အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ကယ်တင်ခံရသည် ဆိုသည်မှာအဘယ်နည်း။ ကယ်တင်ခြင်း ဆိုသည်မှာအဘယ်နည်း။

၁။ ကယ်တင်ခံရသည် ဆိုသည်မှာအဘယ်နည်း။ ကယ်တင်ခြင်း ဆိုသည်မှာအဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။" (မာကု ၁၆:၁၆)

"ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။" (ရှင်မဿဲ ၂၆:၂၈)

"သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။" (ရှင်မဿဲ ၇:၂၁)

ကယ်တင်ခြင်းအမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

တစ်ချိန်တုန်းက ယေရှု၏ အမှုမှာ လူသားတစ်ရပ်လုံးကို ရွေးနုတ်ကယ်တင်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ပေးခြင်း ခံရပြီးလျက်၊ သူ့ကို ဆက်လက် ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်ကယ်တင်ပေးမည် ဖြစ်ပြီး၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်း ခံရပြီးလျက် သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဆိုခြင်းနှင့် ကယ်တင်ခြင်းခံရသည် ဆိုသည်မှာ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။ ယုံကြည်ခဲ့ကြသည့် သူများအကြားတွင်ပင်လျှင်၊ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသူများ ကျန်နေသေး၍ ၎င်းတို့ကို တဖြည်းဖြည်းချင်းနှင့် ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းသည် လူသားကို ယေရှုက အပြည့်အဝ ပိုင်ဆိုင်ရရှိသွားပြီဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ထိုသူ၏ အပြစ်များ ခွင့်လွှတ်ခြင်း ခံရကာ အပြစ်တရားနှင့် ဆက်လက် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီ ဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)" မှ

ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားတို့သည် ၎င်း၏ အပြစ်များဖြေလွှတ်ရန် သခင်ယေရှုကို ကယ်တင်ရှင်ဟု လက်ခံရန်သာ ရှိပါတော့သည်။ သဘောပြောရလျှင် လူသား၏အပြစ်များသည် ကယ်တင်ခြင်းရရှိရေးနှင့် ဘုရားသခင် ရှေ့မှောက်လာရေးတွင် အတားအဆီး မဟုတ်တော့ဘဲ စာတန်က လူသားကို စွပ်စွဲရန်လည်း အသုံးမပြုနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် စစ်မှန်သည့်အမှုတော်ထမ်းဆောင်၍ အပြစ်ရှိသည့် ဇာတိပကတိသဏ္ဌာန်နှင့် နမူနာကိုခံယူကာ ဘုရားသခင်ကိုယ်တိုင်သည် အပြစ်ဖြေရာ ယဇ်ကောင်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင် လူ့ဇာတိ၏ ကျေးဇူးတော်၊ အပြစ်ရှိသည့် ဤလူ့ဇာတိ အသွင်သဏ္ဌာန်၏ ကျေးဇူးတော်ကြောင့် လူသားသည် ရွေးနုတ်ကယ်တင်ခံရပြီးနောက် လက်ဝါးကပ်တိုင်မှ ဆင်းသက်လာခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်" မှ

လူသားကိုသိမ်းပိုက်ရမည့် နောက်ဆုံးသောကာလအဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့်ဖြစ်၏။ ထို့အပြင် စာတန်၏ပိုင်နက်မှ လူသား၏လုံးဝကယ်တင်ခြင်းအမှုလည်းဖြစ်၏။ လူသား၏သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်သည် စာတန်၏ရုပ်လုံးဖော်မှုဖြစ်သည့် စာတန်၏ ဖျက်ဆီးခြင်းခံရသူ လူသားကို ၎င်း၏ သိမ်းပိုက်မှုနောက်ပိုင်း ဖန်ဆင်းရှင်ထံပြန်ပို့ခြင်းဖြစ်၏။ ဤနည်းဖြင့် သူသည် စာတန်ကိုစွန့်လွှတ်၍ ဘုရားသခင်ထံ လုံးဝပြန်သွားမည်ဖြစ်၏။ ဤနည်းဖြင့် လူသားသည် လုံးဝကယ်တင်ခြင်းခံရခဲ့ပြီးဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း" မှ

လူ၏ဇာတိပကတိသည် စာတန်၏ဥစ္စာဖြစ်ပြီး မနာခံသော စိတ်သဘောထားများဖြင့် ပြည့်နှက်နေသည်။ ဤအရာသည် မနှစ်မြို့ဖွယ် ညစ်ညမ်းမှုဖြစ်သည်။ မသန့်ရှင်းသော တစ်စုံတစ်ခုဖြစ်သည်။ လူများသည် ဇာတိပကတိ၏ ဝမ်းမြောက်မှုကို အလွန်အမင်း တပ်မက်ကြသည်။ ယင်းအရာသည် ဇာတိပကတိ၏ များပြား လှသော ကိုယ်ထင်ပြခြင်းများ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဇာတိပကတိကို အတိုင်းအတာ တစ်ခုထိ ရွံရှာသည်။ လူများသည် ညစ်ညမ်းမှု၊ စာတန်၏ ပျက်စီးဖောက်ပြန်သော အရာများကို နောက်၌ ထားသောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိကြသည်။ သို့သော်လည်း အကယ်၍ သူတို့သည် ညစ်ညမ်းခြင်းနှင့် ပျက်စီး ဖောက်ပြန်ခြင်းမှ သူတို့ကိုယ်သူတို့ ခွဲထွက်ရန် မတတ်စွမ်းနိုင်လျှင် စာတန်၏ စိုးမိုးခြင်းနယ်ပယ် အောက်၌ ရှိနေဆဲဖြစ်မည်။ လူများ၏ သူတစ်ပါးကို ဒုက္ခပေးခြင်း၊ လိမ်ညာလှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းသည် စာတန်၏ ဥစ္စာများဖြစ်သည်။ သင့်ကို ကယ်တင်ခြင်းဖြင့် ဘုရားသခင်သည် ဤအရာများမှ သင့်ကို သီးခြား ထားသည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ။ အားလုံးသည် မှောက်မိုက်ခြင်းမှ သင့်ကို ကယ်တင်ဖို့အလို့ငှါ ဖြစ်သည်။ သင်သည် အတိုင်းအတာ တစ်ခုအထိ ယုံကြည်ပြီး ဇာတိပကတိ၏ ပျက်စီးဖောက်ပြန်ခြင်းမှ သင့်ကိုယ်သင် ခွဲထွက်သောအခါ၊ ဤကဲ့သို့ ပျက်စီးဖောက်ပြန်ခြင်းအားဖြင့် နောက်ထပ် ချုပ်နှောင်ခြင်း မခံရ သောအခါ သင်သည် ကယ်တင်ခံရမည် မဟုတ်လော။ သင်သည် စာတန်၏ စိုးမှိုးမှုအောက်၌ အသက်ရှင် သောအခါ သင်သည် ဘုရားသခင်ကို ထင်ရှားစေဖို့ တတ်စွမ်းနိုင်မည် မဟုတ်ဘဲ သင်သည် ညစ်ညမ်းသော တစ်စုံတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေကို မရထိုက်ပေ။ သင်သည် သန့်စင်ခြင်းနှင့် စုံလင်ခြင်း ခံရသောအခါ သင်သည် သန့်ရှင်းလာမည်ဖြစ်ပြီး သာမန်ဖြစ်လာမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ပေးခြင်း ခံရမည်ဖြစ်ပြီး ဘုရားသခင်၌ ပျော်ရွှင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လက်တွေ့လုပ်ဆောင်ခြင်း (၂)" မှ

အကယ်၍ ၎င်းတို့သည် အကယ်တင်ခံလိုပြီး ဘုရားသခင်၏ ရယူခြင်းကို အကြွင်းမဲ့ ခံလိုပါက ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ အကြီးနှင့် အငယ်နှစ်မျိုးလုံး ဖြစ်သော စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ကြရမည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်လာသောသူများနှင့် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သည့်အပြင် ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို ပစ်ပယ်ခြင်း မရှိကြပေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာတတ်ကြသည်၊ ချစ်ခြင်းနှင့် အမုန်းကို ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့ထံ၌ တရားသော အသိတစ်ခုရှိပြီး ဆင်ခြင်ဆုံးဖြတ်နိုင်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်၏ အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ယင်းကဲ့သို့ လူများသည် စာတန်၏ ချုပ်နှောင်ခံရခြင်း၊ စောင့်ကြည့်ခံရခြင်း၊ စွပ်စွဲခံရခြင်း သို့မဟုတ် နှိပ်စက်ညှည်းပန်းခြင်းကို မခံရပေ၊ ၎င်းတို့သည် အကြွင်းမဲ့ လွတ်မြောက်ခြင်း ရှိကြသည်၊ ၎င်းတို့သည် အကြွင်းမဲ့ အချုပ်အနှောင်ကင်းပြီး လွှတ်ခြင်းကို ခံရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၂" မှ

သို့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်မှုမှာ သူ့ စမ်းသပ်မှုကို လက်ခံနိုင်သည့်၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံသည့်၊ သူ့၏ အခွင့်အာဏာကို လိုက်လျှောက်ပြီး သူ့နှုတ်ကပတ်တော်တွေကို တဖြည်းဖြည်းနှင့် အမှန်တကယ် တွေ့ကြုံရရှိသည့်သူသည် ဘုရားသခင်၏ အခွင့်အာဏာကို အမှန်တကယ် သိမြင်မှု၊ သူ့ အချုပ်အခြာအာဏာကို အမှန်တကယ် နားလည်မှုတို့ ရရှိမှာဖြစ်ပြီး ဖန်ဆင်းရှင်၏ လက်အောက်တွင် အမှန်တကယ် ရှိလာပါလိမ့်မည်။ ဤကဲ့သို့သောလူများသာ အမှန်တကယ် ကယ်တင်ခြင်းခံရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၃" မှ

အကယ်၍ တစ်ယောက်သောသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဘုရားသခင်က သတ်မှတ်ထားသော ကိစ္စရပ်များနှင့် နှုတ်ကပတ်တော်များမှ ဧကန်အမှန် ဝင်ရောက်နိုင်ပါလျှင် သူသည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရသောပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုပုဂ္ဂိုလ်အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက်တာ ဖြစ်လာသည်ဟု ဆိုနိုင်ပြီး သူသည် သမ္မာတရားကို ရရှိကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်၏ဟု ဆိုနိုင်သည်။ ထို့နောက်တွင် သူ့ဇာတိပကတိ၏ သဘာဝသည်၊ တစ်နည်းအားဖြင့် သူ့မူလတည်ရှိမှု၏ အခြေခံအုတ်မြစ်သည် တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ ထို့နောက် သူ၏ အသက်တာသည် အသစ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာ သည်နှင့်အမျှ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုရ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ့အသက်တာ ဖြစ်လာသည်။ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားအပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားကို သူ၏ဖွင့်ပြချက်များနှင့် လူသား၏အသက်တာ ဖြစ်လာစိမ့်သောငှာ စွမ်းဆောင်ရန် ဘုရားသခင် ပြဌာန်းထားသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများ စသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ထိုသူသည် အသက်ရှင်ပြီး ဤပုဂ္ဂိုလ်သည် ဘုရားသခင်၏

နှုတ်ကပတ်တော်များအားဖြင့် စုံလင်လာပေသည်။ သူသည် ပြန်လည်မွေးဖွားခြင်းကို တွေ့ကြုံရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသစ်သော လူတစ်ဦး ဖြစ်လာ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ မှ

ယနေ့ သမ္မာတရားကို အလိုဆန္ဒရှိပြီး လိုက်ရှာသူများအား ထိုသမ္မာတရားကိုပေးသည်။ ဘုရားသခင်ကယ်တင်ခြင်းကို အလိုရှိသောသူများအား ဤကယ်တင်ခြင်းကို ပေးအပ်သည်။ ကယ်တင်ခြင်းကို သင်တို့ရရှိသည်ဟုသာ ဆိုလိုသည်မဟုတ်၊ ယင်းကြောင့် သင့်အား ဘုရားသခင် ပိုင်ဆိုင်သွားသည်ဟုလည်း ဆိုလိုသည်။ ဘရားသခင် သင့်အား ပိုင်ဆိုင်နိုင်ရန်အလို့ငှာ သင်သည် ဘုရားသခင်အား ပိုင်ဆိုင်ရသည်။ ယနေ့ သင်တို့အား ဤစကားများကို ငါပြော၏။ သင်တို့လည်းကြား၏။ သင်တို့သည် ဤစကားများကို ကျင့်ကြံသင့်သည်။ အဆုံးတွင် ဤစကားများကို ကျင့်ကြံသည့်အချိန်သည် ဤစကားများအားဖြင့် သင်တို့အား ငါရယူချိန်ဖြစ်မည်။ တစ်ချိန်တည်းတွင် သင်တို့သည် ဤစကားများကို ရရှိမည်၊ ဆိုလိုသည်မှာ ဤအမြင့်ဆုံးသော ကယ်တင်ခြင်းကို သင်ရရှိမည်။ သင်တို့သည် သန့်ရှင်းအောင်ပြုခြင်းကို ခံရပြီးသည်နှင့် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာပြီဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း" မှ

ယခင်က:နောက်ဆုံးသောကာလထဲကဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို ငြင်းပယ်သည့် ဘာသာရေး လောက၏ အကျိုးဆက်နှင့် ရလဒ်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းတို့၏ ပဓာနကျသော ကွဲပြားမှုမှာ အဘယ်နည်း။