၄၆။ သေမင်းတံခါးဝမှ အသက်ပြန်ရှင်လာခြင်း

ရမ်းမေ၊ တရုတ်ပြည်

၂၀၀၇ ခုနှစ်တွင် ကျွန်မ နာတာရှည် ကျောက်ကပ်ပျက်စီးမှု ရောဂါဖြင့် ရုတ်တရက် နာမကျန်းဖြစ်ခဲ့သည်။ ကျွန်မ အမေနှင့် ယောက်မတို့က ထိုသတင်းကို ကြားသည့် အချိန်တွင်၊ သူတို့နှင့် ကတ်သလစ် သူငယ်ချင်းတစ်ချို့က ဧဝံဂေလိတရားဟောကြားဖို့ ကျွန်မထံသို့ လာရောက်ခဲ့ကြသည်။ ကျွန်မ သခင့်ထံ ပြန်သရွေ့၊ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းက ပျောက်ကင်းမည်ဟု သူတို့က ပြောလေ သည်။ သို့သော် ကျွန်မက ဘုရားသခင်ကို လုံးဝ မယုံကြည်ခဲ့ပါ။ နာမကျန်းဖြစ်ခြင်းသည် သိပ္ပံနည်းကျ ဆေးပညာဆိုင်ရာ ကုသမှုမှ တစ်ဆင့်သာ ပျောက်ကင်းနိုင်သည်၊ ပြီးလျှင် သိပ္ပံနည်းကျ ကုသမရ နိုင်သည့် မည်သည့်ရောဂါမဆို ကုသ၍ မရနိုင်သော ရောဂါ ဖြစ်သည်ဟု ကျွန်မ တွေးခဲ့သည်။ အမှန်မှာမူ သိပ္ပံပညာ၏ စွမ်းအားထက် ကမ္ဘာ ပေါ်တွင် ပိုမိုကြီးမားသည့် စွမ်းအား ရှိပါသလား။ ဘုရားသခင်ကို ယုံကြည်ခြင်းက စိတ်ဓာတ်ရေးရာ အထောက်အကူ တစ်မျိုးသာ ဖြစ်ပြီး၊ ကျွန်မက သိက္ခာရှိသော အစိုးကျောင်းဆရာမတစ်ယောက်၊ ပညာကောင်းစွာ တတ်ပြီး၊ ပညာဗဟုသုတကြွယ်ဝသော လူ တစ်ယောက် ဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်မ စတင်ယုံကြည် ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ ထိုအတိုင်းပင် ကျွန်မ သူတို့ကို ငြင်းဆိုခဲ့ပြီး၊ ဆေးပညာဆိုင်ရာ ကုသမှုကို စတင်လျှောက်ရှာဖွေခဲ့သည်။ နှစ် အနည်းငယ်အတွင်း ကျွန်မက မိမိ၏ ဇာတိမြို့နှင့် စီရင်စုတစ်လျှောက် ဆေးရုံကြီးတိုင်းနီးပါး တက်ရောက်ဖူးပြီးဖြစ်သော်လည်း၊ ကျွန်မ၏ အနေအထားက မတိုးတက်သေးပါ။ အမှန်မှာမူ ကျွန်မ အနေအထားက ပို၍ဆိုးရွားလာသော်လည်း၊ အခြေအနေကို ကျွန်မ၏ ကိုယ်ပိုင် နည်းလမ်းဖြင့် ကြည့်ခြင်းကိုသာ ကျွန်မ ခေါင်းမာစွာ ဖက်တွယ်ထားပြီး၊ သိပ္ပံပညာက အရာအားလုံးကို ပြောင်းလဲနိုင်ကြောင်း၊ အနာရောဂါ တစ်ခုကို ကုသခြင်းက အချိန်ကြာသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း မလျှော့တမ်း ပြောခဲ့သည်။

၂၀၁၀ ခုနှစ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အစ်မတစ်ယောက်က ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိကို ကျွန်မကို ဟောကြားဖို့ လာရောက်ခဲ့သည်။ သခင်ယေရှုက လူများကို တရားစီရင်ဖို့ နှင့် သန့်စင်ဖို့ သမ္မာတရားများ ထုတ်ပြန်ခြင်း ပါဝင်သည့် အမှုတော်အသစ်ကို ဆောင်ရွက်ဖို့ သာမာန်မျှဖြစ်သော ကမ္ဘာဆီသို့ ပြန်ကြွလာပြီ ဖြစ်ကြောင်း ပြောခဲ့သည်။ ဤသည်မှာ လူသား မျိုးနွယ်ကို လုံးလုံးလျားလျား ကယ်တင်ဖို့ ဖန်တီးထားသည့် ဘုရားအမှုတော် အဆင့်တစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ ကယ်တင်ခံရဖို့ လူသားမျိုးနွယ်၏ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်သည်။ ကျွန်မက ဤအရာအားလုံးကို လက်ခံဖို့ ဆန္ဒမရှိဆဲဖြစ်သော်လည်း၊ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဆေးပညာဆိုင်ရာ ကုသမှုကို ရှာခြင်းမှ ကျွန်မ ကြုံတွေ့ခဲ့ရသည့် ရှုံးနိမ့်ခြင်းများနှင့် မကျေမချမ်းဖြစ်ခြင်းများ အားလုံးကြောင့် ကျွန်မ စိတ်နေစိတ်ထားသည် တစ်ချိန်ကဲ့လောက် တင်းမာမနေတော့ဘဲ၊ ထိုအစ်မထံမှ ဘုရားနှုတ်ကပတ်တော်များ စာအုပ်တစ်ခုကိုယူဖို့ မိမိကိုယ်ကို ဖျောင်းဖျခံခွင့် ပြုခဲ့သည်။ သို့သော်လည်း ထိုအချိန်က ထိုစာအုပ်ထဲမှ စကားများသည် ဘုရားဖော်ပြသည့် သမ္မာတရားများ ဖြစ်သည်ဟု ကျွန်မ သေချာပေါက် မယုံကြည်ခဲ့ပါ။ သိပ္ပံပညာသာလျှင် ကျွန်မ ကံကြမ္မာကို ပြောင်းလဲ နိုင်သည်ဟု ခံယူထားဆဲဖြစ်ပြီး၊ ဤသို့ဖြင့် ဆေးဝါးများသာလျှင် ကျွန်မ၏ အနေအထားကို တိုးတက်စေနိုင်သည်ဟု ဆက်ယုံကြည် ခဲ့သည်။ နောက်ဆုံးတွင် ကျွန်မ နေ့စဉ်နေ့တိုင်း အစားစား နေသည်ထက် ဆေးဝါးများကို ပိုမျိုချနေခဲ့သော်လည်း၊ ကျွန်မ အနေအထားက တိုးတက်မှု အရိပ်အယောင် တစ်စက်မျှ မပြခဲ့ပါ။ ထိုအစ်မက ကျွန်မ အိမ်သို့ လာရောက်သည့် အကြိမ် အရေအတွက်ကို ကျွန်မ မရေတွက်နိုင်သော်လည်း၊ ဘုရားသခင်ကို ယုံကြည်ဖို့ ကျွန်မ ငြင်းဆန်နေဆဲဖြစ်သည်။ ဤသည်မှာ တစ်နှစ်ခန့် ဆက်ဖြစ်နေခဲ့သည်။

ထို့နောက် တစ်နေ့တွင် ဆိုင်းမဆင့် ဗုံမဆင့် ကျွန်မ မျက်လုံးနှက်ဖက်လုံးမှ အမြင်အာရုံက ဝေဝါးသွားကာ၊ ကျွန်မ ခြေထောက်များ အလွန်ထုံကျင်လာသည်မှာ ကျွန်မ လမ်းမလျှောက် နိုင်ခဲ့ပါ။ ကျွန်မ၏ ရောဂါလက္ခဏာများက နှစ်အနည်းငယ်အတွင်း ဆေးပမာဏများစွာ သောက်သုံးခဲ့ခြင်းမှ ဆေးအဆိပ်တက်ခြင်း၏ ရလဒ်ဖြစ်ကြောင်း ဆရာဝန်က ပြောခဲ့သည်။ ပထမတွင် ကောင်တီ ဆေးရုံတွင် ကျွန်မ သီတင်းတစ်ပတ်ခန့်တက်ရောက်ခဲ့ပြီးနောက်၊ ကျွန်မ တစ်လကြာ ကုသမှုခံယူခဲ့သည့် ဘေဂျင်းမြို့ရှိ စစ်ဆေးရုံ တစ်ခုသို့ ရွှေ့ပြောင်းခံရသည်။ ထို့နောက် တရုတ်တိုင်းရင်းဆေး ကုသမှုအတွက် ဘေဂျင်းရှိ လူသိများသည့် တရုတ်တိုင်းရင်းဆေးရုံသို့ ရွှေ့ပြောင်းခံရသည်။ သို့သော်လည်း ဤကုသမှု နှစ်လက ကျွန်မ အနေအထားကို တိုးတက်စေဖို့ မည်သည့်အရာမျှ မပြုလုပ်ခဲ့ပါ။ ကျွန်မ၏ အထွေထွေကု ဆရာဝန်က ကျွန်မကို တစ်ချက်လာကြည့်ဖို့ ဆေးရုံ၏ ဦးနှောက်နှင့် အာရုံကြောဌာနမှ အငြိမ်းစားဌာနချုပ်ဟောင်း ကိုပင် တောင်းဆို ခဲ့သော်လည်း၊ ကျွန်မ၏ အနေအထားတွင် တစ်စက်မျှ တိုးတက်မှု မရှိခဲ့ပါ။ ထို့နောက် ကျွန်မ၏အနေအထားကဲ့သို့ ခက်ခဲပြီး ရှုပ်ထွေးသည့် အနေအထားကို ကုသနိုင်စွမ်းအတွက် နာမည်ကြီးသော ယူနန်မှ ဆရာဝန်တစ်ယောက်အကြောင်း ကျွန်မ ချွေးမလောင်းက ပြောပြသည်ကို ကြားလိုက်သည်။ အကွေ့အကောက် မျိုးစုံပြီးနောက်၊ ထိုနေရာသို့ လူနာထိုင် ဘီးတပ်ကုလားထိုင်တစ်ခုဖြင့် ခေါ်ခံရဖို့ ကျွန်မ စီစဉ်ခဲ့သည်။ သို့သော် တစ်လနီးပါး ကုသမှုခံယူ ပြီးနောက်တွင်၊ ကျွန်မ အနေအထားက မတိုးတက်လာရုံမျှမက၊ ကျွန်မ မျက်လုံးများနှင့် ခြေထောက်များအတွက် ကျွန်မ သောက်နေသည့် ဆေးဝါးများက ကျွန်မ၏ ကျောက်ကပ် ရောဂါကိုပါ အမှန်တကယ် ပိုမိုဆိုးဝါးစေခဲ့သည်။ အကူအညီမရနိုင် လောက်ခြင်းနှင့်၊ ကြီးစွာသော စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခြင်းတို့ကို ခံစားရလျက်၊ အိမ်ပြန်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့သည်။ ထို့နောက်တွင် ကျွန်မ၏ ကျောက်ကပ်များကို ကာကွယ်ဖို့ ကျွန်မ မျက်လုံးများနှင့် ခြေထောက်များ အတွက် ဆေးကုသမှုများနှင့် ဆေးဝါးများကို စွန့်လွှတ်ခဲ့ရသည်။

ထိုကာလအတွင်းတွင် ကျွန်မ အတွက် မျှော်လင့်ချက် လုံးလုံး မရှိတော့ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ၏ ယုံကြည်မှုအားလုံးကို သိပ္ပံပညာတွင် မည်သို့ ပုံအောထားခဲ့သော်လည်း၊ သိပ္ပံပညာက ကျွန်မ၏ ရောဂါကို ကုသခြင်းတွင် လုံးလုံး ထိရောက်ခြင်း မရှိသည်ကို သက်သေပြ ခဲ့သည်ကို ကျွန်မ မကြာခဏ တွေးမိသည်။ သိပ္ပံပညာက ကျွန်မကို ပျောက်ကင်းစေမည်ဟု ကျွန်မမှာ ရှိခဲ့သည့် မျှော်လင့်ချက် တစ်ခုမကျန် ပျက်စီးသွားပြီးနောက်၊ ကျွန်မ အလွန်အမင်း စိတ်အားငယ်ပြီး၊ လုံးလုံး စိတ်ကျန်းမာရေးချို့ယွင်းမှု တစ်ခု ရရှိခဲ့သည်။ ဘဝတွင် မည်သို့ ဆက်သွားရမည်ကို ကျွန်မ မသိခဲ့ပါ။ နာကျင်မှု နှင့် ဆင်းရဲဒုက္ခ၏ ဘူးလုံးနားမထွင်းဖြစ်ခြင်း၌၊ ကျွန်မ၏ အတွေးများ မကြာခဏ ပရမ်းပတာ ဖြစ်ခဲ့သည်။ “ငါက ရောဂါတွေအများကြီးကို ဘာဖြစ်လို့ ဒုက္ခခံရတာလဲ၊ ပြီးတော့ အဲဒီရောဂါတွေကို ဘာဖြစ်လို့ ဆေးနဲ့ မကုနိုင်ရတာလဲ။ ငါက သိပ္ပံပညာ တကယ်ရှိတာကို ယုံကြည်ပြီး၊ သိပ္ပံပညာကို ယုံတယ်၊ ပြီးတော့ အကောင်းဆုံး ကုသမှုကို ရှာဖွေဖို့ ငါအကောင်းဆုံး ကြိုးစားခဲ့ပေမဲ့လည်း၊ တစ်ခုမှ အလုပ် မဖြစ်လာခဲ့ဘူး။ အမှန်တော့ ငါ့အနေအထားက ပိုဆိုးလာတယ်။ သိပ္ပံပညာဟာ ငါ့ကို တကယ်ကို မကယ်တင်နိုင်ဘူးလား။ ဒီကမ္ဘာမှာ ဘုရားတစ်ပါး တကယ်ရှိတာများဖြစ်နိုင်မလား။ လူတိုင်းရဲ့ ကံကြမ္မာ ဟာ ဘုရားသခင်ရဲ့ လက်တော်တွေထဲမှာ တကယ်ကို ရှိသလား။” ဤကိစ္စများအကြောင်း ကျွန်မ မည်သို့တွေးပါစေ၊ မည်သည့်အဖြေကိုမျှ ကျွန်မ ရှာမရနိုင်ခဲ့ပါ။ ထိုကာလအတွင်း နေ့တိုင်း ကြီးစွာသော နာကျင်မှု နှင့် ဆင်းရဲဒုက္ခတို့ဖြင့် ကျွန်မ အသက်ရှင်ခဲ့ရပြီး၊ ကျွန်မ၏ အသုံးမကျသော လူမမာတစ်ယောက် ဖြစ်ခြင်းအကြောင်း ကျွန်မ တွေးလိုက်တိုင်း၊ ကျွန်မ တိတ်တဆိတ် မျက်ရည်များကျခဲ့သည်။ ကျွန်မ မိသားစုကို များစွာ ကရိကထများ စေခဲ့ပြီး၊ သူတို့အပေါ် နောက်ထပ် ဝန်ထုပ်တစ်ခု မဖြစ်ချင်တော့ပါ။ တစ်ကြိမ်ထက်မနည်း ကျွန်မ အသက်ကို အဆုံးစီရင်လိုသော်လည်း၊ သေခြင်းတရားကို ကျွန်မ ကြောက်ခဲ့သည်။ ထို့ကြောင့် နေ့ရက်များ ဖြစ်ပေါ်လာသည့်အတိုင်း တစ်ရက်ချင်းစီ ကျွန်မ လက်ခံပြီး၊ သေခြင်းတရားက ကျွန်မထံသို့ လာဖို့အတွက်သာ စောင့်ဆိုင်းခဲ့သည်။

တစ်နေ့တွင် ကျွန်မခင်ပွန်းက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အစ်မက ကျွန်မအတွက် ထားခဲ့သည့် စာအုပ်ကို မြင်ပြီး၊ ဖွင့်လိုက်သည်။ သူ့ အာရုံကို ချက်ချင် ဆွဲဆောင်သွားသည့် အောက်ပါ ခေါင်းစီး “သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ” ကို သူတွေ့လေ သည်။ ထို့ကြောင့် သူက အောက်ပါကျမ်းပိုဒ်တစ်ခုကို ကျွန်မ အတွက် ဖတ်ပြခဲ့သည်။ “ဘုရားသခင်၏အမှုမှာ သင်သဘောမပေါက်နိုင်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ရွေးချယ်မှု မှန်မမှန်ကို အပြည့်အဝ နားမလည်နိုင်သကဲ့သို့၊ ဘုရားသခင်၏အမှု အောင်မြင်နိုင်မည် မအောင်မြင် နိုင်မည်ကို မသိနိုင်ပါက၊ သင်၏ကံတရားကို စမ်းသပ်ပြီး ဤသာမည လူသားက သင့်အတွက် ကြီးမားသောအကူအညီ ဖြစ်နိုင်မဖြစ်နိုင်မည်နှင့်၊ ဘုရားသခင်က ကြီးမားသောအမှုကို အမှန်ပင် လုပ်ဆောင်ပြီးပြီလော ဟူသည်ကို အဘယ်ကြောင့် မစမ်းသပ်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ဤကျမ်းပိုဒ်တို့က ကျွန်မစိတ်နှလုံးကို ကိုင်ဆောင့်သကဲ့သို့ ဖြစ်သည်။ အထူးသဖြင့် “သင်၏ကံတရားကို စမ်းသပ်ပြီး။” ဆိုသည့် စကားစုက ကျွန်မ စိတ်ထဲတွင် မပြတ် ပြန်ပေါ်ပေါ်လာခဲ့သည်။ ၎င်းက ကျွန်မ၏ ဝမ်းနည်း ညှိုးငယ်နေသော စိတ်နှလုံးပေါ်သို့ ထွန်းလင်းလာသည့် အလင်း ရောင်ခြည်မျှင်တန်း တစ်ခုကဲ့သို့ဖြစ်ပြီး၊ ၎င်းမှာ ကျွန်မက အသက်ရှင် ခြင်း နှင့် ပတ်သက်သည့် ရေးရေးမျှဖြစ်သော မျှော်လင့်ချက် တစ်ခုကို မြင်နိုင်ပုံရသည်။ လူများကို တရားစီရင် ရန် နှင့် သန့်စင်ရန်၊ ပြီးလျှင် သူတို့၏ စိတ်သဘောထားများ ပြောင်းလဲ ရန် သူ့နှုတ်ကပတ်တော်ကို ဘုရားသခင် အသုံးပြုခြင်း အကြောင်း သမ္မာတရားများ ပါဝင်သည့် ဘုရားနှုတ်ကပတ်တော်များ၏ နောက်ထပ် ကျမ်းပိုဒ်နှစ်ပိုဒ်ကို ကျွန်မက ကျွန်မခင်ပွန်းအား ကမန်းကတန်း ဖတ်ပြခိုင်းခဲ့သည်။ ဤအရာအားလုံးက ကျွန်မ အတွက် လုံးလုံးအသစ်ဖြစ်ပြီး၊ ပြောသွားသည့် အရာများ၏ အဓိပ္ပာယ် အပြည့်အဝကို အမှန်တကယ် ကျွန်မ နားမလည်သော်လည်း၊ ဤသွန်သင်ချက်များက ကျွန်မ တခြားလူများထံမှ ကြားခဲ့သည့် သခင်ယေရှု၏ ဧဝံဂေလိနှင့် ကွဲပြားသည်ကို ကျွန်မ၏ စိတ်နှလုံးထဲတွင် ခံစားနိုင်ခဲ့သည်။ ၎င်းတို့က ကျေးဇူးတော် ရရှိနည်း အကြောင်းနှင့် ကျွန်မက ဘုရားသခင်ကို ယုံကြည်ဖို့သာ လိုအပ်ပြီး၊ ကျွန်မ၏ အနာရောဂါ ပျောက်ကင်းမည် ဖြစ်ကြောင်းတို့ကိုသာ အများစု ပြောခဲ့သည်၊ ယင်းကို ကျွန်မက မယုံကြည်ခဲ့ပါ။ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပို၍ လက်တွေ့ကျပုံရပြီး၊ ကျွန်တော် ပိုကြားရလေ၊ ပို၍ ကြားလိုလေ ဖြစ်ခဲ့သည်။

ထို့နောက်တွင် ကျွန်မခင်ပွန်းကို ကျွန်မ နေ့တိုင်း ဘုရား နှုတ်ကပတ်တော်များ ဖတ်ပြခိုင်းခဲ့သည်။ ထိုစာအုပ်ထဲတွင် ဘာသာရေး ပုဂ္ဂိုလ်များက ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားကို မသိဘဲ၊ အာပင်ခံကြကြောင်း၊ သူတို့က နေ့ဖက်တွင် မကြာခဏ အပြစ်များ ကျူးလွန်ပြီး၊ ညဖက်တွင် ထိုအပြစ်များကို ဝန်ချတောင်းပန် ကြောင်း ပြောထားသည်။ ကျွန်မ၏ အမေနှင့် ယောက်မနှစ်ယောက်တို့ အားလုံးက ခရစ်ယာန်များဖြစ်ပြီး၊ သူတို့ အသက်ရှင်သည့် ပုံစံက ဘုရား နှုတ်ကပတ်တော်များတွင် ဖော်ပြသွား သည့် အတိုင်းပင် ဖြစ်သောကြောင့် ဤသည်မှာ ကျွန်မအတွက် ပို၍ပင် လက်ခံယုံကြည်စရာဖြစ်ခဲ့သည်။ သူတို့က အပြစ်များကို အမှန်တကယ် ကျူးလွန်ပြီးနောက် ထိုအပြစ်များ ကို ဝန်ခံကြကာ၊ ထို့နောက် ထိုအပြစ်များကို ထပ်ကျူးလွန်ကြသည်။ ထိုအချိန်က ကျွန်မမှာ ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု ရှိလာသည့် အချိန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အသံတော် အမှန်တကယ် ဖြစ်ပါသလား။ ၎င်းက ဘုရားသခင် မဟုတ်ပါက၊ စာရေးဆရာက ဘာသာရေးလောက ကို ဘယ်လိုလုပ်ပြီး အလွန်ကောင်းမွန်စွာ နားလည်ရ သနည်း။ မယုံကြည်သူများက နားမလည်ပါ၊ ထင်ရှားပြီး နာမည်ကြီးသူ များ မည်သည့်အရာမျှ မသိပါ၊ ပြီးလျှင် ဘာသာရေးပုဂ္ဂိုလ်များ ကိုယ်တိုင် ပင်လျှင် သူတို့က ဘုရားသခင်ကို ယုံကြည်ပြီး၊ ဘုရားသခင်ကို အာလည်းခံသည်ကို သဘောမပေါက်ကြပါ။ ၎င်းကို ကျွန်မ ပိုတွေးလေ၊ စာအုပ်ထဲမှ စကားများက လူများ ဖော်ပြနိုင်သည့် အရာများ မဟုတ်ဘဲ၊ သာမာန်လူ့ကမ္ဘာလောကကြီးတွင် ဘုရားလူ့ဇာတိခံခြင်း၏ မိန့်မြွက်ချက်များသာ ဖြစ်ကောင်းဖြစ်နိုင်သည်ကို ကျွန်မ ပို၍ ခံစားရလေ ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မကို အစတုန်းက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိ တရားဟောကြားခဲ့သည့် အစ်မက ကျွန်မ ဆေးရုံတက်ပြီးနောက်ပိုင်း အိမ်သို့ပြန်ရောက်နေသည်ဟု ကြားပြီး၊ နောက်ထပ် အစ်မတစ်ယောက်နှင့်အတူ ကျွန်မကို ဧဝံဂေလိထပ် ဟောကြားဖို့ ကျွန်မ အိမ်သို့ လာခဲ့သည်။ ဤတစ်ကြိမ်တွင် ကျွန်မ အသိစိတ်က “ငါက လူမမာတစ်ယောက် ဖြစ်လာပေမဲ့ အဲဒီအစ်မတွေက ငါ့ကို ရွံရှာလို့ဆိုပြီးတော့ မစွန့်ပစ်ထားဘူး၊ ပြီးတော့ ငါ့ကို ထပ်ထပ်ပြီး ဧဝံဂေလိတရား ဟောကြားဖို့တောင် လာကြတယ်။ ဒါက သာမာန်လူတွေ လုပ်နိုင်တဲ့အရာတော့ မဟုတ်ဘူး။ တခြားလူတွေသာဆို ငါ့အကြောင်းကို မေ့နေတာ ကြာခဲ့လောက်ပြီ။” ဟု ပြောနေသည်ကို ကျွန်မ သတိပြုမိ သည်။ ဤသို့သော ချစ်ခြင်းမေတ္တာသည် သာမာန် ကမ္ဘာကြီးတွင် မည်သည့်အခါမျှ မရှာတွေ့နိုင်သည်နှင့်အညီ၊ ၎င်းက ဘုရားသခင်ထံမှ လာခြင်းဖြစ်ကြောင်းကို ကျွန်မ စိတ်ထဲတွင် အလွန်းရှင်းလင်းလှသည်။ “လိုအပ်သည့်အချိန်တွင် ရှိသည့် သူငယ်ချင်းသည်၊ သူငယ်ချင်း တစ်ယောက် အမှန်တကယ်ပင်ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားနှင့် အညီပင် ဖြစ်သည်၊ ပြီးလျှင် ထိုနေ့က ဤအရာကို ကျွန်မ နက်နဲစွာ တွေ့ကြုံခံစားခဲ့ရပါသည်။ ကျွန်မနံဘေးတွင် ကျွန်မ မိသားစု နေပေးခြင်း က သူတို့ မရှောင်နိုင်သော အရာတစ်ခုသာ ဖြစ်သော်လည်း၊ ကျွန်မနှင့် လုံးလုံး သွေးသားမတော်စပ်ဘဲ၊ မည်သည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ သို့မဟုတ် အခြေအနေများ မရှိကြသည့် ဤလူများက ကျွန်မကို ဧဝံဂေလိ ဟောကြားဖို့ တစ်နှစ်လုံး ပုံမှန် လာဖို့နှင့် ကျွန်မကဲ့သို့ လူမမာတစ်ယောက်အတွက် ဒုက္ခရှာဖို့ ဆိုသည်မှာ သူတို့၏ ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်မှုတို့သည် မည်မျှ အံ့သြဖွယ်ကောင်းသည်ကို ပြခဲ့သည်။ ကျွန်မက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် အမှန် တကယ် တို့ထိခံရပြီး၊ ထိုအချိန်မှစတင်ကာ၊ ဘုရားသခင်၏ ဧဝံဂေလိကို ကျွန်မ နောက်ထပ် ငြင်းပယ်ဖို့ အကြောင်းပြချက် မရှိတော့ပါ။ အကျိုးဆက်အားဖြင့် ကျွန်မ၏ ခင်ပွန်းနှင့် ကျွန်မတို့က ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြသည်။

၂၀၁၁ ခုနှစ် ဇွန်လတွင် ကျွန်မခင်ပွန်းနှင့် ကျွန်မတို့က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်တွင် ကျွန်မတို့၏ အသင်းတော် အသက်တာကို စနစ်တကျ စတင်ခဲ့သည်။ ကျွန်မဘာသာ စာဖတ်ခွင့်ရ လောက်အောင် ကျွန်မ အမြင်အာရုံက သိပ်မကောင်း သောကြောင့်၊ ကျွန်မ ခင်ပွန်းက ကျွန်မကို ဘုရားနှုတ်ကပတ်တော်များ ပုံမှန် ဖတ်ပြပြီး၊ အသင်းတော် ဝတ်ပြုအစည်းအဝေးများ အတွင်းတွင် ညီအစ်ကိုမောင်နှမ များကလည်း ကျွန်မကို ဘုရားနှုတ်ကပတ်တော် များ ဖတ်ပြကြသည်။ တစ်ခါတစ်ရံတွင် ကျွန်မ ဘာသာ တစ်ယောက် တည်း ရှိသည့်အချိန်တွင်၊ ကျွန်မက ဓမ္မသီချင်းများကိုလည်း နားထောင်ခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မ၏ နာမကျန်းဖြစ်ခြင်းနှင့် ဒုက္ခခံစားခြင်းတို့၏ အကြောင်းအရင်းကို ဘုရားနှုတ်ကပတ်တော်များ တွင် ရှာဖွေတွေ့ရှိခဲ့သည်။ “လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ တိုး၍ တိုး၍၊ လူတို့သည် လူ့လောက၏ အနှစ်သာရကင်းမဲ့ခြင်းနှင့် ကံဆိုးမိုးမှောင်ကျခြင်းအပြင်၊ ဆက်လက်ရှင်သန်နိုင်စွမ်းမရှိခြင်းတို့ကို ခံစားခဲ့ကြရပြီး၊ သူတို့သည် ကမ္ဘာလောကအတွက် မျှော်လင့်ချက် ပို၍ပို၍လျော့နည်းစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး၊ ထိုအရာသည် သူတို့အား စာတန်မှ ဖောက်ပြန်ပျက်စီးစေပြီးနောက်မှသာ ရောက်လာကာ သူတို့၏ ဇာတိပကတိမှာ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။...ဤသည်မှာ သင်သည် နာမကျန်းဖြစ်ပြီး သောကရောက်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သေကြောင်းကြံရန် သင့်အတွက် ဖြစ်နိုင်ကာ ရံဖန်ရံခါ လောကကြီးသည် တိတ်ဆိတ်ခြောက်ကပ်သည် သို့မဟုတ် ဘဝက အဓိပ္ပာယ်ကင်းမဲ့သည်ဟု သင် ခံစားရလေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဤလူသား ဆင်းရဲဒုက္ခများသည် စာတန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသေး၏၊ ၎င်းတို့သည် လူသား၏ သေနိုင်လောက်သော အားနည်းချက်များထဲမှ တစ်ခုအဖြစ် ပါဝင်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု”) နာမကျန်းဖြစ်ခြင်း၏ နာကျင်မှုအားဖြင့် ဆောင်ကြဉ်းလာသည့် ဆင်းရဲဒုက္ခက မည်မျှ ကြီးမားသည်မှာ ကျွန်မ အသက်ရှင်ဖို့ ဆန္ဒအားလုံး ပျောက်ဆုံးသွားခဲ့ပြီး၊ မိမိအသက်ကို အဆုံး စီရင်ချင်ခဲ့သည်ကို ဘုရားနှုတ်ကပတ်တော်များက ဖော်ပြရာတွင် ကွက်တိ ဖြစ်လေသည်။ သို့သော်လည်း နာမကျန်းဖြစ်ခြင်းနှင့် ဆင်းရဲဒုက္ခတို့၏ နာကျင်မှုအားလုံးက စာတန်၏ ဘေးဖြစ်စေသည့် နည်းလမ်းများ ကြောင့် ဖြစ်သည်ဟု ဘုရားနှုတ်ကပတ်တော်များက ပြောထားသည်။ ပထမတွင် ဘုရားသခင်က ဤအရာများ ပြောရသည့် အကြောင်း အရင်းကို ကျွန်မ တကယ့်ကို နားမလည်သော်လည်း ဘုရား နှုတ်ကပတ်တော်များကို နောက်ထပ် ဖတ်ရှုပြီးနောက်ပိုင်း ဤသမ္မာတရားများကို ကျွန်မ တဖြည်းဖြည်းချင်း နားလည် သဘောပေါက်ခဲ့သည်။

တစ်နေ့လယ်တွင် ကျွန်မခင်ပွန်းက ကျွန်မကို ပုံမှန်အတိုင်း ဘုရားနှုတ်ကပတ်တော်များ ဖတ်ပြနေပြီး၊ ကျွန်မက ဤဘုရား နှုတ်ကပတ်တော်များကို ကြားခဲ့သည်။ “လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သာ၍သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။...သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်လိမ့်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားကြလိမ့်မည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲလျက်၊ လူကို အတောမသတ်သော ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုတွင် တည်ရှိဖို့သာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်ပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဤနှုတ်ကပတ်တော်များကို ကြားရသည့်အချိန်တွင် လူသားမျိုးနွယ် တစ်ခုလုံး၏ နာမကျန်းဖြစ်ခြင်း နှင့် ဆင်းရဲဒုက္ခတို့က စာတန်ဆီမှ ပေါ်ပေါက်လာသည်ဟု ဘုရားသခင် ပြောရသည့် အကြောင်းအရင်းကို ကျွန်မ နောက်ဆုံးတွင် နားလည် သဘောပေါက်ခဲ့ရသည်။ စာတန်က ကျွန်မတို့ကို ဖောက်ပြန်ဖျက်ဆီးဖို့ အသိပညာနှင့် သိပ္ပံပညာတို့ကို အသုံးပြုခဲ့သည်။ စာတန်က “လူသားသည် မျောက်ဝံမှ ဆင့်ကဲဖြစ် ပေါ်လာ၏” “ကယ်တင်ရှင် မည်သည့်အခါကမျှ မရှိခဲ့ပေ” “အသိပညာ သည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏” “လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏” “သိပ္ပံပညာက လူများကို ကယ်တင်၏” “လူသားသည် သဘာဝတရားကို အနိုင်ယူကာ” တို့ကဲ့သို့ သော ရယ်ဖွယ်ကောင်းသည့် အကြံဉာဏ်များဖြင့် ကျွန်မတို့ကို ပြည့်နှက်စေခဲ့သည်။ စာတန်က လူသားမျိုးနွယ်ကို ဤဒဿနများ၊ စည်းမျဉ်းများ၊ အကြံဉာဏ်များနှင့် အယူအဆများတို့ဖြင့် ဦးနှောက် ကျင်းခဲ့သည်။ ၎င်းတို့က လူများ၏ စိတ်နှလုံးများနှင့် စိတ်ဝိညာဉ် များကို နေရာယူထားပြီး၊ လူများအား အသိပညာတွင် ကြောင်းကျိုး မမြင်တော့ဘဲ ယုံကြည်စေပြီး၊ သိပ္ပံပညာကို ကိုးကွယ်စေ သည်။ လူများက သူတို့ ကံကြမ္မာကို အသိပညာဖြင့် ပြောင်းလဲနိုင်သည် သို့မဟုတ် ခက်ခဲသော ပြဿနာတိုင်းကို ဖြေရှင်းဖို့ သိပ္ပံပညာကို အသုံးပြုနိုင်သည် ဆိုသည့် ထင်ယောင်ထင်မှားဖြစ်မှု ရှိလာခဲ့သည်။ လူများက သူတို့ဘဝများ၏ အခြေခံအကြောင်းအရင်းကို ပုံဖော်ဖို့ စာတန်၏ ရယ်ဖွယ်ကောင်းသည့် အကြံဉာဏ်များကို ယူကြပြီး၊ ဤသို့ဖြင့် သူတို့က စာတန်၏ အကျဉ်းသား အဖြစ် အယူခံရကာ၊ စာတန်၏ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ လူများက မိမိကိုယ်ကို ဘုရားသခင်၏ စောင့်ရှောက်မှု နှင့် ကွယ်ကာမှုတို့မှ ကင်းကွာစေရန် ဘုရားသခင်ထံမှ လာသည့် အရာ အားလုံးကို စတင်ငြင်းပယ်ကြသည်။ စာတန်က သူ့ရုပ်သေးများဖြင့် ကစားသည့် ရုပ်သေးဆရာတစ်ယောက်ကဲ့သို့ သူတို့ကို ကြိုးကိုင် ချယ်လှယ်ပြီး၊ ကျွန်မက ဤနည်းအားဖြင့် ထိခိုက်ခံရသည့် လူသန်းပေါင်း များစွာထဲမှ တစ်ယောက်သာ ဖြစ်ခဲ့သည်။ ကျွန်မ နေမကောင်းသည့် အချိန်က၊ ကျွန်မကို ကုဖို့ သိပ္ပံပညာကို ကျွန်မ မှီခိုခဲ့သည်။ သိပ္ပံပညာကို ကျွန်မက ကြောင်းကျိုးမမြင်တော့ဘဲ ယုံကြည်ပြီး ကိုးကွယ်သည်။ ထင်ရှားသည့် ဆေးရုံများမှ အထူးကုများက၊ သူတို့၏ အဆင်မြင့် နည်းပညာများနှင့် ခေတ်သစ် ဆေးပညာဆိုင်ရာ အထောက်အပံ့ ပစ္စည်း ပစ္စယများဖြင့် ကျွန်မ၏ နာမကျန်းဖြစ်ခြင်းကို ကုသနိုင်စွမ်းလိမ့် မည်ဟု ကျွန်မ အမှန်တကယ် တွေးထင်ခဲ့သည်။ သိပ္ပံပညာက ကျွန်မကို ဆောင်ကြဉ်း ပေးလာသည့် တစ်ခုတည်းသော အရာမှာ အိပ်မက်ကဲ့သို့ မျှော်လင့်ချက်နှင့် ကယ်၍မရသော နာကျင်မှုသာ ဖြစ်လေသည်။ သိပ္ပံပညာက ကျွန်မကို ဘုရားသခင်အား မယုံကြည်ဖို့ ဖြစ်စေ သောကြောင့် မကြာခဏ ဆိုသကဲ့သို့၊ ကျွန်မက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည်၊ သူ့ကို အာခံပြီး၊ သူ့ကယ်တင်ခြင်းကို ငြင်းဆန် ခဲ့သည်။ သို့သော် ကျွန်မ၏ ပုန်ကန်လိုခြင်းရှိသော်လည်း ဘုရားသခင်က ကျွန်မ၏ ကယ်တင်ခြင်းအတွက် လုံးဝ လက်မလျှော့ခဲ့ဘဲ၊ ယင်းနောက် တွင် ကျွန်မကို လမ်းပြဖို့ သူ့နှုတ်ကပတ်တော်များကို အသုံးပြုခဲ့သည်။ နည်းနည်းချင်းဆိုသကဲ့သို့၊ သူက တစ်ချိန်က အသိပညာနှင့် သိပ္ပံပညာတို့ အားဖြင့် အလွန် လွှမ်းမိုးထားသော ကျွန်မ၏ ဝိညာဉ်ကို နိုးကြားစေ ခဲ့သည်။ တစ်ချိန်က သေလုနီးပါး ဖြစ်ခဲ့သည့် ကျွန်မက ယခုအခါတွင် ဘုရားသခင် ရှေ့တော်မှောက်သို့ လာရောက်ပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခဲ့လေသည်။

ကျွန်မခင်ပွန်းက ကျွန်မကို ဘုရားနှုတ်ကပတ်တော်များ နေ့တိုင်း ဆက် ဖတ်ပြပြီး၊ တစ်နေ့တွင် ကျွန်မက ဘုရားသခင်၏ ဤနှုတ်ကပတ်တော် များကို ကြားရသည်။ “ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။...အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) လူများအားလုံး၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိကြောင်းနှင့် လူ့အသက် ၏ အရင်းအမြစ်မှာ ဘုရားသခင် ဖြစ်ကြောင်း ကျွန်မ နားလည် သဘောပေါက်ဖို့ ဤကျမ်းပိုဒ်က ကူညီပေးခဲ့သည်။ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာရောက်ခြင်း၊ ဘုရားသခင်နောက်ကို လိုက်ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့ဖြင့်သာလျှင် လူများတွင် ကောင်းမွန် သည့် ကံကြမ္မာရှိနိုင်သည်။ လူများက ဘုရားသခင်ထံမှ ဝေးရာသို့သွားကာ၊ ဘုရားသခင်ကို အာခံပြီး စွန့်ပစ်ကာ၊ ထိုအစား စာတန်ကို မှီခိုသည့် အချိန်တွင် သူတို့က စာတန်ထံ မိမိကိုယ်ကို လွှဲအပ်ပေးနေကြခြင်း ဖြစ်သည်။ အကျိုးဆက်အားဖြင့် သူတို့က စာတန်၏ ထိခိုက်ခြင်းနှင့် နင်းချေခြင်းတို့ကို ခံရပြီး၊ အဆုံးမရှိသော ဘေးဒုက္ခနှင့် အကန့်အသတ် မရှိသော ဆင်းရဲဒုက္ခ တို့ကို ခံစားရမည်။ ဤသည်မှာ လူများက မိမိကိုယ်ကို ထိခိုက်သည့် ပုံဖြစ်ပြီး သူတို့၏ ကိုယ်ပိုင် ပျက်စီးခြင်းကို ဆောင်ကြဉ်းလာပုံ ဖြစ်သည်။ ထိုအခိုက်အတန့်တွင်၊ ကျွန်မက မည်မျှ မိုက်မဲ၊ ကြောင်းကျိုးမမြင်ဘဲ၊ သနားဖွယ်ကောင်းခဲ့သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ အသိပညာနှင့် သိပ္ပံပညာတို့အပေါ် ကျွန်မ၏ အမြင်ရှုထောင့်များသည် အဆိပ်ချည်းသက်သက်သာ ဖြစ်ပြီး၊ ကျွန်မကို ဖောက်ပြန်ဖျက်ဆီးဖို့ စာတန်အသုံးပြုသည့် ကိရိယာ တန်ဆာပလာများသာ ဖြစ်သည်ကို ကျွန်မ မြင်ခဲ့သည်။ ဤနှစ်များအတွင်း ကျွန်မက နတ်ဆိုး၏ အဆိပ်ခတ်ခံခဲ့ရပြီး၊ ယခုအခါတွင် ကျွန်မ ကြီးစွာ နောင်တရလေသည်။ ဘုရားသခင်အတွက် စစ်မှန်သည့် တောင့်တမှုကို ကျွန်မ လှိုက်လှိုက်လှဲလှဲ တွေ့ကြုံခံစားခဲ့ရသည်။ ကျွန်မက သမ္မာကျမ်းစာ ထဲတွင် မှတ်တမ်းတင်ထားသည့် ဘုရားသခင် ရှေ့တော်မှောက် မြေကြီးပေါ်တွင် မိမိကိုယ်ကို လှဲချပြီး၊ ဝန်ခံကာ၊ နောင်တရဖို့ရာ နိနေဝေမြို့သားများကဲ့သို့ ပြုမူဖို့ ဆန္ဒရှိသည်။ ကျွန်မက မိမိ၏ ဆိုးယုတ်သော နည်းလမ်းများအားလုံးကို ချန်ရစ်ခဲ့လိုပြီး၊ ဘုရားသခင် ထောက်ပံ့ပေးသည့် လမ်းပြမှုနှင့် ထောက်ပံ့မှုကို လက်ခံချင်သည်။ ဘုရားသခင်နောက်ကို လိုက်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်လိုသောကြောင့် ကျွန်မက အသင်းတော်တွင် ဧည့်ခံတာဝန်များ တာဝန်ပေးဖို့ တက်ကြွစွာ တောင်းဆိုခဲ့သည်။ ညီအစ်ကိုမောင်နှမများနှင့် ကျွန်မ၏ အပြန်အလှန် ဆက်ဆံခြင်းများတွင် ကျွန်မ၏ နာမကျန်းဖြစ်ခြင်းကြောင့် မည်သူကမျှ ကျွန်မကို အထင်မသေးဘဲ၊ မတရားသဖြင့် ချိုးနှိမ်ခြင်းလည်း မရှိပါ။ အမှန်မှာမူ သူတို့က ကျွန်မကို ကြီးစွာသော အကူအညီနှင့် အားပေးမှုများ ပေးပြီး၊ သူတို့၏ ရိုးသားသော ချစ်ခြင်းမေတ္တာအားဖြင့် ဝန်းရံခံရသည်ဟု ကျွန်မ အမြဲတမ်း ခံစားခဲ့ရသည်။

အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက်၊ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းက မတိုးတက်လာသေးသောကြောင့် ကျွန်မကို ပိုကောင်းလာအောင် ကူညီဖို့ ဘုရားသခင်ကို တောင်းလျှောက်လျက်၊ ဘုရားသခင်ကို ကျွန်မ စတင် တောင်းဆိုမှုများ လုပ်လာခဲ့သည်။ သို့သော်လည်း အစ်မများက ကျွန်မနှင့် အောက်ပါ မိတ်သဟာယကို ပြုခဲ့ကြသည်။ “ဘုရားသခင်က အရာ အားလုံးရဲ့ ဖန်ဆင်းရှင် ဖြစ်ပြီးတော့၊ ကျွန်မတို့က အဖန်ဆင်းခံတွေ ဖြစ်တာကြောင့် ဘုရားသခင်က ကျွန်မတို့ကို ဘယ်လို ဆက်ဆံပါစေ၊ ကျွန်မတို့က ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းတွေ နဲ့ စီစဉ်မှုတွေကို လက်ခံရမယ်။ ဘုရားသခင်ဆီက အရာတွေကို ကျွန်မတို့ တောင်းလျှောက် ရင်၊ ကျွန်မတို့က ကိုယ့်ရဲ့ ဆင်ခြင်တုံတရားမရှိတာကိုသာ ပြနေတာပဲ။ အနာငြိမ်းစေတာ၊ မကောင်းဆိုးဝါး မောင်းထုတ်တာ နဲ့ နိမိတ် လက္ခဏာတွေကို ဆောင်ရွက် တာတို့က ကျေးဇူးတော်ခေတ်တွင်းမှာ ဘုရားအမှုတော်ရဲ့ တစ်စိတ် တစ်ဒေသတွေ ဖြစ်ပေမဲ့၊ အခု ကျွန်မတို့က နိုင်ငံတော်ခေတ်မှာ ရောက်နေ တယ်၊ ပြီးတော့ အခု ဘုရားအမှုတော်က လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်ပြီး ပြောင်းလဲဖို့ နှုတ်ကပတ်တော်တွေကို အသုံးပြုဖို့ သူ့နှုတ်ကပတ်တော်က တစ်ဆင့် အရာအားလုံးကို ဖြစ်မြောက် အောင်မြင်စေဖို့ဖြစ်တယ်။ ဘုရားသခင်က ကျွန်မတို့ကို သူ့ကို နာခံတဲ့သူ၊ သူ့ကို သစ္စာရှိတဲ့သူ၊ သူ့ကို သိကျွမ်းတဲ့လူ နဲ့ သူ့ကို ချစ်တဲ့သူတွေ အဖြစ် ပြောင်းလဲချင်တယ်၊ အဲဒါမှသာ အဲဒီလိုလူတစ်အုပ်ကို နောက်ခေတ်ထဲကို ဘုရားသခင်က ခေါ်နိုင်တယ်။ လူတွေက ဘုရားသခင်ကို သိကျွမ်းလာတာနဲ့ တပြိုင်နက် သူတို့ သဘာဝအလျောက် ဖော်ပြတဲ့ ချစ်ခြင်းမေတ္တာနဲ့ နာခံမှုတို့ကို ဘုရားသခင်က အလိုရှိတာ ဖြစ်တယ်။ သူက လူတွေကို သူတို့ရဲ့ နာမကျန်း ဖြစ်ခြင်းကို ကုစားပေးခြင်းအတွက် ကျေးဇူးတင်ရှိခြင်း အသိစိတ် တစ်ခု ကြောင့် သူ့နောက်လိုက်တာကို ဘုရားသခင်က မလိုချင်ဘူး။ ဘုရား နှုတ်ကပတ်တော်တွေက ပြောတဲ့အတိုင်း- ‘ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ ကျိုးနွံနာခံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) လို့ဖြစ်တယ်။ ဒါ့ကြောင့် ကျွန်မတို့က ကောင်းကြီး မင်္ဂလာတွေအတွက် လိုအင်ဆန္ဒအားဖြင့် ကျွန်မတို့ ဘယ်လိုလှုံ့ဆော်ခံရ တယ်ဆိုတာနဲ့ ဘယ်လို အပြန်အလှန် ဖလှယ်မှု ရှိတယ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး နားလည်သဘောပေါက်သင့်တယ်။ ကျွန်မတို့က ဘုရား နှုတ်ကပတ်တော်တွေကိုလည်း ပိုဖတ်သင့်ပြီး၊ အဲဒီ နှုတ်ကပတ်တော်တွေ ကို ကျွန်မတို့ အသက်တာတွေမှာ လက်တွေ့ အကောင်အထည် ဖော်သင့်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံသင့်တယ်၊ ကိုင်တွယ် ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ စမ်းသပ်မှုတွေ နဲ့ စစ်ဆေးခြင်းတွေကို လက်ခံသင့်တယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေမှာ သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်းရဖို့ ကြိုးစားသင့် တယ်။ အစ်မရဲ့ နာမကျန်းဖြစ်ခြင်းက ပိုကောင်းလာမယ် မကောင်းလာဘူး ဆိုတာက ဘုရားသခင် လက်တော်ထဲမှာ ရှိတယ်၊ ပြီးတော့ ကျွန်မတို့က ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံသင့် တယ်။”

ထိုအစ်မများ၏ မိတ်သဟာယပြုခြင်းမှတစ်ဆင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ပျော်မွေ့ခြင်းသက်သက်က ကျွန်မတို့၏ ဆိုးယုတ်သော စိတ်သဘောထားများကို ပြောင်းလဲဖို့ မလုံလောက်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းဖြင့်သာလျှင် ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖယ်ရှားနိုင် ပြီး၊ ကျွန်မတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပြန်လည် ရရှိနိုင်သည်၊ ဤသို့ဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီး၊ သူ့အလိုတော်နှင့် သဟဇာတဖြစ်လာနိုင်သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံသည့် ထိုခရစ်ယာန်များ မှာမူ ဘုရားသခင်၏ ပေါလျှံ သော ကျေးဇူးတော်ကိုသာ ကောင်းစွာ လက်ခံနိုင်သော်လည်း သူတို့က အပြစ်ကျူးလွန်ခြင်းနှင့် အပြစ်ကို ဝန်ခံခြင်း သံသရာတစ်ခုတွင် အသက်ရှင်နေဆဲဖြစ်သည်။ ဤသည်မှာ သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက သန့်စင်မခံရ သေးသောကြောင့်၊ သူတို့က ခရီး လျှောက်သွားပြီး၊ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများနှင့် ကျေးဇူးတော် တို့ကို ရရှိခြင်း ပန်းတိုင်ဖြင့် မိမိကိုယ်ကို အသုံးတော်ခံကြသည်။ တခြားနည်းဖြင့် ဆိုရပါမူ၊ သူတို့က ဘုရားသခင်နှင့် အပေးအယူ လုပ်လိုပြီး၊ ထိုအတိုင်းပင် သူတို့က သူ့အတည်ပြုချက်ကို မည်သည့်အခါမျှ ရရှိမည် မဟုတ်ပါ။ ကျွန်မ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ပြီးနောက်၊ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းကို ကုစားပေးဖို့ ဘုရားသခင်အား တောင်းဆိုခြင်းကို ရပ်လိုက်ပြီး၊ ထိုအစား ကျွန်မ၏ အနေအထား မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ သို့မဟုတ် ဆိုးရွားသည်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်ဖို့နှင့် ကိုးကွယ်ဖို့ ခိုင်မာသော ကတိကဝတ် ထားရှိခဲ့သည်။ ကျွန်မက ဖန်ဆင်းခံတစ်ယောက် အနေဖြင့် မိမိ၏တာဝန် များကို ထမ်းဆောင်ဖို့၊ သမ္မာတရားကို ရှာဖွေလိုက်စားပြီး၊ ဘုရားသခင်ကို ပိုမိုရိုးသားစွာ သိကျွမ်းအောင် ကြိုးစားဖို့၊ မိမိကိုယ်ကို ဖောက်ပြန် ပျက်စီးသည့် စိတ်သဘောထားများမှ ဖယ်ရှားဖို့နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် စစ်မှန်သည့် လူသားတစ်ယောက်ကဲ့သို့ အသက်ရှင် နေထိုင်ဖို့ မိမိဘာသာ ကတိကဝတ်ထားခဲ့သည်။ ဤအရာများအားလုံးကို စတင် လက်တွေ့လုပ်ဆောင်သည်နှင့် တပြိုင်နက် ကျွန်မ စိတ်နှလုံး ထဲတွင် ကြီးစွာသော ပြေလျော့မှုကို ခံစားရပြီး၊ ကျွန်မ နာမကျန်း ဖြစ်ခြင်း၏ နာကျင်မှုအားဖြင့် ချည်နှောင်ခံရသည် သို့မဟုတ် ချုပ်ချယ်ခံရ သည်ဟု နောက်ထပ် မခံစားရတော့ပါ။ ကျွန်မက ဘုရားသခင်ကို မိမိကိုယ်ကို လုံးလုံးလွှဲအပ်ဖို့ နှင့် သူ့ အမိန့်များနှင့် စီစဉ်မှုများကို နာခံဖို့ အတွက်သက်သက်သာ ကျွန်မ ဆန္ဒရှိပါသည်။

ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုဖို့ ညီအစ်ကိုမောင်နှမ များဖြင့် ကျွန်မ မကြာခဏ အတူဆုံခဲ့ပြီး၊ သမ္မာတရားကို မိတ်သဟာယပြု ကာ၊ ဘုရားသခင်ကို ချီးမွမ်းသော ဓမ္မသီချင်းများ သီဆိုခဲ့သည်။ ကျွန်မ အလွန် စိတ်ချမ်းသာခဲ့ပြီး၊ ဤစိတ်ချမ်းသာမှုနှင့်အတူ ကျွန်မ၏ ဆင်းရဲဒုက္ခ တွင် လျော့နည်းမှုတစ်ခု ဖြစ်လာခဲ့သည်။ ပို၍ပင် နက်နဲလှ သည်မှာ လုံးလုံးနီးပါး သတိမပြုဘဲနှင့် ကျွန်မ ခြေထောက်များထဲမှ ထုံကျင်မှုက စတင်လျော့ပါးသွားပြီး၊ ကျွန်မက လမ်းလျှောက်ဖို့ စွမ်းရည် ကို ဖြည်းဖြည်းချင်း စတင်ပြန်လည် ရရှိခဲ့ကာ၊ နောက်ဆုံးတွင် လူနာဘီးတပ် ကုလားထိုင်ကိုပင် အားကိုးဖို့ မလိုတော့ပါ။ ပို၍ပင် မမျှော်လင့်သည်မှာ တစ်နေ့တွင် ကျွန်မ အမြင်အာရုံ ရုတ်တရက် ပြန်ရလာခဲ့ပြီး၊ ကျွန်မက ဘုရားနှုတ်ကပတ်တော်ထဲမှ ပုံနှိပ်ထားသည့် နှုတ်ကပတ်တော်များကို မြင်နိုင်စွမ်းရှိခြင်း ဖြစ်သည်။ ဘုရား နှုတ်ကပတ်တော်များကို ကျွန်မ နောက်ဆုံးတွင် မြင်နိုင်လေသည်။ ကျွန်မ မယုံနိုင်ခဲ့ပါ၊ သို့သော်လည်း ကျွန်မက နိမိတ်လက္ခဏာတစ်ခုကို အမှန်တကယ် တွေ့ကြုံခံစားရခြင်း ဖြစ်လေသည်။ ကျွန်မ၏ စိတ်နှလုံးတွင် ခံစားရသည့် ဝမ်းမြောက်ခြင်းက ဖော်ပြ၍မရနိုင်သည့် အရာတစ်ခုဖြစ်သောကြောင့်၊ ကျွန်မက ဘုရားသခင်ကို ဆက်လက်ပြီး ကျေးဇူးတင်ကာ၊ ချီးမွမ်းခဲ့သည်။ ကျွန်မက သတင်းကောင်းကို ကျွန်မ ခင်ပွန်းအား စိတ်လှုပ်ရှားစွာ ပြောပြသည့် အချိန်တွင်၊ သူက စိတ်ခံစားချက်ဖြင့် လွှမ်းမိုးသွားသည်။ သူ့မျက်လုံးထဲမှ မျက်ရည်များဖြင့်၊ သူက အကြိမ်ကြိမ် အော်ဟစ်ငိုကြွေးလေသည်။ “ဘုရားသခင် ကျေးဇူးတင် ပါတယ်၊ ဘုရားသခင် ကျေးဇူးတင်ပါတယ်” မှန်ပါသည်၊ ၎င်းမှာ မှန်ပါသည်။- ကျွန်မက ဘုရားသခင်ကို အနည်းငယ်သာ ကျိုးနွံနာခံခဲ့ပြီး၊ ဘုရားသခင်က ကျွန်မ အပေါ် ကြီးစွာသော ကောင်းကြီး မင်္ဂလာကို ပေးသနားတော် မူခဲ့သည်။ ကျွန်မက ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို နိမိတ်လက္ခဏာများ ပြုလုပ်ခြင်း မပါဝင်သော်လည်း၊ ဘုရား နှုတ်ကပတ်တော်များ သြဇာအာဏာက ဘုရား နိမိတ်လက္ခဏာများ၏ သြဇာအာဏာကို မည်သို့ အလွန် သာလွန်သည်ကို ကျွန်မ နက်ရှိုင်းစွာ ခံစားခဲ့ရသည်။ ဘုရားသခင်သည် အမှန်တကယ်ပင် အနန္တတန်ခိုးရှင် ဘုရားသခင်၊ လူများကို ချစ်သည့် ဘုရားသခင် ဖြစ်လေသည်။

တစ်နေ့တွင် ကျွန်မခင်ပွန်းက ကောင်တီဆေးရုံတွင် ရောက်နေ ပြီး၊ ကျွန်မကို ဆေးကုသခြင်းအတွက် အဓိက တာဝန်ကျခဲ့သည့် ဆရာဝန်နှင့် ဆုံမိကြသည်။ ဆရာဝန်က ကျွန်မ၏ ကျောက်ကပ်ရောဂါ ကုသခြင်း မည်သို့ တိုးတက်မှုရှိပြီး၊ ကျောက်ကပ်ဆေးခြင်းကို အသုံးပြု ခြင်း ရှိမရှိကို သူ့အား မေးမြန်းခဲ့သည်။ ကျွန်မ ခင်ပွန်းက “သူကျောက်ကပ် မဆေးခဲ့ဘူး၊ ဒါပေမဲ့ သူ့အနေအထားက တိုးတက် လာတယ်။ အခုသူ လမ်းလျှောက် နိုင်တယ်၊ ပြီးတော့ မြင်လည်းမြင် ရတယ်။” ဟု ပြန်ဖြေခဲ့လေသည်။ ဆရာဝန်က အလွန်အံ့အားသင့်ပြီး “ကောင်းလိုက်တာ၊ အဲဒါက နိမိတ် လက္ခဏာတစ်ခုပဲ။ သူက ကျောက်ကပ်ဆေးနေရတာ အခုလောက် ဆိုရင် တော်တော်တောင် ကြာနေခဲ့ပြီလို့ ထင်နေတာ။” ဟု ပြောခဲ့လေ သည်။

ယခုရက်များတွင် ကျွန်မ သာမာန်အသက်တာတစ်ခုဖြင့် အသက်ရှင် လေသည်။ ကျွန်မ ဆွေမျိုးများ၊ သူငယ်ချင်းများ နှင့် အိမ်နီးချင်းများက သူတို့၏ အံ့အားသင့်မှုကို အမြဲတမ်း ဖော်ပြပြီး၊ “အစ်မအနေအထားက အရမ်း မြန်မြန် ကောင်းလာလိမ့်မယ်လို့ ကျွန်မ လုံးဝ မတွေးခဲ့မိဘူး။ အစ်မကို ကြည့်ရတာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော သာမာန်လူ တစ်ယောက်လိုပဲ။” တို့ကဲ့သို့သောစကားကို ပြောကြသည်။ ဤသို့သော အရာမျိုးတစ်စုံတစ်ခုကို ကျွန်မ ကြားရတိုင်း ဘုရားသခင်ကို ကျေးဇူးတင် ရှိသည့် တိတ်ဆိတ်သော စကားအနည်းငယ် ကျွန်မ ပြောခဲ့သည်။ “ဘုရားသခင်၊ ကျွန်မတစ်သက်လုံး ကိုယ်တော် ကျွန်မကို ပြခဲ့တဲ့ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်တော့်ကယ်တင်ခြင်း တို့ကို ကျွန်မ ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်မမှာ ကိုယ်တော့်အတွက် လုပ်ပေးနိုင် တဲ့အရာ ဘာမှမရှိပေမဲ့၊ ကိုယ်တော့်နောက်ကို လိုက်ဖို့၊ ကိုယ်တော့်ကို ကိုးကွယ်ဖို့၊ ပြီးတော့ ကိုယ်တော့် ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကိုယ်တော့် ဖန်ဆင်းခံသတ္တဝါတွေထဲက တစ်ယောက် အနေနဲ့ ကျွန်မရဲ့ တာဝန်ကို ကျွန်မ ကျန်တဲ့ တစ်ဘဝလုံး ဆောင်ရွက်ဖို့ သန္နိဌာန်ချ ပါတယ်။” ကျွန်မက အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့သည်၊ နဂိုမူလက ကျွန်မ ဘုရားသခင်၏ တည်ရှိမှုကို သတိမပြုမိဘဲ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်မ အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်၊ သို့သော်လည်း ဘုရားသခင်က ကျွန်မ အပြစ်ကျူးလွန်ခြင်းများကို အငြိုးအတေးမထားဘဲ၊ စစ်မှန်သော အံ့ချီးလောက်သော နည်းလမ်းတစ်ခုဖြင့်ပင် ကျွန်မကို ကယ်တင်ခဲ့သည်။ ကျွန်မက ဘုရားကျေးဇူးတော်၏ ကြီးစွာသော ပမာဏကို ရရှိခဲ့ပြီး၊ ထိုသို့သော ကျေးဇူးတော်ကို ကျွန်မ လုံးလုံးမထိုက်တန်သည်ကို ကျွန်မ သိပါသည်။ ဤ တန်ခိုးစွမ်းအားကြီးပြီး၊ စွဲမြဲသော အတွေ့အကြုံများက သိပ္ပံပညာနှင့် အသိပညာတို့က လူများကို မကယ်တင်နိုင်ဘဲ၊ လူများအား အဆုံးမရှိသော ဆင်းရဲဒုက္ခ၊ အကြောက်တရားနှင့် သေခြင်းတရား တို့ကိုသာ ဆောင်ကြဉ်းပေးလာသည်ကို ကျွန်မအား ပြခဲ့သည်။ စကြာဝဠာ ထဲတွင် အရာအားလုံးကို ဖန်ဆင်းရှင်နှင့် အုပ်စိုးသူ သာလျှင် လူ့အသက်နှင့် သူတို့ လိုအပ်သည့် အထောက်အပံ့ကို ပေးနိုင်သည်။ ဘုရားသခင်က လူသားမျိုးနွယ်၏ ရှင်သန်ခြင်းအတွက် တစ်ခုတည်းသော အခြေခံအုတ်မြစ် ဖြစ်ပြီး၊ လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ချက်နှင့် ရွေးနှုတ်ကယ်တင်ခြင်း ဖြစ်သည်။ လူများ၏ ကံကြမ္မာ ကောင်းတစ်ခု ရှိဖို့ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဘုရားသခင်ကို ကိုးကွယ်ရန် ဖြစ်သည်။- စာတန်၏ အလွန်အမင်း လှည့်စားခံရပြီး၊ သေလု မျောပါးဖြစ်ခဲ့သော- ကျွန်မကဲ့သို့ လူတစ်ယောက်ကို စာတန်၏ စွမ်းအားမှ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဘုရားသခင် က ကျွန်မကို အသက်ပြန်လည်ရှင်သန်စေခဲ့ပြီး၊ အရာအားလုံး၏ ဖန်ဆင်းရှင်ဖြစ်သည့် သူ့ရှေ့တော်မှောက်သို့ ပြန်လည် ခေါ်ဆောင်ခဲ့သည်။ ယခုအခါတွင် ကျွန်မက ထူးခြားပြောင်မြောက်သော အသက်တာ၏ လမ်းကြောင်းတွင် လျှောက်လှမ်းနေပါသည်။

အရှေ့သို့- ၄၅။ ချောက်ကမ်းပါးစွန်းမှ ပြန်လာသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။