အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၀။ စိတ်ရဲ့ ချည်နှောင်မှုတွေကို ခွာချခြင်း

ဝူဝမ် ဇန်ဇူမြို့ ဟီနန်ဒေသ

ကျွန်မသည် ထိခိုက်ခံစားလွယ်သည့် အကျင့်စရိုက်ရှိပြီး ပျော့ညံ့သောသူတစ်ယောက်ဖြစ် ပါသည်။ ကျွန်မ ဘုရားသခင်ကို မယုံကြည်စဉ်က ဘဝမှာထွက်ပေါ်လာသည့် အကြောင်းအရာများမှနေ မကြာခဏ စိတ်ညစ်ပြီး စိတ်ဖိစီးမှုများဖြစ်ပါသည်။ ထိုသို့သော အချိန များစွာ ရှိခဲ့သည်။ ပြီးနောက် ကျွန်မဘဝက ခက်ခဲသည့်ဟု အမြဲတမ်းခံစားခဲ့ရပါသည်။ ကျွန်မနှလုံးသားထဲ၌ ပြောပြရန် ဝမ်းမြောက်မှု၊ ပျော်ရွှင်မှုမရှိခဲ့ပါ။ ဤနာကျင်မှုသည် ကျွန်မကို တင်းကျပ်စွာ အမြဲတစေ ချည်နှောင်ထားသည့် အနှောင်အဖွဲ့များ ကဲ့သို့ ကျွန်မကို အလုံးစုံ စိတ်မချမ်းမြေ့ဖြစ်စေသည်။ ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှသာလျှင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ပြဿနာ၏ အခြေအမြစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ယင်းမှ တဖြည်းဖြည်းချင်း လွတ်မြောက်ခြင်းကို ရရှိခဲ့လေသည်။

ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ရပါသည်။ “ထို့ကြောင့် လူ့ဘဝ၏ အဓိပ္ပာယ်ကို ငါ ပေါင်းရုံသုံးသပ်သည်မှာ၊ လူတို့သည် ၎င်းတို့ကိုယ်ကို အလွန်အမင်း ချစ်ကြသဖြင့် ၎င်းတို့၏ တစ်ဘဝလုံး အလွန် မချိမဆန့်နာကျင်ခြင်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ထိုအချိန်တွင် ကျွန်မ၏ဝမ်းနည်းခြင်း အကြောင်းအရင်းများကို ကျွန်မ သိခဲ့သည်ဟု ထင်မြင်ရပါသည်။ ကျွန်မသည် အလွန်ပင် စိတ်ကြီးဝင်နေခဲ့ပါသည်။ နားဝင်မချိုသည့် စကားများဖြစ်စေ၊ တစ်ခြားလူတစ်ယောက်၏ ရုတ်တရက် ဘေးမှကြည့်သော အကြည့်မှဖြစ်စေ ကျွန်မသည် မကြာခဏ ဆိုသကဲ့သို့ စိတ်ဖိစီးမှုဖြစ်ကာ နာကျင်မှုကို ခံစားရပါသည်။ ကျွန်မကို ဆုံးမ ပြုပြင်ခံရသည့် အခါတွင် ကျွန်မ စိတ်ထိခိုက်ပြီး ဝမ်းနည်းရ သည်။ အကြောင်းမှာ ကျွန်မ၏ ဂုဏ်သိက္ခာထိခိုက်ပြီး၊ ကျွန်မ သိက္ခာကျသည်ဟု ခံစားရသောကြောင့် ဖြစ်ပါသည်။ အသက်တာတွင် ကျွန်မ၏ အနာဂတ်လမ်းကြောင်းအတွက် ကျွန်မ စိုးရိမ်ခဲ့ပါသည်။ ထိုအရာများ အားလုံးက ကျွန်မအနေဖြင့် ကျွန်မကိုယ်ပိုင် ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ ပကာသန၊ ဆန္ဒတွေနဲ့ အနာဂတ် ကံကြမ္မာတို့နှင့် ပတ်သက်ပြီး အလွန်အမင်းဂရုစိုက်ခဲ့၍ မဟုတ်ပါသလား။ ထိုသို့ဖွင့်ပြခြင်းများ အတွက်မူ ယခင်က ကျွန်မ၏ နှလုံးသားနှင့်စိတ်ထဲတို့တွင် အကြောင်းအရာများစွာ ရှိနေသောကြောင့် ဟုလည်းကောင်း၊ ကျွန်မ၏ အတွေးများ လေးလံနေသောကြောင့်လည်းကောင်း၊ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့က ကျွန်မအတွက် အလွန်အရေးကြီးနေ သောကြောင့်လည်းကောင်း၊ ကျွန်မသည် အပေါ်ယံဆန်သူတစ်ယောက် ဖြစ်သောကြောင့် လည်းကောင်း စသည်ဖြင့် ထင်မြင်ခဲ့သော်လည်း၊ အသက်တာသို့ ဝင်ရောက်ခြင်းလမ်းကြောင်းတွင် ထိုပြဿနာကို ကျွန်မ မဖြေရှင်းနိုင်ခဲ့ပါ။ ကျွန်မသည် အလွန်ပင် စိတ်ကြီးဝင်နေပြီး၊ စာတန် ချည်နှောင်မှု၌ စာတန်၏ ဒုက္ခခံစားရခြင်းအလယ်တွင် နေထိုင်နေသောကြောင့်များ ဖြစ်နိုင်ပါသလား။ ကျွန်မ၏ နှလုံးသား အတွင်းထဲ၌ တိတ်တဆိတ် ရှာဖွေနေခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လှန်လှော၍ ဖတ်နေစဉ် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို တွေ့ခဲ့ရပါသည်။ “လွှတ်မြောက်မှု မရှိသေးသောသူများ၊ အချို့သော အရာများ၏ ထိန်းချုပ်မှုကို အစဉ်အမြဲ ခံနေရသော သူများနှင့် ဘုရားသခင်အား သူတို့၏ စိတ်နှလုံးများကို မဆက်ကပ်နိုင်သော သူများသည် စာတန်၏ ချုပ်နှောင်မှုအောက်တွင် ရှိသူများနှင့် သေခြင်းတရား ရနံ့အောက်တွင် နေထိုင်သူများ ဖြစ်ကြသည်။” ဤအခြေအနေသည် ကျွန်မ အခြေအနေအတိုင်း အတိအကျပင် မဟုတ်ပါလား ဟု ကျွန်မ စဉ်စားမိခဲ့ပါသည်။ ကျွန်မ ပို၍သေချာလာခဲ့သည်။ နောက်ထပ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ရပါသည်။ “အမှောင်လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန် ပထမဦးစွာ သင်သည် ဘုရားသခင်ကို သစ္စာရှိရမည် ဖြစ်ပြီး သမ္မာတရားကို ရှာဖွေလိုသည့် စိတ်ပြင်းပြမှု ရှိရမည်—ထိုမှသာလျှင် သင်သည် မှန်ကန်သော အခြေအနေတွင် ရှိလိမ့်မည်။ မှန်ကန်သော အခြေအနေတွင် နေထိုင်ခြင်းသည် အမှောင်လွှမ်းမိုးမှုမှ လွတ်မြောက်ရန်အတွက် ကြိုတင်သတ်မှတ်ချက် ဖြစ်သည်။ မှန်ကန်သော အခြေအနေတွင် မရှိခြင်း ဆိုသည်မှာ သင်သည် ဘုရားသခင်အား သစ္စာမရှိဘဲ သင်သည် သမ္မာတရားကို ရှာလိုစိတ် ပြင်းပြမှု မရှိခြင်း ဖြစ်သည်။ ထိုအခါ အမှောင်လွှမ်းမိုးမှုမှ လွတ်မြောက်ရေးမှာ မေးခွန်းထုတ်စရာမလိုဘဲ ဖြစ်သွားသည်။ လူသား၏ အမှောင်လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ခြင်းသည် ငါ၏ နှုတ်ကပတ်တော်များကို အခြေခံပြီး ငါ၏ နှုတ်ကပတ်တော်များနှင့်အညီ လူသည် ကျင့်သုံးနိုင်ခြင်း မရှိလျှင် သူတို့သည် အမှောင်လွှမ်းမိုးမှု၏ ချည်နှောင်ခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။ မှန်ကန်သော အခြေအနေတွင် နေထိုင်ရန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုအောက်တွင် နေထိုင်ရန်၊ ဘုရားသခင်ကို သစ္စာရှိသော အခြေအနေတွင် နေထိုင်ရန်၊ သမ္မာတရားကို ရှာဖွေသော အခြေအနေတွင် နေထိုင်ရန်၊ ဘုရားသခင်အတွက် ရိုးသားစွာ အသုံးခံခြင်းဖြင့် လက်တွေ့ဘဝတွင် နေထိုင်ရန်၊ ဘုရားသခင်ကို အမှန်စင်စစ် ချစ်မြတ်နိုးသော အခြေအနေတွင် နေထိုင်ရန် ဖြစ်သည်။ ယင်းအခြေအနေများနှင့် ယင်းလက်တွေ့ဘဝ အတွင်းတွင် နေထိုင်သူများသည် သမ္မာတရားအတွင်း နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲ လာလိမ့်မည်ဖြစ်ပြီး၊ သူတို့သည် အလုပ်၏ နက်ရှိုင်းလာမှုနှင့်အတူ တဖြည်းဖြည်းနှင့် ဘုရားသခင်၏ အသေ အချာ ရယူခြင်းခံရသည်အထိ ပြောင်းလဲလာပြီး သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်မြတ်နိုးခြင်းသို့ ရောက်ရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှောင်လွှမ်းမိုးမှုမှ ရုန်းထွက်ပါ သင်သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်း ခံရလိမ့်မည်”) ဤအရာ ကိုဖတ်ပြီးနောက် ကျွန်မ၏ နှလုံးသားသည် အားတက် လာသည်ဟု ကျွန်မခံစား ရသည်။ ကျွန်မသည် ဘုရားသခင်ထံမှ ဝေးကွာခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်မှုချို့တဲ့သည့်အပြင် သမ္မာတရားကို နားမလည်ခဲ့ပဲ၊ ထိုအစား စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေထိုင်ခဲ့ သောကြောင့်၊ ကျွန်မသည် ကျော်ကြားမှု၊ အဆင့်အတန်း နှင့် ဇာတိပကတိဆိုင်ရာ အကျိုးခံစားခွင့်တို့၏ ချည်နှောင်ကန့်သတ်မှု အောက်သို့ မကြာခဏ ကျရောက်ခဲ့လေသည်။ ကျွန်မအနေဖြင့် ဇာတိပကတိဆိုင်ရာ အကျိုးခံစားခွင့်တွင် နစ်မြုပ်လာစေဖို့ နှင့် တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒမျိုးစုံဖြင့် ချည်နှောင်ရစ်ပတ်နေစေရန်၊ ကျွန်မကို ဖိစီးနှိပ်စက်ဖို့ရာ စာတန်သည် ဤအရာများအားလုံး၊ ဤ ဆိုးယုတ်သော အဆိပ်များကို အသုံးပြုနေခဲ့သည်။ ကျွန်မ၏ ယုံကြည်မှု ရှိလျက်သားနှင့်ပင် ကျွန်မသည် ဇာတိပကတိအတွက် ရုန်းကန်ကာ၊ လျှောက်ပြေးလွှားနေခဲ့ဆဲ ဖြစ်သည်။ ကျွန်မထံတွင် သမ္မာတရားကို လိုက်လံရှာဖွေဖို့ စိတ်ပိုင်းဖြတ်ချက် မရှိခဲ့ပါ။ ကျွန်မသည် ဘုရားသခင်ကို ဆက်ကပ်အပ်နှံထားခြင်း မရှိခဲ့ပါ။ ကျွန်မသာ လမ်း​ကြောင် မပြောင်းခဲ့ပါက၊ စာတန်၏ အုပ်စိုးမှုအောက်တွင်သာ ဆက်လက် အသက်ရှင်နေထိုင်ဆဲ ဖြစ်ပြီးလျှင်၊ ဘုရားသခင်ထံမှ ဝေးကွာသထက် ဝေးကွာသွားလိမ့်မည်။ အဆုံးတွင် ၎င်းတို့၏ စိတ်ကြီးဝင်မှုကြောင့် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခြင်းအားဖြင့် သူတို့ကိုယ် သူတို့ ဖျက်ဆီးပါလိမ့်မည်။ ကျွန်မ၏ ကိုယ်ပိုင် အန္တရာယ်ရှိသည့် အခြေအနေကို လည်းကောင်း၊ မှောင်မိုက်ခြင်း၏ လွှမ်းမိုးမှုကို ပစ်ပယ်ရန် လမ်းကြောင်းတစ်ခုရှိကြောင်း ကိုလည်းကောင်း သိမြင်ခွင့်ပေးသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်း အတွက် ကျေးဇူးတင်ပါသည်။ သမ္မာတရားကို ရှာဖွေလိုသည့် နှလုံးသားတစ်ခုရှိခြင်း၊ ပြဿနာများ တွေ့ကြုံရသည့်အချိန်တွင် ဘုရားသခင်ကို အမှန်တကယ် မှီခိုခြင်း ဖြင့် ရှာဖွေခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ၌ ကျင့်သုံးရန် အခြေခံ သဘောတရားများကို ရှာဖွေခြင်း နှင့် ဘုရားသခင်ကို အမြဲတမ်း သစ္စာစောင့်သိခြင်း စသည်တို့ ဖြစ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိသည့်အချိန်တွင်၊ လူသားမျိုးနွယ် အတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းသည် ၎င်းတို့၏ သမ္မာတရားဆီသို့ ဝင်ရောက်ရာ၌ ပြောင်းလဲခြင်းနှင့် ကြုံတွေ့နိုင်ပါသည်။ ထိုအရာသည် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် ပုံစံဖြစ်ပါသည်။ သို့သော် ကျွန်မ ထိုရှုထောင့်ကို လျစ်လျူရှုခဲ့ကာ၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းကို မိမိဘာသာ မတုန်မလှုပ်ဖြင့် ကြိုးစားကိုင်တွယ် ခဲ့ပါသည်။ မိမိကိုယ်ကိုယ် ပြောင်းလဲဖို့ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမှီပြုရန် မဖန်တီးခဲ့ပါ။ ယာယီထိန်းသိမ်းထားခြင်းကိုသာ ကျွန်မ ရရှိခဲ့သည်မှာ အဆန်းမဟုတ်ပါ။ ကျွန်မသည် ထိုအခြေအနေကို အရင်းအမြစ်မှနေ ဖြေရှင်းခြင်း မပြုလုပ်ခဲ့ပါ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ၌ ပြောထားသည့်အတိုင်းပင် ဖြစ်ပါသည်။ “ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ မျက်မှောက်တွင် ရှိနေလေလေ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ရရှိရန် လွယ်ကူလေဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်က သူ၏ အမှုကို ဆောင်ရွက်သည့် လမ်းကြောင်းပင်ဖြစ်သည်။ သင်သည် ဤအရာကို နားမလည်ပါက၊ သင့်အတွက် မှန်ကန်သည့် လမ်းကြောင်းပေါ်ကို ဝင်ရောက်ရန် မဖြစ်နိုင်ဘဲ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ရရှိရန်မှာမူ စဥ်းစားစရာလိုတော့မည် မဟုတ်ပေ။...သင်၌ ဘုရားသခင်၏ အမှုတစ်ခုမျှမပါဘဲ သင့်ကိုယ်ပိုင် ကြိုးစားလုပ်ဆောင်မှုသာလျှင် ရှိနေလိမ့်မည်။ ဤအရာသည် သင့်အတွေ့အကြုံထဲတွင် တစ်ခုခုမှားနေခြင်းပင် ဖြစ်လိမ့်မည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတွေ့အကြုံအားဖြင့်”) ထိုအရာကို ကျွန်မ နားလည်ပြီးနောက်တွင် မိမိကိုယ်ကိုယ် စွန့်လွှတ်ကာ၊ မိမိခံစားချက်များနှင့် အတွေးများကို အာရုံမစိုက်ဘဲ နေရင်းဖြင့် ထိုလမ်းကြောင်းပေါ်၌ ကျွန်မ ပိုပြီး သတိရှိရှိနဲ့ နေခဲ့ပါသည်။ မိမိခံစားချက်များနှင့် အတွေးများကို အာရုံစိုက်မည့်အစား သမ္မာတရားကို ရှာဖွေခြင်းအတွက် မိမိနှလုံးသားကို ထားရှိခြင်း၊ ကျွန်မ၏ တာဝန်များကို ရိုသေကိုင်းရှိုင်းစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များကို ပိုပြီး စဉ်းစားခြင်း၊ ကျွန်မရဲ့ လုပ်ရပ်များ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အမှီပြုခြင်း မိမိကိုယ်ကို မှန်ကန်သော အခြေအနေ၌ အသက်ရှင်သန်ခွင့်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ကျွန်မ၏ တစ်ချို့ ကျင့်သုံးခြင်းများ၌ အပြည့်အဝမှန်ကန်စွာ မပြုမူခဲ့သည့် အချိန်များ ရှိသော်ငြားလည်း၊ အလင်း၌ အသက်ရှင်နေထိုင်ရခြင်း၏ စိတ်သက်သာရာရမှုနှင့် လွတ်လပ်မှု တို့ကို ကျွန်မ ခံစားခဲ့ရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို နှစ်သက်ခံစားခဲ့ပါသည်။ ကျွန်မကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းများနှင့် ချို့ယွင်းချက်များကို ကျွန်မ မြင်နိုင်ရုံမျှမကဘဲ ကျွန်မသည် မကြာမီ ပြောင်းလဲရန် တောင့်တလျက် စိတ်ပိုင်းဖြတ်ခဲ့ပြီး သမ္မာတရားကို ကျင့်သုံးရန် တွန်းအားကိုရရှိခဲ့ပါသည်။ ကျွန်မ၏ရှုမြင်သုံးသပ်ချက်လည်း ပြောင်းလဲလာပါသည်။ ကျွန်မသည် ဝမ်းနည်းအားငယ်ခြင်း၊ စိတ်ဖိစီးခြင်း၊ အသက်မဲ့သကဲ့သို့ဖြစ်ခြင်းများ တို့ မရှိတော့ဘဲ ကျွန်မ၏နှလုံးသားထဲ၌ ကျန်းမာ ရွှင်လန်းမှုရှိခဲ့ပါသည်။ ကျွန်မသည် ပို၍လည်း ပျော်ရွှင်လာပြီးလျှင်၊ အသင်းတော်၌ နေရသည်ကိုလည်း အလွန်ပျော်ရွှင်မိပါသည်။

ကျွန်မထံ၌ ရှိသည့် ဖောက်ပြန်ပျက်စီးခြင်း ရှုထောင့်သည် အလွန်နက်ရှိုင်းကာ၊ ထိုအရာများကို အကြိမ်ရေ အနည်းငယ်ခန့် လက်တွေ့ကျင့်သုံးခြင်းမျှဖြင့် ထိုစာတန်၏ လွှမ်းမိုးမှုကို အပြည့်အဝ ဖယ်ရှားပစ်ရန် ဆိုသည်မှာလည်း မဖြစ်နိုင်သည်မှာ မှန်ကန်ပါသည်။ သို့သော် ကျွန်မ၏ ကြိုးစားအားထုတ်မှု၌ တွန်းအားနှင့် မျှော်လင့်ချက်တို့ကို ပေးခဲ့သည့်“မှောင်မိုက်ခြင်းရဲ့ လွှမ်းမိုးမှုကို လွှင့်ပစ်ခြင်း၊ အလင်းမှာ အသက်ရှင် နေထိုင်ခြင်း”၏ ချိုမြိန်မှု ကို ဘုရားသခင်က ကျွန်မကို မြည်းစမ်း ခွင့်ပေးပါသည်။ ကျွန်မသည် ဘုရားသခင်နှင့် လက်တွဲ လုပ်ကိုင်မှုအတွက် အပတ်တကုတ် ကြိုးစားအားထုတ်ပြီးလျှင်၊ ဘုရားသခင် ညွှန်ပြသည့်လမ်းကို လျှောက်လှမ်းသရွေ့၊ အရာအားလုံးထဲ၌ သမ္မာတရားကို ရှာဖွေသရွေ့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နေထိုင်သရွေ့ ကျွန်မသည် စိတ်၏ ချည်နှောင်မှုများကို ခွာချကာ၊ မှောင်မိုက်ခြင်း၏ လွှမ်းမိုးမှုကို ဖယ်ရှင်းလိုက်ပြီးလျှင် ဘုရားသခင်အားဖြင့် ရရှိလိမ့်မည်ဆိုသည်ကို ကျွန်မ ယုံကြည်ပါသည်။

ယခင်က:ကယ်တင်ခြင်းခံရမှုကို အနည်းငယ်သဘောပေါက်နားလည်လာခြင်း

နောက်တစ်ခုသို့:လူ့သဘာဝကို အပြင်ပန်းသဏ္ဌာန်အားဖြင့် ပိုင်းခြားမသိမြင်နိုင်ပေ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ