နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

လူသားအနေဖြင့် ဤမျှတိုးတက်လာခြင်းသည် အစဉ်အလာမရှိသော အခြေအနေတစ်ရပ်ဖြစ်၏။ ဘုရားသခင်၏ အမှုနှင့် လူသား၏ဝင်ရောက်မှုတို့သည် ပခုံးချင်းယှဉ်လျက် တိုးတက်သဖြင့် ဘုရားသခင်၏အမှုသည်လည်း ပြိုင်ဘက်ကင်းသည့် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ယနေ့ထိတိုင် လူသား၏ဝင်ရောက်မှုသည် လူသားမှ ယခင် မည်သည့်အခါကမျှ စိတ်မကူးခဲ့ဖူးသော အံ့သြဖွယ်ရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် ၎င်း၏အထွတ်အထိပ်သို့ ရောက်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် နောက်ပိုင်းတွင် လူသား၏ “ဝင်ရောက်မှု”၁ သည်လည်း ၎င်း၏အခေါင်အဖျားသို့ ရောက်ခဲ့သည်။ ဘုရားသခင်သည် သူ့ကိုယ်သူ တတ်နိုင်သမျှ နှိမ့်ချခဲ့ပြီး သူသည် လူသားမျိုးနွယ်ကိုဖြစ်စေ၊ စကြဝဠာရှိ အရာခပ်သိမ်းကိုဖြစ်စေ မည်သည့်အခါမျှ ကန့်ကွက်ဖူးခြင်း မရှိပေ။ ထိုအတောအတွင်း လူသားသည် ဘုရားသခင်၏ဦးခေါင်းပေါ်တွင် ရပ်လျက် သူ့အား အထွတ်အထိပ်တိုင်အောင် ဖိနှိပ်၏၊ အရာခပ်သိမ်းသည် ၎င်း၏အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်၏၊ ဖြောင့်မတ်ခြင်း ပေါ်ထွန်းသောနေ့ရက်အတွက် အချိန်ကျပြီဖြစ်သည်။ နိုင်ငံအား အဘယ်ကြောင့် မှုန်မှိုင်းနေမှု ဆက်၍ဖုံးလွှမ်းခွင့်ပြု၍ လူမျိုး အားလုံးအား အမှောင်ဆက်၍လွှမ်းခြုံခွင့် ပြုသနည်း။ ဘုရားသခင် သည် နှစ်ပေါင်းထောင်ပေါင်းအချို့၊ နှစ်ပေါင်းသောင်းပေါင်း များစွာပင်၊ စောင့်ကြည့်ခဲ့ပြီးဖြစ်ကာ သူ၏သည်းခံမှုသည် ကာလ ကြာမြင့်ချိန်ကတည်းက ကန့်သတ်ချက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သူသည် လူသား၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့၏၊ လူသား၏ မဖြောင့်မတ်မှုသည် မည်မျှကြာအောင် သောင်းကျန်းမွှေ့ယမ်း မည်ကို စောင့်ကြည့်နေခဲ့၏၊ သို့သော် ကာလကြာမြင့်စွာကတည်းက ထုံသွားပြီဖြစ်သော လူသားသည် မည်သည်ကိုမျှ မခံစားရပေ။ ထို့အပြင် ဘုရားသခင်၏လုပ်ဆောင်ချက်များကို ကြည့်ရှုခဲ့ဖူးသူ မည်သူရှိသနည်း။ ၎င်းတို့၏မျက်လုံးများကိုပင့်လျက် အဝေးသို့ ကြည့်ဖူးသူ မည်သူရှိသနည်း။ သေချာစွာနားထောင်ခဲ့ဖူးသူ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ လက်များတွင် မည်သူရှိခဲ့ဖူးသနည်း။ လူတို့အားလုံးသည် စိတ်ကူးသက်သက် ကြောက်ရွံ့မှုများ၏ ဒုက္ခပေးခြင်းကို ခံကြရသည်။၂ မြက်ခြောက်နှင့် ကောက်ရိုးပုံသည် မည်သည့်အသုံးဝင်မှု ရှိသနည်း။ ၎င်းတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အသက်ရှင်သော လူ့ဇာတိခံဘုရားကို သေသည်အထိ နှိပ်စက်ခြင်းသာဖြစ်သည်။ ၎င်းတို့သည် မြက်ခြောက်နှင့် ကောက်ရိုးပုံမျှသာဖြစ်သော်လည်း ထိုသူတို့ “အကောင်းဆုံး”၃ လုပ်ဆောင်သည့် အရာတစ်ခု ရှိသေး၏။ ၎င်းမှာ ဘုရားသခင်အား ရှင်လျက် သေသည်အထိနှိပ်စက်ကာ “ယင်းမှာ လူတို့၏ နှလုံးသားများကို ဝမ်းမြောက်စေ၏” ဟု အော်ဟစ်ခြင်းဖြစ်၏။ ပုစွန်ဆိတ်စစ်သားများနှင့် ဂဏန်းဗိုလ်ချုပ် တစ်စုပေတည်း။ အံ့သြဖွယ်ကောင်းသည်မှာ မရပ်မစဲစီးဆင်း နေသော လူတို့အကြားတွင် ၎င်းတို့သည် ဘုရားသခင်ကို အလေးဂရုပြု၍ သူ့အား ထိုးဖောက်၍မရသော ပိတ်ဆို့မှုဖြင့် ဝိုင်းရံထား၏။ ၎င်းတို့၏ စိတ်အားထက်သန်မှုသည် သာ၍ပူစွာ လောင်မြိုက်နေ၏၊၄ ထိုသူတို့သည် ဘုရားသခင်အား တစ်လက်မပင် လှုပ်၍မရအောင် လူစုလူဝေးလိုက် ဝိုင်းရံထား၏။ ၎င်းတို့၏ လက်များထဲတွင် ၎င်းတို့သည် လက်နက်အမျိုးစုံ ကိုင်ထား၍ ဘုရားသခင်အား ရန်သူတစ်ဦးကို ကြည့်သကဲ့သို့ ၎င်းတို့၏ မျက်လုံးများသည် ဒေါသအပြည့်ဖြင့်ကြည့်ကြ၏၊ ၎င်းတို့သည် “ဘုရားသခင်အား ကြမ်းကြုတ်စွာ တိုက်ခိုက်သတ်ဖြတ်” ရန် တရွရွဖြစ်နေကြ၏။ မည်မျှစိတ်ရှုပ်စေလိုက်သနည်း၊ လူသားနှင့် ဘုရားသခင်သည် ဤသို့ ပြန်၍ညှိနှိုင်းမရသောရန်သူများ အဘယ်ကြောင့် ဖြစ်သွားခဲ့ကြသနည်း။ ချစ်မြတ်နိုးဖွယ် အကောင်းဆုံး ဘုရားသခင်နှင့် လူသားအကြား အမျက်သိုခြင်း ရှိနေ၍များ ဖြစ်နိုင်သလော။ ဘုရားသခင်၏ လုပ်ဆောင်မှုများသည် လူသားအတွက် အကျိုးမရှိ၍များ ဖြစ်နိုင်သလော။ ၎င်းတို့သည် လူသားအပေါ် အန္တရာယ်ပြုသလော။ ဘုရားသခင်မှ လူသား၏ပိတ်ဆို့မှုကို ချိုးဖောက်သွား၍ တတိယကောင်းကင်ဘုံသို့ ပြန်သွားကာ နောက်တစ်ဖန် လူသားအား မြေအောက်အကျဉ်းတိုက် အတွင်း ပစ်ထားမည်ကို လူသားသည် နက်ရှိုင်းစွာ ကြောက်ရွံ့သဖြင့် ဘုရားသခင်အပေါ် မမှိတ်မသုန် စိုက်ကြည့်၏။ လူသားသည် ဘုရားသခင်ကို သတိထား၏၊ သူသည် ရင်တမမဖြစ်နေကာ၊ “စက်သေနတ်” တစ်ခုကို ကိုင်ပြီး လူသားတို့အကြား ဘုရားသခင်ကို ချိန်ရွယ်ထားကာ အလှမ်းဝေးသော တစ်နေရာ၌ မြေပြင်ပေါ်တွင် တစ်ဘက်မှတစ်ဘက်သို့ လူးလွန့်လျက်ရှိ၏။ ယင်းမှာ ဘုရားသခင် စိုးစဉ်းမျှလှုပ်ရှားလိုက်သည်နှင့် သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးနှင့် သူဝတ်ဆင်သမျှအားလုံး၊ သူ၏အရာအားလုံးကို လူသားမှ ဖယ်ရှားပစ်လိုက်ကာ မည်သည့်အရာမျှ ချန်မထားမည့်အလား ဖြစ်၏။ ဘုရားသခင်နှင့် လူသားအကြားဆက်ဆံရေးသည် ပြုပြင်မရ နိုင်လောက်အောင် ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို နားမလည်နိုင်ပေ၊ ထိုအတောအတွင်း လူသားသည် သူ၏မျက်လုံးများကို တမင်မှိတ်ထားကာ ပေါ့တန်စွာ အချိန်ဖြုန်း၍ ငါ၏တည်ရှိမှုကို မြင်ရန် လိုလိုလားလား လုံးဝမရှိဘဲ ငါ၏ တရားစီရင်ခြင်းကို သည်းမခံပေ။ ထို့ကြောင့် လူသားမျှော်လင့် မထားသည့်အခါတွင် ငါသည် တိတ်ဆိတ်စွာ အဝေးသို့လွင့်မျော သွား၍ မည်သူသည် မြင့်သည်၊ မည်သူသည် နိမ့်သည်ဟု လူသားနှင့် နှိုင်းယှဉ်တော့မည် မဟုတ်ပေ။ လူသားသည် အားလုံးအနက် အနိမ့်ကျဆုံးသော “တိရစ္ဆာန်” ဖြစ်ပြီး ငါသည် သူ့အား ဂရုစိုက်လိုစိတ် မရှိတော့ပေ။ ငါ၏ကျေးဇူးတော်တစ်ခုလုံးကို ငါငြိမ်းချမ်းစွာ နေထိုင်ရာအရပ်သို့ ကာလကြာမြင့်စွာကတည်းက ငါပြန်ယူသွားခဲ့ပြီးဖြစ်သည်၊ လူသားသည် နာခံမှုမရှိလွန်းသဖြင့် ငါ၏အဖိုးတန်သော ကျေးဇူးတော်ကို ထပ်မံမွေ့လျော်ရန် မည်သည့်အကြောင်းရင်း သူ့တွင်ရှိသနည်း။ ငါ့ကို ရန်လိုသော အင်အားစုများအပေါ် ငါ၏ကျေးဇူးတော်ကို အချည်းနှီး ချပေးရန် ငါလိုလိုလားလား မရှိပေ။ ငါသည် ငါ၏အဖိုးတန်သောအသီးတို့ကို စိတ်အားထက်သန်၍ ငါ၏ပြန်လာခြင်းကို အလေးအနက်ထား၍ ကြိုဆိုသော ခါနာန်ပြည်မှ လယ်သမားများကို အပ်နှင်းမည်။ ကောင်းကင် ထာဝရဆက်လက်တည်ရှိနေရန်သာ ငါဆန္ဒရှိပြီး ထိုထက်ပို၍ လူသားသည် မည်သည့်အခါမျှ အိုမင်းခြင်းမရှိရန်၊ ကောင်းကင်နှင့်လူသား ထာဝရသက်သာရန်နှင့် အမြဲစိမ်း “ထိုထင်ရှူးနှင့် ကျောက်ပန်းပင်များ” ကို ဘုရားသခင်အား အစဉ်အဖော်ပြုရန်နှင့် စံနမူနာအကျဆုံးခေတ်ကို ဝင်ရောက်ရာ၌ ကောင်းကင်ကို ထာဝရအဖော်ပြုရန်သာ ဆန္ဒရှိ၏။

ငါသည်လူသားနှင့် ရက်ပေါင်း၊ ညပေါင်းများစွာ အတူရှိခဲ့ပြီး လူသားနှင့်အတူ ကမ္ဘာမြေကြီး၌ အတူနေထိုင်ခဲ့ကာ လူသားအား မည်သည့်အခါမျှ တောင်းဆိုချက်များ ထပ်မံပြုလုပ်ခဲ့ခြင်း မရှိချေ၊ ငါသည် လူသားကို ရှေ့သို့ အစဉ်လမ်းပြရုံသာရှိ၏၊ ငါသည် လူသားကို လမ်းပြခြင်းမှတစ်ပါး မည်သည့်အရာမျှ မပြုပေ၊ ထို့အပြင် လူသား၏ ကံကြမ္မာအတွက် ငါသည် စီမံခြင်းအမှုကို မရပ်မနား ဆောင်ရွက်၏။ ကောင်းကင်ဘုံ၌ရှိတော်မူသောအဘ၏ အလိုတော်ကို အဘယ်သူသည် နားလည်ခဲ့ဖူးသနည်း။ မည်သူသည် ကောင်းကင်ဘုံနှင့်မြေကြီးအကြား ကူးသန်းခဲ့သနည်း။ ငါသည် လူသား၏ “ဇရာအရွယ်၌” သူနှင့် အတူရှိလိုစိတ် မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခေတ်နောက်ကျလွန်းကာ သူသည် မည်သည့်အရာမျှ နားမလည်ဘဲ သူသိသည့် တစ်ခုတည်းသော အရာမှာ ငါခင်းကျင်းခဲ့သည့် စားပွဲတွင် စားပိုးနင့်အောင် စား၍ အခြားအရာအားလုံးမှ တသီးတခြားနေကာ အခြားမည်သည့်ကိစ္စကိုမျှ မစဉ်းစားခြင်းသာဖြစ်၏။ လူသားသည် တွန့်တိုလွန်း၏၊ လူသားအကြား ကျွက်ကျွက်ဆူသံ၊ ဝမ်းနည်းပူဆွေးခြင်းနှင့် အန္တရာယ်တို့သည် များလွန်းလှ၏၊ ထို့ကြောင့် ငါသည် နောက်ဆုံးသောကာလအတွင်း ရရှိခဲ့သောအောင်မြင်ခြင်း၏ အဖိုးတန်သော အသီးများကို ဝေငှလိုစိတ်မရှိပေ။ လူသားကိုယ်တိုင်ဖန်ဆင်းသော ကြွယ်ဝသည့် ကောင်းချီးမင်္ဂလာတို့ကို လူသားမွေ့လျော်ပါစေ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ငါ့အား ကြိုဆိုခြင်းမရှိ၊ ငါသည် လူသားမျိုးနွယ်အား အဘယ်ကြောင့် အတင်းအကျပ် ဟန်ဆောင်ပြုံး ပြုံးစေရမည်နည်း။ ကမ္ဘာ့ထောင့်တိုင်းသည် နွေးထွေးမှုကင်းမဲ့နေ၏၊ လောက၏ရှုခင်းအားလုံး အနှံ့အပြား နွေဦးကာလ၏ အရိပ်အယောင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ရေနေသတ္တဝါတစ်ကောင်ကဲ့သို့ သူ့တွင် နွေးထွေးမှု စိုးစဉ်းမျှ မရှိပေ၊ သူသည် လူသေကောင်ကဲ့သို့ဖြစ်၍ သူ၏သွေးကြောများတစ်လျှောက် စီးဆင်းသောသွေးသည်ပင် နှလုံးသားကို အေးစေသော ရေခဲကဲ့သို့ဖြစ်၏။ နွေးထွေးမှု အဘယ်မှာနည်း။ လူသားသည် ဘုရားသခင်ကို အကြောင်းမဲ့ လက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးနောက် သူသည် စိုးစဉ်းမျှပင် ဒွိဟဖြစ်ခြင်း မရှိပေ။ မည်သူမျှ မည်သည့်အခါမျှ နောင်တမရခဲ့ဘဲ ဤရက်စက်သည့် နိုင်လိုမင်းထက်ပြုသူများသည် ၎င်းတို့၏နှလုံးသားများအတွင်းရှိ အမုန်းကို အဆုံးသတ်ရေးအတွက် လူသားကို တစ်ဖန်ပြန်၍ “အရှင်ဖမ်းဆီး”၅ ကာ သူ့အား ကွပ်မျက်ရေး သေနတ်တပ်ဖွဲ့ရှေ့ ခေါ်ဆောင်လာရန် ကြံစည်နေဆဲရှိ၏။ ငါသည် အန္တရာယ်ရှိသော ဤမြေတွင် ဆက်လက်နေခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးရှိသနည်း။ ငါဆက်လက်၍နေပါက လူသားအတွက် ငါယူလာမည့် တစ်ခုတည်းသောအရာမှာ ပဋိပက္ခနှင့် အကြမ်းဖက်မှုသာဖြစ်၍ ဒုက္ခအဆုံးသတ်မည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ငါသည် လူသားကို မည်သည့်အခါကမျှ ငြိမ်းချမ်းရေး ယူလာခဲ့ပေးဖူးခြင်း မရှိပေ။ စစ်ပွဲသာယူလာခဲ့ပေးဖူး၏။ ထို့အပြင် လူသားမျိုးနွယ်၏ နောက်ဆုံးသောကာလသည် စစ်ပွဲများနှင့် ပြည့်နှက်နေရမည်ဖြစ်ပြီး လူသား၏ပန်းတိုင်သည် အကြမ်းဖက်မှုနှင့် ပဋိပက္ခအကြား ပြိုလဲရမည်ဖြစ်သည်။ ငါသည် စစ်ပွဲ၏ “ဝမ်းမြောက်ပျော်ရွှင်ခြင်း” ကို “မျှဝေ” ရန် လိုလိုလားလား မရှိပေ၊ လူသား၏ သွေးထွက်သံယိုမှုနှင့် အနစ်နာခံမှုတွင် ငါလိုက်ပါမည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူသား၏ငြင်းပယ်မှုသည် ငါ့ကို “စိတ်မချမ်းမြေ့ခြင်း” သို့ တွန်းပို့ခဲ့ပြီး ငါသည် လူသား၏စစ်ပွဲများအပေါ် မကြည့်ရက်ပေ၊ လူသားစိတ်ကြိုက်ခိုက်ရန်ဖြစ်ပါစေ၊ ငါနားလို၏၊ ငါအိပ်လို၏၊ သူ၏နောက်ဆုံးနေ့ရက်များတွင် နတ်ဆိုးများအား လူသားမျိုးနွယ်၏ အဖော်ဖြစ်ပါစေ။ ငါ၏အလိုတော်ကို မည်သူသိသနည်း။ ငါသည် လူသား၏ကြိုဆိုခြင်း မခံရသောကြောင့်၊ ထို့ပြင် သူသည် ငါ့ကို မည်သည့်အခါကမျှ မစောင့်ခဲ့သောကြောင့် ငါသည် သူ့အား နှုတ်ဆက်ရုံသာရှိပြီး လူသား၏ပန်းတိုင်ကို သူ့အား အပ်နှင်း၍ ငါ၏ဥစ္စာချမ်းသာအားလုံးကို လူသားအတွက် ချန်ထားကာ ငါ၏ဘဝကို လူသားအကြားစိုက်လျက် ငါ့ဘဝ၏မျိုးစေ့ကို လူသား၏နှလုံးသားစိုက်ကွင်းတွင် စိုက်ပြီး ထာဝရသတိရစရာများ ချန်ထားပေး၏၊ ငါ၏ချစ်ခြင်းမေတ္တာအားလုံးကို လူသားအား ချန်ထားပေး၍ ငါ၌လူသားချစ်ခင်မြတ်နိုးသော အရာအားလုံးကို လူသားအား ငါတို့တစ်ဦးကိုတစ်ဦး တမ်းတသည့် မေတ္တာလက်ဆောင်အဖြစ် ငါပေး၏။ ငါသည် ငါတို့တစ်ဦးကိုတစ်ဦး ထာဝရချစ်စေချင်၏၊ ငါတို့၏မနေ့ကို ငါတို့တစ်ဦးကိုတစ်ဦးပေးသည့် ကောင်းသောအရာ ဖြစ်စေချင်၏၊ အဘယ်ကြောင့်ဆိုသော် ငါသည် လူသားအပေါ် ငါ၏အလုံးစုံကို အပ်နှင်းပေးခဲ့ပြီးဖြစ်၍ဖြစ်သည်၊ လူသားအနေဖြင့် မည်သည့်ညည်းညူစရာများ ရှိနိုင်လိမ့်မည်နည်း။ ငါ့ဘဝတစ်ခုလုံးကို လူသားအား ပေးရစ်ခဲ့ပြီး စကားတစ်ခွန်းမျှ ငါမပြောဘဲ လူသားအတွက် လှပသော မေတ္တာမြေကို ထွန်ယက်ရန် ငါသည် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ခဲ့ပြီးဖြစ်သည်၊ ငါသည် လူသားအပေါ် မည်သည့်အခါမျှ သာတူညီမျှဖြစ်သော တောင်းဆိုမှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့ဖူးဘဲ လူသား၏အစီအမံများကိုသာ နာခံ၍ လူသားမျိုးနွယ်အတွက် သာ၍လှပသော နက်ဖြန်ကို ဖန်တီးရုံမှလွဲ၍ မည်သည့်အရာမျှ မပြုလုပ်ခဲ့ပေ။

ဘုရားသခင်၏အမှုသည် ကြွယ်ဝ၍များပြားသော်လည်း လူသား၏ဝင်ရောက်မှုသည် အလွန်တရာ ချို့တဲ့လျက်ရှိ၏။ လူသားနှင့်ဘုရားသခင်တို့အကြား ဖက်စပ် “စီးပွားရေးလုပ်ငန်း” တွင် အားလုံးနီးပါးသည် ဘုရားသခင်၏လက်ရာ ဖြစ်သည်၊ လူသား မည်မျှဝင်ရောက်ခဲ့ပြီးခြင်းအတွက်မူ သူသည် ပြစရာဘာမျှ မရှိသည့်နီးပါး ဖြစ်၏။ ဆင်းရဲမွဲတေလွန်း၍ မျက်စိကန်းနေသော လူသားသည် လက်ထဲတွင် “ရှေးဟောင်းလက်နက်များ” ဖြင့် သူ၏စွမ်းအားကို ယနေ့ ဘုရားသခင်နှင့် နှိုင်းယှဉ်၏။ ဤ “ရှေးဦးမျောက်ဝံများ” သည် မတ်မတ်လမ်းလျှောက်နိုင်ရုံတမယ် သာရှိ၍ ၎င်းတို့၏ “ဝတ်လစ်စလစ်” ကိုယ်ခန္ဓာများကို ရှက်ရမည်ဟု မထင်ပေ။ ဘုရားသခင်၏အမှုကို တန်ဖိုးဖြတ်ရန် မည်သည့် အရာသည် ၎င်းတို့အား အရည်အချင်းပြည့်မီစေသနည်း။ ဤခြေလေးချောင်း မျောက်ဝံများစွာတို့၏ မျက်လုံးများသည် ဒေါသနှင့်ပြည့်လာ၍ လောကမှ ယခင်တစ်ခါမျှ မမြင်ဖူးသော လူဝံပြိုင်ပွဲတစ်ရပ် စတင်ရန်ကြိုးစားလျက်၊ တစ်တိုင်းပြည်လုံး ကျော်ကြားသွားမည့် လူဝံနှင့် ဘုရားသခင်အကြား နောက်ဆုံးသောကာလ ပြိုင်ပွဲကျင်းပရန် ၎င်းတို့၏လက်ထဲတွင် ရှေးဟောင်း ကျောက်လက်နက်များဖြင့် ၎င်းတို့ကိုယ်ကို ဘုရားသခင်နှင့် ဖက်ပြိုင်အံတုကြသည်။ ထို့အပြင် ဤမတ်တတ် တစ်ဝက်ရပ်သည့် ရှေးဟောင်းလူဝံ အများအပြားသည် မိမိဘာသာ ကျေနပ်အားရမှုနှင့် ပြည့်နေကြသည်။ ၎င်းတို့၏မျက်နှာကို ဖုံးအုပ်နေသော အမွှေးများသည် ကျပ်ခဲနေလျက်၊ ၎င်းတို့သည် လူသတ်ရန်ရည်ရွယ်ချက်များပြည့်နေကာ ၎င်းတို့၏ရှေ့ခြေများကို မြှောက်ကြ၏။ ၎င်းတို့သည် ခေတ်သစ်လူသားအဖြစ် အပြည့်အဝ မပြောင်းလဲရသေးသဖြင့် ပြွတ်သိပ်နေသော မြူနှင်းစက်များကဲ့သို့ ချွေးသီးများ ၎င်းတို့၏နဖူးကို ဖုံးအုပ်ကာ ၎င်းတို့၏ စိတ်အားထက်သန်မှုသည် သက်သေပြစရာမလိုဘဲ ၎င်းတို့သည် တစ်ခါတစ်ရံတွင် မတ်မတ်ရပ်၍ တစ်ခါတစ်ရံ တွားသွားကြ၏။ ၎င်းတို့၏အဖော်ဖြစ်သည့် ဤသန့်ပြန့်လျက် ကြီးမား၍ နှေးကွေးသော၊ ၎င်း၏ခြေလက်အင်္ဂါလေးဘက် ထောက်ကာ ရပ်နေပြီး ထိုးနှက်ချက်များကို တားဆီးရန်အနိုင်နိုင်ဖြစ်၍ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိသော ရှေးဟောင်းလူဝံကို ကြည့်လျက်၊ ၎င်းတို့သည် မိမိကိုယ်ကို ချုပ်တည်းနိုင်ရုံမျှသာ ရှိနေကြသည်။ မည်သည့်အရာဖြစ်သွားသည်ကို ကြည့်ရန် အချိန်မရှိလိုက်မီ မျက်စိတစ်မှိတ်အတွင်း စည်းဝိုင်းထဲရှိ “လူစွမ်းကောင်း” သည် မြေပြင်ပေါ်သို့ တလိမ့်ခေါက်ကွေးကျကာ ခြေလက်အင်္ဂါများသည် လေထဲတွင် ရှိနေ၏။ ယင်းနှစ်အားလုံး တစ်လျှောက် မြေပြင်ပေါ်သို့ မှားယွင်းစွာ နေရာယူထားခဲ့သော ထိုခြေလက်အင်္ဂါများသည် ရုတ်တရက် ဇောက်ထိုး ပြန်လှန်ခဲ့ကာ ထိုလူဝံသည် ခုခံရန်ဆန္ဒ မရှိတော့ပေ။ ထိုအချိန်မှရှေ့ဆက်၍ ရှေးအကျဆုံးလူဝံသည် ကမ္ဘာ့မျက်နှာပြင်မှ ဖယ်ရှားခံရ၍ ယင်းမှာ စစ်မှန်စွာပင် “အလွန်ကြေကွဲဖွယ်ရာ ကောင်း၏”။ ဤရှေးဟောင်း လူဝံသည် ရုတ်တရက်အဆုံးသတ်သွား၏။ လူသား၏ အံ့သြဖွယ်ရာကောင်းသော လောကမှ ၎င်းသည် အဘယ်ကြောင့် ဤမျှ အဆောတလျင် အလျင်စလို အဆုံးသတ်ခဲ့ရသနည်း။ ၎င်း၏မဟာဗျူဟာ နောက်အဆင့်ကို ၎င်း၏အပေါင်းအဖော်များနှင့် အဘယ်ကြောင့် မဆွေးနွေးခဲ့သနည်း။ မိမိ၏ခွန်အားကို ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်း၏ လျှို့ဝှက်ချက်ကို ချန်မထားခဲ့ဘဲ လောကကို ၎င်းနှုတ်ဆက်သွားသည်မှာ အဖြစ်ဆိုးလိုက်လေခြင်း။ တီးတိုးစကား တစ်ခွန်းမျှမဆိုဘဲ သေဆုံးသွားခြင်း၊ “ရှေးဟောင်း ယဉ်ကျေးမှုနှင့် အနုပညာ” တို့ကို ၎င်း၏ သားစဉ်မြေးဆက်များ အတွက် လက်ဆင့်ကမ်းမသွားဘဲ ထွက်ခွာသွားသည်မှာ ထောက်ထားစာနာမှု မရှိလိုက်လေတကား။ ၎င်းနှင့် အရင်းနှီးဆုံးသူများကို ၎င်း၏နံဘေးသို့ခေါ်၍ ၎င်း၏ချစ်ခြင်းမေတ္တာ ကို ထိုသူတို့အား ပြောပြချိန် မရှိခဲ့၊ ၎င်းသည် ကျောက်ပြားတစ်ချပ် ပေါ်တွင် မှာကြားချက်များ မထားရစ်ခဲ့၊ ကောင်းကင်နေကို မသိမြင်ခဲ့သည့်အပြင် ပြောမထွက်နိုင်အောင် ဆိုးရွားသော ၎င်း၏အခက်အခဲများအကြောင်း ဘာမျှမပြောခဲ့ပေ။ တောင့်တင်း နေသော ခြေလက်အင်္ဂါများသည် ကောင်းကင်ဘက်သို့ ညွှန်ပြ နေသော သစ်ကိုင်းများကဲ့သို့ အထက်သို့ ထာဝရထိုးထွက်နေလျက် ၎င်း၏မျက်လုံးများကို မပိတ်မီ ၎င်း၏နောက်ဆုံး ထွက်သက် ဝင်သက်ကို ရှူရင်း ၎င်း၏သေဆုံးခါနီးကိုယ်ခန္ဓာနံဘေးသို့ ၎င်း၏သားစဉ်မြေးဆက်တို့ကို “ဘုရားသခင်ကို စိန်ခေါ်ရန် စည်းဝိုင်းအတွင်းသို့ မတက်နှင့်” ဟု ပြောရန် မခေါ်ပေ။ ကြည့်ရသည်မှာ ၎င်းသည် နာကျည်းခါးသီးသော သေဆုံးခြင်းနှင့် သေခဲ့ပုံရသည်။...ရုတ်တရက် ကျယ်လောင်သော ရယ်မောခြင်း တစ်ရပ် စည်းဝိုင်းအောက်မှ ပေါက်ကွဲထွက်ပေါ်လာ၏၊ မတ်တတ် တစ်ဝက်ရပ်နေသော လူဝံတစ်ကောင်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေ၏၊ လူဝံအိုထက် ပို၍တိုးတက်သော တောဆိတ်များ သို့မဟုတ် အခြားသားရိုင်းကောင်ကို သားလိုက်ရန် “ကျောက်တင်းပုတ်” တစ်ခုကို ကိုင်လျက် စိတ်ထဲတွင် ကောင်းစွာတွေးတောထားသော အကြံအစည်တစ်ရပ်၆ ရှိလျက် ၎င်းသည် ဒေါသအပြည့်ဖြင့် စည်းဝိုင်းအတွင်းသို့ ခုန်ဝင်လိုက်၏။ ယင်းမှာ ၎င်းသည် ချီးမွမ်းထိုက်သော တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ပြီးသည့်အလား ဖြစ်၏။ ၎င်း၏ ကျောက်တင်းပုတ်၏ “အင်အား” ကို အသုံးပြုလျက် ၎င်းသည် “သုံးမိနစ်” ကြာ မတ်တတ်ရပ်နိုင်၏။ ဤတတိယ “ခြေ” ၏ “ခွန်အား” သည် ကြီးမားလှပေ၏။ ယင်းသည် ကြီးမား၍ကိုးယိုးကားယားနိုင်ကာ မိုက်မဲသော မတ်တတ်တစ်ဝက်ရပ်သည့် လူဝံကို သုံးမိနစ် ကြာရပ်နေရန် ထိန်းထားခဲ့၏။ ဤကြည်ညိုကိုင်းရှိုင်းဖွယ်ရာ၇ လူဝံအိုကြီး ကြီးစိုးလွန်းလှခြင်းမှာ အံ့သြဖွယ်မကောင်းပေ။ ရှေးဟောင်း ကျောက်ကိရိယာသည် “၎င်း၏ဂုဏ်သတင်းနှင့် ကိုက်ညီသည်” မှာ ထင်သည့်အတိုင်းပင်ဖြစ်၏။ ဓားရိုး၊ ဓားသွားနှင့် ဓားဖျားတို့ရှိကာ တစ်ခုတည်းသော အပြစ်အနာအဆာမှာ ထိုဓားသွားအနေဖြင့် အရောင်စိုမှု ကင်းမဲ့ခြင်းသာဖြစ်၏၊ ဤသည်မှာ မည်မျှကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလိုက်သနည်း။ စည်းဝိုင်း အတွင်းရပ်လျက်၊ အောက်၌ရှိနေသူများကို ထိရောက်စွာ မစွမ်းဆောင်နိုင်သော လက်အောက်ငယ်သားများဖြစ်၍ ၎င်းမှာမူ ရဲရင့်သော လူစွမ်းကောင်းအလား ၎င်းတို့ကို အထင်သေးသော အကြည့်ဖြင့် ငေးစိုက်ကြည့်သော ရှေးခေတ်ကာလများမှ “လူစွမ်းကောင်းငယ်လေး” ကို ထပ်၍ကြည့်လော့။ သူ၏နှလုံးသား တွင် သူသည် စင်မြင့်ရှေ့၌ရှိနေသူများကို တိတ်တဆိတ် စက်ဆုပ် ရွံရှာ၏။ “နိုင်ငံသည် ဒုက္ခရောက်နေပြီး ငါတို့တစ်ဦးစီတိုင်းတွင် တာဝန်ရှိ၏၊ သင်တို့သည် အဘယ်ကြောင့် ရှောင်ရှားနေသနည်း။ နိုင်ငံသည် ကပ်ဘေးနှင့်ရင်ဆိုင်ရသည်ကို သင်တို့မြင်သော်လည်း သွေးထွက်သံယိုတိုက်ပွဲတွင် သင်တို့မပါဝင်ခြင်း ဖြစ်နိုင်သလော။ နိုင်ငံသည် ကပ်ဘေးဆိုက်လုနီးဖြစ်နေ၏၊ သင်တို့သည် စိုးရိမ်စိတ် အရင်ဆုံးပြ၍ သင်တို့ကိုယ်သင်တို့ ပျော်မွေ့ဖို့ နောက်ဆုံးလူများ အဘယ်ကြောင့် မဟုတ်ကြသနည်း။ နိုင်ငံကျရှုံး၍ ပြည်သူ ပြည်သားများ ယိုယွင်းပျက်စီးခြင်းသို့ ကျရောက်သည်ကို သင်တို့ မည်သို့ရပ်၍ကြည့်နိုင်ကြသနည်း။ နိုင်ငံတော်ကို လက်အောက်ခံဘဝ သွတ်သွင်းခြင်း၏ အရှက်ရခြင်းကို သင်တို့ခံရန် လိုလိုလားလား ရှိသလော။ အသုံးမကျသော လူတစ်စုပေတည်း။” ၎င်းသည် ဤသည်ကို စဉ်းစားရင်း စင်အရှေ့တွင် ရန်ပွဲများဖြစ်ပွားကာ ၎င်း၏မျက်လုံးများသည် မီးတောက်များ ထိုးတက်၈ တော့မည့် အလား ဒေါသသာ၍ပင်ထွက်လာ၏။ ၎င်းသည် လူတို့ပျော်စေရေး အတွက် ဘုရားသခင်အားသတ်ရန် အရူးအမူးဖြစ်နေကာ ရန်ပွဲမစမီ ဘုရားသခင် ကျရှုံးစေရေးအတွက် တရွရွဖြစ်နေ၏။ ၎င်း၏ ကျောက်ကိရိယာများသည် ကျော်ကြားထိုက်နိုင်သော်လည်း ယင်းသည် ဘုရားသခင်အား မည်သည့်အခါမျှ ရန်မူနိုင်ခြင်းမပြု နိုင်ကြောင်းကို ၎င်းမသိပေ။ ၎င်းသည် မိမိကိုယ်ကို ကာကွယ်ရန် အချိန်မရမီ၊ ၎င်းသည် လဲလျောင်း၍ ခြေပေါ်ရပ်ရန် အချိန်မရလိုက်မီ၊ ၎င်းသည် မျက်စိနှစ်လုံးစလုံး အမြင်အာရုံဆုံးရှုံး၍ ရှေ့ထိုးနောက်ငင် ယိမ်းထိုးနေ၏။ ၎င်းသည် ၎င်း၏အိုမင်းသော ဘိုးဘေးဘီဘင်ထံသို့ တလိမ့်ခေါက်ကွေးကျကာ ပြန်မထပေ၊ ရှေးဟောင်းလူဝံကို တင်းကျပ်စွာဆုပ်ကိုင်၍၊ ၎င်းသည် အော်ဟစ်ခြင်း မပြုတော့ဘဲ ၎င်း၏သာ၍နိမ့်ကျမှုကို ဝန်ခံကာ ခုခံလိုသည့်ဆန္ဒ မရှိတော့ပေ။ ထိုသနားစဖွယ် လူဝံနှစ်ကောင်တို့သည် စည်းဝိုင်းရှေ့တွင် သေဆုံးကြ၏။ မျက်မှောက်နေ့ရက်အထိ အသက်ရှင်သန်ခဲ့သော လူသားမျိုးနွယ်၏ ဘိုးဘေးများသည် ဖြောင့်မတ်ခြင်း၏ နေပေါ်ထွက်လာသည့် နေ့ရက်တွင် အသိဉာဏ်ကင်းမဲ့မှု၌ သေဆုံးရသည်မှာ ကံဆိုးလေစွ။ ၎င်းတို့သည် ဤကဲ့သို့ ကြီးမြတ်လှသော ကောင်းချီးမင်္ဂလာတစ်ရပ်ကို ၎င်းတို့အား ကျော်လွန်သွားစေခြင်းနှင့် ၎င်းတို့၏ ကောင်းချီးမင်္ဂလာနေ့ရက်တွင် နှစ်ပေါင်းထောင်ပေါင်းများစွာ စောင့်နေခဲ့သော လူဝံများသည် ထိုကောင်းချီးမင်္ဂလာများကို နတ်ဆိုးတို့၏မင်းနှင့်အတူ “မွေ့လျော်ရန်” မရဏာနိုင်ငံသို့ ယူသွားခဲ့ခြင်းတို့မှာ မိုက်မဲလေစွ။ ဤကောင်းချီးမင်္ဂလာတို့ကို သက်ရှိတို့၏လောကတွင် ၎င်းတို့၏ သားသမီးများနှင့် အတူမွေ့လျော်ရန် အဘယ်ကြောင့်မထားသနည်း။ ၎င်းတို့သည် ဒုက္ခသာရှာနေကြသည်။ ဂုဏ်ဒြပ်၊ ဂုဏ်သတင်းနှင့် ပကာသနအနည်းငယ်အတွက် ၎င်းတို့သည် ငရဲ၏ တံခါးပေါက်များ ကို ဦးဆုံးဖွင့်သည့်သူဖြစ်၍ ငရဲ၏သားများဖြစ်ရန်အတွက် ကစဉ့်ကလျားသွားကာ အသတ်ခံရသည့် ကံဆိုးခြင်းကို ခံစားကြသည်မှာ ဖြုန်းတီးခြင်းပေတကား။ ထိုကဲ့သို့သော အဖိုးအခသည် အလွန့်အလွန်ပင် မလိုအပ်ပေ။ “အမျိုးသား စိတ်ဓာတ်ပြည့်ဝ” လွန်းသော ဘိုးဘေးအိုတို့သည် “မိမိတို့ကိုယ်တိုင်အပေါ် တင်းကျပ်လွန်းသော်လည်း သူတစ်ပါး အပေါ် သည်းခံ” လွန်း၍ မိမိတို့ကိုယ်ကို ငရဲတွင်ပိတ်ထားလျက်၊ ထိရောက်စွာမစွမ်းဆောင်နိုင်သော လက်အောက်ငယ်သားများကို ပြင်ပတွင် ဖယ်ထားသည်မှာ သနားစဖွယ်ကောင်းလှပေသည်။ ဤကဲ့သို့သော “ပြည်သူတို့၏ ကိုယ်စားလှယ်များ” ကို မည်သည့်နေရာတွင် တွေ့နိုင်သနည်း။ “၎င်းတို့၏သားသမီးများ ကောင်းကျိုး” အတွက်နှင့် “အနာဂတ်မျိုးဆက်များ၏ ငြိမ်းချမ်းသောဘဝများ” အတွက် ၎င်းတို့သည် ဘုရားသခင်ကို ဝင်ရောက်နှောင့်ယှက်ခွင့် မပြုပေ၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ဘဝများကို ဂရုမစိုက်ကြပေ။ အထိန်းအချုပ် မရှိဘဲ ထိုသူတို့သည် ၎င်းတို့ကိုယ်ကို “အမျိုးသားအရေး” အတွက် မြှုပ်နှံကာ မရဏာနိုင်ငံကို စကားတစ်လုံးမျှ မပြောဘဲ ဝင်ရောက်၏။ ထိုကဲ့သို့သော အမျိုးသားရေးစိတ်ဓာတ်ကို မည်သည့်နေရာတွင် တွေ့နိုင်မည်နည်း။ ဘုရားသခင်နှင့် တိုက်ပွဲဝင်လျက်၊ ၎င်းတို့သည် သေခြင်းတရားကို မကြောက်၊ သွေးထွက်သံယိုမှုကိုလည်း မကြောက်ပေ၊ ၎င်းတို့သည် နက်ဖြန်အကြောင်း သာ၍ပင် မစိုးရိမ်ပေ။ ၎င်းတို့သည် စစ်မြေပြင်နှင့် နေသားတကျရှိကြသည်။ ၎င်းတို့၏ “မြှုပ်နှံထားမှုစိတ်ဓာတ်” အတွက် ရရှိသည့် တစ်ခုတည်းသောအရာသည် ထာဝရနောင်တနှင့် အစဉ်တောက်လောင်နေသော ငရဲမီးတောက်များအားဖြင့် လောင်မြိုက်ခံရခြင်း ဖြစ်သည်မှာ သနားစဖွယ်ကောင်းလှသည်။

အဘယ်မျှ စိတ်ဝင်စားဖွယ်ကောင်းလိုက်လေသနည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် အစဉ်ပင် လူတို့၏ ငြင်းပယ်ခြင်းကိုခံရ၍ ဝေဖန်ပုတ်ခတ်ခြင်းကို ခံရသည်မှာ အဘယ်ကြောင့်နည်း။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို တစ်စုံတစ်ရာ နားလည်မှုမရှိဖူးသနည်း။ ဘုရားသခင်သည် အချိန်မှား၍ လာခဲ့ခြင်းများဖြစ်နိုင်သလော။ ဘုရားသခင်သည် နေရာမှားသို့ လာခဲ့ခြင်းများ ဖြစ်နိုင်သလော။ ဘုရားသခင်သည် လူသား၏ “ထိုးမြဲလက်မှတ်” မပါဘဲ တစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းကြောင့် ဤအရာဖြစ်ခဲ့ခြင်းများ ဖြစ်နိုင်သလော။ လူသား၏ခွင့်ပြုချက် မပါဘဲ ဘုရားသခင်သည် သူ၏စိတ်ကို သူဆုံးဖြတ်ခဲ့သောကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် ကြိုတင်အသိပေးသည်ဟု ဖြစ်ရပ်မှန် အချက်အလက်များက ဖော်ပြသည်။ ဘုရားသခင်သည် လူ့ဇာတိ ခံယူခြင်း၌ အမှား မပြုခဲ့ပေ၊ သူသည် လူသား၏ခွင့်ပြုချက်ကို တောင်းခံရမည်လော။ ထို့အပြင် ဘုရားသခင်သည် ရှေးမဆွကပင် လူသားအား သတိပေးခဲ့သော်လည်း လူတို့မေ့လျော့သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့ကို အပြစ်တင်ရမည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ကာလကြာမြင့်စွာ ကတည်းကပင် စာတန်၏ လွန်စွာဖျက်ဆီးမှုကို ခံခဲ့ရသဖြင့် သူသည် ဝိညာဉ်လောကတွင် ဖြစ်ပျက်နေသည့် အရာများကို မဆိုနှင့် ကောင်းကင်ဘုံအောက် ဖြစ်ပျက်နေသည့်အရာ တစ်ခုမျှ နားမလည်ပေ။ လူသား၏ဘိုးဘေးဘီဘင်များဖြစ်သော လူဝံတို့သည် စည်းဝိုင်းအတွင်း သေဆုံးခဲ့ကြသည်မှာ ဆိုးရွားလှသော်လည်း ဤသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ၊ ကောင်းကင်နှင့်မြေကြီးသည် မည်သည့်အခါကမျှ သဟဇာတ မဖြစ်ခဲ့ပေ၊ ထို့အပြင် ကျောက်တုံးနှင့်ပြုလုပ်ထားသည့် စိတ်များ ရှိသော လူဝံတို့သည် ဘုရားသခင်အနေဖြင့် လူ့ဇာတိတစ်ဖန် ခံယူနိုင်သည်ကို အဘယ်သို့ စိတ်ကူး၍ရနိုင်မည်နည်း။ ဤသို့သော “အသက်ခြောက်ဆယ်အရွယ်” “အဖိုးအို” တစ်ယောက်သည် ဘုရားသခင်ပေါ်ထွန်းခြင်းနေ့ရက်တွင် သေဆုံးခဲ့သည်မှာ မည်မျှ ဝမ်းနည်းဖွယ် ကောင်းလှသနည်း။ ဤကဲ့သို့သောကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခု ပေါ်ထွန်းရာနေ့တွင် ကောင်းချီးမင်္ဂလာ ခံစားရခြင်းမရှိဘဲ လောကမှစွန့်ခွာသည်မှာ အံ့ဖွယ်တစ်ပါး မဟုတ်ပေလော။ ဘုရားသခင်လူ့ဇာတိခံယူခြင်းသည် ဘာသာတရား အားလုံးနှင့် ကဏ္ဍအားလုံးတစ်လျှောက် ပြင်းထန်သည့် ဂယက်လှိုင်းများ ရိုက်ခတ်စေခဲ့၏၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ မူလထုံးစံကို “ဖရိုဖရဲ” ဖြစ်စေခဲ့ကာ ဘုရားသခင်ပေါ်ထွန်းလာမှုကို တောင့်တကြသူများ၏ နှလုံးသားများကို တုန်လှုပ်စေခဲ့၏။ အဘယ်သူသည် ချစ်ခင်ကြင်နာမှုမရှိသနည်း။ အဘယ်သူသည် ဘုရားသခင်ကိုတွေ့ရန် တမ်းတခြင်းမရှိသနည်း။ ဘုရားသခင်သည် လူသားအကြား ကိုယ်တိုင်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သော်လည်း လူသားသည် ယင်းကို မည်သည့်အခါကမျှ မသိခဲ့ပေ။ ယနေ့ ဘုရားသခင်ကိုယ်တော်တိုင် ပေါ်ထွန်းခဲ့၍ သူ၏ကိုယ်ပိုင်လက္ခဏာကို လူထုများအား ပြသခဲ့ပြီးဖြစ်၏၊ ဤသည်မှာ လူသား၏နှလုံးသားကို ပျော်ရွှင်ဝမ်းမြောက်စေ ခြင်းမဖြစ်ဘဲ အဘယ်သို့ရှိနိုင်မည်နည်း။ တစ်ခါက ဘုရားသခင်သည် လူသားနှင့် အတူဝမ်းမြောက်ခဲ့ကာ အတူဝမ်းနည်းခဲ့ပြီး ယနေ့ သူသည် လူသားနှင့် ပြန်လည်ပေါင်းစပ်ခဲ့၍ အတိတ်က ဇာတ်ကြောင်းများကို သူနှင့်အတူ အပြန်အလှန်ပြောဆိုခဲ့၏။ သူသည် ယုဒပြည်မှထွက်သွားပြီးနောက် လူတို့သည် သူ၏အစအနကို ရှာမတွေ့နိုင်ကြပေ။ ၎င်းတို့သည် ယနေ့ သူနှင့်တစ်ဖန်ပြန်တွေ့ပြီးကြောင်းနှင့် သူနှင့်ပြန်လည်ပေါင်းစပ်ပြီး ကြောင်းကို မသိကြဘဲ၊ ဘုရားသခင်အား နောက်တစ်ကြိမ်တွေ့ရန် တောင့်တကြ၏။ ဤသည်မှာ အတိတ်အကြောင်း အတွေးများကို မလှုံ့ဆော်ဘဲ အဘယ်သို့ရှိမည်နည်း။ ယနေ့မှ လွန်ခဲ့သော အနှစ်နှစ်ထောင်က ယုဒလူတို့မှ ဆင်းသက်လာသော ရှိမုန်ဗာယောန သည် ကယ်တင်ရှင်ယေရှုကိုတွေ့ခဲ့၏၊ သူနှင့်တစ်စားပွဲတည်းတွင် စားခဲ့၍ သူ့နောက်နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက် သူ့အပေါ် လေးနက်သော ချစ်ခင်စိတ်ပေါ်ခဲ့၏၊ သူ့အား နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာအထိ ချစ်ခဲ့၏၊ သူသည် သခင်ယေရှုကို လေးနက်စွာ ချစ်ခဲ့၏။ အေးစိမ့်သောနွားစားခွက်တွင်မွေးဖွားခဲ့သည့် ရွှေဝါရောင်ဆံပင်ရှိသော ဤကလေးသည် လူ့ဇာတိခံဘုရားသခင်၏ ပထမဆုံးပုံရိပ်ဖြစ်ကြောင်းကို ယုဒလူတို့သည် လုံးဝမသိခဲ့ကြပေ။ သူသည်လည်း ၎င်းတို့ကဲ့သို့ပင်ဖြစ်သည်ဟု ၎င်းတို့အားလုံး ထင်ခဲ့ကြသည်၊ သူသည် တစ်စုံတစ်ရာ ကွဲပြားသည်ဟု မည်သူမျှ မထင်ခဲ့ကြပေ၊ လူတို့သည် ဤသာမန်၊ ရိုးရိုး ယေရှုကို အဘယ်သို့ သိနိုင်မည်နည်း။ ယုဒလူတို့သည် သူ့အား ထိုကာလက ယုဒသားတစ်ဦးဟု ထင်မှတ်ခဲ့ကြသည်။ သူ့အား ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဟု မမြင်ခဲ့ကြ၊ ထို့အပြင် လူတို့သည် သူ့အား ကြွယ်ဝ၍ များပြားသော ကျေးဇူးတော်များ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ပေးရန် သူ့အပေါ် ဆင်ကန်းတောတိုး တောင်းဆိုချက်များပြုသည်မှလွဲ၍ အခြား မည်သည်ကိုမျှ မပြုလုပ်ခဲ့ကြပေ။ သန်းကြွယ်သူဌေးတစ်ဦးကဲ့သို့ လူတစ်ဦးအနေဖြင့် အလိုရှိနိုင်ရာကို ရရှိခဲ့သူတစ်ဦးဟုသာ သူ့ကို သိခဲ့ကြသည်။ သို့ရာတွင် လူတို့သည် သူ့အား ချစ်ခင်မြတ်နိုးသူ တစ်ဦးအဖြစ် မည်သည့်အခါကမျှ မဆက်ဆံခဲ့ပေ၊ ထိုကာလက လူတို့သည် သူ့ကို မချစ်ခဲ့ကြပေ၊ ထို့အပြင် သူ့ကို ဆန့်ကျင်ကန့်ကွက်ခြင်းကိုသာ ပြုခဲ့ကြ၍ အကြောင်းမဲ့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကာ လူသားသည် သူ့ကို မသိသော်လည်း သူသည် မည်သည့်အခါမျှ ခုခံခဲ့ခြင်းမရှိ၊ လူသားကို ကျေးဇူးတော်များ အစဉ်ပေးခဲ့၏။ သူသည် လူသားအား နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာနှင့် အကြင်နာတို့ကို တိတ်ဆိတ်စွာပေးသည်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ဘဲ ထိုထက်သာ၍ လူသားအား ပညတ်တရား၏ ချုပ်နှောင်မှုများမှ လွတ်မြောက်စေကာ သူသည် လူသားကို အလေ့အထနည်းလမ်းတစ်ရပ်ပေးခဲ့၏။ လူသားသည် သူ့ကို မချစ်ပေ၊ သူ့အား အားကျရုံသာဖြစ်၍ သူ၏ထူးကဲသော ပါရမီတို့ကို အသိအမှတ်ပြုခဲ့ရုံသာ ဖြစ်၏။ ချစ်မြတ်နိုးဖွယ် ကောင်းသော ကယ်တင်ရှင်ယေရှု လူသားမျိုးနွယ်အကြား လာခဲ့စဉ်က ခံစားရသည့် အရှက်ကွဲမှုမှာ အဘယ်မျှ ကြီးမားသည်ကို မျက်မမြင် လူသားမျိုးနွယ်သည် အဘယ်သို့သိနိုင်မည်နည်း။ သူ၏ စိတ်သောကကို မည်သူမျှ စဉ်းစားခဲ့ခြင်းမရှိ၊ ခမည်းတော်တည်း ဟူသော ဘုရားသခင်အပေါ် သူ၏ချစ်ခြင်းမေတ္တာကို မည်သူမျှ မသိခဲ့ပေ၊ ထို့အပြင် သူ၏အထီးကျန်မှုကို မည်သူမျှ မသိနိုင်ခဲ့ပေ၊ မာရိသည် သူ၏မွေးမိခင်ဖြစ်သော်လည်း သူမသည် ကရုဏာရှင် သခင်ယေရှု၏ နှလုံးသားတွင်ရှိသော အတွေးများကို မည်သို့သိနိုင်မည်နည်း။ လူသားမှ အောင့်ခံခဲ့သော ပြောမပြနိုင်သည့် ဒုက္ခအကြောင်း မည်သူသိခဲ့သနည်း။ သူ့အပေါ်တောင်းဆိုချက်များ ပြုလုပ်ပြီးနောက် ထိုကာလမှလူတို့သည် သူ့အား စိမ်းကားစွာ ဂရုမပြုတော့ဘဲ ပြင်ပသို့ ပစ်လိုက်၏။ ထို့ကြောင့် သူသည် တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် လမ်းများပေါ်တွင် ဟိုဟိုသည်သည် သွားလာကာ၊ ကြာရှည်ခြင်းရော တိုတောင်းခြင်းပါ ဖြစ်သည့် ခက်ခဲသော သုံးဆယ့်သုံးနှစ်နေပြီးသည့်တိုင် နှစ်ပေါင်းများစွာ လွင့်မျောနေခဲ့သည်။ လူတို့သည် သူ့အားလိုအပ် ခဲ့သည့်အခါ ပြုံးနေသောမျက်နှာများဖြင့် ၎င်းတို့၏ အိမ်အတွင်းသို့ သူ့အားဖိတ်ခေါ်ခဲ့ကြပြီး သူ့အပေါ် တောင်းဆိုမှုများပြုရန် ကြိုးစားကြ၏၊ သူသည် ၎င်းတို့ကို သူ၏ကူညီထောက်ပံ့မှု ပြုလုပ်ပြီးသောအခါ ၎င်းတို့သည် သူ့အား တံခါးပြင်ပသို့ ချက်ချင်း တွန်းထုတ်လိုက်ကြ၏။ သူ၏နှုတ်မှထောက်ပံ့ပေးခဲ့သည်ကို လူတို့သည်စားခဲ့၏၊ သူ၏သွေးကိုသောက်ခဲ့ကြ၏၊ ၎င်းတို့အပေါ် ချပေးသော ကျေးဇူးတော်များကို မွေ့လျော်ကြ၏၊ သို့သော် ထိုသူတို့သည် သူ့အား ဆန့်ကျင်ခြင်းလည်း ပြုခဲ့ကြ၏၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ၎င်းတို့အား ၎င်းတို့၏ဘဝများကို မည်သူပေးခဲ့သည်ကို မသိခဲ့ကြပေ။ နောက်ဆုံးတွင် ထိုသူတို့သည် သူ့အား လက်ဝါးကပ်တိုင်၌ ရိုက်ထားခဲ့ကြသော်လည်း သူသည် အသံမထွက်ဘဲနေဆဲ ဖြစ်ခဲ့သည်။ ယနေ့၌ပင် သူသည် တိတ်ဆိတ်စွာနေဆဲဖြစ်၏။ လူတို့သည် သူ၏အသားကို စားကြ၏၊ ၎င်းတို့အတွက် သူလုပ်ပေးသည့်အစာကို သူတို့စားကြ၏၊ ၎င်းတို့အတွက် သူဖွင့်ပေးခဲ့သည့်လမ်းကို သူတို့လျှောက်ကြကာ သူ့သွေးကို ၎င်းတို့သောက်ကြ၏၊ သို့သော် ၎င်းတို့သည် သူ့အားငြင်းပယ်ရန် ရည်ရွယ်ဆဲဖြစ်၏၊ အကယ်စင်စစ် ၎င်းတို့အား ၎င်းတို့၏ ဘဝများကိုပေးခဲ့သည့် ဘုရားသခင်ကို ၎င်းတို့သည် ရန်သူကဲ့သို့ ဆက်ဆံကာ ၎င်းတို့ကဲ့သို့ ကျွန်များအား ကောင်းကင်ဘုံ၌ ရှိတော်မူသော အဘကဲ့သို့ ဆက်ဆံကြ၏။ ဤသည်၌ ၎င်းတို့သည် သူ့အား တမင်ဆန့်ကျင်သည် မဟုတ်လော။ ယေရှုသည် လက်ဝါးကပ်တိုင်၌ အသေခံရန် အဘယ်သို့ လာခဲ့သနည်း။ သင်တို့သိသလော။ သူသည် သူနှင့် အရင်းနှီးဆုံးဖြစ်၍ သူ့အားစားခဲ့၊ သောက်ခဲ့ပြီး သူ့အား မွေ့လျော်ခဲ့သူဖြစ်သော ယုဒ၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည် မဟုတ်လော။ ယုဒ သစ္စာဖောက်ရခြင်း အကြောင်းရင်းမှာ ယေရှုသည် သာမန်ဆရာ ကလေးတစ်ပါးထက် မပိုသောကြောင့် မဟုတ်သလော။ ယေရှုသည် သာမန်ထက်ထူးကဲကြောင်းနှင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်ကြောင်းကို လူတို့သည် အမှန်တကယ်မြင်တွေ့ခဲ့ပါက ၎င်းတို့သည် သူ၏ခန္ဓာကိုယ်တွင် ထွက်သက်ဝင်သက် မရှိတော့ သည်အထိ နှစ်ဆယ့်လေးနာရီကြာ အသက်ရှင်လျက် လက်ဝါး ကပ်တိုင်ပေါ်၌ အဘယ်သို့ရိုက်နှက်နိုင်ခဲ့ကြသနည်း။ ဘုရားသခင် အား မည်သူသိနိုင်သနည်း။ လူတို့သည် ဘုရားသခင်အား မရောင့်ရဲနိုင်သောလောဘဖြင့် မွေ့လျော်ခြင်းမှလွဲ၍ မည်သည့် အရာမျှ ပြုလုပ်ခြင်းမရှိသော်လည်း ထိုသူတို့သည် သူ့အား မည်သည့် အခါမျှ မသိခဲ့ကြပေ။ ထိုသူတို့သည် အခွင့်ကောင်း ယူခဲ့ပြီး “ယေရှု” အား ၎င်းတို့၏အမိန့်များ၊ ၎င်းတို့၏ညွှန်ကြားချက်များကို လုံးဝ နာခံစေ၏။ ခေါင်းချစရာ မည်သည့်နေရာမျှမရှိသော ဤလူသား အပေါ် အကြင်နာတစ်စုံတစ်ရာမျိုး မည်သူပြခဲ့ဖူးသနည်း။ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကို ဖြည့်ဆည်းရန် မည်သူသည် သူနှင့်အင်အား ပေါင်းစည်းရန် စဉ်းစားခဲ့ဖူးသနည်း။ မည်သူသည် သူ့အတွက် စဉ်းစားခဲ့ဖူးသနည်း။ သူ၏အခက်အခဲများကို မည်သူသည် စာနာထောက်ထားခဲ့ဖူးသနည်း။ ချစ်ခြင်းမေတ္တာ စိုးစဉ်းမျှ မရှိဘဲ လူသားသည် သူ့အား ခေါက်တုံ့ခေါက်ပြန် လိမ်ချိုး၏၊ လူသားသည် သူ၏အလင်းနှင့်အသက် မည်သည့်နေရာမှ လာသည်ကို မသိပေ၊ ထို့အပြင် လူသားတို့အကြားတွင် နာကျင်မှုကို တွေ့ကြုံခံစားခဲ့သည့် လွန်ခဲ့သော အနှစ်နှစ်ထောင်က “ယေရှု” ကို တစ်ဖန်ပြန်၍ မည်သို့ကားစင်တင်ရမည်ကို လျှို့ဝှက်စွာ ကြံစည်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မပြုပေ။ “ယေရှု” သည် ဤကဲ့သို့သော မုန်းတီးမှုကို အကယ်ပင် လှုံ့ဆော်သလော။ သူလုပ်ဆောင်ခဲ့သမျှ အားလုံးကို မေ့သွားခဲ့ကြသည်မှာ ကြာပြီလော။ နှစ်ပေါင်း ထောင်ပေါင်းများစွာ ပေါင်းစည်းခဲ့သောမုန်းတီးမှုသည် အဆုံး၌ ပြင်ပသို့ ထိုးထွက်မည်လော။ အသင်တို့၊ ယုဒလူတို့နှင့် အတန်းစား တူသူတို့။ သင်တို့သည် “ယေရှု” အား ဤမျှမုန်းရအောင် သူသည် သင်တို့ကို မည်သည့်အချိန်က ရန်လိုခဲ့ဖူးသနည်း။ သူသည် များစွာဆောင်ရွက်ခဲ့ပြီး၍ များစွာ ပြောဆိုခဲ့ပြီးဖြစ်၏၊ ၎င်းတို့တစ်ခုမျှ သင်တို့၏အကျိုးအတွက် မဟုတ်သလော။ သင်တို့ထံမှ မည်သည့်အရာမျှ ပြန်လည်တောင်းခံခြင်းမရှိဘဲ သူသည် သင်တို့ကို သူ၏အသက်ပေးခဲ့၏၊ သူ၏ အလုံးစုံကို ပေးခဲ့၏၊ သင်တို့သည် အကယ်ပင် သူ့အား လွှမ်းမိုးချုပ်ကိုင်လိုသေးသလော။ သူသည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိဘဲ၊ လောကီဘုန်း အာနုဘော်၊ လူသားအကြား နွေးထွေးမှုနှင့် လူသားအကြား ချစ်ခြင်းမေတ္တာ သို့မဟုတ် လူသားတို့အကြား ကောင်းချီးမင်္ဂလာ များကို တစ်ခါမျှ မွေ့လျော်ခြင်းမရှိဘဲ၊ သူ၏အရာအားလုံးကို သင်တို့အားပေးခဲ့ပြီးဖြစ်သည်။ လူတို့သည် သူ့အပေါ် လွန်စွာ ဆိုးသွမ်းကြ၏၊ သူသည် ကမ္ဘာပေါ်ရှိ ကြွယ်ဝချမ်းသာမှုအားလုံးကို တစ်ခါမျှ မခံစားခဲ့ရဖူးပေ၊ သူသည် သူ၏စိတ်ရင်းအမှန်အတိုင်းရှိ၍ ပြင်းပြသော နှလုံးသားတစ်ခုလုံးကို လူသားအတွက် မြှုပ်နှံထား၏၊ သူ၏အလုံးစုံကို လူသားအတွက် မြှုပ်နှံထားခဲ့၏၊ မည်သူသည် သူ့အား နွေးထွေးမှုပေးခဲ့ဖူးသနည်း။ မည်သူသည် သူ့အား နှစ်သိမ့်မှုပေးခဲ့ဖူးသနည်း။ လူသားသည် သူ့အပေါ် ဖိအားအားလုံး ပုံချခဲ့၏၊ ၎င်း၏ကံမကောင်း အကြောင်းမလှသည့်ဖြစ်ရပ်အားလုံးကို သူ့အား ပေးခဲ့၏၊ လူသားအကြား အကြောင်းမလှဆုံးသော အတွေ့အကြုံများကို သူ့အား အတင်းအကျပ်ပေးခဲ့၏၊ မတရားမှုအားလုံးအတွက် သူ့အားအပြစ်တင်ပြီး ယင်းကို သူသည် ဘာမျှမပြောဘဲ လက်ခံခဲ့သည်။ သူသည် တစ်စုံတစ်ဦးအား ကန့်ကွက်ခဲ့ဖူးသလော။ သူသည် တစ်စုံတစ်ဦးထံမှ နစ်နာကြေး အနည်းငယ် တောင်းခံခဲ့ဖူးသလော။ မည်သူသည် သူ့အပေါ် သနားကြင်နာမှု တစ်စုံတစ်ရာပြခဲ့ဖူးသနည်း။ သာမန်လူတို့အနေဖြင့် သင်တို့အနက် အဘယ်သူသည် ကြည်နူးဖွယ်ရာ ကလေးဘဝ မရှိခဲ့ဖူးသနည်း။ အဘယ်သူသည် စိတ်ဝင်စားဖွယ်ကောင်းသော လူငယ်ဘဝ မရှိခဲ့ဖူးသနည်း။ ချစ်မြတ်နိုးသူတို့၏ နွေးထွေးမှုကို မရသူ အဘယ်သူရှိသနည်း။ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာမရှိသူ အဘယ်သူရှိသနည်း။ အခြားသူများ၏ လေးစားမှု မရှိသူ အဘယ်သူရှိသနည်း။ နွေးထွေးသည့်မိသားစု မရှိသူ အဘယ်သူရှိသနည်း။ ၎င်းတို့ယုံကြည်စိတ်ချရသူများ၏ နှစ်သိမ့်မှု မရှိသူ အဘယ်သူရှိသနည်း။ ထို့အပြင် သူသည် ဤအရာတစ်စုံတစ်ရာကို မွေ့လျော်ဖူးသလော။ အဘယ်သူသည် သူ့အား နွေးထွေးမှု အနည်းငယ် ပေးခဲ့ဖူးသနည်း။ အဘယ်သူသည် သူ့အား နှစ်သိမ့်မှု အနည်းငယ်မျှ ပေးခဲ့ဖူးသနည်း။ အဘယ်သူသည် သူ့အား လူသား၏ ကိုယ်ကျင့်သိက္ခာပြခဲ့ဖူးသနည်း။ အဘယ်သူသည် သူ့အပေါ် သည်းခံခဲ့ဖူးသနည်း။ ခဲယဉ်းသည့်ကာလများအတွင်း အဘယ်သူသည် သူနှင့်အတူ ရှိခဲ့ဖူးသနည်း။ အဘယ်သူသည် ခက်ခဲသောဘဝကို သူနှင့်အတူ ဖြတ်သန်းခဲ့ဖူးသနည်း။ လူသားသည် သူ့အပေါ် တောင်းဆိုချက်များကို မည်သည့်အခါကမျှ လျှော့ပေါ့ ခဲ့ခြင်း မရှိခဲ့ပေ၊ သိက္ခာစောင့်စည်းမှု မရှိဘဲ သူ့အပေါ် တောင်းဆိုမှုများ ပြုလုပ်ရုံသာရှိ၏၊ ယင်းမှာ လူသား၏လောကသို့ လာခဲ့သည့်အတွက် သူ၏နွားထီး သို့မဟုတ် မြင်းဖြစ်ရသည့်အလား၊ သူ၏အကျဉ်းသား ဖြစ်ရသည့်အလားနှင့် သူ၏အလုံးစုံကို လူသားအား ပေးရသည့်အလားဖြစ်၏၊ ထိုသို့မပြုပါက လူသားသည် သူ့အား မည်သည့်အခါမျှ ခွင့်လွှတ်လိမ့်မည် မဟုတ်၊ သူ့အပေါ် မည်သည့်အခါမျှ သက်ညှာမှုမရှိဘဲ သူ့အား ဘုရားသခင်ဟု မည်သည့်အခါမျှ ခေါ်လိမ့်မည်မဟုတ်သည့်အပြင် မြင့်မားသည့် ရိုသေကြည်ညိုမှုလည်း မည်သည့်အခါမျှ ရှိလိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင်အပေါ် ၎င်း၏သဘောထားနှင့်ပတ်သက်၍ ပြင်းထန်လွန်း၏၊ ယင်းမှာ သူသည် ဘုရားသခင်အား သေဆုံးသည်အထိ နှိပ်စက်ရန်နှင့် သေဆုံးပြီးမှသာ ဘုရားသခင်အပေါ် သတ်မှတ်ချက်များကို လျှော့ပေးရန် ဆုံးဖြတ်ထားသည့်အလား ဖြစ်၏၊ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် ၎င်း၏တောင်းဆိုချက်များကို မည်သည့်အခါမျှ လျှော့ပေါ့ပေးမည် မဟုတ်ပေ။ ဤကဲ့သို့သော လူသားသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို မခံရဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ယင်းသည် ယနေ့ခေတ်၏ အဖြစ်ဆိုး မဟုတ်ပေဘူးလော။ လူသား၏ အသိတရားကို မည်သည့် နေရာတွင်မျှ မမြင်ရပေ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သူသည် ကျေးဇူးဆပ်မည်ဟု ပြောနေသော်လည်း သူသည် ဘုရားသခင်အား ခွဲခြမ်းစိတ်ဖြာဆန်းစစ်ကာ သေသည့်တိုင်အောင် ညှဉ်းပန်း နှိပ်စက်၏။ ဤသည်မှာ ဘုရားသခင်အပေါ် ၎င်း၏ယုံကြည်ခြင်း အတွက် ၎င်း၏ဘိုးဘေးဘီဘင်တို့မှ လက်ဆင့်ကမ်းလိုက်သည့် “လျှို့ဝှက်နည်းနာ” မဟုတ်သလော။ “ယုဒလူတို့” အား မတွေ့သည့်နေရာ မရှိဘဲ ယနေ့တွင် ၎င်းတို့သည် တစ်မျိုးတည်းသော အလုပ်ကိုပင် လုပ်ကိုင်ဆဲဖြစ်၏၊ ဘုရားသခင်ကို ဆန့်ကျင်သည့် တစ်မျိုးတည်းသော အလုပ်ကို ဆက်၍ လုပ်ကိုင်နေဆဲဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်အား အမြင့်တွင် မြှင့်တင်ထားသည်ဟု ယုံကြည်ကြသည်။ လူသား၏ ကိုယ်ပိုင်မျက်လုံးများသည် ဘုရားသခင်အား မည်သို့သိနိုင် မည်နည်း။ ဇာတိပကတိ၌နေသော လူသားသည် ဝိညာဉ်မှလာသော လူ့ဇာတိခံဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သို့ ဆက်ဆံနိုင် မည်နည်း။ လူသားအကြား မည်သူသည် သူ့ကိုသိနိုင်မည်နည်း။ လူသားအကြား သမ္မာတရားသည် အဘယ်မှာနည်း။ စစ်မှန်သော ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို အဘယ်သူသိနိုင်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အဘယ်သူ ယှဉ်ပြိုင်နိုင်သနည်း။ သူသည် လူသားအကြား လာခဲ့စဉ်က ဘုရားသခင်ကို မည်သူမျှမသိဘဲ သူသည် ငြင်းပယ်ခြင်းခံရသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ ဘုရားသခင်တည်ရှိမှုကို လူသားသည် အဘယ်သို့သည်းခံနိုင် သနည်း။ လောက၏အမှောင်ကို နှင်ထုတ်ရန် အလင်းကို သူအဘယ်သို့ ခွင့်ပြုနိုင်သနည်း။ ဤသည်အားလုံးမှာ လူသား၏ ဂုဏ်ပြုအပ်သော ကိုးကွယ်ဆည်းကပ်မှု မဟုတ်သလော။ ဤသည်မှာ လူသား၏ဖြောင့်မတ်သော ဝင်ရောက်မှု မဟုတ် သလော။ ထို့အပြင် ဘုရားသခင်၏အမှုသည် လူသား ဝင်ရောက်မှု အနီးတဝိုက်ကို ဗဟိုပြုထားသည် မဟုတ်လော။ ငါသည် သင့်အား ဘုရားသခင်၏အမှုကို လူသားဝင်ရောက်မှုနှင့် ပေါင်းစပ်စေလိုသည်၊ ထို့အပြင် လူသားနှင့် ဘုရားသခင်အကြား ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် တည်ဆောက်စေလိုကာ လူသားအနေဖြင့် သင်၏အကောင်းဆုံး စွမ်းရည်များအတိုင်း လုပ်ဆောင်သင့်သည့် တာဝန်ကို လုပ်ဆောင်စေလိုသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ အမှုသည် နောက်ပိုင်းတွင် အဆုံးသတ်သွားပြီး သူ၏ ဘုန်းအာနုဘော်နှင့် ပြည့်စုံစေခြင်းဖြင့် နိဂုံးချုပ်မည် ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

၁။ ဤနေရာရှိ “လူသား၏ဝင်ရောက်မှု” သည် လူသား၏နာခံမှုမရှိသော အပြုအမူကို ညွှန်ပြသည်။ အပြုသဘောဆောင်သော လူတို့၏ အသက်တာဝင်ရောက်မှုကို ရည်ညွှန်းမည့်အစား ယင်းသည် ၎င်းတို့၏ အဖျက်သဘောဆောင်သော အပြုအမူနှင့် လုပ်ဆောင်ချက်များကို ရည်ညွှန်းသည်။ ယင်းသည် ဘုရားသခင်ကို လူသားမှ ဆန့်ကျင်သောလုပ်ဆောင်ချက်အားလုံးကို ယေဘုယျအားဖြင့် ရည်ညွှန်းသည်။

၂။ “စိတ်ကူးသက်သက် ကြောက်ရွံ့မှုများ၏ ဒုက္ခပေးခြင်းကို ခံကြရသည်။” ကို လူသား၏ ဆုံးဖြတ်ချက်လွဲမှားသော လူ့သဘာဝ၏အသက်တာကို သရော်ရန် အသုံးပြုထား၏။ ယင်းသည် လူတို့ နတ်ဆိုးများနှင့် အတူနေသည့် လူသားမျိုးနွယ်၏ အကျည်းတန်သော အသက်တာအခြေအနေကို ရည်ညွှန်း၏။

၃။ “အကောင်းဆုံး” သည် သရော်သောအနေဖြင့် ပြောထားခြင်းဖြစ်သည်။

၄။ “စိတ်အားထက်သန်မှုသည် သာ၍ပူစွာလောင်မြိုက်နေ၏” ကို သရော်သည့်အနေဖြင့် ပြောဆိုထားခြင်းဖြစ်၍ ယင်းသည် လူသား၏အကျည်းတန်သော အခြေအနေကို ရည်ညွှန်းသည်။

၅။ “အရှင်ဖမ်းဆီး” သည် လူသား၏ အကြမ်းဖက်၍ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူကို ရည်ညွှန်း၏။ လူသားသည် လူမဆန်သည့်အပြင် ဘုရားသခင်အပေါ် စိုးစဉ်းမျှ ခွင့်မလွှတ်ဘဲ သူ့အပေါ် ဖြစ်နိုင်ခြင်းမရှိသော တောင်းဆိုမှုများ ပြုလုပ်၏။

၆။ “စိတ်ထဲတွင် ကောင်းစွာတွေးတောထားသော အကြံအစည်တစ်ရပ်” သည် သရော်သောအနေဖြင့် ပြောဆိုထားခြင်းဖြစ်၍ ဤသည်မှာ လူတို့သည် မိမိကိုယ်ကို မသိပုံနှင့် ၎င်းတို့၏ ဝိညာဉ်အသက်တာအစစ်အမှန်ကို မသိပုံကို ရည်ညွှန်း၏။ ဤသည်မှာ ကဲ့ရဲ့ရှုတ်ချသည့် ပြောဆိုရေးသားပုံဖြစ်သည်။

၇။ “ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ” သည် သရော်သောအနေဖြင့် ပြောထားခြင်းဖြစ်သည်။

၈။ “ထိုးတက်” သည် ဘုရားသခင်၏ရှုံးနိမ့်စေခြင်းကို ခံရသည့်အခါ ဒေါသအခိုးထွက်နေသော သူများ၏ အကျည်းတန်သော အနေအထားကို ညွှန်ပြ၏။ ယင်းသည် ဘုရားသခင်အပေါ် ၎င်းတို့ ဆန့်ကျင်သည့် အတိုင်းအတာကို ညွှန်ပြ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း ပညတ်တော်ခေတ်မှ အမှုတော် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၇ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏ ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည် ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည် သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃) (ကောက်နုတ်ချက်များ) လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည် ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၅) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၂) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀) ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) - အပိုင်း နှစ်

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ