နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

ယခုမျက်မှောက်တွင် လူရရှိသော အရာဖြစ်သည့် လူ၏ ယနေ့ ဝိညာဥ်အသက်တာ၊ သူတို့၏ အသိဉာဏ်၊ ချစ်ခြင်းမေတ္တာ၊ သစ္စာရှိမှု၊ နာခံမှု သာမက သူတို့၏ မြင်တွေ့မှု စသည်တို့သည် နှုတ်ကပတ်တော်အားဖြင့် တရား စီရင်ခြင်းမှတစ်ဆင့် ရရှိသော ရလဒ်များ ဖြစ်သည်။ သင့်အနေဖြင့် သစ္စာရှိမှုကို ရနိုင်ခြင်း နှင့် ယနေ့ထက်တိုင် ရပ်တည် ကျန်ရှိခြင်းတို့သည် နှုတ်ကပတ်တော်အားဖြင့် ရရှိသည်။ ယခုအခါ လူသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်မှာ အမှန်တကယ် အလွန်ထူးခြားသည်ကို မြင်သည်၊ ထို့ပြင် ထိုအထဲ၌ လူသားမရရှိနိုင်သောအရာ အများအပြား ရှိသည်။ ယင်းတို့မှာ နက်နဲရာအချက်များနှင့် အံ့သြဖွယ်ရာများ ဖြစ်သည်။ သို့ဖြစ်ရာ လူများစွာတို့သည် နာခံခဲ့ကြပြီးဖြစ်သည်။ အချို့သောသူများသည် သူတို့မွေးဖွားသည့် နေ့ရက်ကတည်းက မည်သည့်လူကိုမျှ မနာခံခဲ့ဖူးသော်လည်း၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့မြင်သည့် အချိန်တွင်မူ သူတို့ထိုသို့ပြုမူသည်ကို သတိမမူမိဘဲ သူတို့သည် အပြည့်အဝ နာခံကြသည်၊ ထို့ပြင် သူတို့သည် လေ့လာဆန်းစစ်ရန်သော်လည်းကောင်း၊ သို့မဟုတ် တစ်စုံတစ်ရာ ပြောရန်သော်လည်းကောင်း မစွန့်စားကြပေ။ လူသားတို့သည် နှုတ်ကပတ်တော်အောက်သို့ ကျရောက်လျက်ရှိပြီး နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအောက်တွင် ဝမ်းလျားမှောက်လျက်သား ရှိနေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူကို တိုက်ရိုက်စကားပြော ဆိုခဲ့မည်ဆိုလျှင် သူတို့အားလုံးသည် အသံကို နာခံကြလိမ့်မည်၊ ဖွင့်ပြခြင်း နှုတ်ကပတ်တော်များမပါဘဲနှင့် လဲကျကြလိမ့်မည်၊ ဒမာသက်မြို့သို့ သွားရာလမ်းတွင် ရှင်ပေါလုသည် အလင်းရောင်ထဲ၌ မြေကြီးပေါ် လဲကျသွားသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အလုပ်ဆက်လုပ်ခဲ့မည်ဆိုပါက လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို မည်သည့်အခါမျှ သိနိုင်လိမ့်မည် မဟုတ်ဘဲ ကယ်တင်ခြင်းကိုလည်း ရရှိမည်မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏နှုတ်ကပတ်တော်များကို လူအယောက်ချင်းစီတိုင်း၏ နားများဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်သည်၊ ထိုသို့အားဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏ တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြမည်။ ယင်းသည်သာလျှင် သူ၏နှုတ်ကပတ်တော်အားဖြင့် ရရှိသောရလဒ် ဖြစ်သည်၊ လူသားတို့ နာခံရန်အလို့ငှာ ခြောက်လှန့်ရန် ဝိညာဉ်တော်က ပေါ်ထွက်လာခြင်း မဟုတ်ပေ။ ယင်းသို့သော လက်တွေ့ကျပြီး ထူးခြားသော လုပ်ငန်းမှတစ်ဆင့်သာလျှင် နှစ်ပေါင်းများစွာတိုင်အောင် အတွင်းတွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသော လူ၏ စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် လူသည် ယင်းကို အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန် ဖြစ်သည်။ ဤအရာအားလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ဖြစ်သည်၊ ထိုအလုပ်ထဲ၌ လက်တွေ့ကျသည့် နည်းဟန်ဖြင့် စကားပြောဆိုပြီး တရားစီရင်ခြင်းကို ဆောင်ရွက်လျက်၊ သူသည် လူအပေါ်တွင် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာကို သိအောင်လုပ်ရန်၊ နှုတ်ကပတ်တော်၏ အလုပ်အားဖြင့် ရရှိလာသော ရလဒ်များကို သိအောင်လုပ်ရန်နှင့် ဝိညာဉ်တော်သည် လူ့ဇာတိခံယူပြီး လူတို့ကို နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏အခွင့်အာဏာအား ထင်ရှားစေသည်ကို သိအောင်လုပ်ရန်တို့အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် ရိုးရိုးသာမန်လူ့သဘာဝ၏ ပြင်ပသဏ္ဌာန်ဖြစ်သော်လည်း၊ ယင်းမှာ သူသည် အခွင့်အာဏာနှင့် ပြည့်ဝကြောင်း လူသားကိုပြသည့်၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်းနှင့် သူ၏ နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြချက် ဖြစ်သည် ဆိုခြင်းတို့ကို လူသားအားပြသည့် သူ၏နှုတ်ကပတ်တော်များ အားဖြင့် ရရှိသည့် ရလဒ်များဖြစ်သည်။ ဤနည်းလမ်းအားဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ သူ့ကို မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုနိုင်ကြောင်းနှင့် နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းကို မည်သူမျှ မကျော်လွှားနိုင်သည့်အပြင် မည်သည့် အမိုက်မှောင် အင်အားစုကမျှ သူ၏အခွင့်အာဏာကို မလွှမ်းမိုးနိုင် ကြောင်းကို လူသားအား သူပြသသည်။ သူသည် လူ့ဇာတိကိုခံယူသော နှုတ်ကပတ်တော်ဖြစ်သောကြောင့်၊ သူ၏အခွင့်အာဏာကြောင့်၊ ထို့ပြင် နှုတ်ကပတ်တော်အားဖြင့် သူ၏တရားစီရင်ခြင်းတို့ကြောင့် လူသည် သူ့ကို လုံးဝဥဿုံ နာခံသည်။ သူခံယူသော ဇာတိခန္ဓာအားဖြင့် ယူဆောင်လာသော အလုပ်သည် သူပိုင်ဆိုင်သော အခွင့်အာဏာ ဖြစ်သည်။ လူ့ဇာတိကို သူခံယူခဲ့သည့်အကြောင်းရင်းမှာ ဇာတိခန္ဓာ သည်လည်း အခွင့်အာဏာကို ပိုင်ဆိုင်နိုင်သောကြောင့်ဖြစ်သည်၊ ထို့ပြင် သူသည် လူသားတို့အကြားတွင် လက်တွေ့ကျသောနည်းဟန်အားဖြင့်၊ လူတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့နိုင်သော နည်းလမ်းအားဖြင့် အလုပ်ကို အကောင်အထည် ဖော်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ဤအလုပ်သည် အခွင့်အာဏာအလုံးစုံကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော် အားဖြင့် တိုက်ရိုက်လုပ်ဆောင်သော အလုပ်ထက် ပိုမိုလက်တွေ့ကျပြီး ရလဒ်များသည်လည်း ပိုမိုထင်ရှားသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် ပြောဆိုနိုင်ပြီး အလုပ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ သူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် အခွင့်အာဏာကိုမျှ ဆုပ်ကိုင်ထားခြင်း မရှိဘဲ လူ့အနေဖြင့် ချဉ်းကပ်နိုင်သည်၊ သို့သော်လည်း သူ၏ အနှစ်သာရကမူ အခွင့်အာဏာကို သယ်ဆောင်ထားသည်၊ သို့သော် သူ၏ အခွင့်အာဏာကို မည်သူမျှ မမြင်နိုင်ပေ။ သူသည် စကားပြော သောအခါနှင့် အလုပ်လုပ်သောအခါ လူသည် သူ့အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ယင်းအချက်က လက်တွေ့ကျသော သဘာဝရှိသည့်အလုပ်ကို လုပ်ဆောင်ရာ၌ သူ့အတွက် လွယ်ကူချောမော စေသည်။ ထို့ပြင် လက်တွေ့ကျသော ယင်းအလုပ်အားလုံးသည် ရလဒ်များ ရရှိနိုင်သည်။ သူသည် အခွင့်အာဏာအား ဆုပ်ကိုင် ထားသည်ကို မည်သူကမျှ မသိသော်လည်း၊ သို့မဟုတ် သူကို ပုန်ကန်ပြစ်မှား၍ မရနိုင်သည်ကို မမြင်နိုင်သော်လည်း၊ သို့မဟုတ် သူ၏အမျက်ဒေါသကို မမြင်နိုင်သော်လည်း၊ သူ၏ဖုံးကွယ်ထားသော အခွင့်အာဏာ၊ သူ၏ဖုံးကွယ်ထားသော အမျက်ဒေါသနှင့် လူအများရှေ့တွင် သူပြောကြားသော နှုတ်ကပတ်တော်များမှတစ်ဆင့် သူသည် သူ့နှုတ်ကပတ်တော်၏ ရည်ရွယ်ထားသော ရလဒ်များကို ရရှိသည်။ တစ်နည်းဆိုရလျှင် သူ၏အသံနေအသံထားမှတစ်ဆင့်၊ သူ့ဟောပြောချက်၏ လေးနက်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာအလုံးစုံမှတစ်ဆင့် လူသည် လုံးဝဥဿုံ ယုံကြည်လက်ခံသည်။ ဤနည်းအားဖြင့် လူသည် အခွင့်အာဏာ ရှိပုံမရသော လူ့ဇာတိခံယူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံ၏၊ ထိုသို့အားဖြင့် ဘုရားသခင်၏ ရည်မှန်းချက်ဖြစ်သော လူသားကို ကယ်တင်ခြင်းမှာ ပြည့်စုံသွားသည်။ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်းဆိုင်ရာ အရေးပါမှု၏ အခြားသောရှုထောင့်ဖြစ်သည်၊ ယင်းမှာ သာ၍ လက်တွေ့ကျစွာ ပြောဆိုရန်နှင့် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့သဘောကို လူသားအပေါ်သို့ သက်ရောက်မှုရှိစေရန် ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တန်ခိုးကို လူတို့မျက်မြင်တွေ့ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကို လူ့ဇာတိခံယူခြင်းမှတစ်ဆင့် မပြုလုပ်ခဲ့ပါက ရလဒ်အနည်းဆုံးကိုပင် ရမည်မဟုတ်ဘဲ အပြစ်သားများကို အပြည့်အဝ ကယ်တင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူသားအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေခဲ့လိမ့်မည် ဖြစ်သည်။ လူသားသည် ဇာတိပကတိနှင့် ဖြစ်တည်သော ဖန်ဆင်းခံဖြစ်သဖြင့် လူသားနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး ကွဲပြားခြားနားသော သဘာဝများ ရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိနှင့်ဖြစ်တည်သော လူသားနှင့် သဟဇာတမဖြစ်ပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့်ဆက်ဆံရေးကိုမျှ တည်ဆောက်၍ မရနိုင်ပေ၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိသည်ကိုမူ ပြောစရာပင် မလိုချေ။ သို့ဖြစ်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအလုပ်ကို လုပ်ရန် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာရပေသည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွသွားနိုင်သကဲ့သို့ လူသားတို့အကြားတွင် အလုပ်လုပ်ပြီး သူတို့အလယ်၌ နေထိုင်လျက် ဖန်ဆင်းခံ လူသားဖြစ်လာရန် သူ့ကိုယ်သူ နှိမ့်ချနိုင်သည်၊ သို့သော်လည်း လူသားကမူ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်၊ ဝိညာဉ်လည်း မဖြစ်လာနိုင်ပေ၊ ထို့ပြင် သူသည် အနိမ့်ဆုံးသောနေရာသို့ သာ၍ပင် မဆင်းသက်နိုင်ပေ။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိကို ခံယူရသည်။ ထိုနည်းတူပင် ပထမအကြိမ် လူ့ဇာတိခံယူစဉ်အတောအတွင်း လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသာလျှင် သူ၏လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် လူသားကို ရွေးနှုတ်နိုင်ခဲ့သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အတွက်မူ လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် လက်ဝါးကပ်တိုင်တွင် အသေခံရန် လုံးဝဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားအတွက် အပြစ်ဖြေရာယဇ်အနေနှင့် အစေခံရန် တိုက်ရိုက် လူ့ဇာတိခံယူနိုင်၏၊ သို့သော်လည်း လူသားသည် ဘုရားသခင်က သူတို့အတွက် ပြင်ဆင်ထားပေးသော အပြစ်ဖြေရာယဇ်ကို ယူရန် ကောင်းကင်ဘုံသို့ တိုက်ရိုက် မတက်သွားနိုင်ပေ။ သို့ဖြစ်ရာ လူသားသည် အပြစ်ဖြေရာယဇ်ကို ရယူရန်ဝေးစွ သူသည် ကျဆုံးပြီးဖြစ်သည့်အပြင် ကောင်းကင်ဘုံသို့ မတက်သွားနိုင်သည့်အတွက် ဤကယ်တင်ခြင်းကို ရယူရန်အလို့ငှာ ကောင်းကင်ဘုံသို့ တက်စရာမလိုရန် လူသားအနေဖြင့် လုပ်နိုင်သမျှမှာ ကောင်းကင်နှင့် မြေကြီးအကြား အကြိမ်အနည်းငယ် ခေါက်တုံ့ခေါက်ပြန် သွားလာပေးရန် ဘုရားသခင်ကို တောင်းဆိုဖို့ပင် ဖြစ်ခဲ့လိမ့်မည်။ သို့ဖြစ်ရာ ယေရှုသည် လူသားတို့အကြားသို့ ကြွလာကာ လူသားအနေဖြင့် လုံးဝမစွမ်းဆောင်နိုင်သော အလုပ်ကို သူကိုယ်တိုင် လုပ်ရန် လိုအပ်ခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့်အခါတိုင်းသည် လုံးဝလိုအပ်သောကြောင့်သာ ဖြစ်သည်။ အကယ်၍ မည်သည့် အဆင့်ကိုမဆို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင် နိုင်ခဲ့မည် ဆိုပါလျှင် သူသည် လူ့ဇာတိခံယူခြင်း၏ အရှက်တကွဲ အကျိုးနည်းခြင်းကို ခံခဲ့လိမ့်မည် မဟုတ်ပေ။

အလုပ်၏ ဤနောက်ဆုံးအဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုအားဖြင့် ရယူသည်။ နှုတ်ကပတ်တော် အားဖြင့် လူသည် နက်နဲရာအချက် အများအပြားနှင့် အတိတ်ကာလ မျိုးဆက်များတစ်လျှောက် ဘုရားသခင်လုပ်ဆောင်ခဲ့သော အလုပ်တို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံရသည်၊ နှုတ်ကပတ်တော် အားဖြင့် လူသည် ယခင်မျိုးဆက်များက မည်သည့်အခါမျှ မဖော်ထုတ် ခဲ့သော နက်နဲရာအချက်များကိုသာမက အတိတ်အချိန်များမှ ပရောဖက်များ နှင့် တမန်တော်များ၏ အလုပ်နှင့် သူတို့အလုပ်လုပ်ခဲ့သော နိယာမများတို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားကိုသာမက လူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး၊ သူတို့ကိုယ်တိုင်၏ အနှစ်သာရများကိုလည်း သိနားလည်လာသည်။ ယင်းအလုပ် အဆင့်များနှင့် ပြောကြားခဲ့သော နှုတ်ကပတ်တော်များ အားလုံး မှတစ်ဆင့် လူသည် ဝိညာဉ်တော်၏ အလုပ်၊ ဘုရားသခင်ခံယူသော ဇာတိခန္ဓာ၏ အလုပ်နှင့် ထို့ထက်မက သူ၏စိတ်သဘောထား တစ်ခုလုံးကို သိလာသည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ ဘုရားသခင်၏ စီမံခန့်ခွဲမှုများအပေါ် သင်၏သိနားလည်မှုကိုလည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိသည်။ သင်၏ ယခင်က အယူအဆများအပေါ် သင်၏သိနားလည်မှုနှင့် ယင်းတို့ကို ဘေးဖယ်ထားရာ၌ အောင်မြင်မှုသည်လည်း နှုတ်ကပတ်တော်မှတစ်ဆင့် ရခဲ့သည်မဟုတ်လော။ ယခင်အဆင့်တွင် ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လုပ်ခဲ့သော်လည်း ယခုအဆင့်တွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ မရှိတော့ပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အဘယ်ကြောင့် သူမထုတ်ဖော်တော့သည်ကို သင်၏နားလည်မှုသည်လည်း နှုတ်ကပတ်တော်အားဖြင့် ရရှိသည်မဟုတ်လော။ ထို့ကြောင့် ဤအဆင့်တွင် ပြောကြားထားသော နှုတ်ကပတ်တော်တို့သည် အတိတ်မျိုးဆက်များမှ တမန်တော်များနှင့် ပရောဖက်များလုပ်ခဲ့ကြသော အလုပ်ကို ကျော်လွန်သွားသည်။ ပရောဖက်များပြောကြားခဲ့ကြသော ပရောဖက်ပြုချက်များသည်ပင်လျှင် ဤရလဒ်ကို မရရှိနိုင်ခဲ့ပေ။ ပရောဖက်များသည် အနာဂတ် တွင် မည်သည့်အရာများ ဖြစ်မည်ဆိုသည့် ပရောဖက်ပြုချက်များကိုသာ ပြောခဲ့သော်လည်း ထိုအချိန်တွင် ဘုရားသခင်က မည်သည့်အရာ လုပ်ခဲ့မည်ကို မပြောခဲ့ပေ။ သူတို့သည် လူကို သူတို့အသက်တာတွင် ဦးဆောင်ရန်၊ လူအပေါ် သမ္မာတရားများ ပေးရန် သို့မဟုတ် လူအား နက်နဲရာများကို ဖော်ထုတ်ရန်နှင့် ထိုမျှပင်မဟုတ်ပဲ သူတို့သည် အသက်ကို ပေးရန် မပြောခဲ့ပေ။ ဤအဆင့်တွင် ပြောကြားခဲ့သော စကားလုံးများမှ ပရောဖက် ပြုချက်နှင့် သမ္မာတရားများ ဖြစ်သော်လည်း သူတို့အနေဖြင့် လူအပေါ်တွင် အသက်ကို ပေးရန် အစေခံခဲ့ကြသည်။ ယနေ့မျက်မှောက် စကားလုံးများမှာမူ ပရောဖက်များ၏ ပရောဖက်ပြုချက်များနှင့် မတူပေ။ ဤအလုပ်အဆင့်သည် ပရောဖက်ပြုချက်များအတွက် မဟုတ်ဘဲ လူ၏ အသက်တာအတွက် ဖြစ်သည်၊ လူ၏ အသက်တာ စိတ်သဘောထား ပြောင်းလဲရန် ဖြစ်သည်။ ပထမအဆင့်မှာ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို ကိုးကွယ် ရန်အတွက် လူအား လမ်းခင်းပေးသော ယေဟောဝါ၏ အလုပ်ဖြစ်သည်။ ယင်းမှာ အစအဦး အလုပ်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အလုပ်၏ အရင်းအမြစ်ကို ရှာဖွေရန် ဖြစ်သည်။ ထိုအချိန်တွင် ယေဟောဝါက ဣသရေလ လူမျိုးတို့ကို ဥပုသ်နေ့ကို စောင့်စေသည်၊ သူတို့၏ မိဘများကို နာခံပြီး အခြားသူများ နှင့် ငြိမ်းချမ်းစွာ နေစေရန် သင်ပေးသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လူတို့သည် လူကို မည်သို့ ဖွဲ့စည်းထားသည် ဆိုသည်ကို လည်းကောင်း ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရမည် ဆိုသည်ကိုလည်းကောင်း နားမလည်ခဲ့ကြပါ။ သူ့အနေဖြင့် အလုပ်၏ ပထမဆင့်တွင် လူများကို သူတို့အသက်တာများတွင် ဦးဆောင်ရန် လိုအပ်ခဲ့သည်။ ယေဟောဝါက သူတို့ကို ပြောကြားသည်တို့မှာ လူသားမျိုးနွယ်တို့အတွက် ယခင်က မသိရှိခဲ့သေးသလို သူတို့၏ ပိုင်ဆိုင်မှုတွင်လည်း မရှိခဲ့သေးပေ။ ထိုအချိန်တွင် ဘုရားသခင်သည် ပရောဖက် အများအပြားကို ပရောဖက်ပြုချက်များ ပြောကြားရန် ပေါ်ပေါက်လာစေခဲ့သည်။ ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အားလုံး ရှိခဲ့ကြသည်။ ယင်းသည် ရိုးရှင်းစွာပင် ဘုရားသခင့်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပထမဆင့်တွင် ဘုရားသခင်သည် လူ့ဇာတိမခံယူသောကြောင့် သူသည် လူမျိုးနွယ်စုနှင့် နိုင်ငံအားလုံးကို ပရောဖက်များမှ တစ်ဆင့် စကားပြော ခဲ့သည်။ ထိုအချိန်က ယေရှုသည် သူ၏ အလုပ်ကို လုပ်သောအခါ သူသည် ယနေ့ကာလလောက် စကားမပြော ခဲ့ချေ။ နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏ ဤအလုပ်သည် ယခင်ခေတ်များနှင့် မျိုးဆက်များတွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဘူးသေးပေ။ ဟေရှာယ၊ ဒံယေလနှင့် ယောဟန်တို့သည် ပရောဖက်ပြုချက်များ အများအပြားကို လုပ်ခဲ့သော်လည်း ယင်းပရောဖက်ပြုချက်များသည် ယခုအခါ ပြောဆိုသော နှုတ်ကပတ်တော်များနှင့် လုံးဝ ခြားနားသည်။ သူတို့ ပြောကြားခဲ့သည် များမှာ ပရောဖက်ပြုချက်များသာ ဖြစ်သော်လည်း ယနေ့ နှုတ်ကပတ်တော်များမှာ ထိုသို့မဟုတ်ပေ။ ငါသည် ငါ၏ ယခု ပြောကြားချက်အားလုံးကို ပရောဖက်ပြုချက်များ အဖြစ် ပြောင်းလဲလိုက်ပါက သင်တို့ နားလည်နိုင်ပါမည်လား။ အကယ်၍ ငါပြောသော အရာသည် ငါမရှိတော့သည့်နောက် ကိစ္စရပ်များဖြစ်လျှင် သင်မည်သို့ နားလည်နိုင်မည်နည်း။ နှုတ်ကပတ်တော်၏ အလုပ်သည် ယေရှုအချိန်နှင့် ပညတ်တော်ကာလတို့တွင် မည်သည့်အခါမျှ မလုပ်ခဲ့ပေ။ အချို့လူများ ကတော့ “ယေဟောဝါက ကိုယ်တော်၏ အလုပ်လုပ်ချိန်တွင် စကားလုံးများကို မပြောဘူးလား၊ အနာရောဂါတို့ကို ပျောက်ကင်းစေခြင်း၊ နတ်များကို နှင်ထုတ်ခြင်းနှင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာ အမှုများကို လုပ်သည့် အပြင် ယေရှုသည် ထိုအချိန်က နှုတ်ကပတ်တော်များကို မပြောဘူးလား” ဟု ပြောနိုင်ပေသည်။ နှုတ်ကပတ်တော် များကို မည်သို့ ပြောဆိုသည်ဆိုရာတွင် ခြားနားချက်များ ရှိသည်။ ယေဟောဝါ ပြောကြားခဲ့သော နှုတ်ကပတ် တော်များ၏ အချင်းအရာမှာ အဘယ်နည်း။ သူသည် လူသားတို့၏ အသက်တာများကို ကမ္ဘာမြေကြီးပေါ်တွင် ဦးဆောင်ခဲ့ရုံသာ ဖြစ်သည်။ အသက်တာရှိ ဝိညာဉ်ကိစ္စရပ်များ မပါဝင်ခဲ့ပေ။ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သည် နေရာအလုံးစုံသို့ ကြွေးကြော်ခဲ့သည်ဟု အဘယ်ကြောင့် ဆိုသနည်း။ “ညွှန်ကြားသည်” ဆိုသည့်စကားလုံးသည် တိကျပြတ်သားစွာနှင့် တိုက်ရိုက်အမိန့်ပေးခြင်းကို ဆိုလိုပါသည်။ သူသည် လူကို အသက်မပေးခဲ့ပေ။ သူသည် လူကို လက်ဖြင့် ယူဆောင်ခဲ့ပြီး သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်ကိုသာ သင်ကြားပေးခဲ့သည်။ ယင်းတွင် ပုံပြင်များ မပါဝင်ခဲ့။ ယေဟောဝါ၏ ဣသရေလတွင် လုပ်ခဲ့သော အလုပ်သည် လူသားကို မည်သို့ကိုင်တွယ်မည် သို့မဟုတ် ပဲ့ပြင်ဆုံးမမည် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ပေးမည်တို့ မဟုတ်ပေ။ ယင်းမှာ ဦးဆောင်ရန် ဖြစ်သည်။ ယေဟောဝါက မောရှေကို သူ၏ လူမျိုးများကို တောထဲတွင် မန္နမုန့်ကို စုဆောင်းရန် ပြောသည်။ မနက်မိုးမလင်းမီ နံနက်တိုင်းတွင် သူတို့သည် မန္နမုန့်များကို စုကြသည်။ ထိုနေ့ စားသောက်ရန် လောက်ငှရုံသာဖြစ်သည်။ မန္နမုန့်များကို နောက်တစ်ရက်တိုင်အောင် သိမ်းဆည်းထား၍ မရနိုင်ပေ။ ယင်းတို့သည် ပုပ်သိုး ပျက်စီးကုန်ပေမည်။ သူသည် လူကို မသင်ပေးသကဲ့သို့ သူတို့၏ သဘာဝများကိုလည်း ထုတ်ဖော်ခြင်းမရှိပဲ သူသည် သူတို့၏ အယူအဆများနှင့် စဉ်းစားချက်များကို မဖော်ထုတ်ခဲ့ပေ။ သူသည် လူကို ပြုပြင်ခဲ့ခြင်း မဟုတ်ပဲ သူတို့၏ အသက်တာများကို ဦးဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုအချိန်က လူသည် ကလေးကဲ့သို့ ဖြစ်သည်၊ လူသည် ဘာကိုမျှ နားမလည်ဘဲ အခြေခံ ရုပ်ဝတ္ထုဆိုင်ရာ လှုပ်ရှားမှုများကိုသာ လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် လူတို့ကို ဦးဆောင်ရန် ဥပဒေများကိုသာ ပြဌာန်းခဲ့သည်။

သင်သည် မှန်ကန်သော စိတ်နှလုံးဖြင့် ရှာဖွေသူတို့ အားလုံး ယနေ့တွင် လုပ်သော အလုပ်၏ အသိပညာများကို ရရှိစေနိုင်ရန်နှင့် သေသေချာချာ လက်ခံနိုင်စေရန်အတွက် ဧဝံဂေလိတရားကို ပျံ့နှံ့စေရန်အလို့ငှာ၊ သင်သည် အတွင်းကျသည့် ဇာတ်လမ်း၊ အချင်းအရာနှင့် အဆင့်တစ်ခုချင်းအလိုက် လုပ်ဆောင်ခဲ့သော အလုပ်များကို ရှင်းရှင်းလင်းလင်း နားလည်ရမည်။ သင်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးချက်များကို ကြားနာခြင်းအားဖြင့် သူတို့သည် ယေဟောဝါ၏ အလုပ်နှင့် ယေရှု၏ အလုပ်၊ ထို့ထက်ပို၍ ယနေ့ ဘုရားသခင်၏ အလုပ်အလုံးစုံ သာမက အလုပ်အဆင့် သုံးဆင့်အကြား ဆက်နွယ်မှုနှင့် ကွာခြားချက်များကို နားလည်လာခြင်းဖြင့် သူတို့ နားထောင်ပြီးသည့်အခါတွင် အဆင့်သုံးဆင့်တွင် မည်သည့်အဆင့်ကမျှ အခြားအဆင့်ကို နှောင့်ယှက်မှု မရှိ သည်ကို သူတို့မြင်လိမ့်မည်။ အမှန်တကယ်အားဖြင့် အလုံးစုံတို့ကို တူညီသော ဝိညာဉ်တော်က လုပ်ခဲ့ခြင်း ဖြစ်သည်။ မတူညီသည့် ခေတ်များတွင် မတူညီသည့် လုပ်ငန်းအကြောင်းအရာကို လုပ်ဆောင်ပြီး၊ မတူညီသည့် နှုတ်ကပတ်တော်များကိုလည်း ပြောဆိုနေကြသော်လည်း၊ သူတို့လုပ်ကိုင်သော အခြေခံ ဥပဒေသမှာ တစ်ခုတည်းဖြစ်ပြီး အတူတူဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်နောက်လိုက်သော လူအားလုံး နားလည်သင့်သည့် အကြီးမားဆုံးသော ရူပါရုံများ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း ပညတ်တော်ခေတ်မှ အမှုတော် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၇ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏ ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည် ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည် သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃) (ကောက်နုတ်ချက်များ) လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည် ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၅) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၂) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀) ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ အပိုင်း နှစ် ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ အပိုင်း တစ် အခန်း ၂၀ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၂၆ သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁) အပိုင်း လေး သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည် ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည် ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄) အပိုင်း သုံး

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ