နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

သမ္မာကျမ်းစာဆိုသည်မှာ မည်ကဲ့သို့သော စာအုပ်မျိုးများနည်း။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော် ခေတ်အတွင်းက ဘုရားသခင်၏ လုပ်ဆောင်ချက်များပါ။ သမ္မာကျမ်းစာထဲက ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ယေဟောဝါ၏ လုပ်ဆောင်ချက်အားလုံးနှင့် ၎င်း၏ ဖန်ဆင်းခြင်းအလုပ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ကျမ်းတစ်စောင်လုံးသည် ယေဟောဝါမှ လုပ်ဆောင်ခဲ့သည်များကို မှတ်တမ်းတင်ပေးထားရာ၊ မာလခိကျမ်းထဲတွင် ယေဟောဝါ၏ အလုပ်များဖြင့် နောက်ဆုံးတွင် အဆုံးသတ် ထားပါသည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင်မှ လုပ်ဆောင်ပေးခဲ့သည့် လုပ်ရပ်နှစ်ရပ်ကို မှတ်တမ်းတင် ထားပါသည်- တစ်ခုက ဖန်ဆင်းခြင်းအလုပ်၊ နောက်တစ်ခုက ပညတ်ကို ပြဋ္ဌာန်းပေးသည့် အလုပ်ပါ။ ထိုအလုပ်နှစ်ခုစလုံးကို ယေဟောဝါက လုပ်ဆောင်ခဲ့ပါသည်။ ပညတ်တော်ခေတ်သည် ယေဟောဝါဘုရားဆိုသည့် နာမဖြင့် လုပ်ဆောင်ခဲ့သည့် အလုပ်ကို ဖေါ်ပြထားခြင်းဖြစ်ပြီး၊ အဓိကအားဖြင့် ယေဟောဝါ ၏ နာမဖြင့် လုပ်ကိုင်ပေးခဲ့သည့် လုပ်ဆောင်ချက် တစ်ရပ်လုံး ဖြစ်ပါသည်။ ထိုနည်းဖြင့်၊ ဓမ္မဟောင်းကျမ်း သည် ယေဟောဝါ၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ပေးပြီး ဓမ္မသစ်ကျမ်းမှာမူ အဓိကအားဖြင့် ယေရှု၏ နာမဖြင့် လုပ်ဆောင်ခဲ့သည့် အလုပ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ယေရှု၏ နာမများ၏ အရေးပါမှုနှင့် ဘုရားသခင်၏ အလုပ်ကို ဓမ္မသစ်ကျမ်းထဲတွင် အများအားဖြင့် မှတ်တမ်းတင် ပေးထားပါသည်။ ဓမ္မဟောင်းပညတ်တော်ခေတ်တုန်းက၊ ယေဟောဝါသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို ဣသရေလနိုင်ငံမှာ တည်ဆောက်ပေးခဲ့ပြီး၊ ၎င်းက ကမ္ဘာမြေကြီးပေါ်ရှိ ဣသရေလလူမျိုးများ၏ ဘဝကို လမ်းညွှန် ပေးခဲ့ခြင်းဖြင့်၊ သူတို့သည် ယေဟောဝါ၏ ပထမဆုံး အရွေးခံ လူအုပ်စု ဖြစ်လာကြပါသည်၊ ဘုရားသခင်ကနေပြီး ကမ္ဘာကြီးပေါ်မှာ ပထမဦးဆုံး ရွေးလိုက်သည့် လူများဖြစ်ခဲ့ကြပြီး၊ သူတို့သည် ဘုရားသခင်၏ နှလုံးသားထဲမှာ ရှိနေကြကာ ၎င်းကိုယ်တိုင် ဦးဆောင်ပေးခဲ့သည့် ပထမဦးဆုံး လူအုပ်စု ဖြစ်ကြောင်း သက်သေထူပြခဲ့ပါသည်၊ ဣသရေလ နိုင်ငံတွင်းက လူမျိုးနွယ်စု ဆယ့်နှစ်ခုတို့သည် ယေဟောဝါ၏ လက်ဦး အရွေးခံများ ဖြစ်ခဲ့ကြပြီး၊ သူသည် သူတို့အထဲတွင် အမြဲလုပ်ဆောင် လုပ်ကိုင်လာခဲ့ရာ၊ ပညတ်တော်ခေတ်ထဲက ယေဟောဝါ၏ အမှု ပြီးဆုံးသွားသည့်အထိ ဖြစ်ခဲ့ပါသည်။ အမှု၏ ဒုတိယ အဆင့်တွင်မူ ဓမ္မသစ်ကျမ်းထဲက ကျေးဇူးတော် ခေတ်၏ လုပ်ဆောင်ချက် ဖြစ်ခဲ့ပြီး၊ ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စု ဆယ့်နှစ်ခု အနက် တစ်ခုဖြစ်သည့် ယုဒခေါ် လူမျိုးနွယ်စု အကြားမှာ ဖြစ်ခဲ့ပါသည်။ လုပ်ဆောင်ချက် ပမာဏ ပိုသေးခဲ့ခြင်းက ယေရှုသည် လူ့ဇာတိအဖြစ်ကို ခံယူခဲ့သည့် ဘုရားသခင် ဖြစ်ခဲ့၍ပါ။ ယေရှုသည် ယုဒနယ်မြေ တစ်၀န်းမှာသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ခဲ့ပြီး သုံးနှစ်ခွဲမျှသာ လုပ်ဆောင်ခဲ့သည့်အတွက်၊ ဓမ္မသစ်ကျမ်းထဲ မှတ်တမ်း တင်ထားသည်များမှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင် ထားသည့် အလုပ်ပမာဏနှင့် စာလျှင် မည်သို့မှ နှိုင်းယှဉ် မရစကောင်း ပါ။ ကျေးဇူးတော်ခေတ်ထဲက ယေရှု၏ လုပ်ဆောင်ချက်ကို အဓိကအားဖြင့် ခရစ်ဝင်ကျမ်း လေးကျမ်းထဲတွင် မှတ်တမ်းတင်ထားပါသည်။ ကျေးဇူးတော်ခေတ်ထဲတွင် လူများ လျှောက်လှမ်းခဲ့ကြရသည့် လမ်းခရီးက သူတို့၏ ဘဝအနေအထားကို အပေါ်ယံတွင် အများဆုံး ပြောင်းလဲပစ်ခဲ့ရာ၊ ၎င်းတို့ထဲက အများစုကို မှာစာများထဲတွင် ရေးမှတ်ပေးထားပါသည်။ ထိုခေတ် ကာလတုန်းက သန့်ရှင်းသောဝိညာဉ်တော် လုပ်ကိုင်ခဲ့ပုံကို သြဝါဒစာများထဲ၌ မှတ်တမ်းတင်ထားပါသည်။ (မှန်ပါသည်၊ ပေါလုသည် ပြစ်တင်ဆုံးမ ခံခဲ့ရသည်ဖြစ်စေ၊ ကံအကြောင်းမလှစွာ ရိုက်ပုတ်ခံခဲ့ရသည်ဖြစ်စေ သူလုပ်ဆောင်ခဲ့သည့် အလုပ်ကို သန့်ရှင်းသော ဝိညာဉ်တော် မှ သူ့ကို ညွှန်ကြားပေးခဲ့ခြင်း ဖြစ်ပါသည်၊ သူသည် တစ်ချိန်တုန်းက သန့်ရှင်းသော ဝိညာဥ်တော်မှ အသုံးပြုခံခဲ့ရသူ ဖြစ်သည်မှာ အမှန်ပါပဲ၊ ပေတရုကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခဲ့သည်မှာ မှန်သော်လည်း၊ သူသည် ပေါလုကဲ့သို့ အလုပ်များများကို မလုပ်ကိုင်ခဲ့ပါ။ ပေါလုရေးခဲ့သည့် သြဝါဒစာများမှ ပေါလု၏စာတွင် လူသား၏ မစင်ကြယ်ခြင်းများ ပါဝင်ခဲ့သော်လည်း ထိုစဉ်တုန်းက သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ခဲ့ပုံကို မြင်တွေ့နိုင်ပါသည်၊ ပေါလု၏ လမ်းကြောင်းသည် ဖြောင့်မတ်ခဲ့သည်၊ မှန်ကန်ခဲ့သည်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းပင် ဖြစ်ခဲ့ပါသည်။)

သင်တို့က ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်ကို ကြည့်လိုသည်၊ ဣသရေလလူမျိုးများ ယေဟောဝါ၏ လမ်းစဉ်ကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုသည်ဆိုလျှင် သင်တို့သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုကြရန်လိုမည်၊ အကယ်၍များ သင်တို့က ကျေးဇူးတော်ခေတ်၏ လုပ်ဆောင်ချက်ကို သိနားလည်ချင်လျှင်မူ သင်တို့သည် ဓမ္မသစ်ကျမ်းကို ဖတ်ရှုကြရန် လိုမည်။ သို့သော်လည်း နောက်ဆုံးသော ကာလ၏ အလုပ်ကို သင်တို့ မည်သို့များ မြင်ကြသနည်း။ သင်တို့သည် ယနေ့ ဘုရားသခင်၏ ရှေ့ဆောင်မှုကို လက်ခံလျက် ယနေ့၏ အမှုထဲကို ဝင်ရောက်ကြရန် လိုအပ်သည်။ ၎င်းမှာ အလုပ်သစ် ဖြစ်သောကြောင့် တစ်ခုကိုမှ သမ္မာကျမ်းစာထဲတွင် ယခင်တုန်းက မှတ်တမ်းမတင်ထားခဲ့ပါ။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူပြီး တရုတ်နိုင်ငံထဲက အခြားရွေးကောက်ခံသူများကို ရွေးထားပြီ။ ဘုရားသခင်သည် ထိုလူများထဲတွင် လုပ်ကိုင်နေသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုကို ဆက်လက် ဆောင်ရွက်နေသည်။ ကျေးဇူးတော်ခေတ်မှ အမှုကို ဆက်ပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယနေ့၏ အမှုသည် လူသားတို့ မည်သည့်အခါကမှ မလျှောက်ရသေးသည့် လမ်းခရီးဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ထိုအရာသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုဖြစ်သည်၊ ထိုအရာသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုပင် ဖြစ်သည်။ ထို့အပြင် ယခင် မည်သည့်အခါမှ မလုပ်ခဲ့သည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုပါသေးသည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ခြင်းကို လူများမသိကြပါ။ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပ၊ ဣသရေလ၏ နယ်မြေအပြင်ထိ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်သည်။ ပရောဖက်ပြုချက်များမှာ မပါ၀င်သည့် အသစ်ဖြစ်သော အံ့သြဖွယ်အလုပ်၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အလုပ်၊ လူသားများ မည်သည့်အခါမှာမှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အလုပ်ကို ပြုလုပ်ထားသည်။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သော အမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများသည် မည်သို့များ ပါဝင်နိုင်ခဲ့သနည်း။ မည်သူတို့ကများ ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် စာအုပ်ထဲမှာ ယခုလို ပိုမို ကြီးမြတ်ပြီး အမြော်အမြင်ကြီးမားသည့် အစဉ်အလာကို မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ ယနေ့အလုပ်သည် သမိုင်းမဟုတ်သေးပါ၊ သို့ဖြစ်၍ သင်က ယနေ့ ခရီးလမ်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာကို စွန့်ပစ်ရန် လိုပါမည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းများကို ကျော်လွန်ပြီး သွားရန် လိုအပ်ပါမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို စနစ်တကျ လျှောက်နိုင်ပါမည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် အရှိတရား အသစ်နှင့် အလုပ်သစ်ထဲကို ခြေချဝင်နိုင်မှာ ဖြစ်ပါသည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာအား မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအလုပ်များ ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲမှာ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လုပ်ကိုင်နည်းများကို ရှာကြည့် မနေသည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပမှာ ပိုကြီးမြတ်သည့် အလုပ် ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သိနားလည်ရန် လိုပါသည်။ သင်တို့အားလုံး ၎င်းကို နားလည်သင့်ပါသည်။ သင်သည် အလုပ်အဟောင်းနှင့် အသစ်အကြား ခြားနားချက်ကို နားလည်ရန် လိုပါသည်၊ သင်သည် သမ္မာကျမ်းစာကို မဖတ်သည့်တိုင်အောင် ၎င်းကို ပိုင်းခြားနိုင်စွမ်း ရှိရပါမည်၊ ထိုသို့သာ မဟုတ်လျှင်၊ သင်သည် သမ္မာကျမ်းစာကို ရှိခိုးမြဲရှိခိုးနေမည် ဖြစ်၍၊ သင်သည် အလုပ်သစ်ထဲကို ဝင်ရန်နှင့် အပြောင်းအလဲ အသစ်များကို ဖြတ်ကျော်ရန် ခဲယဉ်းပါလိမ့်မည်။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေလျှင်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးဖြင့် အဘယ့်ကြောင့် ဆက်သွားနေဦးမည်နည်း။ ပိုသစ်သည့် မိန့်ကြားချက်များ၊ ပိုသစ်သည့် အလုပ်များ ရှိနေလျှင်၊ သမိုင်းထဲမှ မှတ်တမ်းအဟောင်းများ အကြားတွင် အဘယ့်ကြောင့် နေထိုင်နေဦးမည်နည်း။ မိန့်ကြားချက် အသစ်များက သင့်ကို စောင့်ရှောက်ပေးနိုင်သည် ဆိုပါက အလုပ်သစ် ဖြစ်ကြောင်းကို သက်သေထူပြနေသည်၊ မှတ်တမ်းအဟောင်းများက သင်၏ လက်ရှိ လိုအပ်ချက်များကို ကျေနပ်အောင် မလုပ်နိုင်ကြသောကြောင့် ၎င်းတို့သည် သမိုင်းဖြစ်သွားလျက် ယနေ့ ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေထူပြနေကြပါသည်။ အမြင့်ဆုံးလမ်းက အသစ်ဆုံးအလုပ်ပါ။ အလုပ်သစ်နှင့်ဆိုလျှင် အတိတ်တုန်းက လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူသား ပုံရိပ်များ၏ သမိုင်းဖြစ်နေတုန်းပါ၊ အခြေအနေအရ ၎င်း၏တန်ဖိုးမှာ မည်သို့ပဲရှိပါစေ လမ်းခရီးဟောင်း ဖြစ်နေတုန်းပါ။ ၎င်းကို “သန့်ရှင်းသည့် ကျမ်းစာအုပ်”ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းကြောင်းဟောင်းသည် သမိုင်းပါ၊ “သန့်ရှင်းသည့် ကျမ်းစာအုပ်”ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေပါပြီ။ ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ ထိုလမ်းခရီးသည် သင့်ကို ကယ်တင်ပေးနိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲပစ်ပါမည်။

သင်တို့သည် သမ္မာကျမ်းစာကို နားလည်ရန် လိုအပ်ပါသည်— ဤအလုပ်မှာ အရေးတကာ့ အရေး အကြီးဆုံးပါ။ ယနေ့တွင် သင်သည် သမ္မာကျမ်းစာကို ဖတ်ရန် မလိုအပ်တော့ပါ၊ ၎င်းထဲတွင် အသစ်ဟူ၍ ဘာမှမရှိတော့ဘဲ ဟောင်းသွားပြီ ဖြစ်သောကြောင့်ပါ။ သမ္မာကျမ်းစာသည် သမိုင်းဝင် စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်း ခေတ်တုန်းက သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့မည်ဆိုလျှင်၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏ အမှုထဲ ကျင့်သုံးခဲ့မည်ဆိုလျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်ပင်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန် ပေါင်းစည်းကာ လက်တွေ့ကျင့်သုံးမည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချပါလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်နောက်၌ ကျန်ရစ်ခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်နေသည် ဆိုလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူပင်။ ယေရှု၏ လက်ထက်မှာ၊ ယေရှုသည် ထိုစဉ်တုန်းက သန့်ရှင်းသော ဝိညာဥ်တော်က သူ့ထဲတွင် လုပ်ဆောင်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်လိုက်များ အားလုံးကို ရှေ့ဆောင် ခေါ်သွားခဲ့ပါသည်။ ယေရှုသည် မိမိလုပ်ကိုင်ခဲ့သည်များအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မယူခဲ့ဘဲ မိမိ၏ အလုပ်နှင့်အညီ မိန့်ကြားခဲ့သည်၊ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းခရီးကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပါ။ သူသည် အလုပ်ကို စတင်လုပ်ကိုင်တော့သည်နှင့်၊ နောင်တရရေး လမ်းခရီးဆိုသည်ကို သူဖြန့်ကြက်ခဲ့သည်၊ ဓမ္မဟောင်းကျမ်းထဲက ပရောဖက်စကားများထဲတွင် တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားသည့် စကားလုံးများပါ။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မလုပ်ဆောင်ခဲ့သည့်အပြင်၊ သူသည် လမ်းခရီးအသစ်ဖြင့် ရှေ့ဆောင်ခေါ်သွားလျက် အလုပ်သစ်ကို လုပ်ဆောင် ခဲ့ပါသည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပါ။ ပညတ်တော်ခေတ်အတွင်းမှာ၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်ကဲ့သို့သော အံ့ဖွယ်အရာများကို မည်သူမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပါ။ ယေရှု၏ လုပ်ဆောင်ချက်၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့်လူသားကိုမဆို ကျော်လွန်သည့် သူ့နုတ်ကပတ်တော်၏ အခွင့်အာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အလုပ်ကို လုပ်ခဲ့သည်၊ လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို အပြစ်တင်ခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်ရန် ဓမ္မဟောင်းကျမ်းကို အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ လုပ်ဆောင်ချက်သည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့ပါသည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်ကို တင်ခဲ့ကြသည်မှာ အဘယ်ကြောင့်များနည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ နာမကျန်းသော သူများကို ကုသပေးနိုင်ခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်ခြင်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့်များလော။ ယေရှု၏ အလုပ်သည် လမ်းခရီး အသစ်ဖြင့် ခေါ်ဆောင်ရန်၊ သမ္မာကျမ်းစာကို ဆန့်ကျင်လျက် တိုက်ပွဲကို တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်း ကျမ်းကို မသုံးဘဲ ရှောင်ရှားရန် မဟုတ်ခဲ့ပါ။ ယေရှုသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ဖို့သက်သက် လာခဲ့ပြီး၊ ၎င်းကို မျှော်မှန်း ရှာကြံနေခဲ့ကြ သူတို့ထံသို့ အလုပ်သစ်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပါသည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ၎င်းထဲက အလုပ်ကို ပြသပေးရန် လာခဲ့ခြင်း မဟုတ်ခဲ့ပါ။ ယေရှု၏ အလုပ်မှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ခဲ့ပါ၊ ၎င်း၏ အလုပ်ကို ကြည့်လျှင် သမ္မာကျမ်းစာကို အခြေခံထားပါသည်ဟု ပြောမရနိုင်ပါ၊ ယေရှုသည် ၎င်းအနေနှင့် လုပ်အပ်သည့် အလုပ်ကို လုပ်ဆောင်ဖို့ သက်သက် လာခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက် ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်နှင့် အညီလည်း မလုပ်ဆောင်ခဲ့ပါ။ ၎င်းသည် ဓမ္မဟောင်းကျမ်းထဲ ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ သူလုပ်ကိုင်ခဲ့သည်မှာ ထိုကျမ်းနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ယေရှုသည် ဂရုမစိုက်ခဲ့ဘဲ၊ အခြားသူများက ၎င်း၏ အလုပ်အကြောင်း ဘာများ သိရှိကြသနည်း၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြကြောင်းကိုလည်း ဂရုမစိုက်ခဲ့ပါ။ လူအများ အပြားတို့က ဓမ္မဟောင်းကျမ်းထဲက ဟောကြားချက်များကို အသုံးပြုပြီး ယေရှုကို ရှုတ်ချရန် ကြိုးစားခဲ့ကြသည့်တိုင်အောင် ၎င်းသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီး လုပ်ဆောင်ခဲ့ပါသည်။ လူများအနေနှင့်၊ ယေရှု၏ အလုပ်မှာ အခြေခံအုတ်မြစ် မရှိသလို ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် ဆက်စပ်မရသည့် အချက်များ အများအပြား ရှိခဲ့ပါသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည်မဟုတ်လော။ ဘုရားသခင်၏ အလုပ်တွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ၎င်းသည် ပရောဖက်များ၏ ဟောကြားချက်များနှင့် ကိုက်ညီရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်၏ အလုပ်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့် ကိုက်ညီရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိနိုင်ဘူးဆိုခြင်းကြောင့် ဖြစ်နိုင်ပါသလော။ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်လျက် အခြားအလုပ်ကို မလုပ်ဆောင်နိုင်ဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ခဲ့ကြသည်မှာ အဘယ့်ကြောင့်များနည်း။ ယေရှုသည် ဥပုသ်ကို စောင့်လျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လုပ်ဆောင်ရမည်ဟု ဆိုပါက၊ သူသည် ပေါ်လာလာချင်း ဥပုသ်ကို မစောင့်ခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များမှ ကင်းကွာ မနေကြဘူးလော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို စွန့်ပယ်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင်သည် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်သူသည် သမ္မာကျမ်းစာ၏ သခင်ရော မဖြစ်နိုင်ဘူးလော။

ဓမ္မသစ်ကျမ်းကာလထဲက ယေရှု၏ လုပ်ဆောင်ချက်သည် အမှုသစ်ကို ဖွင့်ပေးခဲ့ပါသည်- ယေရှုသည် ဓမ္မဟောင်းကျမ်းလာ အမှုအတိုင်း မလုပ်ကိုင်ခဲ့သည့် အပြင်၊ ဓမ္မဟောင်းကျမ်းလာ ယေဟောဝါ ၏ နှုတ်ကပတ်များကိုလည်း မလုပ်ဆောင်ခဲ့ပါ။ ယေရှုသည် မိမိ၏ အလုပ်ကို လုပ်ကိုင်ခဲ့ပြီး၊ ပိုသစ်သည့် အလုပ်ကို၊ ပညတ်ချက်ထက် ပိုမြင့်မားခဲ့သည့် အလုပ်ကို လုပ်ကိုင်ခဲ့သည်။ သို့ဖြစ်၍၊ မိန့်ကြားခဲ့သည်က- “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။” ထို့ကြောင့်၊ ယေရှု လုပ်ဆောင် ပြီးဆုံးခဲ့သည်ကို ကြည့်ရခြင်းအားဖြင့်၊ များစွာသော ကျင့်စဉ်များမှာ ချိုးဖောက်ခံခဲ့ကြရပါသည်။ ဥပုသ်နေ့တွင် ယေရှုသည် တပည့်များကို ဂျုံစပါးလယ်ကွက်များကြား ခေါ်သွားခဲ့ပြီး စပါးအသီးအနှံများကို သူတို့ ကောက်စားခဲ့ပါသည်။ ယေရှုသည် ဥပုသ်မစောင့်ခဲ့ဘဲ- “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်မူ၏။” ထိုစဉ်တုန်းက၊ ဣသရေလလူမျိုးများ၏ ထုံးတမ်းအရ၊ ဥပုသ်မစောင့်သူကို ကျောက်တုံးများဖြင့် သေဆုံးသည့်အထိ ဒဏ်ခတ်လေ့ ရှိခဲ့ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယေရှုသည် ဗိမာန်တော်ထဲကိုလည်း မဝင်ခဲ့၊ ဥပုသ်ကိုလည်း မစောင့်ခဲ့ပါ၊ ထို့အပြင် ၎င်းမှ လုပ်ဆောင်ရမည်များကို ဓမ္မဟောင်းကျမ်းခေတ်တုန်းက ယေဟောဝါမှ လုပ်ဆောင် မပေးခဲ့ဖူးပါ။ သို့ဖြစ် သောကြောင့်၊ ယေရှုမှ လုပ်ဆောင်ခဲ့သည့် အလုပ်မှာ ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်ကို ကျော်လွန် နေပါသည်၊ ပညတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် ယင်းထက်ကို ပိုမြင့်မားခဲ့သည်။ ကျေးဇူးတော် ခေတ်အတွင်းမှာ၊ ယေရှုသည် ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်နှင့်အညီ လုပ်ကိုင်ခဲ့ခြင်း မဟုတ်ဘဲ၊ ထိုသြဝါဒများကို ချိုးဖောက်ခဲ့ပြီးဖြစ်သည်။ သို့သော် ဣသရေလ အမျိုးသားတို့သည် သမ္မာကျမ်းစာကို အလွန်အကြူး ဖက်တွယ်ထားပြီး၊ ယေရှုကို ပြစ်တင်ရှုတ်ချခဲ့သည်၊ ဤသည်မှာ ယေရှု၏ အမှုတော်ကို ငြင်းပယ်နေခြင်း မဟုတ်ပါလား။ ယနေ့ ဘာသာရေးလောကသည်လည်း သမ္မာကျမ်းစာကို အလွန်အကြူး ဖက်တွယ်ထားပြီး၊ အချို့သောသူတို့က “သမ္မာကျမ်းစာသည် သန့်ရှင်းသောစာအုပ်တစ်အုပ်ဖြစ်ပြီး ၎င်းကို ဖတ်ရှုနေရန် လိုအပ်သည်” ဟု ပြောဆိုကြသည်။ အချို့သောသူတို့က “ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ထာဝရ ဦးထိပ်တင်ထားရန် လိုအပ်သည်၊ ဓမ္မဟောင်းကျမ်းသည် ဣသရေလလူမျိုးများအတွက် ထားရှိခဲ့သည့် ဘုရားသခင်၏ ပဋိညာဉ်ဖြစ်သည်၊ ၎င်းကို ရှောင်လွဲမရနိုင်၊ ဥပုသ်ကို အစဉ်ပင် လိုက်နာရမည်” ဟု ဆိုကြ ပါသည်။ သူတို့သည် ရယ်စရာမကောင်းကြ ပေဘူးလား။ ယေရှုသည် အဘယ်ကြောင့် ဥပုသ်ကို မစောင့်ခဲ့ သနည်း။ သူသည် မကောင်းမှုကို ကျူးလွန်နေခဲ့ခြင်း များလော။ မည်သူတို့က ယင်းကဲ့သို့သော အရာများကို ဆန်းစစ် ကြည့်နိုင်ကြမည်နည်း။ လူတို့သည် သမ္မာကျမ်းစာကို မည်သို့ပင် ဖတ်ရှုဖတ်ရှု၊ ၎င်းတို့၏ သဘောပေါက် နားလည်နိုင်စွမ်းဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို သိနားလည်ရန် မဖြစ်နိုင်ပါ။ ထိုသူတို့သည် ဘုရားသခင်အကြောင်း စစ်မှန်သည့် အသိပညာကို မရရုံသာမက၊ ၎င်းတို့၏ အယူအဆများသည် သာ၍ပင် ကမ်းကုန်လာလျက် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သကဲ့သို့ ဖြစ်လာပါမည်။ ယနေ့တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း မရှိခဲ့လျှင်မူ လူများသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကြောင့် အဖျက်ဆီး ခံကြရလျက် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုများဖြင့် ချုပ်ငြိမ်း သွားကြရန်သာ ရှိပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ (လက်ရွေးစင်များ)

အမှုတော်နှင့် ဝင်ရောက်ခြင်း (၁) ဘုရားသခင်၏အမှုတော်၏ ရူပါရုံ (၁) ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၉) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) အပိုင်း တစ် သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) အပိုင်း နှစ် သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁) အပိုင်း တစ် ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) အပိုင်း တစ် ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) အပိုင်း နှစ် အမှုတော်နှင့် ဝင်ရောက်ခြင်း (၃) အမှုတော်နှင့် ဝင်ရောက်ခြင်း (၇) သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) အပိုင်း နှစ် သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃) လူ့ဇာတိခံယူခြင်း၏ နက်နဲမှု (၁) အပိုင်း နှစ် စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကောင်းကင်နိုင်ငံတော်သီချင်း စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ လူမျိုးအပေါင်းတို့၊ ဝမ်းမြောက်ကြလော့။ လူသားများကို ဘုရားသခင်အသုံးပြုခြင်းနှင့် ပတ်သက်၍ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂) အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၆ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၇ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၁၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၂၅ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃၀ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ အခန်း ၃

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ