နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အကယ်၍ သင်၌ လေ သို့မဟုတ် မိုးကဲ့သို့ စိတ်ဆတ်သော၊ မတည်ငြိမ်သော စိတ်သဘောထားရှိနေပြီး သင်ရှေ့ဆက်မသွားနိုင်ပါက၊ ငါ၏လှံတံသည် သင်နှင့် အဝေးတွင် ရှိလိမ့်မည်မဟုတ်။ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်း ခံရသည့်အခါ၊ ပတ်ဝန်းကျင်က သာ၍ ဆိုးရွားလာသည့်အခါ၊ သင်ပိုပြီးညှဉ်းပန်းနှိပ်စက် ခံရသည့်အခါတွင် ဘုရားသခင်အပေါ် ထားရှိသော သင်၏ချစ်ခြင်းမေတ္တာ သာ၍ ကြီးမားလာပြီး၊ လောကကို တွယ်တာမှု ရပ်သွားမည်။ အခြားလမ်းမရှိတော့ဘဲ သင်ငါ့ထံသို့လာပြီး၊ သင်၏ခွန်အားနှင့် မိမိကိုယ်ကိုယ် စိတ်ချယုံကြည်မှု ပြန်လည်ရရှိလာမည်။ လွယ်ကူသက်သာသော ပတ်ဝန်းကျင်တွင် ရှိနေသေးပါက တော်လျော်စွာ ကြုံရာကျပန်းဖြစ်နေပေမည်။ တုံဏှိဘာဝေဖြစ်မနေဘဲ တက်တက်ကြွကြွနှင့် အပြုသဘောဆောင်စွာ ဝင်ရောက်ရမည်။ မည်သူ့ကြောင့်မဆို၊ မည်သည့်အရာကြောင့်မဆို မည်သည့်အခြေအနေကြောင့်မဆို သင်သည် တုန်လှုပ်ခြင်းမရှိရ၊ တစ်ဦးတစ်ယောက်၏ ပြောစကားနှင့်လည်း သြဇာလွှမ်းမိုးခြင်းမခံရ။ တည်ငြိမ်သော စိတ်သဘောထားရှိရမည် ဖြစ်ပြီး လူတို့သည် မည်သည့်အရာပင် ပြောပါစေကာမူ၊ သမ္မာတရားဖြစ်သည်ဟု သင်သိထားသည့်အရာကို သင်သည် ချက်ချင်း လက်တွေ့ကျင့်သုံးရမည်။ သင့်အထဲတွင် အလုပ်လုပ်နေသည့် ငါ့နှုတ်ကပတ်တော်သည် သင်ထံတွင် အမြဲရှိရမည်၊ သင်သည် မည်သူနှင့်မဆို ရင်ဆိုင်ရပါစေ၊ ငါ့ကို သင်၏ သက်သေခံခြင်း အပေါ်တွင် ခိုင်မြဲစွာရပ်တည်နိုင်ပြီး၊ ငါ၏ ဝန်ကို စဉ်းစားဆင်ခြင်ကြောင်း ပြသနိုင်ရမည်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘဲနှင့် သူတစ်ပါးပြောသမျှကို မျက်ကန်း သဘောတူလျက် စိတ်ရှုပ်ထွေးခြင်း မဖြစ်ရ၊ ထိုသို့ဖြစ်မည့်အစား သင်သည် ရပ်တည်ရန်နှင့် ငါ့ထံမှလာသော အရာများမဟုတ်သည်တို့ကို ကန့်ကွက်ရန် သတ္တိရှိရမည်။ တစ်စုံတစ်ခု မှားနေသည်ကို ရှင်းလင်းစွာ သင်သိသော်လည်း နှုတ်ဆိတ်ပြီးနေပါက သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသူတစ်ယောက် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ခု မှားနေသည်ကို သိပြီး အကြောင်းအရာကို လှည့်လိုက်သော်လည်း စာတန်သည် သင့်လမ်းကို ပိတ်ထားပါက၊ သင်သည် အကျိုးရလဒ် တစ်စုံတစ်ရာ မရှိဘဲ ပြောဆိုပြီး အဆုံးတိုင်အောင် စွဲမြဲစွာ မပြောဆိုနိုင်ပါက၊ သင်သည် ကြောက်ရွံ့ခြင်းကို မိမိနှလုံးသားထဲတွင် ဆက်သယ်ဆောင်ထားပြီး၊ စာတန်ထံမှလာသော အတွေးများနှင့် သင်၏ နှလုံးသားသည် ပြည့်နှက်ဆဲရှိသည် မဟုတ်လော။

အောင်နိုင်သူဆိုသည်မှာ အဘယ်နည်း။ ခရစ်တော်၏ စစ်သည်ကောင်းများသည် ရဲရင့်ရမည်ဖြစ်ပြီး၊ ဝိညာဉ်ခွန်အားကြီးစေရန် ငါ့အပေါ် မှီခိုရမည်ဖြစ်သည်။ ၎င်းတို့သည် စစ်သည်ရဲမက်များ ဖြစ်လာစေရန် တိုက်ခိုက်ပြီး၊ စာတန်ကို သေသည်အထိ တိုက်ပွဲဝင်ရမည်။ သင်သည် အမြဲတမ်း နိုးကြားနေရမည်ဖြစ်ပြီး၊ ထို့ကြောင့် အချိန်တိုင်းတွင် ငါနှင့်အတူ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ဖို့ရန် သင့်ကို ငါတောင်းဆိုခြင်း ဖြစ်ပြီး၊ ငါနှင့် နီးကပ်လာစေရန် သင်ယူရမည် ဖြစ်သည်။ အကယ်၍ မည်သည့်အချိန်နှင့် မည်သည့် အခြေအနေတွင် မဆို၊ ငါ့ဟောပြောချက်ကို နားထောင်ကာ၊ ငါ၏ နှုတ်ကပတ်တော်များနှင့် အပြုအမူများကို အာရုံစိုက်လျက် ငါ့ရှေ့တွင် တိတ်ဆိတ်စွာ နေနိုင်ပါလျှင် သင်သည် ယိမ်းယိုင်ခြင်းမရှိဘဲ နေရာမှ ရွေ့လျော့ခြင်း ရှိမည်မဟုတ်။ ငါ၏အထဲမှ သင်လက်ခံရရှိသော အရာမှန်သမျှကို လက်တွေ့ကျင့်သုံးနိုင်သည်။ ငါ၏ နှုတ်ကပတ်တော် တစ်လုံးစီတိုင်းသည် သင့်အခြေအနေကို ဦးတည် ထားသည်။ ယင်းတို့သည် သင့်နှလုံးသားကို ထိုးဖောက်ပြီး၊ အကယ်၍ သင်၏နှုတ်ဖြင့် ထိုနှုတ်ကပတ်တော်များကို ငြင်းဆိုနေလျှင်ပင် သင်၏ နှလုံးသားနှင့် မငြင်းဆိုနိုင်၊ ငါ၏ နှုတ်ကပတ်တော်အား စစ်ကြောလျှင်၊ သင်သည် တရားစီရင်ခြင်းခံရမည်။ ဆိုလိုသည်မှာ၊ ငါ၏ နှုတ်ကပတ်တော်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သည်။ ၎င်းတို့သည် အသွားနှစ်ဖက်ရှိ ထက်သည့် ဓါးတစ်လက်ဖြစ်ပြီး၊ စာတန်ကို နှိမ်နှင်းနိုင်သည်။ ငါ၏ နူတ်ကပတ်တော်ကို နားလည်ပြီး၊ လက်တွေ့ကျင့်သုံးရန် လမ်းရှိသော သူတို့သည် မင်္ဂလာရှိကြပြီး၊ လက်တွေ့မကျင့်သုံးသော သူများမူကား၊ ဧကန်မလွဲ စီရင်ခြင်းခံရလိမ့်မည်၊ ထိုအရာသည် အလွန် လက်တွေ့ဆန်သည်။ ယခုတွင် ငါတရားစီရင်သောသူ အမျိုးမျိုးသည် ပိုမိုကျယ်ပြန့်လာပြီး ဖြစ်သည်။ ငါ့ကို သိသောသူများကို ငါ့မျက်မှောက်တွင် ငါတရားစီရင်မည်သာမက၊ ငါ့ကို မယုံကြည်သောသူများ နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အဆုံးစွန်တားဆီးပြီး၊ ခုခံရန်ကြိုးစားသော သူတို့သည်လည်း တရားစီရင်ခြင်း ခံရမည်။ ဘုရားသခင်သည် အမျက်တော် မီးလောင်ခြင်းဖြစ်ကြောင်းကို ငါ၏ ခြေလှမ်းများအတိုင်း လိုက်လျောက်သောသူ အားလုံးတို့သည် မြင်တွေ့ရမည်။ ဘုရားသခင် ဘုန်းအာနုဘော် ကြီးမားပေ၏။ သူသည် သူ၏တရားစီရင်ချက်များအတိုင်း အကောင်အထည်ဖော်နေပြီး၊ သူတို့အား သေခြင်းသို့ ပြစ်ဒဏ်ချမှတ်နေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်ကို လိုက်လျှောက်ရန် အလေးမထားသော အသင်းတော်အတွင်းမှ လူများ၊ ထိုအလုပ်ကို နှောင့်ယှက်သူများ၊ ကြွားဝါသူများ၊ မမှန်ကန်သော ရည်မှန်းချက်များနှင့် ပန်းတိုင်များရှိသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန် ကြိုးစားအားထုတ်ခြင်း မရှိသူများ၊ နားဝေတိမ်တောင်ဖြစ်နေပြီး သံသယဝင်နေသူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို စစ်ကြောသူများ၊ ထိုသူတို့ထံသို့ တရားစီရင်သော နှုတ်ကပတ်တော်သည် အချိန်မရွေး ရောက်လာလိမ့်မည်။ လူတို့၏ လုပ်ရပ်အားလုံးသည် ဖော်ပြခြင်းခံရမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူများ၏ အတွင်းနှလုံးသားကို ရှာဖွေသည်ဖြစ်သောကြောင့် သတိလက်လွတ်မနေနှင့်၊ ဂရုစိုက်ပြီး သတိရှိလော့၊ ကိုယ်ကိုယ်တိုင် အမြင်ကန်းစွာ မလုပ်ဆောင်နှင့်။ အကယ်၍ သင့်လုပ်ဆောင်မှုများသည် ငါ၏ နှုတ်ကပတ်တော်အတိုင်း လိုက်လျှောက်ခြင်း မရှိပါက သင်သည် တရားစီရင်ခြင်းခံရမည်။ အတုခိုးခြင်း၊ သံသယရှိခြင်း သို့မဟုတ် အမှန်တကယ် နားမလည် သဘောမပေါက်ခြင်းနှင့် အလုပ်ဖြစ်လိမ့်မည်မဟုတ်၊ သင်သည် ငါ့ထံသို့ လာပြီး၊ ငါနှင့် မကြာခဏ ဆက်သွယ်ရမည်။

ငါ၏အထဲမှ သင်ယူဆောင်သော အရာမှန်သမျှသည်၊ လက်တွေ့ကျင့်သုံးရန် လမ်းကြောင်းအား သင့်ကို ပေးလိမ့်မည်။ ငါ့တန်ခိုးများသည် သင်နှင့် အတူရှိမည်၊ သင်သည် ငါ၏မျက်မှောက်ရှိလိမ့်မည်ဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်ထဲ၌ အစဉ်သွားလာလိမ့်မည်။ လောကအရာအားလုံးကို သင်သည် ကျော်လွှားနိုင်လိမ့်မည် ဖြစ်ပြီး၊ ရှင်ပြန်ထမြောက်ခြင်း တန်ခိုးကို ပိုင်ဆိုင်ရရှိမည်။ အကယ်၍ သင်၏ စကား၊ သင်၏ အပြုအမူနှင့် သင်၏လုပ်ဆောင်မှုများ၌ ငါ၏ နှုတ်ကပတ်တော်နှင့် ငါ၏မျက်မှောက်တို့ မရှိပါလျှင်၊ အကယ်၍ သင့်ကိုယ်သင် ငါနှင့် ဝေးကွာစေပြီး၊ သင့်ကိုယ်တိုင်၏ အထဲ၌သာ အသက်ရှင်လျှင်၊ စိတ်၏ အယူအဆများ အတိုင်း အသက်ရှင်လျှင်၊ စည်းမျဉ်းစည်းကမ်းများနှင့် အယူဝါဒများတွင် အသက်ရှင်လျှင်၊ သင့်စိတ်ကို အပြစ်တရားပေါ်မှာ အခြေချထားကြောင်း သက်သေဖြစ်သည်။ နောက်တစ်နည်းဆိုရလျှင်၊ သင်သည် သင်၏ အသက်တာဟောင်းကို စွဲကိုင်ထားပြီး၊ သူတစ်ပါးသည် သင့်အား အနည်းငယ်မျှ နာကျင်စေရန် သို့မဟုတ် သင်၏ စိတ်ဝိညာဉ်ကို ပျက်စီးစေရန် ခွင့်မပြုပေ၊ ထိုကဲ့သို့သောသူ၌ အင်မတန်ညံ့ဖျင်းသော အရည်အချင်းရှိပြီး၊ လွန်စွာ ရယ်မောဖွယ် ဖြစ်ကာ၊ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မမြင်နိုင်ပေ၊ သို့မဟုတ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မသိမှတ်နိုင်ပေ။ သင်၏ ငါထံမှ ရှောင်ပြေးနေခြင်းကို ဆက်လက်လုပ်ဆောင်နေပါက မည်သည့်အချိန်မှ သင့်အထဲ၌ ငါ့ကို ဝင်ရောက်လုပ်ဆောင်ခွင့် ပေးနိုင်မည်နည်း။ ငါစကားပြောပြီးသွားချိန်တွင်၊ သင်နားထောင်သော်လည်း မမှတ်မိ၊ သင်၏ ပြဿနာများသည် အမှန်တကယ် ချွန်ထွက်လာချိန်တွင်၊ သင်သည် အထူးသဖြင့် ခွန်အားနည်းလာ၏၊ ဤသည်မှာ မည်ကဲ့သို့သော ဝိညာဉ်အသက်တာမျိုးနည်း။ သင်သည် အမြဲပင် ချော့ပြောနေရန် လိုအပ်နေပါက ငါသည် မည်သည့်အခါမှ သင့်ကို ပြည့်စုံအောင် လုပ်ပေးနိုင်မည်နည်း။ သင်သည် အဖုအထစ်များနှင့် ပွန်းပဲ့ခြစ်ရာများကို ကြောက်သည်ဆိုလျှင် သင်သည် သူတစ်ပါးတို့အား ပြေး၍ "အဘယ်သူမျှ ငါ့အား ကိုင်တွယ်ဖြေရှင်းခွင့်ကို မပေး၊ ငါ့မူလ စိတ်သဘောထားဟောင်းကို ငါကိုယ်တိုင် ရှင်းလင်းနိုင်သည်" ဟု သတိပေးသင့်သည်။ ထိုသို့ဆိုလျှင် အဘယ်သူမျှ သင့်အား ဝေဖန်လိမ့်မည်မဟုတ်၊ သို့မဟုတ် သင့်အား ထိနိုင်လိမ့်မည် မဟုတ်၊ သင်သည်လည်း အဘယ်သူမျှ သင့်အား ဂရုမစိုက်ဘဲ သင်စိတ်ဆန္ဒရှိရာကို လွတ်လပ်စွာ ယုံကြည်နိုင်သည်။ ငါ၏ ခြေလှမ်းများအတိုင်း ထိုကဲ့သို့ သင်လိုက်နိုင်သလော။ ငါသည် သင်၏ ဘုရားသခင်ဖြစ်ပြီး၊ သင်၏ သခင်ဖြစ်သည်မှာ သေချာသည်ဟု သင်ပြောခြင်းသည် အနှစ်သာရမဲ့သော စကားလုံးများ ဖြစ်ကြသည်။ အကယ်၍ သင်သည် ဧကန်အမှန်ပင် သံသယမရှိပါက၊ ထိုအရာများသည် ပြဿနာတစ်ခု ဖြစ်လိမ့်မည်မဟုတ်ဘဲ ထိုအရာသည် ဘုရားသခင်၏ ချစ်ခြင်းနှင့် သင့်အပေါ်ချပေးသော ဘုရားသခင်၏ ကောင်းချီးများ ဖြစ်ကြောင်း သင်ယုံကြည်လိမ့်မည်။ ငါစကားပြောသောအခါ ငါ၏ သားများအား ပြောခြင်းဖြစ်ပြီး၊ ထိုအရာကို ကျေးဇူးတင်ခြင်းများနှင့် ချီးမွမ်းခြင်းများဖြင့် တုံ့ပြန်သင့်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

အမှုတော်နှင့် ဝင်ရောက်ခြင်း (၁) ဘုရားသခင်၏အမှုတော်၏ ရူပါရုံ (၁) ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၉) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) (အပိုင်း တစ်) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) (အပိုင်း နှစ်) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁) အပိုင်း တစ် ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) အပိုင်း တစ် ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) အပိုင်း နှစ် အမှုတော်နှင့် ဝင်ရောက်ခြင်း (၃) အမှုတော်နှင့် ဝင်ရောက်ခြင်း (၇) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) အပိုင်း နှစ် သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃) လူ့ဇာတိခံယူခြင်း၏ နက်နဲမှု (၁) အပိုင်း နှစ် စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကောင်းကင်နိုင်ငံတော်သီချင်း စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ လူမျိုးအပေါင်းတို့၊ ဝမ်းမြောက်ကြလော့။ လူသားများကို ဘုရားသခင်အသုံးပြုခြင်းနှင့် ပတ်သက်၍ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂) အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၆ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၇ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၂၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃၀ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည် ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄) အခန်း ၂ အခန်း ၁၂ အခန်း ၁၄ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁) အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃၄ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၄၁ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၄၂ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၄၄ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၅၆ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၆၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၆၈ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၇၀ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၇၄ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၇၉ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၈၈ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၀၀ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၀၃ အခန်း ၁၀၃ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏ ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏ ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ပုံ ကောင်းမွန်သော ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍ မိမိတို့၏ တာဝန်ထမ်းဆောင်ကြသူတို့ တစ်ဦးတစ်ယောက်စီတိုင်း အပေါ်တွင် သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည် ပြည့်စုံသော သိုးထိန်းတစ်ဦး ရှိသင့်သည့်အရာ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းသည်သာလျှင် စစ်မှန်မှုအား ပိုင်ဆိုင်ခြင်းဖြစ်သည် လက်တွေ့လုပ်ဆောင်ခြင်း (၄) မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၈ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၀ ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည် စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အလုပ် သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည် (အပိုင်း တစ်) အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၃ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၇ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၉ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၂၁ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၂၂ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၂၈ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃၆ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၀၈ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည် လက်တွေ့လုပ်ဆောင်ခြင်း (၂) လက်တွေ့လုပ်ဆောင်ခြင်း (၃) မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ် (အပိုင်း တစ်) မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ် (အပိုင်း နှစ်) ခရီးပန်းတိုင်နှင့်ပတ်သက်၍ သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည် (အပိုင်း တစ်) စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည် (အပိုင်း နှစ်) နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည် လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက် အရည်အချင်းကို မြှင့်တင်ခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရေးအတွက် ဖြစ်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက် လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည် သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည် (အပိုင်း နှစ်)

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ