အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

အလုပ်များစွာနှင့် စကားပေါင်းများစွာသည် သင့်အပေါ်သို့ မသက်ရောက်လျှင် ဘုရားသခင်၏ အလုပ်ကို ဖြန့်ဝေရန် အချိန်ကျသောအခါ သင့်တာဝန်ကို သင်ကျေနိုင်မည်မဟုတ်ဘဲ သင်အရှက်ရပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်အကြောင်း သင်သိသမျှသည် အပေါ်ယံမျှသာဖြစ်ပြီး ဘုရားသခင်ထံ အကြွေးများစွာ တင်နေပြီဖြစ်ကြောင်း သင်ခံစားရလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်နေစဉ် ယနေ့ ဘုရားသခင်အကြောင်း သင်မရှာမှီးလျှင် နောက်ပိုင်းတွင် အလွန်နောက်ကျသွားပေလိမ့်မည်။ အဆုံးတွင် သင်၌ပြောစရာ ဘာမျှမရှိ- သင့်တွင် ဘာမျှမရှိ၊ ဗလာနတ္ထိသာ ကျန်ပေလိမ့်မည်။ သို့ဆိုလျှင် ဘုရားသခင် အကြောင်းပြောပြရန် သင်ဘာကိုအသုံးပြုမည်နည်း။ ဘုရားသခင်ကို ကြည့်ရှုရန် သင့်ထံတွင် နာကြည်းမှု ရှိနေပါသလား။ ယခုပင်လျှင် သင်ရှာမှီးရန် အပြင်းအထန် ကြိုးစားသင့်သည်။ သို့ဖြင့် အဆုံးတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူတို့အတွက် မည်မျှလောက် အကျိုးကျေးဇူးရှိသည်ကို ပေတရုကဲ့သို့ သင်သိလာလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမပါဘဲ လူသည် ကယ်တင်ခြင်းကို မရနိုင်ဘဲ ဆိုးညစ်သောမြေထဲ၊ နွံထဲသို့ နစ်သည်ထက်သာ နစ်နိုင်ပေသည်။ လူတို့အား စာတန်က ဖျက်ဆီးခဲ့ပြီး အချင်းချင်းဆန့်ကျင်ကြံစည်လျက်၊ အချင်းချင်းအပေါ် ဗိုလ်ကျခြယ်လှယ်ကာ၊ ဘုရားသခင် အား မကြောက်ရွံ့တော့ဘဲ သူတို့၏ မနာခံမှုသည် ပိုမိုကြီးထွားလာသည်။ သူတို့၏ စိတ်ကူးအကြံများမှာ အလွန်များပြားပြီး အားလုံးမှာ စာတန်နှင့် သက်ဆိုင်လေသည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရား စီရင်ခြင်း မရှိပါက လူ၏ ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်နိုင်ခြင်း မရှိဘဲ သူသည် ကယ်တင်ခြင်းကို ရနိုင်မည်မဟုတ်။ လူ့ဇာတိအဖြစ်ကို ခံယူထားသော ဘုရားသခင်၏ လူ့ဇာတိအလုပ်အားဖြင့် ဖော်ပြသည်မှာ အတိအကျဆိုရလျှင် ဝိညာဉ်တော်က ဖော်ပြသည့်အရာ ဖြစ်ပြီး ဘုရားသခင် လုပ်သည့်အလုပ်မှာ ဝိညာဉ်တော် အားဖြင့် လုပ်သောအလုပ်အတိုင်းသာ ဖြစ်လေသည်။ ယနေ့တွင်၊ ဤအလုပ်အကြောင်း သင်ဘာမျှ မသိပါက သင်သည် အလွန်မိုက်မဲလှပြီး ဆုံးရှုံးမှုများလှသည်။ အကယ်၍ သင်သည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို မရသေးပါက သင့်ယုံကြည်မှုသည် ဘာသာရေး ယုံကြည်မှုဖြစ်ပြီး သင်သည် ဘာသာရေး ခရစ်ယာန်တစ်ဦး ဖြစ်ပေသည်။ အကြောင်းမှာ သင်သည် မသုံးတော့သော အယူဝါဒကို စွဲကိုင်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို သင်ဆုံးရှုံးခဲ့သည်။ ဘုရားသခင်၏ မေတ္တာနောက်သို့ လိုက်သော အခြားသူများ သည် သမ္မာတရားနှင့် အသက်ကို ရနိုင်ပြီး စင်စစ်အားဖြင့် သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်၏ အတည်ပြုမှုကို ရရန် မစွမ်းသာပေ။ ယင်းအစား၊ သင်သည် ဖျက်ဆီးတတ်ပြီး မုန်းစရာကောင်းသော အပြုအမူများကို လုပ်သည့် ယုတ်မာသူတစ်ဦး ဖြစ်လာပြီး သင်သည် စာတန် လှောင်ပြောင်စရာတစ်ဦး၊ စာတန်၏ အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် လူ၏ ယုံကြည်ခြင်းကို ခံရဖို့မဟုတ်၊ လူ၏ ချစ်ခြင်းကို ခံရန်၊ လူ၏ နောက်သို့လိုက်ခြင်းနှင့် ဆည်းကပ်ကိုးကွယ်ခြင်းတို့ကို ခံရန်ဖြစ်လေသည်။ သင် ယနေ့ မရှာမှီးပါက "ဘုရားသခင်နောက်သို့ ကျွန်ုပ် ကောင်းစွာလိုက်ခဲ့လျှင်၊ ဘုရားသခင် ကျေနပ်အောင် ကောင်းစွာ ပြုခဲ့လျှင်၊ ကျွန်ုပ်၏ အသက်တာ စိတ်သဘောထားထဲရှိ ပြောင်းလဲမှုများနောက်သို့ ကျွန်ုပ်လိုက်လျှောက်ခဲ့လျှင် ကောင်းခဲ့ပေမည်။ ထိုအချိန်မှာ ဘုရားသခင်ထံ မဆက်ကပ်နိုင်ခဲ့ခြင်းနှင့် ဘုရားသခင်၏ စကားအဓိပ္ပါယ်ကို မရှာမှီးခဲ့ခြင်းတို့ကို ကျွန်ုပ် နောင်တရမိ လေတော့သည်။ ထိုစဉ်က ဘုရားသခင်သည် များစွာ ပြောခဲ့သည်။ ကျွန်ုပ်ဘယ်လိုများ မရှာမှီးခဲ့မိပါလိမ့်။ ကျွန်ုပ်သည် အလွန်မိုက်မဲလှပေစွ" ဟု သင်ပြောမည့် နေ့ရက်သည် ရောက်လာလိမ့်မည်။ သင်သည် သင့်ကိုယ်သင် အတိုင်းအတာတစ်ခုအထိ မုန်းတီးမိလိမ့်မည်။ ယနေ့တွင် သင်သည် ငါပြောသော စကားများကို သင်မယုံကြည်၊ ငါ့စကားများကို သင်ဂရုမပြု၊ ဤအလုပ်ကို ဖြန့်ဝေရန် နေ့ရက်သို့ရောက်သောအခါ သင်သည် အလုံးစုံမြင်ရမည်။ သင်နောင်တရမည်ဖြစ်ပြီး ထိုအချိန်တွင် သင်သည် အံ့အားသင့်လျက် ကြက်သေသေနေပေလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိ၏၊ သို့သော် ယင်းတို့၌ ပျော်မွေ့ရ ကောင်းမှန်း သင်မသိ။ သမ္မာတရားရှိ၏၊ သို့သော် သင်မရှာမှီး။ သင့်ကိုယ်သင် အထင်သေးခြင်း မဖြစ်သလော။ ယနေ့တွင်၊ ဘုရားသခင်၏ အလုပ် နောက်တစ်ဆင့် မစတင်သေးသော်လည်း သင့်အား တောင်းဆိုသော အရာများနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုသောအရာများနှင့် ပတ်သက်ပြီး ထူးထူးခြားခြား မရှိပါ။ အလုပ်များစွာရှိ၏၊ အမှန်တရား များစွာရှိ၏။ ယင်းတို့သည် သင်၏သိခြင်းကို ခံရရန် မထိုက်တန်သလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို လှုပ်နှိုးနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးရန် မစွမ်းဆောင်နိုင် သလော။ သင်သည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ငြိမ်းချမ်းစွာ၊ ဝမ်းမြောက်စွာ၊ လောကီရေးရာ အနည်းငယ် သက်တောင့်သက်သာရှိစွာ နေထိုင်ရန် တင်းတိမ်ရောင့်ရဲနေပါသလော။ သင်သည် လူအားလုံးတွင် အနိမ့်ဆုံး ဖြစ်မနေပေဘူးလား။ ကယ်တင်ခြင်းကို မြင်ပြီးသော်လည်း ကယ်တင်ခြင်းရရန် မလိုက်လျှောက် သူထက် ပို၍ ရူးမိုက်သောသူမရှိ၊ သူတို့သည် မိမိကိုယ်ကို ဇာတိပကတိ၌ အလွန်ပျော်ပါးပြီး စာတန်နှင့် ပျော်မွေ့နေသူများဖြစ်သည်။ သင်၏ ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့် စိန်ခေါ်မှုများ သို့မဟုတ် ကြီးစွာ ဘေးဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ စိုးစဥ်းကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ တန်ဖိုးမရှိသော အရာများနောက်သို့ သင်အမြဲလိုက်ပြီး၊ ဘဝကို တန်ဖိုးရှိအောင် သင်မလုပ်။ အဲ့ဒီအစား သင့်အတွေးမြောက်မြားစွာကို သမ္မာတရားရှေ့မှောက်၌ ချထားသည်။ သင်သည် အလွန်တန်ဖိုးမဲ့လေသည်။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ ရှင်သန်နေသည်- သင်သည် ဝက်များ ခွေးများနှင့် ဘာများကွာခြားသနည်း။ သမ္မာတရားနောက်သို့ မလိုက်ဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ မဟုတ်လော။ ဤအသေကောင်များသည် ဝိညာဉ်မရှိဘဲ လမ်းလျှောက်နေသည့် အလောင်းကောင်များအားလုံး မဟုတ်ပေလော။ သင်တို့အထဲတွင် စကားပေါင်း မည်မျှ ပြောပြီးပြီနည်း။ သင်တို့ကြားတွင် အလုပ်အနည်းငယ်လောက်သာ ပြီးမြောက်ထားခြင်း ရှိသလော။ သင်တို့ကြား ငါမည်မျှလောက် ထောက်ပံ့ပေးခဲ့ပြီနည်း။ သို့တိုင် သင်ဘာကြောင့် မရသေးပါသနည်း။ သင်ဘာစောဒက တက်မည်နည်း။ သင်သည် ဇာတိပကတိ၌ အလွန်အမင်း ပျော်မွေ့နေသောကြောင့်သာ သင်ဘာမျှမရခြင်း မဟုတ်လော။ သင်၏ အတွေးများမှာ အလွန်ပင် တရားလွန်နေသောကြောင့် မဟုတ်သလော။ သင် အလွန်မိုက်မဲသောကြောင့် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို ရယူရန် သင်မစွမ်းဆောင်နိုင်ပါက သင့်ကို ဘုရားသခင် မကယ်တင်ခြင်းကို သင်အပြစ်တင်နိုင်မည်လော။ သင်ရှာမှီးသည်မှာ ဘုရားသခင်ကို သင်ယုံကြည်ပြီးနောက် ငြိမ်းချမ်းခြင်း ရနိုင်ရန်ဖြစ်သည်- သင့်သားသမီးများ နေထိုင်မကောင်း မဖြစ်စေရန်၊ သင့်ခင်ပွန်း အလုပ်ကောင်းကောင်း ရရန်၊ သင့်သား ဇနီးကောင်းတစ်ဦးကိုရရန်၊ သင့်သမီး ရည်မွန်သော ခင်ပွန်းတစ်ဦးကိုရရန်၊ သင့်မြင်းများ၊ နွားများ မြေကိုကောင်းစွာထွန်ယက်ရန်၊ သင့်ကောက်ပဲသီးနှံများအတွက် တစ်နှစ်ပတ်လုံး ရာသီဥတုကောင်းမွန်ရန်၊ သင်ရှာဖွေသည်မှာ ယင်းတို့ဖြစ်သည်။ သင်လိုက်လျှောက်သည်မှာ သက်တောင့်သက်သာ နေထိုင်ရန်သာ ဖြစ်သည်။ သင့်မိသားစုထံသို့ မတော်တဆမှုများ မကျရောက်ရန်၊ သင့်အနား လေပြေဖြတ်သွားရန်၊ သင့်မျက်နှာကို မြေမှုန်မထိစေရန်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေမနစ်မြုပ်စေရန်၊ မည်သည့် သဘာဝဘေးအန္တရာယ်မှ သင့်အပေါ်သို့ မကျရောက်စေရန်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် နေထိုင်ရန်၊ ဇိမ်ရှိသောအသိုက်အမြုံထဲတွင် နေထိုင်ရန်တို့အတွက်သာ သင်ရှာမှီးနေသည်။ ဇာတိပကတိနောက်သို့ အမြဲလိုက်နေသည့် သင်ကဲ့သို့သော သတ္တိကြောင်သူတစ်ဦး- သင့်မှာ စိတ်နှလုံးရှိ ပါသလော၊ သင့်မှာ ဝိညာဉ်ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အတုံ့အပြန် ဘာကိုမျှ မတောင်းဆိုဘဲ စစ်မှန်သောလမ်းကို သင်အား ပေးခဲ့သော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဘုရားသခင်အား ယုံကြည်သော ထိုသူတွေထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ်သို့ စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဝက်များ ခွေးများနှင့် ဘာမျှမထူးဘူး မဟုတ်လော။ ဝက်များသည် လူ့အသက်ကို မလိုက်လျှောက်၊ သန့်ရှင်းခြင်းသို့ရောက်ရန် မလိုက်လျှောက်၊ အသက်ဆိုသည်ကို သူတို့နားမလည်။ နေ့စဉ် ဝသည်ထိစားပြီး အိပ်ရုံသာ ပြုကြသည်။ ငါသည် သင့်အား လမ်းမှန်ကို ပေးပြီးဖြစ်သော်လည်း သင်၌ဤလမ်းမှန်မရှိသေး၊ သင့်တွင် ဗလာနတ္တိပင်ဖြစ်ပေသည်။ ဝက်တစ်ကောင်၏ဘဝ၊ ဤဘဝတွင် ဆက်လက်နေထိုင်ရန် သင်လိုလားပါသလော။ ထိုသို့သောသူများ၏ အသက်ရှင်မှုတွင် မည်သည့် ထူးခြားမှု ရှိပါသနည်း။ သင့်ဘဝသည် အထင်သေးဖွယ်၊ ရှက်ဖွယ်ဖြစ်ပြီး သင်သည် ညစ်ညမ်းပြီး သိက္ခာကင်းမဲ့စွာ အသက်ရှင်နေသည်။ သင်သည် မည်သည့် ရည်မှန်းချက်နောက်သို့မှ မလိုက်ဘဲ သင့်ဘဝသည် အားလုံးထဲတွင် ရှက်စရာအကောင်းဆုံး ဖြစ်နေသည် မဟုတ်လော။ ဘုရားသခင်ကို ကြည့်ရှုရန် သင့်ထံတွင် နာကြည်းမှု ရှိနေပါသလော။ ဤနည်းအတိုင်း သင်ဆက်တွေ့ကြုံနေပါက သင်ဘာရမည်နည်း။ မှန်ကန်သောလမ်းကို သင့်အား ပေးပြီးသော်လည်း နောက်ဆုံးတွင် သင်ရ၊ မရ ဆိုသည်မှာ သင်၏ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မှုပေါ် မူတည်ပေသည်။ လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ပြီး လူသည် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်နေသမျှကာလပတ်လုံး ဘုရားသခင်သည် အဖြောင့်မတ်ဆုံးဖြစ်သည့်အတွက် လူတို့အပေါ်တွင် သမာ သမတ်ကျမည်မှာ သေချာသည်ဟု ဆိုကြသည်။ လူသည် အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်ပါက ဘုရားသခင်က သူ့အား ဘေးဖယ်ထားနိုင်မည်လော။ ငါသည် လူသားအားလုံးအပေါ် သမာသမတ်ကျကာ လူတိုင်းအား ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် တရားစီရင်သည်၊ သို့သော် လူအား ငါတောင်းဆိုသော သင့်လျော်သည့် သတ်မှတ်ချက်များ ရှိပြီး မည်သူမဆို လူတိုင်း ငါတောင်းဆိုသောအရာကို ပြီးမြောက်ရမည်၊ သင့်အရည်အချင်းများ မည်မျှကျယ်ပြန့်သည် သို့မဟုတ် မည်သို့ အားနည်းသည်ကို ငါဂရုမစိုက်၊ သမ္မာတရားကို သင် ချစ်ခြင်း သို့မဟုတ် ဆာငတ်ခြင်း ရှိ မရှိနှင့် ငါ့လမ်းတွင် သင်လျှောက်၏၊ မလျှောက်၏ ကိုသာ ငါဂရုစိုက်သည်။ သင့်တွင် သမ္မာတရားမရှိဘဲ ငါ့နာမည်ကို အရှက်ရစေပြီး ငါ့နည်းလမ်းအတိုင်း မလုပ်ဆောင်၊ ဂရုစိုက်ခြင်း သို့မဟုတ် အလေးထားခြင်းမရှိဘဲ လိုက်နာသည်ဆိုရုံမျှသာ လုပ်ဆောင်ပါက၊ ထိုအချိန်တွင် ငါသည် သင့်ကို လဲကျစေပြီး သင်ပြုသော မကောင်းမှုအတွက် သင့်ကို ပြစ်ဒဏ်ပေးမည်။ သို့ဆိုလျှင် သင်ဘာပြော မည်နည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောနိုင်မည်လော။ ယနေ့တွင်၊ ငါပြောခဲ့သော စကားများ အတိုင်း သင်လိုက်နာပါက သင်သည် ငါအတည်ပြုသော လူမျိုး ဖြစ်လိမ့်မည်။ ဘုရားသခင်နောက်သို့ လိုက်စဉ် သင်သည် ဒုက္ခဆင်းရဲ အမြဲခံစားရသည်၊ သူ့နောက်သို့ အေးအတူပူအမျှ လိုက်ခဲ့ပြီးပြီ၊ သူနှင့် ဆိုးတူကောင်းဖက် အတူဝေမျှခဲ့ပြီဟု သင်ဆိုသည်၊ သို့သော် သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများအတိုင်း မနေထိုင်ခဲ့ပါ၊ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်နောက် အပြေးအလွှား လိုက်ဖို့သာ ဆန္ဒရှိပြီး အသက်တာကို လေးလေးနက်နက် ရှင်သန်ရန်ကိုမူ ဘယ်သောအခါမျှ သင်မစဉ်းစားခဲ့။ အရာရာတွင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု သင်ယုံကြည်ကြောင်း သင်ဆိုသည်- သူ့အတွက် သင်ဒုက္ခဆင်းရဲ ခံခဲ့ရသည်၊ သူ့အတွက် သင်လှုပ်ရှား ရုန်းကန် သည်၊ သင့်ကိုယ်သင် သူ့ထံ၌ ပေးအပ်ဆက်ကပ်ထားသည်၊ မည်သည့်အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း သင်ကြိုးစား လုပ်ဆောင်သည်။ သူ သင့်ကို အမှတ်ရမှာ သေချာပါသည်။ ဘုရားသခင်သည် ဖြောင့်မတ်သည် ဆိုသည်မှာ အမှန်ဖြစ်၏။ သို့သော် ဖြောင့်မတ်မှုတွင် မည်သည့် မစင်ကြယ်ခြင်းမျှ စွန်းထင်းမနေပါ- ယင်းတွင် လူသားတို့၏ အလိုဆန္ဒ မပါ၊ ဇာတိပကတိ သို့မဟုတ် လူသားတို့၏ ကိစ္စအဝဝတို့ဖြင့် အမည်းစက်ထင်ခြင်း မရှိပါ။ သူ့အား ပုန်ကန်သူ၊ ဆန့်ကျင်သူနှင့် သူ၏လမ်းကို မလိုက်လျှောက်သောသူ အားလုံးတို့သည် အပြစ်ဒဏ် ပေးခြင်းကို ခံရကြမည်၊ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရ၊ မည်သူ့ကိုမျှ ချမ်းသာမပေး။ အချို့လူများက "ယနေ့ ကိုယ်တော့်အတွက် ကျွန်ုပ်လှုပ်ရှားရုန်းကန်ပါ၏။ အဆုံးသို့ရောက်သောအခါ ကျွန်ုပ်အား ကောင်းချီးအနည်းငယ် ပေးနိုင်ပါမည်လား" ဟု ဆိုသည်။ သို့ဆိုလျှင် သင့်ကို ငါမေးမည် "သင်သည် ငါ့စကားများကို လိုက်နာပြီး ပါပြီလော။" သင်ပြောသော ဖြောင့်မတ်မှုသည် ကိစ္စရပ်ပေါ် မှီတည်နေသည်။ ငါသည် ဖြောင့်မတ်ပြီး လူသား အားလုံးအပေါ် သမာသမတ်ကျကာ အဆုံးတိုင်အောင် ငါ့နောက်လိုက်သူမှန်သမျှသည် ကယ်တင်ခြင်းကို ခံရပြီး ငါ့ကောင်းချီးများကို သေချာပေါက်ရမည်ဟုသာ သင်ထင်နေသည်။ ငါ့စကားများတွင် သိုဝှက်အဓိပ္ပါယ်ရှိသည် "နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူ အားလုံးသည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိမည်" - နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်သောသူ တို့သည် ငါ လုံးလုံးလျားလျား ရယူမည့်သူများ ဖြစ်ပေသည်။ သူတို့ကို ငါသိမ်းပိုက်ပြီးနောက် သူတို့သည် သမ္မာတရားကို ရှာဖွေပြီး ပြီးပြည့်စုံခြင်းသို့ ရောက်ကြသူများ ဖြစ်သည်။ မည်သည့် အခြေအနေများကို သင်ရရှိပြီးပါပြီလဲ။ နောက်ဆုံးအချိန်အထိ ငါ့နောက်သို့ လိုက်ခြင်းသာ သင်ရရှိပြီ၊ အခြား ဘာရှိသေးသနည်း။ ငါ့စကားများကို လိုက်နာပြီးပြီလော။ သင်သည် ငါ့တောင်းဆိုချက် ငါးချက်ထဲမှ တစ်ချက်ကို လုပ်ဆောင်ပြီး ဖြစ်သော်လည်း ကျန်ရှိသော လေးချက်ကို ပြီးမြောက်ရန် ရည်ရွယ်ချက် မရှိပေ။ သင်သည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလမ်းကို တွေ့ရှိပြီးဖြစ်ပြီး သင့်ကိုယ်သင် ကံကောင်းပြီဟု ထင်ကာ ယင်းလမ်းကို လိုက်လျှောက်ခဲ့သည်။ သင်ကဲ့သို့သော လူများအတွက် ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း တစ်ခုခု ဖြစ်သည်။ ယင်းသည် ဖြောင့်မတ်သော ဒဏ်ခတ်ခံရခြင်းတစ်ခု ဖြစ်ပြီး မကောင်းမှုပြုလုပ်သူ အားလုံးအတွက် ဖြောင့်မတ်သော ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ငါ့လမ်း၌ မလျှောက်လှမ်းသောသူ အားလုံးသည် နောက်ဆုံးအချိန်အထိ လိုက်လျှင်ပင် ပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ခံရပေမည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပင် ဖြစ်၏။ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားအား ပြစ်ဒဏ်ပေးခြင်းဖြင့် ဖော်ပြသည့်အခါ လူသားသည် အံ့အားသင့်လျက် ကြက်သေသေနေပေလိမ့်မည်။ ဘုရားသခင်နောက်သို့လိုက်စဉ် ဘုရားသခင်၏လမ်း၌ မလျှောက်ခဲ့သည့်အတွက် နောင်တရပေမည်။ ထိုအချိန်ရောက်လျှင် ဘုရားသခင်နောက် လိုက်နေစဉ် သူအနည်းငယ်သာ ဒုက္ခခံစားခဲ့သည် သို့သော် ဘုရားသခင်၏ လမ်း၌ မလျှောက်လှမ်းခဲ့။ မည်သည့်ဆင်ခြေများ ရှိသနည်း။ ပြစ်တင်ဆုံးမ ခံရခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပါ။ သို့တိုင် သူ့စိတ်ထဲတွင် "မည်သို့ပင်ဆိုစေ နောက်ဆုံးအချိန်ထိ လိုက်ခဲ့ပြီးပြီ။ ကိုယ်တော် ကျွန်ုပ်ကို ဆုံးမလျှင်ပင် ပြင်းပြင်ထန်ထန် ဆုံးမလိမ့်မည် မဟုတ်ပါ။ ဤသို့ဆုံးမပြီးလျှင် ကိုယ်တော် ကျွန်ုပ်ကို အလိုရှိနေပေဦးမည်။ ကိုယ်တော်သည် ဖြောင့်မတ်ကြောင်း ကျွန်ုပ်သိပါ၏။ ကျွန်ုပ်အား ထိုနည်းဖြင့် အမြဲ ဆက်ဆံလိမ့်မည် မဟုတ်ပါ။ အဆုံးမှာတော့ ကျွန်ုပ်သည် ရှင်းထုတ်ခြင်း ခံရသူများနှင့် မတူပါ။ ရှင်းထုတ်ခြင်း ခံရသူများသည် ပြင်းထန်သော ပြစ်တင်ဆုံးမခြင်းမျိုးကို ခံရမည်ဖြစ်သော်လည်း ကျွန်ုပ်အား ပြစ်တင်ဆုံးမခြင်းမှာတော့ ပေါ့ပါးလိမ့်မည်" ဟု တွေးနေပေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သင်ပြောသလိုမဟုတ်။ မိမိတို့အပြစ်ကို ဝန်ခံတတ် သည့်သူများကို သက်ညှာစွာ ဆက်ဆံသည့် ကိစ္စမဟုတ်။ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းမြင့်မြတ်ခြင်းဖြစ်ပြီး လူတို့၏ ပြစ်မှုများကို အမှန်တကယ် လက်မခံသော စိတ်သဘောထားဖြစ်သည့်အပြင် ညစ်ညမ်းသော အရာများနှင့် မပြောင်းလဲသောအရာများ အားလုံးသည် ဘုရားသခင် စက်ဆုပ်ရွံရှာသော အရာ ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ပညတ်ချက်မဟုတ်၊ သို့သော် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်သည်- ယင်းသည် နိုင်ငံအတွင်းရှိ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ဖြစ်ပြီး ယင်းစီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ ပြောင်းလဲမှုမရှိသော မည်သူမဆိုအတွက် ဖြောင့်မတ်သော ပြစ်ဒဏ် ဖြစ်ပြီး ကယ်တင်ခြင်းအတွက် နယ်နိမိတ် မရှိပါ။ လူကို အမျိုးအစားအလိုက် ခွဲခြားသည့်အခါ ကောင်းသော သူများသည် ဆုကိုရမည်ဖြစ်ပြီး မကောင်းသောသူများသည် ပြစ်ဒဏ်ပေးခြင်းကို ခံရမည်။ လူ၏ရည်မှန်းချက်ကို ရှင်းလင်းအောင် လုပ်သည့်အချိန်သည် ကယ်တင်ခြင်းအလုပ် အဆုံးသတ်မည့် အချိန်ဖြစ်ပြီး လူကို ကယ်တင်ခြင်းသည် နောက်ထပ် မဖြစ်တော့ပေ။ ဒဏ်ခတ်ခံရခြင်းသည် မကောင်းမှုကို ကျူးလွန်သူတိုင်း အပေါ်သို့ ကျရောက်လိမ့်မည်။ အချို့တို့က "ဘုရားသခင်သည် ကိုယ်တော့်အနားမှာ မကြာခဏရှိသောသူတိုင်းကို အမှတ်ရလိမ့်မည်။ ကျွန်ုပ်သည် ထိုညီအစ်ကို မောင်နှမများထဲမှ တစ်ဦးဖြစ်ပြီး ကျွန်ုပ်တို့ထဲမှ မည်သူ့ကိုမျှ ဘုရားသခင်သည် မေ့နိုင်လိမ့်မည်မဟုတ်။ ကျွန်ုပ်တို့ကို ဘုရားသခင် ပြည့်စုံစေမည်မှာ သေချာပါသည်။ ကျွန်ုပ်တို့အောက်တွင် ရှိသောလူများကို ကိုယ်တော် သတိရမည်မဟုတ်၊ သူတို့အထဲတွင် ပြည့်စုံခြင်းသို့ ရောက်မည့်သူများမှာ ဘုရားသခင်အား မကြာခဏတွေ့သော ကျွန်ုပ်တို့လောက် မသေချာပါ။ ကျွန်ုပ်တို့တွင် မည်သူ့ကိုမျှ ဘုရားသခင် မေ့မည်မဟုတ်၊ ကျွန်ုပ်တို့အားလုံးကို ဘုရားသခင် အတည်ပြုပြီး ဖြစ်ပြီး ဘုရားသခင်က ပြည့်စုံစေမည်မှာ သေချာလှပါသည်" ဟု ဆိုလိမ့်မည်။ သင်တို့အားလုံးတွင် ထိုကဲ့သို့သော အတွေးအမြင်များ ရှိသည်။ ၎င်းသည် ဖြောင့်မတ်ခြင်း ဟုတ်ပါသလော။ သမ္မာတရားကို သင် လက်တွေ့ ကျင့်သုံး ပါသလား၊ သို့မဟုတ် မကျင့်သုံးဘူးလား။ ထိုကဲ့သို့သော ကောလာဟလများကို သင်အမှန်တကယ် ဖြန့်ဝေနေသည်- သင့်မှာ အရှက်မရှိ။

ယနေ့တွင် အချို့ သောသူတို့သည် ဘုရားသခင် အသုံးပြုခြင်းကို ခံရရန် ကြိုးစားကြသည်၊ သို့သော် သိမ်းပိုက်ခံရပြီးနောက် သူတို့အား တိုက်ရိုက် အသုံးမပြုနိုင်ပါ။ ယနေ့ပြောစကားများအတိုင်း ဘုရားသခင်သည် လူတို့ကို အသုံးပြုသည့်အခါ သင်သည် ယင်းတို့ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိသေးပါက၊ သင်သည် ပြည့်စုံစေခြင်းကို မခံရသေးပါ။ တစ်နည်းအားဖြင့် လူကို ပြည့်စုံစေသည့် ကာလပြီးဆုံးချိန် ရောက်ရှိ လာသောအခါ လူကိုသုတ်သင်ဖယ်ရှားမည်လား သို့မဟုတ် ဘုရားသခင်အသုံးပြုမည်လား ဆိုသည်ကို အဆုံး အဖြတ် ပေးသွားလိမ့်မည်။ သိမ်းပိုက်ခြင်း ခံရပြီးသောသူများသည် မတုန်မလှုပ်နေခြင်းနှင့် ဆန့်ကျင်ခြင်းဆိုင်ရာ ဥပမာများထက် ဘာမျှမပိုပေ။ သူတို့သည် နမူနာများနှင့် စံပြလူများ ဖြစ်သည် သို့သော် သူတို့သည် ဆန့်ကျင် ကွဲပြားမှု တစ်ခုထက် ဘာမျှ မပိုပေ။ လူသည် အသက်ကို ရရှိမှသာ သူ၏ စိတ်သဘောထားသည် ပြောင်းလာပြီး အတွင်း၊ အပြင် ပြောင်းလဲမှုကို ရရှိပြီး သူသည် ပြီးပြည့်စုံစေခြင်းသို့ လုံးလုံးလျားလျား ရောက်ရှိလိမ့်မည်။ ယနေ့တွင်၊ မည်သည့်အရာကို သင်အလိုရှိသနည်း၊ သိမ်းပိုက်ခံရခြင်းလား၊ ပြည့်စုံစေခြင်းလား။ မည်သည့် အရာကို ရရှိရန် သင်အလိုရှိပါသနည်း။ ပြည့်စုံစေခြင်းသို့ရောက်ရန် သတ်မှတ်ချက်မည်မျှကို သင်ဖြည့်ဆည်း ပြီးပြီနည်း။ မည်သည့်အချက် ကျန်သေးသနည်း။ သင့်ကိုယ်သင် မည်သို့ အသင့်ဖြစ်အောင် လုပ်သင့်သနည်း၊ သင်၏ ချို့တဲ့ခြင်းများကို သင်မည်သို့ ဖြည့်မည်နည်း။ ပြည့်စုံစေခြင်းသို့ရောက်ရန် လမ်းကြောင်းသို့ သင်မည်သို့ ဝင်ရောက်သင့်သနည်း။ သင်မည်သို့ လုံးလုံးလျားလျား အပ်နှံသင့်သနည်း။ သင်သည် ပြည့်စုံခြင်းသို့ရောက်ရန် တောင်းဆိုသည်၊ သို့ဆိုလျှင် သင်သည် သန့်ရှင်းမြင့်မြတ်ခြင်းနောက်သို့ လိုက်ပါသလော။ ဘုရားသခင် သင့်အား ကာကွယ်စောင့်ရှောက်နိုင်ရန် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်ရှာမှီးပါသလော။ သင်သည် သန့်ရှင်းခြင်းသို့ရောက်ရန် လိုက်လျှောက်ခဲ့သည်၊ သို့ဆိုလျှင် သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရန် လိုလားပါသလော။ သင်သည် ဘုရားသခင်အား သိကျွမ်းရန် တောင်းဆိုသည် သို့သော် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိပါသလော။ ယနေ့တွင်၊ သင့်အပေါ်၌ ဘုရားသခင်လုပ်သော အလုပ်အများစုမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်၏။ ဤအလုပ်အကြောင်း သင်ဘာသိသနည်း။ သင့်အပေါ်၌ မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်တွေ့ကြုံခဲ့ရသော ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် သင့်အား သန့်ရှင်းစေပါသလော။ ယင်းသည် သင့်ကို ပြောင်းလဲစေခဲ့ ပါသလော။ ယင်းသည် သင့်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိသလော။ ယနေ့ အလုပ်များစွာကြောင့် သင်သည် မောပန်း နွမ်းနယ်နေပါသလော- ကျိန်ခြင်းများ၊ တရားစီရင်ခြင်းများနှင့် ဖော်ထုတ်ပြသမှုများ- သို့မဟုတ် ယင်းတို့သည် သင့်အတွက် အကျိုးထူးဖြစ်စေသည်ဟု ခံစားရပါသလော။ သင်သည် ဘုရားသခင်ကို ချစ်သည် သို့သော် မည်သည့်အတွက်ကြောင့် ချစ်ပါသနည်း။ ဘုရားသခင်အား သင်ချစ်သည်မှာ ကျေးဇူးတော် အနည်းငယ် သင်လက်ခံရသောကြောင့်လော၊ သို့မဟုတ် ဘုရားသခင်အား သင်ချစ်သည်မှာ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိခြင်းကြောင့်လော။ သို့မဟုတ် ဘုရားသခင်၏ ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်ပြီးနောက် ဘုရားသခင်အား ချစ်ပါသလော။ မည်သည့် တိကျသောအရာက သင့်အား ဘုရားသခင်ကို ချစ်စေပါသနည်း။ ပေတရုသည် ပြည့်စုံစေခြင်းသို့ရောက်ရန် မည်သည့် သတ်မှတ်ချက်များကို ဖြည့်ဆည်းခဲ့ပါသနည်း။ သူ့အား ပြည့်စုံစေပြီးနောက် ဖော်ပြသည့် အရေးပါသောလမ်းမှာ အဘယ်နည်း။ ပေတရုက သခင်ယေရှုအား ချစ်သည်မှာ သူသည် သခင်ယေရှုအား တမ်းတသောကြောင့်လော၊ သို့မဟုတ် သခင်ယေရှုအား သူ မမြင်နိုင်သောကြောင့်လော၊ သို့မဟုတ် သူ့အား အပြစ်တင်သောကြောင့်လော။ သို့မဟုတ် သခင်ယေရှုအား သူချစ်သည်မှာ အတိဒုက္ခခံစားရခြင်းကို သူလက်ခံခြင်း၊ သူ၏ ညစ်ညမ်းမှုနှင့် မနာခံတတ်မှု တို့ကို သိလာပြီး သခင်၏ သန့်ရှင်းမြင့်မြတ်မှုကို သိလာသောကြောင့် ဖြစ်ပါသလော။ ဘုရားသခင်ကို သူ၏ချစ်ခြင်းက ပိုမိုဖြူစင်လာသည်မှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့်လော သို့မဟုတ် အခြားအရာ တစ်ခုခုကြောင့်လော။ အဘယ်အရာနည်း။ သင်သည် ဘုရားသခင်ကိုချစ်သည်မှာ ဘုရားသခင်၏ ဂုဏ်ကျေးဇူးကြောင့် ဖြစ်ပြီး ယနေ့ သင့်အား ကောင်းချီးမင်္ဂလာ အနည်းငယ် ပေးသောကြောင့် ဖြစ်သည်။ ယင်းသည် မေတ္တာစစ် ဖြစ်ပါသလော။ ဘုရားသခင်အား မည်သို့ ချစ်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်လက်ခံသင့်သလော၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်ပြီးနောက် လုံးလုံးလျားလျား လက်ခံယုံကြည်ပြီး ဘုရားသခင်အကြောင်းကို သိလျက် မည်သို့ချစ်နိုင်သနည်း။ ပေတရုကဲ့သို့ ဘုရားသခင်အား လုံလုံလောက်လောက် မချစ်နိုင်ဟု သင်ဆိုနိုင်ပါသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ပြီးသည့်နောက် သိမ်းပိုက်ခံရရန် သို့မဟုတ် ပြစ်တင်ဆုံးမခြင်းနှင့် တရား စီရင်ခြင်း ပြီးသည့်နောက် သန့်ရှင်းစေရန်၊ အကာအကွယ်ရရန်နှင့် စောင့်ရှောက်ခံရရန်တို့အတွက် သင်လုပ် ဆောင်သော အရာများ ဟုတ်ပါသလော။ ဤအရာများထဲမှ မည်သည်ကို သင်လုပ်ဆောင်သနည်း။ သင်၏ အသက်တာသည် လေးနက်သောအသက်တာ ဖြစ်ပါသလော၊ သို့မဟုတ် အဓိပ္ပါယ်ကင်းမဲ့ကာ တန်ဖိုးမရှိသည့် ဘဝလော။ သင်သည် ဇာတိပကတိကို လိုချင်သလော၊ သို့မဟုတ် သမ္မာတရားကို လိုချင်သလော။ တရား စီရင်ခြင်းကို သင်ဆန္ဒရှိပါသလော သို့မဟုတ် သက်တောင့်သက်သာ နေချင်ပါသလော။ ဘုရားသခင်၏အလုပ်ကို များစွာတွေ့ကြုံခဲ့ပြီး၊ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ရှုမြင်ခဲ့ပြီးခြင်းဖြင့် သင်မည်သို့ လိုက်လျှောက်မည်နည်း။ ဤလမ်းကြောင်းတွင် သင်မည်သို့ လျှောက်လှမ်းမည်နည်း။ ဘုရားသခင် အပေါ် သင်၏ ချစ်ခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်အပေါ်၌ တစ်စုံတစ်ရာသော သက်ရောက်မှု ရှိခဲ့သလော။ ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိခြင်း၊ မသိခြင်းသည် သင်အသက်ရှင်နေထိုင်မှုနှင့် ဘုရားသခင် အား သင်ချစ်သည့် အတိုင်းအတာအပေါ် မှီတည်နေသည်။ သင့်နှုတ်ခမ်းများက ဘုရားသခင်အား သင်ချစ်သည် ဟုဆိုသည်။ သို့သော် သင်သည် ယခင်အတိုင်း၊ ပျက်စီးနေသည့် စိတ်သဘောထားဖြင့် ရှင်သန်နေထိုင်နေသည်။ ဘုရားသခင်ကို သင်ကြောက်ရွံ့ခြင်းမရှိ၊ အသိတရားလုံးဝမရှိ။ ယင်းကဲ့သို့သောသူများက ဘုရားသခင်ကို ချစ်ပါသလော။ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်ကို သစ္စာစောင့်သိပါ၏လော။ သူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူများ ဟုတ်သလော။ သင်က ဘုရားသခင်ကို ချစ်ပါသည်၊ ယုံကြည်ပါသည်ဟု ပြောသည်၊ သို့သော် သင်သည် သင်၏ သဘောထား ခံယူချက်များကို မစွန့်လွှတ်။ သင့်အလုပ်၊ ဝင်ရောက်မှု၊ သင်ပြောသောစကားများနှင့် သင့်အသက်တာထဲတွင် ဘုရားသခင်အား သင်ချစ်ခြင်းသည် ပေါ်လွင်ထင်ရှားမှု မရှိဘဲ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းလည်း မရှိ။ ထိုသူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးသူလား။ ယင်းကဲ့သို့သောသူသည် ပေတရု ဖြစ်နိုင်ပါမည်လော။ ပေတရုကဲ့သို့သော သူများသည် အသိပညာသာရှိပြီး ထိုသို့ အသက်ရှင်နေထိုင်ခြင်း မရှိသလော။ ယနေ့တွင်၊ စစ်မှန်သောအသက်တာဖြင့် အသက်ရှင်နေထိုင်ရန် မည်သည့် သတ်မှတ်ချက်များ လိုအပ်ပါသနည်း။ ပေတရု၏ ဆုတောင်းသံများသည် သူ့နှုတ်မှထွက်လာသော စကားများနှင့် မထူးခြားပါသလော။ ယင်းတို့သည် သူ့နှလုံးသား အတွင်းထဲမှ ထွက်လာသော စကားများ မဟုတ်ပါသလော။ ပေတရုက ဆုတောင်းရုံသာ ဆုတောင်းပြီး သမ္မာ တရားကို လက်တွေ့ကျင့်သုံးခြင်း မရှိပါသလော။ သင်လုပ်ဆောင်သည်မှာ မည်သူ့အတွက်ပါနည်း။ ဘုရားသခင် ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကာလတွင် သင့်ကိုယ်သင် မည်သို့ ကာကွယ်စောင့်ရှောက် မည်နည်း၊ မည်သို့ သန့်ရှင်းစေမည်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူအတွက် အကျိုးမရှိပါသလော။ တရားစီရင်မှု မှန်သမျှသည် ပြစ်ဒဏ်ပေးခြင်း ဖြစ်ပါသလော။ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့သာ၊ ပစ္စည်းဥစ္စာ ကောင်းချီးမင်္ဂလာများနှင့် တဒင်္ဂ သက်တောင့်သက်သာ ရှိမှုတို့သာ လူ့အသက်တာအတွက် အကျိုးရှိခြင်း ဖြစ်နိုင်ပါသလော။ လူသည် သာယာပြီး သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် နေထိုင်ကာ တရားစီရင်ခြင်း ကင်းမဲ့သည့် အသက်တာတွင် သန့်ရှင်းခြင်းသို့ ရောက်နိုင်ပါ မည်လော။ လူသည် ပြောင်းလဲလိုပြီး သန့်ရှင်းခြင်းသို့ ရောက်ရန် အလိုရှိပါက စုံလင်စေခြင်းကို မည်သို့ လက်ခံသင့်ပါသနည်း။ ယနေ့ မည်သည့် လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

0ရှာဖွေခြင်း ရလဒ်များ