သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည် (အပိုင်း နှစ်)

လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည် လူတို့၏အယူအဆများနှင့် စိုးစဉ်းမျှ မကိုက်ညီသည်ကို ယခု အယောက်တိုင်း တွေ့နိုင်၏။ ဘုရားသခင်သည် လူ့အယူအဆများနှင့် လုံးဝ မကိုက်ညီသည့် များလှစွာသော အမှုများကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ များလှစွာသော နှုတ်ကပတ်တော်များကိုလည်း ပြောဆိုပြီးဖြစ်သည်။ ထို့ကြောင့်၊ လူတို့အနေဖြင့် ၎င်းတို့ မြင်နှင့်ပြီးဖြစ်သည့်အရာနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ ၎င်းတို့ ရရှိပြီးဖြစ်သည့်အရာတို့ဖြင့် ရပ်တည်နိုင်ဖို့ရန် ယုံကြည်စိတ်ချမှုနှင့် စိတ်စွမ်းအားတို့ ရှိရမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့တွင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်သည့်အရာကို ၎င်းတို့ ထိန်းသိမ်းရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး၊ တကယ့်အဆုံးတိုင်အောင် သူ့ကို အစဉ်ချစ်ခင်၍ သစ္စာရှိမြဲ ရှိရမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏တာဝန် ဖြစ်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို ထိန်းသိမ်းရမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်မှုသည် သူ့ကိုနာခံခြင်းနှင့် သူ၏အမှုကို တွေ့ကြုံခံစားခြင်းတို့ လိုအပ်၏။ ဘုရားသခင်သည် မြောက်များလှစွာသော အမှုတို့ကို လုပ်ဆောင်ပြီးဖြစ်သည်- လူတို့အတွက် ယင်းသည် အလုံးစုံ စုံလင်စေခြင်း၊ စစ်ဆေးခြင်းနှင့် ထိုထက်ပို၍ ပြစ်တင်ဆုံးမခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူသား၏ အယူအဆများနှင့် ကိုက်ညီဖူးသည့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အဆင့်တစ်ခုတစ်လေမျှ မရှိသေးပေ။ လူတို့ ခံစားရပြီးသည့် အရာမှာ ဘုရားသခင်၏ပြင်းထန်သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင် ကြွလာသည့်အခါ၊ လူတို့သည် သူ၏ဘုန်းအာနုဘော်နှင့် သူ၏အမျက်ကို ခံစားသင့်သည်။ သို့သော် သူ၏နှုတ်ကပတ်တော်များ မည်မျှပင်ပြင်းထန်စေကာမူ၊ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန် ကြွလာခြင်းဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်မျှ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှ ဆုံးရှုံးမသွားပေ။ သင်သည် လူသား လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်သွားနိုင်သင့်ကာ၊ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် သူ့ထံသို့ လှည့်နိုင်သင့်ပေသည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်သည်။ “အောင်မြင်သောသူများ” အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က “အောင်မြင်သောသူ” တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာနှင့် အပျိုစင်ကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းသည် ဘုရားသခင်ရှေ့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးကို ထိန်းသိမ်းခြင်းဟု ဆိုလိုသည်။ လူသားမျိုးနွယ်အတွက်၊ ရိုးသားစစ်မှန်ခြင်းသည် သန့်စင်ဖြူစင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်ရိုးသားနိုင်စွမ်းသည် သန့်စင်ဖြူစင်ခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်လက်တွေ့လုပ်ဆောင်သင့်သောအရာဖြစ်သည်။ ဆုတောင်း သင့်သည့်အခါ၊ သင်ဆုတောင်းသည်။ မိတ်သဟာယဖြင့် အတူတကွ စုရုံးသင့်သည့်အခါ၊ သင် ထိုသို့ပြုသည်။ ဓမ္မသီချင်းများကို ဆိုသင့်သည့်အခါ၊ သင် သီဆိုပြီး၊ ဇာတိပကတိကို စွန့်ပယ်သင့်သည့်အခါ၊ ဇာတိပကတိကို သင် စွန့်ပယ်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်ချိန်တွင်၊ သင်သည် အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခြင်းမရှိ။ စမ်းသပ်မှုများနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ ခိုင်မာစွာ သင် ရပ်တည်သည်။ ဤသည်မှာ ဘုရားသခင်ထံ ဆည်းကပ်ခြင်းဖြစ်သည်။ လူတို့ပြုလုပ်သင့်သောအရာကို သင်မထိန်းသိမ်းပါက၊ သင်၏ ယခင် ဆင်းရဲဒုက္ခခံစားခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့သည် အချည်းနှီးဖြစ်ခဲ့ပေလိမ့်မည်။

ဘုရားသခင်အမှု၏အဆင့်တိုင်းအတွက်၊ လူတို့ ပူးပေါင်း လုပ်ဆောင်သင့်သည့် နည်းလမ်းတစ်ခု ရှိ၏။ လူတို့အနေဖြင့် စစ်ဆေးမှုများကို ကြုံရသည်နှင့်အမျှ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စစ်ဆေး၏။ လူတို့အနေဖြင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့ ယုံကြည်စိတ်ချမှု ရှိကြပြီး၊ သူ၏ စစ်ဆေးမှုများကို လက်ခံရန်နှင့် ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ခံရန် လိုလားလျက်ရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စုံလင်စေသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ၎င်းတို့ထံ ယူဆောင်လာရန်နှင့် သူနှင့်အတူ ၎င်းတို့ကို ပူးပေါင်းဆောင်ရွက်စေကာ လက်တွေ့လုပ်ဆောင်စေဖို့အလို့ငှာ လူတို့အတွင်းတွင် အမှုပြုလေသည်။ ဘုရားသခင်သည် စစ်ဆေးခြင်း အတောအတွင်းတွင် စကားမပြောပေ။ သူသည် သူ၏အသံကို မိန့်မြွက်ခြင်း မပြုသော်လည်း၊ လူတို့လုပ်ဆောင်သင့်သည့် အလုပ်ရှိဆဲဖြစ်၏။ သင်၌ ရှိနှင့်ပြီးသောအရာကို သင် ထိန်းသိမ်းသင့်သည်၊ ဘုရားသခင်ထံ သင်ဆုတောင်းနိုင်ဆဲ ဖြစ်သင့်သည်၊ ဘုရားသခင်နှင့် ရင်းနှီးကာ ဘုရားသခင် ရှေ့မှောက်တွင် သက်သေရပ်တည်နိုင်ဆဲ ဖြစ်သင့်သည်။ ဤနည်းဖြင့် သင်သည် သင်ကိုယ်တိုင်၏တာဝန်ကို ဖြည့်ဆည်းလိမ့်မည် ဖြစ်သည်။ လူတို့၏ ယုံကြည်စိတ်ချမှုနှင့် ချစ်ခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်မှုများမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ သာ၍ ဆုတောင်းဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ၏ ရှေ့မှောက်တွင် သာ၍မကြာခဏ အရသာခံရန် လိုအပ်သည်ကို ဘုရားသခင်၏ အမှုတော်မှ သင်တို့အားလုံး ရှင်းလင်းစွာ မြင်တွေ့သင့်ကြပေသည်။ ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးပြီး သူ၏ အလိုတော်ကို နားလည်စေသော်လည်း၊ သင်သည် ဤအရာတစ်ခုတစ်လေကိုမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက၊ သင်သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့ လုပ်ဆောင်သည့်အခါ၊ သူ့ထံ သင် ဆုတောင်းနိုင်ဆဲဖြစ်သင့်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သင် အရသာခံသည့်အခါ စိတ်ပျက်အားလျော့ခြင်း သို့မဟုတ် အေးစက်သွားသည့် ခံစားမှုအရိပ်အယောင် လုံးဝမရှိဘဲ၊ သူ့ရှေ့မှောက်သို့ သင်လာပြီး၊ ရှာဖွေသင့်ကာ သူ၌ ယုံကြည်စိတ်ချမှုအပြည့် ဖြစ်သင့်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသူများသည် ဝတ်ပြုစည်းဝေးပွဲများအတွင်းတွင် အားအင်အပြည့် ဖြစ်ကြသော်လည်း၊ အိမ်ပြန်သွားကြသည့်အခါ အမှောင်ထဲသို့ ကျရောက်ကြလေသည်။ အတူတကွ မစုဝေးချင်ကြသော သူအချို့ပင် ရှိလေသည်။ ထို့ကြောင့် လူတို့ ဖြည့်ဆည်းသင့်သည်မှာ မည်သည့်တာဝန်ဖြစ်သည်ကို သင် ရှင်းလင်းစွာ တွေ့မြင်ရမည်။ ဘုရားသခင်၏အလိုတော်သည် မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို မသိကောင်းမသိနိုင်သော်လည်း၊ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည်၊ သင်ဆုတောင်းသင့်သည့်အချိန်တွင် ဆုတောင်းနိုင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည့် အချိန်တွင် လက်တွေ့လုပ်ဆောင်နိုင်ကာ၊ လူတို့ လုပ်သင့်သည့်အရာကို သင် လုပ်နိုင်ပေသည်။ သင်၏ မူလရူပါရုံကို သင်ထိန်းသိမ်းထားနိုင်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏အမှု နောက်တစ်ဆင့်ကို သာ၍ လက်ခံလာနိုင်လိမ့်မည်။ ဘုရားသခင်သည် ကွယ်ဝှက်သည့်နည်းလမ်းဖြင့် အမှုပြုသည့်အခါ၊ သင်သည် မရှာဖွေပါက ပြဿနာဖြစ်ပေသည်။ အစည်းအဝေးများအတွင်း ဘုရားသခင်စကားပြောကာ ဟောပြောသည့် အချိန်တွင်၊ သင်သည် စိတ်အားထက်သန်မှုဖြင့် နားထောင်သော်လည်း၊ သူစကားမပြောသည့်အခါ သင်သည် အားအင်မဲ့ကာ နောက်ဆုတ်လေသည်။ မည်သည့်လူစားမျိုးသည် ဤသို့ လုပ်ဆောင်သနည်း။ ဤသည်မှာ လူအုပ်သွားရာနောက် မည်သည့်နေရာမဆို လိုက်သည့်သူတစ်ဦးသာ ဖြစ်ပေသည်။ ၎င်းတို့သည် ရပ်တည်ချက်မရှိ၊ သက်သေခံချက် မရှိသကဲ့သို့၊ ရူပါရုံ မရှိကြချေ။ လူအများစုသည် ဤသို့ဖြစ်၏။ သင်သည် ဤနည်းအတိုင်း ဆက်သွားပါက၊ ကြီးမားသော စမ်းသပ်မှုကို သင် ကြုံရချိန်တစ်နေ့တွင် ပြစ်ဒဏ်ပေးခြင်းထဲသို့ သင်ကျရောက်လိမ့်မည်။ ရပ်တည်ချက်ရှိခြင်းသည် လူတို့ကို ဘုရားသခင်၏ စုံလင်စေခြင်း လုပ်ငန်းစဉ်တွင် အလွန်အရေးကြီး၏။ သင်သည် ဘုရားသခင်၏အမှု အဆင့်တစ်ဆင့်ကိုမျှ သံသယမရှိပါက၊ သင်သည် လူသား၏တာဝန်ကို ဖြည့်ဆည်းပါက၊ ဘုရားသခင် သင့်ကို လက်တွေ့လုပ်ဆောင်စေသော အရာကို သင် ရိုးသားစစ်မှန်စွာ ထိန်းသိမ်းပါက၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ တိုက်တွန်းအားပေးခြင်းများကို သတိရပြီး၊ ယနေ့တွင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ သူ၏ တိုက်တွန်းအားပေးမှုများကို သင်မမေ့လျော့ခြင်း ဖြစ်သည်၊ သူ၏အမှုနှင့်ပတ်သက်၍ သင်သည် သံသယမရှိသကဲ့သို့၊ သင်၏ရပ်တည်မှုကို ထိန်းသိမ်းပြီး၊ သင်၏ သက်သေခံချက်ကို ထိန်းသိမ်းကာ၊ လမ်းခရီး၏ အဆင့်တိုင်းတွင် အောင်မြင်မှုရရှိပါက၊ နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရမည်ဖြစ်ပြီး အောင်မြင်သောသူတစ်ဦးအဖြစ် ဖန်တီးခြင်းခံရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏စမ်းသပ်ခြင်း အဆင့်တိုင်းတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး၊ တကယ့်အဆုံးတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ဆဲဖြစ်ပါက၊ သင်သည် အောင်မြင်သောသူ တစ်ဦးဖြစ်ကာ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသောသူတစ်ဦး ဖြစ်ပေသည်။ သင်သည် သင်၏ လက်ရှိစမ်းသပ်မှုများတွင် ခိုင်မြဲစွာ မရပ်တည်နိုင်ပါက အနာဂတ်တွင် သာ၍ပင် ခက်ခဲလာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် မဖြစ်စလောက် ဒုက္ခဆင်းရဲပမာဏကိုသာ တွေ့ကြုံပြီး သမ္မာတရားကို အားထုတ်ခြင်း မရှိပါက၊ သင်သည် နောက်ဆုံးတွင် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ သင်သည် လက်ချည်းသက်သက်ဖြင့် ကျန်ရစ်လိမ့်မည်။ ဘုရားသခင် စကားပြောခြင်း မရှိသည်ကို မြင်သည့်အခါ မိမိတို့၏ အားထုတ်မှုကို လက်လျှော့လိုက်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံး ဖရိုဖရဲဖြစ်သော လူအချို့ရှိ၏။ ထိုသို့သောလူတစ်ဦးသည် မိုက်မဲသောသူတစ်ဦး မဟုတ်လော။ ဤသို့သော သူမျိုးများတွင် စစ်မှန်မှုမရှိပေ။ ဘုရားသခင် စကားပြောနေချိန်တွင် ၎င်းတို့သည် အမြဲအလုပ်ရှုပ်နေကြသည်၊ အလုပ်များသည့်ပုံပေါ်ပြီး အပြင်ပန်းတွင် စိတ်တက်ကြွမှု ရှိပုံရသော်လည်း၊ ယခု သူစကားပြောဆိုခြင်း မရှိသည့်အခါတွင်၊ ၎င်းတို့သည် ရှာဖွေခြင်းကို ရပ်လိုက်ကြလေသည်။ ဤလူစားမျိုး၌ အောင်မြင်ရန် အလားအလာမရှိပေ။ စစ်ဆေးမှုများ အတွင်းတွင်၊ သင်သည် အပြုသဘောဆောင်သော ရှုထောင့်တစ်ခုမှ ဝင်ရောက်ရမည်ဖြစ်ပြီး၊ သင်ယူသင့်သော သင်ခန်းစာများကို သင်ယူရမည်။ ဘုရားသခင်ထံ သင်ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ ထိုနှုတ်ကပတ်တော်များနှင့် ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေကို တိုင်းတာသင့်သည်၊ သင်၏အားနည်းချက်များကို ရှာဖွေတွေ့ရှိသင့်ပြီး၊ သင်ယူစရာ သင်ခန်းစာများစွာ သင်၌ ရှိသေးသည်ကို ရှာတွေ့သင့်ပေသည်။ စစ်ဆေးမှုများကို သင် ကြုံရသည်နှင့်အမျှ ရိုးသားစစ်မှန်စွာ သင် ကြိုးစားလေလေ၊ သင့်ကိုယ်သင် ပြည့်စုံမှုမရှိသည်ကို ရှာတွေ့လေလေ ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းများကို သင်တွေ့ကြုံနေရချိန်တွင် သင်ကြုံရသည့် ပြဿနာများစွာ ရှိ၏။ ၎င်းတို့ကို သင် ရှင်းလင်းစွာ မမြင်နိုင်ပေ၊ သင် ညည်းညူသည်၊ သင်ကိုယ်တိုင်၏ ဇာတိပကတိကို သင်ထုတ်ဖော်ပြသည်- ဤနည်းဖြင့်သာ သင်၏အတွင်းတွင် များပြားလွန်းသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသည်ကို သင် ရှာတွေ့နိုင်ပေသည်။

လူတို့သည် အရည်အချင်း ကင်းမဲ့ကြပြီး၊ ဘုရားသခင်၏ စံများကို လွန်စွာ လိုက်မမီနိုင်ပေ၊ ၎င်းတို့အနေဖြင့် အနာဂတ်တွင် ဤလမ်းကြောင်းကို လျှောက်လှမ်းရန် ယုံကြည်စိတ်ချမှု သာ၍ပင် လိုအပ်ကောင်း လိုအပ်နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုသည် အလွန်ကြီးမားလှသော ယုံကြည်စိတ်ချမှု၊ ယောဘ၏ ယုံကြည်စိတ်ချမှုထက်ပင် သာ၍ကြီးမားသော ယုံကြည်စိတ်ချမှု လိုအပ်ပေသည်။ ယုံကြည်စိတ်ချမှုမရှိဘဲနှင့်၊ လူတို့သည် အတွေ့အကြုံ ဆက်လက်ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ စုံလင်စေခြင်းကိုလည်း ခံရနိုင်မည် မဟုတ်ပေ။ ကြီးမားသော စမ်းသပ်မှုများနှင့်ဆိုင်သည့် နေ့ရက်များ ရောက်လာချိန်တွင်၊ အသင်းတော်ကို စွန့်ခွာသော လူများ- ဟိုနေရာအချို့၊ သည်နေရာအချို့ ရှိလိမ့်မည်။ ယခင်နေ့ရက်များတွင် မိမိတို့၏ လိုက်စားရှာဖွေမှုများ၌ အတော်အတန် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြသော သူအချို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ မယုံကြည်ကြတော့သည့် အကြောင်းရင်းမှာ မရှင်းမလင်း ဖြစ်လိမ့်မည်။ သင် နားမလည်သည့်အရာများစွာ ဖြစ်ပျက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် မည်သည့်နိမိတ်လက္ခဏာများ သို့မဟုတ် အံ့ဖွယ်ရာများကိုမျှ ထုတ်ဖော်ပြလိမ့်မည် မဟုတ်သကဲ့သို့၊ သဘာဝလွန်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သင့်အနေဖြင့် ခိုင်မြဲစွာ ရပ်တည်နိုင်ခြင်း ရှိမရှိဆိုသည်ကို ကြည့်ရန်ဖြစ်သည်- ဘုရားသခင်သည် လူတို့ကို စစ်ဆေးဖို့ အမှန်တရားများကို အသုံးပြု၏။ သင်သည် များစွာ ဆင်းရဲဒုက္ခမခံရသေးပေ။ အနာဂတ်တွင် ကြီးမားသော စမ်းသပ်မှုများ ရောက်လာသည့်အခါ၊ အချို့သောနေရာများ၌ အသင်းတော်ကို လူတစ်ဦးစီတိုင်းက စွန့်ခွာလိမ့်မည်ဖြစ်ပြီး၊ သင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြသူများသည် ၎င်းတို့၏ယုံကြည်ခြင်းကို ချန်ရစ်ကာ စွန့်လွှတ်ကြလိမ့်မည်။ သင်သည် ထိုအခါ ခိုင်မြဲစွာ ရပ်တည်နိုင်မည်လော။ ယခုအချိန်အထိ၊ သင် ရင်ဆိုင်ပြီးဖြစ်သည့် စမ်းသပ်မှုများသည် အသေးအဖွဲဖြစ်ပြီး၊ ၎င်းတို့ကို သင့်အနေဖြင့် သည်းခံနိုင်ရုံမျှ ဖြစ်ခဲ့သည်မှာ သေချာသလောက်ဖြစ်သည်။ ဤအဆင့်တွင် နှုတ်ကပတ်တော်များ မှတစ်ဆင့်သာ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ ပါဝင်သည်။ နောက်တစ်ဆင့်တွင် သင့်ကို စစ်ဆေးဖို့ အမှန်တရားများ သင့်အပေါ် ရောက်လာလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ကြီးမားသော ဘေးအန္တရာယ်ကြားတွင် ရှိလိမ့်မည် ဖြစ်သည်။ ထိုအရာ အလွန် ဆိုးရွားလွန်းလာသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်က သင့်ကို မြန်မြန်လုပ်ကာ ထွက်ခွာရန် အကြံပေးလိမ့်မည်ဖြစ်ပြီး၊ ဘာသာရေး သမားများသည် သင့်ကို ၎င်းတို့နှင့်အတူ သွားစေဖို့ သွေးဆောင်ရန် ကြိုးစားကြလိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် လမ်းကြောင်းပေါ်တွင် ဆက်လက်သွားနိုင်ခြင်း ရှိမရှိဆိုသည်ကို ကြည့်ရန် ဖြစ်ပြီး၊ ဤအရာ အားလုံးသည် စမ်းသပ်ခြင်းများ ဖြစ်သည်။ လက်ရှိစမ်းသပ်မှုများသည် အသေးအဖွဲဖြစ်သော်လည်း၊ မိဘများက မယုံကြည်တော့သည့် အိမ်အချို့နှင့် သားသမီးများက မယုံကြည်ကြတော့သည့် အိမ်အချို့ ရှိမည့်နေ့ ရောက်လာလိမ့်မည်။ သင်သည် ဆက်လက် လုပ်ဆောင်နိုင်မည်လော။ သင်သည် ရှေ့သို့ ဝေးဝေးသွားလေလေ၊ သင်၏ စမ်းသပ်မှုများသည် ကြီးမားလာလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူတို့၏ လိုအပ်ချက်များနှင့် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုများနှင့်အညီ ၎င်းတို့ကို စစ်ဆေးခြင်းအမှု ဆောင်ရွက်လေသည်။ လူသားမျိုးနွယ်ကို ဘုရားသခင် စုံလင်စေခြင်း အဆင့်အတွင်းတွင်၊ လူအရေအတွက် ဆက်လက်တိုးပွားဖို့မှာ မဖြစ်နိုင်ပေ- နည်းသာနည်းသွားလိမ့်မည်။ လူတို့ စုံလင်ခြင်းခံရနိုင်သည်မှာ ဤစမ်းသပ်မှုများမှတစ်ဆင့်သာ ဖြစ်သည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ပဲ့ပြင်ဆုံးမခံရခြင်း၊ စစ်ဆေးခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ကျိန်ခြင်းခံရခြင်း- ဤအရာအားလုံးကို သင် ကြံ့ကြံ့ခံနိုင်သလော။ ညီအစ်ကို မောင်နှမအားလုံးက ကြီးမားသော အားအင်ဖြင့် ကြိုးစားနေကြကာ အထူးကောင်းမွန်သော အခြေအနေရှိသည့် အသင်းတော်တစ်ခုကို သင် မြင်ရသည့်အခါ၊ သင် ကိုယ်တိုင် ခွန်အားရရှိသည်။ ၎င်းတို့အားလုံး စွန့်ခွာသွားသည့်တစ်နေ့၊ ၎င်းတို့ထဲမှ အချို့သောသူတို့ မယုံကြည်ကြတော့သည့်တစ်နေ့၊ အချို့တို့သည် စီးပွားရေးလုပ်ရန် သို့မဟုတ် အိမ်ထောင်ပြုရန် စွန့်ခွာသွားကြသည့်တစ်နေ့၊ ပြီးလျှင် အချို့သည် ဘာသာတရားသို့ ဝင်ရောက်ခဲ့သည့်တစ်နေ့ ရောက်လာသည့်အခါတွင်၊ သင့်အနေဖြင့် မြဲမြံစွာ ရပ်တည်နိုင်လိမ့်ဦးမည်လော။ စိတ်ထဲတွင် ထိခိုက်မှုမရှိဘဲ သင် ရှိမြဲရှိနိုင်မည်လော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ စုံလင်စေခြင်းသည် အင်မတန်ရိုးရှင်းသော အရာတစ်ခု မဟုတ်ပေ။ သူသည် လူတို့ကို စစ်ဆေးဖို့ အမှုအရာများစွာကို အသုံးပြု၏။ လူတို့သည် ဤအရာတို့ကို နည်းလမ်းများ အဖြစ် မြင်ကြသော်လည်း၊ ဘုရားသခင်၏ မူလရည်ရွယ်ချက်တွင် ၎င်းတို့သည် နည်းလမ်းများ လုံးဝမဟုတ်ဘဲ၊ အမှန်တရားများ ဖြစ်သည်။ နောက်ဆုံးတွင်၊ လူတို့ကို ဘုရားသခင်က အတိုင်းအတာတစ်ခုထိ စစ်ဆေးပြီးဖြစ်ကာ ၎င်းတို့အနေဖြင့် မည်သည့်ညည်းညူခြင်းမျှ မရှိတော့သည့်အခါ၊ သူ၏ ဤအမှုအဆင့်သည် ပြီးစီးလိမ့်မည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးမြတ်သောအမှုမှာ သင့်ကို စုံလင်စေရန်ဖြစ်ပြီး၊ သူသည် အမှုမပြုဘဲ မိမိကိုယ်ကိုယ် ဖုံးကွယ်သည့်အခါ၊ ယင်းသည် သင့်ကို စုံလင်စေဖို့ ရည်ရွယ်ချက် သာ၍ပင် ဖြစ်ကာ၊ အထူးသဖြင့် လူတို့သည် ဘုရားသခင် အတွက် ချစ်ခြင်းမေတ္တာ ရှိမရှိ၊ ၎င်းတို့အနေဖြင့် သူ့အထဲတွင် စစ်မှန်သော ယုံကြည်စိတ်ချမှု ရှိမရှိဆိုသည်ကို ဤနည်းလမ်းဖြင့် တွေ့မြင်နိုင်ပေသည်။ ဘုရားသခင်သည် ပြတ်ပြတ်သားသား စကားပြောဆိုချိန်တွင် သင့်အနေဖြင့် ရှာဖွေဖို့ မလိုအပ်ပေ။ သင် ရှာဖွေပြီး သတိဖြင့် ရှေ့ဆက်ဖို့လိုသည်မှာ သူ ဖုံးကွယ်သည့်အခါတွင်သာ ဖြစ်သည်။ သင့်အနေဖြင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းနိုင်သင့်ပြီး၊ သင်၏ အနာဂတ်ရလဒ်နှင့် သင်၏ ခရီးပန်းတိုင် မည်သည့်အရာ ဖြစ်စေကာမူ၊ သင် အသက်ရှင်နေသည့် နှစ်ကာလများအတွင်းတွင် အသိပညာနှင့် ဘုရားသခင်ကို ချစ်ခြင်းအား လိုက်စားရှာဖွေနိုင်သင့်ပြီး၊ သင့်ကို ဘုရားသခင် မည်သို့ဆက်ဆံစေကာမူ၊ သင့်အနေဖြင့် ညည်းညူခြင်းကို ရှောင်ရှားနိုင်သင့်ပေသည်။ လူတို့အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော် အမှုပြုဖို့ သတ်မှတ်ချက်တစ်ခု ရှိသည်။ ၎င်းတို့အနေဖြင့် ဆာငတ်ကာ ရှာဖွေရမည်ဖြစ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို စိတ်မပါ့တပါနှင့် သံသယမဖြစ်ရ၊ ပြီးလျှင် ၎င်းတို့၏တာဝန်များကို တစ်ချိန်လုံး ထိန်းသိမ်းနိုင်ရမည် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ၎င်းတို့ ရရှိနိုင်ပေသည်။ ဘုရားသခင်၏အမှု အဆင့်အသီးသီးတွင် လူသားမျိုးနွယ်ကို တောင်းဆိုထားသောအရာမှာ အလွန်ကြီးမားသော ယုံကြည်စိတ်ချမှုနှင့် ဘုရားသခင်၏ရှေ့မှောက်သို့ ရှာဖွေဖို့လာခြင်း ဖြစ်သည်- အတွေ့အကြုံမှတစ်ဆင့်သာ ဘုရားသခင် မည်မျှနှစ်လိုဖွယ်ကောင်းသည် ဆိုသည်နှင့် လူတို့ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အမှုပြုသည်တို့ကို လူတို့ ရှာတွေ့နိုင်ပေသည်။ သင်သည် တွေ့ကြုံခံစားရခြင်း မရှိပါက၊ ယင်းမှတစ်ဆင့် သတိဖြင့် ရှေ့မဆက်ပါက၊ သင်ရှာဖွေခြင်း မပြုပါက၊ မည်သည့်အရာကိုမျှ သင် ရရှိလိမ့်မည်မဟုတ်ပေ။ သင်၏ အတွေ့အကြုံများမှတစ်ဆင့် သတိဖြင့် ရှေ့ဆက်ရမည်ဖြစ်ပြီး၊ သင်၏ အတွေ့အကြုံများမှတစ်ဆင့်သာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင်တွေ့နိုင်ကာ၊ သူ၏ အံဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်သောနက်နဲမှုကို သတိပြုနိုင်ပေသည်။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။