဆဖယ်ထား၊ စိတ်ငြိမ်စေ၍ ဤနှုတ်ကပတ်တော်ဖတ်ရှု သမ္မာတရားကို တောင့်တနေလျှင် သင့်အား ဘုရားသူ၏ အလိုတော်နှင့်နှုတ်ကပတ်တော်ကို သိစေမည်

ဘုရား၏စိတ်ရင်း တစ်သမတ်တည်းရှိ သူ ခြေရာရှိရာနေရာတိုင်း သူသည် လူတို့ဘုရား ယေရှုသည် ဣသရေလလူမျိုးအားလုံး အာရှတိုက် ဥရောပနှင့်စကြဝဠာတစ်ခုလုံး၏ဘုရား ဘုရားအသံတော်မှ အလိုတော် ကို ရှာပါ ဘုရား၏ပေါ်ထွန်းခြင်းရှာဖွေဖော်ထုတ် သူ့ခြေရာအတိုင်းလိုက် ဘုရားသည် သမ္မာတရား လမ်းခရီးနှင့်အသက် လည်းဖြစ် သူ့စကားနှင့်ပေါ်ထွန်းခြင်း တစ်ပြိုင် နက် တည်းရှိ သူ့စိတ်သဘောထားနှင့်ခြေရာများအား လူကိုအမြဲသိစေ ညီအစ်ကိုမောင်နှမတို့… နှုတ်ကပတ်တော်၌ ဘုရား၏ပေါ်ထွန်းခြင်း တွေ့နိုင်ကြောင်း မျှော်လော့ ဘုရား၏ ပေါ်ထွန်းရန် စောင့်မျှော်သူအားလုံးအဖို့ ပြင်ဆင်ထားသော နှစ်သစ်၊ ကောင်းကင်နှင့်မြေကြီးသစ်ဆီသို့ သူနှင့်လိုက်သွား သင့်၏အယူအဆဖယ်ထား၊ စိတ်ငြိမ်စေ၍ ဤနှုတ်ကပတ်တော်ဖတ်ရှု သမ္မာတရားကို တောင့်တနေလျှင် သင့်အား ဘုရား သူ၏ အလိုတော်နှင့်နှုတ်ကပတ်တော်ကို သိစေမည် သင့်၏အယူအဆဖယ်ထား၊ စိတ်ငြိမ်စေ၍ ဤနှုတ်ကပတ်တော်ဖတ်ရှု သမ္မာတရားကို တောင့်တနေလျှင် သင့်အား ဘုရား သူ့အလိုတော်နှင့်နှုတ်ကပတ်တော်ကို သိစေမည်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း” | ကောက်နုတ်ချက် ၄၆၃

ခေတ်ကာလနှင့်ပတ်သက်သည့် ဘုရားသခင်၏စိတ်သဘောထားကို ခေတ်ကာလအလိုက် အရေးပါမှုရှိသော သင့်တော်ရာ ဘာသာစကားဖြင့် သင်ဖော်ပြနိုင်ပါသလား။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” | ကောက်နုတ်ချက် ၃၁၂

နှစ်ပေါင်းထောင်ချီတိုင်အောင် ဤကုန်းမြေသည် ညစ်ညူးခြင်း၏ ကုန်းမြေ ဖြစ်ခဲ့သည်၊ ထိုကုန်းမြေ သည် မခံမရပ်နိုင်လောက်အောင် ညစ်ညမ်းကာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား” | ကောက်နုတ်ချက် ၃၄၂

ငါသည် နွေဦးနှင့် ဆောင်းဦး ကာလတစ်ချို့တွင် သင်တို့ကို ပေါင်းဖော်ရင်း၊ သင်တို့အကြားတွင် ရှိနေခဲ့၏။ ငါသည် အချိန်ကြာမြင့်စွာ သင်တို့ အကြားတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” | ကောက်နုတ်ချက် ၂၆၀

ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည် ဖြစ်ပြီး၊ လူများစွာတို့သည် သေဆုံးခြင်းနှင့်...