အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၅။ ဘုရားသခင်ကို ဆန့်ကျင်သည့် ဘာသာရေးလောက၏ အနှစ်သာရကို ခွဲခြားသိမြင်ပုံ

၂) ဘာသာရေးသင်းအုပ်များနှင့် အကြီးအကဲများသည် ဖာရိရှဲများ၏လမ်းကြောင်းကို လျှောက်နေကြသည်ဟု အဘယ်ကြောင့် ပြောရသနည်း။ သူတို့၏ အနှစ်သာရမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သောသူတို့ အား ဥယျာဉ်ကိုငှါး၍၊ အခြားသောပြည်သို့သွားလေ၏။ ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှါ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။ ထိုသူသည် ငယ်သားကိုဘမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။ နောက်တဖန်အခြားသော ငယ်သားကိုသူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ် သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အယှက်ခွဲပြီးမှ လွှတ်ချလိုက်ကြ၏။ အခြားသောသူငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့ကိုရိုက်ကြ၏။ အချို့တို့ကိုသတ်ကြ၏။ ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတယောက်တည်းရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့ သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊ ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှသတ်၍ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ၏။ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင် ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။” (မာ ၁၂:၁-၉)

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။...မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။” (မ ၂၃:၂၉-၃၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ရသည်ကို ခုံမင်ကြသည်။ သူတို့၏ ညီအစ်ကို မောင်နှမများရှေ့တွင် သူတို့သည် ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်ရှိနေသည်ဟု ပြောသည်။ သို့သော် နောက်ကွယ်တွင်မူ သူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ လုံးလုံးလျားလျား ခြားနားသောအရာများ ပြုလုပ်ကြသည်။ သူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး သမ္မာတရား ရှိသောသူသည် ဘုရားသခင်ကို သစ္စာစောင့်သိသူဖြစ်ပြီး အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ သူသည် ကိစ္စများ ပေါ်လာချိန်တွင် သမ္မာတရားကို လက်တွေ့ကျင့်သုံးလိုပြီး သူ၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်း ပြုလုပ်လေ့ မရှိပေ။ သူသည် ကိစ္စများပေါ်လာချိန်တွင် သူ၏ဉာဏ်ပညာအား သိသာထင်ရှားစေလေ့ရှိပြီး အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြု၏။ ထိုကဲ့သို့သောသူသည် အမှန်တကယ် အစေခံသောသူ ဖြစ်သည်။ ဘုရားသခင်ထံ ကျေးဇူးကြွေးတင်နေခြင်းကို နှုတ်ဖြင့် တဖွဖွပြောသူတချို့ ရှိသည်။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို ပူပန်ပြီး မျက်မှောင်ကုတ်ကာ ကုန်လွန်စေလေ့ရှိသည်၊ လေကြီးမိုးကြီး ဟန်လုပ်တတ်သည့်အပြင် စိတ်ဆင်းရဲဟန်လည်း ယောင်ဆောင်တတ်ကြသေးသည်။ မည်မျှ စက်ဆုပ်ရွံရှာဖွယ် ကောင်းသနည်း။ “ဘုရားသခင်ထံ၌ မည်သို့ အကြွေးတင်နေသနည်း။ ပြောပြပါ” ဟု သူတို့အား မေးလျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင် လူရှေ့တွင် ထိုအကြောင်းကို မပြောဘဲ ဘုရားသခင်ကို သင်အမှန်တကယ် ချစ်ကြောင်း ပြသဖို့အတွက် သင်၏ လက်တွေ့ကျင့်သုံးမှုအမှန်ကို အသုံးပြုလော့၊ စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ ဘုရားသခင်နှင့် ပြောဆိုဆက်ဆံသော အခါ၌ စကားသာ ပြောသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့တို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေကြောင်း ပြောကာ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းပင် မပါဘဲ သူတို့ ဆုတောင်းသည့် အခါတိုင်း ငိုကြွေးတတ်ကြသေးသည်။ ထိုသို့သော လူများသည် ဘာသာရေး ထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများဖြစ်ကာ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ၌ ဘာသာရေး ကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ၌ကျသော ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သောထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများထံမှ မည်သည့်ကောင်းကျိုး ရနိုင်မည်နည်း။ အချို့က မိမိတို့၏ နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝ မရှိတော့သည့် သိုးသူငယ်ကဲ့သို့ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။...

ထိုသို့သော ဘာသာရေးသမားများ စုရုံးကြသည့်အခါတိုင်း သူတို့က “ညီမ၊ ဒီရက်ပိုင်း ဘယ်လိုနေသလဲ” ဟုမေးကြပြီး အမေးခံရသောသူကလည်း “ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်သလို ခံစားမိပြီး သူ့နှလုံးသား အလိုဆန္ဒကို ပြည့်မီအောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်” ဟုပြန်ဖြေတတ်ကာ အခြားတစ်ယောက်ကလည်း “ငါလည်း ဘုရားသခင်အပေါ် ကျေးဇူးကြွေးတင်နေပြီး ဘုရားသခင်ကျေနပ်အောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူး” ဟုပြောတတ်သည်။ အထက်ပါ ဝါကျအချို့နှင့် စကားလုံးအချို့ကပင် သူတို့၏နှလုံးသား အနက်ရှိုင်းဆုံးနေရာ၌ ရှိနေသည့် ညစ်ညူးသော အရာများကို ဖော်ပြနေသည်။ ထိုစကားများသည် စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်သည်၊ အလွန်အမင်း မနှစ်မြို့ဖွယ်ဖြစ်သည်။ ထိုသို့သောလူများ၏ သဘာဝဗီဇသည် ဘုရားသခင်ကို ဆန့်ကျင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည်” မှ

ဘုရားကျောင်း၌ဝတ်ပြုခြင်း

သင်သည် သင့်သဘာဝ ပင်ကိုစရိုက်နှင့် သင့်ပုဂ္ဂိုလ်ရေး အကြိုက်များအရသာ ဘုရားသခင်အား အစေခံခြင်း ဖြစ်သည်၊ ထို့အပြင် သင်လုပ်ချင်သည့် အရာတိုင်း၌ ဘုရားသခင် ကျေနပ်ပြီး သင်လုပ်ချင်စိတ် မရှိသည့် အရာတိုင်းကို မုန်းသည်ဟု တွေးထင်လျက်ရှိနေသည်၊ ထို့အပြင် သင်၏ လုပ်ဆောင်မှုထဲတွင် သင်သည် မိမိကိုယ်ပိုင် ကြိုက်နှစ်သက်မှုများ၏ လုံးလုံးလျားလျား လမ်းညွှန်ခြင်းကို ခံနေရသည်။ ထိုအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်နိုင်မည်လော။ နောက်ဆုံး၌ သင့်အသက်တာ၏ စိတ်သဘောထားသည် ဆံခြည်တစ်မျှင်မျှပင် ပြောင်းလဲလိမ့်မည် မဟုတ်၊ ယင်းအစား သင်သည် ဘုရားသခင်ကို အစေခံနေပြီ ဖြစ်သည့်အတွက် ပို၍ပင် ခေါင်းမာလာလိမ့်မည် ဖြစ်ပြီး ထိုအရာက သင်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နက်ရှိုင်းစွာ အရိုးစွဲသွားစေလိမ့်မည်။ ထိုနည်းအားဖြင့် သင်၏ ကိုယ်ပိုင် ပင်ကိုစရိုက်အပေါ်နှင့် မိမိကိုယ်တိုင်၏ စိတ်သဘောထားနှင့်အညီ အစေခံခြင်းမှ ရရှိလာသည့် အတွေ့အကြုံအပေါ် အဓိကအားဖြင့် အခြေခံထားသည့် ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းများကို အတွင်းကျိတ် ချမှတ်လိမ့်မည်။ ထိုအရာသည် လူ့အတွေ့အကြုံအားဖြင့် ရလာသော သင်ခန်းစာဖြစ်ပေသည်။ ယင်းသည် လူသား၏ ဘဝဒဿန ဖြစ်ပေသည်။ ထိုသို့သောသူတို့သည် ဖာရိရှဲနှင့် ဘာသာရေး အမှုဆောင်တို့နှင့် သက်ဆိုင်ကြသည်။ သူတို့သည် မည်သည့်အခါမျှ နိုးထ၍ နောင်တမရလျှင်မူ အဆုံး၌ နောက်ဆုံးသော ကာလတွင် ပေါ်လာမည့် ခရစ်တော်အတုအယောင်များ ဖြစ်သွားကြပြီး၊ လူသားများကို လှည့်ဖြားသောသူများ ဖြစ်သွားကြမည်။ ပြောခဲ့ပြီးသည့် ခရစ်တော်အတုအယောင်များနှင့် လှည့်ဖြားသောသူတို့သည် ထိုသို့သော ပုဂ္ဂိုလ်မျိုးကြားမှ ပေါ်လာမည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော ထိုသူတို့သည် မိမိတို့၏ပင်ကိုစရိုက်နောက်ကိုလိုက်ပြီး ကိုယ့်ဆန္ဒအရ ပြုမူကြမည်ဆိုပါက အချိန်မရွေး မောင်းထုတ်ခြင်း ခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ နှလုံးသားကို သိမ်းသွင်းရန်၊ ၎င်းတို့ကို သွန်သင်ရန်နှင့် ချုပ်ထိန်းရန်၊ ထို့အပြင် အထက်စီး၌နေရန် ဘုရားသခင်အား အစေခံခြင်းဆိုင်ရာ နှစ်များစွာသော အတွေ့အကြုံကို အသုံးချလျက် မည်သည့်အခါမျှ နောင်တမရသောသူများ၊ အပြစ်များကို ဝန်ချမတောင်းပန်သောသူများနှင့် သူတို့ရာထူးနေရာ၏အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများသည် ဘုရားသခင်ရှေ့မှောက်တွင် ကျရှုံးကြလိမ့်မည် ဖြစ်သည်။ ထိုသူတို့သည် ပေါလုကဲ့သို့ ပုံစံမျိုးဖြစ်ကြပြီး ၎င်းတို့၏ဝါရင့်မှုကို ရောင့်တက်သောသူနှင့် ၎င်းတို့၏ အရည်အချင်းများကို ဝါကြွားသော သူကဲ့သို့ ဖြစ်ပေသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို စုံလင်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အလုပ်ကို တားဆီးနှောင့်ယှက်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည်” မှ

ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံ၏ ကန့်သတ်ခြင်းများ မရှိသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါကကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန်အတွက် ကားတိုင်၌ အသေခံဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့သွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ

သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူလုပ်ဆောင်သည့် အလုပ်အားလုံးကို သင်ယုံကြည်ရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သောကြောင့် ဘုရားသခင်ကို နာခံရမည်။ မနာခံနိုင်လျှင် ဘုရားသခင်ကို သင်ယုံသည်၊ မယုံဘူးဟူသည့် အချက်သည် အရေးမကြီးတော့။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ကြာသည်အထိ ယုံကြည်ခဲ့သော်လည်း ဘုရားသခင်ကို တစ်ခါမျှ မနာခံဖူးလျှင် (သို့မဟုတ်) သူ၏ နှုတ်ကပတ်တော် အားလုံးကို လက်မခံဖူးဘူးဆိုလျှင်၊ ထိုအစား ဘုရားသခင်အား သင်၏ အကြံအစည်များအတိုင်း ပြုမှုရန်နှင့် သင့်ကို လိုက်လျောရန် တောင်းဆိုမည်ဆိုလျှင် သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ ဖြစ်သည်၊ သင်သည် မယုံကြည်သူ တစ်ဦးပင်ဖြစ်သည်။ ထိုသို့သော သူတစ်ဦးက လူတို့၏ အယူအဆနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များကို မည်သို့ နာခံနိုင်သနည်း။ အပုန်ကန်ဆုံး သူသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်၊ အာခံသူ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ရန်သူ၊ အန္တိခရစ် ဖြစ်သည်။ ထိုသို့သောသူသည် ဘုရားသခင်၏အမှုသစ်အပေါ် ရန်လိုသော သဘောထားကို အစဉ်တစိုက် ကိုင်စွဲထားပြီး နာခံလိုသည့်သဘော နည်းနည်းလေးမျှမရှိ၊ နာခံလိုစိတ်ကို လိုလိုလားလား တစ်ခါမျှ မပြဖူး၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် တစ်ခါမျှ မနှိမ့်ချဖူးပေ။ သူသည် အခြားလူများရှေ့၌ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်လေ့ရှိပြီး မည်သူ့ကိုမျှ မနာခံဖူးပေ။ ဘုရားသခင်၏ရှေ့၌ သူသည် သူ့ကိုယ်သူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံးသူ၊ အခြားသူများကို ပြုပြင်ရာတွင် အကျွမ်းကျင်ဆုံးသူအဖြစ် သတ်မှတ်လေ့ရှိသည်။ သူသည် လက်ဝယ်ပိုင်ဆိုင်ထားပြီးသော “အဖိုးတန်ရတနာများ” ကို ဘယ်တော့မျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်နှင့် သူ့ကို ဘုရားကဲ့သို့ ကိုးကွယ်ကြသော အရူးများကို သင်ကြားပို့ချရန်အတွက် ထိုပစ္စည်းများကို ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းများအဖြစ် သတ်မှတ်အသုံးပြုသည်။ အသင်းတော်ထဲ၌ ထိုသို့သောသူများမှာ အရေအတွက် အတိုင်းအတာ တစ်ခုအထိရှိသည်။ သူတို့ကို ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယာယီနေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းကြီးများ” ဟုခေါ်နိုင်သည်။ သူတို့သည် နှုတ်ကပတ်တော်များအား (အယူဝါဒ) ဟောပြောခြင်းကို ၎င်းတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးအမြတ်ထားပြီး မချိုးဖောက်အပ်သော” တာဝန်ကို အခြားသူများ လိုက်နာလုပ်ဆောင်အောင် သူတို့သည် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို ပေါ်ပေါ်ထင်ထင် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို အာဏာရှင်တစ်ဦးကဲ့သို့ ဆက်ဆံပြီး ပွားများနေကြလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်မိစ္ဆာအဖွဲ့သည် အချင်းချင်းလက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်၊ အသက်ရှင်နေသော ထိုနတ်မိစ္ဆာများကို အဘယ်သို့ ငါ့မျက်စိရှေ့၌ ဆက်လက်နေထိုင်ခွင့် ပေးနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်” မှ

လူအများအပြားသည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိဉာဏ်နှင့် အယူဝါဒ အနည်းငယ်သာရှိသောကြောင့် ဘုရားသခင်ကို ဆန့်ကျင်၍ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်ပါလော။ ထိုကဲ့သို့သောသူများ၏ အတွေ့အကြုံများသည် အပေါ်ယံသာဖြစ်သော်လည်း ထိုသူတို့သည် သဘောသဘာဝအားဖြင့် မာနထောင်လွှားလျက် စိတ်အလိုလိုက်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရွံရှာစက်ဆုပ်စရာအဖြစ် သဘောထား၍ သန့်ရှင်းသောဝိညာဉ်တော်၏ စည်းကမ်းများကို လျစ်လျူရှုသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အတည်ပြုရန် ၎င်းတို့၏ ဟောင်းနွမ်းသော ပေါ့တန်သည့် လျှောက်လဲချက်များကို အသုံးပြုကြ၏။ ထိုသူတို့သည် ဟန်ဆောင်ခြင်းလည်းပြု၍ ၎င်းတို့၏ ကိုယ်ပိုင်အတတ်ပညာနှင့် စာပေကျမ်းဂန်နှံ့စပ်မှုအပေါ်၊ ထို့ပြင် ၎င်းတို့ ကမ္ဘာတစ်ဝှမ်း ခရီးသွားနိုင်စွမ်းအပေါ် လုံးဝယုံကြည်နေကြ၏။ ထိုကဲ့သို့သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီး၍ ငြင်းပယ်သူများ မဟုတ်ပါလော။ ထိုသူများကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်ပါလော။ ဘုရားသခင်၏ ရှေ့မှောက်သို့လာ၍ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် အမြင်တိုသူ လူကလေးများ၊ ၎င်းတို့မည်မျှတော်ကြောင်း ပြရန်သာ ကြိုးစားနေသူများ မဟုတ်ပါလော။ ကျမ်းစာအနည်းအကျဉ်း တတ်ရုံဖြင့် ထိုသူတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို ခွရန်ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံအယူဝါဒဖြင့် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပြောင်းပြန်လှန်ရန် ကြိုးစားကြသည့်အပြင် ထိုအမှုကို ၎င်းတို့တွေးခေါ်ပုံ နည်းလမ်းအဆင့်ဆင့်၌သာ ဗဟိုပြုထားစေရန် ကြိုးစားကြ၏။ ထို့အပြင် ၎င်းတို့သည် အမြော်အမြင် တိုတောင်းသည့်အတွက် ဘုရားသခင်၏အနှစ် ၆၀ဝ၀ အမှုကို တစ်ချက်ကလေးကြည့်ရန် ကြိုးစားကြ၏။ ထိုသူတို့တွင် စကားပြောစရာ အကြောင်းရင်း တစ်စုံတစ်ရာ မရှိပါတကား။ အကယ်စင်စစ်မူ လူတို့၌ ဘုရားသခင်အကြောင်း အသိဉာဏ်များလေလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်၏ ယနေ့အမှုအကြောင်း သူတို့၏အသိဉာဏ် အနည်းငယ်ကိုသာ ပြောဆို၏။ သို့သော် ထိုသူတို့သည် ဝေဖန်ရာတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို ယုံကြည်ခြင်းလွန်ကဲမှုတို့ များလေလေဖြစ်၍ ဘုရားသခင်၏ ဖြစ်ခြင်းအကြောင်းကို ဖျက်လိုဖျက်ဆီး ပိုမိုပြောလေလေဖြစ်၏၊ သို့ရာတွင် ထိုသူတို့သည် သဘောတရားများကိုသာ ပြောဆို၍ စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသူတို့တွင် တန်ဖိုးလုံးဝ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ရပ်အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်းမရှိသူတို့၊ အလျင်အမြန် ဝေဖန်သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ မှန်ကန်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ သဘာဝဗီဇကို လွတ်လပ်ခွင့်ပေးထားသူတို့နှင့် စော်ကားပုတ်ခတ် ပြောဆိုမှုများလည်း ပြုလုပ်သူတို့၊ စသဖြင့် ထိုသို့လေးစားမှုမရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအကြောင်း အသိဉာဏ်ကင်းမဲ့သူများ မဟုတ်ပါလော။ ထို့အပြင် ထိုသူတို့သည် မာနထောင်လွှားသူများ၊ နဂိုစိတ်သဘောအရ မာနကြီး၍ ထိန်းမရသူများ မဟုတ်ပါလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်သော်မှ ဘုရားသခင်သည် ထိုသူတို့ကို သည်းခံလိမ့်မည် မဟုတ်ပေ။ ထိုသူတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက ဘုရားသခင်ကိုယ်တိုင်ကိုပင် ပုတ်ခတ်ပြောဆိုကြ၏။ ထိုကဲ့သို့ မိုက်ရူးရဲပြုမူသူများသည် ဤကာလ၌သော်လည်းကောင်း၊ နောက်ကာလ၌သော်လည်းကောင်း ခွင့်လွှတ်ခြင်းခံရမည် မဟုတ်ဘဲ ငရဲတွင် ထာဝရပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ထိုသို့သော လေးစားမှုကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြ၍ ၎င်းတို့ ဟန်ဆောင်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ အုပ်ချုပ်မှုအမိန့်များကို စော်ကားရန် အလားအလာများလေလေ ဖြစ်သည်။ ပင်ကိုအရင်းခံ စိတ်သဘောအရ ထိန်းချုပ်ထားခြင်း မရှိသော၊ တစ်ခါမျှ မည်သူ့ကိုမျှ နာခံခဲ့ဖူးခြင်းမရှိသော ထိုမာနထောင်လွှားသူ အားလုံးတို့သည် ဤလမ်းကြောင်းပေါ်တွင် လျှောက်ကြသည် မဟုတ်ပါလော။ ထိုသူတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်၍ မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်ပါလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူတို့သည် ဘုရားသခင်တစ်ဖက် ဆန့်ကျင်ရပ်တည်သောသူများဖြစ်ကြပြီး၊ ထို့ထက်မက ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို ဂရုပြုမိသော်ငြားလည်း ဘုရားသခင်ကို ကျေနပ်စေခြင်းအလို့ငှာ မကြိုးစားသော သူတို့သည် ဘုရားသခင်တစ်ဖက် သာ၍ပင် ဆန့်ကျင်ရပ်တည်သောသူများဖြစ်ကြ၏။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်ကြသည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် အသုံးမကျသောသူများဖြစ်၍ ဆိုးရွားသောသူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏နာမကို ကိုင်ဆောင်ပြတတ်သော်လည်း ဘုရားသခင်ကို တမင်ဆန့်ကျင်တတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားကြသော်လည်း သူတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်သောသူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သောသူအားလုံးသည် လူ့ဝိညာဉ်ကို ဝါးမျိုတတ်သည့် မာရ်နတ်များ ဖြစ်ကြပြီး၊ မှန်ကန်သောလမ်းသို့ ခြေလှမ်းရန် ကြိုးစားသူတို့ကို ရည်ရွယ်ချက်ရှိစွာဖြင့် အနှောင့်အယှက်ပေးတတ်သော နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်ကို ရှာဖွေသောသူတို့၏လမ်းကို ဟန့်တားကြန့်ကြာစေမည့် ခလုတ်တံသင်းများဖြစ်ကြ၏။ သူတို့သည် “အကြမ်းပတမ်းဇာတိခန္ဓာ” များ ဖြစ်ကြသော်လည်း၊ သူတို့သည် အန္တိခရစ်များဖြစ်ကြကာ လူများအား ဘုရားသခင်တစ်ဘက် ဆန့်ကျင်ဘက်ပြုရန် ဦးဆောင်သောသူများဖြစ်ကြောင်း သူတို့၏ နောက်လိုက်များက မည်သို့သိနိုင်မည်နည်း။ ဤသူများမှာ ဝိညာဉ်များကို ဝါးမျိုရန် အထူးသဖြင့် ရှာဖွေနေကြသည့် ရှင်သန်နေသော နတ်ဆိုးများဖြစ်သည်ကို သူတို့သည် မည်ကဲ့သို့သိနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း၏ အကြောင်းရင်းကို သင်တို့သိလိုသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုသလော။ သူတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ သူတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် သူတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်လမ်းကို မသိ၊ သမ္မာတရားလမ်းကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည် မည်သို့မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဦးတည်ရာကို မသိသဖြင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရားလမ်းကို သူတို့မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို နားမလည်ခဲ့သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို မည်သည့်အခါမျှ မြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ မည်သည့်အခါမျှ အဖော်ပြုခြင်း မရှိခြင်းတို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသော ချီးကျူးဂုဏ်ပြုမှုကိုပေးပြီး အမှားပြုခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်၏သြဇာအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု သတ်မှတ်မခံရလျှင် ကိုယ်တော်သည် ခရစ်တော်မဟုတ် ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ယေရှုကို အနည်းငယ်မျှပင် နားမလည်သည့်အတွက် ရှေးအကျဆုံးသော ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန်မလွယ်ကူပေသလောဟု ငါသင်တို့ကို တစ်ဖန်ပြန်မေး၏။ သင်သည် သမ္မာတရားလမ်းကို သိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်နောက် လိုက်နိုင်မည်လော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက သင်သည် သေခြင်း၏ချောက်ကမ်းပါးတွင် နေလျက်ရှိနေပြီဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူခပ်သိမ်းသည် ယေရှုကိုဆန့်ကျင်ခြင်း၊ ယေရှုကိုငြင်းပယ်ခြင်း၊ သူ့ကို အသရေဖျက်ခြင်းများ လုပ်နိုင်စွမ်းရှိခဲ့သည်။ ယေရှုကို နားမလည်သူခပ်သိမ်းသည် သူ့ကို ငြင်းပယ်ခြင်းနှင့် သူ့ကို ဝေဖန်ပုတ်ခတ်ခြင်းများ ပြုနိုင်စွမ်းရှိသည်။ ထို့အပြင် သူတို့အားလုံးသည် ယေရှုတစ်ဖန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုဟု မြင်နိုင်စွမ်းရှိကြပြီး ယေရှုခရစ် လူ့ဇာတိတစ်ဖန်ခံယူ၍ ပြန်လာခဲ့သည်ကို သာ၍များသောလူတို့က ရှုတ်ချလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို ကြောက်ရွံ့စိတ် မပေါ်စေသလော။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်မှ အသင်းတော်တို့ကို ပြောသည့် နှုတ်ကပတ်တော်များကို ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှုထုတ်ဖော်ပြောဆိုခဲ့သည့် အရာခပ်သိမ်းကို ပစ်ပယ်ခြင်းတို့နှင့် သင်တို့ရင်ဆိုင်ရမည်။ အကယ်၍ သင်တို့သည် ဤမျှစိတ်ရှုပ်ထွေးနေပါက ယေရှုထံမှ မည်သည့်အရာ ရယူနိုင်မည်နည်း။ သင်တို့၏အမှားများကို အသိအမှတ်ပြုရန် ခေါင်းမာစွာ ငြင်းဆိုပါက ဖြူသောမိုးတိမ်ပေါ်မှ လူ့ဇာတိသို့ ယေရှုပြန်ကြွလာချိန်တွင် သူ၏ အမှုတော်ကို သင်တို့သည် မည်သို့နားလည်နိုင်မည်နည်း။ သမ္မာတရားကို လက်မခံသော်လည်း ဖြူသောမိုးတိမ်ပေါ်မှ ယေရှုကြွလာသည်ကို ကြောင်းကျိုးမမြင် စောင့်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမည်မှာသေချာပြီး ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်မည့် အမျိုးအစားဖြစ်ကြောင်း ငါသင်တို့ကိုပြော၏။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုသာ လိုလား၍ ပျော်ရွှင်ဖွယ်ရာ ကောင်းကင်ဘုံကိုသာ ခံစားလိုကြသော်လည်း ယေရှုပြောသော နှုတ်ကပတ်တော်များကို မည်သည့်အခါကမျှ နာခံခဲ့ခြင်းမရှိဘဲ သူလူ့ဇာတိသို့ တစ်ဖန်ကြွလာချိန်တွင် သူထုတ်ဖော်ပြောခဲ့သည့် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံရရှိခြင်း မရှိခဲ့ပေ။ ဖြူသောမိုးတိမ်ပေါ်မှ ယေရှုတစ်ဖန်ကြွလာသည့်အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို ခိုင်မြဲစွာ ကိုင်ဆွဲထားမည်နည်း။ အပြစ်များ ကြိမ်ဖန်များစွာကျူးလွန်၍ ထပ်တလဲလဲ အပြစ်ဝန်ခံသည့် သင်တို့၏ ရိုးဖြောင့်မှုလော။ ဖြူသောမိုးတိမ်ပေါ်မှ တစ်ဖန်ကြွလာသည့်ယေရှုအတွက် သင်တို့ မည်သည့်အရာကို ဆက်ကပ်ပူဇော်မည်နည်း။ သင်တို့ကိုယ်သင်တို့ချီးမြှောက်သည့် နှစ်ပေါင်းများစွာသော အလုပ်ကိုလော။ တစ်ဖန်ပြန်ကြွလာသည့် ယေရှုအနေဖြင့် သင်တို့အပေါ် ယုံကြည်စိတ်ချစေရန် သင်တို့မည်သည့်အရာကို ကိုင်ဆွဲထားမည်နည်း။ မည်သည့်သမ္မာတရားကိုမျှ လိုက်နာခြင်းမရှိသည့် သင်တို့၏ ဝင့်ဝါသောသဘာဝလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်” မှ

မာရ်နတ်များ နှင့် ဆိုးသွမ်းသော ဝိညာဉ်များသည် ကမ္ဘာမြေကြီးပေါ်၌ ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏ အလိုတော်နှင့် အပတ်တကုတ် လုံ့လစိုက်ထုတ်ခြင်းတို့ကို ပိတ်ပင်တားဆီးခဲ့ကာ ၎င်းတို့ကို မဖောက်ထွင်း နိုင်အောင် ပြုသည်။ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့လျှင် မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့လျှင် အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ဆန့်ကျင်ခြင်းနှင့် ကြီးလေးသော အဟန့်အတားကို ဖြစ်ပေါ်စေသည်။ အလွန်အမင်း ပုန်ကန်သည်တကား။ ထိုမာရ်နတ်အကြီး အငယ်တို့သည်ပင် သာ၍တန်ခိုးကြီးသော မာရ်နတ်၏ ခွန်အားကို မှီ၍ မောက်မာလာကြပြီး ခလောက်ဆန်ရန် စတင်တော့သည်။ ၎င်းတို့သည် သမ္မာတရားကို ရှင်းလင်းစွာ နားလည်သော်လည်း တမင်တကာ ခုခံကြ၏။ ပုန်ကန်ခြင်း၏ သားများပါတကား။ ၎င်းတို့၏ ငရဲဘုရင်သည် ယခု၌ မင်းမြောက်ပလ္လင်သို့ တက်ခဲ့ ပြီးဖြစ် သည့်အတွက် ၎င်းတို့သည် မာန်ဝင့်လာကြပြီး အခြားသူများ အားလုံးကို အထင်အမြင်သေးစွာ ဆက်ဆံသည့်အလား ဖြစ်သည်။ မည်မျှတို့သည် သမ္မာတရားကို ရှာဖွေ၍ ဖြောင့်မတ်ခြင်း တရားကို လိုက်လျှောက်သနည်း။ ၎င်းတို့ အားလုံးသည် ဝက်များနှင့် ခွေးများကဲ့သို့ သားရဲများ ဖြစ်ကြပြီး ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်း၍ ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်ရန် နောက်ချေးပုံထဲသို့ နံဟောင်သော ယင်ကောင် တစ်အုပ်ကို ဦးဆောင်လေသည်။ ၎င်းတို့သည် အပုပ်အပျက်ပေါ်မှ ယင်ကောင်များထက် ဘာမှမပိုသည်ကို သဘောပေါက်ခြင်းမရှိဘဲနှင့် ၎င်းတို့၏ငရဲဘုရင်သည် ဘုရင်များထဲတွင် အသာလွန်ဆုံးသော ဘုရင်ဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြသည်။ ထိုမျှသာမကဘဲ ၎င်းတို့သည် မိမိတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများကို အားကိုး၍ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် ပတ်သက်၍ သွားပုပ်လေလွင့် မှတ်ချက်များ ပြုကြသည်။ မှုန်မွှားသေးငယ်လှသော ယင်ကောင်များသည် ၎င်းတို့၏ မိဘများကို သွားပေါက်သော ဝေလငါး သမျှ ကြီးမားလှသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သေးကွေးလှသော်လည်း ၎င်းတို့၏ မိဘများမှာ ၎င်းတို့ထက် ကုဋေတစ်ရာမျှ သာ၍ ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့် ခွေးများ ဖြစ်ကြောင်းကို သဘောမပေါက်ကြသလော။ မိမိတို့၏ နိမ့်ကျခြင်းကို သတိမမူဘဲ ၎င်းတို့သည် ထိုဝက်များနှင့် ခွေးများတို့၏ ပုပ်စပ်သော အနံ့အသက်ကို အခြေခံ၍ ဒေါသတကြီး လျှောက်ရမ်းပြီး အနာဂတ်မျိုးဆက်များကို ပေါက်ပွားရန် ယုံမှားသော အကြံအစည် ရှိကြသည်။ ယင်းမှာ အကြွင်းမဲ့ပင် အရှက်မဲ့ခြင်းတည်း။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများနှင့် (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာ ဆိုခြင်းကို ရည်ညွှန်း၏) ၎င်းတို့သည် မိမိတို့၏ မစင်ကြယ်မှုများကို လူသားထံသို့ လျှို့ဝှက်စွာ စွန့်ပစ်နေရင်း မိမိတို့ကိုယ်ပိုင်၏ အလှတရားနှင့် ဆွဲဆောင်မှုတိုကို အရပ်တကာ၌ ကြွားဝါကာ စတင်၍ စိတ်ကြီးဝင်လာ ကြသည်။ ၎င်းတို့၏ မစင်ကြယ်မှုများကို သက်တံရောင် တောင်ပံတစ်စုံက ဖုံးကွယ်ပေးနိုင်သည့်အလား ၎င်းတို့သည် မာန်ဝင့်၍ပင် နေကြပြီး ဤနည်းနှင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ ဖြစ်တည်မှုကို နှိပ်ကွပ်သည် (ဤသည်မှာ ဘာသာရေးလောက၏ အတွင်းဇာတ်လမ်းကို ရည်ညွှန်းသည်)။ ယင်ကောင်၏ တောင်ပံများသည် လှပ၍ နှစ်သက်ကြည်နူးဖွယ် ကောင်းသော်ငြားလည်း စင်စစ်တွင်မူ ၎င်းသည် ညစ်ညူး ခြင်းနှင့် ပြည့်နှက်လျက် ရောဂါပိုးများနှင့် ပေကျံနေသော မှုန်မွှားသေးငယ်လှသည့် ယင်ကောင် တစ်ကောင် ထက် ဘာမျှမပိုဆိုခြင်းကို လူသားသည် လုံးဝမသိပေ။ ၎င်းတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများ၏ ခွန်အားကိုမှီ၍ ၎င်းတို့သည် အလွန်အမင်း ကြမ်းကြုတ်ရက်စက်စွာ့ ကုန်းမြေတစ်လျှောက် ဒေါသတကြီး ပတ်ရမ်းနေကြသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို သစ္စာဖောက်သော နိုင်ငံတော်၏ အင်တိုက်အားတိုက် ထောက်ခံမှုကို အခြေပြု၍ ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ကြသည့် ဘာသာရေး ခေါင်းဆောင်များကို ရည်ညွှန်းသည်)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲများ၏ ဝိညာဉ်တို့သည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံဆီသို့ ပြန်လာခဲ့ပြီး ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာခဲ့သည့် အလားပင် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို နှစ်ထောင်ပေါင်း အချို့မျှ ဆက်လက် သက်ဆိုး ရှည်စေရင်း မိမိတို့၏ ညှဉ်းပန်းနှိပ်စက်သော အလုပ်ကို တစ်ဖန်ပြန်လည် စတင်ခဲ့သည်။ အကျင့်ပျက်သော ဤလူစုသည် အဆုံးတွင် ကမ္ဘာမြေကြီးပေါ်၌ ပျက်ယွင်းမည်မှာ သေချာ၏။ နှစ်ထောင်ပေါင်းအချို့အကြာတွင် မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားလာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို လျှို့ဝှက်စွာ ယုတ်လျော့အောင်ပြုရန် နည်းလမ်းများကို အစဉ်တစိုက်ပင် တွေးတော သည်။ ၎င်းတို့သည် စဉ်းလဲပြီး ကလိမ်ကျတတ်ကာ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်တစ်ဖန် ဖြစ်လာစေရန် ဆန္ဒရှိကြသည်။ ထိုအရာသည် ဘုရားသခင်ကို ကျယ်လောင်စွာ အော်ဟစ်ရန် စေ့ဆော်လုနီးပါး ဖြစ်ပြီး ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ တတိယ ကောင်းကင်ဘုံသို့ ပြန်ကြွသွားလိုခြင်းကို ဘုရားသခင်သည် မနည်းထိန်းနေရ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

အောက်ခြေမှတ်စု(များ)-

၁။ “ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် မည်သို့ သောင်းကျန်းကြမ်းတမ်းပုံ၊ ဘုရားသခင်၏ အမှုကို ဟန့်တား၍ ဆန့်ကျင်ကြပုံကို ရည်ညွှန်းသည်။

၂။ “သွားပေါက်သော ဝေလငါး” ဆိုသည်မှာ သရော်သည့် သဘောနှင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှပုံမှာ ဝက်များနှင့် ခွေးများပင် ၎င်းတို့အတွက် သွားပေါက်သော ဝေလငါးတမျှ ကြီးသည်ဟု မြင်ရပုံကို တင်စားဆိုထားခြင်း ဖြစ်သည်။

ယခင်က:သခင်ယေရှုသည် ဖာရိရှဲများကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဖာရိရှဲများ၏ အနှစ်သာရမှာ အဘယ်နည်း။

နောက်တစ်ခုသို့:ဘုရားသခင်၏ အသစ်သောအမှုတော် အဆင့်တိုင်းသည် အဘယ်ကြောင့် ဘာသာရေးလောက၏ ပြင်းထန်သည့် ဆန့်ကျင်မှုနှင့် ရှုတ်ချခြင်းကို ရင်ဆိုင်ရသနည်း။ အဓိကအကြောင်းရင်းမှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ