ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၁

ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင်သာလျှင် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်လိမ့်မည် (လက်ရွေးစင် ကျမ်းပိုဒ်များ)

ဘုရားသခင်၏ သြဇာအာဏာက အဘယ်အရာကို သင်္ကေတပြုသနည်း။ ဘုရားသခင် ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာကို သင်္ကေတပြုသလော။ ဘုရားသခင် ကိုယ်တော်တိုင်၏ တန်ခိုးကို သင်္ကေတပြုသလော။ ဘုရားသခင်ကိုယ်တော်တိုင်၏ အတုမရှိသည့် အဆင့်အတန်းကို သင်္ကေတပြုသလော။ အားလုံးထဲတွင် မည်သည့်အရာအထဲ၌ ဘုရားသခင်၏ သြဇာအာဏာကို သင်မြင်ခဲ့သနည်း။ ယင်းကို မည်သို့မြင်ခဲ့သနည်း။ လူသားကြုံတွေ့သည့် ရာသီဥတုလေးခုတွင် နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့ကြားထဲက ပြောင်းလဲခြင်း နိယာမကို မည်သူ ပြောင်းနိုင်သနည်း။ နွေဦးရာသီတွင် သစ်ပင်များက ဖူးပွင့်သည်။ နွေရာသီတွင် သူတို့သည် အရွက်များနှင့် ဖုံးနေကာ ဆောင်းဦးရာသီတွင် အသီးသီးကြသည်။ ဆောင်းရာသီတွင် အရွက်ကြွေလေသည်။ ဤနိယာမကို မည်သူ ပြောင်းလဲနိုင်သနည်း။ ဤသည်က ဘုရားသခင်၏ သြဇာအာဏာ၏ အချက်တစ်ချက်ကို ထင်ဟပ်စေသလော။ ဘုရားသခင်က “အလင်းဖြစ်စေ” ဟုပြောသည်နှင့် အလင်းဖြစ်လာသည်။ ဤအလင်းက တည်ရှိနေဆဲဖြစ်သလော။ အလင်းက အဘယ်ကြောင့် တည်ရှိနေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ သြဇာအာဏာကြောင့် တည်ရှိနေခြင်းပင်တည်း။ ဘုရားသခင် ဖန်ဆင်းသည့် လေက တည်ရှိနေဆဲဖြစ်သလော။ လူသား ရှူသွင်းသည့်လေက ဘုရားသခင်ထံမှ လာသလော။

ဘုရားသခင်ထံမှလာသည့် အရာများကို မည်သူက ယူဆောင်သွားနိုင်သနည်း။ မည်သူက ၎င်းတို့၏အနှစ်သာရနှင့် တာဝန်များကို ပြောင်းလဲနိုင်သနည်း။ ဘုရားသခင် ချမှတ်ထားခဲ့သည့် နေ့နှင့် ည၊ ဘုရားသခင် အမိန့်ပေးခဲ့သည့် နေ့နှင့်ည၏ နိယာမကို မည်သူက ကသိကအောက်ဖြစ်အောင် လုပ်နိုင်သနည်း။ စာတန်က ဤကဲ့သို့လုပ်နိုင်သလော။ သင်သည် ညတွင်မအိပ်ဘဲ ညကို နေ့ဟူ၍သတ်မှတ်လျှင်ပင် ညအချိန်က ညအချိန်ပဲဖြစ်နေမည်ဖြစ်သည်။ သင်၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်လိမ့်မည်။ သို့ရာတွင် သင်သည် ညနှင့်နေ့၏ ဖလှယ်ပုံ နိယာမကို ပြောင်းရန် မတတ်စွမ်းပေ။ ဤသည်မှာ မည်သူမျှ မပြောင်းလဲနိုင်သည့် အချက်ပင်ဖြစ်သည်၊ မဟုတ်သလော။ ခြင်္သေ့တစ်ကောင်ကို ကုန်းမြေပေါ်တွင် နွားကဲ့သို့လယ်ထွန်ခိုင်းရန် မည်သူတတ်စွမ်းနိုင်သနည်း။ ဆင်တစ်ကောင်ကို မြည်းဖြစ်သွားအောင်ပြောင်းရန် မည်သူတတ်နိုင်သနည်း။ ကြက်တစ်ကောင်ကို လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ပျံဝဲအောင်လုပ်ရန် မည်သူတတ်နိုင်သနည်း။ ဝံပုလွေတစ်ကောင်ကို သိုးတစ်ကောင်ကဲ့သို့ မြက်စားအောင် မည်သူလုပ်နိုင်သနည်း။ (မလုပ်နိုင်ပါ။) ရေထဲက ငါးတစ်ကောင်ကို ခြောက်သွေ့သည့်ကုန်းမြေပေါ်တွင် အသက်ရှင်အောင် မည်သူလုပ်နိုင်သနည်း။ ထိုအရာကို လူသားတို့ မလုပ်နိုင်ကြပါ။ အဘယ်ကြောင့် မလုပ်နိုင်ရခြင်းဖြစ်သနည်း။ ဘုရားသခင်က ငါးတို့ကို ရေထဲတွင်အသက်ရှင်ရန် အမိန့်ပေးထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရေထဲတွင် အသက်ရှင်သည်၊ ကုန်းမြေပေါ်တွင် သူတို့ အသက်ရှင်နိုင်မည် မဟုတ်ပေ။ သေသွားမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အမိန့်၏ အကန့်အသတ်ကို မကျော်လွန်နိုင်ပေ။ အရာအားလုံး၏ဖြစ်တည်မှုတွင် နိယာမနှင့် အကန့်အသတ်များရှိပြီး သူတို့အသီးသီးတွင် ကိုယ်ပိုင် ဗီဇအသိစိတ်များ ရှိကြသည်။ ဤအရာတို့သညိ ဖန်ဆင်းရှင်က ချမှတ်ပေးထားပြီး မည်သည့်လူသားမျှ ပြောင်းလဲ၍၊ ကျော်လွန်၍ မရနိုင်ပေ။ ဥပမာ ခြင်္သေ့သည် လူ့အဖွဲ့အစည်းနှင့် အဝေးတစ်နေရာတွင်ရှိသည့် တောထဲတွင်သာ အမြဲနေထိုင်လိမ့်မည်။ လူနှင့်အတူတူနေထိုင်ပြီး လူသားအတွက်အလုပ်လုပ်ပေးသည့် နွားကဲ့သို့ မည်သည့်အခါမျှ ကျိုးနွံပြီး သစ္စာရှိမလာနိုင်ပေ။ ဆင်နှင့် မြည်းနှစ်မျိုးလုံးက တိရစ္ဆာန်များဖြစ်ပြီး နှစ်မျိုးလုံးက ခြေလေးချောင်းရှိကာ လေကို ရှူသွင်းကြသည့် သတ္တဝါများဖြစ်သော်လည်း သူတို့သည် မတူညီသည့် မျိုးစိတ်များဖြစ်သည်။ ဘုရားသခင်က မတူညီသည့် အမျိုးအစားများအဖြစ် ခွဲခြားထား၍ဖြစ်သည်။ သူတို့အသီးသီးတွင် ကိုယ်ပိုင်ဗီဇအသိစိတ်များရှိကြသည်။ ထို့ကြောင့် သူတို့သည် မည်သည့်အခါမျှ ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ကြက်က လင်းယုန်ကဲ့သို့ ခြေနှစ်ချောင်းရှိပြီး အတောင်ပံများရှိသော်လည်း လေထဲတွင် မည်သည့်အခါမျှ ပျံနိုင်မည်မဟုတ်ပေ။ အလွန်ဆုံး သစ်ပင်ပေါ်လောက်သာ ပျံတက်နိုင်လိမ့်မည်— ဤသည်မှာ သူ၏ ဗီဇအသိစိတ်က ပိုင်းခြားသတ်မှတ်ထားခြင်းဖြစ်သည်။ ဤအရာအားလုံးက ဘုရားသခင်၏ သြဇာအာဏာ၏ အမိန့်များကြောင့်ဖြစ်သည်ကို ပြောပြနေစရာမလိုပေ။

ယနေ့ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားတို့၏ သိပ္ပံသည် တိုးတက်လျက်ရှိသည်ဟု ဆိုနိုင်ပြီး လူသားတို့၏ သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိမှုများသည် အထင်ကြီးစရာကောင်းသည်ဟု ဆိုနိုင်သည်။ လူသား၏ အရည်အချင်းသည် အမြဲတမ်း ကြီးမားလာနေသည်ဟု ပြောရမည်ဖြစ်သည်။ သို့ရာတွင် လူသားမျိုးနွယ်က မလုပ်နိုင်သည့် သိပ္ပံဆိုင်ရာ တွေ့ရှိမှုတစ်ခုရှိနေသည်။ လူသားမျိုးနွယ်သည် လေယာဉ်ပျံများ၊ လေယာဉ်တင်သင်္ဘောများ၊ အက်တမ်ဗုံးများကို ပြုလုပ်ခဲ့သည်။ လူသားမျိုးနွယ်သည် စကြဝဠာထဲကို ထွက်ခဲ့သည်။ လပေါ်တွင် လမ်းလျှောက်ခဲ့သည်။ အင်တာနက်ကို တီထွင်ခဲ့သည်။ နည်းပညာမြင့် ဘဝနေမှု ပုံစံနှင့် နေထိုင်ခဲ့ကြသည်။ သို့ရာတွင် လူသားမျိုးနွယ်သည် အသက်ရှိသည့်၊ အသက်ရှူသည့် သတ္တဝါကို ဖန်တီးရန် မတတ်နိုင်ပေ။ သက်ရှိသတ္တဝါတိုင်း၏ ဗီဇအသိစိတ်နှင့် သူတို့အသက်ရှင်နေထိုင်သည့် နိယာမများ၊ သက်ရှိအမျိုးအစားတိုင်း၏ သေခြင်း၊ ရှင်ခြင်း စက်ဝန်း၊ ဤအရာများ အားလုံးသည် လူသားတို့၏ သိပ္ပံပညာနှင့် မဖြစ်နိုင်၊ မထိန်းချုပ်နိုင်ပေ။ ဤနေရာတွင် လူသား၏ သိပ္ပံပညာနှင့် မည်မျှကြီးမားသည့် အမြင့်ကို ရောက်ရှိပြီးဖြစ်ပါစေ ဖန်ဆင်းရှင်၏ မည်သည့်အတွေးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း၏ ဆန်းကြယ်မှုနှင့် သူ့သြဇာအာဏာ၏ တန်ခိုးကို ခွဲခြမ်းနိုင်စွမ်း မရှိပေ။ ကမ္ဘာမြေကြီးပေါ်တွင် သမုဒ္ဒရာများ များစွာရှိသည်။ သို့ရာတွင် သူတို့သည် သူတို့၏ အကန့်အသတ်ကိုကျော်ပြီး ကုန်းမြေပေါ်ကို သူတို့ကြိုက်သလို တစ်ခါမျှမလာနိုင်ပေ။ ဤသည်မှာ ဘုရားသခင်က သူတို့တစ်ခုချင်းစီ၏ နယ်နိမိတ်စည်းများကို သတ်မှတ်ထားသည့်အတွက်ဖြစ်သည်။ ဘုရားသခင် အမိန့်ပေးထားသည့် မည်သည့်နေရာတွင်မဆို သူတို့နေပြီး ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ကြိုက်သလို မလှုပ်ရှားနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ အချင်းချင်း စည်းမဖောက်နိုင်ပေ။ ဘုရားသခင်က ပြောမှသာ လှုပ်ရှားနိုင်သည်။ သူတို့ မည်သည့်နေရာကိုသွားသည်၊ မည်သည့်နေရာတွင်နေသည်ကို ဘုရားသခင်၏ သြဇာအာဏာအားဖြင့် ပိုင်းခြားသတ်မှတ်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည်မှာ ဘုရားသခင်အပေါ်တွင် မူတည်သည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် တစ်ခုခုကို မည်သို့လုပ်မည်ဆိုသည့်အပေါ်တွင် ဆုံးဖြတ်သတ်မှတ်ရန် အခွင့်အရေးရှိပြီး သူဆန္ဒရှိသည့် နည်းလမ်းအတိုင်း ပြီးမြောက်သည်။ အရာအားလုံး၏ နိယာမက ဘုရားသခင်အပေါ် မူတည်သည်၊ လူသားအပေါ်တွင် မူတည်ခြင်း မရှိသကဲ့သို့ လူသားက ပြောင်းလဲ၍လည်း မရပေ။ လူသား၏ အလိုဆန္ဒနှင့် မရွှေ့နိုင်ပေ။ သို့ရာတွင် ဘုရားသခင်၏အတွေးများ၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အမိန့်တို့နှင့် ပြောင်းလဲနိုင်ပြီး ဤသည်မှာ မည်သည့်လူသားမျှ မငြင်းဆိုနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံး၊ စကြဝဠာ၊ ကြယ်များပြည့်နေသည့် ကောင်းကင်၊ နှစ်တစ်နှစ်၏ ရာသီဥတုလေးခု၊ လူသားက မြင်နိုင်သည့်အရာများနှင့် မမြင်နိုင်သည့်အရာများ၊ စသည်တို့အားလုံးသည် အမှားအယွင်း စိုးစဉ်းမျှမပါဘဲ ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဘုရားသခင်၏ အမိန့်များနှင့်အညီ၊ ဘုရားသခင်၏ ပညတ်ချက်များနှင့်အညီ၊ ဖန်ဆင်းခြင်းအစ၏ နိယာမတို့နှင့်အညီ တည်ရှိသည်၊ လည်ပတ်သည်၊ ပြောင်းလဲသည်။ မည်သည့် လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် အရာဝတ္ထုမျှ ၎င်းတို့၏နိယာမကို မပြောင်းလဲနိုင်ပေ၊ သို့မဟုတ် သူတို့လည်ပတ်လှုပ်ရှားသည့် ရှိရင်းစွဲ လမ်းကြောင်းများကို မပြောင်းလဲနိုင်ပေ။ ဘုရားသခင်၏ သြဇာအာဏာကြောင့် ၎င်းတို့ဖြစ်တည်လာကြပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ပျက်စီးလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာသက်သက်ဖြစ်သည်။ ဤမျှလောက် ပြောပြီးဖြစ်သည့်အတွက် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်း၏ သင်္ကေတဖြစ်သည်ကို သင်ခံစားနိုင်သလော။ ဘုရားသခင်၏ သြဇာအာဏာကို ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာများက ပိုင်ဆိုင်နိုင်သလော။ ဤအရာကို တုပနိုင်သလော။ ဟန်ဆောင်နိုင်သလော။ သို့မဟုတ် လူပုဂ္ဂိုလ်၊ အရာဝတ္ထု သို့မဟုတ် ပစ္စည်းတို့နှင့် အစားထိုး၍ ရနိုင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၇

ဘုရားသခင်၏စီမံခန့်ခွဲမှုသည် လူသားအတွက် လေးနက်ပုံရနိုင်သော်လည်း လူသားအနေဖြင့် နားမလည်နိုင်စရာ အကြောင်းမရှိပါ။ ဘုရားသခင်၏ အမှုတော်အားလုံးသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၅

လူသားမျိုးနွယ်ကြောင့်သာ စီမံခန့်ခွဲမှုအလုပ် ဖြစ်လာခြင်းဖြစ်သည်၊ လူသား၏ ဖြစ်တည်ခြင်း အားဖြင့်သာ ထိုအလုပ် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုလိုသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၄

လူတစ်ဦးသည် စိတ်ဝိညာဉ်နှင့်သက်ဆိုင်သော အသေးစိတ်အချက်များကို မည်သို့ နားလည်လာသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသား၏အထဲတွင် မည်သို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၇

သင်တို့သည် စကားဖြင့်သာသစ္စာရှိကြ၏။ သင်တို့၏အသိသည် ပညာဉာဏ်၊ အယူအဆ တို့နှင့်သာဆိုင်၏။ သင်တို့၏အလုပ်များမှာ ကောင်းကင်မှကောင်းချီးမင်္ဂလာများ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။