ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၉

ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင်သာလျှင် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်လိမ့်မည် (လက်ရွေးစင် ကျမ်းပိုဒ်)

စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော အကြောင်းအရာများနှင့်စပ်ဆိုင်သည့် ၎င်း၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို အလွန်စိတ်ဝင်စားစေခဲ့သည်။ စာတန်က နိမိတ်လက္ခဏာများကို ပြသနိုင်စွမ်းရှိပြီး လူသားတို့အနေနှင့် မဖြစ်နိုင်သည့် အရာများကို ၎င်းကလုပ်နိုင်စွမ်းရှိသည့်အတွက်ကြောင့် ဘုရားသခင်ကဲ့သို့ သြဇာအာဏာကို စာတန်ပိုင်ဆိုင်သည်ဟု ယုံကြည်သည့် လူအများအပြားပင်ရှိသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းအပြင် သူ့နှလုံးသားထဲတွင် စာတန်အတွက်လည်း နေရာတစ်နေရာ ချန်ထားကာ စာတန်ကို ဘုရားအနေနှင့်ပင် ကိုးကွယ်ကြသည်။ ဤလူများသည် သနားစရာကောင်းသကဲ့သို့ စက်ဆုပ်ရွံ့ရှာဖွယ်လည်းဖြစ်သည်။ သူတို့၏ မသိနားမလည်မှုကြောင့် သနားစရာကောင်းပြီး သူတို့၏ မိစ္ဆာဒိဌိအယူနှင့် ပင်ကိုဆိုးယုတ်သည့်အနှစ်သာရကြောင့် စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်သည်။ ဤနေရာတွင် သြဇာအာဏာက အဘယ်အရာဖြစ်သည်၊ မည်သည့်အသွင်ဆောင်သည်၊ အဘယ်အရာကို ကိုယ်စားပြုသည်ဆိုခြင်းအား သင်တို့ကို အသိပေးရန် လိုအပ်သည်ဟု ငါခံစားရသည်။ ယေဘုယျအားဖြင့်ပြောရလျှင် ဘုရားသခင်ကိုယ်တော်တိုင်က သြဇာအာဏာဖြစ်ပြီး ဘုရားသခင်၏သြဇာအာဏာသည် သူ၏ ထူးမြတ်မှုနှင့် အနှစ်သာရကို သင်္ကေတပြုသည်။ ဘုရားသခင်ကိုယ်တော်တိုင်၏ သြဇာအာဏာသည် ဘုရားသခင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာကို ကိုယ်စားပြုသည်။ ဤနေရာတွင် ၎င်းကိုယ်တိုင်က ဘုရားဖြစ်သည်ဟု စာတန်ပြောရဲသလော။ မိမိသည် အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည်ဟု စာတန်ပြောရဲသလော။ မည်သို့လျှင် ပြောရဲမည်နည်း။ ၎င်းသည် အရာအားလုံးကို ဖန်ဆင်းရန် မတတ်စွမ်းနိုင်ခြင်းကြောင့်ဖြစ်သည်။ ယနေ့အထိ ဘုရားသခင်ဖန်ဆင်းခဲ့သည့်အရာတစ်ခုခုကို ၎င်းမပြုလုပ်ခဲ့ဖူးပေ။ အသက်ပါဝင်သည့် အရာတစ်စုံတစ်ရာကို တစ်ခါမျှ ၎င်းမဖန်ဆင်းခဲ့ပေ။ ဘုရားသခင်၏ သြဇာအာဏာ ၎င်းတွင် မရှိသောကြောင့်ဖြစ်သည်။ သူသည် ဘုရားသခင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာကို မည်သည့်အခါမျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဤသည်ကို ၎င်း၏ အနှစ်သာရဖြင့် သတ်မှတ်ထားသည်။ ၎င်းသည် ဘုရားသခင်ကဲ့သို့ တန်ခိုးရှိသလော။ မည်သို့ရှိမည်နည်း။ စာတန်၏ လုပ်ရပ်များနှင့် စာတန်ဖော်ပြသည့် နိမိတ်လက္ခဏာများကို မည်သို့ခေါ်ကြသနည်း။ တန်ခိုးလော။ သြဇာအာဏာဟု ခေါ်၍ရနိုင်သလော။ မည်သို့ရနိုင်မည်နည်း။ စာတန်က မကောင်းမှုရေစီးကြောင်းကို ညွှန်ကြားသည်။ ဘုရားသခင်၏လုပ်ဆောင်ချက်တိုင်းကို နှောင့်ယှက်သည်။ ထိခိုက်သည်။ ကြားဝင်သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းအချို့တွင် လူသားမျိုးနွယ်ကို ဖျက်ဆီးခြင်းနှင့် အလွဲသုံးစားပြုလုပ်ခြင်း၊ လူသားသည် သေမင်းအရိပ်လွှမ်းမိုးသည့် ချိုင့်ဝှမ်းဆီကို လျှောက်သွားစေရန် လူသားကို ဆိုးယုတ်မှုသို့၊ ဘုရားသခင်ကို ငြင်းပယ်မှုသို့ရောက်အောင် မျှားခေါ်ခြင်း၊ လှည့်စားခြင်းတို့မှလွဲ၍ စာတန်သည် လူသားထံမှ လေးစားမှု၊ ချီးမွမ်းမှု၊ ချစ်ခင်မြတ်နိုးမှုတို့ အနည်းငယ်မျှပင် ထိုက်တန်သည့် အရာတစ်ခုခု လုပ်ခဲ့ဖူးသလော။ စာတန်က သြဇာအာဏာနှင့် တန်ခိုးအစွမ်းကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများအားဖြင့် ပျက်စီးခြင်းကို ရောက်မလော။ အကယ်၍ စာတန်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများအားဖြင့် အန္တရာယ်ကျရောက်ပြီး ဖြစ်မည်မဟုတ်လော။ အကယ်၍ စာတန်က တန်ခိုးနှင့် သြဇာအာဏာကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်က ဘုရားသခင်ကို စွန့်ပစ်ပြီး သေခြင်းနောက်ကို လိုက်ပြီးဖြစ်မည် မဟုတ်လော။ စာတန်က သြဇာအာဏာ သို့မဟုတ် တန်ခိုးမရှိသည့်အတွက် စာတန်လုပ်သည့် အရာအားလုံး၏ အနှစ်သာရနှင့်ပတ်သက်၍ မည်သို့ကောက်ချက်ချသင့်သနည်း။ စာတန်လုပ်ဆောင်သည့် အရာအားလုံးက ပရိယာယ်သက်သက်သာဖြစ်သည်ဟု သတ်မှတ်သည့်သူများရှိသည်။ သို့ရာတွင် ဤကဲ့သို့သော သတ်မှတ်ချက်က သိပ်မသင့်တော်ဟု ငါမြင်သည်။ လူသားတို့ကို အကျင့်ပျက်စီးစေသည့် ဆိုးယုတ်သည့် လုပ်ဆောင်ချက်များက ပရိယာယ်သက်သက်ပင်လော။ စာတန်က ယောဘကို နှိပ်စက်သည့်၊ သူ့ကို နှိပ်စက်ပြီး ဝါးမျိုရန် အလွန်အမင်းဆန္ဒရှိသည့် ဆိုးယုတ်သည့်အားအင်များသည် ပရိယာယ်သက်သက်မှ ရရှိနိုင်ခြေမရှိပေ။ အတိတ်ကို ပြန်ကြည့်ပါက တောင်ကုန်းများ၊ တောင်များတွင် ပြန့်ကျဲနေသည့် ယောဘ၏ တိရစ္ဆာန်အုပ်များသည် ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ကြသည်။ ယောဘ၏ ကြီးမားသည့် စည်းစိမ်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။ ဤအရာတို့ကို ပရိယာယ်သက်သက်နှင့်သာ ရရှိနိုင်မည်လော။ စာတန်လုပ်သည့်အရာအားလုံး၏ သဘောသဘာဝသည် ထိခိုက်ယိုယွင်းစေရန်၊ ကြားဝင်နှောင့်ယှက်ရန်၊ ဖျက်ဆီးရန်၊ အန္တရာယ်ပြုရန်၊ ဆိုးယုတ်ခြင်း၊ အန္တရာယ်ပြုတတ်ခြင်း၊ မှောင်မိုက်ခြင်းတို့ကဲ့သို့ အဖျက်သဘောများနှင့် ဆက်နွှယ်ပြီးထပ်တူကျသည်။ ထို့ကြောင့် မဖြောင့်မတ်ဘဲ ဆိုးယုတ်သည့် အရာအားလုံး ဖြစ်ပေါ်ခြင်းသည် စာတန်၏ လုပ်ရပ်များနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေပြီး စာတန်၏ ဆိုးယုတ်သည့် အချက်အလက်မှ ခွဲခြား၍မရပေ။ စာတန်က မည်မျှပင် “အစွမ်းထက်” ပါစေ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများပေးသော သူ၏အစွမ်း မည်မျှပင်ကြီးမားပါစေ၊ လူသားကို ဖျက်ဆီးပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် အတိုင်းအတာ ကျယ်ပြန့်ပါစေ၊ လူသားကို ခြိမ်းခြောက်စေခိုင်းသည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့်ပုံစံကို မည်မျှပင် ပြောင်းလဲနိုင်ပါစေ၊ စာတန်သည် သက်ရှိတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ မချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ အုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် ကြီးမားလှသည့် ပြင်ကျယ်တစ်ခုလုံးတွင် စာတန်ထံမှ မွေးဖွားလာသည့် လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ မရှိပေ။ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်လာခြင်း မရှိပေ။ သူအုပ်စိုးသည့် သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ မရှိပေ။ ဆန့်ကျင်ဖက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်နှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက် သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဝင်ဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများ၊ ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏ သဘောသဘာဝက မည်မျှပင် အန္တရာယ်ပြုတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံအဖြစ်နေရင်း၊ ဘုရားသခင် နှစ်သက်မည့်အချက်များကို ပံ့ပိုးရင်း ၎င်းတာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ ၎င်း၏ အနှစ်သာရသည် အသက်နှင့် မဆက်သွယ်ထားပေ။ တန်ခိုးနှင့် မဆက်သွယ်ထားပေ။ သြဇာအာဏာနှင့် မဆက်သွယ်ထားပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲက ကစားစရာတစ်ခု မျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၉၁

ဣသရေလ၌လုပ်ဆောင်ခဲ့သော အမှုနှင့် ယနေ့ အမှုတို့ကြား ကြီးမားသော ကွဲပြားခြားနားမှုတစ်ခု ရှိ၏။ ယေဟောဝါသည် ဣသရေလအမျိုးသားတို့၏ အသက်တာများကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၃

သခင်ယေရှု၏ ပုံဥပမာများ မျိုးစေ့ကြဲသူ၏ ပုံဥပမာ (ရှင်မဿဲ ၁၃:၁-၉) တောပင်များ၏ ပုံဥပမာ (ရှင်မဿဲ ၁၂:၂၄-၃၀) မုန်ညင်းစေ့၏ ပုံဥပမာ (ရှင်မဿဲ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၂

ငါဆိုခဲ့သည့်အတိုင်း၊ ငါ့နောက်လိုက်သောသူများသည် များပြားသော်လည်း ငါ့ကို အမှန်တကယ် ချစ်သောသူများသည် နည်းပါး၏။ အချို့က “ကိုယ်တော့်ကို ကျွန်ုပ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၅

ယေရှုသည် လူငါးထောင်ကို အစာကျွေးမွေး၏ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၈-၁၃ ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ မုယောမုန့်ငါးလုံးနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။