သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်မျာ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁။ မည်သည့်အရာ ပိုကြီးမြတ်သနည်း။ ဘုရားသခင်လား သို့မဟုတ် သမ္မာကျမ်းစာလား။ ဘုရားသခင်နှင့် သမ္မာကျမ်းစာကြားက ဆက်နွယ်မှုမှာ အဘယ်နည်း။

၁။ လူများအနေဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုမှုသည် ယုံကြည်မှု ဆိုင်ရာ (ကမ္ဘာပေါ်က အများဆုံး ကိုးကွယ်ကြသည် ဘာသာကြီး သုံးရပ်အနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ ဆိုင်ရာ) အစဉ်အလာနည်းလမ်း ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာသွားပါပြီ၊ သမ္မာကျမ်းစာကို စွန့်ပယ်မှုသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာကို စွန့်ပယ်မှုသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာ ကျမ်းစာအား ရှင်းလင်းဖေါ်ပြမှု ဖြစ်ရပါမည်။ ထိုအချက်ကို ထပ်ပြီးရှင်းပြ ရလျှင်၊ သင်က သခင်ကို ယုံကြည်ပါသည်ဟု ဆိုလျှင်၊ သင်သည် သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သင်သည် သမ္မာကျမ်းစာကို စားသုံး ရမည် ဖြစ်ပြီး သင်သည် သမ္မာကျမ်းစာ မဟုတ်လျှင် သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်အပ်ပါ။ သင်က ထိုသို့ ပြုလုပ်သည်ဆိုလျှင်၊ ဘုရားသခင်အား သစ္စာဖောက်မှု ဖြစ်ပါသည်။ သမ္မာကျမ်းစာ ရှိလာခဲ့သည့် ခေတ်ကာလမှ အစပြုလျက်၊ လူများ၏ သခင်အား ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့ပါသည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းပါမည်။ သူတို့သည် သမ္မာကျမ်းစာကို ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး သူတို့သည် သခင်ထံ ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာထံ ပြန်လာ ခဲ့ကြပြီဟု ပြောမည်ဆိုလျှင် ပိုကောင်းပါလိမ့်မည်။ ထိုကဲ့သို့သော နည်းဖြင့်၊ လူများ သည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ၎င်းကို ဆုံးရှုံး သွားလျှင် မိမိတို့၏ အသက်ကို ဆုံးရှုံးရမှုပင် ဖြစ်သည်ဟု ယူဆလျက် ကိုးကွယ်ကြပါသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု ခံယူထားကြပြီး၊ ၎င်းသည် ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု ယူဆသူများပင် ရှိကြပါသေးသည်။ လူများသည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြသည့် တိုင်အောင်၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြပါသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာကို လက်လွတ်လိုက်ကြမည် သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းများနှင့်၊ နှုတ်ကပတ်များကို မေ့သွားကြပြီ ဆိုလျှင်မူ၊ သူတို့သည် သူတို့၏ အသက်များကို ဆုံးရှုံး လိုက်ရသည်နှင့် တူပါလိမ့်မည်။ သို့ဖြစ်၍၊ လူများက သခင်ကို ယုံကြည် လာသည်နှင့် သမ္မာကျမ်းစာကို စတင်ဖတ်ကြားရင်း၊ သမ္မာကျမ်းစာကို အာဂုံဆောင်ရင်းဖြင့် သမ္မာကျမ်းစာကို ပိုမိုအာဂုံဆောင်လာနိုင်ကြ သည်နှင့်အမျှ၊ သူတို့သည် သခင်ကို မြတ်နိုးကြကြောင်းနှင့် ဧရာမ ယုံကြည်သူများ ဖြစ်ကြကြောင်း ပို၍ပို၍ သက်သေထူပြ နိုင်ကြပါမည်။ သမ္မာကျမ်းစာကို ဖတ်ကြားလျက် အခြားသူတို့အား သမ္မာကျမ်းစာကို ပြောပြ ပေးနိုင်သူတို့သည် သူကောင်း ညီအစ်ကို မောင်နှမများဖြစ်သည်။ လက်ရှိ နှစ်များအတွင်းမှာ၊ လူများ၏ သခင်အား ယုံကြည်မှုနှင့် သစ္စာရှိမှုကို သမ္မာကျမ်းစာအား သူတို့၏ သိရှိ နားလည်မှု အတိုင်းအတာဖြင့် အကဲဖြတ်လာခဲ့ကြပါသည်။ လူအများအပြားတို့က သူတို့ မည်သည့်အတွက်ကြောင့် ဘုရားသခင်အား ယုံကြည်ရမည်ကို လည်းကောင်း၊ ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်ကို လည်းကောင်း၊ မသိရှိကြဘဲ သမ္မာကျမ်းစာ၏ ရေးသားချက်များကို အဓိပ္ပါယ် ဖွင့်ပေးနိုင်မည့် သဲလွန်စများကို မရမက ရှာကြံနေသည်မှ လွဲပြီး မည်သို့မှမလုပ်ကြပါ။ လူတို့သည် သန့်ရှင်းသော ဝိညာဥ်တော်၏ လမ်းညွှန်ချက်ကို မည်သည့်အခါကမှ မလိုက်နာခဲ့ကြဘဲ၊ ထိုကာလ တစ်လျှောက်လုံးမှာ သူတို့ လုပ်ဆောင်ခဲ့ကြသည်က သမ္မာကျမ်းစာကို အရူးအမူး လေ့လာစူးစမ်းမှုမှလွဲပြီး မည်သို့မှ မရှိခဲ့ပါ၊ ထို့အပြင်၊ မည်သူမှာမှ သမ္မာကျမ်းစာ ပြင်ပတွင် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက် အသစ်ကို မည်သည့်အခါကမှ ရှာမတွေ့ခဲ့ပါ၊ မည်သူမှ သမ္မာကျမ်းစာကို စွန့်ပစ်ခြင်း မလုပ်ခဲ့သလို၊ မည်သူမှ သမ္မာကျမ်းစာကို စွန့်ပစ်ရဲခြင်းလည်း မရှိခဲ့ကြပါ။ လူများသည် ထိုနှစ်များအတွင်းမှာ သမ္မာကျမ်းစာကို လေ့လာခဲ့ကြပါသည်၊ သူတို့သည် ရှင်းလင်းချက် အမျိုးမျိုးကို တင်ပြခဲ့ကြလျက် များစွာ ကြိုးစားအားထုတ်ခဲ့ကြပြီး သမ္မာကျမ်းစာဆိုင်ရာ ယူဆချက် အမျိုးမျိုးကို တင်ပြရင်း မဆုံးနိုင်အောင် ငြင်းခုံနေကြ၍၊ ယနေ့တွင် ဖွဲ့စည်း ထူထောင်ထားကြသည့် ဘာသာရေး ဂိုဏ်းပေါင်း နှစ်ထောင်ကျော် ရှိနေကြပါပြီ။ သူတို့အားလုံးသည် သမ္မာကျမ်းစာထဲတွင် အထူးရှင်းလင်းချက်အချို့ကို သို့မဟုတ် နက်နဲသိမ်မွေ့သည့် လျှို့ဝှက်ချက်များကို ရှာကြံလိုကြပြီး ၎င်းကို စူးစမ်းလေ့လာလိုကြပါသည်၊ ယေဟောဝါ၏ ဣသရေလ နိုင်ငံထဲက လုပ်ဆောင်ချက်၏ နောက်ခံထဲတွင် သို့မဟုတ် ယုဒနယ်ထဲက ယေရှု၏ လုပ်ဆောင်ချက်၏ နောက်ခံထဲတွင် ၎င်းကို သို့မဟုတ် မည်သူမှာမှ မသိရသေးသည့် ထူးဆန်းသည့် အချက်များကို သူတို့ ရှာဖွေနေကြပါသည်။ သမ္မာကျမ်းစာအား လူများ ချဉ်းကပ်ကြပုံမှာ စွဲလမ်းမှု နှင့် ယုံကြည်မှု ပုံစံတစ်မျိုး ဖြစ်ပြီး၊ သမ္မာကျမ်းစာအတွင်းရှိ အကြောင်းအရာများ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်လာလျှင် မည်သူမှာမှ ရှင်းလင်း ပြည့်စုံစွာ သိမရနိုင်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာနှင့် ပတ်သက်လာလျှင် ယနေ့ လူများသည် ဖေါ်ပြမရနိုင်အောင်ကိုပင် အံ့ဖွယ်ထူးဆန်းချက်များကို စောင့်မျှော်နေကြသည့်အပြင်၊ သူတို့သည် ထိုအံ့ဖွယ်များကို စွဲလမ်းနေကြပြီး ယုံကြည်နေကြပါသည်။ ယနေ့တွင်၊ လူတိုင်းက နောက်ဆုံးသော ကာလဆိုင်ရာ အမှု၏ ပရောဖက်ပြုချက်များကို သမ္မာကျမ်းစာထဲမှာ ရှာတွေ့လိုနေကြပြီး၊ ဘုရားသခင်သည် နောက်ဆုံးသောကာလမှာ မည်သည့်အမှုကို လုပ်ဆောင်သည်၊ ထို့အပြင် နောက်ဆုံးသော ကာလဆိုင်ရာ နိမိတ်လက္ခဏာများက မည်သို့ရှိကြသနည်း ဆိုသည်ကို စူးစမ်းလိုကြသည်။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာကို သူတို့၏ ကိုးကွယ်မှုသည် သာ၍ပင် ထက်သန်လာနေပြီး နောက်ဆုံးသောကာလသို့ သာ၍နီးကပ်လာလေလေ သူတို့သည် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များကို၊ အထူးသဖြင့် နောက်ဆုံးသောကာလနှင့် ပတ်သက်သည်များကို သာ၍လက်ခံယုံကြည်လာလေလေဖြစ်သည်။ သမ္မာကျမ်းစာကို ထိုကဲ့သို့ မျက်ကန်းယုံကြည်မှုဖြင့်၊ သမ္မာကျမ်းစာကို ထိုသို့ စိတ်ချခြင်းဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို မရှာကြံလိုတော့ပါ။ လူများ၏ အယူအဆများထဲတွင်၊ သမ္မာကျမ်းစာကသာလျှင် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို ယူဆောင်ပေးနိုင်သည်ဟု သူတို့ ယုံကြည်နေကြသည်၊ ဘုရားသခင်၏ ခြေရာများကို သမ္မာကျမ်းစာထဲတွင်သာ သူတို့ တွေ့ရှိနိုင်သည်၊ ဘုရားသခင် လုပ်ဆောင်ချက်၏ နက်နဲရာများကို သမ္မာကျမ်းစာထဲတွင်သာ ဝှက်ထားသည်၊ မည်သည့်အခြားစာအုပ် သို့မဟုတ် လူများမဟုတ်ဘဲ၊ သမ္မာကျမ်းစာကသာလျှင် ဘုရားသခင်နှင့်ဆိုင်သည့် အရာတိုင်းနှင့် ဘုရားသခင် လုပ်ဆောင်ချက် အလုံးစုံကို ရှင်းလင်းထောက်ပြ ပေးနိုင်သည်၊ သမ္မာကျမ်းစာသည် ကောင်းကင်ဘုံ လုပ်ဆောင်ချက်ကို ကမ္ဘာကြီးထံ ယူဆောင်ပေးနိုင်ကြောင်းနှင့် သမ္မာကျမ်းစာသည် ခေတ်များကို စတင်နိုင်သကဲ့သို့ အဆုံးသတ်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ယင်းကဲ့သို့သော ခံယူချက်များရှိနေ၍၊ လူများသည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို ရှာကြံလိုစိတ် မရှိကြတော့ပါ။ ထို့ကြောင့်၊ အတိတ်ကာလများတုန်းက သမ္မာကျမ်းစာက လူများကို မည်မျှပင် ကူညီပေးခဲ့ပါစေ၊ ၎င်းသည် ဘုရားသခင်၏ နောက်ဆုံးသော အမှုအတွက် အတားအဆီးတစ်ခု ဖြစ်လာသည်။ သမ္မာကျမ်းစာသာ မရှိခဲ့လျှင်၊ လူများသည် ဘုရားသခင်၏ ခြေရာများကို အခြားတစ်နေရာမှာ ရှာကြံနေခဲ့ကြမည် ဖြစ်သော်လည်း ယနေ့တွင် ဘုရားသခင်၏ ခြေရာများ သမ္မာကျမ်းစာထဲတွင် ရှိနေကြသည့်အပြင်၊ ဘုရားသခင်၏ နောက်ဆုံးသော အမှုကို ဆက်ပြီး လုပ်ကိုင်ရေးသည် နှစ်ဆနှစ်ပြန် ခဲယဉ်းလာလျက် လေထန်ရေဆန် ရုန်းကန်ရမှုပင်ဖြစ်တော့သည်။ ထိုသို့ဖြစ်လာရသည်မှာ၊ သမ္မာကျမ်းစာထဲက နာမည်ကြီးအခန်းများနှင့် မိန့်ကြားချက်များကြောင့် ဖြစ်သလို၊ သမ္မာကျမ်းစာထဲက အမျိုးမျိုးသော ပရောဖက်ပြုချက်များကြောင့်လည်း ဖြစ်သည်။ သမ္မာကျမ်းစာသည် လူများ၏ အသိစိတ်ထဲမှာ ဆင်းတုတစ်ခုလို ဖြစ်လာပြီး ၎င်းသည် သူတို့၏ စိတ်အာရုံထဲက ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ မပါဝင်ဘဲနှင့် လုပ်ဆောင်နိုင်သည်ကို နားလည်နိုင်စွမ်း မရှိကြတော့ပါ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ အပြင်တစ်နေရာတွင် ရှာတွေ့နိုင်ခြင်းကို နားလည်နိုင်စွမ်း မရှိကြသည့်အပြင် နောက်ဆုံးသော လုပ်ဆောင်ချက် အတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်လျက် နောက်အသစ် တစ်ခုခုကို စတင်နိုင်ခြင်းကိုမူ ပို၍ကို မယုံကြည်နိုင်ကြပါ။ လူတို့သည် ထိုသို့ မစဉ်းစားရဲကြပါ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပါ။ ဘုရားသခင် ၏ အမှုသစ်ကို လူများအနေနှင့် လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတား ဖြစ်လာကာ ဘုရားသခင်၏ ယင်းအမှုသစ် တိုးချဲ့ရေးအတွက် အခက်အခဲ ဖြစ်လာပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

၂။ ယနေ့ခေတ်တွင် လူတို့က ‘သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်’ဟု ယုံကြည်ကြသည်။ ထို့အပြင် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည်ပင်လျှင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟု ယူဆကြသည်။ ထိုယူဆချက်သည် လူတို့၏ မှားယွင်းစွာ အဓိပ္ပာယ် ကောက်ယူမှု ဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ တကယ်တမ်းတွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများထဲမှ ရရှိလာခဲ့ကြပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်ပါ၊ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။...အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်းပင် မဆင်မခြင် ပြုမူနေခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို စော်ကားနေကြခြင်းပင် မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)” မှ

၃။ ဘုရားသခင်၏ မည်ကဲ့သို့သော အမှုသစ်မဆို ထိုအမှုသည် ဗျာဒိတ်များအရ သက်သေခိုင်လုံစွာ ပြနိုင်ရမည်ဖြစ်ကာ အဆိုပါအမှု၏ အဆင့်တစ်ခုစီတိုင်းတွင် စစ်မှန်သော နှလုံးသားဖြင့် သူ့နောက်တော်သို့လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များပြသရမည်၊ သို့မဟုတ်ပါက ထိုအမှုမှာ ဘုရားသခင်၏ အမှုမဟုတ်နိုင်ဟု ယုံကြည်ကြ၏။ လူသားတို့အတွက် ဘုရားသခင်ကို သိရှိနားလည်လာရန်မှာပင် လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပေ။ လူသား၏ စိတ်ပျက်ဖွယ် စိတ်နှလုံးနှင့် စိတ်ကြီးဝင်၍ မိမိသာအရေးပါသည်ဟု ထင်တတ်သော ပုန်ကန်တတ်သည့် သဘာဝဗီဇကိုပါ ထည့်ပေါင်းလိုက်ပါလျှင် ဘုရားသခင်၏အမှုသစ်ကို လက်ခံရန် လူသားအတွက် လုံးဝပို၍ပင်ခက်ခဲပေသည်။ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက် လေ့လာခြင်း မပြုသည့်အပြင် နှိမ့်ချအောက်ကျို့စွာဖြင့် လက်ခံခြင်းလည်း မပြုပေ၊ စင်စစ်အားဖြင့် ဗျာဒိတ်များနှင့် ဘုရားသခင်၏ လမ်းပြမှုကို စောင့်မျှော်လျက် မထီမဲ့မြင်သဘောထားကို သူခံယူ၏။ ဤသည်ကပင် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့် လူသားတစ်ဦး၏ အမူအကျင့်ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူသားတို့သည် ဘုရားသခင်၏ သဘောကျခြင်းကို အဘယ်သို့လျှင် ရရှိနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

၄။ ယေရှု၏ လက်ထက်မှာ၊ ယေရှုသည် ထိုစဉ်တုန်းက သန့်ရှင်းသော ဝိညာဥ်တော်က သူ့ထဲတွင် လုပ်ဆောင်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်လိုက်များ အားလုံးကို ရှေ့ဆောင် ခေါ်သွားခဲ့ပါသည်။ ယေရှုသည် မိမိလုပ်ကိုင်ခဲ့သည်များအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မယူခဲ့ဘဲ မိမိ၏ အလုပ်နှင့်အညီ မိန့်ကြားခဲ့သည်၊ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းခရီးကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပါ။ သူသည် အလုပ်ကို စတင်လုပ်ကိုင်တော့သည်နှင့်၊ နောင်တရရေး လမ်းခရီးဆိုသည်ကို သူဖြန့်ကြက်ခဲ့သည်၊ ဓမ္မဟောင်းကျမ်းထဲက ပရောဖက်စကားများထဲတွင် တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားသည့် စကားလုံးများပါ။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မလုပ်ဆောင်ခဲ့သည့်အပြင်၊ သူသည် လမ်းခရီးအသစ်ဖြင့် ရှေ့ဆောင်ခေါ်သွားလျက် အလုပ်သစ်ကို လုပ်ဆောင်ခဲ့ပါသည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပါ။ ပညတ်တော်ခေတ်အတွင်းမှာ၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်ကဲ့သို့သော အံ့ဖွယ်အရာများကို မည်သူမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပါ။ ယေရှု၏ လုပ်ဆောင်ချက်၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့်လူသားကိုမဆို ကျော်လွန်သည့် သူ့နုတ်ကပတ်တော်၏ အခွင့်အာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အလုပ်ကို လုပ်ခဲ့သည်၊ လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို အပြစ်တင်ခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်ရန် ဓမ္မဟောင်းကျမ်းကို အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ လုပ်ဆောင်ချက်သည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့ပါသည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်ကို တင်ခဲ့ကြသည်မှာ အဘယ်ကြောင့်များနည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ နာမကျန်းသော သူများကို ကုသပေးနိုင်ခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်ခြင်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့်များလော။ ယေရှု၏ အလုပ်သည် လမ်းခရီး အသစ်ဖြင့် ခေါ်ဆောင်ရန်၊ သမ္မာကျမ်းစာကို ဆန့်ကျင်လျက် တိုက်ပွဲကို တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်း ကျမ်းကို မသုံးဘဲ ရှောင်ရှားရန် မဟုတ်ခဲ့ပါ။ ယေရှုသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ဖို့သက်သက် လာခဲ့ပြီး၊ ၎င်းကို မျှော်မှန်း ရှာကြံနေခဲ့ကြသူတို့ထံသို့ အလုပ်သစ်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပါသည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ၎င်းထဲက အလုပ်ကို ပြသပေးရန် လာခဲ့ခြင်း မဟုတ်ခဲ့ပါ။ ယေရှု၏ အလုပ်မှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ခဲ့ပါ၊ ၎င်း၏ အလုပ်ကို ကြည့်လျှင် သမ္မာကျမ်းစာကို အခြေခံထားပါသည်ဟု ပြောမရနိုင်ပါ၊ ယေရှုသည် ၎င်းအနေနှင့် လုပ်အပ်သည့် အလုပ်ကို လုပ်ဆောင်ဖို့ သက်သက် လာခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက် ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်နှင့် အညီလည်း မလုပ်ဆောင်ခဲ့ပါ။ ၎င်းသည် ဓမ္မဟောင်းကျမ်းထဲ ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ သူလုပ်ကိုင်ခဲ့သည်မှာ ထိုကျမ်းနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ယေရှုသည် ဂရုမစိုက်ခဲ့ဘဲ၊ အခြားသူများက ၎င်း၏ အလုပ်အကြောင်း ဘာများ သိရှိကြသနည်း၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြကြောင်းကိုလည်း ဂရုမစိုက်ခဲ့ပါ။ လူအများ အပြားတို့က ဓမ္မဟောင်းကျမ်းထဲက ဟောကြားချက်များကို အသုံးပြုပြီး ယေရှုကို ရှုတ်ချရန် ကြိုးစား ခဲ့ကြသည့် တိုင်အောင် ၎င်းသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီး လုပ်ဆောင်ခဲ့ပါသည်။ လူများအနေနှင့်၊ ယေရှု၏ အလုပ်မှာ အခြေခံအုတ်မြစ် မရှိသလို ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် ဆက်စပ်မရသည့် အချက်များ အများအပြား ရှိခဲ့ပါသည်။ ထိုအချက်မှာ မမိုက်မဲပေဘူးလော။ ဘုရားသခင်၏ အလုပ်တွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ၎င်းသည် ပရောဖက်များ၏ ဟောကြားချက်များနှင့် ကိုက်ညီရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်၏ အလုပ်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့် ကိုက်ညီရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိနိုင်ဘူးဆိုခြင်းကြောင့် ဖြစ်နိုင်ပါသလော။ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်လျက် အခြားအလုပ်ကို မလုပ်ဆောင်နိုင်ဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ခဲ့ကြသည်မှာ အဘယ့်ကြောင့်များနည်း။ ယေရှုသည် ဥပုသ်ကို စောင့်လျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လုပ်ဆောင်ရမည်ဟု ဆိုပါက၊ သူသည် ပေါ်လာလာချင်း ဥပုသ်ကို မစောင့်ခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ထိုအချက်များ အားလုံသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များမှ ကင်းကွာ မနေကြဘူးလော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ဖီဆန်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင်သည် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်သူသည် သမ္မာကျမ်းစာ၏ သခင်ရော မဖြစ်နိုင်ဘူးလော။

...သို့ဖြစ်၍၊ မိန့်ကြားခဲ့သည်က- “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။” ထို့ကြောင့်၊ ယေရှု လုပ်ဆောင် ပြီးဆုံးခဲ့သည်ကို ကြည့်ရခြင်းအားဖြင့်၊ များစွာသော ကျင့်စဉ်များမှာ ချိုးဖောက်ခံခဲ့ကြရပါသည်။ ဥပုသ်နေ့တွင် ယေရှုသည် တပည့်များကို ဂျုံစပါးလယ်ကွက်များကြား ခေါ်သွားခဲ့ပြီး စပါးအသီးအနှံများကို သူတို့ ကောက်စားခဲ့ပါသည်။ ယေရှုသည် ဥပုသ်မစောင့်ခဲ့ဘဲ- “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်မူ၏။” ထိုစဉ်တုန်းက၊ ဣသရေလလူမျိုးများ၏ ထုံးတမ်းအရ၊ ဥပုသ်မစောင့်သူကို ကျောက်တုံးများဖြင့် သေဆုံးသည့်အထိ ဒဏ်ခတ်လေ့ ရှိခဲ့ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယေရှုသည် ဗိမာန်တော်ထဲကိုလည်း မဝင်ခဲ့၊ ဥပုသ်ကိုလည်း မစောင့်ခဲ့ပါ၊ ထို့အပြင် ၎င်းမှ လုပ်ဆောင်ရမည်များကို ဓမ္မဟောင်းကျမ်းခေတ်တုန်းက ယေဟောဝါမှ လုပ်ဆောင် မပေးခဲ့ဖူးပါ။ သို့ဖြစ် သောကြောင့်၊ ယေရှုမှ လုပ်ဆောင်ခဲ့သည့် အလုပ်မှာ ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်ကို ကျော်လွန် နေပါသည်၊ ပညတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် ယင်းထက်ကို ပိုမြင့်မားခဲ့သည်။ ကျေးဇူးတော် ခေတ်အတွင်းမှာ၊ ယေရှုသည် ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်နှင့်အညီ လုပ်ကိုင်ခဲ့ခြင်း မဟုတ်ဘဲ၊ ယင်းကျင့်စဉ်များကို ဖီဆန်ခဲ့ပါသည်။ ယနေ့တွင် သမ္မာကျမ်းစာကို၊ ထို့အပြင်၊ အထူးသဖြင့် ဓမ္မဟောင်း ကျမ်းလာ ပညတ်ချက်ကို လိုက်နာကြလျှင်—၎င်းသည် ယေရှု၏ လုပ်ဆောင်ချက်ကို ငြင်းကွယ်ခြင်းပင် မဟုတ်ပါလော။ အချို့သောသူတို့က “သမ္မာကျမ်းစာသည် သန့်ရှင်းသောစာအုပ်တစ်အုပ်ဖြစ်ပြီး ၎င်းကို ဖတ်ရှုနေရန် လိုအပ်သည်” ဟု ပြောဆိုကြသည်။ အချို့သောသူတို့က “ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ထာဝရ ဦးထိပ်တင်ထားရန် လိုအပ်သည်၊ ဓမ္မဟောင်းကျမ်းသည် ဣသရေလလူမျိုးများအတွက် ထားရှိခဲ့သည့် ဘုရားသခင်၏ ပဋိညာဥ်ဖြစ်သည်၊ ၎င်းကို ရှောင်လွဲမရနိုင်၊ ဥပုသ်ကို အစဉ်ပင် လိုက်နာရမည်” ဟု ဆိုကြ ပါသည်။ သူတို့သည် ရယ်စရာမကောင်းကြ ပေဘူးလား။ ယေရှုသည် အဘယ်ကြောင့် ဥပုသ်ကို မစောင့်ခဲ့ သနည်း။ သူသည် မကောင်းမှုကို ကျူးလွန်နေခဲ့ခြင်း များလော။ မည်သူတို့က ယင်းကဲ့သို့သော အရာများကို ဆန်းစစ် ကြည့်နိုင်ကြမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

၅။ ထိုအချိန်က ယေရှု၏ ဖွင့်ဆိုချက်များနှင့် အလုပ်သည် အယူဝါဒများကို စွဲကိုင်ထားခြင်းမရှိဘဲ သူသည် သူ၏အလုပ်ကို ဓမ္မဟောင်းနည်းဥပဒေသ၏ အလုပ်နှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်သင့်သည့် အလုပ်များအတိုင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူသည် သူလုပ်ဆောင်လာသည့် အလုပ်အတိုင်း၊ သူ၏ ကိုယ်ပိုင်အစီအစဉ်အတိုင်းနှင့် သူ၏ အမှုတော်အတိုင်း လုပ်ဆောင်သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ နည်းဥပဒေသအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ သူလုပ်သည့် မည်သည့်အရာမျှ ဓမ္မဟောင်းကျမ်းနည်းဥပဒေသနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ သူသည် ပရောဖက်များ၏ စကားများပြည့်စုံအောင် လာခဲ့ခြင်းလည်းမဟုတ်ပေ။ ဘုရားသခင်အလုပ်၏ အဆင့်တစ်ခုစီသည် ရှေးပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ပြည့်စုံအောင် ဖော်ထုတ်ခြင်းမဟုတ်၊ သူသည် ရှေးပရောဖက်များ ကြိုတင်ဟောကြားချက်များ အကောင်အထည်ပေါ်စေရန် တမင်သက်သက် သို့မဟုတ် အယူဝါဒများကို လိုက်နာရန် လာခဲ့ခြင်းမဟုတ်ပေ။ သို့ရာတွင် သူ၏လုပ်ဆောင်မှုများသည် ရှေးပရောဖက်များ ဟောကြားချက်များကို နှောင့်ယှက်ဖျက်ဆီးခြင်းမရှိသလို သူယခင်က လုပ်ဆောင်ခဲ့သော အလုပ်များကိုလည်း နှောင့်ယှက်ဖျက်ဆီးခြင်း မရှိပေ။ သူ့အလုပ်၏ သိသာထင်ရှားသောအချက်မှာ မည်သည့်အယူဝါဒကိုမျှ လိုက်နာခြင်းမရှိဘဲ သူကိုယ်တိုင် လုပ်သင့်သောအလုပ်များကို လုပ်ခြင်းဖြစ်သည်။ သူသည် ပရောဖက်မဟုတ်သလို မြင်သောသူလည်း မဟုတ်ပေ။ လုပ်ဆောင်သူသာဖြစ်ပြီး သူလုပ်ဆောင်ရန် လိုအပ်သော အလုပ်များကို အမှန်တကယ်အားဖြင့် လာရောက်လုပ်ဆောင်သူသာဖြစ်ပြီး သူ၏အသစ်သောခေတ်ကို ဖွင့်လှစ်ရန် လာရောက်ခဲ့ပြီး သူ၏အသစ်သောအလုပ်ကို လုပ်ဆောင်သည်။ အမှန်အားဖြင့် ယေရှုသည် သူ၏ အလုပ်များကို လုပ်ဆောင်ရန် ကြွလာသောအခါ သူသည် ဓမ္မဟောင်းကျမ်းအတွင်း ရှေးပရောဖက်များ ပြောကြားခဲ့သော စကားအများအပြားကိုလည်း ပြည့်စုံစေခဲ့သည်။ ယနေ့ အလုပ်သည်လည်း ဓမ္မဟောင်းကျမ်းပါ ရှေးပရောဖက်များ၏ ကြိုတင်ပြောကြားချက်များကို ပြည့်စုံစေသည်။ ငါသည် “အဝါရောင်သမ်းနေသည့် နှစ်ချုပ်စာအုပ်ဟောင်း” ကို မဆုပ်ကိုင်ထားရုံသာ ဖြစ်သည်။ ဤသည်မှာ အကုန်အစင်ပင်။ ငါလုပ်ဆောင်ရမည့် အလုပ်များ အများအပြား ရှိသေးသည်ဖြစ်ရာ သင်တို့ကို ငါပြောရမည့် နှုတ်ကပတ်တော်များလည်း အများအပြားရှိသေးသည်၊ ဤအလုပ်နှင့် နှုတ်ကပတ်တော်များသည် သမ္မာကျမ်းစာပါ စာပိုဒ်များကို ရှင်းပြခြင်းထက် အလွန်ပို၍ အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အလုပ်သည် သင်တို့အတွက် ကြီးမားသော အရေးပါမှု သို့မဟုတ် တန်ဖိုးမရှိ၊ သင်တို့ကို မကူညီနိုင် သို့မဟုတ် သင်တို့ကို မပြောင်းလဲနိုင်။ ငါသည် အသစ်သော အလုပ်ကို သမ္မာကျမ်းစာ၏ မည်သည့် စာပိုဒ်ကိုမှ ပြည့်စုံစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရန် မရှိပါ။ ဘုရားသခင်သည် သမ္မာကျမ်းစာပါ ရှေးပရောဖက်များ၏ စကားများကို ပြည့်စုံစေရန်သာ ကမ္ဘာမြေကြီးသို့ လာခဲ့ပါက မည်သူသည် ပို၍ ကြီးမြတ်မည်နည်း၊ လူ့ဇာတိကိုခံယူသော ဘုရားသခင်လော၊ သို့တည်းမဟုတ် ထိုရှေးပရောဖက်များလော။ အဆုံးတွင်မူ ပရောဖက်များသည် ဘုရားသခင်ကို ကြီးကြပ်သလော၊ သို့မဟုတ် ဘုရားသခင်သည် ပရောဖက်များကို ကြီးကြပ်သလော။ ယင်းစကားများကို သင်မည်သို့ ရှင်းပြမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍” မှ

၆။ ဘုရားသခင်၏အမှုသည် ဆက်လက်တိုးတက်လျက်ရှိရာ ယင်းအမှု၏ ရည်ရွယ်ချက်မှာ မပြောင်းလဲဘဲ တည်ရှိနေသော်လည်း အမှုများကို ဆောင်ရွက်သည့် နည်းလမ်းများမှာမူ အစဉ်မပြတ် ပြောင်းလဲလျက်ရှိပြီး ထိုသို့အားဖြင့် ဘုရားသခင်နောက် လိုက်လျှောက်သူများသည်လည်း ပြောင်းလဲလျက်ရှိသည်။ ဘုရားသခင်၏အမှုမှာ များပြားလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်ကို နှံ့စပ်စွာ ပိုမိုသိမြင်လာရပြီး သူ၏ စိတ်သဘောထားသည်လည်း ဘုရားသခင်၏အမှုနှင့် လျော်ညီစွာ ပြောင်းလဲလာသည်။ သို့ရာတွင် ဘုရားသခင်၏အမှုမှာ ထာဝစဉ်ပြောင်းလဲနေတတ်သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မသိသူများနှင့် သမ္မာတရားကိုမသိသူ စိတ်ပျက်ဖွယ် လူသားတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြသည်။ ဘုရားသခင်၏ အမှုသည် မည်သည့်အခါမျှ ဟောင်းနွမ်းမသွားဘဲ အမြဲတမ်းအသစ်သာ ဖြစ်နေသောကြောင့် လူသားတို့၏ အယူအဆများနှင့် မည်သည့်အခါမျှ ကိုက်ညီခြင်းမရှိပါ။ ဘုရားသခင်သည် အမှုဟောင်းကို မည်သည့်အခါမျှ ထပ်မံလုပ်ဆောင်ခြင်း မပြုသည့်အပြင် တစ်ခါမျှ မလုပ်ဆောင်ဖူးသေးသည့် အမှုကိုလည်း တစ်ဟုန်ထိုး လုပ်ဆောင်သည်။ ဘုရားသခင်သည် သူ၏အမှုကို ထပ်ခါတလဲလဲ ပြန်လုပ်ဆောင်ခြင်း မရှိသော်လည်း လူသားက ဘုရားသခင်၏ ယနေ့လက်ရှိအမှုကို ဘုရားသခင်၏ အတိတ်ကအမှုကို အခြေခံလျက် အစဉ်သဖြင့် ဝေဖန်အကဲဖြတ်လေ့ရှိသောကြောင့် ခေတ်ကာလသစ်တစ်ခု၏ အမှုအဆင့်တစ်ဆင့်စီတိုင်းကို ဆောင်ရွက်နိုင်ရန် ဘုရားသခင်အတွက် အလွန့်အလွန်ပင် ခက်ခဲလာသည်။ လူသားက မြောက်မြားလှစွာသော အတားအဆီးများကို ဖြစ်ပေါ်စေလျက်ရှိသည်။ လူသား၏ စဉ်းစားတွေးခေါ်မှုများသည် အလွန်ပင် အမြင်ကျဉ်းမြောင်းလှသည်။ ဘုရားသခင်၏အမှုကို လူတစ်ဦးတစ်ယောက်ကမျှ မသိနားမလည်ဘဲနှင့် ထိုသူအားလုံးက ထိုအမှုကို အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဘုရားသခင်နှင့် ဝေးသည့်နေရာတွင် လူသားသည် အသက်၊ သမ္မာတရားနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးရသည်။ သို့တည်းတိုင် လူသားမှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ပေးသနားသည့် သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများကို လက်ခံရန် မဆိုထားနှင့်၊ အသက်နှင့် သမ္မာတရားကိုပင် လက်ခံခြင်းမရှိပေ။ လူသားအားလုံးသည် ဘုရားသခင်ကို ရယူလိုကြသော်လည်း ဘုရားသခင်၏ အမှုအတွင်း အပြောင်းအလဲများရှိလျှင်မူ သည်းခံနိုင်ခြင်းမရှိကြချေ။ ဘုရားသခင်၏အမှုသစ်ကို လက်မခံသူများက ဘုရားသခင်၏အမှုသည် အပြောင်းအလဲကင်းမဲ့၍ အစဉ်ထာဝရ လုံးဝဥဿုံရပ်နေသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်ထံမှ ထာဝရကယ်တင်ခြင်းကိုရရှိရန် လိုအပ်သမျှသော အရာအားလုံးမှာ ပညတ်တော်ကို ထိန်းသိမ်းခြင်းဖြစ်ပြီး၊ မိမိတို့၏အပြစ်များကို နောင်တရပြီး ဝန်ခံနေသရွေ့၊ ဘုရားသခင်၏အလိုတော်ကို ထာဝရကျေနပ်နှစ်သိမ့်မှု ပေးနိုင်လိမ့်မည်ဟု ၎င်းတို့က ယုံကြည်ထားကြသည်။ ဘုရားသခင်သည် ပညတ်တော်အောက်၌ရှိသော ဘုရားသခင်သာလျှင် ဖြစ်နိုင်ပြီး လူသားတို့အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုစွဲနှက်ခံခဲ့သော ဘုရားသခင်သာဖြစ်နိုင်သည်ဟု ၎င်းတို့က ထင်မြင်ကြကာ၊ ဘုရားသခင်သည် သမ္မာကျမ်းစာကို မကျော်လွန်နိုင်၊ မကျော်လွန်သင့် ဟူသည်မှာလည်း ၎င်းတို့၏ ထင်မြင်ချက်ပင်ဖြစ်သည်။ အဆိုပါထင်မြင်ချက်များကပင် ၎င်းတို့အား ဥပဒေသဟောင်းများသို့ ခိုင်မြဲစွာ ချုပ်နှောင်ထားစေလျက် တင်းကျပ်သော စည်းမျဉ်းများဖြင့် ချုပ်ချယ်ကန့်သတ်ထားခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

၇။ ထိုအချိန်က ယုဒအမျိုးသား အားလုံးသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုပြီး ဟေရှာယ၏ သားယောက်ျားတစ်ဦး နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟူသော ဗျာဒိတ်အကြောင်းကို သိခဲ့ကြသည်။ ဤအသိဉာဏ် ရှိနေပါလျက်နှင့်ပင် သူတို့သည် အဘယ်ကြောင့် ယေရှုကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသနည်း။ ယင်းက သူတို့၏ ပုန်ကန်တတ်သော သဘောသဘာဝနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုအား လျစ်လျူရှုခြင်းကြောင့်ပင် မဟုတ်ပေလော။ ထိုအချိန်က ဖာရိရှဲများသည် ယေရှု၏အမှုမှာ ၎င်းတို့သိရှိထားသည့် သားယောက်ျားတစ်ဦး ဗျာဒိတ်နှင့် မတူညီဟု ယုံကြည်ခဲ့ကြသည်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုက သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသဖြင့် ယနေ့ခေတ် လူသားများသည် ဘုရားသခင်ကို ငြင်းပယ်ကြသည်။ ၎င်းတို့ ဘုရားသခင်အား ပုန်ကန်ခြင်း၏ အခြေအမြစ်မှာလည်း ထိုအတိုင်းပင် မဟုတ်ပေလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားလုံးကို မေးခွန်းပြန်မထုတ်ဘဲ သင်လက်ခံနိုင်ပါမည်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဧကန်ဖြစ်ခဲ့ပါလျှင် ထိုအရာသည် မှန်ကန်သော လမ်းကြောင်းပင်ဖြစ်သည်။ မည်သည်တို့ကို ရွေးချယ်၍ ကောက်ယူလက်ခံမည်ဟု စဉ်းစားနေမည့်အစား ထိုအရာကို ဒွိဟစိုးစဉ်းမျှမရှိဘဲ သင်လက်ခံသင့်သည်။ ဘုရားသခင်ထံမှ အသိပညာနှင့် သတိမူခြင်း အလေ့အကျင့်အချို့ကို ရရှိခဲ့ပါလျှင် ယင်းက အမှန်တကယ်ပင် မမျှော်မှန်းထားသည့် လုပ်ရပ်တစ်ခု မဟုတ်ပေလော။ သင်လုပ်သင့်သည့်အရာက သမ္မာကျမ်းစာမှ နောက်ထပ်မည်သည့် သက်သေအထောက်အထား တောင်းဆိုမှုမျှ မလိုအပ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်နေသရွေ့ လက်ခံရန်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို စုံစမ်းစစ်ဆေးရန် မဟုတ်ဘဲ သူ၏နောက်သို့လိုက်ရန် ဘုရားသခင်အား ယုံကြည်သောကြောင့်ဖြစ်သည်။ ငါသည် သင်၏ဘုရားသခင်ဖြစ်သည်ကို သက်သေပြရန် ငါ့အတွက် နောက်ထပ် သက်သေအထောက်အထားကို သင်မရှာဖွေသင့်ပေ။ ထိုအစား ငါသည် သင့်အတွက် အကျိုးအမြတ်ဖြစ်သည်ဟု သင်သတိပြုသင့်သည်၊ ယင်းက အဓိကသော့ချက်ပင်။ သမ္မာကျမ်းစာအတွင်း ထိုထက်ပို၍ ငြင်းဆိုမရနိုင်သော သက်သေအထောက်အထားကို သင်တွေ့ရှိခဲ့လျှင်ပင် ငါ့ရှေ့သို့ သင့်ကို အပြည့်အဝ မဆောင်ကြဉ်းနိုင်ပေ။ သင်သည်သာ သမ္မာကျမ်းစာ၏ နယ်နိမိတ်များအတွင်း နေထိုင်သူဖြစ်ကာ၊ သင်သည် ငါ့ရှေ့မှောက်၌ နေထိုင်သည်မဟုတ်၊ သမ္မာကျမ်းစာသည် ငါ့ကိုသင်သိရှိအောင် မကူညီနိုင်သည့်အပြင် ငါ့အပေါ် သင်၏ချစ်မြတ်နိုးမှုကို ပိုမိုလေးနက်စေခြင်းငှာ မပြုနိုင်ပါ။...ခေတ်ကာလတစ်ခုစီတိုင်းအတွက် ဘုရားသခင်၏ အမှုတို့တွင် ရှင်းလင်းပြတ်သားသော နယ်မြေကန့်သတ်ချက်များရှိသည်၊ သူသည် လက်ရှိခေတ်ကာလ၏ အမှုကိုသာဆောင်ရွက်ပြီး နောက်အဆင့်တစ်ခု၏ အမှုကို မည်သည့်အခါမျှ ကြိုတင်လုပ်ဆောင်ခြင်း မရှိပါ။ ထိုနည်းအားဖြင့်သာ ခေတ်ကာလ တစ်ခုစီအတွက် သူ၏ကိုယ်စားပြုအမှုကို ရှေ့သို့ဆောင်ယူနိုင်မည်ဖြစ်သည်။ ယေရှုသည် နောက်ဆုံးသောကာလ၏ နိမိတ်လက္ခဏာများကိုသာ ပြောဆိုခဲ့သည်၊ မည်ကဲ့သို့ စိတ်ရှည်ရှည် ထားရမည်၊ မည်ကဲ့သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ကားတိုင်ကို မည်ကဲ့သို့ ထမ်းရမည်နှင့် ဒုက္ခများကို မည်ကဲ့သို့ ကြံ့ကြံ့ခံရမည်ကို ပြောပြခဲ့သည်၊ သို့သော် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးရန် မည်သို့ရှာဖွေရမည်ကိုဖြစ်စေ၊ နောက်ဆုံးသောကာလရှိ လူသားသည် မည်သို့ဝင်ရောက်ရမည်ကိုဖြစ်စေ မည်သည့်အခါမျှ မြွက်ဟပြောဆိုခြင်း မရှိခဲ့ပါ။ ထိုသို့အားဖြင့် သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ နောက်ဆုံးသောကာလအတွက် အမှုကို ရှာဖွေရန်မှာ အတွေးမှားခြင်း၏ လုပ်ရပ်တစ်ခု ဖြစ်မသွားပေလော။ သမ္မာကျမ်းစာကို သင့်လက်ထဲတွင် ကိုင်ဆောင်ထားရုံမျှနှင့် သင်အဘယ်အရာကို ထိုးထွင်းသိမြင်နိုင်မည်နည်း။ သမ္မာကျမ်းစာကို အနက်ဖွင့်သူဖြစ်စေ၊ တရားဟောဆရာပင်ဖြစ်စေ ယနေ့၏အမှုကို မည်သူကြိုတင်သိရှိနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

၈။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလက ယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုကြသော်လည်း၊ အဆုံးတွင် အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ ကားတိုင်၌ရိုက်ထားသည့် အတိုင်းအတာအထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာ၏။ ၎င်းတို့၏အနှစ်သာရကား အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတရှိသည့် လမ်းခရီးကို ရှာဖွေခဲ့ခြင်း မပြုခဲ့သည် မဟုတ်သလော။ သမ္မာကျမ်းစာ၏စကားလုံးတိုင်းအပေါ် ၎င်းတို့စိုးရိမ်လွန်ကဲခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒနှင့် ငါ့အမှု၏ အဆင့်နှင့် နည်းနာများကိုမူ လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်နှင့် ဂုဏ်သိက္ခာကိုထိန်းသိမ်းထားရန်နှင့် သမ္မာတရား၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားသည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် ဤသည်ကို သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်သာနှင့် လူတို့၏နှလုံးသားရှိ သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန် ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ်ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံအတွင်း ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရေးအတွက် သူ့အား လူသားအကြားမှ မောင်းနှင်ထုတ်ရန် သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန် သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိနေရေး သေချာအောင် ပြုလုပ်ရန် လူ့ဇာတိခံ၍ တဖန်ပြန်ကြွလာသော ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ပြန်၍ရိုက်ထားရန် သာ၍လိုလားခဲ့ကြ၏။...လူသားသည် စကားလုံးများနှင့်၊ သမ္မာကျမ်းစာနှင့် သဟဇာတဖြစ်မှု လမ်းခရီးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကိုရှာဖွေရန် ငါ့ရှေ့မှောက် လာရောက်သူ တစ်ဦးမျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါ၏တည်ရှိမှုအတွက် အထူးစိုးရိမ်သော်လည်း ဇာတိပကတိ၌ရှိသောငါ့အကြောင်း မည်သူမျှ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားနေသောငါသည် အရေးမပါလွန်း၍သာဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် မရေရာသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ဖော်မပြသေးသောရတနာများ ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏ ကရုဏာအပေါ် လုံးဝအားထားနေရသော ဘုရားသခင်ဖြစ်ကာ၊ မတည်ရှိသော အရာဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာ ရရှိနိုင်မည်နည်း။ လူသားသည် စကားလုံးများအတွက် နိမ့်ကျလွန်း၏။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့အပေါ် အကန့်အသတ်မရှိတောင်းဆိုမှုများ ပြုသူများ၊ သမ္မာတရားကိုမချစ်သူများ၊ ငါ့အပေါ်ပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” မှ

၉။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ၎င်းတို့အားလုံးသည် မရေရာသော ရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားလုံးများသည် ဝင့်ဝါမှု၊ မိမိကိုယ်ကို ယုံကြည်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် အရင်းခံအားဖြင့် ၎င်းတို့အားလုံးသည် ငါ့အပေါ်ဆန့်ကျင်ကြလျက် ငါနှင့် သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ ကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်ရမည်ကို မသိကြပေ။ ငါနှင့်မသင့်မြတ်ခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိကြောင်း မသိကြပေ။ ထို့အပြင် ကျမ်းပိုဒ်များကို မျက်ကန်းတောတိုး ဖတ်ရုံသာဖတ်ကြ၏။ ကျမ်းစာအတွင်း၌ ၎င်းတို့မမြင်ဖူးသော၊ မြင်နိုင်စွမ်းမရှိသော မရေရာသည့်ဘုရားသခင် တစ်ပါးကို ၎င်းတို့ ဘောင်ခတ်ထားကာ ၎င်းတို့အားသည့်အချိန်၌ ထုတ်၍ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ အတိုင်းအတာအတွင်း၌သာ ငါ၏ဖြစ်တည်မှုကို ယုံကြည်ကြ၏။ ၎င်းတို့အတွက် ငါသည် သမ္မာကျမ်းစာနှင့် အတူတူပင်ဖြစ်၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိနိုင်၊ ထို့အပြင် ငါမရှိဘဲ သမ္မာကျမ်းစာမရှိနိုင်ပေ။ ၎င်းတို့သည် ငါ၏ဖြစ်တည်မှု သို့မဟုတ် လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြသော်လည်း သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကာ မြှုပ်နှံကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါသည် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု ၎င်းတို့အများအပြားက ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာအပေါ် အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့်နှုတ်ကပတ်တော်တိုင်းကို တိုင်းတာရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြု၍ ငါ့ကို ပြစ်တင်ရှုတ်ချသည့်အတိုင်းအတာအထိ စကားလုံးများနှင့် ထုတ်ဖော်ချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေနေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း မဟုတ်ဘဲ သမ္မာကျမ်းစာ၏စကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းခရီးဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် အရာတစ်ခုခုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများထံမှ တာဝန်ကျေသည့် ဆင်းသက်လာသူများ မဟုတ်ပေဘူးလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” မှ

၁၀။ ကျမ်းစာ၏စကားလုံးများအကြောင်းသာ ဂရုစိုက်သူများ၊ သမ္မာတရားအကြောင်း သို့မဟုတ် ငါ၏ခြေလှမ်းများကို ရှာဖွေရန် အရေးမစိုက်သူများ— ထိုသူတို့သည် ငါ့ကို ဆန့်ကျင်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ငါ့အား သမ္မာကျမ်းစာနှင့်အညီ ကန့်သတ်ကြကာ၊ သမ္မာကျမ်းစာအတွင်း ငါ့ကို ဘောင်ခတ်ထားကြသဖြင့် ငါ့ကို လွန်ကဲစွာ ပြစ်မှားကြ၏။ ထိုသို့သောသူများ ငါ၏ရှေ့မှောက် မည်သို့လာနိုင်မည်နည်း။ ထိုသူတို့သည် ငါ၏လုပ်ဆောင်ချက်များ၊ သို့မဟုတ် ငါ၏အလိုဆန္ဒ၊ သို့မဟုတ် သမ္မာတရားကို လုံးဝဂရုမစိုက်ဘဲ သေစေသော စကားလုံးများအပေါ်သာ ပူပန်ကြ၏။ ထိုကဲ့သို့သောလူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” မှ

၁၁။ သမ္မာကျမ်းစာသည် ဣသရေလနိုင်ငံတွင်းက ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်း မှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏ အနာဂတ္တိဟောကြားချက် အများအပြားကို လည်းကောင်း၊ ထိုစဉ်တုန်းက ယေဟောဝါ၏ ဖွင့်ဆိုချက် အချို့ကိုလည်းကောင်း မှတ်တမ်းတင်ထားသည်။ သို့ဖြစ်သောကြောင့် လူများသည် (ဘုရားသခင်က သန့်ရှင်းပြီး ကြီးမြတ်သူဖြစ်၍) ထိုကျမ်းစာကို သန့်ရှင်းသည်ဟု ခံယူကြသည်။ ၎င်းသည် ယေဟောဝါကို သူတို့၏ ရိုသေလေးမြတ်မှုနှင့် ဘုရားသခင်ကို သူတို့၏ ကြည်ညိုမှု၏ ရလဒ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ထိုကျမ်းစာကို လူများက ယင်းကဲ့သို့သာ ရည်ညွှန်းကြခြင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့၏ ဖန်ဆင်းရှင်ကို အလွန်မြတ်နိုးကြ၍ဖြစ်ပြီး ထိုစာအုပ်အား ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟူ၍ပင် ခေါ်ဝေါ်သူများ ရှိကြသည်။ စင်စစ်အားဖြင့် ၎င်းသည် လူသားများ၏ မှတ်တမ်းမျှသာ ဖြစ်ပါသည်။ ကျမ်းစာကို ယေဟောဝါကိုယ်တိုင်မှ အမည်ပေးထားခြင်း မဟုတ်သကဲ့သို့၊ ယေဟောဝါကိုယ်တိုင်က ထိုကျမ်းစာ ဖြစ်ပေါ်လာရန် လမ်းမညွှန်ခဲ့ချေ။ တစ်နည်းပြောရလျှင်၊ ထိုကျမ်းစာကို ရေးခဲ့သူမှာ ဘုရားသခင် မဟုတ်ဘဲ လူသားများဖြစ်သည်။ သန့်ရှင်းသော သမ္မာကျမ်းစာဟူသည်မှာ လူများက ပေးခဲ့သည့် လေးစားထိုက်သော အမည်သာဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့က တစ်ဦးနှင့်တစ်ဦး ဆွေးနွေးခဲ့ကြသည့်နောက်မှာ ဆုံးဖြတ်လိုက်ကြသည့် အမည်မဟုတ်ဘဲ၊ လူများ၏ စိတ်ကူး သက်သက်သာ ဖြစ်ပါသည်။ အကြောင်းမှာ ထိုစာအုပ်ကို ယေရှုက ရေးသားခဲ့ရန် မဆိုထားနှင့် ယေဟောဝါပင် မရေးသားခဲ့ချေ။ ထိုအစား၊ ၎င်းသည် များပြားလှသည့် ရှေးခေတ် ပရောဖက်များ၊ တမန်တော်များနှင့် ရှေ့ဖြစ်ဟောသူများ၏ ဖြစ်စဉ်များ ဖြစ်ပြီး၊ နောက်ပိုင်း မျိုးဆက်များက ရှေးခေတ် ရေးသားချက်များအဖြစ် စုစည်း ပေးလိုက်ကြ၍၊ လူများအနေနှင့် အထူးကို သန့်ရှင်းသော ကျမ်းစာအုပ်ကြီး၊ အနာဂတ် မျိုးဆက်များက ဖြေရှင်းပေးကြရမည်ကို စောင့်စားနေကြသည့် နက်ရှိုင်း သိမ်မွေ့လျက် နက်နဲရာများပါဝင်သော ကျမ်းစာအုပ်ပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)” မှ

၁၂။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော် ခေတ်အတွင်းက ဘုရားသခင်၏ လုပ်ဆောင်ချက်များပါ။ သမ္မာကျမ်းစာထဲက ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ယေဟောဝါ၏ လုပ်ဆောင်ချက်အားလုံးနှင့် ၎င်း၏ ဖန်ဆင်းခြင်းအလုပ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ကျမ်းတစ်စောင်လုံးသည် ယေဟောဝါမှ လုပ်ဆောင်ခဲ့သည်များကို မှတ်တမ်းတင်ပေးထားရာ၊ မာလခိကျမ်းထဲတွင် ယေဟောဝါ၏ အလုပ်များဖြင့် နောက်ဆုံးတွင် အဆုံးသတ် ထားပါသည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင်မှ လုပ်ဆောင်ပေးခဲ့သည့် လုပ်ရပ်နှစ်ရပ်ကို မှတ်တမ်းတင် ထားပါသည်- တစ်ခုက ဖန်ဆင်းခြင်းအလုပ်၊ နောက်တစ်ခုက ပညတ်ကို ပြဋ္ဌာန်းပေးသည့် အလုပ်ပါ။ ထိုအလုပ်နှစ်ခုစလုံးကို ယေဟောဝါက လုပ်ဆောင်ခဲ့ပါသည်။ ပညတ်တော်ခေတ်သည် ယေဟောဝါဘုရားဆိုသည့် နာမဖြင့် လုပ်ဆောင်ခဲ့သည့် အလုပ်ကို ဖေါ်ပြထားခြင်းဖြစ်ပြီး၊ အဓိကအားဖြင့် ယေဟောဝါ ၏ နာမဖြင့် လုပ်ကိုင်ပေးခဲ့သည် လုပ်ဆောင်ချက် တစ်ရပ်လုံး ဖြစ်ပါသည်။ ထိုနည်းဖြင့်၊ ဓမ္မဟောင်းကျမ်း သည် ယေဟောဝါ၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ပေးပြီး ဓမ္မသစ်ကျမ်းမှာမူ အဓိကအားဖြင့် ယေရှု၏ နာမဖြင့် လုပ်ဆောင်ခဲ့သည် အလုပ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ယေရှု၏ နာမများ၏ အရေးအပါမှုနှင့် ဘုရားသခင်၏ အလုပ်ကို ဓမ္မသစ်ကျမ်းထဲတွင် အများအားဖြင့် မှတ်တမ်းတင်ပေးထားပါသည်။ ဓမ္မဟောင်းပညတ်တော်ခေတ်တုန်းက၊ ယေဟောဝါသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို ဣသရေလနိုင်ငံမှာ တည်ဆောက်ပေးခဲ့ပြီး၊ ၎င်းက ကမ္ဘာမြေကြီးပေါ်ရှိ ဣသရေလလူမျိုးများ၏ ဘဝကို လမ်းညွှန်ပေးခဲ့ခြင်းဖြင့်၊ သူတို့သည် ယေဟောဝါ၏ ပထမဆုံး အရွေးခံ လူအုပ်စု ဖြစ်လာကြပါသည်၊ ဘုရားသခင်ကနေပြီး ကမ္ဘာကြီးပေါ်မှာ ပထမဦးဆုံး ရွေးလိုက်သည့် လူများခဲ့ကြပြီး၊ သူတို့သည် ဘုရားသခင်၏ နှလုံးသားထဲမှာ ရှိနေကြကာ ၎င်းကိုယ်တိုင် ဦးဆောင်ပေးခဲ့သည့် ပထမဦးဆုံး လူအုပ်စု ဖြစ်ကြောင်း သက်သေထူပြခဲ့ပါသည်၊ တစ်နည်းအားဖြင့် ဣသရေလ နိုင်ငံတွင်းက လူမျိုးနွယ်စု ဆယ့်နှစ်ခုတို့သည် ယေဟောဝါ၏ လက်ဦး အရွေးခံများ ဖြစ်ခဲ့ကြပြီး၊ သူသည် သူတို့အထဲတွင် အမြဲလုပ်ဆောင်လုပ်ကိုင်လာခဲ့ရာ၊ ပညတ်တော်ခေတ်ထဲက ယေဟောဝါ၏ အမှု ပြီးဆုံးသွားသည့်အထိ ဖြစ်ခဲ့ပါသည်။ အမှု၏ ဒုတိယ အဆင့်တွင်မူ ဓမ္မသစ်ကျမ်းထဲက ကျေးဇူးတော် ခေတ်၏ လုပ်ဆောင်ချက် ဖြစ်ခဲ့ပြီး၊ ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စု ဆယ့်နှစ်ခု အနက် တစ်ခုဖြစ်သည့် ယုဒခေါ် လူမျိုးနွယ်စု အကြားမှာ ဖြစ်ခဲ့ပါသည်။ လုပ်ဆောင်ချက် ပမာဏ ပိုသေးခဲ့ခြင်းက ယေရှုသည် လူ့ဇာတိအဖြစ်ကို ခံယူခဲ့သည့် ဘုရားသခင် ဖြစ်ခဲ့၍ပါ။ ယေရှုသည် ယုဒနယ်မြေ တစ်၀န်းမှာသာ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ခဲ့ပြီး သုံးနှစ်ခွဲမျှသာ လုပ်ဆောင်ခဲ့သည့်အတွက်၊ ဓမ္မသစ်ကျမ်းထဲ မှတ်တမ်း တင်ထားသည်များမှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် အလုပ်ပမာဏနှင့် စာလျှင် မည်သို့မှ နှိုင်းယှဉ် မရစကောင်း ပါ။ ကျေးဇူးတော်ခေတ်ထဲက ယေရှု၏ လုပ်ဆောင်ချက်ကို အဓိကအားဖြင့် ခရစ်ဝင်ကျမ်း လေးကျမ်းထဲတွင် မှတ်တမ်းတင်ထားပါသည်။ ကျေးဇူးတော်ခေတ်ထဲတွင် လူများ လျှောက်လှမ်းခဲ့ကြရသည့် လမ်းခရီးက သူတို့၏ ဘဝအနေအထားကို အပေါ်ယံတွင် အများဆုံး ပြောင်းလဲပစ်ခဲ့ရာ၊ ၎င်းတို့ထဲက အများစုကို မှာစာများထဲတွင် ရေးမှတ်ပေးထားပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

၁၃။ ဓမ္မသစ်ကျမ်းထဲမှ ခရစ်ဝင်ကျမ်းများကို ယေရှု လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခံခဲ့ရပြီးနောက်ပိုင်း အနှစ်နှစ်ဆယ်မှ အနှစ်သုံးဆယ် အကြာတွင် ရေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန် မတိုင်မီက အစ္စရေးလူမျိုးများသည် ဓမ္မဟောင်းကျမ်းကိုသာ ဖတ်ရှုခဲ့ကြသည်။ တနည်းအားဖြင့် ကျေးဇူးတော်ခေတ်၏ အစပိုင်းမှ လူများသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုခဲ့ကြသည်။ ဓမ္မသစ်ကျမ်းသည် ကျေးဇူးတော် ခေတ်ထဲရောက်မှသာ ပေါ်ပေါက်လာခဲ့သည်။ ယေရှု အလုပ်လုပ်ခဲ့သည့် အချိန်က ဓမ္မသစ်ကျမ်း မရှိ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားပြီးနောက်တွင် လူတို့သည် ယေရှု လုပ်ဆောင်ခဲ့သည့် အရာများကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုအချိန်ကျမှသာ ခရစ်ဝင်ကျမ်း လေးကျမ်း၊ ပေါလုနှင့် ပေတရုတို့၏ ရေးစာများနှင့် ဗျာဒိတ်ကျမ်း ပေါ်ထွက်လာသည်။ ယေရှု ကောင်းကင်သို့ ပျံတက်သွားခဲ့သည့် နောက်ပိုင်း နှစ်ပေါင်း သုံးရာကျော်သွားချိန်မှာသာ၊ နောက်ပိုင်း မျိုးဆက်အသီးသီးတို့က သူတို့၏ မှတ်တမ်းများကို စုလိုက်မှသာ ဓမ္မသစ်ကျမ်း ဖြစ်ပေါ်လာခဲ့ပါသည်။ မှတ်တမ်းများ စုစည်းသည့် အလုပ်ပြီးမှသာ ဓမ္မသစ်ကျမ်းဆိုပြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်၊ ယခင်တုန်းက ဓမ္မသစ်ကျမ်း မရှိခဲ့ပါ။...လူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် သူတို့၏ ပညာရေး အဆင့်အတန်းနှင့် လူ့အစွမ်းအစအပေါ်၌မူတည်သောအရာများ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ သူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် လူတို့၏ အတွေ့အကြုံများ ဖြစ်ပြီး စာရေးသူ တစ်ဦးချင်းဆီ၌ ကိုယ်ပိုင်မှတ်တမ်းတင်နည်းများ၊ အကြောင်းအရာတစ်ခုကို သိနိုင်သည့် နည်းလမ်းများ ရှိသောကြောင့် ၎င်းတို့၏ မှတ်တမ်းများသည် တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့ဖြစ်၍ သင်က သမ္မာကျမ်းစာကို ဘုရားသခင်အဖြစ် သတ်မှတ်ကိုးကွယ်နေလျှင် သင်သည် အလွန်အမင်း ပညာမဲ့သူ၊ မိုက်မဲသူဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)” မှ

၁၄။ သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည်များ အားလုံးသည် အကန့်အသတ်ရှိပြီး၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးကို ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ဖြစ်ပျက်မှုများကို ကန့်သတ်ချက်ဖြင့် စုပေါင်းရေးထားသော အခန်းကြီးများ တစ်ရာအောက် လျော့နည်းပြီး၊ ဖြစ်စဉ်များကို အကန့်အသတ်ဖြင့် ရေးသားထားသည်၊ ယင်းတို့မှာ ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်း သင်ကြားမှု၊ ဆုတောင်းခြင်းနှင့် ပတ်သက်သည့် သင်ကြားမှု၊ ကွာရှင်းခြင်းနှင့် ပတ်သက်သည့် သင်ကြားမှု၊ ယေရှု၏ မွေးဖွားလာမှုနှင့် ဆွေစဉ်မျိုးဆက်၊ ယေရှုနှင့် တပည့်တော်များ၏ အချိန်းအချက် စသည်တို့ ဖြစ်ကြသည်။ သို့သော်လည်း၊ ယနေ့၏ လုပ်ဆောင်မှုများသည် ယင်းတို့နှင့် ဆန့်ကျင်ကြောင်း ထင်ရှားနေသည့်တိုင်၊ လူသားက ယင်းတို့ကို ရတနာသိုက်များကဲ့သို့ ယခုတိုင် တန်ဖိုး ထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ယင်းမှာ ဘုရားသခင်သည် ဤလောက်များများပင် လုပ်ဆောင်နိုင်သည်ဟု သူတို့မှ ယုံကြည်ဘိသည့်အလားနှင့်၊ နောက်ထပ်လုပ်ဆောင်မည့် အလုပ်ရှိတော့မည် မဟုတ်ဘိသည့် အလားပင်။ ဤအရာသည် ရယ်စရာ ကောင်းမနေဘူးလား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၁၅။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် လူများသည် အခြားစာအုပ်များထဲမှာ ရှာမတွေ့နိုင်သည့် အသက်လမ်းခရီး အများအပြားကိုပါ ရရှိနိုင်ကြသည်။ ယင်းကဲ့သို့သော လမ်းခရီးများသည် အတိတ်ကာလများတုန်းက ပရောဖက်များနှင့် တမန်တော်များ တွေ့ကြုံခဲ့ကြရသည့် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆာင်မှု၏ အသက်လမ်းခရီးများ ဖြစ်ခဲ့ကြပြီး စကားလုံး အများအပြားတို့သည် တန်ဖိုးရှိကြလျက် လူများ လိုအပ်သည်များကို ထောက်ပံ့ပေးနိုင်ကြသည်။ သို့ဖြစ်သောကြောင့်၊ လူများ အားလုံးက သမ္မာကျမ်းစာအား ဖတ်ရှုရခြင်းကို နှစ်သက်ကြသည်။ သမ္မာကျမ်းစာထဲတွင် ဝှက်ထားသည်များ အလွန်များပြားသဖြင့်၊ လူများ၏ ကျမ်းစာကို ရှုမြင်ပုံများသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များအပေါ် ရှုမြင်ပုံများနှင့် မတူကြ။ သမ္မာကျမ်းစာသည် ခေတ်ဟောင်းနှင့် ခေတ်သစ်များထဲတွင် ယေဟောဝါနှင့် ယေရှုတို့ကို အစေခံခဲ့ကြသူများ၏ အတွေ့အကြုံများနှင့် အသိပညာများကို စုစည်းထားသည့် မှတ်တမ်းဖြစ်၍၊ နောက်ပိုင်း မျိုးဆက်များသည် ၎င်းထဲမှနေပြီး ဉာဏ်အလင်းဖွင့်ပြမူ၊ အလင်းပေးမှုနှင့် လက်တွေ့ကျင့်သုံးရန် လမ်းခရီးများကို ရယူနိုင်ခဲ့ကြသည်။ သမ္မာကျမ်းစာက မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များထက်မဆို ပိုမြင့်မြတ်ရခြင်း၏ အကြောင်းရင်းမှာ ထိုသူတို့၏ ရေးသားချက် အားလုံးကို သမ္မာကျမ်းစာထဲမှ ကောက်ယူခဲ့ခြင်း ဖြစ်ပြီး၊ သူတို့၏ အတွေ့အကြုံများ အားလုံးသည်လည်း သမ္မာကျမ်းစာထဲမှ လာကြခြင်း ဖြစ်ကာ၊ ၎င်းတို့အားလုံးသည် သမ္မာကျမ်းစာကို ရှင်းပြကြ၍ပင်ဖြစ်သည်။ သို့ဖြစ်၍၊ လူများသည် မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ စာအုပ်ထဲမှမဆို ထောက်ပံ့ခြင်းကို ရရှိနိုင်ကြသော်လည်း၊ သူတို့အတွက် သမ္မာကျမ်းစာသည် မြင့်မြတ်လျက် နက်နဲသိမ်မွေ့သည့်ပုံ ပေါက်နေသဖြင့် သူတို့သည် ယခုထက်ထိ ၎င်းကို ကိုးကွယ်နေကြဆဲ ဖြစ်သည်။ သမ္မာကျမ်းစာက ပေါလု၏ သြဝါဒစာများနှင့် ပေတရု၏ သြဝါဒစာများကဲ့သို့ ဘဝဆိုင်ရာ စကားလုံးများပါသည့် ကျမ်းစာအုပ်များကို စုစည်းပေးထားခြင်းဖြစ်၍ လူများသည် ယင်းစာအုပ်များထံမှ ကူညီမှုများနှင့် ထောက်မမှုများ ရရှိနေကြသော်လည်း၊ ဤစာအုပ်များသည် ခေတ်ကုန်သွားကြပြီ ဖြစ်၍၊ ၎င်းတို့သည် ခေတ်ဟောင်းနှင့်သာ သက်ဆိုင်ကြသည်၊ ၎င်းတို့သည် မည်မျှပင် ကောင်းမြတ်ကြစေကာမူ၊ ၎င်းတို့သည် ကာလတစ်ခု အတွက်သာ သင့်တော်ခဲ့ကြပြီး ထာဝရ သုံး၍မရနိုင်ပါ။ ဘုရားသခင်၏ အမှုသည် တစ်ချိန်လုံး ဖွံ့ဖြိုးတိုးတက်လာနေရာ၊ ၎င်းသည် ပေါလုနှင့် ပေတရုတို့၏ ခေတ်၌ ရပ်တန့် မသွားနိုင်ခဲ့ သကဲ့သို့၊ ယေရှု လက်ဝါးကပ်တိုင်သို့ တင်ခံခဲ့ရသည့် ကျေးဇူးတော် ခေတ်ထဲတွင်လည်း ထာဝရ ကျန်ရစ် မနေနိုင်ခဲ့ပေ။ သို့ဖြစ်၍၊ ထိုစာအုပ်များသည် ကျေးဇူးတော် ခေတ်အတွက်သာ သင့်တော်ခဲ့ကြပြီး နောက်ဆုံးသော ကာလ၏ နိုင်ငံတော်ခေတ်အတွက် မသင့်တော်ချေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများကိုသာ ထောက်မပေးနိုင်ခဲ့ပြီး၊ နိုင်ငံတော်ခေတ်၏ သန့်ရှင်းသူများအတွက်မူ မထောက်မပေးနိုင်ပေ၊ ၎င်းတို့ မည်မျှပင် ကောင်းမြတ်ကြစေကာမူ၊ ၎င်းတို့၏ ခေတ်မှာ ကုန်သွားချေပြီ။ ၎င်းသည် ဣသရေလနိုင်ငံထဲမှ ယေဟောဝါ၏ ဖန်ဆင်းခြင်း သို့မဟုတ် သူ၏အမှုများနှင့် အလားတူပင် ဖြစ်သည်၊ ဤအမှုသည် မည်မျှပင် ကြီးမြတ်စေကာမူ၊ ၎င်းသည် ခေတ်ဟောင်းထဲမှာ ကျန်ရစ်နေခဲ့ပြီး ၎င်းခေတ် ကုန်လွန်သွားသည့် နောက်၌ နောက်ခေတ်တစ်ခု ရောက်လာဦးမည်ပင်။ ဘုရားသခင်၏ အမှုသည်လည်း အလားတူပင် ဖြစ်သည်၊ ၎င်းသည် ကြီးမြတ်သည်၊ သို့သော် ၎င်းကို အဆုံးသတ်ရမည့် အချိန်ဟူ၍ ရောက်လာပေမည်၊ ၎င်းသည် တစ်ချိန်လုံး ဖန်ဆင်းခြင်း အမှုအကြား၌ ထာဝရ မကျန်ရစ်နိုင်သကဲ့သို့၊ လက်ဝါးကပ်တိုင်ပေါ် တင်ပေးမှုအကြား၌လည်း ကျန်ရစ်မနေနိုင်ပါ။ လက်ဝါးကပ်တိုင်ပေါ်တင်ခြင်း အမှုသည် မည်မျှပင် ကျေနပ်စရာ ကောင်းပါစေ၊ ၎င်းသည် စာတန်ကို ချိုးနှိမ်ရာတွင် မည်မျှပင် ထိရောက်မှု ရှိခဲ့ပါစေ၊ စင်စစ်မှာမူ အမှုသည် အမှုအဖြစ် ရပ်တည်နေဆဲ၊ ခေတ်များသည်လည်း ခေတ်များအဖြစ် ရှိနေဆဲ ဖြစ်ကြပြီး၊ အမှုသည် အခြေခံအုတ်မြစ် တစ်ခုတည်းအပေါ်မှာ အစဉ်အမြဲ ရပ်တည် မနေနိုင်သကဲ့သို့၊ အချိန်ကာလများကို မည်သည့်အခါမျှ မပြောင်းလဲဘဲ နေ၍မရနိုင်ပါ၊ ဖန်ဆင်းမှု ရှိခဲ့သည့်အတွက် နောက်ဆုံးသော ကာလ ရှိရပေမည်။ ယင်းကို ရှောင်လွှဲ၍ မရနိုင်ပါ။ ထို့ကြောင့်၊ ယနေ့တွင် ဓမ္မသစ်ကျမ်းထဲက အသက်၏ စကားလုံးများ— တမန်တော်များ၏ သြဝါဒစာများ၊ ထို့အပြင် ခရစ်ဝင်ကျမ်းလေးကျမ်းသည် သမိုင်းဝင် စာအုပ်များ ဖြစ်လာကြလေပြီ၊ ၎င်းတို့သည် နှစ်ချုပ်စာအုပ် အဟောင်းများကဲ့သို့ ဖြစ်လာကြပါသည်၊ ခေတ်ဟောင်း နှစ်ချုပ်စာအုပ်များက လူများကို ခေတ်သစ်ထဲသို့ မည်သို့များ ခေါ်ဆောင်သွားနိုင်မည်နည်း။ ထိုနှစ်ချုပ် စာအုပ်များက လူများကို အသက်နှင့် မည်သို့ပင် ထောက်ပံ့ပေးနိုင်ပါစေ၊ ၎င်းတို့သည် လူများကို လက်ဝါးကပ်တိုင်ဆီသို့ မည်သို့ပင် ခေါ်ဆောင်ပေးနိုင်ခဲ့ပါစေ၊ ၎င်းတို့သည် ခေတ်ဟောင်းသွားကြပြီ မဟုတ်လော။ ၎င်းတို့သည် တန်ဖိုးမဲ့နေကြပြီ မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)” မှ

၁၆။ သမ္မာကျမ်းစာသည် ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်းဝင် မှတ်တမ်းသက်သက်ဖြစ်ပြီး ဘုရားသခင်၏ ယခင်တုန်းက လုပ်ဆောင်မှု၏ အဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်လျက်၊ ဘုရားသခင် လုပ်ဆောင်မှု၏ ရည်မှန်းချက်များကို သင်နားလည်ဖို့ ကမ်းလှမ်းချက် တစ်ခုမျှမပါဟူသည့် သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုခဲ့ဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလ နိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းမှု အချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါသည့် ကမ္ဘာကြီးပေါ်မှ ယေရှု၏ လုပ်ဆောင်ချက်ကို လည်းကောင်း၊ ပေါလု၏ လုပ်ဆောင်ချက်ကို လည်းကောင်း ဖော်ပြထားရာ၊ ၎င်းတို့သည် သမိုင်း မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ ယူဆောင်လာမှုက ၎င်းတို့ကို သမိုင်းလုပ်ပစ်သည်၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်ပြီး လက်တွေ့ကျနေပါစေ၊ ၎င်းတို့သည် သမိုင်းဖြစ်နေတုန်းပင်ဖြစ်ပြီး၊ သမိုင်းဆိုသည်မှာ ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ အကြောင်းမှာ ဘုရားသခင်သည် သမိုင်းဆီ ပြန်မကြည့်၍ပင် ဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် လုပ်ဆောင်မှုအကြောင်း ဘာမျှမသိဘူးဆိုလျှင်၊ ထို့အပြင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မရှာကြံဘူး ဆိုလျှင်၊ သင်သည် ဘုရားသခင်အား ရှာဖွေမှုဆိုသည်မှာ အဘယ်အရာအား ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သမ္မာကျမ်းစာကို သင်ဖတ်ရှုသည်က ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်ကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့ပုံသမိုင်းကို သုတေသနပြုရန်အတွက် ဆိုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်သောကြောင့်၊ ဘုရားသခင်၏ အသိပညာများကို လိုက်စားပြီး အသက်မရှိကြတော့သည့် စကားလုံးများနှင့် အယူဝါဒများကို သို့မဟုတ် သမိုင်းအား နားလည်မှုကို မလိုက်စားသောကြောင့်၊ သင်သည် ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု၏ လမ်းညွှန်ချက်ကို ရှာကြံရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်း ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ တစ်ယောက် ဖြစ်သည်၊ သင့်အတွက် အကောင်းဆုံးမှာ ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာကြံရန်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)” မှ

၁၇။ သင်တို့က ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်ကို ကြည့်လိုသည်၊ ဣသရေလလူမျိုးများ ယေဟောဝါ၏ လမ်းစဉ်ကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုသည်ဆိုလျှင် သင်တို့သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုကြရန်လိုမည်၊ အကယ်၍များ သင်တို့က ကျေးဇူးတော်ခေတ်၏ လုပ်ဆောင်ချက်ကို သိနားလည်ချင်လျှင်မူ သင်တို့သည် ဓမ္မသစ်ကျမ်းကို ဖတ်ရှုကြရန် လိုမည်။ သို့သော်လည်း နောက်ဆုံးသော ကာလ၏ အလုပ်ကို သင်တို့ မည်သို့များ မြင်ကြသနည်း။ သင်တို့သည် ယနေ့ ဘုရားသခင်၏ ရှေ့ဆောင်မှုကို လက်ခံလျက် ယနေ့၏ အမှုထဲကို ဝင်ရောက်ကြရန် လိုအပ်သည်။ ၎င်းမှာ အလုပ်သစ် ဖြစ်သောကြောင့် တစ်ခုကိုမှ သမ္မာကျမ်းစာထဲတွင် ယခင်တုန်းက မှတ်တမ်းမတင်ထားခဲ့ပါ။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကိုခံယူပြီး တရုတ်နိုင်ငံထဲက အခြားရွေးကောက်ခံသူများကို ရွေးထားပြီ။ ဘုရားသခင်သည် ထိုလူများထဲတွင် လုပ်ကိုင်နေသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုကို ဆက်လက် ဆောင်ရွက်နေသည်။ ကျေးဇူးတော်ခေတ်မှ အမှုကို ဆက်ပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယနေ့၏ အမှုသည် လူသားတို့ မည်သည့်အခါကမှ မလျှောက်ရသေးသည့် လမ်းခရီးဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ထိုအရာသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုဖြစ်သည်၊ ထိုအရာသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုပင် ဖြစ်သည်။ ထို့အပြင် ယခင် မည်သည့်အခါမှ မလုပ်ခဲ့သည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုပါသေးသည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ခြင်းကို လူများမသိကြပါ။ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပ၊ ဣသရေလ၏ နယ်မြေအပြင်ထိ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်သည်။ ပရောဖက်ပြုချက်များမှာ မပါ၀င်သည့် အသစ်ဖြစ်သော အံ့သြဖွယ်အလုပ်၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အလုပ်၊ လူသားများ မည်သည့်အခါမှာမှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အလုပ်ကို ပြုလုပ်ထားသည်။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သော အမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများသည် မည်သို့များ ပါဝင်နိုင်ခဲ့သနည်း။ မည်သူတို့ကများ ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် စာအုပ်ထဲမှာ ယခုလို ပိုမို ကြီးမြတ်ပြီး အမြော်အမြင်ကြီးမားသည့် အစဉ်အလာကို မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ ယနေ့အလုပ်သည် သမိုင်းမဟုတ်သေးပါ၊ သို့ဖြစ်၍ သင်က ယနေ့ ခရီးလမ်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာကို စွန့်ပစ်ရန် လိုပါမည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းများကို ကျော်လွန်ပြီး သွားရန် လိုအပ်ပါမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို စနစ်တကျ လျှောက်နိုင်ပါမည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် အရှိတရားအသစ်နှင့် အလုပ်သစ်ထဲကို ခြေချဝင်နိုင်မှာ ဖြစ်ပါသည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာအား မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအလုပ်များ ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲမှာ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လုပ်ကိုင်နည်းများကို ရှာကြည့် မနေသည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပမှာ ပိုကြီးမြတ်သည့် အလုပ် ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သိနားလည်ရန် လိုပါသည်။ သင်တို့အားလုံး ၎င်းကို နားလည်သင့်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

၁၈။ ဘုရားသခင်က သူလုပ်လိုသော အလုပ်များစွာအတွက်၊ သူပြောလိုသည်တို့အတွက် အသစ်စတင်နိုင်ပါသည်။ အသစ်စတင်မှုတစ်ခုကို သူလုပ်လိုက်သည်နှင့် သူ၏အရင်အလုပ်ကို မပြောသကဲ့သို့ ဆက်၍လည်းမလုပ်တော့ပေ။ ဘုရားသခင်သည် သူ့အလုပ်တွင် စည်းမျဉ်းတို့ရှိသောကြောင့်ဖြစ်သည်။ အလုပ်အသစ်ကို သူစတင်လိုသောအချိန်သည် သူ့အလုပ်၏ အဆင့်အသစ်တစ်ခုဆီသို့ လူသားမျိုးနွယ်ကို ခေါ်ဆောင်လိုသောအချိန်ပင်ဖြစ်ပြီး သူ့အလုပ်သည် ပိုမိုမြင့်မားသောအဆင့်တစ်ခုကို ဝင်ရောက်သောအချိန်လည်း ဖြစ်ပါသည်။ လူတို့က ဆိုရိုးများ၊ သို့မဟုတ် စည်းမျဉ်းများအတိုင်း ဆက်လက်ပြုမူလျှင်၊ သို့မဟုတ် ဤအရာတို့ကို ဆက်လက်၍ စွဲကိုင်ထားလျှင် သူသည် ၎င်းကို မှတ်မိခြင်း သို့မဟုတ် ချီးမွမ်းခြင်းရှိမည် မဟုတ်ပေ။ အကြောင်းမှာ သူက အလုပ်အသစ်ကို ယူဆောင်လာပြီးဖြစ်ပြီး သူ့အလုပ်၏ အဆင့်အသစ်တစ်ခုဆီသို့ ဝင်ရောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။ အလုပ်အသစ်ကို သူစတင်သောအခါတွင် သူ၏စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ မတူညီသော အချက်အလက်တို့ကို လူတို့သိနိုင်ရန်အတွက် ပြီးပြည့်စုံသော ပုံရိပ်အသစ်တစ်ခုနှင့် ရှုထောင့်အသစ်တစ်ခုအနေနှင့် လူသားမျိုးနွယ်ဆီသို့ သူပေါ်ထွန်းလာပါသည်။ ၎င်းသည် သူ၏အလုပ်အသစ်၌ရှိသော သူ၏ပန်းတိုင်တို့ထဲမှ တစ်ခုဖြစ်ပါသည်။ ဘုရားသခင်က ယခင်ကအရာတို့ကို ကိုင်စွဲမထားပေ၊ သို့မဟုတ် အသားကျပြီးသား လမ်းကြောင်းကို မလျှောက်ပေ။ သူအလုပ်လုပ်ပြီး စကားပြောသောအခါတွင် လူတို့ထင်သကဲ့သို့ ပိတ်ပင်တားမြစ်ခြင်း မရှိပေ။ ဘုရားသခင်ထံတွင် အားလုံးက လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်။ ပိတ်ပင်တားမြစ်ခြင်း၊ ကန့်သတ်ခြင်းတို့ မရှိပေ။ လူသားမျိုးနွယ်ဆီသို့ သူယူဆောင်လာသောအရာအားလုံးက လွတ်လပ်ခြင်းနှင့် အချုပ်အချယ်ကင်းခြင်းတို့ဖြစ်ပါသည်။ သူသည် အသက်ရှင်သော ဘုရားသခင်၊ အမှန်တကယ် စစ်မှန်စွာ တည်ရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် ရုပ်သေးရုပ်တစ်ရုပ် သို့မဟုတ် ရွှံ့စေးရုပ်တုတစ်ရုပ် မဟုတ်ပေ။ လူတို့ အမြတ်တနိုးထားပြီး ကိုးကွယ်သော ရုပ်တုတို့နှင့် လုံးဝ ကွဲပြားပါသည်။ သူသည် အသက်ရှင်ပြီး အားမာန်အပြည့်ရှိသည်။ လူသားတို့ဆီကို သူ၏နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုတို့က သယ်ဆောင်လာသမျှအားလုံးသည် အသက်နှင့် အလင်း၊ လွတ်လပ်ခြင်းနှင့် အချုပ်အချယ်ကင်းခြင်းတို့ဖြစ်သည်။ သူသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ကိုင်ဆောင်ထားသည့်အတွက် သူ၏ မည်သည့်အလုပ်၏ ကန့်သတ်ခြင်းကိုမျှ မခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၁၉။ ထိုအချိန်တွင် ယေရှုက ယေဟောဝါ၏အမှုမှာ ကျေးဇူးတော်ခေတ်ထဲ၌ နောက်ကျကျန်ခဲ့သည်ဟု ပြောခဲ့သည်၊ ယနေ့အချိန်တွင် ယေရှု၏အမှုသည် နောက်ကျကျန်ခဲ့သည်ဟု ငါပြောသကဲ့သို့ပင်ဖြစ်၏။ အကယ်၍ ပညတ်တော်ခေတ်သာရှိခဲ့ပြီး ကျေးဇူးတော်ခေတ်မရှိခဲ့ပါလျှင် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ ကွပ်မျက်ခံရနိုင်မည်မဟုတ်ဘဲ၊ လူသားမျိုးနွယ်အားလုံးကိုလည်း ရွေးနုတ်ပေးနိုင်လိမ့်မည် မဟုတ်ပေ၊ အကယ်၍ ပညတ်တော်ခေတ်တစ်ခုတည်းသာ ရှိခဲ့ပါလျှင် လူသားမျိုးနွယ်သည် ယနေ့တိုင်အောင် တိုးတက်ဖွံ့ဖြိုးမှု ရှိနိုင်ပါမည်လော။ သမိုင်းကြောင်းက ရှေ့သို့ တိုးတက်လျက်ရှိသည်၊ သမိုင်းသည်ပင် ဘုရားသခင့်အမှု၏ သဘာဝနိယာမတရားပင် မဟုတ်ပေလော။ ဤသည်က စကြဝဠာတစ်ခုလုံးအတွင်းရှိ လူသားတို့အတွက် သူ့စီမံချက်၏ ပုံဖော်ချက်ပင် မဟုတ်ပေလော။ သမိုင်းကြောင်းက ရှေ့သို့ တိုးတက်လာခဲ့သည်၊ ထိုကဲ့သို့ပင် ဘုရားသခင်၏အမှုနှင့် ဘုရားသခင်၏အလိုတော်သည်လည်း စဉ်ဆက်မပြတ်ပင် ပြောင်းလဲလျက်ရှိသည်။ ဘုရားသခင်အတွက် အမှု၏အဆင့်တစ်ခုကို နှစ်ပေါင်းခြောက်ထောင်ခန့်ကြာမြင့်စွာ ထိန်းသိမ်းရန်မှာ လက်တွေ့ကျနိုင်မည်မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်မှာ ထာဝစဉ်အသစ်ဖြစ်နေပြီး မည်သည့်အခါမျှ ဟောင်းနွမ်းသွားခြင်း မရှိသည်ကို လူသားအားလုံး သိရှိသောကြောင့်ပင် ဖြစ်သည်။ လက်ဝါးကပ်တိုင်တွင် အသက်စွန့်ခြင်းကဲ့သို့ အလားတူအမှုမျိုးအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ထက်ပို၍ သံမှိုစွဲနှက်ခံရရန် အမှန်တကယ် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။ ယင်းက ယုတ္တိမတန်သော လူသားတစ်ဦး၏ အတွေးအမြင်သာ ဖြစ်ပေသည်။ ဘုရားသခင်သည် တူညီသောအမှုကို တည်တံ့စေမည်မဟုတ်၊ ငါနေ့စဉ် သင်တို့အား ပြောသော နှုတ်ကပတ်တော်အသစ်များနှင့် အလုပ်အသစ်များကဲ့သို့ပင် သူ၏အမှုမှာ အစဉ်သဖြင့် ပြောင်းလဲနေပြီး ထာဝစဉ်သစ်လွင်နေ၏။ ယင်းက ငါလုပ်ဆောင်သော အမှုတာဝန်ဖြစ်သည်၊ ထိုအရာများ၏ သော့ချက်မှာ “အသစ်” နှင့် “အံသြဖွယ်ရာ” တို့၌ တည်ရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

၂၀။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေလျှင်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးဖြင့် အဘယ့်ကြောင့် ဆက်သွားနေဦးမည်နည်း။ ပိုသစ်သည့် မိန့်ကြားချက်များ၊ ပိုသစ်သည့် အလုပ်များ ရှိနေလျှင်၊ သမိုင်းထဲမှ မှတ်တမ်းအဟောင်းများ အကြားတွင် အဘယ့်ကြောင့် နေထိုင်နေဦးမည်နည်း။ မိန့်ကြားချက် အသစ်များက သင့်ကို စောင့်ရှောက်ပေးနိုင်သည် ဆိုပါက အလုပ်သစ် ဖြစ်ကြောင်းကို သက်သေထူပြနေသည်၊ မှတ်တမ်းအဟောင်းများက သင်၏ လက်ရှိ လိုအပ်ချက်များကို ကျေနပ်အောင် မလုပ်နိုင်ကြသောကြောင့် ၎င်းတို့သည် သမိုင်းဖြစ်သွားလျက် ယနေ့ ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေထူပြနေကြပါသည်။ အမြင့်ဆုံးလမ်းက အသစ်ဆုံးအလုပ်ပါ။ အလုပ်သစ်နှင့်ဆိုလျှင် အတိတ်တုန်းက လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူသား ပုံရိပ်များ၏ သမိုင်းဖြစ်နေတုန်းပါ၊ အခြေအနေအရ ၎င်း၏တန်ဖိုးမှာ မည်သို့ပဲရှိပါစေ လမ်းခရီးဟောင်း ဖြစ်နေတုန်းပါ။ ၎င်းကို “သန့်ရှင်းသည့် ကျမ်းစာအုပ်”ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းကြောင်းဟောင်းသည် သမိုင်းပါ၊ “သန့်ရှင်းသည့် ကျမ်းစာအုပ်”ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေပါပြီ။ ၎င်းသည် သန့်ရှင်းသော ဝိညာဥ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ ထိုလမ်းခရီးသည် သင့်ကို ကယ်တင်ပေးနိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲပစ်ပါမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

၂၁။ ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများနှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။ အတိတ်ကာလများမှ ယနေ့တိုင် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သင်လက်တွေ့ အသုံးချပါက သင်သည် ရှေးဟောင်းသုတေသီတစ်ဦးဖြစ်၍ သင့်ကို သမိုင်းဆိုင်ရာ အမွေအနှစ် ပညာရှင်တစ်ဦးဟု အကောင်းဆုံး ဖော်ပြနိုင်ပါသည်။ ဤသည်မှာ သင်သည် အတိတ်ကာလများတွင် ဘုရားသခင် ဆောင်ရွက်ခဲ့သည့်အမှု၏ တစ်စွန်းတစ်စ ကျန်ရှိသော လက္ခဏာများကို အစဉ်ယုံကြည်သောကြောင့်၊ ဘုရားသခင် ယခင်က လူသားတို့အကြား အမှုဆောင်ရွက်ခဲ့စဉ် သူချန်ရစ်ခဲ့သည့် အရိပ်ကိုသာ ယုံကြည်သောကြောင့်နှင့် ယခင်ကာလများတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်သည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ လမ်းပြမှုကို မယုံကြည်၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်၊ ထို့အပြင် ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကိုလည်း မယုံကြည်ပေ။ ထို့ကြောင့် သင်သည် အမှန်တရားနှင့် လုံးဝ ကင်းကွာနေသော စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်ကို မငြင်းနိုင်ပါ။ ယခု သင်သည် လူသားကို အသက်ယူလာပေးရန် မစွမ်းသည့် စကားလုံးများကိုစွဲကိုင်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိသော သစ်တုံးခြောက်တစ်ခုသာက ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ရှေးရိုးစွဲဆန်လွန်း၏၊ ပေကပ်ကပ် နိုင်လွန်း၏၊ ကျိုးကြောင်း ဆင်ခြင် ပြ၍မရ ဖြစ်နေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

၂၂။ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကိုသိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က လက်ခံမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏အတည်ပြုမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ရုပ်သေးနှင့် အကျဉ်းသားပါ ဖြစ်သောကြောင့်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ ဤသည်မှာ ထိုသူတို့၌ရှိသမျှမှာ ပလ္လင်တော်မှစီးဆင်းလာသည့် အသက်ရေအစား နှစ်ထောင်ပေါင်းများစွာ စွဲကပ်ထားသည့် နောက်ကျိသောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။ အသက်ရေကို မရရှိသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ ထိုသို့ဖြစ်ပါက ထိုသူတို့သည် ဘုရားသခင်ကို မည်သို့မြင်နိုင်မည်နည်း။ သင်သည် အတိတ်ကိုစွဲကိုင်ထားရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထားရန်သာ ကြိုးစား၍ ရှိနေသည့် အနေအထားကို ပြောင်းလဲရန်နှင့် သမိုင်းကိုစွန့်ပစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင်အမှု၏ အဆင့်များသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကျယ်ပြန့်၍ တန်ခိုးကြီးမား၏၊ သို့ရာတွင် သင်သည် ထိုင်နေလျက် တုံဏှိဘာဝေသာ ရှိနေကာ ပျက်စီးခြင်းကို စောင့်၏။ သင်၏မိုက်မဲမှုကို စွဲကိုင်လျက် ဘာမျှမလုပ်ဘဲနေ၏။ ဤနည်းအားဖြင့် သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ထင်မှတ်နိုင်မည်နည်း။ သင်စွဲကိုင်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်လျက် မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသူ ဘုရားသခင်အဖြစ် သင်မည်သို့အကြောင်းပြနိုင်မည်နည်း။ သင်၏ အိုဟောင်း၍ အဝါရောင်သန်းနေသော စာအုပ်များရှိ စကားလုံးများသည် ခေတ်သစ်အတွင်း သင့်ကို မည်သို့ချီဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ၎င်းတို့သည် သင့်ကိုမည်သို့ဦးဆောင်လမ်းပြနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်သွားနိုင်မည်နည်း။ သင့်လက်ထဲတွင် ကိုင်ထားသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်ပြီး အသက်ပေးနိုင်သည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းချက်များမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်သော အရာများသာဖြစ်ပြီး သင့်ကိုစုံလင်စေရန် လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ရန်ဝေးစွ လူ့အသက်တာကို သင်သိရန် ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားလုံးများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကိုပြန်လည်စဉ်းစားရန် အကြောင်းရင်းတစ်ရပ် မပေးပေလော။ အတွင်းတွင် ပါရှိသည့် နက်နဲသောအရာများအား သင့်ကို နားလည်ခွင့် မပေးပေလော။ ဘုရားသခင်ကိုတွေ့ရန် သင်ကိုယ်တိုင် ကောင်းကင်ဘုံသို့ သင့်ကိုယ်သင် ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ပါးမှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံအတွင်းသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်စိတ်ကူးယဉ်နေတုန်းပင်လော။ ဤသို့ဆိုပါက သင်၏စိတ်ကူးယဉ်ခြင်းကို ရပ်တန့်၍ ယခုမည်သူအမှုထမ်းနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်သည့်အမှုအား ထမ်းဆောင်နေသူကို ကြည့်ရန် ငါအကြံပြု၏။ ဤသို့မပြုပါက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ဘဲ အသက်ကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

၂၃။ အကယ်၍ သင်တို့သာ ထင်မြင်ယူဆချက်များ သုံးပြီး ဘုရားသခင်ကို မပြောင်းလဲနိုင်သော ရွှံ့စေးရုပ်တုပမာ သဘောထားကာ အသေးစိတ် ဖော်ပြတိုင်းတာရန်နှင့် ကိုယ်တော်အား အလုပ်အကိုင်နယ်ပယ် အကန့်အသတ်တစ်ခုထဲ ချုပ်ထိန်းထားကာ ကျမ်းစာထဲ၌သာ ဘောင်ခတ်ထားရန် ကြိုးစားမည်ဆိုပါက ဤအရာသည် သင်တို့က ဘုရားသခင်ကို ပြစ်မှားမိခြင်း၏ သက်သေပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မဟောင်းခေတ်ကာလက ယုဒအမျိုးသားများသည် ဘုရားသခင်ကို ရုပ်တုဆင်းတုအဖြစ် သွန်းလုပ်ကြပြီး သူတို့နှလုံးသားထဲတွင် ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ကြောင်းနှင့် မေရှိယဟု အခေါ်ခံရသော သူသာလျှင် ဘုရားသခင်ဖြစ်ကြောင်း မှတ်ယူပြီး ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ သဘောထားကာ ကိုးကွယ်အစေခံကြသည့်အတွက် ထိုခေတ်မှ ယေရှုကို ကားတိုင်ပေါ် သံမှိုဆွဲနှက်ပြီး သေဒဏ်ပေးကာ အပြစ်မဲ့သော ယေရှုကို သေဒဏ်ချမှတ်ခဲ့ကြသည်။ ဘုရားသခင်မှာ မည့်သည့်အပြစ်မှ မပြုခဲ့သော်ငြားလည်းဘဲ လူသားတို့မှာ ဘုရားသခင်ကို သက်ညှာထောက်ထားခြင်းမရှိ၊ တုန်လှုပ်ခြင်း စိုးစဉ်းမျှမရှိပဲ ကိုယ်တော်အား သေဒဏ်ပေးခဲ့ကြသည်။ ဤသို့ဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်း မရှိဟု လူတို့က အမြဲယုံကြည်လေ့ရှိပြီး ဘုရားသခင်၏ အစီအမံကို နားလည်သဘောပေါက်သည့် ပုံစံနှင့် ဘုရားသခင်လုပ်ဆောင်သမျှ အရာအားလုံးသည် ကိုယ်တော့်မှာ လူ့လက်ခုပ်ထဲ ရှိဘိသည့်အလား ကျမ်းစာအရ အဓိပ္ပာယ်သတ်မှတ် ဖွင့်ဆိုကြ၏။ လူသားများမှာ လွန်လွန်ကဲကဲပင် ရယ်ဖွယ်ရာဖြစ်နေကြပြီး လွန်လွန်ကဲကဲပင် မာနထောင်လွှားနေကြကာ သူတို့အားလုံးမှာ ချဲ့ကားပြောဆိုခြင်းကို ဝါသနာထုံကြ၏။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏အသိပညာမှာ မည်မျှပင်ကြီးမားနေစေကာမူ သင်သည် ဘုရားသခင်ကို မသိကျွမ်းကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်ဆုံးသောသူ တစ်ယောက်ပင်ဖြစ်ကြောင်း၊ ဘုရားသခင်က ပြီးပြည့်စုံအောင် ပြုပြင်ပေးထားသောလမ်းကို လိုက်မလျှောက်နိုင်၊ ဘုရားသခင်၏ လုပ်ဆာင်ချက်ကိုလည်း အဆုံးစွန်မလိုက်နာနိုင်သောကြောင့် သင်သည် ဘုရားသခင်အား ပြစ်မှားမိပြီဖြစ်ကြောင်း ငါပြောဦးမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးသွမ်းသောများသူသည် အပြစ်ဒဏ်ပေးခြင်းကို ခံကြရလိမ့်မည်” မှ

၂၄။ ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးရှိ အလုပ်၏ ရူပါရုံများနှင့်စပ်လျဉ်း၍မူ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုးထွင်းသိမြင်နိုင်ခြင်း၊ သို့မဟုတ် နားလည်နိုင်ခြင်းတို့ မရှိနိုင်ပေ၊ ထို့အပြင် ယင်းရူပါရုံများသည် ပဟေဠိများအဖြစ် ဆက်လက်တည်ရှိနေသည်။ နောက်ဆုံးသော ကာလတွင် နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးရန် နှုတ်ကပတ်တော်၏ အလုပ်ကိုသာလျှင် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ယင်းသည် ခေတ်အားလုံးကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလသည် နောက်ဆုံးသောကာလထက် မကျော်လွန်သကဲ့သို့ နိုင်ငံတော်ခေတ်ကိုလည်း မကျော်လွန်ပေ၊ ယင်းသည် ကျေးဇူးတော်ခေတ်၊ သို့မဟုတ် ပညတ်တော်ခေတ်ကို ကိုယ်စားမပြုပေ။ နောက်ဆုံးသောကာလအတောအတွင်း အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရှိ အလုပ်အလုံးစုံကို သင်တို့အား ဖော်ပြခြင်းသာ ဖြစ်သည်။ ယင်းမှာ နက်နဲမှုကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ယင်းသို့သော နက်နဲခြင်းကို မည်သည့် လူတစ်ဦးတစ်ယောက်ကမျှ မဖော်ထုတ်နိုင်။ လူတစ်ဦး တစ်ယောက်သည် မည်မျှပင် သမ္မာကျမ်းစာကို နားလည်သည်ဆိုစေကာမူ လူသားသည် သမ္မာကျမ်းစာ၏ အခြင်းအရာကို နားမလည်သောကြောင့် ယင်းသည် စကားလုံးများထက်မပိုပေ။ လူက သမ္မာကျမ်းစာကို ဖတ်သည့်အခါ သမ္မာတရား အချို့ကို သူရနိုင်သည်၊ စကားလုံး အချို့ကို ရှင်းပြနိုင်မည် သို့မဟုတ် ကျော်ကြားသော အဆိုများနှင့် ကိုးကားချက်များကို လေ့လာဆန်းစစ်နိုင်မည်။ သို့သော်လည်း လူအားလုံး မြင်သည်မှာ အသက် မရှိသော စကားလုံးများသာ ဖြစ်ပြီး ယေဟောဝါနှင့် ယေရှုတို့ အလုပ်၏ ရှုခင်းများ မဟုတ်သည့်အတွက် ယင်းစကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်များကိုမူ သူသည် မည်သည့်အခါမျှ ထုတ်နှုတ်နိုင်မည် မဟုတ်ဘဲ လူသားသည် ယင်းအလုပ်၏ နက်နဲခြင်းကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲခြင်းသည် အကြီးမားဆုံး နက်နဲခြင်း ဖြစ်ပြီး လူသားတို့အတွက် အကြီးမားဆုံး ဖုံးကွယ်ထားမှု ဖြစ်ကာ လူသားတို့ မည်သို့မျှ မဖော်ထုတ်နိုင်ပေ။ ဘုရားသခင်၏ အလိုကို သူကိုယ်တိုင်က ရှင်းပြပြီး လူသားအား ဖွင့်ပေးခြင်း မပြုပါက မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက် နားလည်နိုင်မည် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် ယင်းတို့သည် လူသားအတွက် အစဉ်အမြဲ ပဟေဠိဖြစ်နေပြီး ချိတ်ပိတ်ထားသော နက်နဲရာများအဖြစ် အစဉ်အမြဲ ရှိနေမည်ဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းမှ သူတို့ကို စိတ်မပူကြလင့်၊ သင်တို့သည် ယနေ့တွင် ပြောဆိုခြင်းမခံရလျှင် သင်တို့သည် နားလည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤနှစ်ပေါင်း ခြောက်ထောင် အလုပ်သည် ပရောဖက်များ ဟောကြားချက်အားလုံးထက် ပိုမို၍ နက်နဲရှုပ်ထွေးသည်။ ယင်းသည် ဖန်ဆင်းသည့် အချိန်မှစ၍ အနက်နဲဆုံးဖြစ်ပြီး ယခင်က ဖော်ထုတ်ခဲ့ခြင်း မရှိဘဲ နောက်ဆုံးခေတ်တွင်မှသာ ဖော်ထုတ်မည် ဖြစ်သောကြောင့် ဤနက်နဲခြင်းကို မည်သည့် ယခင်က ပရောဖက်မှ နားမလည်နိုင်သေးပေ။ သင်တို့သည် ဤနက်နဲခြင်းကို နားလည်ပြီး အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့လျှင် ယင်းဘာသာရေး ပုဂ္ဂိုလ်များသည် ဤနက်နဲခြင်း၏ သိမ်းပိုက် အောင်မြင်ခြင်းကို ခံကြရလိမ့်မည်။ ဤအရာသည်သာလျှင် အကြီးကျယ်ဆုံး ရူပါရုံ ဖြစ်ပြီး လူသားတို့ နားအလည်ချင်ဆုံး အရာဖြစ်သော်လည်း သူ့အတွက် မရှင်းလင်းဆုံး အရာလည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

အောက်ခြေမှတ်စု(များ)-

က။ သစ်တုံးခြောက်တစ်ခု- “မကူညီနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

ယခင်က:ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ

နောက်တစ်ခုသို့:၂။ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သော သမ္မာတရား အကြောင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်မျာ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ