ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၅

ဘုရားသခင် လောကသို့ လာသည်မှာ အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဖို့ ဖြစ်သည်။ သင်ကျွမ်းဝင်သောအရာ၊ သင်မြင်သောအရာ၊ သင်ကြားသောအရာ၊ သင်လိုက်နာ စောင့်ရှောက်သော အရာနှင့် သင်ကိုယ်တိုင် ကြုံတွေ့ခံစားသော အရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ လူ့ဇာတိခံယူထားသော ထိုဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက် နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပါ၊ အထူးသဖြင့် ယေရှုအတိတ်က လုပ်ခဲ့သည့် အလုပ်ကို ပြန်မလုပ်ပါ။ ထိုသူတို့ နှစ်ဦးစလုံးသည် ဘုရားသခင် ဖြစ်သော်လည်း၊ လူ့ဇာတိ ဖြစ်သော်လည်း သူတို့၏ သာသနာအလုပ်ချင်း မတူပေ။ ယေရှု လောကသို့ လာသောအခါ၌ သူသည် ဘုရားသခင် အလုပ်၏ တစ်စိတ်တစ်ပိုင်းကို လုပ်ခဲ့သည်၊ နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်၊ သို့သော် သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအလုပ်မှာ မည်သည့်အလုပ် ဖြစ်သနည်း။ သူအထမြောက်အောင် လုပ်ခဲ့သည့် အဓိကအလုပ်မှာ လက်ဝါးကပ်တိုင်၌ အသေခံခြင်းဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်၌ အသေခံသည့်အလုပ်ကို ပြီးမြောက်အောင် လုပ်ရန်နှင့် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ဖို့ရန်အတွက် အပြစ်ရှိသော ဇာတိပကတိလူ ဖြစ်လာခဲ့သည်။ ထိုသို့ ဖြစ်သည်မှာ လူသားမျိုးနွယ် အားလုံး၏ အပြစ်အတွက်ဖြစ်ပြီး အပြစ်ဖြေရာယဇ်အဖြစ် ထမ်းဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ယေရှု အထမြောက်အောင် လုပ်ဆောင်ခဲ့သည့် အဓိက အလုပ်ဖြစ်သည်။ အဆုံးတွင် ယေရှုသည် သူ့ထံသို့ နောက်မှလာကြသူများကို လမ်းပြရန်အတွက် ကားတိုင်လမ်းကို ထောက်ပံ့ပေးခဲ့သည်။ ယေရှုလောကသို့ လာသောအခါ၌ ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်အောင် အဓိကလုပ်ဆောင်ရန် ဖြစ်ခဲ့သည်။ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံ အကြောင်း သတင်းကောင်းကို လူထံ ယူဆောင်လာရုံသာမက ကောင်းကင်နိုင်ငံကိုလည်း ယူဆောင်လာခဲ့သည်။ ရလဒ်အနေနှင့် ထင်မထားသော်လည်း ရောက်လာကြသူများက “ငါတို့ ကားတိုင်လမ်းကို လျှောက်ပြီး ကားတိုင်အတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သင့်တယ်” ဟု ပြောကြသည်။ မှန်ပါသည်၊ အစတွင် ယေရှုသည် တခြားအလုပ် အချို့ကိုလည်း လုပ်ခဲ့သည်၊ လူသားကို နောင်တရစေရန်၊ အပြစ်များကို ဝန်ခံစေရန် စကားအချို့ကိုလည်း ပြောခဲ့ပါသည်။ သို့သော် သူ၏ သာသနာလုပ်ငန်းမှာ လက်ဝါးကပ်တိုင်၌ အသေခံဖို့ပင်ဖြစ်ခဲ့ပြီး လမ်းခရီးအကြောင်း သုံးနှစ်ခွဲ တရားဟောခဲ့သည်မှာလည်း နောက်ပိုင်းတွင် ကြုံရမည့် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကိုခံဖို့ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ယေရှု ဆုတောင်းခဲ့သည့် အကြိမ် တော်တော် များများသည်လည်း လက်ဝါးကပ်တိုင်၌ အသေခံခြင်းအတွက် ဖြစ်သည်။ သူရှင်သန် နေထိုင်ခဲ့သည့် သာမန်လူတစ်ယောက်၏ အသက်တာနှင့် လောက၌နေခဲ့သည် သုံးဆယ့်သုံးနှစ်ခွဲ ကာလသည် အဓိကအားဖြင့် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ဖို့ဖြစ်သည်။ ထိုသို့ အသက်ရှင်ခြင်းက ယေရှုကို ခွန်အားပေးရန်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့်အလုပ်ကို လုပ်နိုင်စွမ်း ရှိစေရန် ဖြစ်ပြီး၊ အကျိုးဆက်အနေနှင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို ယေရှု၌ အပ်နှံခဲ့သည်။ ယနေ့ လူ့ဇာတိခံထားသော ဘုရားသခင်သည် မည်သည့်အလုပ်ကို အထမြောက်အောင် လုပ်ဆောင်မည်နည်း။ ယနေ့ခေတ်တွင် ဘုရားသခင်သည် လူ့ဇာတိခံသည်မှာ အဓိကအားဖြင့် “လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း” ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်၊ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်နှင့် နှုတ်ကပတ်တော်၏ ဆုံးမမှုနှင့် စစ်ဆေးမှုကို လူလက်ခံအောင် ပြုလုပ်ရန်ဖြစ်သည်။ သူပြောသည့် နှုတ်ကပတ်တော်များဖြင့် သူ့ထံမှ ထောက်ပံ့မှုနှင့် အသက်ကို သင့်အား ရစေခဲ့သည်။ သူ၏ နှုတ်ကပတ်တော်များအားဖြင့် သင်သည် သူ၏အလုပ်နှင့် သူ၏လုပ်ရပ်ကို မြင်တွေ့သည်။ ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် သန့်စင်ရန်အတွက် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သင်အခက်အခဲနှင့် ကြုံလျှင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်သည် အချက်အလက်များကို အသုံးပြုပြီး အလုပ်မလုပ်ပါ၊ သူ၏ နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး အလုပ်လုပ်သည်။ သူ၏ နှုတ်ကပတ်တော် သင့်အပေါ်၌တည်မှသာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အထဲ၌ အလုပ်လုပ်နိုင်သည်၊ ဝေဒနာ သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကသာလျှင် သင့်အား လက်တွေ့အရှိသဘောထဲသို့ ခေါ်ဆောင်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှသာလျှင် သင့်ကို စုံလင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်သည့် အလုပ်သည် မူအားဖြင့် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူတိုင်းကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်သည်၊ လူကို လမ်းပြဖို့ ဖြစ်သည်ဟူသည့် အချက်ကိုတော့ အနည်းဆုံး သင်နားလည်ရမည်။ ဘုရားသခင်လုပ်သမျှ အလုပ် အားလုံးသည် နှုတ်ကပတ်တော်အားဖြင့် လုပ်သော အလုပ်များဖြစ်သည်။ သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပါ။ အချို့လူများက ဘုရားသခင်ကို မနာခံသည့် အချိန်များရှိသည်။ ဘုရားသခင်က သင့်ကို အလွန်အမင်း စိတ်ဆင်းရဲအောင်မလုပ်ပေ။ သင်၏ ဇာတိခန္ဓာသည်လည်း ပြစ်တင်ဆုံးမခြင်းမခံရ၊ သင်သည်လည်း ဆင်းရဲဒုက္ခ မရောက်ပေ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် သင့်အပေါ်၌ တည်စေပြီး သင့်ကို သန့်စင်သည်နှင့် တစ်ပြိုင်နက် သင်လုံးဝ ခံနိုင်မည် မဟုတ်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ အစေကျွန်ခံသူတို့၏ ခေတ်အချိန်အခါက ဘုရားသခင်သည် လူသားကို အောက်ခြေ မရှိသော တွင်းနက်ထဲသို့ ပစ်ချဖို့ ပြောခဲ့သည်။ လူသားသည် အမှန်တကယ်ပင် အောက်ခြေမရှိသော တွင်းနက်ထဲသို့ ရောက်နေသလော။ ဘုရားသခင်သည် လူသားကို စစ်ဆေးဖို့အတွက် ရိုးရိုးလေးပင် နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်။ အကျိုးဆက်အနေနှင့် လူသည် အောက်ခြေမရှိသော တွင်းနက်ထဲသို့ ရောက်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိ ခံသောအခါ အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင် ပြုလုပ်ဖို့အတွက် နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။ သူမည်သူနည်း ဆိုသည်ကို သူ၏ နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ သူသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကို သူ၏နှုတ်ကပတ်တော်များ အားဖြင့်သာ သင်သိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လောကသို့လာသောအခါ တစ်ခြားအလုပ်ကို မလုပ်၊ နှုတ်ကပတ်တော်များသာ ပြောသည်။ ထို့ကြောင့် အချက်အလက်များ အသုံးပြုဖို့ မလိုပါ၊ သူပြောသည့် နှုတ်ကပတ်တော်များက လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လောကသို့လာသည်မှာ အဓိကအားဖြင့် ထိုသို့လုပ်ဆောင်ဖို့၊ သူ၏နှုတ်ကပတ်တော်အတွင်း သူ၏တန်ခိုးနှင့် သာလွန်မှုကို လူသားအား မြင်ခွင့်ပေးဖို့၊ သူသည် နှိမ့်ချစွာဖြင့် ကိုယ့်ကိုယ်ကိုယ် မည်သို့ ကွယ်ဝှက် ထားကြောင်းကို သူ့နှုတ်ကပတ်တော်များအားဖြင့် လူသားအား သိခွင့်ပေးဖို့၊ သူနှင့်ပတ်သက်သော အကြောင်းအရာ အလုံးစုံကို သူ့နှုတ်ကပတ်တော်အားဖြင့် လူသားအား သိခွင့်ပေးဖို့အတွက်ဖြစ်သည်။ သူ၏ အရာအားလုံးနှင့် သူ၏ဖြစ်ခြင်း အလုံးစုံသည် သူ့စကားများထဲတွင်ရှိပြီး သူ့ဉာဏ်ပညာနှင့် သူ၏ အံ့သြဖွယ်ကောင်းမှုသည်လည်း သူ၏ နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ ဤသို့အားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များ ပြောသည့် နည်းလမ်းမျိုးစုံကို သင်မြင်နိုင်အောင် လုပ်ပေးထားသည်။ ဤကာလ၌ ဘုရားသခင် လုပ်ဆောင်သော အလုပ်အများစုသည် ပံ့ပိုးကူညီခြင်း၊ ဗျာဒိတ်ပေးခြင်းနှင့် ဆုံးမခြင်းတို့ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ယောက်ကို အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ မကျိန်ပေ၊ ကျိန်ခဲ့လျှင်ပင် နှုတ်ကပတ်တော်ကို သုံးပြီးကျိန်သည်။ ထို့ကြောင့် ဘုရားသခင် လူဇာတိခံသည့် ဤခေတ်ကာလ၌ မကျန်းမာသူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို ဘုရားသခင် ထပ်လုပ်သည်ကို မြင်ရဖို့ မကြိုးစားပါနှင့်၊ နိမိတ်လက္ခဏာများ မြင်ရဖို့လည်း အမြဲတမ်း ကြိုးစား မနေပါနှင့်၊ ထိုသို့ ကြိုးစားခြင်းသည် အဓိပ္ပါယ်မရှိပေ။ နိမိတ်လက္ခဏာများသည် လူသားကို စုံလင်အောင် ပြုလုပ်မပေးနိုင်ပေ။ ရှင်းရှင်းပြောရလျှင် ဘုရားသခင် ကိုယ်တိုင်ဖြစ်သော လူဇာတိကိုခံထားသည့် ဘုရားသခင်အစစ်သည် ယနေ့ခေတ်တွင် နှုတ်ကပတ်တော် ပြောဆိုခြင်းကိုသာ လုပ်သည်၊ ထိုသို့သော အရာများကို မလုပ်ပေ။ ထိုအချက်သည် အမှန်တရား ဖြစ်သည်။ သူသည် သင့်ကို စုံလင်စေရန်အတွက်၊ သင့်ကို ကျွေးမွေးရန်၊ ရေလောင်းပေးရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ အလုပ်လုပ်ရန်အတွက်လည်း သူသည် နှုတ်ကပတ်တော်များကို အသုံးပြုသည့်အပြင်၊ သူ၏ လက်တွေ့အရှိသဘောကို သင်သိစေဖို့ရန် အတွက် အချက်အလက်များအစား နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဘုရားသခင် အလုပ်၏ ဤရှုထောင့်ကို သင်နားလည်နိုင်စွမ်းရှိလျှင် မလှုပ်မယှက်နှင့် ဘာကိုမှ စမလုပ်ဘဲနေဖို့ သင့်အတွက် ခက်ပေလိမ့်မည်။ အပျက်သဘောဆောင်သည့် အရာများအပေါ်၌ အာရုံမစိုက်ဘဲ သင်တို့သည် အပြုသဘောဆောင်သော အရာများအပေါ်၌သာ အာရုံစိုက်သင့်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ သို့မဟုတ် အချက်အလက်များကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားကို သူ၏ စကားများမှ အသက်ကိုရစေသည်၊ ထိုသို့ ရစေခြင်းသည် ရှိရှိသမျှ နိမိတ်လက္ခဏာ အားလုံးထက် ကောင်းမွန်သည့်အပြင် ထိုအချက်သည် အငြင်းပွားစရာ အကြောင်းမရှိသော အချက်ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်ကိုသိသော အသိကို ရဖို့အတွက် အကောင်းဆုံးသက်သေ ဖြစ်ပြီး နိမိတ်လက္ခဏာများ ထက်ပင် သာ၍ကောင်းသော နိမိတ် လက္ခဏာ ဖြစ်သည်။ ဘုရားသခင်ပြောသည့် စကားများသာလျှင် လူကို စုံလင်စေနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇

လူတို့၏ အဆုံးသတ်ရလဒ်များကို ဘုရားသခင်ဆုံးဖြတ်ရာတွင် အသုံးပြုသည့် စံနှုန်းနှင့်ပတ်သက်၍ ထင်မြင်ချက်များစွာရှိသည် လူအယောက်တိုင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၃

ကမ္ဘာမြေပေါ်တွင် အလွန်များပြားသော အမှုပမာဏကို ငါ ဆောင်ရွက်ပြီးဖြစ်ကာ လူသားမျိုးနွယ်ကြား နှစ်ပေါင်းများစွာ ငါ လျှောက်လှမ်းပြီးဖြစ်၏၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၅

လူတို့၏ နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မည်မျှနားလည်သနည်းဆိုသည်က သူတို့နှလုံးသားထဲတွင် ဘုရားသခင်က နေရာမည်မျှယူထားသနည်းဆိုသည်ကို သတ်မှတ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၆၆

ဘုရားသခင်သည် ပညတ်တော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ပြီးနောက်တွင်၊ ဓမ္မဟောင်းကျမ်း ထွက်ပေါ်ခဲ့ကာ၊ ထို့နောက်တွင် လူတို့သည် သမ္မာကျမ်းစာကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။