ဘုရားရှင်ထံသို့ ပြန်လာခြင်းသည် စစ်မှန်သောဝမ်းမြောက်မှုပါ
၁
ယခင်က သခင်ဘုရားကို ယုံကြည်ရာမှာ
ကျွန်ုပ်တို့ ကျေးဇူးတော်ကိုသာ လောဘတကြီး ရှာခဲ့ကြတယ်
ဘာသာတရားထဲမှာ အယူအဆများနဲ့ ကန့်သတ်ခံရလို့
မှောင်မိုက်နှင့် နာကျင်မှုထဲ ရောက်ရှိခဲ့ကြ
တန်ခိုးကြီးသော ဘုရားရှင် ကျွန်ုပ်တို့ကို အလင်းသို့ လမ်းပြခဲ့တယ်
နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ နေ့စဉ် မြိန်ရှက်စွာစားသုံး
သမ္မာတရားကို သိကျွမ်းသောကြောင့် ကျွန်ုပ်တို့ဝိညာဉ်များ လွတ်မြောက်မှုရရှိ
ဘုရား၏ကယ်တင်ခြင်းခံရတာ ဂုဏ်ယူစရာပဲ
ဘုရား၏မေတ္တာကို မြည်းစမ်းရင်း
သူ၏ပလ္လင်တော်ရှေ့သို့ချီဆောင်ခြင်းခံရတာ စစ်မှန်သောဝမ်းမြောက်ခြင်းပါ
၂
ငါတို့ ခရစ်တော်၏ပလ္လင်ရှေ့မှာစစ်ကြောစီရင်ခြင်းခံ
ငါတို့ဆိုးညစ်မှုများသန့်စင်မှုရရှိ
ပြုပြင်ဆုံးမခြင်း ခံရသောခါ ဘုရား၏မေတ္တာစစ်ကို ကျွန်ုပ်တို့ ခံစားရ
အခက်အခဲများကြား နာကျင်မှု…ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ပွဲတော်
ဘုရား၏မေတ္တာကို မြည်းစမ်းရင်း
သူ၏ပလ္လင်တော်ရှေ့သို့ချီဆောင်ခြင်းခံရတာ စစ်မှန်သောဝမ်းမြောက်ခြင်းပါ
သူ၏ဖြောင့်မတ်ခြင်းကြောင့် ဘုရားရှင်ကို ချီးမွမ်းကြပါတယ်
သမ္မာတရားက ကျွန်ုပ်တို့ကို ဖောက်ပြန်မှုမှ်လွတ်မြောက်စေပြီ
ဘုရားသခင်၏ ကြီးမြတ်သော မေတ္တာကို ပြန်ဆပ်ဖို့ရန် ကျွန်ုပ်တို့ တာဝန်ကို ဖြည့်ဆည်းလိုတယ်
ဘုရားသခင်၏အပြစ်စီရင်ခြင်းနှင့်စုံစမ်းခြင်းများ
ကျွန်ုပ်တို့ကို စင်ကြယ်စေ၍ ကယ်တင်ခဲ့ပြီ
ဘုရား၏မေတ္တာကို မြည်းစမ်းရင်း
သူ၏ပလ္လင်တော်ရှေ့သို့ချီဆောင်ခြင်းခံရတာ စစ်မှန်သောဝမ်းမြောက်ခြင်းပါ