အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

ပေတရုသည် စစ်ဆေးခြင်းနှင့် ဆုံးမခြင်းအား ကြုံတွေ့ခံစားခဲ့ရခြင်းမှ တစ်ဆင့် ပြီးပြည့်စုံလင် စေခြင်းကို ခံခဲ့ရသည်။ သူက “ငါသည် အချိန်တိုင်းတွင် ဘုရားသခင်၏ လိုအင်အား ကျေနပ်စေရမည်။ ငါပြုသော အရာတိုင်း၌ ဘုရားသခင်၏ လိုအင် ကျေနပ်စေရန်သာ ငါ ရှာဖွေရပြီး ငါသည် ပြစ်တင်ဆုံးမ ခံရသည် ဖြစ်စေ၊ တရားစီရင် ခံရသည်ဖြစ်စေ၊ ထိုကဲ့သို့ ပြုရခြင်းကို ပျော်ရွှင်ဆဲပင် ဖြစ်သည်” ဟု ပြောခဲ့သည်။ ပေတရုသည် သူ၏ အလုံးစုံကို ဘုရားသခင်အား ပေးခဲ့ပြီး၊ သူ၏အလုပ်၊ စကားလုံးနှင့် အသက်တာ တစ်ခုလုံး သည် ဘုရားသခင်အား ချစ်ခြင်းအကြောင်းသာ ဖြစ်ခဲ့သည်။ သူသည် သန့်ရှင်းခြင်းကို ဖွေရှာသောသူ တစ်ယောက် ဖြစ်ခဲ့ပြီး၊ သူတွေ့ကြုံခံစားရလေလေ၊ သူ၏နှလုံးသားအတွင်း နက်ရှိုင်းရာရှိ ဘုရားသခင် အတွက် သူ၏ ချစ်ခြင်းသည် သာ၍ ကြီးလာလေဖြစ်သည်။ ပေါလုမှာမူ အပြင်ပန်း အလုပ်ကိုသာ လုပ်ဆောင် ခဲ့ပြီး၊ သူသည်လည်း ကြိုးစား လုပ်ဆောင်ခဲ့ သော်ငြားလည်း၊ သူ၏ အားထုတ်မှုမှာ သူ၏ အလုပ်အား သင့်တင့်စွာ လုပ်ဆောင်ရန် အလို့ငှာဖြစ်ပြီး ထိုမှဆုလာဘ်ရယူရန် ဖြစ်သည်။ သူသည် မည်သည့် ဆုလာဘ်မျှ ရရှိလိမ့်မည် မဟုတ်ဆိုသည်အား သိခဲ့ပါက၊ သူသည် သူ၏ အလုပ်အား လက်လျှော့ခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ပေတရု အလေးထားခဲ့သော အရာမှာမူ သူ၏ နှလုံးသားအတွင်းရှိ စစ်မှန်သော ချစ်ခြင်းကို ဖြစ်ပြီး၊ ထိုအရာ သည် လက်တွေ့ကျကာ ပြီးမြောက် အောင်မြင်နိုင်သည့် အရာလည်း ဖြစ်သည်။ သူသည် ဆုလာဘ် ရရှိလိမ့် မည်၊ မရရှိလိမ့်မည်ကို အလေးမထားခဲ့ပဲ၊ သူ၏ စိတ်သဘောထားသည် ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိကိုသာ အလေးထားခဲ့သည်။ ပေါလုသည် သာ၍ အလုပ်ကြိုးစားလုပ်ရန် အလေးထားခဲ့သည်၊ သူသည် အပြင်ပန်း အလုပ်နှင့် ဆက်ကပ်ခြင်းကိုသာ အလေးထားခဲ့ပြီး၊ သာမန်လူများမှ မတွေ့ကြုံသည့် အယူဝါဒများကိုသာ အလေးထားခဲ့သည်။ သူ၏အတွင်း နက်ရှိုင်းရာတွင် ပြောင်းလဲမှုများနှင့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်း ကို သူသည် ဘာမျှအလေးမထားခဲ့။ ပေတရု၏ အတွေ့အကြုံများမှာမူ စစ်မှန်သော ချစ်ခြင်းနှင့် စစ်မှန်သော အသိပညာကို ရရှိအောင်မြင်ရန် အလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့် သာ၍ နီးကပ်သော ဆက်ဆံရေးကို ရရှိရန်နှင့် လက်တွေ့ကျသော အသက်ရှင်ခြင်း ရှိရန်ပင် ဖြစ်ခဲ့သည်။ ပေါလု၏ အလုပ်မှာ ယေရှုမှ သူ့အား တာဝန်ပေး စေခိုင်းချက်ကြောင့်သာ ဖြစ်ပြီး၊ သူတောင့်တသော အရာများ ရရှိရန် အလို့ငှာ ဖြစ်သည်၊ သို့သော်ငြားလည်း ဤအရာများသည် သူကိုယ်တိုင်၏ အသိပညာနှင့် ဘုရားသခင်နှင့် ပတ်သက်၍ ဆက်နွယ်နေခြင်း မရှိခဲ့ပေ။ သူ၏ အလုပ်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ လွတ်မြောက်ရန် အလို့ငှာသာ ဖြစ်ခဲ့သည်။ ပေတရု ဖွေရှာခဲ့သော အရာမှာ သန့်စင်သော ချစ်ခြင်းကို ဖြစ်ပြီး၊ ပေါလု ဖွေရှာခဲ့သော အရာမှာမူ ဓမ္မသရဖူကိုပင် ဖြစ်သည်။ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များကို နှစ်ပေါင်းများစွာ ကိုယ်တွေ့ကြုံခဲ့ရပြီး၊ ခရစ်တော်နှင့် ပတ်သက်၍ လက်တွေ့ကျသော အသိပညာရှိခဲ့ပြီး၊ မိမိကိုယ်တိုင်နှင့် ပတ်သက်၍ သိမ်မွေ့လေးနက်သော အသိပညာလည်း ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အား သူ၏ချစ်ခြင်းမှာ သန့်စင်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသော စစ်ဆေးခြင်း သည် ယေရှုနှင့် အသက်တာနှင့် ပတ်သက်သည့် သူ၏ အသိပညာကို မြှင့်တင်ပေးခဲ့သည်၊ သူ၏ ချစ်ခြင်းသည် အခြေအနေအပေါ် မမူတည်သော ချစ်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ အလိုအလျောက် ဖြစ်တည်လာသော ချစ်ခြင်းပင် ဖြစ်ပြီး၊ သူသည် မည်သည့်အရာကိုမျှ ပြန်၍ မတောင်းခဲ့ သကဲ့သို့၊ မည်သည့် အကျိုးအမြတ်ကို လည်း မမျှော်လင့်ခဲ့ပါ။ ပေါလုသည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူသည် ခရစ်တော်နှင့် ပတ်သက်သည့် ကြီးမားသော အသိပညာကို မပိုင်ဆိုင်ခဲ့ပဲ၊ မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာ မှာလည်း သနားစဖွယ် သေးနုပ်လှသည်။ သူ၌ ခရစ်တော်အတွက် ချစ်ခြင်း လုံးဝမရှိ၊ သူ၏ အလုပ်နှင့် သူပြေးခဲ့သော ပြေးလမ်းသည် နောက်ဆုံး အောင်ပန်းကို ရရှိနိုင်ရန်အတွက်သာ ဖြစ်သည်။ သူဖွေရှာခဲ့သော အရာသည် အကောင်းဆုံးသော သရဖူကိုပင်ဖြစ်ပြီး၊ အသန့်စင်ဆုံး ချစ်ခြင်း မဟုတ်ခဲ့ပေ။ သူသည် တက်ကြွစွာ ဖွေရှာခြင်း မရှိခဲ့၊ သို့သော် တုန့်ပြန်မှု အလွန်ကင်းမဲ့စွာသာ လုပ်ဆောင်ခဲ့သည်။ သူသည် သူ၏ တာဝန်အား ထမ်းဆောင်နေခြင်း မဟုတ်ပဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းအားဖြင့် သိမ်းပိုက် ခံရပြီးနောက်ပိုင်း သူ၏ လိုက်လျှောက်ခြင်းတွင် မရအရ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လိုက်လျှောက်ခြင်း မှာ သူသည် ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ကို သက်သေ မပြပါ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါ တစ်ဦးဖြစ်သူမှာ ပေတရုပင် ဖြစ်သည်။ ဘုရားသခင်ကို ပံ့ပိုးကူညီမှု ပြုခဲ့သူ အားလုံးသည် ဆုလာဘ်အား လက်ခံရရှိသင့်သည်ဟု လူက ထင်သည်၊ ပံ့ပိုးကူညီမှု သာ၍ကြီးလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်နှာသာကို လက်ခံရရှိသင့်သည်ဟု သာ၍ ပေါ့တန်စွာ သဘောထားလေ ဖြစ်သည်။ လူ့ ရှုထောင့်၏ အနှစ်သာရသည် အပေးအယူသဘော ဆန်သည်၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရန် ဖွေရှာခြင်းလည်း မရှိချေ။ ဘုရားသခင် အတွက်မူ၊ လူများသည် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်အား အကြွင်းမဲ့ နာခံခြင်းကို ပို၍ ရှာလေလေ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဖွေရှာခြင်းကိုလည်း ဆိုလိုသည်၊ ဘုရားသခင်၏ မျက်နှာသာကို ပို ၍ ရလေလေ ဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်လည်ရယူရန် အလို့ငှာ တောင်းဆိုရန် ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆို မှုများ ပြုခြင်းဖြင့် မိမိကိုယ်ကို စည်းမကျော်သင့်ပေ၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ ဘာမျှ မလုပ်သင့်ပေ။ ပေါလုနှင့် ပေတရုတို့၏ ပန်းတိုင်များအား ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ခြင်း ရှိ၊ မရှိနှင့် တိုင်းထွာသည် ဖြစ်ပြီး၊ ၎င်းတို့၏ ပံ့ပိုးကူညီမှု အရွယ်အစားအရ တိုင်းထွာသည် မဟုတ်ပေ။ ၎င်းတို့၏ ပန်းတိုင်များသည် အစအဦးကတည်းမှ ၎င်းတို့ ဖွေရှာခဲ့သော အရာနှင့်အညီ သတ်မှတ်ခံရသည် ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များနှင့် သတ်မှတ်သည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းပင်ဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းကို ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်းပင် ဖြစ်သည်။ တစ်ယောက်သောသူ၏ ဟောင်းသော စိတ်သဘောထားအတွင်း ပြောင်းလဲမှုများနှင့် ဘုရားသခင်၏ သန့်စင် သော ချစ်ခြင်းကို ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အောင်မြင် မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ နဂိုမူလ အသွင်အပြင်နှင့် နဂိုမူလ တာဝန်တို့ကို ပြန်လည်ရယူနိုင်မည့် လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်လည်ရယူသည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းသည် အစအဦးမှစ၍ အဆုံးတိုင်အောင် ဘုရားသခင် အလုပ်အားလုံး၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ အကယ်၍ လူ၏ လိုက်ခြင်းသည် မိမိ၏ အတောမသတ်နိုင်သော တောင်းဆိုမှုများနှင့် ယုတ္တိ ကင်းမဲ့သော တောင့်တခြင်းများနှင့် စွန်းထင်းနေပါက၊ ပြီးမြောက်အောင်မြင်သည့် ရလဒ်သည် လူ၏ စိတ် သဘောထား၌ ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည် မဟုတ်။ ဤအရာသည် ပြန်လည်ရယူသည့် အလုပ်နှင့် ဆန့်ကျင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လုပ်ဆောင်သည့် အလုပ် ဧကန်မုချ မဟုတ်ပေ၊ ထို့ကြောင့် ဤကဲ့သို့သော လိုက်ခြင်းမျိုးသည် ဘုရားသခင်၏ နှစ်သက်သည့်အရာမျိုး မဟုတ်ကြောင်း သက်သေပြနေသည်။ ဘုရားသခင်မှ မနှစ်သက်သော လိုက်လျှောက်ခြင်းသည် အဘယ်အရေးပါမှု ရှိမည်နည်း။

ပေါလု ဆောင်ရွက်ခဲ့သည့် အလုပ်သည် လူ၏ရှေ့တွင် ထုတ်ဖော်ပြသခြင်း ခံရသည်၊ သို့သော် သူ၏ ဘုရားသခင်အား ချစ်ခြင်းမှာမူ မည်မျှ သန့်စင်သနည်း၊ သူ့နှလုံးထဲ နက်ရှိုင်းရာ၌ ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမှာ မည်မျှ ရှိသနည်း စသည့်အရာများကိုမူ လူတို့ မမြင်နိုင်ကြပေ။ လူသည် သူဆောင်ရွက်ခဲ့သော အလုပ်များကိုသာ မြင်တွေ့နိုင်ပြီး၊ ထိုအရာမှ လူသည် ဤသူမှာ သန့်ရှင်းသော ဝိညာဉ်တော်မှ အမှန်ပင် အသုံးပြုခြင်း ခံရသော သူတစ်ယောက် ဖြစ်သည်ကို သိသည်၊ ထို့ကြောင့် ပေါလုသည် ပေတရုထက် သာလွန် သည်ဟု လူက ထင်သည်၊ သူသည် အသင်းတော်များကို ထောက်ပံ့ပေးနိုင် ခဲ့သည့်အတွက် သူ၏ အလုပ်မှာ သာ၍ ကြီးမြတ်သည်ဟု ထင်သည်။ ပေတရုသည် သူ၏ ကိုယ်ပိုင် အတွေ့အကြုံများကိုသာ ကြည့်သည်၊ သူ၏ ရံဖန်ရံခါ လုပ်ဆောင်သော အလုပ်အတောအတွင်း လူအနည်းငယ်ကို ရယူနိုင်ခဲ့သည်။ သူ့ထံမှလာသော လူသိနည်းသည့် သြဝါဒစာစောင် အနည်းငယ်မျှသာ ရှိသည်၊ သို့သော်လည်း သူ၏ နှလုံးသားအတွင်း နက်ရှိုင်း ရာ၌ ရှိသည့် ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမှာ မည်မျှပင် ကြီးမြတ်သည်ကို မည်သူသိမည်နည်း။ နေ့စဉ် ရက်ဆက် ပေါလုသည် ဘုရားသခင်အတွက် လုပ်ဆောင်ခဲ့သည်။ ပြီးမြောက်ရမည့် အလုပ် ရှိနေသရွေ့၊ သူ လုပ်ဆောင်ခဲ့သည်။ ဤနည်းလမ်းဖြင့် သူသည် သရဖူအား ရရှိနိုင်ပြီး၊ ဘုရားသခင်အား ကျေနပ်စေနိုင်မည်ဟု ခံစားခဲ့ရသည်၊ သို့သော်ငြားလည်း သူ၏ အလုပ်မှတစ်ဆင့် သူကိုယ်တိုင် ပြောင်းလဲရန်အတွက် နည်းလမ်း များကိုမူ သူသည် မဖွေရှာခဲ့ချေ။ ပေတရု အသက်တာထဲတွင် ဘုရားသခင်၏ လိုအင်ကို မကျေနပ်စေသည့် အရာ မည်သည့်အရာမဆို သူ့အား မသက်မသာ ခံစားရစေသည်။ အကယ်၍ ယင်းအရာသည် ဘုရားသခင်၏ လိုအင်ကို မကျေနပ်စေပါက၊ သူသည် နောင်တကြီးစွာ ခံစားရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေရန် သူကြိုးစားနိုင်မည့် သင့်လျော်သော နည်းလမ်းများကို သူရှာလိမ့်မည် ဖြစ်သည်။ သူ့ အသက်တာ၏ အသေးငယ်ဆုံးနှင့် အရေးမပါဆုံးသော ရှုထောင့်များ၌ပင်လျှင် သူသည် ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေရန် မိမိကိုယ်ကို လိုအပ်တောင်းဆိုခဲ့သည်။ သူ၏ ဟောင်းသော စိတ်သဘောထားနှင့် ပတ်သက်လာလျှင် သူသည် အတိအကျပင် လုပ်ဆောင်ခဲ့ပြီး၊ သမ္မာတရားအတွင်းသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားနိုင်ရန် မိမိကိုယ်ကိုမိမိ လိုအပ်တောင်းဆိုမှုများ၌ သူသည် သာ၍ပင် ပြင်းပြင်းထန်ထန် ပြုမူ ခဲ့သည်။ ပေါလုသည် အပေါ်ယံဆန်သော ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ဖွေရှာခဲ့သည်။ လူ၏ရှေ့တွင် မိမိကိုယ်ကိုမိမိ ကြွားဝါနိုင်ရန် သူဖွေရှာခဲ့ပြီး၊ အသက်တာ၏ ဝင်ရောက်မှုတွင် သာ၍ နက်ရှိုင်းသော တိုးတက် သွားခြင်းကို လုပ်ဆောင်ရန် သူသည် မဖွေရှာခဲ့ပေ။ သူအလေးထားသော အရာမှာ အယူဝါဒကိုသာ ဖြစ်ပြီး၊ လက်တွေ့သဘော မဟုတ်ပေ။ ပေါလုမှာ ဘုရားသခင်အတွက် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့ သော်လည်း၊ အဘယ့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ အောက်မေ့ခြင်းကို မခံရသနည်းဟု အချို့သူ များက ပြောကောင်းပြောကြလိမ့်မည်။ ပေတရုသည် ဘုရားသခင်အတွက် အနည်းငယ်သော အလုပ်ကိုသာ လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များကို ကြီးစွာသော ပံ့ပိုးကူညီမှုလည်း မပြုခဲ့၊ ထိုသို့ဆိုလျှင် အဘယ့် အတွက်ကြောင့် သူသည် ပြီးပြည့်စုံလင်စေခြင်း ခံခဲ့ရသနည်း။ ပေတရုသည် ဘုရားသခင်အား အတိုင်းအတာ တစ်ခုအထိ ချစ်ခဲ့ပြီး၊ ယင်းအရာမှာ ဘုရားသခင်မှ လိုအပ်သည့် အရာဖြစ်သည်။ ဤကဲ့သို့သော သူများသာ သက်သေခံချက် ရှိပေသည်။ ထိုသို့လျှင် ပေါလုမှာကား အဘယ်နည်း။ ပေါလုသည် ဘုရားသခင် အား မည်သည့် အတိုင်းအတာအထိ ချစ်ခဲ့သည်ကို သင်သိသလော။ ပေါလု၏ အလုပ်မှာ မည်သည်အတွက် နည်း။ ပေတရု၏ အလုပ်မှာကော မည်သည်အတွက်နည်း။ ပေတရုသည် များစွာသောအလုပ်ကို မလုပ်ဆောင် ခဲ့ချေ၊ သို့သော် သူ၏ နှလုံးသားအတွင်း နက်ရှိုင်းရာတွင် အဘယ်အရာရှိသည်ကို သင်သိသလော။ ပေါလု၏ အလုပ်သည် အသင်းတော်များအား ထောက်ပံ့ခြင်းနှင့် နှီးနွယ်နေသည်။ ပေတရု ကြုံတွေ့ခံစားခဲ့ရသော အရာမှာမူ သူ၏ အသက်တာ စိတ်သဘောထား အတွင်းမှ ပြောင်းလဲမှုများပင် ဖြစ်သည်။ သူသည် ဘုရား သခင်၏ ချစ်ခြင်းကို ကြုံတွေ့ခံစားခဲ့ရသည်။ ယခုတွင် သင်သည် ၎င်းတို့ အခြင်းအရာများ၏ ကွဲပြားခြားနား ချက်များကို သိသည့်အတွက်၊ အဆုံးတွင် မည်သူသည် ဘုရားသခင်အား စစ်မှန်စွာ ယုံကြည်ခဲ့ပြီး၊ မည်သူက ဘုရားသခင်အား စစ်မှန်စွာ မယုံကြည်ခဲ့သည်ကို သင်မြင်နိုင်ပေသည်။ ၎င်းတို့အထဲမှ တစ်ယောက်သည် ဘုရားသခင်အား စစ်မှန်စွာ ချစ်ခဲ့ပြီး၊ အခြားတစ်ယောက်မှာမူ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခဲ့ခြင်း မရှိပေ။ တစ်ယောက်သော သူသည် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ ခံယူခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မခံယူခဲ့ပေ။ တစ်ယောက်သောသူသည် လူများ၏ ဝတ်ပြုခြင်းကို ခံရပြီး၊ ကြီးမြတ်သည့် ပုံရိပ်ရှိသည်၊ အခြား တစ်ယောက်မှာမူ နှိမ့်ချစွာ အစေကျွန်ခံခဲ့ပြီး လူများမှ လွယ်ကူစွာ မှတ်မိသိရှိနိုင်ခြင်း မရှိခဲ့ချေ။ တစ်ယောက် သောသူသည် သန့်ရှင်းခြင်းကို ဖွေရှာခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မဖွေရှာခဲ့၊ သူသည် မသန့်စင်သော်ငြား လည်း၊ သူ၌ သန့်စင်သော ချစ်ခြင်းကို ပိုင်ဆိုင်ခြင်းမရှိခဲ့။ တစ်ယောက်သော သူသည် စစ်မှန်သော လူသား သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မပိုင်ဆိုင်ခဲ့။ တစ်ယောက်သောသူတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အသိစိတ် ပိုင်ဆိုင်ပြီး၊ အခြားတစ်ယောက်ကမူ မပိုင်ဆိုင်ခဲ့။ ဤသည်တို့မှာ ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာတို့ ကွဲပြားခြားနားချက်များပင် ဖြစ်သည်။ ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် အောင်မြင်မှု၏ လမ်းကြောင်းဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်နှင့် ပုံမှန် လူသားသဘာဝကို ပြန်လည်ရယူခြင်းအား ပြီးမြောက် အောင်မြင်နိုင်မည့် လမ်းကြောင်းလည်း ဖြစ်သည်။ ပေတရုသည် အောင်မြင်သော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလု လျှောက်ခဲ့သော လမ်းကြောင်းမှာမူ ရှုံးနိမ့်မှု၏ လမ်းကြောင်းဖြစ်ပြီး၊ သူသည် ဘုရားသခင်အား စစ်မှန်စွာ မချစ်ပဲ၊ မိမိတို့ကိုယ်မိမိ အပေါ်ယံသာ ဆက်ကပ်အပ်နှံပြီး အသုံးခံသော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလုသည် သမ္မာတရားအား ပိုင်ဆိုင်ခြင်းမရှိသော ထိုသူအားလုံးကို ကိုယ်စားပြုသည်။ ပေတရု၏ ဘုရား သခင်အား ယုံကြည်ခြင်းတွင်၊ သူသည် အရာခပ်သိမ်း၌ ဘုရားသခင်အား ကျေနပ်စေရန် ဖွေရှာခဲ့ပြီး၊ ဘုရား သခင်ထံမှ လာသော အရာအားလုံးကို နာခံရန် ဖွေရှာခဲ့သည်။ စောဒကတက်ခြင်း စိုးစဉ်းမျှ မရှိပဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စစ်ဆေးခြင်းအပါအဝင်၊ ကြီးစွာသော ဒုက္ခနှင့် သူ့အသက်တာ အတွင်း ချို့တဲ့မှုများကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းကို မပြောင်းလဲနိုင်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်၏ အကြွင်းမဲ့သော ချစ်ခြင်းပင် မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းပင် မဟုတ်ပေလော။ ပြစ်တင် ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ကြီးစွာသော ဒုက္ခ— သင်သည် သေဆုံးသည်အထိ နာခံခြင်းကို ပြီးမြောက် အောင်မြင်ရန် တတ်စွမ်းနိုင်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးမှ ပြီးမြောက်အောင်မြင် သင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်း၏ သန့်စင်မှုပင် ဖြစ်သည်။ အကယ်၍ လူသည် ဤမျှလောက်ထိ ပြီးမြောက်အောင်မြင်နိုင်လျှင်၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါ တစ်ဦးဖြစ်သည်၊ ဖန်ဆင်းရှင်၏ လိုအင်ကို ဤအရာထက် သာ၍ကျေနပ်စေနိုင်သည့် အရာ ဘာမျှ မရှိတော့ချေ။ သင်သည် ဘုရားသခင်အတွက် လုပ်ဆောင်နိုင်သော်လည်း ဘုရားသခင်အား နာခံခြင်း မရှိပဲ၊ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခြင်းငှာ မတတ်စွမ်းနိုင်ပဲ ရှိသည်ဟု စိတ်ကူးကြည့်ပါ။ ဤသို့လျှင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းနိုင်သည် သာမက၊ ဘုရားသခင် ၏ ပြစ်တင်ရှုတ်ချခြင်းလည်း ခံရမည်ဖြစ်သည်၊ အကြောင်းမှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်ပြီး၊ ဘုရားသခင်အား နာခံခြင်းအား မတတ်စွမ်းနိုင်သော သူတစ်ယောက်ဖြစ်ကာ၊ ဘုရား သခင်အား နာခံခြင်း မရှိသော သူတစ်ယောက်လည်း ဖြစ်သည်။ ဘုရားသခင်အတွက် လုပ်ဆောင်ရန်သာ သင်သည် အလေးထားပြီး၊ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းအား အလေးမထား၊ သို့မဟုတ် မိမိ ကိုယ်ကို သိခြင်းကိုလည်း အလေးမထားပေ။ သင်သည် ဖန်ဆင်းရှင်ကို မသိကျွမ်း၊ သို့မဟုတ် နားမလည်ပေ၊ ပြီးလျှင် ဖန်ဆင်းရှင်အား ချစ်ခြင်း သို့မဟုတ် နာခံခြင်း မရှိချေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူ တစ်ယောက် ဖြစ်သည်၊ ထိုကဲ့သို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

တစ်ချို့သော လူများက“ပေါလုသည် ကြီးစွာ ပမာဏရှိသည့် အလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များအတွက် ကြီးစွာသော ဝန်ထုပ်များကို ထမ်းဆောင်ခဲ့ပြီး ၎င်းတို့အတွက် များစွာ ပံ့ပိုးကူညီ ပေးခဲ့သည်။ ပေါလု၏ သြဝါဒစာစောင် ဆယ့်သုံးစောင်သည် ကျေးဇူးတော်ခေတ်၏ နှစ်ပေါင်း ၂၀၀၀ ကို ထောက်မပေးခဲ့ပြီး၊ ခရစ်ဝင်ကျမ်း လေးကျမ်းနောက်တွင်သာ ဒုတိယနေရာကျသည်။ သူနှင့် မည်သူသည် နှိုင်းယှဉ်နိုင်မည်နည်း။ ယောဟန်၏ ဗျာဒိတ်ကျမ်းကို မည်သူကမျှ အနက်မဖွင့်နိုင်ပေ၊ ပေါလု၏ သြဝါဒ စာစောင်များမှာမူ အသက်တာကို ထောက်ပံ့ပေးပြီး၊ သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် အသင်းတော်များကို အကျိုးဖြစ်ထွန်းစေသည်။ ထိုကဲ့သို့သော အရာများကို မည်သူက ပြီးမြောက် အောင်မြင်နိုင်ခဲ့မည်နည်း။ ပြီးလျှင် ပေတရုမှာ မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း” ဟူ၍ ပြောကြသည်။ လူမှ အခြားသူများအား တိုင်းထွာရာတွင်၊ ၎င်းတို့၏ ပံ့ပိုးကူညီမှုများ အရသာလျှင် ဖြစ်သည်။ ဘုရားသခင်မှ လူအား တိုင်းထွာသော အခါတွင်မူ၊ သူ၏ သဘာဝအရဖြစ်သည်။ အသက်တာအား ဖွေရှာသော ထိုသူများအကြားတွင်၊ ပေါလုသည် မိမိ၏ အနှစ်သာရကို မသိသော သူတစ်ယောက် ဖြစ်သည်။ သူသည် မည်သို့မျှပင် နှိမ့်ချခြင်း သို့မဟုတ် နာခံခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သူ၏ အခြင်းအရာကိုလည်း မသိခဲ့ချေ။ ထို့ကြောင့် သူသည် အသေးစိတ်ကျသော အတွေ့အကြုံများကို မခံယူခဲ့သော သူတစ်ယောက် ဖြစ်ခဲ့ပြီး၊ သမ္မာတရားအား လက်တွေ့မကျင့်သုံးခဲ့သော သူတစ်ယောက်လည်း ဖြစ်ခဲ့သည်။ ပေတရုမှာမူ ကွဲပြားခြားနား သည်။ သူသည် သူ၏ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားကို သိခဲ့သည်၊ ထို့ကြောင့် သူ့တွင် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်မည့် ကျင့်ဆောင်ခြင်း လမ်းကြောင်းရှိခဲ့သည်။ သူသည် အယူဝါဒသာ ရှိပြီး လက်တွေ့သဘောကို မပိုင်ဆိုင်သော ထိုသူများကဲ့သို့ မဟုတ်ချေ။ ပြောင်းလဲသော ထိုသူတို့သည် ကယ်တင်ခြင်း ခံရပြီးသည့် အသစ်သော လူများဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရား မီအောင်လိုက်ရာတွင် အရည်အချင်းမီကြသူများ ဖြစ်ကြသည်။ မပြောင်းလဲသော သူတို့သည် သဘာဝအရ ခေတ်ကုန်သွားသော ထိုသူများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်း မခံပြီးသေးသော ထိုသူများပင် ဖြစ်ကြသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ရွံ့ရှာခြင်းနှင့် ငြင်းပယ်ခြင်း ခံရသော ထိုသူများပင် ဖြစ်ကြသည်။ ၎င်းတို့၏ အလုပ်မည်မျှပင် ကြီးမြတ်သည် ဖြစ်ပါစေ၊ ဘုရားသခင်၏ အောက်မေ့ခြင်းကို ၎င်းတို့ ခံရလိမ့်မည် မဟုတ်။ ဤအရာကို သင်သည် သင်၏ ကိုယ်ပိုင် လိုက်ခြင်းနှင့် နှိုင်းယှဉ်ကြည့်သောအခါ၊ အဆုံးတွင် သင်သည် ပေတရု သို့မဟုတ် ပေါလုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်မှာ ပကတိရှင်းနေပြီးသား ဖြစ်သင့်သည်။ သင်ဖွေရှာသော အရာတွင် သမ္မာတရား မရှိသေး ပါက၊ ပြီးလျှင် ယနေ့တွင်ပင်လျှင် သင်သည် ပေါလုကဲ့သို့ ထောင်လွှားပြီး မောက်မာဆဲ ဖြစ်ပါက၊ သူကဲ့သို့ပင် မိမိဂုဏ်အသရေအား ရွှန်းရွှန်းဝေအောင် ပြောဆိုဆဲ ဆိုပါက၊ သင်သည် ရှုံးနိမ့်သည့် ဆုတ်ယုတ် ပျက်စီးသူတစ်ယောက် ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ သင်သည် ပေတရုကဲ့သို့ပင် ဖွေရှာပြီး၊ သင်သည် ကျင့်ဆောင်မှုများနှင့် စစ်မှန်သည့် ပြောင်းလဲခြင်းများကို ဖွေရှာလျှင်၊ လိုအင်မကြီး သို့မဟုတ် မထောင်လွှားပဲ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် ဖွေရှာလျှင်၊ သင်သည် အောင်နိုင်ခြင်းကို ပြီးမြောက်သော ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး ဖြစ်ပေလိမ့်မည်။ ပေါလုသည် မိမိကိုယ်တိုင်၏ မနာခံခြင်းကို သိရန် မဆိုထားနှင့်၊ သူသည် မိမိ ကိုယ်တိုင်၏ အခြင်းအရာ သို့မဟုတ် ယိုယွင်းပျက်စီးခြင်းကို မသိချေ။ မည်သည့်အခါမျှပင် သူသည် သူ၏ ခရစ်တော်အား စက်ဆုပ်ဖွယ် ပမာမခန့်ပြုခြင်းကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် အလွန်အမင်း နောင်တရခြင်း မရှိ။ အတိုချုပ် ရှင်းပြချက်ကိုသာ သူပေးခဲ့ပြီး၊ သူ၏ နှလုံးသားအတွင်း နက်ရှိုင်းရာတွင်မူ ဘုရားသခင်အား အကြွင်းမဲ့ ဆက်ကပ်အပ်နှံခြင်း မရှိခဲ့ချေ။ သူသည် ဒမာသတ်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏အတွင်းထဲ နက်ရှိုင်းရာကို မကြည့်ခဲ့ချေ။ သူသည် အလုပ်ဆက်လုပ် နေရရုံမျှနှင့် ရောင့်ရဲ နေခဲ့ပြီး၊ မိမိကိုယ်ကို သိခြင်းနှင့် သူ၏ ဟောင်းသော စိတ်သဘောထားအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ပြဿနာများအဖြစ် သူမမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောကြားနေရရုံမျှနှင့်၊ သူ၏ ကိုယ်ပိုင် ဩတပ္ပစိတ်အတွက် အခြားသူများကို ကျွန်သဖွယ် ထောက်ပံ့ပေးနေရုံမျှနှင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား ထပ်၍ညှည်းဆဲမှု မပြုတော့ရုံမျှနှင့် သူသည် ကျေနပ်နေခဲ့သည်။ သူမီအောင်လိုက်ခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် ခေတ္တခဏ အလုပ်ထက် ဘာမျှမပိုပေ၊ သူမီအောင်လိုက်ခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော်ပင် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မဖွေရှာခဲ့သကဲ့သို့၊ ယခင်က သူနားမလည်ခဲ့သော သမ္မာတရား အတွင်းသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားနိုင်ရန် အတွက်လည်း သူသည် မဖွေရှာခဲ့ပေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည် မှားယွင်းသည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကိုလည်း လက်မခံခဲ့ချေ။ သူ၏ လုပ်ဆောင်နိုင်ခြင်းသည် သူသည် မိမိကိုယ်တိုင်၏သဘာဝ သို့မဟုတ် အခြင်းအရာနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ ဂရုပြုမှုမှာ အပြင်ပန်း ကျင့်ဆောင်မှုများကိုပင် ဖြစ်သည်။ ထို့အပြင် သူကြိုးစားလုပ်ဆောင် ခဲ့သည့်အရာမှာ ပြောင်းလဲမှုအတွက် မဟုတ်ပဲ အသိပညာအတွက်သာ ဖြစ်သည်။ သူ၏ အလုပ်သည် ဒမာသတ်သို့ သွားရာလမ်းပေါ်တွင် ယေရှု ပေါ်လာခြင်း၏ ရလဒ်သာ လုံးဝဖြစ်သည်။ ယင်းမှာ သူသည် အလို အလျောက် လုပ်ဆောင်ရန် အဓိဋ္ဌာန်ပြုခဲ့သည့် အရာမျိုးမဟုတ်သကဲ့သို့၊ ယင်းမှာ သူသည် သူ၏ဟောင်းသော စိတ်သဘောထားကို ပြုပြင်ခြင်းအား လက်ခံပြီး နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ချေ။ သူသည် မည်သို့ပင် လုပ်ဆောင်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်မှ အပြစ်များကို ဖြေလွှတ်ခြင်း မရှိခဲ့ပဲ ထိုကာလမှ အသင်းတော် များအကြားတွင် အချို့သော အခန်းကဏ္ဍ၌ ပါဝင်ခဲ့ရုံမျှသာ ဖြစ်သည်။ ဤကဲ့သို့သော မိမိ၏ ဟောင်းသော စိတ်သဘောထား ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့်၊ ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိ သောသူ၊ သမ္မာတရားနှင့် သာ၍ မရှိသော သူတစ်ယောက်အနေနှင့်၊ သူသည် သခင်ယေရှုမှ လက်ခံသော ထိုသူများထဲမှ တစ်ယောက် ဖြစ်လာခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ပေ။ သူသည် ယေရှုခရစ်တော်အား ချစ်ခြင်း နှင့် ရိုသေလေးမြတ်မှုတို့နှင့် ပြည့်နေသည့် လူတစ်ယောက် မဟုတ်သကဲ့သို့၊ သူသည် သမ္မာတရားအား ဖွေရှာရာ၌ ကျွမ်းကျင်သော သူတစ်ယောက်လည်း မဟုတ်ပေ၊ လူ့ဇာတိခံယူခြင်း၏ ဆန်းကြယ်မှုကို ဖွေရှာ ခဲ့သော သူတစ်ယောက်ဆိုလျှင် သာ၍ မဖြစ်နိုင်ပေ။ သူသည် တစ်ပတ်ရိုက်ရာတွင် ကျွမ်းကျင်လိမ္မာသော သူတစ်ယောက်မျှသာ ဖြစ်ပြီး၊ မိမိထက် မြင့်သောသူများ သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သော သူများကို အလျှော့မပေးသော သူတစ်ယောက်မျှသာ ဖြစ်သည်။ သူနှင့် ဆန့်ကျင်နေသော လူများ သို့မဟုတ် အမှန်တရားများ သို့မဟုတ် သူနှင့် မသင့်မြတ်သော သူများ ကို သူသည် မနာလိုဝန်တိုသည်၊ ဆုကျေးဇူးခံစားရသော ထိုသူများနှင့် ကြီးမြတ်သော ပုံရိပ်ကို ကိုယ်စားပြုပြီး သိမ်မွေ့နက်နဲသည့် အသိပညာကို ပိုင်ဆိုင်ထားကြသည့် ထိုသူများကို သာ၍ နှစ်သက်သည်။ သူသည် မှန်သော လမ်းခရီးကို ဖွေရှာပြီး သမ္မာတရားမှလွဲ၍ မည်သည့် အရာကိုမျှ အလေးမထားသည့် ညံ့ဖျင်းသော လူများနှင့် သူသည် ထိတွေ့ဆက်ဆံခြင်း မရှိပဲ၊ ထိုအစား အယူဝါဒများကိုသာ ပြောဆိုကြသော ဘာသာရေး အဖွဲ့အစည်းများမှ အဆင့်မြင့်သည့် ပုဂ္ဂိုလ်များနှင့် ကြွယ်ဝသော အသိပညာကို ပိုင်ဆိုင်ထားကြသည့် သူများကိုသာ သူအလေးထားသည်။ သူ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သောအလုပ်အား ချစ်ခြင်းမရှိ၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော အလုပ်၏ လှုပ်ရှားခြင်းကိုလည်း အလေးမထားခဲ့ပေ။ ထိုအစား သူသည် ယေဘုယျ အမှန်တရားများထက် သာ၍မြင့်သော ထိုစည်းမျဉ်းများနှင့် အယူဝါဒများကိုသာ နှစ်သက်ခဲ့သည်။ သူ၏ မွေးရာပါ အနှစ်သာရထဲနှင့် သူဖွေရှာသည့် အရာ၏ အလုံးစုံတွင်၊ ဘုရားသခင်၏ အိမ်တော်ရှိ သစ္စာရှိသော အစေခံ သူ ဟု ခေါ်ဆိုခြင်း ခံရရန် မဆိုထားနှင့် သူသည် သမ္မာတရားအား မီအောင်လိုက်သော ခရစ်ယာန်တစ်ယောက်ဟု ခေါ်ဆိုခံ ရခြင်းငှာ မထိုက်တန်ပေ၊ အကြောင်းမှာ သူ၏ ကြောင်သူတော်စိတ်ဓာတ်သည် အလွန်ပင်များပြားပြီး၊ သူ၏ မနာခံမှုသည် အလွန်ပင် ကြီးကျယ်သောကြောင့် ဖြစ်သည်။ သူ့အား သခင်ယေရှု၏ အစေခံသူ တစ်ဦး အဖြစ် သိကြသော်ငြားလည်း၊ သူသည် ကောင်းကင်နိုင်ငံတော်၏ တံခါးဝကို ဝင်ရောက်ရန် လုံးဝ မထိုက်တန်၊ အကြောင်းမှာ အစအဦးမှ အဆုံးတိုင်အောင် သူ၏ လုပ်ဆောင်ချက်များသည် ဖြောင့်မတ်သည်ဟု ခေါ်ဆို၍ မရနိုင်သောကြောင့် ဖြစ်သည်။ သူ့အား ကြောင်သူတော် တစ်ယောက် မဖြောင့်မတ်သော အရာကို ပြုခဲ့သော သူဟုသာ မြင်၍ရသည်၊ သို့သော်လည်း သူသည် ခရစ်တော်အတွက် လုပ်ဆောင်ခဲ့သော သူတစ်ယောက် လည်း ဖြစ်သည်။ သူ့အား ဆိုးယုတ်သောသူဟု ခေါ်ဆို၍ မရသော်ငြားလည်း၊ မဖြောင့်မတ်သောအရာကို ပြုခဲ့သောသူဟူ၍ ကောင်းကောင်းခေါ်၍ ရသည်။ သူသည် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်၊ သို့သော်ငြားလည်း သူလုပ်ဆောင်ခဲ့သည့် ပမာဏအပေါ်တွင် သူ့ကိုအကဲဖြတ်၍ မရပဲ၊ ၎င်း၏ အရည်အသွေး နှင့် အခြင်းအရာ အပေါ်တွင်သာ အကဲဖြတ်ရမည် ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ ဤကိစ္စရပ်၏ အခြေကို ရောက်နိုင်ရန် ဖြစ်နိုင်မည်ဖြစ်သည်။ သူသည် အမြဲတမ်း ယုံကြည်ခဲ့သည်မှာ - ငါသည် လုပ်ဆောင် ခြင်းငှာ တတ်စွမ်းနိုင်သည်၊ ငါသည် လူအများစုထက် သာလွန်သည်၊ ငါသည် မည်သူနှင့်မျှမတူပဲ သခင်၏ ဝန်ထုပ်ကို ထောက်ထားညှာတာပြီး၊ မည်သူမျှ ငါကဲ့သို့ နက်ရှိုင်းစွာ နောင်တရခြင်းမရှိ၊ အကြောင်းမှာ ကြီးစွာ သော အလင်းသည် ငါ့အပေါ် ထွန်းတောက်ခဲ့ပြီး၊ ငါသည် ကြီးစွာသော အလင်းကို မြင်ခဲ့ရသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ငါ၏ နောင်တတရားသည်အခြားမည်သူထက်မဆို သာ၍ နက်ရှိုင်းသည် - ဟူ၍ ဖြစ်သည်။ ထိုအချိန်တွင်၊ ဤအရာမှာ သူ၏ နှလုံးအတွင်း၌ တွေးသောအရာပင် ဖြစ်သည်။ သူ့အလုပ်၏ အဆုံးတွင် ပေါလုမှ “တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ၊ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏”ဟု ပြောခဲ့သည်။ သူ၏ တိုက်လှန်ခြင်း၊ အလုပ်နှင့် လမ်းကြောင်းသည် ဓမ္မသရဖူအတွက် သက်သက်သာ ဖြစ်ပြီး၊ သူသည် တက်ကြွစွာ တိုးပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါ။ သူ၏ အလုပ်၌ သူသည် ဝတ်ကျေတမ်းကျေ မဟုတ်ခဲ့သော်ငြားလည်း၊ သူ့အလုပ်သည် သူ၏ အမှားများအတွက် အစားပြန်ပေးရန်၊ သူ့ သြတပ္ပစိတ်၏ စွပ်စွဲချက်များကို အစားပြန်ပေးရန် အလို့ငှာသာ ဖြစ်သည်။ သူသည် သူ၏ အလုပ်အား ပြီးဆုံး ရန်၊ ပြေးရသောလမ်းကို အဆုံးတိုင် ပြေးရန်နှင့် သူ၏ တိုက်လှန်ခြင်းကို ဖြစ်နိုင်သမျှ မြန်မြန် ပြုရန်သာ သူသည် မျှော်လင့်ပြီး၊ ထိုသို့အားဖြင့် သူတောင့်တသည့် ဓမ္မသရဖူအား သာ၍ မြန်ဆန်စွာ ရရှိနိုင်ရန် ဖြစ်သည်။ သူတောင့်တခဲ့သည့်အရာမှာ သူ၏ အတွေ့အကြုံများနှင့် စစ်မှန်သော အသိပညာနှင့်အတူ သခင်ယေရှုအား တွေ့ရန် မဟုတ်ခဲ့ပဲ၊ သူသည် သခင်ယေရှုနှင့် တွေ့သောအခါ သူ့အလုပ်မှ ရရှိခဲ့သော ဆုလာဘ်များကို လက်ခံ ရယူရန်အလို့ငှာ၊ သူ၏ အလုပ်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြီးစီးရန်သာ ဖြစ်သည်။ သူသည် မိမိကိုယ်ကို နှစ်သိမ့် ရန်အတွက်၊ အနာဂတ်သရဖူနှင့် အလဲအလှယ်လုပ်ရာတွင် ညှိုနှိုင်းရန်အတွက် သူ၏ အလုပ်ကို အသုံးချ ခဲ့သည်။ သူဖွေရှာခဲ့သောအရာမှာ ဘုရားသခင် သို့မဟုတ် သမ္မာတရားလည်းမဟုတ်ပဲ၊ သရဖူကိုသာ ဖြစ်သည်။ အဘယ်သို့လျှင် ယင်းကဲ့သို့သော လိုက်ခြင်းသည် စံနှုန်းများနှင့် ကိုက်ညီနိုင်မည်နည်း။ သူ၏ လှုံ့ဆော်မှု၊ သူ၏ အလုပ်၊ သူပေးဆပ်ခဲ့သော အဖိုးအခနှင့် သူ၏ ကြိုးထုတ်မှု အားလုံးစသည့် သူ၏ အံ့ဖွယ် စိတ်ကူးယဉ်မှု များသည် အားလုံးပျံ့နှံ့သွားခဲ့ပြီး၊ သူသည် သူကိုယ်တိုင်၏ လိုအင်များနှင့်အညီသာ လုံးလုံးလုပ်ဆောင်ခဲ့ သည်။ သူ၏ အလုပ်တစ်ခုလုံးတွင်၊ သူပေးဆပ်ခဲ့သော အဖိုးအခ၌ လိုလိုလားလားရှိခြင်း စိုးစဉ်းမျှပင် မရှိခဲ့ပါ။ သူသည် အပေးအယူ သဘောမျှသာ လုပ်ဆာင်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ တာဝန်အား ထမ်းဆောင်ရန် သူ၏ ကြိုးထုတ်မှုများကို လိုလိုလားလား လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပဲ၊ အပေးအယူ၏ ရည်ရွယ်ချက်ကို ရရှိနိုင်ရန် အတွက်သာ လိုလိုလားလား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော ကြိုးထုတ်မှုများသည် ထိုက်တန်ခြင်း ရှိပါ၏လော။ သူ၏ မသန့်စင်သော ကြိုးထုတ်မှုများကို မည်သူက ချီးကျူးမည်နည်း။ ထိုကဲ့သို့သော ကြိုးထုတ်မှုများကို မည်သူက စိတ်ဝင်စားမည်နည်း။ သူ၏ အလုပ်သည် အနာဂတ်အတွက် အိပ်မက်များနှင့် ပြည့်နေပြီး၊ အံ့ဖွယ်အစီအစဉ်များနှင့် ပြည့်နေကာ၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲပေးရန်အတွက် လမ်းကြောင်း မပါရှိခဲ့ချေ။ ထို့ကြောင့် သူ၏ သဘောကောင်းမှု အများစုမှာလည်း ဟန်ဆောင်ခြင်းသာ ဖြစ်သည်။ သူ၏ အလုပ်သည် အသက်တာကို ထောက်ပံ့မပေးခဲ့ပဲ၊ ဖော်ရွေမှု အတုအယောင်ကိုသာ ထောက်ပံ့ ပေးခဲ့သည်။ ယင်းသည် အပေးအယူသဘော၏ လုပ်ဆောင်ချက်ပင်ဖြစ်သည်။ ဤကဲ့သို့သော အလုပ်မျိုး သည် အဘယ်သို့လျှင် လူကို သူ၏ နဂိုမူလ တာဝန်အား ပြန်လည်ရယူနိုင်မည့် လမ်းကြောင်းကို ဦးဆောင် ခေါ်သွားနိုင်မည်နည်း။

ပေတရုဖွေရှာခဲ့သည့် အရာခပ်သိမ်းမှာမူ ဘုရားသခင်၏ နှလုံးသားနှင့် အညီသာဖြစ်သည်။ ဘုရား သခင်၏ လိုအင်ကို ဖြည့်ဆည်းရန် သူဖွေရှာခဲ့ပြီး၊ နာကျင်ခံစားရမှုနှင့် အခက်အခဲတို့ မည်သို့ပင် ဖြစ်စေကာမူ၊ သူသည် ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် လိုလားလျက်ပင် ရှိသေးသည်။ ဘုရားသခင်၌ ယုံကြည်သူ တစ်ယောက်အတွက် သာ၍ ကြီးမြတ်သော လိုက်ခြင်းမရှိချေ။ ပေါလု ဖွေရှာခဲ့သည့်အရာမှာ သူ၏ ဇာတိ ပကတိ၊ သူကိုယ်တိုင်၏ အယူအဆများ၊ သူကိုယ်တိုင်၏ အစီအစဉ်များ၊ အကြံဉာဏ်များနှင့် စွန်းထင်းခဲ့ သည်။ သူသည် မည်သည့်နည်းနှင့်မျှ ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ခဲ့ပဲ၊ ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် ဖွေရှာသောသူ တစ်ယောက်လည်း မဟုတ်ချေ။ ပေတရုသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ဆက်ကပ်လိုက်နာရန် ဖွေရှာခဲ့ပြီး၊ သူပြုခဲ့သော အလုပ်သည် မကြီးမြတ်ခဲ့စေ ကာမူ၊ သူ၏ လိုက်ခြင်းနောက်ကွယ်မှ လှုံ့ဆော်မှုနှင့် သူလျှောက်ခဲ့သော လမ်းကြောင်းတို့မှာ မှန်ကန်ခဲ့သည်။ သူသည် လူများစွာကို မရရှိနိုင်ခဲ့သော်ငြားလည်း၊ သူသည် သမ္မာတရား၏ လမ်းခရီးကို ဖွေရှာနိုင်ခဲ့သည်။ ဤအချက်ကြောင့်ပင် သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ယနေ့ သင်သည် လုပ်ဆောင်သူတစ်ယောက် မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်နှင့်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အလုံးစုံကို ဆက်ကပ်နာခံရန် ဖွေရှာခြင်းငှာ တတ်စွမ်းနိုင်သင့်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံရန် တတ်စွမ်းနိုင်သင့်ပြီး၊ ကြီးစွာသော ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း အမျိုးမျိုးကို တွေ့ကြုံခံစားနိုင်သင့်သည်၊ သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ နှလုံးသားထဲတွင် ဘုရားသခင်အား ချစ်ရန် တတ်စွမ်းနိုင်သင့်သည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူတတ်သော ထိုသူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားကြပြီး၊ ယင်းသို့သော လူများ၏ လိုက်ခြင်းအပေါ် ထားရှိသည့် ရှုထောင့်အမြင်မှာ မှန်ကန်သည့် အရာ ဖြစ်သည်။ ဘုရားသခင် လိုအပ်သော သူတို့မှာ ဤသူတို့ပင်ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများမှ သင်၏ သင်ပြချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌ကမူ ပြောင်းလဲခြင်းမရှိပဲ၊ မည်သည့် သက်သေမျှ မခံယူလျှင်၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိလျှင်၊ ဤသည်အတွက် သင့်အသက်တာ၏ အဆုံးတွင် သင်တို့ထဲမှ မည်သူကမျှ သက်သေခံခြင်းအား မပြုရသေးလျှင်၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ယောက် ဟုတ်ပါ၏လော။ သင်သည် သမ္မာတရား ကို မီအောင်လိုက်သော သူတစ်ယောက်ပင်လော။ ထိုအချိန်က၊ သန့်ရှင်းသော ဝိညာဉ်တော်မှ သင့်ကို အသုံးပြုခဲ့သည်၊ သို့သော် သူသည် သင့်ကို အသုံးပြုသောအခါ၊ သင်၏ အလုပ်ဖြစ်နိုင်သော အပိုင်းကိုသာ အသုံးပြုခဲ့ပြီး၊ သင်၏ အလုပ်မဖြစ်နိုင်သော အပိုင်းကိုမူ အသုံးမပြုခဲ့ချေ။ အကယ်၍ သင်သည် ပြောင်းလဲရန် ဖွေရှာပါက၊ သင်သည် အသုံးပြုခံရသည့် ဖြစ်စဉ်အတောအတွင်း တဖြည်းဖြည်းနှင့် ပြီးပြည့်စုံလင်စေခြင်း ခံခဲ့ရပေလိမ့်မည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်မှာ အဆုံး၌ သင်သည် ရယူခြင်းခံရမည်၊ မခံရမည် ဆိုသည်အတွက် တာဝန်မယူပါ၊ ဤအရာသည် သင်လိုက်ခြင်း၏ နည်းဟန်အပေါ်တွင် မူတည်သည်။ သင်၏ ကိုယ်ပိုင် စိတ်သဘောထားအတွင်း မည်သည့် ပြောင်းလဲခြင်းမှ မရှိပါက၊ ဤသည်မှာ လိုက်ခြင်းအပေါ် ထားရှိသော သင်၏ ရှုထောင့်အမြင်သည် မှားယွင်းနေသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့် ဆုလာဘ်မှ အပ်နှင်းမခံရပါက၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ပြဿနာသာ ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် သင်ကိုယ်တိုင်သည် သမ္မာတရားအား လက်တွေ့ မကျင့်သုံးခဲ့သည့် အတွက်၊ ဘုရားသခင်၏ လိုအင် ကို ဖြည့်ဆည်းရန် မတတ်စွမ်းနိုင်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သင်ကိုယ်တိုင်၏ ုံအတွေ့အကြုံများထက် မည်သည့်အရာကမျှ သာ၍ အရေးမကြီးချေ၊ သင်ကိုယ်တိုင်၏ ဝင်ရောက်မှုထက် မည်သည့်အရာကမျှ သာ၍ အရေးမပါချေ။ အဆုံးတွင် အချို့သော လူများသည် “အကျွန်ုပ်သည် ကိုယ်တော့်အတွက် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပါပြီ၊ တခမ်းတနား အောင်မြင်မှုတို့ မရှိကောင်း မရှိနိုင် သော်ငြားလည်း၊ အကျွန်ုပ် သည် အကျွန်ုပ်၏ အားထုတ်ခြင်း၌ လုံ့လစိုက်ခဲ့ပါ၏။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်ပေး၍ မရသလော” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့၊ ပြီးပြည့် စုံလင်စေခြင်း ခံရမည့် ထိုသူများသည် ပေတရုကဲ့သို့သော သူများပင် ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိကြသူများ ဖြစ်ကြသည်။ ယင်းကဲ့သို့သော လူများသာလျှင် ပြီးပြည့်စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ ကြည့်ပြီး၊ သင့်ကိုယ်ပိုင် အသက်တာ စိတ်သဘောထားကို ပြောင်းလဲရန် မရှာဖွေပါလျှင်၊ သင်၏ ကြိုး စားအားထုတ်မှု အားလုံးသည် အချည်းနှီး သက်သက်သာ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ ဤအရာမှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။

ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာများ၌ ကွဲပြားခြားနားမှုမှ အသက်အား မီအောင်လိုက်ခြင်း မရှိသော ထိုသူများ အားလုံးသည် အချည်းနှီးပင် ရုန်းကန်ကြသည် ဆိုခြင်းအား သင် နားလည်သင့်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားကို ပစ်ပယ်သင့် ပြီး၊ ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် ဖွေရှာရမည် ဖြစ်ကာ၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်လျက် နောက်ကိုလိုက်သော ကြောင့်၊ သင်သည် အရာခပ်သိမ်းကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှု များကို မလုပ်ဆောင်သင့်ပဲ၊ ဘုရားသခင်၏ လိုအင်အား ဖြည့်ဆည်းခြင်းကို သင်ပြီးမြောက် အောင်မြင်သင့် သည်။ သင်သည် ဖန်ဆင်းခြင်း ခံထားရသည့်အတွက်၊ သင့်အား ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့် သည်၊ အကြောင်းမှာ သင်သည် ပင်ကိုယ်အားဖြင့် မိမိအပေါ်မိမိ အုပ်စိုးခြင်း မရှိသောကြောင့် ဖြစ်ပြီး၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်ရန် တတ်စွမ်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်အား ယုံကြည် သော သူတစ်ယောက် ဖြစ်သည့်အတွက်၊ သင်သည် သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို သင်သည် စောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာအား ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို စည်းမကျော်ရပေ။ ဤသည်မှာ သင့်အား ကန့်သတ် ချုပ်ထိန်းရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ထားရန် မဟုတ်ပဲ၊ ဤသည် မှာ လမ်းကြောင်းဖြစ်ပြီး၊ ယင်းမှတစ်ဆင့် သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်ကာ၊ ဖြောင့်မတ်ခြင်းကို ပြုသော ထိုသူအားလုံးတို့မှ ပြီးမြောက် အောင်မြင်သင့်သည့်၊ ပြီးမြောက် အောင်မြင်နိုင်သည့် အရာဖြစ်သည်။ ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာများကို သင်သည် နှိုင်းယှဉ်ကြည့်ပါလျှင်၊ သင်သည် မည်ကဲ့သို့ ဖွေရှာ သင့်သည်ကို သိပေလိမ့်မည်။ ပေတရုနှင့် ပေါလုတို့ လျှောက်ခဲ့သော လမ်းကြောင်းများတွင်၊ တစ်ခုသည် စုံလင်စေခြင်းကို ခံရခြင်း၏ လမ်းကြောင်းဖြစ်ပြီး၊ တစ်ခုမှာ သုတ်သင်ပယ်ရှင်းခြင်း၏ လမ်းကြောင်း ဖြစ်သည်။ ပေတရုနှင့် ပေါလုသည် ကွဲပြားခြားနားသော လမ်းကြောင်းနှစ်ခုကို ကိုယ်စားပြုသည်။ အသီးသီး သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို လက်ခံရရှိခဲ့ပြီး၊ အသီးသီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို ရရှိခဲ့ကာ၊ အသီးသီးသည် သခင်ယေရှုမှ ၎င်းတို့ကို တာဝန်ပေး စေခိုင်းခဲ့သည့် အရာကို လက်ခံခဲ့သော်ငြားလည်း၊ တယောက်စီတွင် သီးလာသော အသီး မှာမူ မတူညီပေ။ တစ်ဦးသည် စစ်မှန်စွာ အသီးသီးပြီး၊ အခြားတစ်ဦးမှာမူ မသီးချေ။ ၎င်းတို့၏ အခြင်းအရာ များမှ၊ ၎င်းတို့မှ အပြင်ပန်းသဏ္ဍာန်အားဖြင့် ဖော်ပြခဲ့သည့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်နှင့်၊ ၎င်းတို့၏ နောက်ဆုံးနိဂုံးများမှ၊ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်ရမည်၊ မည်သည့် လမ်းကြောင်းကို သင် ရွေးချယ် လျှောက်လှမ်းရမည်ကို သင်နားလည်သင့်သည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြားနားသော လမ်း ကြောင်း နှစ်ခုကို လျှောက်ခဲ့ကြသည်။ ပေါလုနှင့် ပေတရုတို့သည် လမ်းကြောင်း အသီးသီး၏ စံနမူနာပင် ဖြစ်သည်၊ ထို့ကြောင့် အစအဦးကတည်းက ၎င်းတို့သည် ဤလမ်းကြောင်းနှစ်ခုအား ပုံဆောင်ပြရန် ရွေးထုတ် ခံရခြင်း ဖြစ်သည်။ ပေါလု အတွေ့အကြုံများ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ အဘယ့် ကြောင့် သူသည် မအောင်မြင်ခဲ့ရသနည်း။ ပေတရု အတွေ့အကြုံ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ သူသည် စုံလင်စေခြင်းကို အဘယ်သို့လျှင် တွေ့ကြုံခံစားခဲ့ရသနည်း။ ၎င်းတို့ အသီးသီး အလေးထားသည့် အရာကို သင်နှိုင်းယှဉ်ကြည့်လျှင်၊ ဘုရားသခင်သည် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး အတိအကျကို လိုအပ်တောင်းဆိုသည်ကို သင်သိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်သည် အဘယ်အရာ ဖြစ်သည်၊ ဘုရားသခင်၏ စိတ်နေသဘောထားသည် အဘယ်အရာ ဖြစ်သည်၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး သည် အဆုံးတွင် စုံလင်စေခြင်း ခံရမည်နှင့်၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် စုံလင်စေခြင်း မခံရမည် အပါအဝင်၊ စုံလင်စေခြင်း ခံရမည့် ထိုသူများ၏ စိတ်သဘောထားသည် အဘယ် အရာဖြစ်သည်နှင့် စုံလင်စေခြင်း မခံရမည့် ထိုသူများ၏ စိတ်သဘောထားသည် အဘယ်အရာ ဖြစ်သည် စသည့် ဤကိစ္စရပ်များ၏ အခြင်းအရာကို ပေတရုနှင့် ပေါလု၏ အတွေ့အကြုံများထဲတွင် မြင်တွေ့ နိုင်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေရန် ပြုပြီး၊ သူ၏ အုပ်စိုးမှုသို့ ဆက်ကပ်နာခံစေရန် ပြုသည်။ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ပြီး၊ ထို့အတွက် အရာခပ်သိမ်းသည်လည်း သူ၏ လက်ထဲတွင် ရှိသည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်များနှင့် မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက် ရမည် ဖြစ်သည်။ ၎င်းတို့တွင် မည်သည့် ရွေးချယ်မှုမျှ မရှိနိုင်ပဲ၊ သူ၏ စီစဉ်ညွှန်ကြားမှုများထံ အရာအားလုံး ဆက်ကပ်နာခံ ရမည်။ ဤသည်မှာ ဘုရားသခင်၏ အမိန့်တော်ပင် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာလည်း ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အရာခပ်သိမ်း အသီးသီးကို ၎င်းတို့ ၏ အမျိုးအစားနှင့်အညီ သတ်မှတ်ပြီး အစီစဉ်တကျ ထားကာ အဆင့်အတန်း သတ်မှတ်ပေးသည်၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးသည်။ ယင်းသည် မည်မျှပင် ကြီးမြတ် နေပါစေ၊ မည်သည့်အရာကမျှ ဘုရားသခင်ထက် မသာလွန်နိုင်ပါ၊ အရာခပ်သိမ်းသည် ဘုရားသခင်မှ ဖန်ဆင်း ခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံရန် သို့မဟုတ် ဘုရားသခင်အား တောင်းဆိုမှုများ ပြုရန် မဝံ့ရဲကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်။ လူသည် အရာခပ်သိမ်း၏ အုပ်စိုးရှင် သို့မဟုတ် သခင်ဟူ၍ မည်သို့ပင် ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းတွင် လူ၏ အဆင့်အတန်းသည် မည်မျှပင် မြင့်မားနေ စေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားသတ္တဝါမျှသာ ရှိသေးပြီး၊ အရေး မပါသော လူသားသတ္တဝါ တစ်ဦးထက်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် ဘာမျှ မပိုပဲ၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်ကို ရောက်နိုင်လိမ့်မည် မဟုတ်။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေနှင့် လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းငှာ ဖွေရှာ သင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုလုပ်ပဲ ဘုရားသခင်အား ချစ်ခြင်းငှာ ဖွေရှာသင့်သည်၊ အကြောင်း မှာ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သောကြောင့် ဖြစ်သည်။ ဘုရားသခင်အား ချစ်ခြင်းငှာ ဖွေရှာသော ထိုသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူတို့၏ ပုဂ္ဂိုလ်ရေး တောင့်တ ချက်များကို မဖွေရှာသင့်ပေ။ ဤသည်မှာ လိုက်လျှောက်ခြင်း၏ အမှန်ကန်ဆုံးသော နည်းစနစ်ပင် ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပြီး၊ သင်လက်တွေ့ ကျင့်ဆောင်သော အရာသည်လည်း သမ္မာတရား ဖြစ်ကာ၊ သင်ရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းဖြစ်သည် ဆိုပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းပင် ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးများ ဖြစ်ပြီး၊ သင်လက်တွေ့ ကျင့်ဆောင်သော အရာသည် သင့်ကိုယ်ပိုင် အယူ အဆများ၏ အမှန်တရားသာ ဖြစ်လျှင်၊ သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်း ဘာမျှ မရှိလျှင်၊ သင်သည် ဇာတိပကတိထဲမှ ဘုရားသခင်အား လုံးဝ နာခံခြင်းမရှိလျှင်၊ သင်သည် မရေရာမှုအထဲ၌သာ နေထိုင် လျက် ရှိနေသေးလျှင်၊ သင်ဖွေရှာသော အရာသည် သင့်အား ငရဲသို့ ဧကန်မုချပင် ခေါ်သွားမည် ဖြစ်သည်၊ အကြောင်းမှာ သင်လျှောက်သော လမ်းကြောင်းသည် ရှုံးနိမ့်မှု၏ လမ်းကြောင်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည်၊ သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည် ဆိုသည်မှာ သင်ကိုယ်တိုင်၏ လိုက်လျှောက်ခြင်းအပေါ်တွင် မူတည်နေသည်၊ ပြောရမည်ဆိုလျှင် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

0ရှာဖွေခြင်း ရလဒ်များ