အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၅။ ဘုရားသခင်ကို ဆန့်ကျင်သည့် ဘာသာရေးလောက၏ အနှစ်သာရကို ခွဲခြားသိမြင်ပုံ

၅) ဘာသာတရားတွင် ဘုရားသခင်ကိုယုံကြည်ပြီး ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်မှု ခံစားရသူတစ်ဦး၏ အကျိုးဆက်ကား အဘယ်နည်း။ လူတစ်ဦးသည် ဘုရားသခင်ကို ဤနည်းလမ်းဖြင့် ယုံကြည်ပါက ကယ်တင်ခြင်းရနိုင်သလော။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။” (မ ၁၅:၁၄)

ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။” (ဟေရှာ ၉:၁၆)

ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။... သူတို့သည် ဘုန်းတိုးပွားသည်အတိုင်း ငါ့ကို ပြစ်မှားကြပြီ။ သို့ဖြစ်၍၊ သူတို့၏ ဘုန်းကို ငါအရှက်ကွဲ စေမည်။ ငါ့လူတို့၏ အပြစ်ဖြေရာ ယဇ်တို့ကို စားလျက် နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။ ထိုကြောင့်၊ လူတို့၌ ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ် ၌ ဖြစ်လိမ့်မည်။ သူတို့အကျင့်များကို ငါစစ်ကြော၍၊ အသီး အသီးပြုမူသမျှအတိုင်းအကျိုး အပြစ်ကိုပေးမည်။” (ဟော ၄:၆-၉)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသား၏စိတ်ထဲရှိအလုပ်ကို လူသားက အလွန်လွယ်ကူစွာ စွမ်းဆောင်ရရှိနိုင်ပေသည်။ ဥပမာအားဖြင့် ဘာသာရေး လောကအတွင်းရှိ သင်းအုပ်များနှင့် ခေါင်းဆောင်များသည် သူတို့၏ အလုပ်ကိုလုပ်ရန် သူတို့၏ ပါရမီများနှင့် အဆင့်အတန်းများအပေါ် အမှီပြုသည်။ အချိန်ကြာမြင့်စွာ သူတို့နောက်သို့လိုက်သောသူများသည် သူတို့ပါရမီများ၏ ဓာတ်ကူးခြင်းကိုခံရကာ သူတို့ဖြစ်တည်မှုအချို့တို့၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်။ သူတို့သည် လူသား၏ ပါရမီများ၊ စွမ်းရည်များနှင့် အသိပညာတို့အပေါ်တွင် အာရုံထား၍ သဘာဝလွန်သည့်အရာ အချို့တို့နှင့် အလွန်နက်ရှိုင်းပြီး မစစ်မှန်သော အယူဝါဒများ (ဤနက်ရှိုင်းသော အယူဝါဒများကို မရယူနိုင်သည်မှာ သေချာပါသည်) အပေါ်တွင် သူတို့အာရုံစိုက်ကြသည်။ သူတို့သည် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်းများအပေါ်တွင် အာရုံမထားဘဲ လူတို့၏ တရားဟောကြားခြင်းနှင့် လုပ်ဆောင်မှု စွမ်းရည်များကို လေ့ကျင့်ပေးခြင်း၊ လူသား၏အသိပညာနှင့် ကြွယ်ဝသော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့ကိုသာ အာရုံထားလေသည်။ သူတို့သည် လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်၊ သို့မဟုတ် လူသားသည် သမ္မာတရားကို မည်မျှနားလည်သည်တို့အပေါ်တွင် အာရုံမထားပေ။ သူတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို သိအောင် ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရနှင့် ပတ်သက်၍ စိတ်ပင်မဝင်စားပေ။ သူတို့သည် လူသား၏ အားနည်းချက်များ၊ သို့မဟုတ် ဖောက်ပြန်မှုများကို ပြုပြင်ရန်မဆိုထားနှင့်၊ လူသား၏ အယူအဆများကို တွေ့ကြုံခြင်း၊ သို့မဟုတ် သူတို့၏အယူအဆများကို ဖော်ပြခြင်းပင်မရှိပေ။ သူတို့နောက်သို့လိုက်သော သူအများစုသည် သူတို့၏ ပင်ကိုပါရမီများဖြင့် အစေခံပြီး၊ သူတို့ဖော်ပြသောအရာသည် အသိပညာနှင့် ဝေဝါးသော ဘာသာရေး အမှန်တရားဖြစ်သည်။ ယင်းသည် လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အား အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားကျောင်း၌ဝတ်ပြုခြင်း

တရားစီရင်မှုကို မဖြတ်ကျော်ခဲ့ရသော သူများသည် လူသား၏အသိဉာဏ်နှင့် မွေးရာပါ စွမ်းရည်များစွာ ပေါင်းစပ်နေသည့် လူသား၏ဇာတိပကတိနှင့် အတွေးများမှလွဲ၍ မည်သည့်အရာကိုမျှ ဖော်ပြနိုင်မည်မဟုတ်ပေ။ ယင်းသည် လူသား၏ ဘုရားသခင်အလုပ်ကို တိကျသောဖော်ပြချက်မဟုတ်ပေ။ သူတို့နောက်လိုက်သော သူများသည် သူတို့၏ မွေးရာပါစွမ်းရည်ဖြင့်သာ သူတို့ရှေ့သို့ ခေါ်ဆောင်ခံရခြင်းဖြစ်သည်။ သူတို့သည် လူသား၏ များစွာသောတွေ့မြင်မှုနှင့် အတွေ့အကြုံများကို ဖော်ပြပြီး၊ ယင်းတို့သည် ဘုရားသခင်၏ မူလအဓိပ္ပာယ်နှင့် လုံးဝနီးပါးဆက်စပ်မှုမရှိဘဲ ထိုအရာမှ အလွန်ကွဲလွဲနေသဖြင့် ဤလူစားမျိုး၏အလုပ်သည် လူတို့ကို ဘုရားသခင်ရှေ့သို့ မယူပေးနိုင်ဘဲ သူတို့ရှေ့သို့သာ ယူဆောင်လာပေးနိုင်သည်။ ထို့ကြောင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မကျော်ဖြတ်ခဲ့ရသောသူများသည် ဘုရားသခင်၏အလုပ်ကို လုပ်ဆောင်ရန် အရည်အချင်း မရှိပေ။ အရည်အချင်းရှိသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သောလမ်းသို့ ယူဆောင်လာပေးပြီး သမ္မာတရားအတွင်းသို့ ပိုနက်ရှိုင်းအောင် သွားခွင့်ပြုလေသည်။ သူလုပ်ဆောင်သော အလုပ်သည် လူတို့ကို ဘုရားသခင်ရှေ့တော်သို့ ပို့ဆောင်ပေးသည်။ ထို့အပြင် သူလုပ်သော အလုပ်သည် လူတစ်ဦးနှင့်တစ်ဦးကြား ကွဲပြားမှုရှိပြီး စည်းမျဉ်းများဖြင့် ကန့်သတ်ထားခြင်း မရှိဘဲ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ကို ခွင့်ပြုသည်။ ထို့အပြင် သူတို့သည် အသက်တာတွင် တဖြည်းဖြည်း ကြီးထွားလာနိုင်ပြီး သမ္မာတရားအတွင်းသို့ ပိုနက်ရှိုင်းစွာ တဖြည်းဖြည်း တိုးဝင်သွားနိုင်သည်။ အရည်အချင်းမရှိသော လုပ်သား၏အလုပ်သည် တိုတောင်းပျက်စီးသည်၊ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများအတွင်းသို့သာ ပို့ဆောင်နိုင်လေသည်၊ လူတို့ကို သူတောင်းဆိုသော အရာသည် လူတစ်ဦးနှင့်တစ်ဦး မကွာခြားပေ၊ သူသည် လူတို့အမှန်တကယ် လိုအပ်နေသော အရာများနှင့်အညီ အလုပ်မလုပ်ပေ။ ဤသို့သောအလုပ်အမျိုးအစားတွင် စည်းမျဉ်းစည်းကမ်းများစွာနှင့် အယူအဆများစွာရှိပြီး၊ လူတို့ကို အရှိတရားအတွင်းသို့၊ သို့မဟုတ် အသက်တာတွင် ပုံမှန်ကြီးထွားမှုအတွက် ကျင့်ကြံမှုအတွင်းသို့ မပို့ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့အပေါ်တွင် ရပ်တည်နိုင်ခွင့်ကိုသာ ပေးသည်။ ဤသို့သော လမ်းညွှန်မှုမျိုးသည် လူတို့ကို လမ်းလွဲသို့သာ ဦးဆောင်သည်။ သူသည် သင့်ကို သူနှင့်တူသည့်အရာ ဖြစ်လာစေရန် ဦးဆောင်သည်၊ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်းအတွင်းသို့သာ သင့်ကိုပို့ဆောင်ပေးနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

အသင်းတော်တွင် ထိုးထွင်းသိမြင်မှု မရှိသော လူများစွာရှိပြီး လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံရသောအခါ အလွန်မတရားဟု ခံစားကြသည်။ လူတစ်ဦးတစ်ယောက်က သူတို့ကို ထိုးထွင်းသိမြင်မှုမရှိသူများဟု ပြောကောင်း ပြောနိုင်သည်၊ သို့သော် သူတို့သည် သမ္မာတရား မရှိသည့်ဘက်တွင်သာ အမြဲရပ်တည်ကြသည်။ သမ္မာတရားဘက်၌ သူတို့ရပ်တည်ခဲ့သော အလွန်အရေးပါသည့်အချိန် တစ်ကြိမ်တစ်ခါမျှပင် မရှိခဲ့၊ သမ္မာတရားအတွက် ရပ်တည်ပြီး ငြင်းခုံသောအချိန် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့။ ထို့ကြောင့် သူတို့သည် အကယ်ပင် ထိုးထွင်းသိမြင်မှု မရှိသလော။ ထိုသူတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် အမြဲတမ်း ရပ်တည်ကြသနည်း။ ထိုသူတို့သည် သမ္မာတရားအတွက် တရားမျှတကာ ဆင်ခြင်တုံတရားကျသော စကားလုံးတစ်လုံးပင် မည်သည့်အခါမျှ အဘယ်ကြောင့် မပြောကြသနည်း။ ထိုသူတို့၏ တဒင်္ဂ ရှုပ်ထွေးမှုက ဤအခြေအနေကို အကယ်ပင် ဖန်တီးသလော။ တစ်ဦးတစ်ယောက်မှာ ထိုးထွင်းသိမြင်မှုနည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤသည် က အဘယ်အရာကို ပြသနည်း။ ထိုးထွင်းသိမြင်မှု မရှိသောသူများသည် ဒုစရိုက်ကို ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ထိုးထွင်းသိမြင်မှု မရှိသော ထိုသူများသည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ထိုသူတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ထိုသူတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ထိုသူတို့၏ဖော်ပြမှုများမှာ ထိုသူတို့သည် သမ္မာတရားကို ချစ်သောသူမဟုတ်ဘဲ ထိုအစား သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ဟု လိုသည်ထက်မက သက်သေပြနေသည်။ သူတို့သည် စာတန်ဘက်တွင် ရပ်တည်နိုင်မှုက စာတန်အတွက် မိမိတို့၏ တစ်ဘဝလုံး တိုက်ခိုက်ပေးကြသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်သည် အမှန်တကယ် ချစ်မြတ်နိုးသည် ဆိုခြင်းကို လိုသည်ထက်မက သက်သေပြနေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့ ကျင့်သုံးသောသူများအတွက် သင်တို့၌ အဘယ်ကြောင့် မည်သည့်အလေးထားမှုမျှ မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများသည် သူတို့၏ မျက်နှာကို စိုးစဉ်းမျှ ပြောင်းလိုက်သည်နှင့် တစ်ပြိုင်နက် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာနည်း။ သင်၌ ထိုးထွင်းသိမြင်မှုရှိသလော၊ မရှိသလောဆိုသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်။ ထို့အပြင် သင်သည် ယုတ်မာသော နယ်ခံမြွေလော၊ သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လောဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန်စွမ်းအား၏ ကူညီမှုကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်သိက္ခာက မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မကျင့်သုံးသောသူများ အင်မတန် များ၍သာဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ဖယ်ရှားသော အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ခြင်းငှာ အလောတကြီး လုပ်ရန်မလို။ သင့် ကို အပြစ်ပေးဖို့ရန်အလို့ငှာ သင်ရှင်းထုတ်ခံရပြီးသည့်နောက် ရောက်လာမည့်နေ့ကို ငါစောင့်ဖို့ရန်သာ လိုသည်။ သမ္မာတရားကို လက်တွေ့မကျင့်သုံးသော မည်သူမဆို ဖယ်ရှားခြင်းခံရမည် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများကို သတိပေးချက်” မှ

ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။...

ဘုရားသခင်ကို လူတို့၏ ယုံကြည်ခြင်းတွင် အခြားသူများနောက် သူတို့ လိုက်ခဲ့ကြသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို သူတို့ မဖြည့်ဆည်းခဲ့ကြသည်ဖြစ်စေ၊ ဤနောက်ဆုံးအဆင့်အတောအတွင်း၌ ဘုရားသခင်၏ရှေ့သို့ နောက်ဆုံးတွင် သူတို့လာကြရမည်ဖြစ်သည်။ အမှုတော်၏ ဤအဆင့်ကို ဖြတ်သန်းပြီးခြင်းတည်းဟူသော အခြေခံအုတ်မြစ် သင်ရှိသော်လည်း၊ အခြားသူများနောက် သင် ဆက်လိုက်လျှင်၊ သင်သည် ခွင့်လွှတ်မရနိုင်သောသူဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပေါလုကဲ့သို့ပင် အဆုံးသတ်ရလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

အကယ်၍ အသင်းတော်တွင် ယုတ်မာသော နယ်ခံမြွေအချို့ အပြင် ထိုးထွင်းသိမြင်မှု လုံးလုံးလျားလျား ကင့်မဲ့သောအနီးအနားတွင် ၎င်းတို့နောက်ကို လိုက်သော “ယင်ကောင်” ငယ်အချို့ ရှိမည်ဆိုပါက၊ ထိုအသင်းတော်များသည် သမ္မာတရားကို မြင်ပြီးနောက် ထိုမြွေများ၏ ကြိုးကိုင်ညွှန်ကြားခြင်းနှင့် ချည်နှောင်ခြင်းကို မဖြတ်နိုင်သေးပါက ထိုမိုက်မဲသူများသည် အဆုံးတွင် ဖယ်ရှားခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့သော်ငြားလည်း သူတို့သည် ပို၍ပင် ကောက်ကျစ်ကာ၊ ပို၍ပင် ပါးပါးနပ်နပ်ရှိပြီး ပို၍ ပြန့်ပွားကာ၊ တိမ်းရှောင်တတ်သည်။ ဤကဲ့သို့သောသူအားလုံးသည် ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ မည်သူမျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော လူများသည် စာတန်ထံ ပြန်ပို့ခံကြရမည်ဖြစ်ပြီး ဘုရားသခင်နှင့်သက်ဆိုင်သောလူများသည် သမ္မာတရားကို ဧကန်အမှန်ပင် သွားရှာကြလိမ့်မည်။ ၎င်းကို သူတို့၏သဘာဝများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ဤကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည်မဟုတ်။ သမ္မာတရားကို ရှာသော သူများသည် ထောက်ပံ့မှုများ ရရှိပါစေ၊ ထို့အပြင် သူတို့၏နှလုံးသားများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက်ပျော်မွေ့ခွင့်ပေးလော့။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် လူများကို မတရား မဆက်ဆံ။ အကယ်၍ သင်သည် နတ်ဆိုးဖြစ်မည်ဆိုလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် တတ်စွမ်းနိုင်မည် မဟုတ်။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော လူတစ်ယောက်ဆိုပါက စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန်ပင် ခံရမည်မဟုတ်။ ဤသည်ကား ယုံမှားဖွယ်ရာမရှိ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများကို သတိပေးချက်” မှ

သူတို့၏ သေးနုပ်လှသော ပါးနပ်မှုုကြောင့် ထိုးထွင်းသိမြင်မှု မရှိသောသူများသည် မကောင်းသောလူများ၏လက်ထဲ၌ ပျက်စီးသွားမည်ဖြစ်သည်။ သူတို့သည် မကောင်းသောလူများ၏ လွဲမှားသောလမ်းသို့ ဦးဆောင်ခြင်းကို ခံရမည်ဖြစ်ပြီး ပြန်လာနိုင်မည် မဟုတ်ချေ။ ထိုသူတို့သည် သမ္မာတရားကို မနှစ်သက်သည့်အားလျော်စွာ ထိုသူတို့ကို ဤနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းသင့်သည်။ အကြောင်းမှာ သူတို့သည် သမ္မာတရားဘက်က ရပ်တည်ဖို့ မတတ်စွမ်းနိုင်သောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူပေါင်းကြံစည်ပြီး ဘုရားသခင်ကို ဖီဆန်သောကြောင့် ဖြစ်သည်။ ထိုမကောင်းသောလူများသည် ဒုစရိုက်ကိုပင် ရောင်ပြန်ဟပ်သည်ဆိုခြင်းကို သူတို့သည် ကောင်းစွာ သိသော်လည်း သမ္မာတရားနှင့် ဆန့်ကျင်ဘက်ကိုရွေ့လျက် မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သူတို့နောက်ကို လိုက်ကြသည်။ သမ္မာတရားကို လက်တွေ့မကျင့်သုံးဘဲ ဖျက်စီး၍ ရွံရှာဖွယ် အရာများကို လုပ်သော ဤသူများ အားလုံးသည် ဒုစရိုက်ကို ပြုနေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် နောက်သို့ တကောက်ကောက်လိုက်သောသူများ ရှိကြသော်လည်း ထိုသူတို့၏ ဘုရားသခင်ကို ဖီဆန်သော သဘာဝများသည် အားလုံးအတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု ပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိသနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟုပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိသနည်း။ သူတို့ကို ဖျက်ဆီးမည်မှာ သူတို့ကိုယ်တိုင်၏ ဒုစရိုက်ပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်သွားမည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ကျင့်သုံးသောသူများသည် အဆုံးတွင် ကယ်တင်ခံရမည်ဖြစ်ပြီး သမ္မာတရားမှတစ်ဆင့် စုံလင်အောင် ပြုခြင်းခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများသည် အဆုံးတွင် သမ္မာတရားမှတစ်ဆင့် ပျက်စီးခြင်းကို ဖိတ်ခေါ်မည်ဖြစ်သည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ကျင့်သုံးသောသူတို့နှင့် လက်တွေ့ မကျင့်သုံးသောသူတို့ကို စောင့်နေသော အဆုံးသတ်တို့ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများကို သတိပေးချက်” မှ

ယခင်က:ဘာသာရေး သင်းအုပ်များနှင့် အကြီးအကဲများကို ဘုရားသခင်မှ အမှန်တကယ် ခန့်ထားခြင်းလော။ ဘာသာရေးသင်းအုပ်များနှင့် အကြီးအကဲများကို လက်ခံပြီး နာခံခြင်းက လူတစ်ဦး၏ ဘုရားသခင်အား နာခံပြီး လိုက်လျှောက်ခြင်းအား ကိုယ်စားပြုနိုင်ပါသလော။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

နောက်တစ်ခုသို့:ဘာသာရေးလောကတွင်၊ သမ္မာတရားနှင့်ဘုရားသခင်က တန်ခိုးကို ကိုင်စွဲထားသလော၊ သို့မဟုတ် အန္တိခရစ်များနှင့်စာတန်က တန်ခိုးကို ကိုင်စွဲထားသလော။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ