အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

ငါ၏အသံသည် မိုးချုန်းသံကဲ့သို့ ကမ္ဘာမြေတစ်ခွင်လုံးနှင့် အရပ်လေးမျက်နှာလုံးကို ထွန်းလင်း စေလျက် မြည်ဟီးသည်၊ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း အလယ်တွင် လူသားမျိုးနွယ်သည် ထိုးနှက်ခြင်းခံရ၏။ မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအလယ်တွင် မည်သည့် လူသားကမျှ ခိုင်ခံ့စွာ ရပ်တည်နိုင်ခြင်း မရှိခဲ့၊ လူသား အများစုသည် ငါ့အလင်း၏ ကြွလာခြင်း၌ ၎င်းတို့၏အသိစိတ်များ လွတ်သွားသည်အထိ ကြောက်လန့်တကြား ဖြစ်ကြပြီး အဘယ်အရာ လုပ်ဆောင်ရမည်ကို မသိကြ။ မှေးမှိန်သော မှုန်ဝါးဝါး အလင်းသည် အရှေ့အရပ်တွင် စတင်ပေါ်ထွက်လာသောအခါ များစွာသော လူတို့သည် အလွန်သေးမျှင်သော ဤထွန်းတောက်မှုအားဖြင့် တိုက်တွန်းတော်မူခြင်း ခံရကာ တစ်ပြိုင်နက်ပင် ၎င်းတို့၏ အစွဲမှားများမှ နိုးထလာကြသည်။ သို့သော်လည်း ငါ၏အလင်းသည် ကမ္ဘာမြေကြီးပေါ်သို့ သက်ဆင်းလာသော အချိန်ဖြစ်သည့် နေ့ရက်သည် ရောက်လာခဲ့ပြီဆိုခြင်းကို မည်သူကမျှ သဘောပေါက်ခြင်း မရှိခဲ့ကြဖူးချေ။ အများစုသော လူသားများသည် အလင်း၏ ရုတ်ခြည်းပေါ်ထွန်းမှုကြောင့် အံ့အားသင့်လွန်း၍ မှင်တက်ကြလေသည်။ ၎င်းတို့အထဲမှ အချို့သည် သိလိုစိတ် ပြင်းပြသော စူးစမ်းမှု၏ စူးစိုက်ကြည့်ခြင်းနှင့်အတူ အလင်း၏ လှုပ်ရှားမှုများနှင့် အဘယ်ဦးတည်ရပ်မှ ထိုအလင်း ချဉ်းကပ်နေသည်ကို လေ့လာစောင့်ကြည့်ကြသည်၊ သို့မဟုတ် အချို့တို့သည် အလင်းလာသည့် အရင်းအမြစ် အရပ်ကို သာ၍ ရှင်းလင်းစွာ နားလည်နိုင်ရန်အတွက် အလင်းကို မျက်နှာမူလျက် အသင့်အနေအထား၌ ရပ်တည်နေကြသည်။ သို့သော်ငြားလည်း ယနေ့၏ အလင်းသည် အဘယ်မျှ အဖိုးတန်သည် ဆိုခြင်းကို မည်သူသည် ရှာဖွေ တွေ့ရှိဖူးခြင်း ရှိခဲ့သနည်း။ တစ်ဦးတစ်လေသည် အလင်း၏ တုနှိုင်းမဲ့မှုကို သတိပြုမိဖူးခြင်း ရှိခဲ့သလော။ လူသားအများစုတို့သည် စိတ်ရှုပ်ထွေး ရုံမျှသာ ရှိကြသည်။ ၎င်းတို့သည် အလင်းကြောင့် မျက်လုံးများ ထိခိုက်အနာတရ ဖြစ်ပြီး ရွှံ့ထဲသို့ အလင်း၏ ပစ်ချခြင်းကို ခံရကြသည်။ ဤဝိုးတဝါး အလင်းအောက်တွင် ကမ္ဘာမြေကြီးသည် ပရမ်းပတာဖြစ်ခြင်းအောက်၌ ဖုံးလွှမ်းလျက် တည်ရှိပြီး စေ့စေ့စပ်စပ် စစ်ဆေးပါက လူတစ်ယောက်ကို အလွန့်အလွန် ညှိုးငယ်ခြင်းနှင့် ထိုးနှက်သည့် မခံမရပ် နိုင် လောက်အောင်ပင် ဆိုးရွားသည့် မြင်ကွင်းကို ဖြစ်စေသည်ဟူ၍ ပြောနိုင်ပေသည်။ ဤအရာမှ နားလည်ရသည့်အရာမှာ အလင်းသည် အားအပြင်းဆုံး ဖြစ်သည့်အချိန်တွင် ကမ္ဘာမြေကြီး၏ အခြေအနေမှာ လူသားမျိုးနွယ်ကို ငါ၏ရှေ့မှောက်တွင် ရပ်တည်ရန် ခွင့်မပြုနိုင်သော အခြေအနေ ဖြစ်နေလိမ့်မည်ဟူ၍ ဖြစ်သည်။ လူသားမျိုးနွယ်သည် အလင်း၏ ထွန်းဖြာမှု အောက်တွင် တည်ရှိ၏၊ တစ်ဖန် လူသားမျိုးနွယ်သည် အလင်း၏ ကယ်တင်ခြင်း၌ တည်ရှိနေသော်လည်း တစ်ချိန်တည်းတွင် အလင်းအားဖြင့် ဘေးသင့်ထားသော ထိခိုက်ဒဏ်ရာများ နှင့် လည်း တည်ရှိနေသည်၊ အလင်း၏ သေစေလောက်သော ထိုးနှက်မှုများ၏ အောက်၌ မတည်ရှိသောသူ တစ်ဦးတစ်လေ ရှိသလော။ အလင်း၏ တောက်လောင်မှုမှ လွတ်မြောက်နိုင်သောသူ တစ်ဦးတစ်လေ ရှိသလော။ ငါသည် ငါ့ဝိညာဉ်၏ မျိုးစေ့များကို ငါ၏လက်နှင့် ကြဲ၍ ကမ္ဘာမြေကြီး၏ မျက်နှာပြင်တစ်ခွင်လုံးကို လျှောက်သွား ခဲ့သည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးပေါ်ရှိ လူသားမျိုးနွယ် အားလုံးသည် ထိုအကြောင်းကြောင့် ငါ့အားဖြင့် တိုက်တွန်းတော်မူခြင်း ခံကြရရန် ဖြစ်သည်။ ကောင်းကင်ဘုံ၏ အမြင့်ဆုံးသော အထွတ်မှနေ၍ ငါသည် ကမ္ဘာမြေကြီးပေါ်ရှိ ဖန်ဆင်းခံ သတ္တဝါများ၏ အဆီအငေါ်မတည့်သည့် ဆန်းပြားသော ဖြစ်ရပ်များကို ကြည့်ရှုလျက် ကမ္ဘာမြေကြီး တစ်ခွင်လုံးကို ငုံ့ကြည့်၏။ သမုဒ္ဒရာ၏ မျက်နှာပြင်သည် မြေငလျင်တစ်ခု၏ တုန်လှုပ်ခြင်းကို ခံစားနေပုံရ၏၊ ပင်လယ်ငှက်များသည် မျိုချရန်အလို့ငှာ ငါးများကို ရှာလျက် ဟိုဟိုသည်သည် ပျံသန်း၏။ ထိုအချိန်အတောအတွင်း ပင်လယ်ကြမ်းပြင်၌ ဤအရာကို လုံးလုံးပင် မသိကြ၊ ထိုကြမ်းပြင်ကို မျက်နှာပြင် ပေါ်မှ အခြေအနေများသည် အသိတရားဝင်လာအောင် လုံးဝဥဿုံပင် လှုံဆော်ပေးနိုင်ခြင်းမရှိ။ အဘယ်ကြောင့် ဆိုသော် သမုဒ္ဒရာ၏ ကြမ်းပြင်သည် တတိယ ကောင်းကင်ဘုံကဲ့သို့ တည်ငြိမ်အေးချမ်း၍ဖြစ်သည်၊ ဤအရပ်၌ သက်ရှိသတ္တဝါ ကြီးငယ်တို့သည် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ကြပြီး "နှုတ်နှင့်လျှာ၏ ပဋိပက္ခများ"၌ တစ်ခါမျှ တိုက်ခိုက်ခြင်း မရှိကြ။ ထူးခြားဆန်းကြယ်၍ ပြောင်းလဲလွယ်သည့် အသင်္ချေများလှသော ဖြစ်စဉ်များအကြား၌ ငါ့ကို စိတ်ကျေနပ်စေရန် အခက်အခဲ အဖြစ်ဆုံး သူများ မှာ လူသားမျိုးနွယ် ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ လူသားကို ငါပေးခဲ့သော အရိုက်အရာသည် အလွန်ပင် မြင့်မားလှပြီး သူ၏ ရည်မှန်းချက်မှာ အလွန်ပင် ကြီးမားလှကာ ၎င်း၏ မျက်လုံးများထဲတွင် ပုန်ကန်ခြင်း ပမာဏတစ်ခုသည် အစဉ်အမြဲပင် ရှိသောကြောင့် ဖြစ်သည်။ လူသားအား ငါ၏ဆုံးမပဲ့ပြင်မှုအတွင်း၊ သူ့အား ငါ၏ တရားစီရင်ခြင်း အတွင်း အပတ်တကုတ်လုပ်ရသောအရာ များစွာရှိခဲ့ပြီး သနားကရုဏာကြီးမားသောအရာ များစွာရှိခဲ့သည်၊ သို့သော်လည်း ယင်းအရာများနှင့် ပတ်သက်၍ လူသားမျိုးနွယ်သည် အရိပ်အမြွက် စိုးစဉ်းမျှပင် မသိကြ။ ငါသည် မည်သည့်လူသားကိုမျှ ကြမ်းတမ်းစွာ လုံးဝမဆက်ဆံခဲ့ဖူး၊ လူသားမျိုးနွယ်သည် မနာခံခဲ့သော အခါ၌ ငါသည် သင့်လျော်သော အဆုံးအမများကိုသာ စီရင်ခဲ့ပြီး လူသားမျိုးနွယ်သည် အားနည်းသော အခါ၌ သင့်လျော်သော အကူအညီကိုသာ ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း လူသားမျိုးနွယ်သည် ငါ့ကို အဖက်မလုပ်ဘဲ နေကြ၍ စာတန်၏ လှည့်ဖြားသော ပရိယာယ်များကို ငါ့တစ်ဖက်၌ ပုန်ကန် စိမ့်သောငှာ အသုံးချကြသောအခါ၊ လူသားများကို ငါ၏ရှေ့မှောက်တွင် ၎င်းတို့ကျွမ်းကျင်မှုများ၏ ဟိတ်ဟန်များသော ထုတ်ပြခြင်းကို ပြုခြင်းငှာ အခွင့်အရေးမရှိဘဲ ဖြစ်စေလျက် ငါသည် လူသားမျိုးနွယ်ကို မနှေးချက်ချင်းပင် အမျိုးဖြုတ်မည်၊ ထိုသို့အားဖြင့် ၎င်းတို့သည် အခြားသူများကို နိုင်ထက်စီးနင်းပြုလျက် ကမ္ဘာ မြေကြီး၏ မျက်နှာပြင်ပေါ်တွင် ခမ်းနားထည်ဝါစွာ ထောင်ထောင် ထောင်ထောင်နှင့် လျှောက်သွား၍ မရနိုင်တော့စေရန် ဖြစ်သည်။

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် ငါ၏ အလုပ်ကို အလုံးစုံ ထုတ်ဖော်လျက် ငါ၏သြဇာအာဏာကို ကိုင်ဝံ့သည်။ ငါ့အလုပ်ထဲရှိ အရာခပ်သိမ်းသည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ်၌ ထင်ဟပ်လျက်ရှိသည်၊ ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်သည် ကောင်းကင်ဘုံရှိ ငါ၏ လှုပ်ရှားမှုများကို နားလည်သဘောပေါက် ခြင်းငှာ မတတ်နိုင်သကဲ့သို့ ငါ့ဝိညာဉ်တော်၏ ပတ်လမ်းများနှင့် လမ်းကြောင်းများကို ပြည့်စုံစေ့စပ်စွာ စဉ်းစား ချင့်ချိန်ခြင်းငှာ မတတ်နိုင်ကြ။ လူ့သတ္တဝါများ၏ အများစုသည် ဝိညာဉ်၏ အခြေအနေအမှန်ကို သဘောပေါက် နားလည်နိုင်ခြင်း မရှိဘဲ ဝိညာဉ်ပြင်ပ၌ တည်ရှိသည့် အသေးအဖွဲ အချက်အလက်များကိုသာ နားလည် သဘောပေါက်ကြသည်။ လူသားမျိုးနွယ်အား ငါပြုသော တောင်းဆိုမှုများသည် ကောင်းကင်ဘုံ၌ ရှိသော မရေရာသည့် ငါမှ ထုတ်ပြန်သည်မဟုတ်၊ သို့တည်းမဟုတ် ကမ္ဘာမြေကြီးပေါ်ရှိ မမြော်တွေးနိုင်သော ငါမှ ထုတ်ပြန်ခြင်းလည်း မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူသား၏ ဝိညာဉ်အသက်တာနှင့်အညီ ငါသည် လျောက်ပတ်သော တောင်းဆိုမှုများကို ပြုသည်။ ငါသည် မည်သည့်အခါမျှ တစ်ဦးတစ်လေကိုပင် အခက်အခဲ မဖြစ်စေခဲ့သကဲ့သို့ ငါ၏ ပျော်ရွှင်မှုအတွက်နှင့် မည်သူ့ထံကမှ "သွေးကို ညှစ်ထုတ်ခြင်း"ငှာ မတောင်းဆို ခဲ့ဖူးပေ၊ ငါ၏ တောင်းဆိုချက်များကို ဤအခြေအနေများတွင် သာ ကန့်သတ် ထားခြင်း ဖြစ်နိုင်သလော။ ကမ္ဘာမြေကြီးပေါ်ရှိ ဖန်ဆင်းခံ သတ္တဝါအသင်္ချေထဲတွင် ငါ၏နှုတ်ထဲရှိ နှုတ်ကပတ်တော်များ၏ စိတ်သဘောထားများကို မကျိုးနွံသောသူမှာ မည်သူနည်း။ ဤဖန်ဆင်းခံ သတ္တဝါများထဲမှ မည်သူသည် ငါ့ရှေ့မှောက်သို့ ရောက်လာလျက် ငါ၏ လောင်သောမီးနှင့် နှုတ်ကပတ်တော်များ မှတစ်ဆင့် လုံးလုံး ပြာချခြင်းကို မခံရသနည်း။ ဤဖန်ဆင်းခံ သတ္တဝါများထဲမှ မည်သူသည် ငါ၏ ရှေ့မှောက်၌ ပလွှားသော ပီတိအဟုန်နှင့် ဝံ့ဝံ့ကြွားကြွား လျှောက်ဝံ့သနည်း။ ဤဖန်ဆင်းခံ သတ္တဝါများထဲမှ မည်သူသည် ငါ့ရှေ့မှောက်တွင် ပျပ်ဝပ်ခြင်းမရှိသနည်း။ ငါသည် ဖန်ဆင်းခြင်းအပေါ်၌ ရေငုံနှုတ်ပိတ်ခြင်း ကျင့်သုံးစေရုံမျှသော ဘုရားသခင်လော။ ဖန်ဆင်းခြင်းရှိ အသင်္ချေလှသောအရာများမှ ငါ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းသော အရာများကို ငါရွေးချယ်သည်၊ လူသားမျိုးနွယ်ရှိ အသင်္ချေလှသော လူသတ္တဝါများမှ ငါ၏ နှလုံးသားကို စောင့်ရှောက်သော သူများကို ငါရွေးချယ်သည်။ ငါသည် ကြယ်အားလုံးထဲမှ အကောင်းဆုံးကို ရွေးချယ်သည်၊ ထိုသို့အားဖြင့် ငါ၏နိုင်ငံတော်ထဲသို့ မှေးမှိန်သော ဖျော့တော့တော့ အလင်းကို ထည့်လိုက်သည်။ ငါ၏သင်းရနံ့ကို နေရာအနှံ့ ပျံ့နှံ့စေရင်း၊ အရပ်ခပ်သိမ်းတွင် ငါ၏ ပုံသဏ္ဌာန်ကို ချန်ထားခဲ့ရင်းနှင့် ကမ္ဘာ မြေကြီးပေါ် ငါလမ်းလျှောက်ထွက်သည်။ နေရာအသီးသီးစီတိုင်းသည် ငါ၏ အသံနှင် ပဲ့တင်ထပ်နေသည်။ အရပ်ခပ်သိမ်းမှ လူတို့သည် ယမန်နေ့၏ လှပသောမြင်ကွင်းများအပေါ် လွမ်းမောတသစွာ တဝဲလည်လည် ဖြစ်နေသည်၊ အကြောင်းမှာ လူသားမျိုးနွယ်အားလုံးသည် အတိတ်ကို အောက်မေ့သတိရ နေသောကြောင့်ပင် …

လူသားမျိုးနွယ် အားလုံးသည် ငါ၏မျက်နှာကို တွေ့မြင်ရန် တောင့်တကြသည်၊ သို့သော်လည်း ငါသည် ကိုယ်တိုင်ကိုယ်ကျ ကမ္ဘာမြေကြီးပေါ်သို့ ဆင်းကြွလာသောအခါ ၎င်းတို့အားလုံးသည် ငါ၏ ကြွလာခြင်းကို မကြိုက်ကြပေ။ ငါသည် ကောင်းကင်ဘုံရှိ လူသား၏ရန်သူ ဖြစ်လေသည့်အလား ၎င်းတို့အားလုံးသည် အလင်းကြွလာခြင်းကို နှင်ထုတ်ကြသည်။ လူသားသည် မိမိ၏ မျက်လုံးများထဲ၌ ခုခံကာကွယ်သော အလင်းရောင်နှင့် ငါ့ကို ဆီးကြိုကြသည်၊ သတိကြီးကြီးနှင့် ရှိနေကြပြီး ငါသည် သူ့အတွက် အခြားသော အစီအစဉ်များရှိမည်ကို အလွန်အမင်း ကြောက်ရွံ့လေသည်။ လူ့သတ္တဝါများသည် ငါ့ကို မရင်းနှီးသော သူငယ်ချင်းအဖြစ် မှတ်ယူကြသည့်အတွက် ငါသည် ၎င်းတို့ကို လက်လွတ်စပယ် သတ်ပစ်ရန် ရည်ရွယ်ချက် ရှိသည်ဟု ခံစားကြသည်။ လူသား၏ မျက်လုံးများထဲ၌ ငါသည် သေစေနိုင်လောက်သော ရန်ဘက်တစ်ဦး ဖြစ်သည်။ ဘေးဒုက္ခအလယ်တွင် ငါ၏ နွေးထွေးမှုကို ခံစားခဲ့ရသော်ငြားလည်း လူသားသည် ငါ၏ ချစ်ခြင်းမေတ္တာကို သတိမမူလျက်ပင် ရှိသေးပြီး ငါ့ကို ပိတ်ပင်ရန်နှင့် အာခံဖီဆန်ရန် စိတ်ထက်သန်လျက် ရှိသေးသည်။ လူသားကို အရေးယူစိမ့်သောငှာ သူ၏ ဤအခြေအနေထဲ ရှိနေခြင်းကို အခွင့်ကောင်းယူရန် ဝေးစွ၊ ငါသည် လူသားကို ဖက်ရမ်းခြင်း၏ နွေးထွေးမှုထဲ၌ ပွေ့ပိုက်ထားသည်၊ သူ၏နှုတ်ကို ချိုမြိန်ခြင်းနှင့် ဖြည့်ပေးသည်၊ သူ၏ ဝမ်းဗိုက်ထဲသို့ လိုအပ်သောအစာကို သွင်းပေး၏။ သို့သော်လည်း ငါ၏ ဒေါသနှင့် ပြည့်သော အမျက်သည် တောင်များနှင့် မြစ်များကို လှုပ်ခါသောအခါ လူသား၏ သူရဲဘောကြောင်မှုကြောင့် ငါသည် ဤကဲ့သို့ အမျိုးမျိုးသော စောင်မမှုများကို သူ့အား အပ်နှင်းပေးတော့မည် မဟုတ်။ ထိုအချိန်၌ ငါသည် အမျက်ဒေါသ ပို၍ ကြီးလာမည်၊ သက်ရှိအရာအားလုံးကို နောင်တရခြင်းငှာ အခွင့်ပေးရန် ငြင်းဆိုလျက် လူသား၏ မျှော်လင့်ချက် အားလုံးကို စွန့်ပယ်လျက်နှင့် လူသားသည် အလွန်မှပင် ထိုက်တန်သော အပြစ်ဒဏ်ကို စီရင်မည်။ ဤအချိန်၌ ဒေါသတကြီး မာန်ဟုန်ပြင်းနေသော သမုဒ္ဒရာ လှိုင်းလုံးများကဲ့သို့၊ တစ်သောင်းသော တောင်များ ပြိုကျသကဲ့သို့ မိုးချုန်းသံနှင့် လျှပ်ပြက် ခြင်းသည် ပြိုးပြက်၍ မြည်ဟိန်း၏။ သူ၏ ပုန်ကန်ခြင်းကြောင့် လူသားသည် မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်းအားဖြင့် ခုတ်လှဲခြင်းခံရပြီး အခြားသော ဖန်ဆင်းခံ သတ္တဝါများသည် မိုးချုန်းသံနှင့် လျှပ်ပြက်ခြင်း၏ ပေါက်ကွဲမှု၌ သုတ်သင်ပယ်ရှင်းခြင်း ခံရသည်၊ စကြဝဠာတစ်ခုလုံးသည် ပရမ်းပတာအဖြစ်သို့ ရုတ်ခြည်း ဆင်းသက်သွားပြီး ဖန်ဆင်းခြင်းသည် မူလဘူတ ဇီဝအသက်ကို ပြန်လည်ရယူခြင်းငှာ မတတ်စွမ်းနိုင်။ အသင်္ချေလှသော လူသားမျိုးနွယ် တစ်ပြုံတစ်ခေါင်းသည် မိုးချုန်းသံ၏ မြည်ဟိန်းခြင်းမှ မလွတ်မြောက်နိုင်ကြ၊ လျှပ်ပြက်ခြင်း၏ ပြိုးပြက်မှုအလယ်၌ လူသတ္တဝါ များသည် တောင်များပေါ်မှ သွယ်ဖြာစီးလာသော ပြင်းထန်သည့် ရေစီးများအားဖြင့် တိုက်ချခြင်းခံရရန် အလျင်အမြန် စီးဆင်းနေသော စမ်းချောင်းထဲသို့ တစ်အုပ်အပေါ် တစ်အုပ် ပြိုလဲကျကုန်သည်။ ရုတ်ခနဲပင် လူသားမျိုးနွယ်၏ ခိုလှုံရာအရပ်သို့ လူသားကမ္ဘာသည် စုဝင်လာသည်။ အလောင်းကောင်များသည် သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်တွင် ဟိုဟိုသည်သည် လွင့်မျော၏။ လူသားမျိုးနွယ် အားလုံးသည် ငါ့အမျက် ဒေါသကြောင့် ငါနှင့် ဝေးရာဆီ သွားကြသည်၊ အကြောင်းမှာ လူသားသည် ငါ့ဝိညာဉ်၏ အနှစ်သာရကို စော်ကားခဲ့၍ လူသား၏ ပုန်ကန်မှုသည် ငါ့ကို သဘောမကျစေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ရေနှင့်ကင်းလွတ်သော အရပ်များတွင် အခြားလူသားတို့သည် ၎င်းတို့ကို ငါပေးသနားခဲ့သော ကတိတော်များ ဖြစ်သည့် ရယ်မောခြင်းနှင့် သီဆိုခြင်းတို့အလယ်၌ ပျော်မွေ့လျက်ပင် ရှိကြဦးမည်။

လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဆိတ်ငြိမ်သွားသောအခါ ငါသည် ၎င်း၏ စူးစိုက်ကြည့်ခြင်း ရှေ့မှောက်၌ ဖျော့တော့တော့ အလင်းတစ်ခုကို ထုတ်လွှတ်သည်။ ထို့နောက် ချက်ချင်းပင် လူသားများသည် စိတ်ရှင်းလာကြပြီး မျက်လုံးတောက်လာကြကာ ဆိတ်ဆိတ်သာ ဆက်နေလိုမှုကို ရပ်တန့်ကြသည်၊ ထို့ကြောင့် ဝိညာဉ်ရေးရာ ခံစားချက်သည် ၎င်းတို့၏ နှလုံးသားများထဲ၌ ရုတ်တရက် နှိုးဆွလာခဲ့သည်။ ဤအချိန်၌ လူသားမျိုးနွယ် အားလုံးသည် ရှင်ပြန်ထမြောက်ခဲ့လေပြီ။ ၎င်းတို့၏ မျိုသိပ်ထားခဲ့သော နာကြည်းချက်များကို ဘေးဖယ်ထားလျက် လူသားအားလုံးသည် ငါကြွေးကြော်သော နှုတ်ကပတ်တော်များမှတစ်ဆင့် ဆက်လက် ရှင်သန်နိုင်ခွင့်ကို ရရှိခဲ့ကြလျက် ငါ့ရှေ့မှောက်သို့ လာကြသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသတ္တဝါ အားလုံးတို့သည် ကမ္ဘာမြေကြီး၏ မျက်နှာပြင်ပေါ်တွင် နေထိုင်ခြင်းငှာ လိုလားကြသောကြောင့် ဖြစ်သည်။ သို့သော်လည်း ၎င်းတို့အထဲမှ မည်သူသည် ငါ့အတွက်နှင့် ရှင်သန်နေထိုင်ရန် ရည်ရွယ်ချက် ရှိခဲ့ကြဖူးသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ငါ့ကို စိတ်ကျေနပ်မှု ပေးစိမ့်သောငှာ မိမိအထဲမှ ရှုမောဖွယ်ရာ အရာများကို ဖော်ထုတ်ခဲ့ဖူးခြင်း ရှိသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ငါ့၌ရှိသော စွဲမက်ဖွယ် သင်းရနံ့ကို သတိပြုမိခြင်း ရှိဖူးသနည်း။ လူသတ္တဝါ အားလုံးသည် ကြမ်းထော်၍ မသန့်စင်ထားသော အရင်းခံနှင့် ဖွဲ့စည်းထားသည်။ အပြင်ပန်းတွင် ၎င်းတို့သည် အမြင်များကို ဖမ်းစားသည့်ပုံ ရှိသော်လည်း ၎င်းတို့၏ ပဓာနကျသော ကိုယ်တိုင်များ အတွင်း၌မူ ငါ့ကို စိတ်ရင်းအမှန်နှင့် မချစ်ကြ။ အဘယ်ကြောင့်ဆိုသော် လူသား နှလုံးသား၏ နက်ရှိုင်းသော ချောင်ကြိုချောင်ကြားများ၌ ငါ၏ အသေးဆုံးသော ပမာဏပင် မည်သည့်အခါမျှ မရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။ လူသားသည် အလွန်ပင် ချို့တဲ့လွန်းသည်၊ လူသားနှင့် ငါကိုယ်တိုင်ကို ယှဉ်ကြည့်ပါက ငါတို့သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကဲ့သို့ပင် ကွာဝေးသကဲ့သို့ မြင်ရလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်သော်ငြားလည်း ငါသည် လူသားကို သူ၏ အားနည်း၍ ခုခံနိုင်စွမ်းမရှိသော နေရာများကို မတိုက်ခိုက်သကဲ့သို့ သူ၏ ချို့တဲ့ခြင်း များအကြောင်းကြောင့် သူ့ကို မထီမဲ့မြင်ပြုရန်လည်း မရယ်ပေ။ ငါ၏ လက်များသည် ကမ္ဘာမြေကြီးပေါ်၌ နှစ်ထောင်ချီ လုပ်ဆောင်ကနေခဲ့ပြီး ထိုအချိန် တစ်လျှောက်လုံးတွင် ငါ၏ မျက်လုံးသည် လူသားမျိုးနွယ် အားလုံးအပေါ်ကို စောင့်ကြည့်လျက် ရှိနေခဲ့သည်။ သို့သော်လည်း ငါသည် မည်သည့်အခါကမျှ လူသားတစ်ဦး၏ အသက်ကို အရုပ်တစ်ရုပ်ကဲ့သို့အလား ကစားရန် သာမန်ကာလျှံကာနှင့် လက်ခံခဲ့ခြင်း မရှိ။ ငါသည် လူသား၏ နှလုံးသွေးကို လေ့လာပြီး သူပေးဆပ်ခဲ့ရသော အဖိုးအခကို ငါနားလည်သည်။ သူသည် ငါ့ရှေ့၌ ရပ်တည်သည်နှင့် ငါသည် လူသားကို ပြစ်တင်ဆုံးမရန်အလို့ငှာ သူ၏ အကာအကွယ်မဲ့ခြင်းကို အခွင့်ကောင်းယူရန် အလိုမရှိသကဲ့သို့ သူ့အပေါ်သို့ မနှစ်မြို့ဖွယ်သော အရာများကို အပ်နှင်းရန်လည်း မလိုလား။ ထိုအစား ငါသည် ဤတစ်ချိန်လုံးပင် လူသားအတွက် ထောက်ပံ့ပေးခဲ့သည်၊ လူသားကို ပေးသနားခဲ့သည်။ ထို့ကြောင့် လူသား ခံစားသောအရာမှာ ငါ၏ ကျေးဇူးတော် လုံးလုံးပင် ဖြစ်သည်၊ ငါ၏ လက်မှ လာသည့် ကြွယ်ဝခြင်း လုံးလုံးပင် ဖြစ်သည်။ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသည့်အတွက် လူသားသည် ဆာလောင်မွတ်သိပ်ခြင်း၏ ညှဉ်းပန်းမှုဒဏ်များကို မည်သည့်အခါမျှ မခံစားခဲ့ရချေ။ ထိုအစား ငါသည် လူသားကို သူနှစ်သက်နိုင်မည့် အရာများကို ငါ၏လက်များထဲမှ လက်ခံခွင့်ပြုပြီး လူသားမျိုးနွယ်ကို ငါ၏ ကောင်းချီးမင်္ဂလာများ အတွင်း၌ နေထိုင်ရန် ခွင့်ပြုပေးသည်။ လူသားမျိုးနွယ် အားလုံးသည် ငါ၏ ပြစ်တင်ဆုံးမမှုအောက်၌ နေထိုင်ကြသည် မဟုတ်လော။ တောင်များသည် ၎င်းတို့၏ နက်ရှိုင်းရာများ၌ ကြွယ်ဝ၍ များပြားလှသော အရာများကို ထိန်းထားသကဲ့သို့၊ ရေများသည်လည်း ၎င်းတို့၏ ကျယ်ဝန်းလှခြင်း၌ ပျော်မွေ့ဖွယ်သော အရာများကို ထိန်းထားသကဲ့သို့ ငါ၏ နှုတ်ကပတ်တော်များအတွင်း၌ နေထိုင်ကြသော လူတို့သည် ၎င်းတို့ သဘောကျ၍ မြည်းစမ်းကြသော အစားအစာကို သာ၍ပင် ရှိကြသည် မဟုတ်လော။ ငါသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိပြီး လူသားမျိုးနွယ်သည် ငါ၏ ကောင်းချီးမင်္ဂလာများကို ကမ္ဘာမြေကြီးပေါ်၌ ခံစားကြရသည်။ ငါ၏ အလုပ်သည် ပြီးဆုံးသော အချိန်လည်း ဖြစ်သည်။ ငါသည် ကမ္ဘာမြေကြီးကို စွန့်ခွာသွားသောအချိန်တွင် လူသားမျိုးနွယ်သည် ၎င်းတို့၏ အားနည်းခြင်းအတွက် စာနာခြင်းကို ငါ့ထံမှ ရရှိကြတော့မည် မဟုတ်။

၁၉၉၂ ခုနှစ်၊ မတ်လ ၁၆ ရက်

အောက်ခြေမှတ်စုများ -

က။ မူရင်းစာ၌ "လုပ်ဆောင်"ကို ချန်လှပ်ထားသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း ပညတ်တော်ခေတ်မှ အမှုတော် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၇

0ရှာဖွေခြင်း ရလဒ်များ