အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားမျိုးနွယ်အားလုံးအတွက် ဖြစ်ပြီး လူသားတစ်မျိုးနွယ်လုံးအတွက် ရည်ရွယ်ထားလေသည်။ ယင်းသည် ဇာတိခန္ဓာထဲရှိ သူ၏အမူဖြစ်သော်လည်း ထိုအမှုကို လူသားမျိုးနွယ်အားလုံးအတွက် ရည်ရွယ်ထားဆဲဖြစ်သည်။ သူသည် လူသားမျိုးနွယ် အားလုံး၏ ဘုရားသခင်ဖြစ်ပြီး ဖန်ဆင်းထားသော အရာများနှင့် မဖန်ဆင်းထားသောအရာများ အားလုံး၏ ဘုရားသခင် ဖြစ်သည်။ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်အတွင်းတွင်ရှိပြီး၊ ဤအမှု၏ အပြုခံအရာသည်လည်း ကန့်သတ်မှုရှိသော်လည်း၊ သူ၏အမှုကိုလုပ်ဆောင်ရန် လူ့ဇာတိခံယူချိန်တိုင်းတွင် သူသည် အကြီးမားဆုံးသော ကိုယ်စားလှယ်ဖြစ်မည့် သူ့အမှု၏ အသုံးတော်ခံတစ်ခုကို ရွေးချယ်သည်။ ဘုရားသခင်သည် အမှုတော်လုပ်ဆောင်ရန် သာမန်၊ မထင်ရှားသောသူ တစ်အုပ်စုကို မရွေးချယ်ခဲ့ပေ။ ထို့အစား ဇာတိခန္ဓာထဲရှိ သူ့အမှုကို ကိုယ်စားပြုရန် စွမ်းဆောင်နိုင်သော လူတစ်စုကို သူ့အမှု၏ အသုံးတော်ခံအဖြစ် ရွေးချယ်သည်။ ဤလူအုပ်စုကို ရွေးချယ်ရခြင်းမှာ ဇာတိခန္ဓာထဲရှိ သူ၏အမှု၏နယ်ပယ်သည် အကန့်အသတ်ရှိသောကြောင့် ဖြစ်ပြီး၊ ဤလူတစ်စုကို လူ့ဇာတိခံယူသည့် သူ့ဇာတိခန္ဓာအတွက် အထူးသဖြင့် ပြင်ဆင်ထားကာ ဇာတိခန္ဓာထဲရှိ သူ၏အမှုအတွက် အထူးရွေးချယ်ထားခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုအတွက် ဘုရားသခင် ရွေးချယ်သည့် အသုံးတော်ခံများသည် အခြေအမြစ်မဲ့မဟုတ်ဘဲ၊ စည်းမျဉ်းနှင့်အညီဖြစ်သည်။ အမှု၏ အသုံးတော်ခံသည် ဇာတိခန္ဓာနှင့် ဘုရားသခင်၏အမှုကို အကျိုးဖြစ်ထွန်းလာစေရန်နှင့် လူသားတစ်မျိုးနွယ်လုံးကို ကိုယ်စားပြုနိုင်စွမ်း ရှိရမည်။ ဥပမာအားဖြင့် ယုဒလူမျိုးများသည် ယေရှု၏ကိုယ်တော်တိုင် ရွေးနုတ်ခြင်းအပေါ် လက်ခံရာ၌ကို လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်ကြပြီး၊ တရုတ်လူမျိုးများသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကိုယ်တော်တိုင် သိမ်းပိုက်မှုကို လက်ခံရာတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်စွမ်း ရှိသည်။ ယုဒလူမျိုးများမှ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုခြင်းအတွက် အခြေခံရှိသကဲ့သို့၊ ဘုရားသခင်၏ ကိုယ်တော်တိုင် သိမ်းပိုက်ခြင်းကို လက်ခံရာတွင်လည်း တရုတ်လူမျိုးများ၏ လူသားတစ်မျိုးနွယ်လုံးကို ကိုယ်စားပြုခြင်းသည် အခြေအမြစ်ရှိပေသည်။ ယုဒလူမျိုးများအကြားတွင် ပြုလုပ်သော ရွေးနုတ်ခြင်းအမှုထက် ပို၍ထင်ရှားသည့် ရွေးနုတ်ခြင်းအမှု မရှိသကဲ့သို့ တရုတ်လူမျိုးများအကြားတွင်ပြုသော သိမ်းပိုက်ခြင်းအမှု၏ နှံ့စပ်မှုနှင့် အောင်မြင်မှုထက် ပို၍ ထုတ်ဖော်ပြနိုင်သည့် အရာတစ်စုံတစ်ခုမရှိပေ။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် လူနည်းစုတစ်စုကိုသာ ရည်ညွှန်းသည့်ပုံပေါက်သော်လည်း အမှန်စင်စစ် ဤလူနည်းစုထဲတွင် လုပ်ဆောင်သော သူ၏အမှုသည် စကြဝဠာတစ်ခုလုံး၏ အမှုဖြစ်ပြီး သူ၏နှုတ်ကပတ်တော်သည် လူသားတစ်မျိုးနွယ်လုံးအတွက် ရည်ရွယ်ထားသည်။ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် အဆုံးသို့ရောက်ရှိချိန်တွင် သူ့ထံပါးသို့ လိုက်သောသူများသည် သူတို့ကြားတွင် ပြုတော်မူခဲ့သော အမှုကို စတင်ဖြန့်ဝေလိမ့်မည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ သူသည် တိကျသော နှုတ်ကပတ်တော်များနှင့် တိုက်တွန်း နှိုးဆော်မှုများ၊ သူ့နောက်တော်သို့ လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျသော အလိုတော် စသည်တို့ကို ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်။ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ့နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ့အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ့အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျစွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့်အချက်တို့ကို စစ်မှန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားလိုသော လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို စွန့်ခွာသွားသည့် အခါမှသာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကိုအဆုံးသတ်ကာ မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ် ယုံကြည်မှုရှိသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသော လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်သို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးမည်။ ထိုလူ့ဇာတိခံယူသော ဘုရားသခင်သည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ကို ဘုရားသခင်မှာ စစ်မှန်ပြီးသာမန်ဖြစ်သူ၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သူ၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ခရီးလမ်းဆုံးကို ပြသသူ၊ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်သူနှင့် နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သောသူ ဖြစ်သည်ကို ဖော်ပြလိမ့်မည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ် တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်၏ရလဒ်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် အမှုဆောင်သောအခါ သူ့နောက်လိုက်များသည် မရေရာသော၊ ဒွိဟဖြစ်စေသော အရာများနောက်သို့ လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို နောက်ထပ် ပြုတော့မည် မဟုတ်ပေ။ မရေရာသော ဘုရားသခင်၏ အလိုတော်ကို ခန့်မှန်းခြင်းကိုလည်း ရပ်တန့်ပေလိမ့်မည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် သူ၏ အမှုကို ဖြန့်ဝေသောအခါ သူ့နောက်သို့လိုက်သူများသည် ဇာတိခန္ဓာဖြင့် သူလုပ်ဆောင်ခဲ့သော အမှုကို ဂိုဏ်းဂဏများနှင့် ဘာသာတရားအားလုံးသို့ လက်ဆင့်ကမ်းပြောကြားကာ၊ သူတို့သည် လူသားတစ်မျိုးနွယ်လုံး၏ နားထဲသို့ ဘုရားသခင်၏ နှုတ်ထွက်စကားများကို ဆက်သွယ်ပြောကြားလိမ့်မည်။ သူ၏ ဧဝံဂေလိကို လက်ခံရရှိသော သူတို့မှကြားနာခဲ့သော အရာအားလုံးသည် သူ့အမှု၏ စစ်မှန်သော အချက်များဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားမှ ကိုယ်တိုင်တွေ့မြင် ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်၍၊ မှန်ကန်မှုများဖြစ်ကာ ကောလာဟသများ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်မှ သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ သူ၏အမှုကို ဖြန့်ကျက်ရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များမရှိဘဲ သူ၏ဧဝံဂေလိသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ မပြန့်နိုင်ပေ။ ဤအချက်အလက်များ မရှိဘဲ လူသားတို့၏ ထင်မြင်ချက်များသာရှိပါက ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းအမှုကို မည်သည့်အခါမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် လူသားအတွက် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ။ ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက် ချန်ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ မတည်ရှိ၊ မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်းယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ မတွေ့ရသလို ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျ ပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။ ဤအဆင့်အထိ ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်ခဲ့ရာတွင် သူ၏အမှုသည် အမြင့်ဆုံးရလဒ်ကို ရရှိခဲ့ပြီးဖြစ်ကာ၊ ပြည့်စုံသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီဖြစ်သည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ ကိုယ်ပိုင်အမှုသည် ဘုရားသခင့် အလုံးစုံစီမံခန့်ခွဲခြင်း အမှု၏ ကိုးဆယ်ရာခိုင်နှုန်းကို ပြီးမြောက်စေခဲ့ပြီဖြစ်သည်။ ဤဇာတိခန္ဓာသည် သူ၏အမှုအားလုံးအတွက် ပို၍ကောင်းသော အစတစ်ခုနှင့် သူ၏အမှုအားလုံးအတွက် အနှစ်ချုပ်တစ်ခုကို ထောက်ပံ့ပေးကာ သူ၏အမှုအားလုံးကို ထုတ်ပြန်ကြေညာခဲ့ပြီး သူ့အမှုအားလုံးအတွက် နှံ့စပ်သော နောက်ဆုံးအားဖြည့်မှုကို့ကို လုပ်ဆောင်ခဲ့သည်။ ယခုမှစကာ ဘုရားသခင့်အမှု၏ စတုတ္ထအဆင့်ကို လုပ်ဆောင်မည့် လူ့ဇာတိခံယူသည့် နောက်ထပ် ဘုရားသခင် ရှိလိမ့်မည် မဟုတ်ပေ။ တတိယမြောက် လူ့ဇာတိခံယူသော ဘုရားသခင်၏ အံသြဖွယ်သောအမှုလည်း နောက်ထပ်ရှိတော့မည် မဟုတ်ပေ။

ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏အမှုအဆင့်တစ်ခုစီသည် ခေတ်တစ်ခေတ်လုံးမှ သူ၏ အမှုကို ကိုယ်စားပြုပြီး၊ လူသား၏အလုပ်ကဲ့သို့ ကာလတစ်ခုကိုသာ ကိုယ်စားမပြုပေ။ ထို့ကြောင့် ဘုရားသခင်၏ နောက်ဆုံးလူ့ဇာတိခံယူခြင်း အမှု၏ အဆုံးမှာ သူ့အမှုသည် လုံးဝအဆုံးသတ်သွားခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် ခေတ်တစ်ခေတ်လုံးကို ကိုယ်စားပြုပြီး၊ ဇာတိခန္ဓာနှင့် အမှုဆောင်ခဲ့သော ကာလကိုသာ ကိုယ်စားပြုခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် ဇာတိခန္ဓာထဲတွင် ရှိနေသည့်အချိန်အတွင်း ခေတ်တစ်ခေတ်လုံးအတွက် သူ၏အမှုကို ပြီးမြောက်စေခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ထိုအမှုသည် နေရာအားလုံးသို့ ပျံ့နှံ့သွားသည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏သာသနာကို ပြီးမြောက်အောင်ဆောင်ရွက်ပြီး နောက်တွင် သူ့နောက်လိုက်သူများထံသို့ သူ၏ အနာဂတ်အမှုကို တာဝန်ပေးစေခိုင်းလိမ့်မည်။ ဤနည်းအားဖြင့် ခေတ်တစ်ခေတ်လုံးမှ သူ၏အမှုကို အပျက်အစီးမရှိ ဆက်လက် ဆောင်ရွက်နိုင်လိမ့်မည်။ လူ့ဇာတိခံယူသည့် ခေတ်တစ်ခေတ်လုံး၏ အမှုသည် စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့ပြီးသည့်အခါမှသာ လုံးလုံးလျားလျားပြီးစီးပြီဟု မှတ်ယူခြင်း ခံရမည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို စတင်ပေးပြီး သူ၏အမှုကို ဆက်လက် လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ သာသနာအတွင်းတွင်သာရှိပြီး၊ ဤနယ်ပယ်အပြင်သို့ ကျော်သွားနိုင်စွမ်းမရှိပေ။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့လျှင် လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်နိုင်စွမ်းမရှိသကဲ့သို့၊ ခေတ်သစ်သို့ ဆောင်ကြဉ်းသွားနိုင်စွမ်းလည်း မရှိပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူသားတို့လုပ်နိုင်သည့် တာဝန်ပမာဏအတွင်းတွင်သာရှိပြီး ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် သူလုပ်သင့်သော ဤအမှုကိုလာရောက်ကာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး၊ သူမှလွဲ၍ သူ့ကိုယ်စား မည်သူကမျှ ဤအလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ငါပြောသော အကြောင်းသည် လူ့ဇာတိခံယူခြင်း အမှုနှင့် ပတ်သက်သည်မှာ မှန်ပေသည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ပထမအနေဖြင့် လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့် အဆင့်တစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူသားတို့ အယူအဆများနှင့် မကိုက်ညီသည့် အမှုများစွာကို လုပ်လေသည်။ ဤအမှု၏ ရည်ရွယ်ချက်မှာ လူသားကို သိမ်းပိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသား၏အယူအဆများနှင့် မကိုက်ညီသည့် ပို၍များသောအမှုတို့ကို လုပ်ဆောင်သည့်အပြင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည်လည်း လူသားတို့၏ အယူအဆများနှင့် ညီညွတ်ခြင်းမရှိသဖြင့် လူသားသည် ဘုရားသခင်နှင့်ပတ်သက်သော ပို၍အကဲဖြတ်သည့် အမြင်များ ရှိလာကြသည်။ ဘုရားသခင်သည် သူနှင့်ပတ်သက်သော အယူအဆများ အသင်္ချေများလှစွာရှိသည့် လူသားတို့ကြားတွင် သိမ်းပိုက်ခြင်းအမှုကို လုပ်နေခြင်းသာဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ ဘုရားသခင့် သာသနာတော် ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက်တွင် လူသားအားလုံးသည် ဘုရားသခင့် အုပ်စိုးမှုအောက်တွင် ဝန်ခံလာကြလိမ့်မည်။ ဤအမှု၏ စစ်မှန်သောအချက်သည် တရုတ်လူမျိုးများကြားတွင်သာ ထင်ဟပ်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား သိမ်းပိုက်မည့်ပုံကို ကိုယ်စားပြုခြင်းဖြစ်သည်။ ဤလူတို့အပေါ်တွင်ရရှိသော အကျိုးသက်ရောက်မှုများသည် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ်တွင်ရရှိမည့် အကျိုးသက်ရောက်မှုများ၏ ရှေ့ပြေးနိမိတ်ဖြစ်ပြီး၊ အနာဂတ်တွင် သူပြုမည့်အမှု၏ အကျိုးသက်ရောက်မှုများသည် ဤလူတို့အပေါ်ရသည့် အကျိုးသက်ရောက်မှုများထက် တိုး၍ပင် သာလွန်များပြားလိမ့်မည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏အမှုတွင် ကြီးမားသော ခမ်းကြီးနားကြီးဖြစ်မှု မပါဝင်သကဲ့သို့ လျှို့ဝှက်ချက်ဖြင့် ဖုံးလွှမ်းထားခြင်းလည်းမရှိပေ။ ယင်းသည် စစ်မှန်ပြီး မှန်ကန်ကာ တစ်နှင့်တစ်ပေါင်းနှစ်ကဲ့သို့ မှန်ကန်သည့် အမှုဖြစ်သည်။ မည်သူ့ထံမှ လျှို့ဝှက်ခြင်းမရှိသလို မည်သူ့ကိုမျှ လှည့်စားခြင်းမရှိပေ။ လူတို့တွေ့မြင်သည့်အရာမှာ စစ်မှန်၍ မှန်ကန်သော အရာများဖြစ်ပြီး၊ လူတို့ရရှိသောအရာမှာ စစ်မှန်သော သမ္မာတရားနှင့် အသိပညာဖြစ်သည်။ အလုပ်ပြီးဆုံးချိန်တွင် လူသားသည် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာအသစ်တစ်ခုကိုရရှိကာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေသော သူတို့သည် ဘုရားသခင်နှင့် ပတ်သက်သော နောက်ထပ်ထင်မြင်ယူဆချက်များ ရှိလာတော့မည်မဟုတ်ပေ။ ဤသည်မှာ တရုတ်လူမျိုးတို့အပေါ်ရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုမျှသာ မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်သည့် သူ့အမှု၏ အကျိုးသက်ရောက်မှုကို ကိုယ်စားပြုသည်။ အကြောင်းမှာ လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်သည့်အလုပ်တွင် ဤဇာတိခန္ဓာ၊ ဤဇာတိခန္ဓာ၏အမှု၊ ဤဇာတိခန္ဓာနှင့်စပ်ဆိုင်သည့် အရာအားလုံးထက် ပို၍ အကျိုးပြုနိုင်သည့်အရာ မရှိသောကြောင့်တည်း။ ယင်းတို့သည် ယနေ့ ဘုရားသခင့်အမှုကို အကျိုးပြုသကဲ့သို့ အနာဂတ်တွင်လည်း သူ၏အမှုတော်ကို အကျိုးပြုမည်။ ဤဇာတိခန္ဓာသည် လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်ပြီး၊ လူသားတစ်မျိုးနွယ်လုံးကို ရယူမည်။ လူသားတစ်မျိုးနွယ်လုံးမှ ဘုရားသခင်ကိုမြင်တွေ့ရန်၊ နာခံရန်နှင့် သိရှိရန်ထက် ပို၍ကောင်းသော အမှုမရှိတော့ပေ။ လူသားတို့ လုပ်ဆောင်သောအမှုသည် ကန့်သတ်နယ်ပယ်တစ်ခုကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ချိန်တွင် လူတစ်ဦးတည်းကိုသာ စကားပြောခြင်း မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးနှင့် သူ၏နှုတ်ကပတ်တော်တို့ကို လက်ခံသောသူအားလုံးတို့ကို စကားပြောတော်မူသည်။ သူဖော်ပြသောအဆုံးသည် လူသားအားလုံး၏ အဆုံးသတ်ဖြစ်ပြီး လူသားတစ်ဦးတည်း၏ အဆုံးသတ်သာမဟုတ်ပေ။ ဘုရားသခင်သည် လူတစ်ဦးဦးကို အထူးမျက်နှာသာပေးခြင်း သို့မဟုတ် တစ်ဦးဦးကို မတရားညှဉ်းဆဲခြင်းမရှိဘဲ သူသည် လူသားတစ်မျိုးနွယ်လုံးထံ စကားပြောကာ အမှုဆောင်သည်။ သို့ဖြစ်၍ ဤလူ့ဇာတိခံယူသည့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံးကို အမျိုးအစားအလိုက် ခွဲခြားခြင်း၊ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းနှင့် လူသားတစ်မျိုးနွယ်လုံးအတွက် သင့်လျော်သော ပန်းတိုင်တစ်ခုကို စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို တရုတ်နိုင်ငံတွင်သာ လုပ်ဆောင်လင့်ကစား အမှန်တွင်မူ သူသည် စကြဝဠာတစ်ခုလုံးတွင် အမှုကို သတ်မှတ်ခဲ့ပြီးဖြစ်လေသည်။ ဘုရားသခင်သည် ဖွင့်ဟခြင်းများနှင့် စီစဉ်မှုများကို အဆင့်အလိုက် မလုပ်ဆောင်မီတွင် လူသားတစ်မျိုးနွယ်လုံးကြားတွင် သူ၏အမှုပျံ့နှံ့ရန် မစောင့်ဆိုင်းနိုင်ပေ။ သို့ပြုခြင်းသည် အလွန်နောက်ကျလွန်းမည် မဟုတ်လော။ ယခုအခါတွင် သူသည် အနာဂတ်အမှုကို ကြိုတင်၍ ပြီးမြောက်အောင် အပြည့်အဝ လုပ်ဆောင်နိုင်ပြီဖြစ်သည်။ အကြောင်းမှာ အလုပ်လုပ်ဆောင်နေသူသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် အကန့်အသတ် နယ်ပယ်တစ်ခုအတွင်းတွင် အကန့်အသတ်မဲ့သော အမှုကို လုပ်ဆောင်နေပြီး၊ ထို့နောက်တွင် လူသားတို့လုပ်ဆောင်သင့်သောတာဝန်ကို လုပ်ဆောင်ရန် သူစေခိုင်းလိမ့်မည်။ ဤသည်မှာ သူ့အမှု၏ စည်းမျဉ်းတည်း။ သူသည် လူသားနှင့် တစ်ခဏသာ အတူနေနိုင်ပြီး ခေတ်တစ်ခုလုံး နိဂုံးချုပ်သွားချိန်တိုင်အောင် လူသားကို အဖော်ပြုနိုင်မည်မဟုတ်ပေ။ သူသည် ဘုရားသခင်ဖြစ်သောကြောင့် သူ၏အနာဂတ်အမှုကို ကြိုတင်၍ သူဟောကြားလေသည်။ ထို့နောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးကို သူ၏နှုတ်ကပတ်တော်များဖြင့် အမျိုးအစားအလိုက် အဆင့်အတန်း ခွဲခြားကာ လူသားမျိုးနွယ်သည် သူ၏နှုတ်ထွက်စကားတော်များနှင့်အညီ သူ၏ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သည့် အမှုအတွင်းသို့ ဝင်ရောက်ရမည်။ မည်သူမျှ ရှောင်ပြေးနိုင်ခြင်းမရှိ။ လူတိုင်းသည် ထိုသို့ပင် ကျင့်သုံးလုပ်ဆောင်ရမည်။ ထို့ကြောင့် အနာဂတ်တွင် ခေတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းညွှန်ပြီး ဝိညာဉ်တော်က လမ်းညွှန်မည် မဟုတ်ပေ။

ဇာတိခန္ဓာရှိသော ဘုရားသခင်၏အမှုကို ဇာတိခန္ဓာဖြင့်သာ လုပ်ဆောင်ရမည်။ အကယ်၍ ယင်းကို ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်ခဲ့လျှင် မည်သည့် အကျိုးသက်ရောက်မှုကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဝိညာဉ်တော်မှ လုပ်ဆောင်သည်ဆိုလျှင်ပင် အမှုသည် ထင်ရှားမှု ကြီးကြီးမားမားမရှိနိုင်၊ နောက်ဆုံးတွင် ဆွဲဆောင်မှုလည်း ရှိနိုင်တော့မည်မဟုတ်ပေ။ ဖန်ဆင်းခံအားလုံးသည် ဖန်ဆင်းရှင်၏ အမှုသည် ထင်ရှားမှုရှိ မရှိ၊ ယင်းသည် မည်သည်ကို ကိုယ်စားပြုသည်၊ ယင်းသည် မည်သည့်အတွက်ကြောင့်ဖြစ်သည်၊ ဘုရားသခင်၏အမှုသည် သြဇာအာဏာနှင့် ဉာဏ်ပညာပြည့်စုံခြင်းရှိမရှိနှင့် ယင်းသည် အကြီးမြတ်ဆုံးတန်ဖိုးနှင့် ထင်ရှားမှုရှိမရှိတို့ကို သိလိုသောဆန္ဒရှိကြသည်။ သူပြုတော်မူသော အမှုသည် လူသားတစ်မျိုးနွယ်လုံးအတွက် ကယ်တင်ခြင်းပေးရန်၊ စာတန်ကို အနိုင်ယူရန်၊ အရာအားလုံးထဲတွင် သူ့အတွက် သက်သေခံနိုင်စေရန်အတွက် ဖြစ်သည်။ လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာအန္တရာယ် ဖြစ်စေခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ့ကယ်တင်ခြင်းခံရာဝတ္ထုသည် အသွေးအသားရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရာ ဝတ္ထုလည်းဖြစ်သည်။ ဤနည်းအားဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူ့ဇာတိခန္ဓာကို ဖျက်ဆီးကာ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် ဝတ္ထုတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့် အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၏ အမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေခြင်းမှာ သူသည် စာတန်နှင့် ဇာတိခန္ဓာအားဖြင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်စဉ်တွင် သူသည် ဝိညာဉ်ရေးရာနယ်ပယ်မှ သူ့အမှုကိုလုပ်နေခြင်းဖြစ်ပြီး၊ ဝိညာဉ်ရေးရာနယ်မှ သူ့အမှုတစ်ခုလုံးကို ကမ္ဘာပေါ်တွင် စစ်မှန်လာစေရန် လုပ်ဆောင်သည်။ သိမ်းပိုက်ခြင်းခံရသောသူသည် သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ သိမ်းပိုက်ခြင်းခံရမည့်သူသည် သူ့ကို မလိုမုန်းထားသော စာတန်၏ပြယုဂ် (ဤသည်မှာလည်း လူသားပင်ဖြစ်၏) ဖြစ်သည်။ နောက်ဆုံး၌ ကယ်တင်ခြင်းခံရမည့်သူမှာလည်း လူသားပင်ဖြစ်သည်။ ဤနည်းအားဖြင့် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းသဏ္ဌာန်နှင့် လူသားတစ်ဦးဖြစ်ရန် သူ့အတွက် ပို၍ပင် လိုအပ်လာပြီး၊ သို့မှသာ ဘုရားသခင်သည် စာတန်နှင့် စစ်မှန်သောတိုက်ပွဲကို ပြုနိုင်ကာ သူ့ကို မနာခံသော၊ သူကဲ့သို့ အပြင်ပန်းသဏ္ဌာန်ကို ပိုင်ဆိုင်ထားသော လူသားကိုသိမ်းပိုက်၍၊ သူ့ကဲ့သို့ အပြင်ပန်းသဏ္ဌာန်ရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံခဲ့ရသော လူသားတို့ကို ကယ်တင်နိုင်ပေမည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်။ သူသိမ်းပိုက်မည့်အရာမှာ လူသားဖြစ်ပြီး သူ့ကယ်တင်ခြင်းခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းအားဖြင့် သူ၏အမှုသည်ပို၍ လွယ်ကူသွားသည်။ သူသည် စာတန်ကိုချေမှုန်းကာ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်။ ထို့အပြင် လူသားမျိုးနွယ်ကိုလည်း ကယ်တင်နိုင်သည်။ သူ့ဇာတိခန္ဓာသည် သာမန်ဖြစ်ပြီး စစ်မှန်မှုရှိသော်လည်း သူသည် အများနှင့်တူသော ဇာတိခန္ဓာမဟုတ်ပေ။ သူသည် လူသား၏ ဇာတိခန္ဓာသာ မဟုတ်ဘဲ၊ လူ့သဘောနှင့် ဘုရားသဘော နှစ်မျိုးလုံးပါဝင်သည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းသည် လူသားနှင့် သူ၏ကွာဟချက်ဖြစ်ပြီး ဘုရားသခင် သွင်ပြင်လက္ခဏာ၏ အမှတ်အသားဖြစ်သည်။ ဤသို့သော ဇာတိခန္ဓာသာလျှင် သူလုပ်လိုသောအမှုကို ပြုနိုင်ပြီး၊ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ သာသနာကို ပြည့်မီဆောင်ရွက်နိုင်ကာ လူသားတို့ကြားမှ သူ၏အမှုကို အပြည့်အဝ ပြီးမြောက်စေနိုင်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက လူသားတို့ကြား သူ၏အမှုသည် အမြဲတမ်းပင် အလဟဿဖြစ်ပြီး အနာအဆာများ ရှိနေပေလိမ့်မည်။ ဘုရားသခင်သည် စာတန်၏ဝိညာဉ်နှင့် တိုက်ပွဲဆင်နွှဲကာ အောင်နိုင်မှုကို ရရှိနိုင်သော်လည်း ဖောက်ပြန်ပျက်စီးနေသော လူသား၏ စိတ်သဘောထားဟောင်းကို မည်သို့မျှ ဖြေရှင်းပစ်နိုင်မည်မဟုတ်ပေ။ သူ့ကိုမနာခံသော၊ ဆန့်ကျင်သောသူများသည် ဘယ်သောအခါမျှ သူ့အုပ်စိုးမှုအောက်တွင် စစ်မှန်စွာ ဝန်ခံလာကြမည်လည်း မဟုတ်ပေ။ တနည်းဆိုရသော် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ လူသားတစ်မျိုးနွယ်လုံးကို မည်သည့်အခါမျှ ရယူနိုင်လိမ့်မည်မဟုတ်ပေ။ အကယ်၍ ကမ္ဘာကြီးပေါ်မှ သူ့အမှုကို မဖြေရှင်းနိုင်ခဲ့လျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မည်သည့်အခါမျှ အဆုံးသတ်နိုင်မည် မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးသည် အနားယူခြင်းသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းအားလုံးနှင့်အတူ အနားယူမှုအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိပါက ထိုသို့သော စီမံခန့်ခွဲမှု အလုပ်ထဲတွင် ရလဒ်တစ်ခုမျှ ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ ဘုန်းတော်သည်လည်း တစ်ဆက်တည်းတွင်ပင် ပျောက်ဆုံးသွားပေလိမ့်မည်။ သူ၏ ဇာတိခန္ဓာသည် သြဇာအာဏာ မရှိသော်လည်း သူလုပ်ဆောင်သောအမှုသည် အကျိုးသက်ရောက်မှု ရရှိပေလိမ့်မည်။ ဤသည်မှာ ရှောင်လွဲမရနိုင်သော သူ့အမှု၏ ဦးတည်ရာဖြစ်သည်။ သူ၏ဇာတိခန္ဓာသည် သြဇာအာဏာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်သည်ဖြစ်စေ၊ ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တိုင် လုပ်နိုင်စွမ်းရှိသရွေ့ သူသည် ဘုရားသခင် ကိုယ်တိုင်ပင်ဖြစ်သည်။ ဤဇာတိခန္ဓာသည် သာမန်နှင့် ပုံမှန်ဖြစ်သော်လည်း သူသည် သူပြုသင့်သောအမှုကို လုပ်ဆောင်နိုင်သည်။ အကြောင်းမှာ ဤဇာတိခန္ဓာသည် ဘုရားသခင်ဖြစ်ပြီး၊ လူသားတစ်ဦးမျှသာ မဟုတ်သောကြောင့်တည်း။ ဤဇာတိခန္ဓာသည် လူတို့မလုပ်နိုင်သည့်အမှုကို ပြုနိုင်ခြင်းမှာ သူ၏အတွင်းမှ အနှစ်သာရသည် မည်သည့်လူသားနှင့်မျှ မတူခြင်းကြောင့်ဖြစ်ပြီး လူသားတို့ကို သူကယ်တင်နိုင်ခြင်း၏ အကြောင်းရင်းမှာ သူ၏သွင်ပြင်လက္ခဏာသည် လူသားတို့၏ သွင်ပြင်လက္ခဏာနှင့် ကွာခြားခြင်းကြောင့် ဖြစ်သည်။ ဤဇာတိခန္ဓာသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည်။ အကြောင်းမှာ သူသည် လူသားဖြစ်သည့်အပြင် ဘုရားသခင်လည်း သာ၍ဖြစ်သောကြောင့် ဖြစ်သည်၊ ထို့အပြင် သာမန်ဇာတိခန္ဓာရှိသော လူသားမပြုလုပ်နိုင်သည့် အမှုကိုလုပ်ဆောင်နိုင်ပြီး ကမ္ဘာကြီးပေါ်တွင် သူနှင့်အတူနေထိုင်သော ဖောက်ပြန်ပျက်စီးနေသည့် လူသားကို ကယ်တင်နိုင်ခြင်းကြောင့်ဖြစ်သည်။ သူသည် လူသားနှင့် ပုံစံတူသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်သည် တန်ဖိုးရှိသည့် လူသားတစ်ဦးဦးထက် လူသားမျိုးနွယ်အတွက် ပို၍အရေးကြီးသည်။ အကြောင်းမှာ ဘုရားသခင်၏ဝိညာဉ်တော် မလုပ်ဆောင်နိုင်သော အမှုကို သူလုပ်ဆောင်နိုင်သောကြောင့် ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်အကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ ဝိညာဉ်တော်ထက် ပို၍သက်သေခံနိုင်စွမ်းရှိကာ၊ ဘုရားသခင်၏ဝိညာဉ်တော်ထက် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနိုင်စွမ်း ရှိသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ဤဇာတိခန္ဓာသည် သာမန်၊ ပုံမှန်ဖြစ်သော်လည်း သူ၏လူသားမျိုးနွယ်အတွက် ထောက်ပံ့ကူညီမှုနှင့် လူသားမျိုးနွယ်တည်ရှိမှုအတွက် သူ၏ ထင်ရှားမှုတို့သည် သူ့ကို အမြင့်မားဆုံး တန်ဖိုးရှိစေပြီး၊ ဤဇာတိခန္ဓာ၏ စစ်မှန်သောတန်ဖိုးနှင့် ထင်ရှားမှုကို မည်သည့်လူသားကမျှ တိုင်းတာ၍ မရနိုင်ပေ။ ဤဇာတိခန္ဓာသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးနိုင်သော်လည်း လူသားကို သိမ်းပိုက်ရန်၊ စာတန်ကို ချေမှုန်းရန်၊ သူ့အုပ်စိုးမှုအောက်တွင် စာတန်ကို အပြည့်အဝနာခံလာအောင်ပြုရန် သူ၏အမှုကို အသုံးပြုနိုင်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သောကြောင့် သူသည် စာတန်ကို နှိမ်နင်းနိုင်ကာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်လေသည်။ သူသည် စာတန်ကို တိုက်ရိုက်မဖျက်ဆီးပေ။ စာတန်မှ ဖျက်ဆီးခဲ့သော လူသားတို့ကို သိမ်းပိုက်ရန်အတွက် အမှုဆောင်ရန် လူ့ဇာတိခဲ့ယူခဲ့ခြင်းတည်း။ ဤနည်းဖြင့် သူသည် သူ၏ဖန်ဆင်းခံများကြားတွင် ပို၍ကောင်းသော သက်သေကိုခံနိုင်ပြီး ဖောက်ပြန်ပျက်စီးနေသော လူတို့ကို ပို၍ကယ်ဆယ်နိုင်ပေသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ စာတန်ကို နှိမ်နင်းခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်မှ စာတန်ကို တိုက်ရိုက်ဖျက်ဆီးသည်ထက် ပို၍ကြီးမားသော သက်သေကိုခံနိုင်ကာ ပို၍ဆွဲဆောင်မှုရှိသည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်သည် လူသားတို့ ဖန်ဆင်းရှင်ကို သိခြင်း၌ ပို၍ကောင်းစွာ ကူညီနိုင်ပြီး၊ ဖန်ဆင်းခံများကြားတွင် ပို၍ကောင်းသော မိမိ၏သက်သေကို ခံနိုင်တော်မူလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

0ရှာဖွေခြင်း ရလဒ်များ