အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဤအရာသည် လူအများစုအတွက် ကမ္ဘာဦးကျမ်းမှ နှုတ်ကပတ်များကို အမှတ်ရစေပေမည်၊ "ငါတို့ ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့။" ဘုရားသခင်သည် "ငါတို့" ပုံသဏ္ဍာန်နှင့် အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်း ကြစို့ဟု ပြောသည်ကို ထည့်တွက်ရလျှင်၊ "ငါတို့" သည် နှစ်ပါး သို့မဟုတ် နှစ်ပါးထက် ပိုနေခြင်းကို ညွှန်ပြနေသည်၊ သူသည် "ငါတို့" ဟု ပြောဆိုခဲ့သည့်အတွက်၊ ဘုရားသခင် တစ်ဆူတည်းသာ မဟုတ်တော့ပေ။ ဤနည်းလမ်းအားဖြင့်၊ လူသည် အကောင်အထည်မဲ့သော ကွဲပြားသည့် ပုဂ္ဂိုလ်များကို စတင်တွေးခေါ်လာခဲ့ပြီး၊ ဤနှုတ်ကပတ်များမှ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် စိတ်ကူးအကြံ ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် မည်သည်နှင့် သဏ္ဍာန်တူသနည်း။ သားတော်သည် မည်သည်နှင့် သဏ္ဍာန်တူသနည်း။ သန့်ရှင်းသော ဝိညာဥ်တော်သည် မည်သည်နှင့် သဏ္ဍာန်တူသနည်း။ ယနေ့ခေတ် လူသားမျိုးနွယ်အား သုံးပါးစလုံး အတူတကွ ပေါင်းထားသော ပုံသဏ္ဍာန် တစ်ခုတည်းနှင့်အညီ ဖန်ဆင်းခဲ့ခြင်း ဖြစ်နိုင်ခဲ့သလော။ ဤသို့ဆိုလျှင် လူ၏ ပုံသဏ္ဍာန်သည် ခမည်းတော်၏ ပုံသဏ္ဍာန်လော၊ သားတော်၏ ပုံသဏ္ဍာန်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဥ်တော်၏ ပုံသဏ္ဍာန်လော။ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တစ်ပါးနှင့် လူသား၏ ပုံသဏ္ဍာန် ညီနေသနည်း။ လူသား၏ ဤစိတ်ကူးအကြံမှာ တကယ်ပင် မှန်ကန်မှုမရှိဘဲ၊ အဓိပ္ပာယ်မရှိပေ။ ယင်းမှာ ဘုရားသခင် တစ်ပါး တည်းအား ဘုရားသခင် အပါးပါးအဖြစ်သာ ခွဲခွာနိုင်သည်။ မောရှေ ကမ္ဘာဦးကျမ်းကို ရေးခဲ့သည့် အချိန်သည်၊ ကမ္ဘာကြီးအား ဖန်ဆင်းခြင်းနောက် လိုက်လာသည့် လူသားမျိုးနွယ်အား ဖန်ဆင်းပြီး နောက်ပိုင်း မှ ဖြစ်သည်။ ကမ္ဘာကြီး စတင်ခဲ့သည့်အချိန် အစအဦး၌ မောရှေသည် ရှိမနေခဲ့ပါ။ များစွာကြာပြီး နောက်ပိုင်းတွင်မှ မောရှေသည် ကျမ်းစာကို ရေးသားခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ပြောသည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သူမည်ကဲ့သို့ သိနိုင်ခဲ့မည်နည်း။ ဘုရားသခင်သည် ကမ္ဘာကြီးအား မည်ကဲ့သို့ ဖန်ဆင်းခဲ့ပုံနှင့် ပတ်သက်၍ သူ့တွင် အရိပ်အမြွက်မျှပင် မရှိခဲ့။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်တို့အား ဖော်ပြချက် ဘာမျှမရှိပေ၊ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည့် ယေဟာဝါမှ ဣသရေလ ပြည်တွင် သူ၏ အလုပ်အား ဆောင်ရွက်ပုံကိုသာ ဖော်ပြထားသည်။ ခေတ်ကာလများ ပြောင်းသွားသည်နှင့် သူသည်လည်း ကွဲပြားခြားနားသော အမည်များဖြင့် ခေါ်ဆိုခံသည်၊ သို့သော် ဤအချက်က အမည်တစ်ခုချင်း စီတိုင်းသည် ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ပါးကို ရည်ညွှန်းသည်ဟု သက်သေမပြနိုင်ပါ။ ဤသို့သာဆိုပါက၊ ဘုရားသခင်တွင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များ အပါးပါး ရှိနေလိမ့်မည် မဟုတ်ပေလော။ ဓမ္မဟောင်း ကျမ်းတွင် ရေးသားထားသော အရာမှာ ယေဟောဝါ၏ အလုပ်အကြောင်း၊ ပညတ်တော်ခေတ်၌ စတင်ခဲ့သည့် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်အဆင့် အကြောင်းပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အလုပ်ဖြစ်ခဲ့ပြီး သူပြောသည့် နေရာတွင် ၎င်းရှိခဲ့ကာ၊ သူမိန့်မှာသည့်နေရာတွင် ၎င်းရပ်တည်ခဲ့သည်။ မည်သည့်အချိန်တွင်မျှ ယေဟောဝါမှာ သူသည် အလုပ်လုပ်ဆောင်ရန် ကြွဆင်းလာသော ခမည်းတော်ဖြစ်ကြောင်း မပြောခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား ရွေးနှုတ်ရန် သားတော်ကြွလာမည့် အကြောင်းကိုလည်း ပရောဖက်မပြုခဲ့ပါ။ ယေရှု၏ အချိန်ကာလ ရောက်လာသောအခါတွင်မူ၊ လူသားမျိုးနွယ်အား ရွေးနှုတ်ရန် ဘုရားသခင်သည် လူ့ဇာတိ ခံယူခဲ့ခြင်းဟုသာ ပြောခဲ့ပြီး၊ ကြွဆင်းလာသူမှာ သားတော်ြဖစ်ကြောင်း မပြောခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလများသည် မတူကြဘဲ၊ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သော အလုပ်သည်လည်း ကွဲပြားသည့် အတွက်၊ သူသည် သူ၏ အလုပ်အား ကွဲပြားခြားနားသော နယ်ပယ်များအတွင်း လုပ်ဆောင်ရန် လိုသည်။ ဤနည်းလမ်းအားဖြင့်၊ သူကိုယ်စားပြုသော သွင်ပြင်လက္ခဏာမှာလည်း ကွဲပြားသွားသည်။ လူသည် ယေဟောဝါမှာ ယေရှု၏ ခမည်းတော်ဟု ယုံကြည်သည်၊ သို့သော် အမှန်တွင်မူ ယေရှုမှာ ဤအရာအား အသိ အမှတ်မပြုခဲ့ပါ။ သူဆိုသည်ကား၊ ‘’ငါတို့သည် ဘယ်သောအခါမျှ ခမည်းတော်နှင့် သားတော်ဟူ၍ ခွဲခြားမနေ၊ ငါနှင့် ကောင်းကင်ဘုံမှ ခမည်းတော်သည် တစ်ဦးတည်း ဖြစ်၏။ ခမည်းတော်သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏၊ သားတော်ကို မြင်သောသူသည်၊ ခမည်းတော်ကို မြင်၏။’’ ဟုပြောခဲ့သည့် ယေရှုမှာ ဤအရာအား အသိ အမှတ်မပြုခဲ့ပါ။ အရာအားလုံး ပြောပြီးသွားသောအခါတွင်၊ ခမည်းတော်ပင်ဖြစ်စေ၊ သားတော်ပင်ဖြစ်စေ၊ သူတို့သည် ဝိညာဥ်တော် တစ်ပါး တည်းသာဖြစ်၍ ခြားနားသော ပုဂ္ဂိုလ်နှစ်ပါးအဖြစ်သို့ ခွဲခွာမနေပါ။ လူမှ ရှင်းပြရန် ကြိုးစားသည်နှင့် ကိစ္စရပ်များသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးဟူသည့် စိတ်ကူးအကြံ၊ ထို့အတူ ခမည်းတော်၊ သားတော်နှင့် ဝိညာဥ်တော်တို့ အကြားရှိ ဆက်နွှယ်မှု စသည်တို့နှင့် ရှုပ်ထွေးကုန်၏။ လူသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါး အကြောင်းပြောသောအခါတွင်၊ ဤအရာသည် ဘုရားသခင်အား ရုပ်ဝါဒသဘောသို့ သွင်းလိုက်ခြင်းပင် မဟုတ်လော။ လူသည် ပုဂ္ဂိုလ်အပါးပါးအား ပထမ၊ ဒုတိယနှင့် တတိယဟူ၍ပင် ခွဲကြသည်၊ ဤအရာ အားလုံးသည် လူ၏ အယူအဆများသာ ဖြစ်ကြပြီး၊ ရည်ညွှန်းဖော်ပြရန်ပင် မထိုက်တန်၊ လုံးဝ လက်တွေ့ မကျသောအရာပင် ဖြစ်သည်။ သင်သည် အကယ်၍သာ ထိုသူအား "ဘုရားသခင် ဘယ်နှစ်ပါး ရှိသနည်း" ဟု မေးမည်ဆိုပါက၊ ထိုသူက ဘုရားသခင်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် သုံးပါးတစ်ဆူဖြစ်ကြောင်း၊ စစ်မှန်သော ဘုရားတစ်ဆူဖြစ်ကြောင်း ပြောပေလိမ့်မည်။ သင်က "ခမည်းတော် ဆိုသည်မှာ မည်သူနည်း" ဟု ထပ်၍ မေးမည်ဆိုလျှင်၊ ထိုသူက "ခမည်းတော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဥ်တော်ဖြစ်သည်၊ သူသည် အရာအားလုံး၏ တာဝန်ခံဦးစီးဖြစ်ပြီး၊ ကောင်းကင်ဘုံ၏ အရှင်သခင်လည်း ဖြစ်သည်" ဟုပြောပေလိမ့်မည်။ "ဤသို့ဆိုလျှင် ယေဟောဝါသည် ဝိညာဥ်တော် ဖြစ်သလော" ဟု သင်မေးမည်ဆိုပါက၊ ထိုသူက "ဟုတ်သည်" ဟု ပြန်ဖြေလိမ့်မည်။ ထို့နောက် သင်က "သားတော်သည် မည်သူနည်း" ဟု ထိုသူအား မေးမည်ဆိုပါက၊ ယေရှုမှာ သားတော်ပင်ဖြစ်သည်ဟု ထိုသူက ပြောပေလိမ့်မည်။ "ဤသို့ဆိုလျှင် ယေရှု၏ အကြောင်းကား မည်သို့ရှိသနည်း။ မည်သည့်နေရာမှ သူလာခဲ့သနည်း" ဟု မေးမည် ဆိုပါက၊ ထိုသူက "ယေရှုသည် သန့်ရှင်းသော ဝိညာဥ်တော်၏ ပဋိသန္ဓေ စွဲယူခြင်းမှတစ်ဆင့် မာရိမှ မွေးဖွားခဲ့သည်" ဟု ပြန်ပြောပေလိမ့်မည်။ "ဤသို့ဆိုလျှင် သူ၏ အနှစ်သာရသည် ဝိညာဥ်တော်ဖြစ်သည်ပင် မဟုတ်လော။ သူ၏အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဥ်တော်အား ကိုယ်စားပြုခြင်းပင် ဖြစ်သည် မဟုတ်လော။ ယေဟောဝါသည် ဝိညာဥ်တော်ဖြစ်သည်၊ ယေရှု၏ အနှစ်သာရသည်လည်း ဝိညာဥ်တော်ပင် ဖြစ်သည်။ ယခုနောက်ဆုံးသော ကာလတွင်၊ ဝိညာဥ်တော် အလုပ်လုပ်နေသေးသည်မှာ[က] ပြောစရာပင်မလိုပေ၊ ထိုသူတို့သည် မည်သည့်နည်းနှင့် ကွဲပြားခြားနားသော ပုဂ္ဂိုလ်အပါးပါး ဖြစ်နိုင်မည်နည်း။ ယင်းသည် ကွဲပြား ခြားနားသော ရှုထောင့်ပေါင်းစုံမှ ဝိညာဥ်တော်၏ အလုပ်အား ဆောင်ရွက်နေသည့် ဘုရားသခင်၏ ဝိညာဥ်တော်ပင် ဖြစ်သည် မဟုတ်လော။" ထိုကဲ့သို့လျှင်၊ ပုဂ္ဂိုလ်အပါးပါး အကြားတွင် ကွဲပြားချက် မရှိပါ။ ယေရှုသည် သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့သည်၊ ထို့ကြောင့် မလွဲဧကန်ပင်၊ သူ၏ အလုပ်မှာ သန့်ရှင်းသော ဝိညာဥ်တော်၏ အလုပ် အတိအကျပင် ဖြစ်သည်။ ယေဟောဝါမှ ဆောင်ရွက်ခဲ့သည့် အလုပ်၏ ပထမအဆင့်တွင် သူသည် လူ့ဇာတိ မခံယူခဲ့သလို လူ့ထံသို့လည်း မပေါ်လာခဲ့ပါ။ ထို့ကြောင့် လူသည် သူ၏ ရုပ်သွင်အား မည်သည့်အခါမျှ မတွေ့ခဲ့ချေ။ သူသည် မည်မျှပင် မြင့်မြတ်၍၊ မည်မျှပင် ကြီးမား နေသော်လည်း၊ သူသည် ဝိညာဥ်တော် ဖြစ်နေခဲ့တုန်းပင် ဖြစ်ပြီး၊ လူအား ဦးစွာ ဖန်ဆင်းခဲ့သည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေတုန်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူသည် ဘုရားသခင်၏ ဝိညာဥ်တော်ပင် ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်များ အကြားမှ လူအား စကားပြောခဲ့သောအခါ သူသည် ဝိညာဥ်တော်မျှသာ ဖြစ်သည်။ သူ၏ ရုပ်သွင်အား မည်သူကမျှ မျက်မြင် မတွေ့ခဲ့ကြရပေ၊ ကျေးဇူးတော်ခေတ်တွင်သာ ဘုရားသခင်၏ ဝိညာဥ်တော်သည် ဇာတိပကတိ အထဲသို့ ကြွဆင်းလာပြီး၊ ယုဒနယ်တွင် လူ့ဇာတိခံယူခဲ့သည့် အခါတွင်မှ လူသည် ပထမဦးဆုံးအနေနှင့် လူ့ဇာတိခံယူခြင်း၏ ရုပ်သွင်ကို ယုဒလူမျိုး တစ်ယောက်အဖြစ် တွေ့မြင် ခဲ့ကြခြင်းဖြစ်သည်။ ယေဟောဝါ၏ ခံစားချက်အား အာရုံခံ၍ မရနိုင်ခဲ့ပါ။ သို့သော်ငြားလည်း၊ သူသည် သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ဆိုလိုသည်မှာ ယေဟောဝါ ကိုယ်တိုင်၏ ဝိညာဥ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ယေရှုသည် ဘုရားသခင် ဝိညာဥ်တော်၏ ပြယုဂ်အဖြစ် မွေးဖွား လာခဲ့သည်။ လူသည် အဦးဆုံးတွင် မြင်ခဲ့ရသော အရာမှာ သန့်ရှင်းသော ဝိညာဥ်တော်သည် ယေရှုအပေါ်သို့ ချိုးငှက်အဖြစ် ဆင်းသက်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ ယေရှု၏ သီးသန့်ဝိညာဥ်တော် မဟုတ်သော်လည်း၊ တကယ်တမ်းတော့ သန့်ရှင်းသော ဝိညာဥ်တော်သာ ဖြစ်သည်။ သို့ဆိုလျှင် ယေရှု၏ ဝိညာဥ်တော်သည် သန့်ရှင်းသော ဝိညာဥ်တော်မှ ခွဲခွာ၍ ရနိုင်သလော။ အကယ်၍ ယေရှုသည် ယေရှု၊ သားတော် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဥ်တော်သည် သန့်ရှင်းသော ဝိညာဥ်တော်သာ ဖြစ်မည်ဆိုပါက သူတို့သည် မည်ကဲ့သို့ တစ်ပါးတည်း ဖြစ်နိုင်မည်နည်း။ ဤကဲ့သို့သာ ဆိုပါက၊ အလုပ်သည် ပြီးမြောက်ခဲ့မည်ပင် မဟုတ်ပါ။ ယေရှု အထဲရှိ ဝိညာဥ်တော်၊ ကောင်းကင်ဘုံမှ ဝိညာဥ်တော်နှင့် ယေဟောဝါ၏ ဝိညာဥ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဥ်တော်၊ ဘုရားသခင်၏ ဝိညာဥ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဥ်တော်၊ အလုံးစုံ ခြုံလွှမ်းသော ဝိညာဥ်တော်ဟူ၍ ခေါ်ဆိုနိုင်သည်။ ဘုရားသခင်၏ ဝိညာဥ်တော် တစ်ပါးတည်းပင်လျှင် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာကြီးအား ဖန်ဆင်းနိုင်ပြီး၊ ၎င်းအား ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်၊ လူသားမျိုးနွယ် အားလုံးကိုလည်း ရွေးနှုတ်နိုင်သည်၊ ထို့ထက်အပြင် လူသားမျိုးနွယ် အားလုံးအားလည်း သိမ်းပိုက်နိုင်ပြီး ဖျက်လည်းဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တိုင်ကသာလျှင် ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ် တစ်ပါးပါးကမျှ သူ့ကိုယ်စား လုပ်ဆာင်၍မရနိုင်ပါ။ သူ၏ဝိညာဥ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်အမည်များဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသား၏သားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်၊ သူသည် စကြဝဠာများအထက်နှင့် တိုင်းနိုင်ငံများ အထက်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင်ပင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှစ၍ ယခုအထိ၊ ဤအလုပ်ကို ဘုရားသခင်ကိုယ်တိုင်၏ ဝိညာဥ်တော်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံမှ အလုပ်ဖြစ်စေ၊ သို့မဟုတ် ဇာတိပကတိထဲမှ အလုပ်ဖြစ်စေ၊ အလုံးစုံအား သူ၏ ဝိညာဥ်တော် ကိုယ်တိုင်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံတွင် သော်လည်းကောင်း၊ မြေကြီး ပေါ်တွင် သော်လည်းကောင်း၊ ရှိသမျှသော ဖန်ဆင်းခံခပ်သိမ်းတို့သည် သူ၏ အနန္တလက်ဖဝါး ပေါ်တွင်သာ ရှိကြသည်၊ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်များ ဖြစ်ကြပြီး၊ သူ့အစား အခြား မည်သူကမျှ လုပ်ဆောင်နိုင်ခြင်းမရှိ။ ကောင်းကင်ဘုံတွင် သူသည် ဝိညာဥ်တော်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လည်းဖြစ်သည်၊ လူတို့ကြားတွင်မူ သူသည် ဇာတိပကတိဖြစ်သော်လည်း ဘုရားသခင် ကိုယ်တိုင်အဖြစ် ဆက်လက်တည်ရှိနေသေးသည်။ သူ့အား ရာထောင်ချီသောအမည်များဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင်ပင် ဖြစ်နေသေးပြီး၊ အလုပ်[ခ] အားလုံးမှာလည်း သူ့ဝိညာဥ်တော်၏ တိုက်ရိုက် ဖော်ပြချက်များ ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးအား ရွေးနှုတ်ခြင်းမှာလည်း သူ့ဝိညာဥ်တော်၏ တိုက်ရိုက် အလုပ်ပင် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလတွင် လူမျိုးအားလုံးနှင့် တိုင်းနိုင်ငံ အားလုံးတို့အား ကြွေးကြော်ခြင်းမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ခပ်သိမ်းသော အချိန်တို့တွင် ဘုရားသခင်အား အနန္တတန်ခိုးရှိသော စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆိုနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်ဟူသည့် ဤစိတ်ကူးအကြံအား မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးသည်ပင် မတည်ရှိချေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဥ်သည် နှစ်ပေါင်းခြောက်ထောင် ရှည်ကြာပြီး၊ သူ့အလုပ်၏ ကွဲပြား ခြားနားမှုများအပေါ် အခြေခံ၍ ခေတ်သုံးခေတ်အဖြစ်သို့ ခွဲခြားထားသည်။ ပထမအဆင့်သည် ဓမ္မဟောင်း ကျမ်း၏ ပညတ်တော်ခေတ်ဖြစ်သည်၊ ဒုတိယအဆင့်သည် ကျေးဇူးတော်ခေတ်ဖြစ်ပြီး၊ တတိယအဆင့်မှာမူ နောက်ဆုံးသော ကာလနှင့် သက်ဆိုင်သည့် နိုင်ငံတော်ခေတ်ဖြစ်သည်။ ခေတ်အသီးသီးတွင် ကွဲပြား ခြားနားသော ကိုယ်ပိုင်လက္ခဏာ တစ်ခုကို ကိုယ်စားပြုသည်။ ဤသည်မှာ အလုပ်ထဲရှိ ကွဲပြားခြားနားမှု ကြောင့်သာဖြစ်သည်၊ ဆိုလိုသည်မှာ၊ အလုပ်၏ လိုအပ်ချက်များ အရသာဖြစ်သည်။ အလုပ်၏ ပထမ အဆင့်ကို ဣသရေလပြည်တွင် ဆောင်ရွက်ခဲ့ပြီး၊ ရွေးနှုတ်ခြင်းအလုပ်အား အဆုံးသတ်သည့် ဒုတိယ အဆင့်ကို ယုဒနယ်တွင် ဆောင်ရွက်ခဲ့သည်။ ရွေးနှုတ်ခြင်း အလုပ်အတွက် ယေရှုသည် သန့်ရှင်းသော ဝိညာဥ်တော်အားဖြင့် ပဋိသန္ဓေတည်ကာ တစ်ဦးတည်းသော သားတော်အဖြစ် မွေးဖွားခဲ့သည်။ ဤအရာ အားလုံးသည် အလုပ်၏ လိုအပ်ချက်များ အရသာလျှင် ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင် သည် သူ၏အလုပ်အား တစ်ပါးအမျိုးသား နိုင်ငံများထဲသို့ ချဲ့ထွင်ပြီး ထိုအထဲမှ လူများတို့အား သိမ်းပိုက်ရန် ဆန္ဒရှိသည်၊ ထိုသို့အားဖြင့် သူ၏ အမည်သည် ထိုသူတို့အကြားတွင် ကြီးမြတ်ခြင်း ရှိမည်ဖြစ်သည်။ သူသည် လူ့အသက်တာ၏ မှန်ကန်သော လမ်းခရီးခပ်သိမ်းအား နားလည်ခြင်းနှင့် ပတ်သက်၍ လူအား လမ်းပြရန် ဆန္ဒရှိသည်။ ထို့ပြင် သမ္မာတရားနှင့် အသက်လမ်းခရီးခပ်သိမ်းအားလည်း နားလည်စေရေး လမ်းပြရန် ဆန္ဒရှိသည်။ ဤအလုပ်အားလုံးကို ဝိညာဥ်တော် တစ်ပါးတည်းကသာလျှင် ဆောင်ရွက်ခြင်းဖြစ်သည်။ သူသည် ကွဲပြားခြားနားသော ရပ်တည်ချက်များမှ ထိုအရာများကို လုပ်ကောင်း လုပ်နိုင်သည် ဆိုသော်ြငားလည်း၊ အလုပ်၏ သဘာဝနှင့် နိယာမများမှာတော့ အတူတူပင် ဖြစ်သည်။ သူတို့ ဆောင်ရွက်ခဲ့သော အလုပ်၏ သဘာဝနှင့် နိယာမများကို သင်ဂရုစိုက် လေ့လာမည်ဆိုသည်နှင့်၊ ဤအရာအားလုံးကို ဝိညာဥ်တော် တစ်ပါး တည်း၏ လက်ရာပင် ဖြစ်ကြောင်းကို သင်သိလိမ့်မည်။ အချို့ကမူ "ခမည်းတော်သည် ခမည်းတော်ဖြစ်ပြီး၊ သားတော်က သားတော်ပင်ဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဥ်တော်သည်လည်း သန့်ရှင်းသော ဝိညာဥ်တော်ပင် ဖြစ်ပြီး၊ အဆုံးတွင် ထိုသူတို့သည် တစ်ဆူတည်း ဖြစ်ကြလိမ့်မည်" ဟု ဆိုကောင်း ဆိုနိုင်သေးသည်။ ဤသို့ ဆိုပါက၊ သင်သည် ထိုသူတို့အား တစ်ဆူတည်းအဖြစ် မည်သို့ ပြုမည်နည်း။ ခမည်းတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်သည် အဘယ်ကဲ့သို့ တစ်ဆူတည်း ဖြစ်နိုင်မည်နည်း။ အကယ်၍ သူတို့သည် ပင်ကိုယ်ဗီဇအားဖြင့် နှစ်ပါး ဖြစ်နေခဲ့သည်ဆိုပါက၊ သူတို့အား မည်သို့ပင် ပေါင်းစပ်သော်ငြားလည်း၊ သူတို့သည် နှစ်ဌာနအဖြစ်သာ ကျန်ရစ်နေလိမ့်ဦးမည် မဟုတ်ပါလော။ သင်သည် သူတို့အား တစ်ဆူတည်း ဖြစ်သည်ဟု ပြောရာတွင်၊ ကွဲပြားသော နှစ်ဌာနကို တစ်လုံးတစ်ဝတည်း အဖြစ်သို့ပြုရန် ရိုးစင်းစွာ ပေါင်းဆက်ခြင်းပင် မဟုတ်လော။ သို့သော် သူတို့သည် တစ်လုံးတစ်ဝတည်း မဖြစ်ခင်တွင် နှစ်ဌာနဖြစ်နေခဲ့သည်ပင် မဟုတ်လော။ ဝိညာဥ်တော် တစ်ပါးစီတွင် ကွဲပြားသော အနှစ်သာရ ရှိကြပြီး၊ ဝိညာဥ်တော် နှစ်ပါးအားလည်း တစ်ပါးတည်း အဖြစ်သို့ ပြုပြင်၍ မရနိုင်ပါ။ ဝိညာဥ်တော်သည် ရုပ်ဝတ္ထုအရာတစ်ခု မဟုတ်ပဲ၊ ဤရုပ်ဝတ္ထု လောကကြီးထဲမှ မည်သည့်အရာနှင့်မျှပင် မတူပါ။ လူတို့ မြင်သည့်အရာမှာ၊ ခမည်းတော်သည် ဝိညာဥ်တော် တစ်ပါးဖြစ်ပြီး၊ သားတော်သည် အခြားတစ်ပါးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဥ်တော်သည်လည်း အခြားတစ်ပါးဖြစ်ပြီး၊ ဤဝိညာဥ်တော် သုံးပါးကို ဖန်ခွက်သုံးခွက်ထဲမှ ရေများကဲ့သို့ တစ်လုံးတစ်ဝတည်းအဖြစ် ရောနှောလိုက်သည် ဟုပင်ဖြစ်သည်။ ဤအရာသည်ပင် သုံးပါးသည် တစ်ဆူဖြစ်၏ ဆိုခြင်း မဟုတ်လော။ ဤအရာသည် မှားယွင်းသော ရှင်းပြချက်ပင်တည်း။ ဤအရာသည် ဘုရားသခင်အား ပိုင်းစိတ်ခြင်းပင် မဟုတ်ပေလော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော်သည် အဘယ်နည်းနှင့် တစ်ဆူတည်းအဖြစ်သို့ ပြုပြင်နိုင်မည်နည်း။ သူတို့သည် ကွဲပြားခြားနားသော သဘာဝများနှင့် သုံးဌာန ဖြစ်၍နေသည် မဟုတ်လော။ "ဘုရားသခင်သည် ယေရှုအား သူ၏ ချစ်သားဟုပင် ပွင့်လင်းစွာ ပြောခဲ့သည်မဟုတ်လော" ဟု ဆိုကြသော ထိုသူအချို့ ရှိကြသေးသည်။ "ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း" ဟူသည်အား ဘုရားသခင် ကိုယ်တိုင်မှ ပြောခဲ့သည်မှာ သေချာပါသည်။ ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဥ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ "ခမည်းတော် သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏" ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဥ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။ ခေတ်ကာလများ၏ အပြောင်းအလဲအရ၊ အလုပ်၏ လိုအပ်ချက် များအရနှင့် သူ့စီမံခန့်ခွဲမှု အစီအစဥ်၏ ကွဲပြားခြားနားသော အဆင့်များအရ သူ့အား လူမှခေါ်ဆိုသော အမည်သည်လည်း ကွဲပြားခြားနားသွားရခြင်း ဖြစ်သည်။ အလုပ်၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွဆင်းလာခဲ့သော အခါတွင်၊ သူ့အား ယေဟောဝါ၊ ဣသရေလလူမျိုးများ၏ သိုးထိန်းဟူ၍သာ ခေါ်ဆို နိုင်သည်။ ဒုတိယအဆင့်တွင်မူ၊ လူ့ဇာတိခံယူသော ဘုရားသခင်အား သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို နိုင်သည်။ သို့သော် ထိုအချိန်တွင်မူ၊ ကောင်းကင်ဘုံမှ ဝိညာဥ်တော်သည် ထိုသူမှာ ဘုရားသခင်၏ ချစ်သား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသည့် သူ့ဖြစ်ခြင်းနှင့် ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပါ။ ဤအရာသည် တကယ်ပင် ဖြစ်ပွားခြင်းမရှိခဲ့။ အဘယ်သို့နှင့် ဘုရားသခင် ထံတွင် ကလေးတစ်ဦးတည်းသာ ရှိနိုင်လိမ့်မည်နည်း။ ဤသို့ဆိုပါက ဘုရားသခင်သည် လူပင်ဖြစ်နေလိမ့်မည် မဟုတ်ပေလော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆို ခံရခြင်းဖြစ်ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့်ပင် ဖြစ်သည်။ ယေရှုသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းခဲ့သည်။ သူသည် ထိုကဲ့သို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားသည့် အတွက်၊ ဇာတိပကတိ၏ ရှုထောင့်မှနေ၍ "ငါ၏ အပြင်ပန်းအခွံသည် ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ အရာသာ ဖြစ်သည်။ ဤမြေကြီးသို့ ကြွဆင်းလာရန် ငါသည် ဇာတိပကတိအား ယူတင်ဝတ်ဆင် သည့်အတွက် ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့် အလွန် ဝေးကွာလျက်ရှိ၏" ဟုသူပြောခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှ နေ၍သာ ဆုတောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် သူ၏တာဝန်ပင် ဖြစ်ခဲ့ပြီး၊ ယင်းအား လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဝိညာဥ်တော်မှ ဖြည့်ဆည်းသင့်သည့် အရာလည်း ဖြစ်သည်။ ခမည်းတော်အား သူသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းသော အကြောင်းကြောင့် သူ့အား ဘုရားသခင် တကယ် မဟုတ်ဟု ပြော၍မရနိုင်ပါ။ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံရသော်လည်း၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်နေသေးသည်၊ အကြောင်းမှာ သူသည် ဝိညာဥ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည်လည်း ဝိညာဥ်တော်ပင် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။ လူတို့ အမြင်အရဆိုပါက၊ ထိုသူမှာ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်လျှင် အဘယ်ကြောင့် ဆုတောင်းနေသေးသနည်းဟု အံ့သြကြသည်။ ဤအချက်မှာ အဘယ့်ကြောင့်ဆိုလျှင် သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ပြီး၊ ဇာတိပကတိထဲတွင် နေထိုင်သည့် ဘုရားသခင်ဖြစ်ကာ၊ ကောင်းကင်ဘုံမှ ဝိညာဥ်တော် မဟုတ်သောကြောင့် ဖြစ်သည်။ လူတို့ အမြင်အရဆိုလျှင်၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဥ်တော် အားလုံးတို့သည် ဘုရားသခင်ဖြစ်သည် ဟူ၍ဖြစ်သည်။ ဤသုံးပါးပေါင်း၍ တစ်ဆူတည်းအဖြစ် ပြုမှသာ စစ်မှန်သည့် တစ်ဆူ တည်းသော ဘုရားသခင်ဟု သတ်မှတ်နိုင်မည်ဖြစ်ပြီး၊ ဤနည်းအားဖြင့်၊ သူ၏ အစွမ်းတန်ခိုးမှာ ခြွင်းချက်မရှိ ကြီးမားသွားသည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် ခုနှစ်ဆပြင်းသော ဝိညာဥ်တော်ဖြစ်သည်ဟု ပြောဆို ကြသော သူအချို့ ရှိသေးသည်။ သူကြွဆင်းလာပြီးနောက် သားတော် ဆုတောင်းခဲ့သောအခါ၊ သူသည် ဝိညာဥ်တော်ထံ ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ လက်တွေ့တွင်မူ၊ သူသည် ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ ရှုထောင့် မှနေ၍ ဆုတောင်းနေခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ဇာတိပကတိသည် မပြည့်စုံ၊ သူသည်လည်း ဇာတိ ပကတိထဲသို့ ကြွဆင်းလာခဲ့သည့်အခါ ပြည့်စုံခြင်းမရှိခဲ့ဘဲ အားနည်းချက်များစွာ ရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ဇာတိပကတိထဲ၌ သူ၏အလုပ်အား ဆောင်ရွက်သည့်အချိန်တွင် သူသည် များစွာ ဒုက္ခခံခဲ့ရခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် သူသည် သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်း မတိုင်မီတွင် ခမည်းတော် ဘုရားသခင်ထံ သုံးကြိမ်သုံးခါ ဆုတောင်းခဲ့ပြီး၊ ထိုအမှု မတိုင်မီ ကြိမ်ဖန်များစွာပင်ဆုတောင်းခဲ့ခြင်းဖြစ်သည်။ သူသည် သူ၏ တပည့်တော်များ အကြားတွင် ဆုတောင်းခဲ့သည်၊ တောင်ပေါ်တွင် တစ်ဦးတည်းလည်း သူ ဆုတောင်းခဲ့သည်၊ သူသည် ငါးဖမ်းလှေပေါ်တွင် ဆုတောင်းခဲ့သည်၊ မြောက်မြားလှစွာသော လူအုပ်ကြီး ကြားတွင်လည်း သူဆုတောင်းခဲ့သည်၊ မုန့်အား ချိုးဖဲ့သော အခါတွင်လည်း သူဆုတောင်းခဲ့သည်၊ အခြားသူ များအား သူကောင်းချီးပေးနေစဥ် အခါတွင်လည်း ဆုတောင်းခဲ့သည်။ သူသည် အဘယ်ကြောင့် ဤသို့ ပြုခဲ့ရသနည်း။ သူဆုတောင်းခဲ့သည့်သူမှာ ဝိညာဥ်တော်ကိုဖြစ်သည်၊ သူသည် ဇာတိပကတိ၏ ရှုထောင့်မှ နေ၍ ကောင်းကင်ဘုံမှ ဘုရားသခင်ထံ၊ ဝိညာဥ်တော်ထံ ဆုတောင်းနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူ၏ ရပ်တည်ချက်မှ ဆိုပါက၊ အလုပ်၏ ယင်းအဆင့်တွင် ယေရှုသည် သားတော် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယခု အဆင့်တွင်မူ၊ သူသည် ဆုမတောင်းပါ။ ဤအရာသည် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော သူထုတ်ဆောင်လာသည့် အရာမှာ နှုတ်ကပတ်တော်၏ အလုပ်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သူသည် ဆုတောင်းခြင်းများ မလိုအပ်ပါ၊ အကြောင်းမှာ သူ၏ သာသနာသည် စကားများပြောရန်ပင် ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင် အပေါ်၌ အတင်မခံရသကဲ့သို့၊ အာဏာရှိသော သူများလက်ထဲသို့ လူ၏ လွှဲအပ်ပေးခြင်းလည်း မခံရပေ။ သူသည် သူ၏ အလုပ်အား ရိုးစင်းစွာပင် ထမ်းဆာင်ပြီး အရာအားလုံးသည် နေသားတကျပင် ဖြစ်၏။ ယေရှုဆုတောင်း ခဲ့သည့်အချိန်တွင်၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော် ဘုရားသခင်အား ကောင်းကင်နိုင်ငံတော် ဆင်းသက်လာခြင်းအတွက်၊ ခမည်းတော်၏ အလို ပြည့်စုံနိုင်ရန်အတွက်နှင့် လာမည့် အလုပ်အတွက် ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ ဤအဆင့်တွင်၊ ကောင်းကင်နိုင်ငံတော်သည် ဆင်းသက်လာပြီး ဖြစ်သည်၊ ထို့ကြောင့် သူသည် ဆုတောင်းရန် လိုဦးမည်လော။ သူ၏ အလုပ်သည် ခေတ်အား အဆုံးသတ်ပေးရန်ပင် ဖြစ်ပြီး၊ ခေတ်အသစ်များလည်း မရှိတော့သည့်အတွက်၊ နောက်တစ်ဆင့်အဖို့ ဆုတောင်းရန် လိုသေးဦး မည်လော။ မလိုတော့ပေ။

လူ၏ ရှင်းပြချက်များတွင် ဆန့်ကျင်ကွဲလွဲမှုများ များစွာရှိသည်။ အမှန်တွင်မူ၊ ဤအရာအားလုံးသည် လူ၏ အယူအဆများသာ ဖြစ်သည်၊ ဆက်လက်၍ လေ့လာဆန်းစစ်ခြင်း မရှိဘဲနှင့် သင်တို့ အားလုံးသည် ယင်းတို့အား မှန်ကန်သည်ဟူ၍ ယုံကြည်ကြသည်။ ဘုရားသခင်သည် သုံးပါးတစ်ဆူ ဖြစ်သည်ဟူသော စိတ်ကူးအကြံသည် လူ၏ အယူအဆမှလွဲ၍ အခြားဘာမျှမဟုတ် ဆိုခြင်းအား သင်တို့ မသိသလော။ လူ၏ မည်သည့် အသိပညာမဆို ပြီးပြည့် စုံလင်နှံ့စပ်ခြင်း မရှိပေ။ ယင်းတို့တွင် အမြဲပင် မသန့်စင်သော အရာများ ပါဝင်နေပြီး၊ လူတွင် စိတ်ကူးအကြံများ များစွာပင်ရှိ၏၊ ဤအချက်မှာ ဖန်ဆင်းခံ သတ္တဝါသည် ဘုရားသခင်၏ အလုပ်အား အကယ်ပင် ရှင်းပြ၍ မရနိုင်ခြင်းကို ဖော်ပြနေသည်။ လူ၏ စိတ်ထဲတွင် အရာများ များစွာရှိနေပြီး ခပ်သိမ်းတို့သည် သမ္မာတရားနှင့် သဘောထား ကွဲလွဲသော ယုတ္တိဗေဒနှင့် အတွေးအခေါ်များမှ ပေါ်လာခြင်း ဖြစ်သည်။ သင်၏ ယုတ္တိဗေဒသည် ဘုရားသခင်၏ အလုပ်အား နှံ့စပ်စွာ ပိုင်းခြား စိတ်ဖြာနိုင်သလော။ သင်သည် ယေဟောဝါ၏ အလုပ်အားလုံးတို့အား ထိုးသွင်းသိမြင်သော ဉာဏ်ကို ရရှိနိုင်သလော။ အရာအားလုံးအား ထွင်းဖောက်၍ မြင်နိုင်သောသူမှာ သင်ဖြစ်သလော၊ သို့မဟုတ် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မြင်နိုင်စွမ်းရှိသော ဘုရားသခင်ကိုယ်တော်တိုင် ပင်လော။ ရှေးယခင် ထာဝရကာလမှ နောင်လာမည့် ထာဝရကာလ တိုင်အောင် မြင်နိုင်သော သင်ဖြစ်သလော၊ သို့တည်းမဟုတ် ထိုကဲ့သို့ ပြုနိုင်သော သူမှာ ဘုရားသခင်ပေလော။ သင်ဘာပြောမည်နည်း။ ဘုရားသခင်အား ရှင်းပြရန် သင်သည် မည်သို့ ထိုက်တန်သနည်း။ သင့်ရှင်းပြချက်မှာ မည်သည်အပေါ် အခြေခံထားသနည်း။ သင်သည် ဘုရားသခင်လော။ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာအားလုံးကို ဖန်ဆင်းထားသူမှာ ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ဤအရာအား ဖန်ဆင်းခဲ့သူမှာ သင်မဟုတ်၊ သို့ဆိုလျှင် သင်သည် အဘယ့်ကြောင့်နှင့် မမှန်ကန်သော ရှင်းပြချက်များကို ပေးနေရသနည်း။ ယခုတွင် သင်သည် သုံးပါးတစ်ဆူကို ဆက်ယုံကြည်သေးသလော။ ဤနည်းလမ်းသည် အလွန်ပင် ဝန်လေး လှသည်ဟု သင်မထင်သလော။ သင့်အတွက် ဘုရားသခင် သုံးပါးမဟုတ်ပဲ၊ တစ်ပါးတည်းကိုသာ ယုံကြည် ခြင်းမှာ ပို၍ကောင်းပေလိမ့်မည်။ ပေါ့ပါးရသည်မှာ အကောင်းဆုံးပင် ဖြစ်သည်၊ အကြောင်းမှာ "သခင်၏ ဝန်သည် ပေါ့၏" ဆိုသောကြောင့်ပင် ဖြစ်ပေသည်။

အောက်ခြေမှတ်စုများ-

(က) မူရင်းစာတွင် "အလုပ်လုပ်နေသေးသည်မှာ" ဆိုသည်အား ချန်လှပ်ထားသည်။

(ခ) မူရင်းစာတွင် "အလုပ်" အား ချန်လှပ်ထားသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ခေတ်သစ်၏ ပညတ်တော်များ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည်

0ရှာဖွေခြင်း ရလဒ်များ