အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှဂန္တဝင်နှုတ်ကပတ်တော်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၁။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ပတ်သက်သည့် ဂန္တဝင် နှုတ်ကပတ်တော်များ

(၃) ဘုရားသခင်အပေါ် မှီခိုခြင်း၊ မျှော်ကြည့်ခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

၁၉။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ခပ်သိမ်းသောအရာ နှင့် အဖြစ်အပျက်များအပေါ် ကြီးစိုး၏။ ငါတို့၏ စိတ်နှလုံးများသည် သူ့ကို အချိန်တိုင်း ကြည်ညိုပြီး ငါတို့သည် ဝိညာဉ်အတွင်း ဝင်ရောက်ကာ သူနှင့် ဆက်နွှယ်ပေါင်းသင်းပါက သူသည် ငါတို့ ရှာဖွေသော အရာအားလုံးကို ငါ့တို့အား ပြပြီး သူ၏ အလိုတော်ကို ငါတို့အား ထုတ်ဖော်ပြမည်မှာ သေချာပေသည်၊ ထိုအခါ ငါတို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း၊ ပကတိ ရှင်းလင်းခြင်းနှင့် တည်ငြိမ်ခြင်း ရှိလေမည်။ သူ၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်ရန်၊ သူ၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များအပေါ် အမှီပြု၍ အသက်ရှင်နိုင်ရန်မှာ အလွန်အရေးကြီးပေသည်၊ ဤအရာသာ စစ်မှန်သော အတွေ့အကြုံ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၂၀။ ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်လျက်နေသည်။ သူသည် စကြဝဠာ နှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေကြီး တစ်ခုလုံးပေါ်ရှိ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် မကြာခဏ နီးကပ်နေရမည် ဖြစ်ပြီး၊ သူ၏ရှေ့မှောက်သို့ တိတ်တဆိတ် ရောက်ရှိကြရမည် ဖြစ်သည်၊ ငါတို့သည် အခိုက်အတန့်ကာလတစ်ခုကိုပင် မည်သည့်အခါမျှ လက်မလွှတ်သင့်ပေ၊ အချိန်တိုင်းတွင် သင်ယူရမည့် အရာများ ရှိနေ၏။ ငါတို့၏ ပတ်လည်မှ ပတ်ဝန်းကျင်သာမက လူများ၊ အကြောင်းကိစ္စများ နှင့် အရာဝတ္ထုများ အားလုံးမှာ သူ၏ ပလ္လင်ထက်မှ အခွင့်ပေးထားခြင်း ဖြစ်သည်။ ညည်းညူသော စိတ်နှလုံး မရှိကြနှင့်၊ သို့မဟုတ်လျှင် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို သွန်းလောင်းလိမ့်မည် မဟုတ်ပေ။ နာမကျန်းဖြစ်သည့်အခါမျိုး၌၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ ယင်း၏ နောက်ကွယ်တွင် သူ၏ ကောင်းသော ရည်ရွယ်ချက်များကား မုချ ရှိနေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခကို ခံစားရလျှင်ပင်၊ စာတန်ထံမှ အတွေးအခေါ်များကို မယူနှင့်။ ဖျားနာခြင်း ကြားမှပင် ဘုရားသခင်အား ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း ကြားမှာပင် ဘုရားသခင်အား မွေ့လျော်လော့။ ဖျားနာစဉ် စိတ်ပျက်ခြင်း မရှိကြနှင့်၊ ဆက်၍ ရှာဖွေကာ လုံးဝ လက်မလျှော့ကြနှင့်၊ ထိုအခါ ဘုရားသခင်သည် သင်တို့အပေါ် သူ၏ အလင်းကို ထွန်းလင်းစေလိမ့်မည်။ ယောဘသည် မည်မျှ သစ္စာစောင့်သိခဲ့သနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာရာကို တတ်စွမ်းနိုင်သော သမားတော်တစ်ဦး ဖြစ်လေသည်တကား။ နာမကျန်းမှုအတွင်း၌ တည်ခြင်းသည် ဖျားနာခြင်းအကြောင်း ဖြစ်၍၊ စိတ်ဝိညာဉ်အတွင်း၌ တည်ခြင်းသည် ကျန်းမာခြင်း အကြောင်း ဖြစ်၏။ အကယ်၍ သင့်ထံ၌ ထွက်သက်ဝင်သက် တစ်ခုမျှသာ ရှိဦးတော့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။

ရှင်ပြန်ထမြောက်ခဲ့သော ခရစ်တော်၏အသက်သည် ငါတို့၏အတွင်း၌ ရှိသည်။ ငါတို့သည် ဘုရားသခင်၏ မျက်မှောက်၌ အမှန်ပင် ယုံကြည်ခြင်း ကင်းမဲ့ကြ၏၊ ထို့ကြောင့် ဘုရားသခင်သည် ငါတို့၏အတွင်း၌ စစ်မှန်သော ယုံကြည်ခြင်းကို ထည့်ပေးပါစေသော်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အမှန်ပင် ချိုမြိန်လေသည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထိရောက်သော ဆေးဝါးပင် ဖြစ်လေသည်တကား။ နတ်ဆိုးများ နှင့် စာတန်အား အရှက်ရစေကြလော့။ အကယ်၍ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆုပ်ကိုင်ပါက၊ ထောက်မခြင်းကို ရရှိမည်ဖြစ်ကာ၊ သူ၏ နှုတ်ကပတ်တော်သည် ငါတို့၏ စိတ်နှလုံးများကို အလျင်အမြန် ကယ်တင်လိမ့်မည်။ ယင်းသည် အရာအားလုံးကို ပပျောက်စေပြီး၊ ခပ်သိမ်းသောအရာတို့ကို ငြိမ်သက်ခြင်း ရှိစေ၏။ ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်းဖြင့် ပြုလုပ်ထားသော တံတား တစ်ခုကဲ့သို့ ဖြစ်သည်၊ အသက်ကို မလွတ်တမ်း ဖက်တွယ်ထားသူတို့သည် ၎င်းတံတားကို ဖြတ်ကူးရန် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် စိုးရိမ်မှု မရှိဘဲ ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်၍ ကြောက်ရွံ့သော အတွေးအခေါ်များ ရှိနေလျှင်၊ ၎င်းတို့သည် စာတန်၏ လှည့်ဖြားခြင်းကို ခံနေကြရပြီဖြစ်သည်။ ငါတို့သည် ယုံကြည်ခြင်းတံတားကို ဖြတ်ကျော်ကာ၊ ဘုရားသခင်ထံသို့ ဝင်ရောက်မည်ကို ၎င်းသည် စိုးရိမ်၏။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန်အတွက် ဖြစ်နိုင်သမျှသောနည်းလမ်းတို့ကို ဖန်တီး၏၊ ငါတို့အပေါ် ဘုရားသခင်၏အလင်း ထွန်းလင်းလာစေရန်အတွက်၊ ငါတို့သည် အမြဲမပြတ် ဆုတောင်းသင့်၏၊ ထို့ပြင် ငါတို့အား စာတန်၏ အဆိပ်အတောက်မှ သန့်စင်စေရန်အတွက် ငါတို့သည် ဘုရားသခင်ကို အမြဲ ကိုးစားရမည် ဖြစ်သည်။ ဘုရားသခင် နှင့် နီးကပ်လာစေရန်အလို့ငှာ၊ ငါတို့၏ စိတ်ဝိညာဉ်များအတွင်း၌ အမြဲမပြတ် လိုက်နာ ကျင့်သုံးနေကြသင့်သည်။ ငါတို့၏ ခန္ဓာစိတ်ဝိညာဉ်တစ်ခုလုံးအပေါ်၌ ဘုရားသခင်အား အုပ်စိုးခွင့်ပြုရမည် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၂၁။ သင်၏ယုံကြည်ခြင်းသည် ကောင်းမွန်၍ သို့မဟုတ် သန့်စင်၍ မဟုတ်၊ သို့သော် ထိုထက် ငါ၏အမှုသည် အံ့ဩဖွယ်ဖြစ်၏။ အရာရာတိုင်းသည် ငါ၏သနားကြင်နာခြင်းကြောင့် ဖြစ်သည်။ သင်သည် တကိုယ်ကောင်းဆန်မှု သို့မဟုတ် မာနထောင်လွှားမှုတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား နည်းနည်းကလေးမျှ မရှိရ၊ သို့မဟုတ်ပါက သင်၌ ငါ၏အမှုသည် တိုးတက်မည်မဟုတ်။ သင်ရှင်းရှင်းလင်းနားလည်ရမည်မှာ လူတို့ လဲကျသည်ဖြစ်စေ၊ ခိုင်ခိုင်မာမာရပ်သည်ဖြစ်စေ ယင်းတို့မှာ သူတို့ကြောင့်မဟုတ်၊ ငါ့ကြောင့်သာဖြစ်သည်။ ယနေ့တွင် သင်သည် ထိုအဆင့်ကို ရှင်းရှင်းလင်းလင်း နားမလည်ပါက သင်သည် နိုင်ငံတော်သို့ ဝင်ရောက်ရန် အဆင့်မမီ ဖြစ်လိမ့်မည်။ သင် ယနေ့ လုပ်ဆောင်ပြီးသည့်အရာသည်က ဘုရားသခင်၏ အံ့ဖွယ်သောအမှု ဖြစ်သည်ကို နားလည်ရမည်၊ ထိုအရာမှာ လူတို့ ပါဝင်ပတ်သက်ရန် အကြောင်းမရှိ။ လူတို့၏လုပ်ရပ်တို့သည် မည်သည့်အကျိုးရှိသနည်း။ သူတို့ တကိုယ်ကောင်းမဆန်၊ မာနထောင်လွှားမှုမရှိ၊ ဂုဏ်မမောက်ချိန်တွင် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုကို နှောင့်ယှက်၍ ကိုယ်တော်၏ အကြံအစည်တို့ကို ဖျက်ဆီးလေသည်။ အို ပျက်စီးနေသောသူတို့။ သင်တို့သည် ယနေ့တွင် ငါ့ကို အမှီပြုရမည်၊ အကယ်၍ သင်တို့မပြုလျှင်၊ ယနေ့တွင် ငါဆိုသည်မှာ သင်တို့သည် ဘယ်သောအခါမှ တစ်စုံတစ်ရာကိုမျှ စွမ်းဆောင်နိုင်မည်မဟုတ်။ အားလုံးတို့သည် အချည်းနှီးသက်သက်သာ ဖြစ်လိမ့်မည်ဖြစ် ပြီး သင်၏လုပ်ငန်းတို့မှာ အသုံးမကျ ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၂၂။ သန့်ရှင်းသောဝိညာဉ်တော် သင်ကြားသည့် နှုတ်ကပတ်တော်များအားလုံးကို နားထောင်ရမည်။ ၎င်းတို့ကို လမ်းဘေး မကျစေနှင့်။ ငါ့နှုတ်ကပတ်တော်စကားတို့ကို ကြိမ်ဖန်များစွာ သင်ကြားဖူးကြပြီးသော်လည်း မေ့ထားခဲ့ကြသည်။ အို စာနာစိတ်ကင်းသူတို့။ သင်သည် ကောင်းကြီးမင်္ဂလာများစွာ ဆုံးရှုံးခဲ့ပြီးလေပြီ။ ယခု ငါ့နှုတ်ကပတ်တော်စကားများကို သေသေချာချာ နားထောင်ပြီး အလေးဂရုပြုလော့၊ ငါနှင့် မိတ်သဟာယ ပိုမိုဖွဲ့ပြီး ငါနှင့် ပိုမိုနီးကပ်စွာ နေလော့။ သင်နားမလည်သောအရာ မှန်သမျှကို သင့်ကို ငါသင်ပေးပြီး ရှေ့ခရီးလမ်းတွင် ဦးဆောင်သွားမည်။ ယခုအခါ ကျမ်းဟောင်းတရားများအယူဝါဒများကို ဟောပြောသူ အများအပြားရှိပြီး ငါ၏စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်သူ အနည်းငယ်သာ ရှိသည်နှင့်အညီ အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်းကို အာရုံများစွာ မပြုနှင့်။ သူတို့၏ မိတ်သဟာယဖွဲ့မှုကို နားထောင်ခြင်းက သင့်ကို စိတ်ရှုပ်ထွေးစေပြီး ထုံထိုင်းစေမည်။ တိုးတက်အောင် မည်သို့ ပြုလုပ်ရမည်ကိုလည်း သိစေမည်မဟုတ်။ သူတို့ပြောသည်ကို သင်နားထောင်လျှင်ပင် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအကြောင်း အနည်းငယ် ပိုသိရခြင်းဖြင့်သာ အဆုံးသတ်မည်။ မိမိခြေလှမ်းကို သတိထားရမည်၊ သင်တို့၏ စိတ်နှလုံးကို စောင့်ရှောက်ပြီး ငါ့ရှေ့မှောက်တွင် အမဲအသက်ရှင်ရမည်၊ ငါနှင့် ဆက်သွယ်ပြီး နီးနီးကပ်ကပ်နေရမည်၊ ငါသည် သင်နားမလည်သောအရာကို နားလည်စေမည်။ မိမိပြောစကားကို သတိထားရမည်၊ သင့်စိတ်နှလုံးကို အမြဲတမ်း သေချာစွာ စောင့်ကြည့်ပြီး ငါလျှောက်သောလမ်းကို လျှောက်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၂၃။ သင်သည် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်ရာ၌ တင်ကြိုတက်ကြွနေရမည် ဖြစ်ပြီး၊ ကြိုးစားအားထုတ်လျက်၊ ဘယ်သောအခါမျှ ပျင်းရိခြင်း မရှိရ။ ငါနှင့်အစဉ်မပြတ် မိတ်သဟာရဖွဲ့ခြင်းနှင့်၊ ပို၍ နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်ခြင်း ရှိရမည်။ အကယ်၍ သင်နားမလည်ပါက၊ ရလဒ်များ အလျင်အမြန် ရရန်အတွက် သည်းမခံနိုင်ခြင်း မဖြစ်ရ။ ငါသည် သင့်အား ထိုအရာကို မပြောပြဘဲ နေခြင်းမျိုး မဟုတ်ဘဲ၊ သင်သည် ငါ့မျက်မှောက်တွင် ငါ့အား အမှီပြုခြင်း ရှိမရှိနှင့်၊ ငါ့အပေါ်တွင် ယုံကြည်စိတ်ချခြင်းဖြင့် မှီခိုအားထားမှု ရှိမရှိကို မြင်တွေ့လိုခြင်းသာဖြစ်သည်။ သင်တို့သည် အစဉ်အမြဲ ငါနှင့် နီးကပ်စွာ တည်နေပြီး၊ အကြောင်းအရာ အလုံးစုံတို့ကို ငါ့လက်ထဲတွင် ထားရှိရမည်။ အချည်းနှီး ပြန်လှည့် မသွားနှင့်။ အချိန် အတိုင်းအတာ တစ်ခုအထိ အမှတ်တမဲ့ ငါနှင့် နီးကပ်စွာ ရှိနေပြီးလျှင်၊ သင့်အား ငါ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသမည်။ သင်သည် ထိုအရာများကို သဘောပေါက်နားလည်လျှင်၊ ငါနှင့် မျက်နှာချင်းဆိုင် အမှန်တကယ် တွေ့ဆုံပြီး၊ သင်သည် ငါ၏ မျက်နှာကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စိတ်နှလုံးအတွင်း၌ အလွန်တရာ ရှင်းလင်းလျက်၊ တည်ငြိမ်လိမ့်မည် ဖြစ်ပြီး၊ သင်၌ မှီခိုအားထားစရာ တစ်စုံတစ်ရာ ရှိလိမ့်မည် ဖြစ်ကာ၊ သင်၌ တန်ခိုးနှင့် ယုံကြည်မှုတို့လည်း ရှိလိမ့်မည်။ သင်သည် ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိလာလိမ့်မည်ဖြစ်ပြီး၊ အရာအားလုံးသည် သင့်အတွက် လွယ်ကူလာပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၂၄။ သံသယများမထားနှင့်။ အားနည်းခြင်း၊ ပျော့ညံ့ခြင်း မရှိစေနှင့်။ သင်တို့၏ စိတ်ဝိညာဉ်၌ ငါနှင့်တိုး၍ တိုက်ရိုက်မိတ်သဟာရဖွဲ့ပါ။ စိတ်ရှည်စွာဖြင့် စောင့်မျှော်၍နေပါ။ ငါ၏ အချိန်တန်သောအခါ ငါသည်သင်တို့ကို ဧကန်အမှန် ဖော်ပြမည်။ သင်တို့သည် အမှန်တကယ်ပင် အကြွင်းမဲ့ ဂရုစိုက်ရန် လိုအပ်သည်။ သင်တို့အတွက် ငါ၏ကြိုးစားအားထုတ်ထားသော အရာတို့ကို အလဟဿ မဖြစ်စေနှင့်။ အချိန်ကို လက်လွတ်မခံနှင့်။ သင်တို့စိတ်နှလုံးသည် ငါနှင့်အတူ အစဉ်အမြဲ မိတ်သဟာရဖွဲ့နေလျှင်၊ ငါ၏မျက်မှောက်တွင် အစဉ်ရှိနေလျှင်၊ မည်သူကမှ၊ မည်သည့်အခြေအနေကမှ၊ မည့်သည့်အရာကမှ၊ မည့်သည့်ခင်ပွန်းနှင့် သားသမီးကမှ သင်တို့၏ စိတ်နှလုံးထဲ၌ရှိသည့် သင်တို့နှင့် ငါ၏အကြား မိတ်သဟာရရှိမှုကို နှောင့်ယှက် ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ သင်တို့၏ စိတ်နှလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ချုပ်ချယ်ခြင်းကို ဆက်တိုက်ခံယူရရှိသောအခါ၊ သင်သည် ငါနှင့် အချိန်တိုင်းတွင် မိတ်သဟာရဖွဲ့နေသောအခါ ငါ၏ အလိုတော်ကို သင်တို့အား ဧကန်အမှန်ပင်ဖွင့်ပြမည်။ ဤသို့ သင်တို့၏စိတ်နှလုံးသည် အစဉ်တစိုက် ငါနှင့် နီးကပ်စွာရှိနေလျှင် သင့်ပတ်လည်တွင် အခြေအနေတို့ မည့်သို့ပင်ဖြစ်နေပါလေစေ၊ မည်ကဲ့သို့သော အခက်အခဲမျိုးနှင့် သင်တွေ့ကြုံရပါလေစေ သင်သည် ကစဉ့်ကလျားမဖြစ်ဘဲ သင်ရှေ့ဆက်သွားရမည့် လမ်းကိုတွေ့ရှိပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၂၅။ ဘုရားသခင်ကို သင် အားကိုးသည့်အခါ၊ ရှင်းလင်းသော မည်သည့် လမ်းညွှန်ချက်မျှ ပေးဖို့မပြောနှင့်၊ မည်သည့် ခံစားချက်မျှ သို့မဟုတ် ရှင်းလင်းသည့် မည်သည့် စိတ်ကူးမျှ သင့်ကို သူမပေးဖို့မှာ ဖြစ်နိုင်သော်လည်း၊ သင့်ကို နားလည်ခြင်းအချို့ သူ ခွင့်ပြုသည်။ သို့မဟုတ် ဤအချိန်တွင် သင် မည်သည့်အရာကိုမျှ နားမလည်ဘဲ ဖြစ်နေနိုင်သော်လည်း၊ ဘုရားသခင်ကို သင် အားကိုးသည်မှာ မှန်ပေသည်။ လူတို့ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်နေခြင်းသည် စည်းမျဉ်းများကို လိုက်လျှောက်ဖို့ လုပ်ဆောင်ကြသည်မဟုတ်ဘဲ၊ ယင်းထက် ထိုအရာသည် ၎င်းတို့ စိတ်နှလုံးများ၏ လိုအပ်ချက်ဖြစ်ပြီး လူသားက လက်တွေ့လုပ်ဆောင်သင့်ပုံ ဖြစ်သည်။ ဘုရားသခင်ကို သင် အားကိုးပြီး ဘုရားသခင်ထံ အော်ခေါ်သည့်အခါတိုင်း ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုကို ရရှိနိုင်သည်မဟုတ်ပေ၊ လူ့အသက်တာထဲက ဤဝိညာဉ်ရေးအခြေအနေသည် ပုံမှန်နှင့် သဘာဝဖြစ်ပြီး၊ ဘုရားသခင်ကို အားကိုးခြင်းသည် လူတို့ စိတ်နှလုံးများ၌ ဘုရားသခင်နှင့် ပုံမှန် အပြန်အလှန်ဆက်ဆံခြင်း ဖြစ်၏။

တစ်ခါတစ်ရံ ဘုရားသခင်ကို မျှော်ကြည့်ခြင်းမှာ တိကျသောစကားလုံးများကို အသုံးပြု၍ ဘုရားသခင်အား တစ်စုံတစ်ရာကို လုပ်စေခြင်း၊ သို့မဟုတ် သူ့အား တိကျသောလမ်းပြခြင်းအတွက် သို့မဟုတ် အကာအကွယ်အတွက် တောင်းဆိုခြင်းကို မဆိုလိုပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ လူတို့သည် ပြဿနာ တစ်ခုနှင့် တွေ့ကြုံသောအခါ၌ ၎င်းတို့သည် ကိုယ့်တော်ကို ရိုးသားစွာ တောင်းလျှောက်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ကိုယ်တော့်ကို တောင်းလျှောက်သောအခါ ဘုရားသခင်သည် ထိုနေရာတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ လူတစ်ဦး၏စိတ်နှလုံး နိုးကြား၍ ၎င်းတို့၌ “အိုဘုရားသခင်၊ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် မလုပ်နိုင်ပါ၊ ၎င်းကို အဘယ်သို့လုပ်ရမည်ကို ကျွန်ုပ်မသိပါ၊ ထို့အပြင် ကျွန်ုပ်သည် ခွန်အားနည်းပြီး အပျက်သဘောဆောင်သကဲ့သို့ ခံစားရပါ၏” ဟူသော အတွေးရှိကြသောအခါ၊ ဘုရားသခင်က ၎င်းအကြောင်းကို သိသလော။ ဤအတွေးများ လူတို့ထဲ၌ ဝင်သောအခါ ၎င်းတို့၏စိတ်နှလုံးများမှာ စစ်မှန်သလော။ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရိုးသားစွာ တောင်းလျှောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကူညီရန်သဘောတူသလော။ ၎င်းတို့သည် စကားတစ်လုံးကိုမျှ မပြောခဲ့သော်လည်း ၎င်းတို့သည် စစ်မှန်ခြင်းကို ပြသသဖြင့် ဘုရားသခင်သည် ၎င်းတို့ကိုကူညီရန် သဘောတူလေ၏။ တစ်စုံတစ်ဦးသည် အထူးဖြင့် ဆူးညှောင့်ပေါသော အခက်အခဲတစ်ခုကို တွေ့ကြုံရသောအခါ၊ ၎င်းတို့၌ အားထားရန်တစ်စုံတစ်ဦးမျှ မရှိသောအခါနှင့် အထူးသဖြင့် ခိုကိုးရာမဲ့သည်ဟု ခံစားရသောအခါ၊ ၎င်းတို့၏ တစ်ခုတည်းသောယုံကြည်ခြင်းကို ဘုရားသခင်ပေါ်၌ ထားကြ၏။ ၎င်းတို့၏ ဆုတောင်းသံများမှာ မည်သို့နည်း။ ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့ ရိုးသားကြသလော။ ထိုအချိန်က ရောနှောခြင်းတစ်စုံတစ်ရာ ရှိသလော။ သင်၏အသက်ကို ကယ်တင်ရန်အတွက် ဘုရားသခင်သည် သင် ဖမ်းဆုပ်သောနောက်ဆုံး ကောက်ရိုးမျှင်အလား သူ့ကို သင် ယုံကြည်ပြီး၊ သူသည် သင့်ကို ကူညီမည်၊ သင်၏စိတ်နှလုံးသည် ရိုးဖြောင့်သည်ဟု မျှော်လင့်သောအခါ၌သာ ဖြစ်၏။ သင်သည် များစွာပြောခဲ့ပြီးခြင်း ရှိချင်းမှရှိမည် ဖြစ်သော်လည်း သင်၏စိတ်နှလုံးမှာ နိုးကြားနှင့်ပြီဖြစ်၏။ တစ်နည်းဆိုသော် သင်သည် သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်အား ပေးပြီး၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဘုရားသခင်သည် သင်၏အခက်အခဲများကို မြင်သောအခါ သူသည် သင့်ကို ဉာဏ်အလင်းပေးမည်၊ လမ်းပြပြီး၊ ကူညီမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

၂၆။ လူတစ်ဦး၏ ဝိညာဉ်အသက်တာ မည်မျှ ကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ပတ်ဝန်းကျင်မျိုးတွင် ရှိသည်ဖြစ်စေ၊ ထို့အပြင် သမ္မာတရားကို မည်မျှ နားလည်ပါစေ၊ တာဝန်မည်မျှကို ဖြည့်ဆည်းပြီးဖြစ်ပါစေ၊ သို့မဟုတ် ထိုတာဝန်များကို ဖြည့်ဆည်းစဉ်တွင် မည်မျှ တွေ့ကြုံရပြီးဖြစ်ပါစေ၊ မရှိမဖြစ် အရာတစ်ခုမှာ ၎င်းတို့ လုပ်သမျှတိုင်းတွင်၊ ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် မှီခိုရမည်ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ဉာဏ်ပညာအမျိုးအစား ဖြစ်၏။ ဤသည်ကို အကြီးမားဆုံးသော ဉာဏ်ပညာဖြစ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ လူတစ်ဦးက သမ္မာတရားအချို့ကို နားလည်လာပြီးသော်လည်း၊ ဘုရားသခင်အပေါ် ၎င်းတို့ မမှီခိုလျှင် ယင်းက အလုပ်ဖြစ်လိမ့်မည်လော။ အချိန်အနည်းငယ်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်၊ လူအချို့သည် သမ္မာတရားအချို့ကို သိနားလည်လာကြပြီး စမ်းသပ်မှုအနည်းငယ်ကို ကြုံကြရပြီးဖြစ်သည်။ လက်တွေ့ကျသော အတွေ့အကြုံအချို့ သူတို့ ရှိကောင်းရှိနိုင်သော်လည်း ဘုရားသခင်ကို မှီခိုရန် သူတို့မသိကြဘဲ ဘုရားသခင်ကို မည်သို့အားကိုးပြီး ဘုရားသခင်အပေါ် မည်သို့မှီခိုရမည်ကို သူတို့ နားမလည်ကြချေ။ ထိုသို့သော လူတို့သည် ဉာဏ်ပညာကို ပိုင်ဆိုင်ကြပါသလော။ ၎င်းတို့သည် အမိုက်မဲဆုံးသော လူများဖြစ်ကြပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တော်သည်ဟု ထင်ကြသည့် အတန်းစား ဖြစ်သည်၊ ဘုရားသခင်ကို သူတို့ မကြောက်ရွံ့သကဲ့သို့ မကောင်းမှုကို မရှောင်ကြဉ်ကြချေ။ လူအချို့က၊ “သမ္မာတရားကို ငါ နားလည်ပြီး သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်၏။ ကိုယ်ကျင့်တရားကောင်းသည့်နည်းဖြင့် အမှုအရာများကိုသာ လုပ်ဆောင်ခြင်းသည် အဆင်ပြေသည်။ ဘုရားသခင်ကို ငါ သစ္စာရှိပြီး ဘုရားသခင်ထံ မည်သို့ တိုးဝင်ချဉ်းကပ်ရမည်ကို ငါသိ၏။ သမ္မာတရားအပေါ် ငါ မှီခိုသည်မှာ လုံလောက်သည် မဟုတ်လော” ဟု ပြောဆိုကြသည်။ အယူဝါဒအရ ပြောရပါက၊ “သမ္မာတရားအပေါ် မှီခိုခြင်း” သည် ကောင်းကောင်း အလုပ်ဖြစ်ပေ၏။ သို့သော် သမ္မာတရား မည်သည့်အရာဖြစ်သည် သို့မဟုတ် သမ္မာတရား၏ အခြေခံသဘောတရားများ မည်သည့်အရာဖြစ်သည်တို့ကို လူတို့ မသိကြသည့် အချိန်များစွာနှင့် အခြေအနေများစွာ ရှိလေသည်။ လက်တွေ့ကျသည့် အတွေ့အကြုံများရှိသူအားလုံးက ဤအရာကိုသိကြ၏။ ပြဿနာအချို့ကို သင် ကြုံရသည့်အခါ၊ ဤကိစ္စရပ်နှင့် ဆီလျော်သော သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည် သို့မဟုတ် ယင်းကို မည်သို့ အသုံးပြုသင့်သည်ကို သင် မသိလျှင်၊ ဤသို့သော အချိန်များတွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်ပါသနည်း။ လက်တွေ့ကျသည့် အတွေ့အကြုံ မည်မျှ သင်၌ရှိပါစေ၊ အခြေအနေအားလုံးတွင် သမ္မာတရားကို သင် မပိုင်ဆိုင်နိုင်ချေ။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးပါစေ၊ အမှုအရာများကို မည်မျှ သင် တွေ့ကြုံပြီးပါစေ၊ မည်မျှ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းတို့ကို သင် တွေ့ကြုံပြီးပါစေ၊ သင်သည် သမ္မာတရား၏ အရင်းအမြစ် ဖြစ်ပါသလော။ လူအချို့က၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက ဤလူသိများသည့် စကားလုံးများနှင့် စာပိုဒ်များကို ငါ အလွတ်ရ၏။ ဘုရားသခင်အပေါ် ငါ မှီခိုစရာ မလို၊ သို့မဟုတ် ဘုရားသခင်ကို မျှော်ကြည့်စရာမလို။ အချိန်ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအပေါ် မှီခိုခြင်းဖြင့်သာ ငါ အဆင်ပြေလိမ့်မည်” ဟု ပြောကြသည်။ သင် အလွတ်ကျက်မှတ်ပြီးသည့် စကားများမှာ တည်ငြိမ်သော်လည်း၊ သင် ကြုံရသည့် ပတ်ဝန်းကျင်များနှင့် သင်၏ အခြေအနေမျာသည် ရွေ့လျားပြောင်းလဲ၏။ စကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်ကို သဘောပေါက်ခြင်းနှင့် ဝိညာဉ်ရေးရာ အယူဝါဒများစွာအကြောင်း ပြောဆိုခြင်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အခြေအနေတိုင်း၌ သိနားလည်ခြင်းနှင့် ညီမျှဖို့နေနေသာသာ၊ သမ္မာတရားကို သိနားလည်ခြင်းနှင့်ပင် မညီမျှပေ။ ထို့ကြောင့် ဤနေရာတွင် သင်ယူရမည့် အလွန်အရေးကြီးသော သင်ခန်းစာတစ်ခု ရှိ၏။ ယင်းမှာ လူတို့သည် အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးဖို့လိုအပ်၏။ အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးခြင်းဖြင့်၊ လူတို့သည် ဘုရားသခင်အပေါ် အားထားမှု ရရှိနိုင်ပြီး၊ ဘုရားသခင်အပေါ် အားထားသူတို့သာ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိကြလေသည်။ သို့မဟုတ်လျှင်၊ တစ်စုံတစ်ရာကို မှန်မှန်ကန်ကန်နှင့် သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ သင် လုပ်ဆောင်နိုင်သော်လည်း၊ ဘုရားသခင်အပေါ် သင် မမှီခိုလျှင် သင် လုပ်ဆောင်သည့်အရာသည် လူသား၏ လုပ်ရပ်မျှသာဖြစ်ပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေသည်ဟု သေချာပေါက် မဆိုလိုပါ။ လူတို့သည် သမ္မာတရားအပေါ် ထိုသို့သော ပေါ့တန်သည့် သိနားလည်မှု ရှိကြသောကြောင့်၊ ၎င်းတို့သည် အမျိုးမျိုးသော အခြေအနေများကို ရင်ဆိုင်ရသည့်အခါ ဤသမ္မာတရားကိုပင် အသုံးပြုခြင်းအားဖြင့် စည်းမျဉ်းများကို လိုက်လျှောက်ဖို့နှင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ခေါင်းမာစွာဖြင့် ဖက်တွယ်ဖို့ အလားအလာရှိပေသည်။ ကိစ္စရပ်များစွာကို သမ္မာတရား၏ အခြေခံသဘောတရားများနှင့် ကိုက်ညီစွာဖြင့် ယေဘုယျအားဖြင့် ပြည့်စုံစေနိုင်သော်လည်း၊ ဘုရားသခင်၏ လမ်းပြမှု မပါရှိသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်လည်း မရှိပေ။ ဤနေရာတွင် ဆိုးရွားသည့် ပြဿနာတစ်ခုရှိ၏၊ ယင်းမှာ လူတို့သည် မိမိတို့၏ အတွေ့အကြုံနှင့် ၎င်းတို့ နားလည်ခဲ့ကြသည့် စည်းမျဉ်းများအပေါ်နှင့် လူ့စိတ်ကူးအချို့အပေါ် မှီခိုကာ အမှုအရာများစွာကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့ ဆုတောင်းခြင်းနှင့် မှီခိုခြင်းတို့အားဖြင့်နှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းမှတဆင့်၊ ပြီးနောက် ဘုရားသခင်၏ အမှုတော်နှင့် လမ်းပြမှုတို့ကို မှီခိုခြင်းမှတဆင့် လာသည့် တကယ့်အကောင်းဆုံးသော ရလဒ်များကို မရနိုင်သလောက် ဖြစ်ကြသည်။ ထို့ကြောင့်၊ ငါပြောသည်ကား- အကြီးမြတ်ဆုံးသော ဉာဏ်ပညာမှာ အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်ကို မှီခိုရန် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

အောက်ခြေမှတ်စု(များ)-

က။ မူလစာတွင် “ယနေ့ လုပ်ဆောင်ပြီးသည့်အရာ”ဟူသည့် စကားရပ် မပါရှိပါ။

ယခင်က:(၂) ဘုရားသခင်ထံ ဆုတောင်းခြင်း၊ ကိုးကွယ်ခြင်းတို့နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့:(၄) ဘုရားသခင်၏အမှုတော်နှင့် လူ၏အလုပ်ကြား ခြားနားချက်နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ