ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၆

အရာအားလုံးနှင့် သက်ရှိသတ္တဝါအားလုံးအပေါ်တွင် ဘုရားသခင် ထိန်းချုပ်ခြင်းနှင့် အုပ်စိုးခြင်းအချက်က ဖန်ဆင်းရှင်၏ စစ်မှန်သည့် သြဇာအာဏာ တည်ရှိမှုကို ဖော်ပြသည်

ယောဘကို ယေဟောဝါ၏ ကောင်းချီးပေးခြင်းကို ယောဘဝတ္ထုတွင် မှတ်တမ်းတင်ထားသည်။ ဘုရားသခင်က ယောဘကို အဘယ်အရာများ ချပေးသနားသနည်း။ “ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီးပေးတော်မူလေသည်။” (ယောဘ ၄၂:၁၂) လူသား၏ အမြင်မှကြည့်လျှင် ယောဘကို ပေးသည့်အရာများက အဘယ်အရာများနည်း။ ဤအရာတို့သည် လူသား၏ စည်းစိမ်များလော။ ဤစည်းစိမ်များနှင့် ယောဘသည် ထိုခေတ်ကာလတွင် အလွန်ချမ်းသာခဲ့သလော။ ဤကဲ့သို့သော စည်းစိမ်များကို သူမည်သို့ရရှိခဲ့သနည်း။ သူအဘယ်ကြောင့် ချမ်းသာသွားခြင်းဖြစ်သနည်း။ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကြောင့် ထိုအရာများကို ယောဘပိုင်ဆိုင်လာခဲ့သည်ဆိုခြင်းမှာ ပြောစရာမလိုပေ။ ယောဘက ဤစည်းစိမ်များကို မည်သို့မြင်သည်၊ ဘုရားသခင်၏ ကောင်းချီးကို မည်သို့ခံယူသည်ဆိုခြင်းက ဤတွင် ဆွေးနွေးမည့်အရာ မဟုတ်ပေ။ ဘုရားသခင်၏ ကောင်းချီးများနှင့်ပတ်သက်လာပါက လူအားလုံးက ဘုရားသခင်၏ ကောင်းချီးကိုခံရရန် နေ့ရောညပါ တောင့်တကြသည်။ သို့ရာတွင် လူသားက သူ့ဘဝသက်တမ်းတစ်လျှောက်တွင် စည်းစိမ် မည်မျှရနိုင်သည်ဆိုသည့်အပေါ်တွင် သို့မဟုတ် ဘုရားသခင်ဆီက ကောင်းချီးရနိုင်သလော မရနိုင်သလောဆိုသည်ကို ထိန်းချုပ်၍မရပေ— ဤသည်မှာ ငြင်းပယ်၍မရသည့် အချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားတို့ ကောင်းချီးမင်္ဂလာရရှိရန် မည်သည့်စည်းစိမ်မဆို လူသားအပေါ်ကို ချပေးသနားရန် တန်ခိုးနှင့် သြဇာအာဏာတို့ရှိသည်။ သို့ရာတွင် ဘုရားသခင်၏ ကောင်းချီးများတွင် အခြေခံစည်းမျဉ်းတစ်ခုရှိသည်။ မည်သည့်လူမျိုးကို ဘုရားသခင် ကောင်းချီးပေးသနည်း။ သူကြိုက်နှစ်သက်သည့် လူများပင်ဖြစ်သည်။ အာဗြဟံနှင့် ယောဘတို့ နှစ်ဦးလုံးကို ဘုရားသခင်က ကောင်းချီးပေးခဲ့သည်။ သို့ရာတွင် သူတို့ရရှိသည့် ကောင်းချီးများက မတူပေ။ ဘုရားသခင်က အာဗြဟံကို သဲများ၊ ကြယ်များကဲ့သို့များပြားသည့် မျိုးဆက်များနှင့် ကောင်းချီးပေးခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ကောင်းချီးပေးသည့်အခါတွင် လူတစ်ဦး၏ မျိုးဆက်များကို၊ လူမျိုးတစ်မျိုးကို အင်အားကြီးမားပြီး ကြွယ်ဝစေခဲ့သည်။ ဤနေရာတွင် အရာအားလုံးနှင့် သက်ရှိသတ္တဝါကြားထဲတွင် ဘုရားသခင်၏ ဇီဝအသက်ကို ရှူခဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ သြဇာအာဏာက အုပ်စိုးသည်။ ဘုရားသခင်၏ သြဇာအာဏာ၏ အုပ်စိုးမှုအောက်တွင် ဤလူသားမျိုးနွယ်သည် ဘုရားသခင် သတ်မှတ်ထားသည့် နယ်ပယ်အတွင်းတွင် ဘုရားသခင်သတ်မှတ်ထားသည့် မြန်နှုန်းနှင့် မျိုးပွားပြီး တည်ရှိကြသည်။ အထူးသဖြင့် ဤလူမျိုးစု၏တတ်စွမ်းနိုင်မှု၊ ကျယ်ပြန့်သည့်နှုန်းနှင့် သက်တမ်း စသည်တို့အားလုံးသည် ဘုရားသခင်၏ စီစဉ်မှုအစိတ်အပိုင်းများဖြစ်ပြီး ဤအရာအားလုံး၏ အခြေခံသဘောတရားများသည် ဘုရားသခင်က အာဗြဟံအပေါ်ကို ပြုခဲ့သည့် ကတိအပေါ်တွင် အားလုံး အခြေခံထားသည်။ တစ်နည်းအားဖြင့် အခြေအနေတို့နှင့် မသက်ဆိုင်ဘဲ ဘုရားသခင်၏ ကတိများသည် နှောင့်နှေးနေခြင်းမရှိဘဲ ဘုရားသခင်၏ သြဇာအာဏာ၏ စောင်မမှုအောက်တွင် အမှန်တကယ်ဖြစ်ပေါ်လာသည်။ အာဗြဟံအပေါ် ဘုရားသခင်ထားရှိခဲ့သည့် ကတိတွင် ကမ္ဘာကြီး၏အုံကြွမှု၊ အသက်အရွယ်၊ လူသားမျိုးနွယ်မှ ခံစားကြရသည့် ကပ်ဘေးများမည်သို့ပင်ဖြစ်နေစေကာမူ အာဗြဟံ၏ မျိုးဆက်များသည် ပျက်သုဉ်းမှု အန္တရာယ်ကို ရင်ဆိုင်ရမည်မဟုတ်ပေ။ သူတို့၏ လူမျိုးသည် မျိုးတုံးသွားမည် မဟုတ်ပေ။ သို့ရာတွင် ယောဘအပေါ် ဘုရားသခင်၏ ကောင်းချီးသည် သူ့ကို အလွန်အမင်း ချမ်းသာသွားစေခဲ့သည်။ ဘုရားသခင် သူ့ကို ပေးသည့်အရာက သက်ရှိအုပ်စုများ၊ အသက်ရှူနေကြသည့် သတ္တဝါများ၊ သူတို့၏အရေအတွက်၊ သူတို့၏ မျိုးပွားမှုနှုန်း၊ ရှင်သန်ရပ်တည်နိုင်သည့် နှုန်း၊ သူတို့အပေါ်တွင် ရှိသည့် အဆီပမာဏနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုလည်း ဘုရားသခင်က ထိန်းချုပ်သည်။ ဤသက်ရှိသတ္တဝါများသည် စကားပြောနိုင်စွမ်း မရှိသော်လည်း သူတို့သည်လည်း ဖန်ဆင်းရှင်၏ စီစဉ်မှု၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်များနောက်ကွယ်မှ အခြေခံသဘောတရားသည် ယောဘကို ဘုရားသခင် ကတိပေးခဲ့သည့် ကောင်းချီးနှင့်အညီသာဖြစ်သည်။ အာဗြဟံနှင့် ယောဘကို ဘုရားသခင်ပေးခဲ့သည့် ကောင်းချီးများထဲတွင် ကတိပေးသည့်အရာများက မတူညီသော်လည်း အရာအားလုံးနှင့် သက်ရှိသတ္တဝါတို့ကို ဖန်ဆင်းရှင် အုပ်ချုပ်သည့် သြဇာအာဏာက အတူတူပင်ဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ အသေးစိတ်တိုင်းသည် အာဗြဟံနှင့်ယောဘအပေါ် ချပေးခဲ့သည့် သူ၏ မတူညီသည့် ကတိများနှင့် ကောင်းချီးများတွင် ဖော်ပြခြင်းခံရပြီး ဘုရားသခင်၏ သြဇာအာဏာသည် လူသား၏ ကြံစည်တွေးတောမှုထက် အင်မတန်သာလွန်သည်ကို လူသားတို့ကို နောက်တစ်ခါ ပြသည်။ ဤအသေးစိတ်အချက်အလက်များက လူသားတို့သည် ဘုရားသခင်၏ သြဇာအာဏာကို သိလိုပါက ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှတစ်ဆင့်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့ကြုံခြင်းမှတစ်ဆင့်သာ သိနိုင်သည်ကို လူသားတို့ကို နောက်တစ်ကြိမ် ထပ်ပြောသည်။

အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာ၏ သြဇာအာဏာသည် လူသားတို့ကို အချက်တစ်ချက်အား မြင်စေသည်- “တဖန်ဘုရားသခင်က အလင်းဖြစ်စေဟုအမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ မိုဃ်းမျက်နှာကြက်ဖြစ်စေဟု အမိန့်တော်ရှိ၍ မိုဃ်းမျက်နှာကြက်ဖြစ်စေ၏။ ကုန်းပေါ်စေဟု အမိန့်တော်ရှိသည်အတိုင်း ကုန်းပေါ်လာလေ၏” ဟူသည့် နှုတ်ကပတ်တော်များထဲတွင်သာ ဘုရားသခင်၏ သြဇာအာဏာသည် သရုပ်ထင်နေခြင်း မဟုတ်ပေ။ အလင်းကို ဆက်လက်ဖြစ်ပေါ်ရန် သူပြုလုပ်ပုံ၊ မိုးမျက်နှာကြက် ပျောက်ကွယ်မသွားအောင် သူကာကွယ်ပုံ၊ ကုန်းမြေကို ရေနှင့် ထာဝရကွဲနေအောင် ပြုလုပ်ပုံ၊ အလင်း၊ မိုးမျက်နှာကြက်၊ ကုန်းမြေအစရှိသည့် ဖန်ဆင်းခံများကို သူအုပ်ချုပ်ပုံနှင့် စီမံခန့်ခွဲပုံအသေးစိတ်တို့တွင်လည်း သရုပ်ထင်နေသည်။ ထို့အပြင် ဘုရားသခင်၏ လူသားမျိုးနွယ်အပေါ် ကောင်းချီးပေးခြင်းတွင် သင်တို့ မည်သည့်အရာကို မြင်သေးသနည်း။ သိသာထင်ရှားစွာပင် ဘုရားသခင်သည် အာဗြဟံနှင့်ယောဘတို့ကို ကောင်းချီးပေးပြီးနောက် ဘုရားသခင်၏ ခြေလှမ်းများက ရပ်တန့်မသွားပေ။ သူ၏သြဇာအာဏာကို အသုံးချရန် စတင်ရုံသာရှိသေးသည့်အတွက်ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်တစ်လုံးစီတိုင်း လက်တွေ့အရှိတရားဖြစ်လာရန် သူရည်ရွယ်ခဲ့သည်။ သူပြောခဲ့သမျှ အသေးစိတ်တစ်လုံးချင်းစီတိုင်း အမှန်ဖြစ်လာအောင် ပြုလုပ်ရန် သူရည်ရွယ်ခဲ့သည်။ ထို့ကြောင့် လာမည့်နှစ်များတွင် သူရည်ရွယ်ထားသည့် အရာတိုင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သြဇာအာဏာရှိပြီး လူသားအတွက်မူ ဘုရားသခင်က နှုတ်ကပတ်တော်သာပြောပြီး အကြောင်းအရာနှင့် ကိစ္စအားလုံး ပြီးမြောက်ရန် လက်တစ်ချောင်းပင့်စရာမလိုဟု မြင်ရသောကြောင့်ဖြစ်သည်။ ဤကဲ့သို့သော တွေးတောခြင်းမျိုးသည် အလွန်ရယ်ဖွယ်ရာဖြစ်သည်။ သင်သည် လူသားနှင့် ဘုရားသခင်တို့၏ နှုတ်ကပတ်တော်များကို အသုံးပြု၍ ပဋိညာဉ်ကို ထူထောင်ခဲ့မှု၊ နှုတ်ကပတ်တော်များကို အသုံးပြု၍ အရာအားလုံးကို ဘုရားသခင်၏ ပြီးမြောက်စေမှုတို့၏ တစ်ဖက်သတ်အမြင်ကိုသာယူပြီး ဘုရားသခင်၏ သြဇာအာဏာသည် အရာအားလုံး ဖြစ်တည်မှုအပေါ်တွင် အုပ်စိုးသည်ဆိုသည့် သင်္ကေတနှင့် အချက်အလက် အမျိုးမျိုးတို့ကို မြင်တွေ့ရန် မတတ်စွမ်းနိုင်ပါက ဘုရားသခင်၏ သြဇာအာဏာအပေါ် သင်၏နားလည်မှုက အလွန်ကို ပေါ့ပြက်ပြီး အဓိပ္ပာယ်မရှိပေ။ အကယ်၍ လူသားက ဘုရားသခင်ကို ဤကဲ့သို့ ထင်မြင်ပါက လူသား၏ ဘုရားသခင်အပေါ်သိမြင်ခြင်းသည် နောက်ဆုံးအဆင့်သို့တွန်းမောင်းခြင်းခံရပြီး လမ်းဆုံးကို ရောက်နေပြီဟု ပြောရပေမည်။ အကြောင်းမှာ လူသားထင်မြင်သည့် ဘုရားသခင်သည် အမိန့်များကို ထုတ်ပေးသည့် စက်တစ်ခုသာဖြစ်ပြီး သြဇာအာဏာပိုင်သည့် ဘုရားသခင်မဟုတ်သောကြောင့်ဖြစ်သည်။ အာဗြဟံနှင့် ယောဘ၏ နမူနာများမှ သင်မည်သည်ကို မြင်သနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်သည့်ဘက်ကို သင်မြင်ပြီးပြီလော။ အာဗြဟံနှင့် ယောဘကို ဘုရားသခင် ကောင်းချီးပေးပြီးနောက်တွင် ဘုရားသခင်က သူရှိနေခဲ့သည့်နေရာတွင် မနေသကဲ့သို့ ရလဒ်က မည်သို့ဖြစ်မည်နည်းဆိုသည်ကိုစောင့်နေရင်းနှင့် သူ၏ သတင်းစကားပို့ဆောင်သူကို အလုပ်မလုပ်စေခဲ့ပေ။ ထိုသို့ပြုမည့်အစား ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို မိန့်မြွက်ပြီးသည်နှင့်ချက်ချင်းပင် ဘုရားသခင်၏ သြဇာအာဏာ၏ လမ်းညွှန်မှုအောက်တွင် အရာအားလုံးသည် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အလုပ်နှင့် စတင်ကိုက်ညီလာကြသည်။ ဘုရားသခင်လိုအပ်သည့် လူများ၊ အရာဝတ္ထုများနှင့် ပစ္စည်းများကို ပြင်ဆင်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်တို့ မိန့်မြွက်လိုက်သည်နှင့် ဘုရားသခင်၏ သြဇာအာဏာသည် မြေတစ်ပြင်လုံးတွင် စတင်သက်ရောက်လာသည်၊ အာဗြဟံနှင့် ယောဘအပေါ် သူထားခဲ့သည့် ကတိများ ပြီးမြောက်ပြီး ပြည့်စုံစေရန် လမ်းကြောင်းတစ်ခုကို သူပြင်ဆင်ပြီး သူလုပ်ဆောင်ရန် စီစဉ်ထားသည့် အရေးကြီးသည့် အခြေအနေနှင့် အဆင့်တိုင်းအတွက် လိုအပ်သည့်အရာအားလုံးအတွက် သင့်တော်သည့် အစီအစဉ်နှင့် ပြင်ဆင်မှုများကို ပြုလုပ်သည်။ ဤအချိန်အတောအတွင်း ဘုရားသခင်သည် သူ၏ သတင်းစကားပို့ဆောင်သူများကိုသာမကဘဲ သူဖန်ဆင်းခဲ့သည့် အရာအားလုံးကိုပါ ဂရုတစိုက် ကိုင်တွယ်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ သြဇာအာဏာ အသုံးပြုခဲ့သည့် နယ်ပယ်အတွင်းတွင် သတင်းစကားပို့ဆောင်သူများသာ ပါဝင်ခြင်းမဟုတ်ဘဲ သူပြီးပြည့်စုံစေရန် ရည်ရွယ်ထားသည့် အလုပ်များနှင့် ကိုက်ညီရန်အတွက် ခိုင်းစေခဲ့သည့် အရာအားလုံးကိုပါ ကိုင်တွယ်ခဲ့သည်။ ဤအရာတို့သည် ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခဲ့သည့် သီးသန့် ပုံစံများဖြစ်သည်။ သင်တို့၏ တွေးတောချက်များတွင် အချို့က ဘုရားသခင်၏သြဇာအာဏာကို အောက်ပါအတိုင်း နားလည်မှုရှိနိုင်သည်- ဘုရားသခင်က သြဇာအာဏာရှိသည်။ ဘုရားသခင်က တန်ခိုးရှိသည်။ ထို့ကြောင့် ဘုရားသခင်က တတိယကောင်းကင်တွင် နေရန်သာ လိုသည် သို့မဟုတ် သတ်မှတ်ထားသည့် နေရာတွင်သာ နေရန်သာလိုပြီး မည်သည့်အလုပ်မျှ လုပ်ရန်မလိုအပ်ပေ။ ထို့အပြင် ဘုရားသခင်၏ အလုပ်အားလုံးက သူ့အတွေးထဲတွင် ပြီးပြည့်စုံလိမ့်မည်။ အချို့ကလည်း ဘုရားသခင်က အာဗြဟံကို ကောင်းချီးပေးသော်လည်း ဘုရားသခင်က ဘာမျှလုပ်ရန် မလိုအပ်ခဲ့ပေ၊ သူ၏နှုတ်ကပတ်တော်တို့ကိုသာ ပြောလိုက်ရုံနှင့် သူ့အတွက် လုံလောက်သည်ဟုလည်း ယုံကြည်ကြလိမ့်မည်။ ဤသည်မှာ ဧကန်အမှန် ဖြစ်ခဲ့သည့်အရာလော။ လုံးဝမဟုတ်ပေ။ ဘုရားသခင်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း သူ၏သြဇာအာဏာက မှန်ကန်ပြီး စစ်မှန်သည်၊ အနှစ်မဲ့ခြင်း မဟုတ်ပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်မှုနှင့် မှန်ကန်ခြင်းသည် အရာအားလုံးကို သူ၏ဖန်ဆင်းခြင်းတွင်၊ အရာအားလုံးကို ထိန်းချုပ်လျက် လူသားမျိုးနွယ်ကို သူဦးဆောင်ပြီး စီမံခန့်ခွဲသည့်ဖြစ်စဉ်တွင် တဖြည်းဖြည်းနှင့် ဖွင့်ပြခြင်းခံရပြီး သရုပ်ထင်သည်။ လူသားမျိုးနွယ်နှင့် အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ နည်းလမ်းတိုင်း၊ ရှုထောင့်တိုင်း၊ အသေးစိတ်အချက်အလက်တိုင်းနှင့် သူပြီးမြောက်ခဲ့သည့် လုပ်ဆောင်ချက်အားလုံး၊ အရာအားလုံးအပေါ်တွင် သူ၏နားလည်ခြင်း၊ စသည့်အချက် အားလုံးသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အနှစ်မဲ့သည့် စကားလုံးများ မဟုတ်ပေဆိုသည်ကို အကယ်ပင် သက်သေပြသည်။ သူ၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အရာအားလုံးတွင် အမြဲတမ်း ထင်ရှားပြသနေပြီး ဖွင့်ပြခြင်းခံရသည်။ ဤထင်ရှားပြသခြင်းများနှင့် ဖွင့်ပြခြင်းများသည် ဘုရားသခင်၏ သြဇာအာဏာ စစ်မှန်စွာ တည်ရှိမှုကို ဖော်ပြနေသည်။ အကြောင်းမှာ သူသည် သူ့လုပ်ဆောင်ချက်များကို ဆက်လက်ပြုလုပ်ရန်အတွက်၊ အရာအားလုံးကို အမိန့်ပေးရန်အတွက်၊ အချိန်တိုင်းတွင် အရာအားလုံးကို အုပ်စိုးရန်အတွက် သူ၏ သြဇာအာဏာနှင့် တန်ခိုးကို အသုံးပြုနေသောကြောင့်ဖြစ်သည်။ သူ၏တန်ခိုးနှင့် သြဇာအာဏာကို ကောင်းကင်တမန်များအားဖြင့် သို့မဟုတ် ဘုရားသခင်၏သတင်းစကား ပို့ဆောင်သူများအားဖြင့် အစားထိုး၍မရနိုင်ပေ။ အာဗြဟံနှင့် ယောဘတို့ကို မည်သည့်ကောင်းချီးများ ချပေးသနားမည်ဆိုသည်ကို ဘုရားသခင်ဆုံးဖြတ်ခဲ့သည်။ ဤအရာက ဘုရားသခင်အပေါ် မူတည်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများက အာဗြဟံနှင့် ယောဘဆီကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ကြသော်လည်း သူတို့၏ အပြုအမူများက ဘုရားသခင်၏ အမိန့်အရဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဖြစ်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်လည်း ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများသည် အာဗြဟံထံသို့ လာရောက်ခဲ့ကြသည်ကို လူသားတို့က မြင်ရသော်လည်း ယေဟောဝါ ဘုရားသခင်က သူကိုယ်တိုင်တစ်ခုခုလုပ်သည်ကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားခြင်းမတွေ့ရပေ။ စင်စစ်အားဖြင့် တန်ခိုးနှင့် သြဇာအာဏာကို အမှန်တကယ် အသုံးပြုသူက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး မည်သည့်လူသားကမျှ သံသယရှိရန် မလိုပေ။ သင်သည် ကောင်းကင်တမန်များနှင့် သတင်းစကားပို့ဆောင်သူများက ကြီးမားသည့် တန်ခိုးကို ပိုင်ဆိုင်ပြီး နိမိတ်လက္ခဏာများကို ပြုလုပ်ခြင်း၊ သို့မဟုတ် ဘုရားသခင် ညွှန်ကြားသည့် အရာတစ်ချို့ ပြုလုပ်ခြင်းတို့ကို သင်မြင်ဖူးသော်လည်း သူတို့၏အပြုအမူများသည် ဘုရားသခင်၏ ညွှန်ကြားချက်များကို ပြီးပြည့်စုံစေရန် သက်သက်သာဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာကိုပြသခြင်း မဟုတ်ပေ။ မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးကိုအုပ်ချုပ်ရန် ဖန်ဆင်းရှင်၏ သြဇာအာဏာရှိခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးပြုခြင်း သို့မဟုတ် ဖော်ထုတ်ပြသခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

Some of Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၄

လူအများစုသည် ၎င်းတို့၏ အနာဂတ် ခရီးပန်းတိုင်အတွက် သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၃

စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရသည်ဟူသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ သိမ်းပိုက်ခြင်း ခံရသည်ဟူသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ သိမ်းပိုက်ခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၇

ဘုရားသခင်နောက်လိုက်ရာတွင် အဓိကအရေးကြီးသောအရာမှာ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ဖြစ်သင့်ခြင်းပင် ဖြစ်သည်၊ အသက်ထဲသို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၅

ယခုအခါ သင်တို့သည် ဘုရားသခင်၏လူများဖြစ်လာရန် လေ့လာလိုက်စားရမည်ဖြစ်ပြီး မှန်သော လမ်းကြောင်းပေါ်သို့ အပြည့်အဝ စတင်ဝင်ရောက်ရမည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။