အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ပျက်ဆီးခြင်းကြားက အသက်သီချင်း

ဂေါင်ဂျင်၊ ဟေနန်ပြည်နယ်

၁၉၉၉ ခုနှစ်တွင်၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်ခံဖို့ အခွင့်အလမ်း ကျွန်မ ရခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတဆင့်၊ ၎င်းတို့ ပိုင်ဆိုင်သည့် သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျွန်မ သတိပြုမိခဲ့ပြီး ဤနှုတ်ကပတ်တော်များက ဘုရားသခင်၏ အသံတော်ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ဖန်ဆင်းရှင်အားဖြင့် လူသားမျိုးနွယ်ထံ ဖော်ပြသော နှုတ်ကပတ်တော်များကို ကြားနိုင်ရခြင်းက ကျွန်မ၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်ကာ ကျွန်မကို တို့ထိခဲ့ပြီး ပထမဆုံးအကြိမ်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က လူသားထံသို့ ယူဆောင်လာသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း အသိစိတ်ကို ကျွန်မ စိတ်ဝိညာဉ်၏ နက်ရှိုင်းသော နေရာများတွင် ကျွန်မ ခံစားခဲ့ရသည်။ ထိုအခိုက်အတန့်မှစ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ပို၍ စိတ်အားထက်သန်စွာ ဖတ်ရှုသူတစ်ဦး ဖြစ်လာခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်တွင် ကျွန်မ ပါဝင်ပြီးနောက်တွင်၊ အသင်းတော်သည် လုံးလုံး လောကအသစ်တစ်ခုဖြစ်ပြီး၊ လူ့အဖွဲ့အစည်း၏ လောကနှင့် လုံးဝ ကွဲပြားခြားနား သည်ကို ကျွန်မ မြင်ခဲ့ရသည်။ ညီအစ်ကို မောင်နှများအားလုံးက ရိုးရှင်းကာ ကြင်နာကြသည်၊ ဖြူစင်ပြီး တက်တက်ကြွကြွ ရှိကြလေသည်။ ကျွန်မတို့ အချင်းချင်း သွေးသားမတော်စပ်ကြသလို၊ အသီးသီးက မတူညီသော နောက်ခံအနေအထား များမှလာကြပြီး၊ ကိုယ်ပိုင် လက္ခဏာရပ်များ ရှိကြသော်လည်း၊ ကျွန်မတို့အားလုံးက အချင်းချင်းချစ်သည့်၊ အချင်းချင်းအားပေးသည့် ဆွေမျိုးသားချင်းကဲ့သို့သော စိတ်ဓာတ် များရှိကြပြီး ဝမ်းမြောက်ခြင်း၌ အတူတကွ စည်းလုံးကြလေသည်။ ဤအရာကို တွေ့မြင်ရခြင်းက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ကုန်ဆုံးသည့် အသက်တာက မည်မျှ ပျော်ရွှင်ဖွယ်နှင့် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း၊ မည်မျှ လှပပြီး နှစ်လိုဖွယ်ဖြစ်ကြောင်းတို့ကို ကျွန်မအား အမှန်တကယ် ခံစားစေခဲ့သည်။ နောက်ပိုင်း တွင်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေ့ခဲ့သည်။ “ငါတို့၏ ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်ထံမှ လာပြီး ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် တည်ရှိခြင်း ဖြစ်သဖြင့်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘာသာ တရားကို ကိုင်းရှိုင်းသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကို ကျေပွန်အောင် လုပ်ဆောင်ရာတွင် မိမိတို့၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်ထားရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏ကိုယ်စိတ်နှလုံးတို့မှာ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက် အတွက် လည်းမဟုတ်၊ လူသားတို့၏ ဖြောင့်မတ်ခြင်း အကြောင်းတရား အတွက်လည်း မဟုတ်ပါက၊ ငါတို့၏ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက် အတွက် ညှဉ်းဆဲသတ်ဖြတ်ခံ ခဲ့ကြရသောသူများနှင့် ထိုက်တန် လိမ့်မည် မဟုတ်ပေ၊ ငါတို့ကို အရာရာထောက်ပံ့ပေးနေသော ဘုရားသခင် အတွက် ဆိုလျှင်မူ သာ၍ပင် ထိုက်တန်လိမ့်မည် မဟုတ်ချေ။” (နှုတ်ကပတ်တော် သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”) အဖန်ဆင်းခံ တစ်ဦးအနေဖြင့် ဖန်ဆင်းရှင် အတွက် ကျွန်မ အသက်ရှင်သင့်ကြောင်းနှင့် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး သက်သေခံဖို့ ကျွန်မ၏ အရာအားလုံးကို ဆက်ကပ် အပ်နှံကာ အသုံးတော်ခံနေသင့်ကြောင်း တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို နားလည်ခွင့်ပေးခဲ့သည်။ ဤသည်သာ တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပါယ် အရှိဆုံး ဘဝ ဖြစ်သည်။ ထို့ကြောင့်၊ ဝေးလံ ခေါင်သီသော နေရာများတွင် နေထိုင်ကြသည့် လူများက အနန္တတန်ခိုးရှင် ဘုရားသခင် ၏ နောက်ဆုံးသော ကာလ ဧဝံဂေလိတရား မကြားဖူးသေးသည်ကို ကျွန်မ ကြားရသည့်အခါ၊ ကျွန်မ၏ ဇာတိမြို့က ညီအစ်ကို မောင်နှမများကို ပြတ်သားစွာ နှုတ်ဆက် စကားများဆိုလိုက်ပြီး နိုင်ငံတော် ဧဝံဂေလိ တရားကို ဖြန့်ဝေဖို့ ကျွန်မ၏ ခရီးကို စတင်ခဲ့သည်။

၂၀၀၂ ခုနှစ်တွင်၊ ဂူဂျိုပြည်နယ်ထဲက ဝေးလံပြီး မတိုးတက်သော တောတောင် ထူထပ်သည့်နေရာကို ဧဝံဂေလိတရားဟောကြားဖို့ ကျွန်မ ရောက်သွားခဲ့သည်။ ထိုနေရာတွင် ဧဝံဂေလိဖြန့်ဝေခြင်းမှာ နေ့တိုင်း တောင်လမ်းများ တစ်လျှောက် မိုင်များစွာ လမ်းလျှောက်ဖို့ လိုအပ်ပြီး မကြာခဏ လေဒဏ် နှင့် နှင်းဒဏ်တို့ကို ခံခဲ့ရသည်။ သို့သော် ကျွန်မဘေးတွင် ဘုရားသခင်ရှိနေခြင်းဖြင့်၊ ပင်ပန်းသည်၊ သို့မဟုတ် ယင်းက ဆင်းရဲဒုက္ခတစ်ခုဖြစ်သည်ဟု ကျွန်မ ဘယ်သောအခါမျှ မခံစား ခဲ့ရပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လမ်းပြမှုအောက်တွင်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသည့်သူ ပိုပိုများလာပြီး အသင်းတော် အသက်တာက အသက်ပါမှုဖြင့် ပြည့်လျှံခြင်းနှင့်အတူ ထိုနေရာမှ ဧဝံဂေလိ အလုပ်က မကြာမီ စတင်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားဖြင့် လမ်းပြခံရလျက်၊ ထိုနေရာတွင် ပျော်ရွှင်ပြီး စိတ်ချမ်းသာသော ခြောက်နှစ်တာ ကို ကျွန်မ ကုန်ဆုံးခဲ့သည်။ ယင်းမှာ ကျွန်မဘဝ၏ ဝမ်းမြောက်ခြင်းနှင့် ဆိတ်ငြိမ်မှုကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲမည့် ထူးခြားသောအရာတစ်ခု မမျှော်လင့်ဘဲ ဖြစ်ပျက်ခဲ့ သည့်အချိန် ၂၀၀၈ ခုနှစ်အထိ ဖြစ်ပါသည်...။

ထိုအရာသည် ၂၀၀၈ ခုနှစ် မတ်လ ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပျက် ခဲ့ပေ သည်။ ညီအစ်ကို နှစ်ဦးနှင့် ကျွန်မက ဝတ်ပြုစည်းဝေးပွဲ တစ်ခုတွင် ရှိချိန် ရုတ်တရက် ရဲလေးဦးက တံခါးကို ချိုးဖျက်ဝင်ရောက်လာပြီး ကျွန်မတို့ကို မြေပေါ် အလျင်အမြန် ဖိထားလိုက်ကြသည်။ စကားတစ်ခွန်းမဟဘဲ ကျွန်မတို့ကို သူတို့ လက်ထိပ်ခတ် လိုက်ကြပြီးနောက် အလုံပိတ်ရဲကားထဲသို့ တရွတ်တိုက်ဆွဲခေါ် သွားကြ ကာ ထိုးထည့် သည်။ အလုံပိတ်ကားထဲတွင်၊ ကျွန်မတို့ကို သူတို့၏ ကျင်စက် လက်ကိုင်တုတ်များကို ဝှေ့ယမ်းပြရင်းနှင့် ယင်းတို့ကို မကြာခဏ ကျွန်မ၏ ခေါင်းများ သို့မဟုတ် ရင်ဘတ်ပိုင်း တို့ကို တို့ရင်းဖြင့် အားလုံး ကောက်ကျစ်စဉ်းလဲစွာ လှောင်ရယ် ရယ်နေကြလေသည်။ သူတို့က၊ “ခွေးမသားတွေ။ မင်းတို့က အရမ်းငယ်တယ် ဘာမဆိုလုပ်နိုင်တာပဲ၊ ဒါပေမဲ့ အို မဟုတ်တာ၊ ဘုရားသခင်ကို သွားပြီး ယုံကြတယ်ပေါ့။ မင်းတို့မှာ တကယ်ကို တခြား ဒီထက်ပိုကောင်းတဲ့လုပ်စရာ ဘာမှမရှိကြဘူးလား” ဟု ပြောရင်း ကျွန်မတို့ကို ကြမ်းကြုတ်စွာ ဆဲလေသည်။ ရုတ်ခြည်း အဖမ်းခံရခြင်းက ကျွန်မကို အလွန် ကြောက်လန့်သွားသည့် ခံစားချက်ဖြင့် ချန်ရစ်ပြီး၊ ကျွန်မတို့ကို မည်သည့်အရာများ ဖြစ်ပျက်မည်ကို ကျွန်မ မသိခဲ့ပါ။ ဘုရားသခင်ကို ကျွန်မ နှလုံးသားထဲတွင် တိတ်ဆိတ်စွာ အဖန်ဖန် ခေါ်ဖို့သာကျွန်မ လုပ်နိုင်ခဲ့သည်။ “အို ဘုရားသခင်။ ဒီနေ့ ကိုယ်တော့်ရဲ့ ခွင့်ပြုချက်အားဖြင့် ဒီအခြေအနေ ကျွန်မတို့အပေါ် ကျရောက်ပါပြီ။ ကိုယ်တော့်အတွက် သက်သေရပ်တည်နိုင်ဖို့ ကျွန်မတို့ကို ယုံကြည်ခြင်း ပေးပြီး ကွယ်ကာဖို့ကိုပဲ ကျွန်မ တောင်းလျှောက်ပါတယ်။” ကျွန်မ ဆုတောင်း ပြီးနောက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် စာတစ်ကြောင်းက ကျွန်မ၏ စိတ်ထဲ ပေါ်လာသည်။ “အခြားအရာခပ်သိမ်းထက် ငါ့ကို သစ္စာရှိလော့။ ရဲရင့်ခြင်းနှင့် ရှေ့သို့တက် လှမ်းလော့။ ငါသည် သင်၏ ခိုင်မာသောကျောက်ဖြစ်၏။ ငါ့ကို ကိုးစားလော့။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစ အဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “ဟုတ်တယ်” ဟု ကျွန်မ တွေးမိသည်။ “ဘုရားသခင်က ငါ့ရဲ့ အားပေးမှုဖြစ်ပြီး သူဟာ ငါ့ရဲ့ ခိုင်မာပြီး အစွမ်းတန်ခိုးရှိတဲ့ အထောက်အပံ့ဖြစ်တယ်။ ငါ ဘယ်လိုအခြေအနေမှာ ရှိပါစေ၊ ဘုရားသခင်ကို ငါ သစ္စာရှိပြီး သူနဲ့အတူ ရပ်တည်သရွေ့၊ စာတန်ကို ငါ မုချ အောင်နိုင်ပြီး အရှက်ရ စေနိုင်တယ်။” ဘုရားနှုတ်ကပတ်တော်များ၏ ဉာဏ်အလင်း ပေးခြင်းက ကျွန်မကို ခွန်အားနှင့် ယုံကြည်ခြင်းကို ရှာတွေ့စေနိုင်ခဲ့ပြီး၊ ကျွန်မ တိတ်ဆိတ်စွာ သန္နိဌာန် ချခဲ့ သည်- မှန်သော လမ်းခရီးကို စွန့်လွှတ်ပြီး ဘုရားသခင် အတွက် သက်သေ မရပ်တည်သည်ထက် ကျွန်မ သေသာသေလိုက်ချင်သည်။

ရဲစခန်းသို့ ကျွန်မတို့ ရောက်ရှိသည်နှင့်တပြိုင်နက်၊ ရဲများက ကျွန်မတို့ကို အလုံပိတ်ကားထဲမှ ကြမ်းတမ်းစွာ ဒရွတ်တိုက် ဆွဲထုတ်ကြပြီးနောက်၊ စခန်းထဲသို့ တွန်းထိုးပြီး ထည့်ခဲ့ကြသည်။ ကျွန်မတို့ကို နေရာအနှံ့ သူတို့ နှံ့နှံ့စပ်စပ်ရှာခဲ့ကြပြီး ကျွန်မ၏ အသင်းတော် ညီအစ်ကို နှစ်ဦးတို့ ပိုင်ဆိုင်သည့် အိတ်များမှ ဧဝံဂေလိ စာပေအချို့နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ရှာတွေ့ခဲ့ကြသည်။ မည်သည့်ငွေမျှ မရသည်ကို မြင်သည့်အခါ ဆိုးယုတ်သော ရဲများထဲမှ တစ်ဦးက ညီအစ်ကိုတစ်ဦးကို တရွတ်တိုက်ဆွဲသွားပြီး ကန်ကျောက်ကာ သူ မြေပေါ်လဲကျသည်အထိ ရိုက်နှက် လေသည်။ ထို့နောက်တွင်၊ ကျွန်မတို့ကို သီးခြား စစ်မေးရန် မတူညီသော အခန်းများဆီ ခေါ်ဆောင်သွားကြသည်။ ထိုတစ်နေ့လည်လုံး ကျွန်မကို သူတို့ မေးမြန်းခဲ့ ကြ သော်လည်း ကျွန်မထံမှ စကားတစ်ခွန်း မရခဲ့ကြပါ။ ထိုနေ့ ညနေပိုင်း ၈ နာရီတွင် ကျွန်မတို့ကို အမည်မသိ အထိန်းသိမ်းခံရသူများအဖြစ် သူတို့ ရေးမှတ်လိုက် ကြပြီးနောက် ကျွန်မတို့အားလုံးကို ဒေသတွင်း ထိန်းသိမ်းရေးစခန်းဆီ ပို့ဆောင်ခဲ့ ကြလေသည်။

ထိန်းသိမ်းရေး စခန်းသို့ ကျွန်မတို့ ရောက်လျင်ရောက်ချင်း၊ ထောင်အရာရှိ အမျိုးသမီးနှစ်ဦးက ကျွန်မ၏ အင်္ကျီအားလုံးကို ချွတ်လိုက်ကြသည်။ ကျွန်မ၏ အင်္ကျီများအပေါ်က သတ္တုတိုင်းကို ဖယ်ရှားလိုက်ကြပြီး ကျွန်မ၏ ဖိနပ်ကြိုးနှင့် ခါးပတ် တို့ကို ယူသွားကြသည်။ ခြေဗလာနှင့် ကျွန်မ၏ ဘောင်းဘီကို မကိုင်ထားရင်း ကျွန်မ၏ အကျဉ်းခန်းဆီ စိုးရိမ်ပူပန်ခြင်းဖြင့် ကျွန်မ သွားလိုက်သည်။ ကျွန်မ ဝင်လာသည်ကို သူတို့မြင်သည့်အခါ၊ အမျိုးသမီး ထောင်သားများက ကျွန်မဆီ အရူးများကဲ့သို့ အုံကြွလာကြပြီး၊ ၎င်းတို့အားလုံးက တစ်ပြိုင်နက်တည်း ကျွန်မအကြောင်းကို မေးမြန်း ရင်း ကျွန်မကို လုံးဝ ဝန်းရံထားလိုက်ကြသည်။ ထိုအထဲတွင် အလင်းရောင်က အလွန် မှိန်ပြီး သူတို့၏ မျက်လုံးများ လက်ဘက်ရည် ပန်းကန်လုံးလောက် ကျယ် ပုံရလေသည်။ ကျွန်မကို သူတို့ စိန်းစိန်းဝါးဝါး ကြည့်နေခဲ့ကြပြီး စူးစမ်းလိုစိတ်ပြင်းစွာ ကျွန်မကို ခြေဆုံး ခေါင်းဆုံး ကြည့်နေစဉ်၊ ဒီနေရာ ထိ၊ ဟိုနေရာ ဆိတ်ရင်းဖြင့် အချို့က ကျွန်မ၏ လက်မောင်းများကို ဆောင့်ဆွဲကြလေသည်။ အံ့အားသင့်လျက်၊ အလွန် ကြောက်ရွံ့ကာ စကားတစ်ခွန်းမျှ မပြောဝံ့ဘဲဖြစ်ရင်း နေရာတွင် ကျွန်မ ကြက်သေ သေကာ ရပ်ခဲ့သည်။ ဤအမျိုးသမီးများနှင့် ဤငရဲဆန်သော နေရာတွင် ကျွန်မ နေထိုင်ရမည်ဆိုသည့် အတွေးဖြင့်၊ ယင်း၏ သက်သက် မတရားမှု၌ ကျွန်မ ရုတ်တရက် စတင်ငိုကြွေးမိသည်။ ထို့နောက်တွင်ပင်၊ အုတ်အိပ်ရာပေါ်တွင် စကားတစ်ခွန်း မပြော ဘဲလျက် ထိုင်နေခဲ့သည့် ထောင်သားတစ်ဦးက “ရပြီ။ သူ ခုမှရောက်တာ၊ ပြီးတော့ ဘာမှသိတာ မဟုတ်ဘူး။ သူ့ကို လန့်အောင်မလုပ်နဲ့” ဟု ရုတ်တရက် အော်ဟစ် လေသည်။ ထို့နောက် ကျွန်မ ကိုယ်တွင်ခြုံပတ်ဖို့ အိပ်ရာခင်းကို သူပေးလေသည်။ ထိုအခိုက် အတန့်တွင် တလိပ်လိပ်တက်လာသည့် နွေးထွေးမှုကို ကျွန်မ ခံစားခဲ့ရပြီး၊ ကျွန်မကို သဘောကောင်းနေခဲ့သူမှာ ဤထောင်သားမဟုတ်ဘဲ၊ ကျွန်မကို ကူညီဖို့နှင့် စောင့်ရှောက်ဖို့ ကျွန်မအနီးအနားက လူတို့ကို အသုံးပြုနေသည့် ဘုရားသခင် ဖြစ် သည်ကို ကျွန်မ ကောင်းကောင်း သိခဲ့ရသည်။ တစ်ချိန်လုံး ဘုရားသခင်က ကျွန်မ နှင့်အတူ ရှိခဲ့ပြီး ကျွန်မ လုံးဝ တစ်ကိုယ်တည်း မဟုတ်ခဲ့ပါ။ ကျွန်မကို ကမ္ဘာမြေပေါ်က ဤမှုန်မှိုင်းနေပြီး မနှစ်မြို့စရာ ငရဲတွင် ကျွန်မကို ဆက်လက်အဖော်ပြုဖို့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ရှိလျက်၊ ကျွန်မ အလွန်တရာ နှစ်သိမ့်မှု ခံစားခဲ့ရသည်။ အခြားသော ထောင်သားများအားလုံး အိပ်မောကျပြီးနောက် ညဉ့်နက်ချိန်တွင်၊ ကျွန်မ မည်သို့မျှ အိပ်ချင်စိတ်မရှိသေးပါ။ ထိုမနက်တွင်ပင် ကျွန်မ၏ တာဝန်ကို ကျွန်မ၏ ညီအစ်ကို မောင်နှများနှင့်အတူ ပျော်ရွှင်စွာ ကျွန်မ ထမ်းဆောင်နေခဲ့သော်လည်း၊ ထိုညတွင် ဤသင်္ချိုင်းနှင့်တူသော ငရဲဆန်သည့်နေရာတွင် မည်သည့်အချိန် ကျွန်မ ထွက်ခွင့် ရမည်ကို မသိဘဲ လဲလျောင်းနေခဲ့ရပုံအကြောင်းကို ကျွန်မ တွေးခဲ့သည်- ဖော်မပြ နိုင်သော ဝမ်းနည်းမှုနှင့် စိတ်သောကကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ၏ အတွေး များထဲ နှစ်မြှုပ်နေစဉ်တွင်ပင်၊ အလွန့်အလွန်အေးသည့်လေများက ရုတ်တရက် ရိုက်ခတ်ပြီး ကျွန်မ အလိုလို ခိုက်ခိုက်တုန်သွားခဲ့သည်။ ဟိုဟိုသည်သည် ကြည့်ရန် ကျွန်မ၏ ခေါင်းကို ကျွန်မ ထောင်လိုက်ပြီး၊ ထို့နောက်တွင်မှ အကျဉ်းခန်းက မိုးလုံလေလုံ မရှိသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ အိပ်သည့်နေရာအပေါ်ဘက် ခေါင်မိုးမှလွဲပြီး၊ အကျဉ်းခန်း၏ ကျန်သည့်နေရာမှာ အပေါ်တွင် သတ္တုချောင်း အထူများကို တွဲပြီးဂဟေဆက်ပြုလုပ်ထားသည့် သံကွန်ချာတစ်ခု ရှိပြီး အေးမြသော လေက အတိုင်းသား တိုးဝင်လာလေသည်။ မကြာခဏ၊ ခေါင်မိုးပေါ် လမ်းလျှောက်ရင်း ကင်းလှည့်သည့် ရဲများ၏ ခြေသံများကိုလည်း ကျွန်မ ကြားရလေသည်။ ကျွန်မ ခံစားနိုင်သမျှမှာ အရိုးစိမ့်သည့် ကြောက်ရွံ့မှုဖြစ်ပြီး၊ ကျွန်မ၏ ကြောက်ရွံ့မှု၊ ကျွန်မ၏ ကူရာမဲ့ဖြစ်ခြင်းနှင့် မတရားသဖြင့် ပြုခံရခြင်းနှင့်ဆိုင်သော ကျွန်မ၏ ခံစားချက်များ အားလုံးက ကျွန်မ၏ နှလုံးသားကို ဖုံးလွှမ်းသွားခဲ့သည်။ မျက်ရည်များက ကျွန်မ၏ မျက်လုံးများမှ အလိုအလျောက် ကျဆင်းခဲ့သည်။ ထိုအခိုက်အတန့်တွင်ပင်၊ ဘုရား နှုတ်ကပတ်တော်များ စာတစ်ပိုဒ်က ကျွန်မ၏ စိတ်ထဲ ရှင်းရှင်းလင်းလင်း ပေါ်လာ ခဲ့သည်- “သင့်ပတ်ဝန်းကျင်တွင်ရှိသော အရာအားလုံးသည် ငါ၏ အခွင့်အားဖြင့် သာဖြစ်ကြောင်း သင်သိသင့်၏၊ အားလုံးကို ငါစီစဉ်ထားရှိ၏။ ရှင်းရှင်းလင်းလင်း တွေ့မြင်ပြီး သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ့စိတ်နှလုံးအလိုကို ဖြည့်ဆည်းလော့။ မကြောက်နှင့်။ ဗိုလ်ခြေများ၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “ဟုတ်တယ်” ဟု ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင်က ငါ့ကို ဖမ်းဖို့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို ခွင့်ပြုလိုက်ပြီပဲ။ ဒီနေရာက မှောင်ပြီး ကြောက်လန့်စရာကောင်းသလို နောက်ထပ် ဘာကိုရင်ဆိုင် ရမယ် ဆိုတာ ငါမသိပေမဲ့၊ ဘုရားသခင်က ငါ့ရဲ့ အထောက်အပံ့ဖြစ်လို့ ဘာမှကြောက်စရာ မရှိဘူး။ အဲဒါဟာ ပုံအောရမဲ့ အခြေအနေပဲ ပြီးတော့ အရာအားလုံးကို ဘုရားသခင်ရဲ့ လက်ထဲမှာ ငါထားတယ်။” ဘုရားသခင်၏ အလိုတော်ကို နားလည်ရင်းဖြင့်၊ ကျွန်မ များစွာပို၍ စိတ်အေးလက်အေး ခံစားခဲ့ရသောကြောင့် ဘုရားသခင်ထံ တိတ်ဆိတ်သော ဆုတောင်းချက်တစ်ခု ကျွန်မ ဆိုခဲ့သည်- “အို ဘုရားသခင်။ ဒီအရာအားလုံးက ကိုယ်တော့်ရဲ့ ခွင့်ပြုချက်အားဖြင့် ဖြစ်ပျက်နေတယ်ဆိုတာကို ကျွန်မကို နားလည် စေနိုင်ခဲ့တဲ့ ကိုယ်တော့်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ အလင်းပြမှုတို့အတွက် ကိုယ်တော် ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့၊ ဒီအကျပ်အတည်းထဲမှာ ကိုယ်တော်ရဲ့ အလိုတော်ကို ရှာဖို့နဲ့ ကိုယ်တော် ကျွန်မကို ပေးဖို့ဆန္ဒရှိတဲ့ သမ္မာတရားတွေကို ရရှိဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ အို ဘုရားသခင်။ ကျွန်မ အင်မတန် ဝိညာဉ်အသက်တာ နုနယ်တာကြောင့် ကျွန်မ ဘယ်လို ညှင်းဆဲမှုကို ခံရပါစေ ကိုယ်တော့်ကို ကျွန်မ လုံးဝ သစ္စာမဖောက်မိဖို့ ကိုယ်တော် ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးပြီး ကွယ်ကာဖို့ ကျွန်မတောင်းလျှာက်ပါတယ်။” ဆုတောင်းပြီးနောက်တွင်၊ ကျွန်မ၏ မျက်ရည်များကို ကျွန်မသုတ်လိုက်ပြီး နေ့သစ် ရောက်လာသည်ကို ကျွန်မ တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်နှင့်အမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ အာရုံပြုခဲ့သည်။

နောက်တစ်နေ့ စောစောတွင်၊ ဝုန်းခနဲမြည်သံတစ်ခု ထွက်လာပြီး အကျဉ်းခန်း တံခါး ပွင့်သွားလေသည်။ ထောင်အရာရှိတစ်ဦးက “ထွက်စမ်း၊ ဂျိန်ဒိုး” ဟု အော်ဟစ် လေသည်။ ကျွန်မ တစ်ခဏ ဆုတ်ဆိုင်းခဲ့ပြီး နောက်ဆုံးတွင် သူ ကျွန်မကို ခေါ်မှန်း နားလည်သွားခဲ့သည်။ စစ်မေးခန်းထဲတွင်၊ ကျွန်မ၏ နာမည်နှင့် လိပ်စာတို့ကို ပေးရန်နှင့် အသင်းတော်အကြောင်း သူတို့ကို ပြောပြရန် ရဲများက ကျွန်မကို တစ်ဖန် မေးမြန်းခဲ့ကြသည်။ ကျွန်မ ဘာမျှမပြောဘဲ ခေါင်းငိုက်စိုက်ချလျက် ထိုင်ခုံပေါ် ထိုင်ရုံ သာထိုင်ခဲ့သည်။ တစ်ပတ်ကြာ ကျွန်မကို နေ့တိုင်း သူတို့ မေးခွန်းမေးခဲ့ကြသည်မှာ နောက်ဆုံးတွင် သူတို့ထဲမှ တစ်ဦးက ကျွန်မကို လက်ညိုးဖြင့် ထိုးကာ၊ “ခွေးမ။ ငါတို့က မင်းနဲ့ ရက်တွေ ကုန်ခဲ့ပြီး၊ မင်း တစ်ခွန်းမှ မပြောခဲ့ဘူး။ ကောင်းပြီလေ၊ မင်း စောင့်သာ စောင့်။ ငါတို့မှာ မင်းကို ပြစရာ တစ်ခုရှိတယ်” ဟု အော်ဟစ်ခဲ့သည်။ ဤအရာကို ပြောရင်းဖြင့်၊ ရဲနှစ်ဦးက တံခါးကို ဆောင့်ပိတ်ရင်း ဒေါနှင့်မောနှင့် ထွက်သွားကြသည်။ တစ်နေ့ နေဝင်ရီတရောအချိန်တွင်၊ ရဲများက ကျွန်မကို ဆင့်ခေါ် ဖို့ တစ်ဖန် ရောက်လာကြသည်။ ကျွန်မကို သူတို့ လက်ထိပ်ခတ်လိုက်ကြပြီး အလုံပိတ် ရဲကား ထဲသို့ ထိုးထည့်လိုက်ကြသည်။ ထိုယာဉ်၏ နောက်ဘက်တွင် ထိုင်ရင်း၊ ကျွန်မအထဲ၌ ကြောက်လန့်မှု စတင်ထွက်ပေါ်လာသည်ကို မခံစားဘဲ မနေနိုင်ခဲ့ပါ၊ ပြီးလျှင် ကျွန်မ တွေးမိခဲ့သည်- “ငါ့ကို သူတို့ ဘယ်နေရာ ခေါ်သွားနေတာလဲ။ သူတို့ ငါ့ကို ဗလ္လကာရပြုဖို့ အရမ်းခေါင်တဲ့နေရာကို ခေါ်သွားနေတာ ဖြစ်နိုင်မလား။ သူတို့ ငါ့ကို အိတ်ထဲ သိပ်ထည့်ပြီး ငါးစာကျွေးဖို့ မြစ်ထဲကို ပစ်ချကြမလား။” ကျွန်မ အလွန်အမင်း ကြောက်ရွံ့ခဲ့သည်၊ သို့သော် ထို့နောက်တွင်ပင် “နိုင်ငံတော်” ဟုခေါ်သည့် အသင်းတော် ဓမ္မသီချင်းတစ်ပုဒ်မှ စာကြောင်းအချို့က ကျွန်မ၏ နားထဲ စတင်ပဲ့တင် ထပ်ခဲ့သည်- “ဘုရားသခင်သည် ကျွန်ုပ်ကို ထောက်မသူ၊ ကြောက်ရွံ့စရာ ဘယ်အရာရှိသနည်း။ အဆုံးထိတိုင် စာတန်နှင့် တိုက်ပွဲ၀င်ရန် ကျွန်ုပ်ဘ၀အား ကျိန်ဆိုသည် ဘုရားသခင်သည် ကျွန်ုပ်တို့အား မြှောက်ပင့်ခဲ့သည် ကျွန်ုပ်တို့ အရာအားလုံးအား နောက်တွင် ချန်ထားရစ်ခဲ့ကာ ခရစ်တော်အတွက် သက်သေခံရန် တိုက်ခိုက်သင့်သည်။ ဘုရားသခင်သည် ကမ္ဘာ မြေပေါ်တွင် သူ၏ အလိုတော်ကို ပြည့်စုံစေလိမ့်မည်။ ကျွန်ုပ်၏ အချစ်၊ သစ္စာ တရားအား ပြင်ဆင်ကာ ထိုအရာအားလုံးကို ဘုရားသခင်အတွက် ပေးအပ်မြုပ်နှံပါမည်။ ဘုရားသခင် ဘုန်းတန်ခိုးနှင့် ဆင်းသက်လာမည့် ပြန်လာချိန်ကို ကျွန်ုပ် ၀မ်းမြောက်စွာ စောင့်ကြိုပါမည်။” ((သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) တစ်ခဏချင်းတွင်၊ မကုန်ခမ်းနိုင်သော ခွန်အားက ကျွန်မအထဲတွင် ပေါ်ထွက်ခဲ့သည်။ ဓမ္မသီချင်း၏ စာသားများကို ကျွန်မ တိတ်ဆိတ်စွာ တွေးဆသည်နှင့်အမျှ ပြတင်းပေါက် အပြင်ကိုကြည့်ဖို့ရန် ကျွန်မ ခေါင်းကို ထောင်လိုက်သည်။ ပြတင်းပေါက် အပြင်ကို ကျွန်မ ငေးကြည့်နေသည်ကို ရဲများထဲမှ တစ်ဦးက သတိပြုမိခဲ့ကာ လိုက်ကာကို လျင်မြန်စွာ ကန့်လန့်ဖြတ် ဆွဲလိုက်ပြီးနောက်၊ “မင်း ဘာကို ကြည့်နေတာလဲ။ ခေါင်းငုံ့စမ်း” ဟု ပြင်းထန်စွာ ကျွန်မကို အော်ပြောခဲ့သည်။ ရုတ်တရက်ကြီး အော်ဟစ်ခံ ရခြင်းက ကျွန်မကို ထိတ်လန့်မှုဖြင့် တုန်လှုပ်သွားစေခဲ့ပြီး ကျွန်မ ချက်ချင်း ခေါင်းငုံ့ လိုက်သည်။ ရဲလေးယောက်က အလုံပိတ်ကားထဲတွင် ဆေးလိပ်သောက်နေရင်း အဆက်မပြတ် မီးခိုးမှိုင်းတိုက်နေကြပြီး၊ သိပ်မကြာမီ အလုံပိတ်မော်တော်ယာဉ်ထဲက လေများက သည်းမခံနိုင်လောက်အောင် ဆိုးရွားလာခဲ့သည်။ ကျွန်မ စတင် ချောင်းဆိုး တော့သည်။ ကျွန်မရှေ့တွင် ထိုင်နေသည့် ရဲများထဲမှ တစ်ဦးက လှည့်လာပြီး ကျွန်မ၏ မေးအောက်ကို သူ၏ လက်ချောင်းများဖြင့် ဆိတ်ပြီးနောက် ကျွန်မ မျက်နှာ တည့်တည့်ကို မီးခိုးများ မှုတ်ထုတ်လိုက်လေသည်။ ထို့နောက် မလိုမုန်းထားစွာ သူက၊ “မင်းသိလား၊ မင်းသိသမျှကို ငါတို့ကို ပြောဖို့ပဲလိုတာ။ ပြီးတော့ မင်း လုံးဝ ဒုက္ခခံ နေစရာကို မလိုတာ။ မင်း အိမ်ကို ပြန်လိုက်ရုံဘဲ။ မင်းက ငယ်ရွယ်တဲ့ မိန်းမ တစ်ယောက်ပဲ၊ ပြီးတော့ အရမ်းလည်း လှတယ်...” ဟု ဆိုလေသည်။ ဤအရာကို သူပြောသည်နှင့်အမျှ၊ ကျွန်မ မျက်နှာအနှံ့ သူ၏ လက်ချောင်းများဖြင့် ပွတ်သပ်ကာ ကျွန်မကို ကာမရာဂစိတ်ပြင်းပြစွာ မျက်စိတစ်ဖက်မှိတ်ပြသည်၊ ထို့နောက်တွင် ယုတ်မာကောက်ကျစ်စွာ ရယ်မောပြီး၊ “မင်းအတွက် ငါတို့ ရည်စားတစ်ယောက် ရှာပေး နိုင်သေးတယ် ထင်တယ်” ဟု ပြောလေသည်။ အဝေးသို့ ကျွန်မ မျက်နှာလွှဲပြီး သူ၏ လက်ကို တွန်းဖယ်ဖို့ ချည်ထားသည့် ကျွန်မ လက်များကို မတင်လိုက်သည်။ ဒေါသ ထွက်ရလောက်အောင် ရှက်ကိုးရှက်ကန်းဖြစ်လျက်၊ “ဪ သန်မာလိုက်တာ။ ငါတို့ သွားနေတဲ့နေရာ ရောက်တဲ့အထိသာ စောင့်။ အဲဒီနောက် မင်း လိမ္မာမှာပါ” ဟု သူ ဆိုလေသည်။ အလုံပိတ်ကားက ဆက်မောင်းသွားသည်။ ကျွန်မ ရင်ဆိုင်ရတော့မည့် အရာကို ကျွန်မ မသိခဲ့ပါ၊ ထို့ကြောင့် ကျွန်မ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တိတ်ဆိတ်စွာ အော်ခေါ်ဖို့သာ ကျွန်မ လုပ်နိုင်ခဲ့သည်- “အို ဘုရားသခင်။ အခု ကျွန်မ အရာရာကို စွန့်စားဖို့ အဆင့်ဖြစ်ပါပြီ။ ကျွန်မကို ဒီဆိုးရွားတဲ့ အရာရှိတွေက ဘယ်လိုနည်းစနစ်တွေ သုံးပါစေ၊ ကျွန်မ ခန္ဓာကိုယ်ထဲမှာ ထွက်သက်တစ်ခု ကျန်သရွေ့၊ ကျွန်မ စာတန်ရှေ့မှာ ကိုယ်တော့်အတွက် ခိုင်မာပြီး ထူးကဲတဲ့ သက်သေခံပါမယ်။”

တစ်နာရီခွဲကျော်ကြာပြီးနောက်၊ အလုံပိတ်ကားက ရပ်သွားသည်။ ရဲများက ကျွန်မကို ဆွဲထုတ်ကြသည်။ ကျွန်မ၏ ဒယိမ်းဒယိုင်သွားကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ လုံးဝ မှောင်နှင့်နေပြီဖြစ်ပြီး အနီးအနားတွင် မီးတစ်လုံးပင် မလင်းနေသည့် အဆောက်အဦးအလွတ် အနည်းငယ်သာ မှိုလိုပေါက်နေသည်- အားလုံးက အလွန်မှုန်မှိုင်းပြီး ကြောက်လန့်စရာကောင်း ပုံရကြလေသည်။ အဆောက်အဦးများထဲမှ တစ်ခုထဲသို့ ကျွန်မကို လိုက်ပို့ကြလေသည်။ အတွင်းတွင်၊ အရာအားလုံးအပေါ် ဆိုးဆိုးရွားရွား ဖျော့တော့သည့် အလင်းရောင် ထင်စေသော မျက်နှာကြက်မှ တွဲလောင်းကျနေသည့် လျှပ်စစ်မီးသီးတစ်လုံးနှင့်အတူ စားပွဲတစ်ခုနှင့် ဆိုဖာတစ်ခုရှိသည်။ ကြမ်းပြင်ပေါ်တွင် ကြိုးများ နှင့် စတီးလ် ချိန်းကြိုးများ ရှိနေပြီး အခန်း၏ ဟိုဖက်တွင် သတ္တုချောင်းထူများဖြင့် ပြုလုပ်ထားသည့် ကုလားထိုင်တစ်လုံး ရှိလေသည်။ ဤကြောက်မက်ဖွယ် မြင်ကွင်းနှင့် ရင်ဆိုင်ရလျက်၊ ကျွန်မ စတင် အထိတ်တလန့် မဖြစ်ဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မ၏ ခြေထောက်များက ရုတ်တရက် အားနည်းသွားပြီး စိတ်ငြိမ်သွားဖို့ ဆိုဖာပေါ် ကျွန်မ ထိုင်လိုက်ရသည်။ ထို့နောက် ယောက်ျားအချို့ အခန်းထဲကို ဝင်လာကြပြီး သူတို့ထဲမှ တစ်ဦးက ကျွန်မကို အလွန်ကျယ်လောင်စွာ ကြိမ်းမောင်းလေသည်။ “အဲဒီမှာ ထိုင်ရင်းနဲ့ မင်းကိုမင်း ဘာလုပ်နေတယ်များ ထင်နေလဲကွ။ အဲဒါ မင်းထိုင်ဖို့လား။ ထစမ်း။” စကားပြောနေစဉ် သူ ကျွန်မထံ အပြေးအလွှားလာပြီး ကျွန်မကို အကြိမ်အနည်းငယ် ကန်ကျောက်ခဲ့သည်၊ ထို့နောက် ကျွန်မ၏ အင်္ကျီ အရှေ့ဘက်ကို ဖမ်းဆုပ်ပြီး ဆိုဖာမှ ကျွန်မကို ဆွဲဖယ်ကာ သတ္တုကုလားထိုင်ဆီသို့ ဒရွတ်တိုက် ဆွဲခေါ်သွားခဲ့သည်။ အခြားရဲတစ်ဦးက ကျွန်မကို၊ “မင်း သိလား၊ ဒီကုလားထိုင်က သိပ်ကောင်းတာ။ အဲဒီအပေါ် မင်း ခဏလေးပဲ ထိုင်လိုက်တာနဲ့ မင်းရဲ့ ကျန်တဲ့ဘဝအတွက် အကျိုးကျေးဇူး ရသွားလိမ့်မယ်။ ဒီကုလားထိုင်ကို မင်းတို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေအတွက် အထူးပြင်ဆင်ပေးထားတာ။ ဘယ်သူ့ကိုမှ ငါတို့ ထိုင်ခွင့်ပေးတာ မဟုတ်ဘူး။ မင်း လိမ္မာတဲ့ ကောင်မလေးသာ ဖြစ်စမ်းပါ၊ ငါတို့ ပြောတာကို လုပ်ပြီး ငါတို့ရဲ့ မေးခွန်း တွေကို ရိုးရိုးသားသား ဖြေ၊ အဲဒါဆိုရင် မင်း အဲဒီပေါ် ထိုင်စရာလိုမှာမဟုတ်ဘူး။ ဒီတော့ ငါတို့ကို ပြော၊ ဂူဂျိုကို မင်း ဘာလို့လာတာလဲ။ မင်းရဲ့ ဧဝံဂေလိတရားကို ဖြန့်ဖို့လား” ဟု ပြောလေသည်။ ကျွန်မ ဘာမျှမပြောခဲ့ပါ။ တစ်ဖက်တွင် ရပ်နေသည့် စရိုက်ကြမ်း ပုံရသည့် ရဲက ကျွန်မ၏ မျက်နှာကို လက်ညိုးထိုးကာ၊ “အချင် ယောင်ဆောင်တာ ရပ်လိုက်စမ်းပါ၊ လခွမ်းဘဲ။ မင်း စကားကျယ်ကျယ်မပြောရင် ကုလားထိုင်ရဲ့ အရသာကို မြည်းရမယ်” ဟု ကျွန်မကို ဆဲဆိုခဲ့သည်။ ကျွန်မ ဆက်ပြီး နှုတ်ဆိတ်နေလိုက်သည်။

ထို့နောက်တွင်ပင်၊ စွဲမက်ဖွယ်ရာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး အခန်းထဲ ဝင်လာခဲ့ပြီး အမှန်မှာမူ ကျွန်မကို ဝန်ခံစေဖို့ လာပြီး ဖျောင်းဖျရန် ဤရဲအဖွဲ့က သူမကို ခိုင်းခဲ့ခြင်း ဖြစ်သည်။ ဟန်ဆောင်ထားသော နူးညံ့သိမ်မွေ့မှုဖြင့် သူက ကျွန်မကို၊ “ဒီမှာ၊ ရှင်က ဒီမှာ သူစိမ်းတစ်ယောက်ဖြစ်ပြီး အနီးအနားမှာ ဘာဆွေမျိုး မိတ်ဆွေမှ မရှိဘူး။ ငါတို့ကို ငါတို့ သိချင်တာ ပြောလိုက်၊ ဟုတ်ပြီလား။ မင်း ငါတို့ သိချင်တာကို ပြေလိုက်တာနဲ့၊ မင်းအတွက် အလုပ်တစ်ခု ငါ ရှာပေးမယ်၊ ပြီးတော့ ဒီဂူဂျိုမှာ မင်းကို လင်တစ်ယောက်လည်း ရှာပေးမယ်။ ဒါပေမဲ့ အဲဒါ မလိုချင်ဘူးဆိုရင်လည်း ငါ့ဆီမှာ ကလေးထိန်း လာလုပ်ပေးလို့ရတယ်။ လတိုင်း ငါ မင်းကို လုပ်အားခေပေးမယ်။ အဲဒီလိုနဲ့၊ ဒီမှာ မင်းအခြေကျပြီး အိမ်ရာထူထောင်နိုင်မယ်” ဟု ပြောရင်း ကျွန်မကို တိုက်တွန်းလေသည်။ ကျွန်မ ခေါင်းမတ်ကာ သူ့ကို ဖျတ်ခနဲကြည့်သော်လည်း ဘာမျှ မပြောပါ။ ကျွန်မက၊ “မကောင်းဆိုးဝါးတွေက မကောင်းဆိုးဝါးတွေပါပဲ။ ဘုရားသခင်ရဲ့ တည်ရှိခြင်းကို သူတို့ အသိအမှတ်မပြုကြဘူး၊ ဒါပေမယ့် ငွေနဲ့ အကျိုးအမြတ်အတွက် ဆိုးဝါးတဲ့အရာ မျိုးစုံကိုပဲ လုပ်ကြတယ်။ အခု ငါ့ကို လာဘ်ထိုးဖို့ နဲ့ ဘုရားသခင်ကို သစ္စာဖောက်စေဖို့ အကျိုးအမြတ်ကို အသုံးပြုဖို့ ကြိုးစားနေတာပဲ။ သူတို့ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်တွေထဲမှာ သားကောင်အဖြစ် လဲကျပြီး ရှက်စရာ ကောင်းတဲ့ ယုဒတစ်ဦး ငါ တကယ် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဟု မိမိကိုယ်ဘာသာ တွေးမိခဲ့သည်။ သူမ၏ ကြင်နာစိတ်ရှိသော စကားများက ကျွန်မအပေါ် မည်သို့မျှ အကျိုးသက်ရောက်မှုမရှိသည်ကို သူမ မြင်ပြီး အခြားသော ရဲများရှေ့တွင် သူမ မျက်နှာပျက်ရသည်ဟု ခံစားရသောကြောင့် ရုတ်တရက် ဟန်ဆောင်မျက်နှာဖုံးကို ချွတ်ချပြီး သူ၏ စရိုက်မှန်ကို ပြလေတော့သည်။ သူ၏ ကျောပိုးအိတ်မှ သိုင်းကြိုး တစ်ခုကို ခွာပြီး ကျွန်မကို အကြိမ်အနည်းငယ် ထိုအရာနှင့် ရက်စက်စွာ ရိုက်လေသည်၊ ထို့နောက် သူ၏ ကျောပိုးအိတ်ကို မာန်ပါပါ ဆိုဖာပေါ် ပစ်ပေါက်လိုက်သည်။ ဒေါသထွက်ခြင်းဖြင့် သူ၏ ခေါင်းကိုခါရင်း တစ်ဖက်တွင် သွားရပ်လိုက်လေသည်။ ဖြစ်ပျက်သည့်အရာကို မြင်ရင်းဖြင့်၊ ဝဖိုင့်ပြီး ဆိုးယုတ်သော ရဲတစ်ဦးသည် ကျွန်မဆီ ဒေါနှင့်မောနှင့်လာကာ၊ ကျွန်မကို ဆံပင်မှ ဖမ်းပြီး၊ “တစ်ယောက်ယောက်က မင်းကို ကူညီဖို့ လုပ်နေတာကို မင်း မသိဘူးလားကွ။ ဟေ။ မသိဘူးလား။ မင်း စကား ပြောတော့မလား မပြောဘူးလား” ဟု အံကြိတ်ကာ အော်ဟစ်ရင်း နံရံနှင့် ကျွန်မ ခေါင်းကို အကြိမ်အတော်များများ တိုက်လေသည်။ ကျွန်မ ခေါင်းက နံရံနှင့် အကြိမ်များစွာ ဆောင့်မိသည်မှာ ကျွန်မ မူးဝေသွားပြီး၊ ကျွန်မ၏ ခေါင်းက အူထူလျက်၊ အခန်းက ချာချာလည်ကာ ကြမ်းပြင်ပေါ် ကျွန်မ လဲကျသွားခဲ့သည်။ ထို့နောက် သူက ကျွန်မကို တရွတ်တိုက်ဆွဲမလိုက်ပြီး၊ ငှက်ကလေးတစ်ကောင်မျှထက် ဘာမျှမပို သည့်အလား သတ္တုကုလားထိုင်ပေါ် ကျွန်မကို ပစ်ချလိုက်သည်။ ကျွန်မ အနည်းငယ် သက်သာလာသည့်နောက်တွင်မှ ကျွန်မ၏ မျက်စိကို အနည်းငယ်မျှ စဖွင့်ခဲ့ပြီး- ကျွန်မ၏ ပြတ်သွားသည့် ဆံခြည်မျှင်အနည်းငယ်ကို သူ၏ လက်ထဲ ဖမ်းဆုပ်ထားဆဲ ဖြစ်သည်ကို ကျွန်မ တွေ့ရသည်။ ကျွန်မသည် ကုလားထိုင်တွင် ခေါင်းမှ ခြေထိ တုပ်နှောင်ခံထားရပြီး ကျွန်မ၏ ရင်ဘတ်ရှေ့တွင် ထူသော စတီးလ်ပန်းကန်တစ်ချပ် ထားလေသည်။ ကျွန်မ၏ လက်ထိပ်များက ကုလားထိုင်နှင့် တွဲချည်ထားပြီး ပေါင်များစွာ လေးသည့် သံခြေချင်းများက ကျွန်မ၏ ခြေထောက်များကို ချိတ်ဆက် ထားကာ၊ ထို့နောက် ယင်းတို့က ကုလားထိုင်နှင့်လည်း ချည်ထားလေသည်။ ရုပ်တုတစ်ခုကဲ့သို့ ကျွန်မ ခံစားရပြီး၊ တစ်စက်မျှမလှုပ်ရှားနိုင်ခဲ့ပါ။ အေးစက်ပြီး လေးလံသော ချိန်းကြိုးများ၊ သော့ခလောက်များနှင့် လက်ထိတ်များက ကျွန်မကို သတ္တုကုလားထိုင်နှင့် ချုပ်နှောင်ထားခဲ့လေသည်- ကျွန်မ၏ ဆင်းရဲဒုက္ခက စကားဖြင့် ပြောမရနိုင်လောက်အောင် ဖြစ်ခဲ့သည်။ ကျွန်မ နာကျင်မှု ခံစားရသည်ကို မြင်သည့် အခါ၊ ဆိုးယုတ်သော ရဲများက မိမိတို့ကိုယ်ကိုယ် ကျေနပ်အားရကြပြီး၊ “မင်း ယုံကြည်တဲ့ ဘုရားက အနန္တတန်ခိုးရှင် မဟုတ်လား။ ဘာလို့ မင်းကို ကယ်ဖို့ သူမလာတာလဲ။ ဒီကျားထိုင်ခုံကနေ ဘာလို့ မင်းကို သူ မကယ်တာလဲ။ မင်း စကားစပြောသင့်တယ်။ မင်း ဘုရားက မင်းကို မကယ်နိုင်ဘူး၊ ငါတို့ပဲ ကယ်နိုင်တယ်။ ငါတို့ သိချင်တာကို ပြောလိုက်၊ ပြီးရင် မင်းကို ငါတို့ သွားခွင့်ပေးမယ်။ အဆင်ပြေတဲ့ ဘဝကို မင်းရနိုင်တယ်။ ဘုရားတစ်ပါးကို ယုံကြည်တာ အလကားပဲ” ဟု ဆိုရင်း ကျွန်မကို စတင်လှောင်ပြောင်ခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက၊ “နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုရန် အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်၊ နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်အမှုများကို အသုံးမပြုပါ။ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြု သည်။ ထိုသို့အားဖြင့် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်မှုကို မြင်လာစေရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်စေရန် အတွက် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ် ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း”) ဟု ပြောသည့် အတွက် ဆိုးယုတ်သော ရဲများ၏ ငေါ့သော ဝေဖန်ချက်များကို အလွန်တည်ငြိမ်စွာ ကျွန်မ ရင်ဆိုင်ခဲ့သည်။ ယခု ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် လက်တွေ့ကျသည့် အမှုဖြစ်ပြီး၊ သဘာဝလွန်သော အရာမဟုတ်ပါ။ လူကို စုံလင်စေဖို့ သူ၏ နှုတ်ကပတ်တော်များကို ဘုရားသခင် အသုံးပြုပြီး သူ၏ နှုတ်ကပတ်တော်များကို ကျွန်မတို့၏ ယုံကြည်ခြင်းနှင့် အသက်ဖြစ်လာ ခွင့်ပေးလေသည်။ ကျွန်မတို့၏ အသက်တာ စိတ်သဘောထားကို ပြောင်းလဲဖို့ လက်တွေ့ကျသည့် အခြေအနေများကို သူ အသုံးပြုပြီး၊ ဘုရားသခင်၏ ကြီးမားသော တန်ခိုးနှင့် ဉာဏ်ပညာတို့ကို ပို၍ ကောင်းမွန်စွာ ထုတ်ဖော်ပြကာ စာတန်ကို အပြီးအပြတ် ပို၍ကောင်းစွာ နှိမ်နင်း သည်မှာ ဤလက်တွေ့ကျသည့် အမှုမျိုးဖြစ်သည်။ ဘုရားသခင်က သကို ကျွန်မ၏ ယုံကြည်ခြင်းအား စမ်းသပ်ချင်ခဲ့ပြီး သူ၏ နှုတ်ကပတ်တော်များအားဖြင့် ကျွန်မ အသက်ရှင်နိုင်ပြီး သူ့အတွက် သက်သေရပ်တည်နိုင်၊ မရပ်တည်နိုင်ဆိုသည်ကို မြင်ချင်ခဲ့သောကြောင့် ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရပြီး ရက်စက်သော ညှဉ်းဆဲမှုကို ခံခဲ့ရခြင်းဖြစ်ပေသည်။ ဤအရာကို သိရင်း၊ ဘုရားသခင်က ကျွန်မအပေါ် ကျရောက်ခွင့်ပေးသည့် မည်သည့်အခြေအနေကိုမဆို ကျိုးနွံနာခံဖို့ ကျွန်မ ဆန္ဒရှိခဲ့သည်။ ကျွန်မ၏ တိတ်ဆိတ်မှုက ဆိုးယုတ်သော ရဲအဖွဲ့ကို ဒေါသထွက်စေခဲ့ပြီး၊ သူတို့အားလုံး ရူးသွပ်သွားကြသည့်အလား ကျွန်မဆီသို့ တစ်ဟုန်ထိုး လာကြလေသည်။ ကျွန်မကို သူတို့ ဝန်းရံလိုက်ကြပြီး ကြမ်းတမ်းစွာ ရိုက်နှက်ကြလေသည်။ အချို့က သူတို့၏ လက်သီးများဖြင့် ကျွန်မ ခေါင်းပေါ် ပြင်းပြင်း ထန်ထန် ထိုးကြသည်၊ အချို့က ကျွန်မ၏ ခြေထောက်များကို သွေးရူးသွေးတန်း ကန်ကျောက်ကြစဉ်၊ အခြားသူတို့က ကျွန်မ၏ အဝတ်အစားများကို ဆုတ်ဖြဲကြပြီး ကျွန်မ၏ မျက်နှာကို လိုက်စမ်းကြလေသည်။ သူတို့၏ ရက်စက်သော ရိုက်နှက်မှုများနှင့် ရမ်းကားမှုကို ရင်ဆိုင်ရရာတွင် ကျွန်မ ဒေါသဗလောင်ဆူခဲ့ရသည်။ ကျွန်မကို ထိုကျားထိုင်ခုံနှင့် တင်းတင်း မချုပ်ထားခဲ့လျှင်၊ ကျွန်မ အရူးအမူး တိုက်ခိုက်မိမည် ဖြစ်သည်။ ထိုဥပဒေချိုးဖောက်မှု ကျွမ်းကျင်သော အဖွဲ့အစည်းဖြစ်သည့် တရုတ် ကွန်မြူနစ် ပါတီ အစိုးရအပေါ်၊ ကျွန်မ၏ အရိုးစွဲအောင် မုန်းတီးမှုကိုသာ ကျွန်မ ခံစားခဲ့ပြီး တိတ်ဆိတ်သော သန္နိဋ္ဌာန်တစ်ခုကိုသာ ကျွန်မ ချခဲ့ရသည်- ယင်းက ကျွန်မကို နှိပ်စက်လေလေ၊ ကျွန်မ၏ ယုံကြည်ချက် ပို၍ ကြီးထွားလေလေ ဖြစ်မည် ဖြစ်ပြီး။ ကျွန်မ၏ နောက်ဆုံး ထွက်သက်အထိ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်ပါမည်။ ယင်းက ကျွန်မကို ပိုနှိပ်စက်လေလေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည်ကို ပိုသက်သေပြလေလေဖြစ်ပြီး၊ မှန်ကန်သော လမ်းခရီးနောက် ကျွန်မ လိုက်လျှောက် နေကြောင်း ပိုမို သက်သေပြလေလေဖြစ်သည်။ ဤအမှန်တရားများနှင့် ရင်ဆိုင်ရလျက်၊ ဤသည်မှာ ကောင်းမှုနှင့် မကောင်းမှုကြား တိုက်ပွဲတစ်ခု၊ ရှင်ခြင်းနှင့် သေခြင်းတို့ကြား ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကျွန်မ လုပ်ဆောင်သင့်သည့်အရာမှာ စာတန်ကို လက်တွေ့ကျသည့် လုပ်ရပ်ဖြင့် အရှက်ရစေဖို့၊ ထိုသို့ဖြင့် ဘုရားသခင်ကို ဘုန်းအသရေ ရရှိနိုင်စေရင်း ဘုရားသခင်၏ နာမနှင့် ဘုရားသခင်၏ သက်သေကို ထိန်းသိမ်းဖို့ရန် ကျိန်ဆိုဖို့ ဖြစ်ပေသည်။ ဤဆိုးယုတ်သော ရဲများသည် ညှဉ်းဆဲခြင်းနှင့် စစ်ဆေးမေးမြန်းခြင်း ရက်အတော်များများတစ်လျှောက် ကျွန်မထံမှ ခံဝန်ချက်ကို နှိုက်ယူဖို့ ကြိုးစားခဲ့ ကြသော်လည်း၊ သူတို့ကို အသင်းတော်အကြောင်း ကျွန်မ ဘာမျှမပြောခဲ့ပါ။ အဆုံးသတ်တွင်၊ သူတို့ ရွေးချယ်စရာကုန်သွားခဲ့ပြီး၊ “ဒီတစ်ယောက်က မာတဲ့လူစားမျိုးပဲ။ ခုဆိုရင် ရက်အတော်များများ သူ့ကို ငါတို့ မေးခွန်းမေးခဲ့ကြပေမဲ့ တစ်ခွန်းမှ သူမပြောဘူး” ဟု ဆိုခဲ့ကြသည်။ ကျွန်မအကြောင်း သူတို့ ဆွေးနွေးနေ ကြသည်ကို ကျွန်မ နားစွင့်ရင်း၊ ဤနတ်ဆိုးများက ကျွန်မရှေ့တွင် ထားသည့် ငရဲဆန်သော ဂိတ်တံခါးတိုင်းကို ဖြတ်ကျော်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ကူညီခဲ့ပြီး၊ သူ့အတွက် သက်သေရပ်တည်နိုင်ဖို့ရန် ဘုရားသခင်က ကျွန်မကို ကွယ်ကာပေးခဲ့သည်ကို ကျွန်မ သိခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ တိတ်ဆိတ်စွာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပြီး ချီးမွမ်းမိပါသည်။

စစ်ဆေးမေးမြန်းခံရသည့် ဆယ်ရက်ကျော်အတွင်း၊ ထိုအလွန်အေးစက်သည့် ကျားထိုင်ခုံတွင် နေ့နေ့ညည ကျွန်မ ထိုင်နေခဲ့ရပြီး ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးက အလွန်အေးသော လိုဏ်ဂူကြီးတစ်ခုထဲ ထိုးဆင်းရသကဲ့သို့ ခံစားခဲ့ရသည်။ အအေးဓာတ်က တကယ့်ရိုးတွင်းချဉ်ဆီထဲသို့ စိမ့်ဝင်ခဲ့ပြီး ကျွန်မ ခန္ဓာကိုယ်ရှိ အဆစ်အမြစ်တိုင်းက အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြုတ်ခံရသည့်အလား ခံစားခဲ့ရသည်။ ဆိုးယုတ်သော ရဲများထဲမှ အတော်လေး ငယ်ရွယ်သည့် တစ်ယောက်က အအေးဒဏ်မှ ကျွန်မ ခိုက်ခိုက်တုန်နေသည်ကို မြင်ခဲ့သည်၊ ထို့ကြောင့် အခြေအနေကို သူ အခွင့် ကောင်းယူပြီး ကျွန်မကို၊ “ခင်ဗျား စကားစပြောလိုက်သင့်တယ််။ အမာဆုံးလူ တွေတောင် ဒီထိုင်ခုံမှ ကြာကြာ မခံဘူးဗျ။ ဒီလိုသာဆက်သွားရင်၊ ခင်ဗျားရဲ့ ကျန်တဲ့ ဘဝကို ဒုက္ခိတတစ်ဦးအဖြစ် ကုန်ဆုံးရလိမ့်မယ်” ဟု ပြောလေသည်။ သူ ဤအရာ ပြောသည်ကို ကျွန်မ ကြားရသည့်အခါ၊ ကျွန်မ စတင် အားနည်းပြီး စိုးရိမ်ကြောင့်ကြ ခဲ့သည်၊ ထို့နောက် ကျွန်မကို ဤလူမဆန်သည့် ညှဉ်းဆဲမှုကို တောင့်ခံရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်နိုင်သည့် အရာတစ်ခုကိုမျှ မလုပ်ရန် ကျွန်မကို ခွန်အားပေးဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ကို ကျွန်မ တိတ်ဆိတ်စွာ အော်ခေါ်ခဲ့သည်။ ဆုတောင်းပြီးနောက်တွင်၊ သီဆိုရန် အမြဲ ကျွန်မ၏ အနှစ်သက်ဆုံး ဖြစ်ခဲ့သည့် အသင်းတော် ဓမ္မသီချင်းတစ်ပုဒ်ဖြင့် ဘုရားသခင်က ကျွန်မကို ဉာဏ်အလင်းပေးခဲ့သည်- “ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်း မည်မျှခက်ခဲပါစေ ကျွန်ုပ် ဂရုမစိုက်၊ ကိုယ်တော်၏ အလိုတော်ကိုသာ ကျွန်ုပ်၏ အသက်မွေးမှုအဖြစ် ကျွန်ုပ် ဆောင်ရွက်ပေ၊ အနာဂတ်တွင် ကျွန်ုပ် ကောင်းချီးရသည်ဖြစ်စေ၊ ကံဆိုးခြင်း ခံစားရသည်ဖြစ်စေ ကျွန်ုပ် သာ၍ပင် မမှုပေ။ ဘုရားသခင်ကို ချစ်ဖို့ ယခု ကျွန်ုပ် ဆုံးဖြတ်ထားသည့်အတွက် အဆုံးထိတိုင် ကျွန်ုပ် သစ္စာရှိပါမည်။ မည်သည့် အန္တရာယ် သို့မဟုတ် ဆင်းရဲဒုက္ခ ကျွန်ုပ်နောက်တွင် စောင့်နေပါစေ၊ ကျွန်ုပ်၏ မည်သို့ပင် အဆုံးသတ်ပါစေ၊ ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကြိုဆိုဖို့အလို့ငှာ ဘုရားသခင်၏ ခြေလှမ်းများကို ကျွန်ုပ် နီးကပ်စွာ လိုက်လျှောက်ပြီး ရှေ့ဆက်ကြိုးပမ်းသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ် ချီတက်နေခြင်း”) ထိုဓမ္မသီချင်း၏ စကားလုံးတိုင်းက ကျွန်မကို နှိုးဆော်ခဲ့ပြီး ကျွန်မ စိတ်ထဲတွင် ယင်းကို အဖန်ဖန် သီဆိုမိခဲ့သည်။ မည်သည့် ဆင်းရဲဒုက္ခ သို့မဟုတ် အခက်အခဲများကို ကြုံရပါစေ၊ ဘုရားသခင်အတွက် ကျွန်မ၏ အသက်ကို ကျွန်မ အသုံးတော်ခံဆဲရှိမည်ဖြစ်ပြီး အဆုံးထိ သူ့ကို ဆက်လက် သစ္စာရှိမည်ဟု ဘုရားသခင်ရှေ့တွင် ယခင်က ကျွန်မ ဆိုခဲ့သည့် သစ္စာဝတ်ကို ကျွန်မ မစဉ်းစားဘဲ မနေနိုင်ခဲ့ပါ။ သို့သော် နာကျင်မှု ပမာဏအနည်းငယ်မျှ ခံစားရပြီး နောက်တွင် ကျွန်မ အားနည်းပြီး ကြောက်ရွံ့မှုကို စတင်ခံစားနေခဲ့ရသည်- ဤသည်မှာ မည်သို့များ သစ္စာရှိခြင်း ဖြစ်ရသနည်း။ စာတန်၏ ကောက်ကျစ်သော အကြံများထဲ ကျွန်မ သားကောင်အဖြစ် ကျဆင်းခဲ့သည် မဟုတ်ပါလား။ ကျွန်မ၏ အသွေး အသားအတွက် ကျွန်မ စဉ်းစားပြီး ဘုရားသခင်ကို သစ္စာဖောက်ဖို့ စာတန်က လိုချင်ခဲ့သော်လည်း၊ သူ့ကို ကျွန်မက အရူးလုပ်ခွင့်ပေး ရမည်မဟုတ်သည်ကို ကျွန်မ သိခဲ့သည်။ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းအတွက် ကျွန်မ ဆင်းရဲဒုက္ခခံ နိုင်ခဲ့သည်မှာ အဓိပ္ပါယ်အရှိဆုံး၊ တန်ဖိုးအရှိဆုံးသော အရာဖြစ်သည်၊ ယင်းက မွန်မြတ်သော အရာတစ်ခုဖြစ်ပြီး ကျွန်မ မည်မျှ ဆင်းရဲဒုက္ခခံရပါစေ၊ ကျွန်မ၏ ယုံကြည်ခြင်းကို ကျောခိုင်းပြီး ဘုရားသခင်ကို သစ္စာဖောက်သည့် သနားစဖွယ် သေးနုတ်သော လူတစ်ဦးဖြစ်လာရန် ကျွန်မကိုယ်ကျွန်မ အခွင့်မပေးနိုင်ပါ။ ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ဤစိတ်ဆုံးဖြတ်ချက်ကို ကျွန်မ ချလိုက်သည် နှင့်တပြိုင်နက်၊ အလွန်အေးမြသည့် ခံစားချက်က တဖြည်းဖြည်း ရပ်တန့်သွားပြီး ကျွန်မ နှလုံးသားထဲရှိ နာကျင်မှုက ပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်ဖန်၊ ဘုရားသခင်၏ အံ့ဖွယ်လုပ်ဆောင်ချက်များကို ကျွန်မ မျက်မြင်ကိုယ်တွေ့ ကြုံရပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်မ တွေ့ကြုံခဲ့ရသည်။ ရဲများက ၎င်းတို့၏ ရည်မှန်းချက်ကို မအောင်မြင်ခဲ့သော်လည်း၊ ကျွန်မနှင့် သူတို့ ဇာတ်လမ်းမဆုံးသေးပေ။ သူတို့ ကျွန်မကို အလှည့်ကျ စတင် နှိပ်စက်ခဲ့ကြပြီး တစ်နေ့လုံးနှင့် တစ်ညလုံး ကျွန်မကို မအိပ်ဘဲ နေစေခဲ့သည်။ တစ်စက္ကန့်မျှ ကျွန်မ မျက်လုံးများကို မှိတ်ရုံမျှ မှိတ်မိလျှင်၊ မိုးမခသားဖြင့် လုပ်ထားသည့် တုတ်တစ်ချာင်းဖြင့် ကျွန်မကို ရိုက်သည်၊ သို့မဟုတ်လျှင် လျှပ်စစ်ကျင်စက်လက်ကိုင်တုတ်ဖြင့် ကျွန်မကို သူတို့ တို့လေသည်။ ထိုအရာကို သူတို့ လုပ်သည့်အခါတိုင်း လျှပ်စစ်ဓါတ်က ကျွန်မကို ဖြတ်သွားသည်ကို ခံစားရပြီး ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး အကြောဆွဲခြင်းများဖြင့် ထိုးကျင့်တုန်ခါ သွားရလေသည်။ နာကျင်မှုက အလွန်ဆိုးဝါးသည်မှာ ကျွန်မ သေချင်လောက်အောင် ဖြစ်စေခဲ့သည်။ သူတို့ ကျွန်မကို ရိုက်နှက်စဉ်၊ “သေစမ်း၊ မင်းက ငါတို့ကို အားလုံးမပြောသေးဘဲနဲ့ အိပ်တောင် အိပ်ချင်တယ်ပေါ့။ ဒီနေ့ မင်းကို သေတဲ့အထိ ငါတို့ နှိပ်စက်နိုင်မလား ကြည့်ကြတာပေါ့” ဟု အော်ဟစ်ကြလေသည်။ သူတို့၏ ရိုက်နှက်မှုများက ပိုပိုပြင်းထန်လာပြီး၊ ပိုပို ရက်စက်လာကာ ကျွန်မ၏ ခိုကိုးရာမဲ့ အော်ဟစ်သံများက အခန်းတစ်ဝိုက် ပဲ့တင်ထပ်ခဲ့သည်။ ကျားထိုင်ခုံနှင့် ကျွန်မကို အလွန်တင်းတင်းကျပ်ကျပ် တွဲချည်ထားသောကြာင့်၊ တစ်စက်မျှ ကျွန်မ မလှုပ်ရှား နိုင်ခဲ့ပါ၊ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုကို ခံရရုံမှတပါး ကျွန်မ ဘာမျှမလုပ်နိုင်ခဲ့ပါ။ ထိုဆိုးယုတ်သော ရဲများသည် မိမိတို့ကိုယ်ကိုယ် ပို၍ပင် ကျေနပ်အားရလာကြပြီး၊ ရုန့်ကြမ်းကျယ်လောင်သော ရယ်သံက ရံဖန်ရံခါ ပွင့်ထွက်လာကြသည်။ ရိုက်နှက်ခြင်း နှင့် ဓါတ်လိုက်စေခြင်းတို့ကို ထိုသို့အချိန်ကြာမြင့်စွာ ကျွန်မ ခံခဲ့ရသည်မှာ အရှိုးရာ များနှင့် ပြတ်ရှရာများဖြင့် ကျွန်မ ဖုံးသွားခဲ့သည်၊ ကျွန်မ၏ မျက်နှာ၊ လည်ပင်း၊ လက်မောင်းများနှင့် လက်များက အညိုအမည်းစွဲသော ပွန်းပဲ့ဒဏ်ရာများဖြင့် ဖုံလွှမ်းခဲ့ပြီး ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ကိုင်းခဲ့လေသည်။ သို့သော် ကျွန်မ၏ ခန္ဓာကိုယ်က ထုံသွားပုံရပြီး ကျွန်မ နောက်ထပ် များစွာ နာကျင်မှု မခံစားရတော့ပါ။ ဤသည်မှာ ကျွန်မအတွက် ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကျွန်မ၏ နာကျင်မှုကို သက်သာစေခြင်းဖြစ်သည်ကို ကျွန်မသိခဲ့ပြီး ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အဖန်ဖန် ကျေးဇူးတင်မိခဲ့သည်။

ဤအရာကို တကယ့်ကို နောက်ထပ် သည်းမခံနိုင်တော့သည်အထိ တစ်လနီးပါး ကျွန်မ တောင့်ခံခဲ့ရသည်။ ကျွန်မ ခဏလေးဖြစ်မယ်ဆိုလျှင်ပင် အလွန် အိပ်ချင်ခဲ့သည်။ သို့သော် ဤမကောင်းဆိုးဝါးများသည် လူသားသဘာဝ အရိပ်အယောင် စိုးစဉ်းမျှပင် မရှိခဲ့ပေ။ ကျွန်မ၏ မျက်လုံးများ ပိတ်သည်ကို သူတို့ မြင်သည့်အခိုက် ကျွန်မကို လန့်နိုးသွားစေဖို့ ရေတစ်ဖန်ခွက်အပြည့်ကို ကျွန်မ မျက်နှာဆီ ချက်ချင်း ပစ်ထည့် လိုက်ကြပြီး၊ နောက်တစ်ဖန် ကျွန်မ မျက်လုံးများ အတင်းဖွင့်ရလေသည်။ ကျွန်မ၏ ခွန်အားများ လုံးလုံးလျားလျား ကုန်ခမ်းခဲ့သည်- ကျွန်မ၏ ဘဝ အဆုံးသတ်ကို ရောက်ခဲ့ပြီးသကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။ သို့သော် ဘုရားသခင်က ကျွန်မကို အမြဲကွယ်ကာနေခဲ့သည်၊ သူ့ကို ကျွန်မ သစ္စာမဖောက်မိစေဖို့အလို့ငှာ ကျွန်မ၏ စိတ်ကို အလွန်ကြည်လင်ပြီး နိုးကြားရန်နှင့် ကျွန်မ၏ ယုံကြည်ခြင်းကို အားကောင်းစေရန် ထိန်းသိမ်းပေးနေခဲ့သည်။ ကျွန်မထံမှ မည်သည့် သတင်းအချက်အလက်မျှ သူတို့ လုံးဝ မရခဲ့သည်ကို မြင်ရင်းနှင့် ကျွန်မ တကယ်သေသွားမည်ကို စိုးရိမ်လျက်၊ သူတို့ လုပ်နိုင်သည့်တစ်ခုတည်းသော အရာမှာ ထိန်းသိမ်းရေး စခန်းသို့ ကျွန်မကို ပြန်ခေါ်သွားဖို့ ဖြစ်ခဲ့သည်။ ငါးရက် ခြောက်ရက်ကျော်လွန်သွားပြီး၊ သူတို့၏ ညှဉ်းဆဲမှုမှ ကျွန်မ သက်သာမလာခဲ့သေးသော်လည်း၊ သူတို့က ကျွန်မကို နောက်တစ်ကြိမ် တရွတ်တိုက်ဆွဲထုတ်ပြီး ကျားကုလားထိုင်တွင် ပြန်ချည်ထားကြသည်။ ကျွန်မ၏ ခြေများကို လေးလံသည့် ခြေချင်းများဖြင့် တစ်ဖန် ပြန်တွဲချည်ခဲ့ကြပြီး ရိုက်နှက်ခြင်း၊ ညှဉ်းဆဲခြင်းနှင့် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခြင်း မှတဆင့် ကျွန်မထံမှ ခံဝန်ချက်တစ်ခုကို နှိုက်ယူဖို့ နောက်တစ်ကြိမ် ဆက်ကြိုးစားကြသည်။ ထိုနေရာတွင် နောက်ထပ် ဆယ်ရက်ခန့် ကျွန်မ ညှဉ်းဆဲခံခဲ့ရပြီး ကျွန်မ နောက်ထပ် တကယ်ကို မခံနိုင်တော့သည့်အချိန်ှ နောက်ဆုံးတွင် ကျွန်မကို ထိန်းသိမ်းရေး စခန်းဆီ ပြန်ခေါ်သွားကြသည်။ ငါးရက် ခြောက်ရက် ကျော်လွန်သွားပြီး၊ သူတို့က ထိုအတိုင်း အစမှအဆုံး ပြန်ညှဉ်းပန်းနှိပ်စက်ကြသည်။ ဤနည်းဖြင့် ခြောက်လက ကုန်သွားခဲ့ပြီး ကျွန်မကို အကြိမ်ရေမည်မျှ သူတို့ ဆင်းရဲပင်ပန်းမှု ဒဏ်ခံစားစေခဲ့သည်ကိုပင် ကျွန်မ မသိပါ- ထိုညှဉ်းဆဲမှုကိုပင် ထပ်ခါတလဲလဲ လုပ်ခဲ့ကြသည်။ အဆုံးစွန် လုံးဝ ခြေကုန်လက်ပန်းကြသည်အထိ ကျွန်မ ညှဉ်းဆဲခံခဲ့ရပြီး၊ အနာဂတ်ဘဝအတွက် မျှော်လင့်ချက်အားလုံးကို ကျွန်မ အမှန်တကယ် လက်လျှော့လိုက်သည်။ အစာစားဖို့ ကျွန်မ စတင် ငြင်းဆန်ခဲ့ပြီး ရက်အချို့ကြာ ရေတစ်စက်ပင် သောက်ဖို့ ကျွန်မ ငြင်းခဲ့ သည်။ ထို့နောက် သူတို့က ကျွန်မ၏ ပါးစပ်ထဲ ရေများကို စတင် အတင်းအကျပ် ထည့်ခဲ့ကြသည်။ သူတို့ထဲမှ တစ်ဦးက ကျွန်မ၏ ခေါင်းကို ကိုင်ထားစဉ် အခြားတစ်ဦး က ကျွန်မ၏ မျက်နှာကို ကိုင်ကာ၊ ကျွန်မ၏ ပါးစပ်ကို ဖွင့်ပြီး ရေများကို အထဲ လောင်းထည့်လေသည်။ ရေများက ကျွန်မ ပါးစပ်ပတ်လည် စီးကာ ကျွန်မ လည်ပင်းကို ကျပြီး ကျွန်မ၏ အဝတ်အစားများကို ရွှဲရွှဲစိုသွားစေခဲ့သည်။ ကျွန်မ၏ ခန္ဓာကိုယ် တစ်ခုလုံး အလွန့်အလွန်အေးနေသည့် အအေးဒဏ်ကို ခံစားရပြီး ရုန်းဖို့ ကျွန်မကြိုးစားခဲ့သော်လည်း ကျွန်မ၏ ခေါင်းကို လှုပ်ရှားရန် ခွန်အားပင် မရှိခဲ့ပါ။ အစားအစာ ငြင်းပယ်ခြင်းက အသုံးမဝင်သော ကြိုးပမ်းအားထုတ်မှုဖြစ်သည်ကို မြင်ရင်း၊ သန့်စင်ခန်းသွားခြင်းဖြင့် ရရှိသည့် အခွင့်အရေးကို ယူပြီး ကျွန်မ၏ ခေါင်းကို နံရံနှင့်တိုက်ပစ်ကာ မိမိကိုယ်ကိုယ် သတ်သေဖို့ ကျွန်မ ဆုံးဖြတ်ခဲ့သည်။ ကျွန်မ၏ အလွန်အမင်း လေးလံသည့် ခြေချင်းများကို တရွတ်တိုက်ဆွဲရင်း၊ လမ်းတစ်လျှောက်လုံး နံရံကို ဖမ်းကိုင်ရင်း၊ သန့်စင်ခန်းဆီ ခြေတစ်လှမ်းချင်း ကျွန်မ ဒယိမ်းဒယိုင် သွားခဲ့သည်။ အချိန်ကြာမြင့်စွာ အစာမစားခဲ့ရသောကြောင့်၊ ကျွန်မ၏ မျက်လုံးများက လုံးဝ ဝေဝါးနေခဲ့ပြီး ကျွန်မ မည်သည့်နေရာသို့ သွားနေသည်ကို သိပ်မမြင်နိုင်ခဲ့ပါ။ လမ်းတစ်လျှောက် ကျွန်မ အကြိမ်များစွာ လဲကျခဲ့သည်။ ဝိုးတိုးဝါးတားဖြင့်၊ ကျွန်မ၏ ခြေချင်းဝတ်များက စတီးလ်ခြေချင်းများကြောင့် သွေးထွက်နေသည့်အသားများဖြင့် ပေပွသွားပြီး၊ ၎င်းတို့သည် သွေးအလွန်အမင်းထွက်နေသည်ကို ကျွန်မ မြင်ခဲ့ရသည်။ ပြတင်းပေါက်ကို ကျွန်မ လက်လှမ်းမီသည့်အခါ၊ ကျွန်မ ခေါင်းကို မပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ အဝေးတွင် လူများက သူတို့ပုံမှန် လုပ်နေကျအရာများ လုပ်ဆောင် နေကြရင်း၊ ဟိုဟိုသည်သည် လမ်းလျှောက်နေ ကြသည်ကို ကျွန်မ မြင်ခဲ့ရပြီး၊ ရုတ်ခြည်း ကျွန်မ၏ အတွင်း စိတ်ထဲတွင် အံ့သြဖွယ် လှုံ့ဆော်မှုတစ်ခုကို ခံစားခဲ့ရကာ ကျွန်မ တွေးခဲ့သည်- “ဒီသန်းနဲ့ချီ လူတွေအားလုံးထဲကနေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဘယ်နှစ်ယောက်က ယုံကြည်လဲ။ ဘုရားသခင်က လူအုပ်ထဲက အင်မတန် သာမညောင်ည လူတစ်ဦးဖြစ်တဲ့ ငါ့ကို ဆွဲထုတ်ခဲ့တဲ့အတွက် ငါက ကံကောင်းတဲ့ သူတွေထဲက တစ်ယောက်ပဲ၊ ပြီးတော့ ခုချိန်ထိ လမ်းခရီးရဲ့ ခြေလှမ်း တိုင်းမှာ ငါ့ကို ဦးဆောင်ရင်းနဲ့ ငါ့ကို ရေလောင်ပြီး ထောက်ပံ့ဖို့ သူ့ရဲ့ နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်။ ငါဟာ ဘုရားသခင်အားဖြင့် သိပ်ကို ကောင်းချီးခံစားရပြီးပြီ၊ ဒီတော့ ဘာလို့ သေခြင်းကို ငါ ရှာဖွေရတာလဲ။ အဲဒါကို လုပ်ခြင်းအားဖြင့် ဘုရားသခင်ကို ငါ တကယ် နာကျင်စေမှာ မဟုတ်လား။” ထို့နောက် တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ထဲ ရောက်လာခဲ့သည်။- “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံ ကြရမည်။ သင်တို့၏ဒုက္ခဝေဒနာ မည်မျှပင် ကြီးမားပါစေ၊ သင်တို့သည် ဆုံးခန်းတိုင် အောင် လျှောက်သွားသင့်သည်၊ သင်တို့၏နောက်ဆုံးထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏ထိန်းချုပ်မှုအောက်၌ ရှိနေရမည်။ ဤအရာ သည်သာ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးခြင်းဖြစ်ပြီး ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”) စကားလုံးတိုင်း၊ အားပေးမှုနှင့် မျှော်လင့် စောင့်စားခြင်းတို့ဖြင့် ပြည့်လျက်၊ ကျွန်မ၏ နှလုံးသားကို နွေးထွေးစေပြီး လှုံ့ဆော် ပေးခဲ့သလို၊ ကျွန်မ နှစ်ဆတို့ထိမှု ခံစားခဲ့ရသည်- ရှေ့ဆက်ဖို့ သတ္တိ ကျွန်မ ရှာတွေ့ ခဲ့ပြီဖြစ်သည်။ ကျွန်မ စိတ်ထဲတွင် မိမိကိုယ်ကိုယ် အားပေးစကားတစ်ခု ပြောဆိုခဲ့သည်- “မကောင်းဆိုးဝါးတွေက ငါ့ရဲ့ ကိုယ်ခန္ဓာကိုပဲ ဖျက်ဆီးလို့ရပေမဲ့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ငါ့ရဲ့ စိတ်ဆန္ဒကို သူတို့ မဖျက်ဆီးနိုင်ပါဘူး။ ငါ့ရဲ့ နှလုံးသားကို ဘုရားသခင်က ထာဝရပိုင်ဆိုင်မှာပါ။ ငါ ခွန်အားရှိလိမ့်မယ်။ ငါ ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး။” ထို့နောက် ကျွန်မ၏ လေးလံသော ခြေချင်းများကို တရွတ်တိုက် ဆွဲရင်း တစ်လှမ်းချင်း ကျွန်မ နောက်ပြန်လှည့်ခဲ့သည်။ ကျွန်မ၏ ဝိုးတဝါး အခြေအနေတွင်၊ လုံးလုံး ခြေကုန်လက်ပန်းကျကာ သူ၏ ကျောပေါ် ထိုလေးလံသော ကားတိုင်ကိုထမ်းရင်း၊ ဂေါလဂေါသကုန်းဆီ သူ၏ ကွေ့ကောက်သော လမ်းခရီးကို လျှောက်ရင်း၊ ဒဏ်ရာများဖြင့် လုံးဝ ဖုံးလွှမ်းလျက်ရှိသည့် သခင်ယေရှုအကြောင်းကို ကျွန်မ တွေးမိခဲ့ပြီးနောက် အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော် များက ကျွန်မ စိတ်ထဲ ရောက်လာခဲ့သည်- “ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေလိုက်သကဲ့သို့ မချိမဆံ့ စိတ်သောကဝေဒနာကို ခံစားခဲ့သည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင်လျှင် မရှိခဲ့ပါ။ တန်ခိုးကြီးမားသော အင်အား တစ်ခုက သူ့အား သူကားစင်တင်ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် အစဉ်တွန်းအား ပေးခဲ့သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း”) ထိုအခိုက်အတန့်တွင်၊ ကျွန်မ မျက်ရည်များကို နောက်ထပ် မထိန်းနိုင်တော့ဘဲ၊ ကျွန်မ၏ ပါးပြင်များဆီ လွတ်လပ်စွာ စီးကျခဲ့လေသည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ ဆုတောင်းချက်တစ်ခု ကျွန်မ ဆိုခဲ့သည်- “အို ဘုရားသခင်။ ကိုယ်တော်က အလွန်သန့်ရှင်းပြီး အထွတ်အထိပ် ဖြစ်ပေမဲ့ ကျွန်မတို့ကို ကယ်တင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ကိုယ်တော် လူ့ဇာတိခံခဲ့တယ်။ ဆိုးရွားတဲ့ အရှက်ရခြင်းနဲ့ နာကျင်မှုတွေကို ကိုယ်တော် ခံစားခဲ့ပြီး ကျွန်မတို့အဖို့ ကားစင်တင်ခံခဲ့ရတယ်။ အို ဘုရားသခင်။ ကိုယ်တော့်ရဲ့ ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေကို ဘယ်သူ သိရှိဖူးပါသလဲ။ ကျွန်မတို့အဖို့ ကိုယ်တော် ပေးဆပ်ခဲ့တဲ့ အပင်ပန်းခံတဲ့ အဖိုးအခကို ဘယ်သူက နားလည်ဖူးပါသလဲ၊ အသိအမှတ်ပြုဖူးပါသလဲ။ ကျွန်မ ကယ်တင်ခြင်းရဖို့ အခု ဒီဆင်းရဲဒုက္ခကို ကျွန်မ ခံစားရတာပါ။ အဲဒီအပြင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ လှည့်ဖြားတာ၊ အရူးလုပ်တာကို ဘယ်တော့မှ ကျွန်မ ထပ်မခံရဖို့နဲ့၊ အဲဒီ အစိုးရရဲ့ အမှောင်လွှမ်းမိုးမှုကို ဒီနည်းနဲ့ ကျွန်မ ဖယ်ရှားနိုင် ဖို့အလို့ငှာ၊ အဲဒီအစိုးရရဲ့ မကောင်းဆိုးဝါးတွေ လက်ထဲမှာ ရက်စက်မှုကို ကျွန်မခံစား ရစဉ် တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို ရှင်းရှင်းလင်း မြင်နိုင်ဖို့ ကျွန်မ ဒုက္ခခံရတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်တော်ရဲ့အလိုတော်ကို အရေးထားမှုတစ်စုံတစ်ရာ ကျွန်မ မပြခဲ့ဘဲ ကျွန်မရဲ့ နာကျင်ခြင်း နှိပ်စက်မှု အဆုံးသတ်ဖို့ ကျွန်မရဲ့ကိုယ်ပိုင်အသွေးအသားအတွက်ကိုပဲ စဉ်းစားပြီး သေဖို့ဆန္ဒ ရှိခဲ့တယ်။ ကျွန်မ အဲဒီလောက် သူရဲဘောကြောင်ပြီး စက်ဆုပ်စရာကောင်းလှပါတယ်။ အို ဘုရားသခင်။ ကိုယ်တော်ဟာ ကျွန်မတို့အတွက် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အသုံးတော်ခံပြီး ဆင်းရဲဒုက္ခခံတယ်။ ပြီးတော့ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာအားလုံးကို ကျွန်မတို့ကို ပေးအပ်မြှုပ်နှံခဲ့တယ်။ အို ဘုရားသခင်။ အခု ကျွန်မ ဘာမှ မလုပ်နိုင်ပေမဲ့ကျွန်မရဲ့ နှလုံးသားကို ကိုယ်တော်ထံ အပြည့်အဝ ဆက်ကပ်အပ်နှံဖို့၊ ကျွန်မ ဘယ်လောက်ဘဲ ဆင်းရဲဒုက္ခခံစားရပါစေ အဆုံးထိ ကိုယ်တော့်နောက်လိုက်ဖို့နဲ့ ကိုယ်တော့်ကို စိတ်ကျေနပ်စေရန် သက်သေရပ်တည်ဖို့ကိုပဲ ကျွန်မ ဆန္ဒရှိပါတယ်။” ရက်စက်သော ရိုက်နှက်ခြင်းနှင့် ညှင်းဆဲမှု ခံရသည့် လအချို့တွင် ကျွန်မ မျက်ရည် တစ်စက် မကျခဲ့သောကြောင့် ထိန်းသိမ်းရေး စခန်းသို့ ကျွန်မ ပြန်ရောက်သွားသည့်အခါ ကျွန်မ၏ မျက်နှာက မျက်ရည်များဖြင့် ရွှဲသည်ကို ဆိုးယုတ်သော ရဲများက တွေ့ပြီး ကျွန်မ ထုတ်ပြောဖို့ အဆင်သင့်ဖြစ်ပြီဟု သူတို့ ထင်ခဲ့ကြသည်။ သူတို့ကြားက ဝသည့်တစ်ဦးသည် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရနေပုံပေါ်ပြီး၊ “မင်း စေ့စေ့ စပ်စပ် အသေအချာ စဉ်းစားပြီးပြီလား။ ပူးပေါင်းပါဝင်တော့မလား” ဟု ပြောရင်း ကျွန်မကို ပြုံးပြလေသည်။ ကျွန်မ သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး သူ၏ မျက်နှာ မှာ ချက်ချင်း နီရဲသွားခဲ့သည်။ ရုတ်တရက်၊ သူ၏ လက်မောင်းကို ပင့်လိုက်ပြီး ဆက်လက်၍ မရေတွက်နိုင်လောက်အောင် အကြိမ်ရေ များစွာ ကျွန်မ၏ မျက်နှာကို ဖြတ်ရိုက်ခဲ့သည်။ ကျွန်မ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျပြီး ကြမ်းပြင်ပေါ် တစ်စက်တစ်စက်ကျစဉ် ကျွန်မ၏ မျက်နှာမှာ နာကျင်မှုဖြင့် ပူထူကျန်ရစ်ခဲ့သည်။ ယုတ်မာသော ရဲများထဲမှ နောက်တစ်ဦးက ကျွန်မမျက်နှာကို ရေတစ်ဖန်ခွက်ဖြင့် ပစ်ထည့်လိုက်ပြီး၊ “မင်း ပူးပေါင်းသည်ဖြစ်စေ၊ မပူးပေါင်းသည်ဖြစ်စေ ငါတို့ ဂရုမစိုက် ဘူး။ ဒီလောကကြီးကို အခု ကွန်မြူနစ်ပါတီက ပိုင်တယ်၊ ပြီးတော့ မင်း စကား မပြောရင်၊ မင်းကို ငါတို့ ထောင်ချနိုင်သေးတယ်ကွ” ဟု အံကိုကြိတ်လျက် အော်ဟစ် ခဲ့သည်။ သို့သော် သူတို့ ကျွန်မကို ခြိမ်းခြောက်ပြီး ခြောက်လှန့်ဖို့ မည်သို့ ကြိုးစားကြ ပါစေ၊ ကျွန်မ စကားတစ်ခွန်း မပြောခဲ့သေးပါ။

ကျွန်မကို ပြစ်မှုတစ်ခုဖြင့် စွပ်စွဲခြင်းကို သက်သေပြဖို့ အထောက်အထား တစ်ခုမျှ ရဲများက ရှာမတွေ့နိုင်ခဲ့သော်လည်း၊ သူတို့ လက်မလျော့သေးဘဲ၊ ကျွန်မထံမှ ခံဝန်ချက် တစ်ခုရဖို့ ညှင်းဆဲရန် ဆက်လက်ကြိုးစားခဲ့ကြသည်။ တစ်ည ညဉ့်နက်ချိန်တွင်၊ သူတို့ထဲမှ အချို့ အရက်မူးကြပြီး စစ်မေးသည့် အခန်းထဲသို့ ဒယိမ်းဒယိုင် လျှောက် လာကြသည်။ သူတို့ထဲမှ တစ်ဦးက ကျွန်မကို ကာမရာဂစိတ်ပြင်းစွာ ကြည့်ရင်း၊ စိတ်ကူးတစ်ခု ရလာဟန်ပေါ်ပြီး၊ “သူ့ကို ကိုယ်တုံးလုံးချွတ်ပြီး ချိတ်ဆွဲထားစမ်း။ အဲဒီနောက်မှာ သူ ပူးပေါင်းမလားဆိုတာ ငါတို့ ကြည့်ရမယ်” ဟု ပြောလေသည်။ ဤအရာ သူပြောသည်ကို ကြားရခြင်းက ကျွန်မကို ထိန့်လန့်သွားစေခဲ့ပြီး၊ ဤသားရဲ များကို ကျိန်ဆဲပြီး သူတို့၏ တဏှာကြီးသော ပရိယာယ်များကို ဖျက်ဖို့ ဘုရားသခင်ထံ ကျွန်မ၏ နှလုံးသားထဲ အသည်းအသန် ကျွန်မ အော်ခေါ်ခဲ့သည်။ သူတို့က ကျွန်မကို ကျားကုလားထိုင်မှ လွှတ်ပေးလိုက်သော်လည်း ကျွန်မ၏ ခြေချင်းဝတ်တစ်ဝိုက်ရှိ ထိုလေးလံသော ခြေကျင်းများဖြင့် ကျွန်မ ရပ်နိုင်ရုံမျှရပ်နိုင်ခဲ့သည်။ သူတို့က ကျွန်မကို ဝန်းရံလိုက်ပြီး ဘောလုံးတစ်လုံးကဲ့သို့ ဟိုဟိုသည်သည် စတင်ကန်ကျောက် ကြလေသည်၊ ဖရဲသီးအစေ့ခွံများကို ကျွန်မ မျက်နှာဆီ ထွေးထုတ်ရင်းနှင့် “မင်း ပူပေါင်း မလား။ မင်း ငါတို့ကို ကောင်းကောင်း မဆက်ဆံရင်၊ အသက်ရှင်ဖို့ မထိုက်တန် လောက်အောင် မင်းကို ငါတို့ သေချာလုပ်မယ်။ အခု မင်းရဲ့ ဘုရားက ဘယ်မှာလဲ။ သူက အနန္တတန်ခိုးရှင် မဟုတ်လား။ ငါတို့ကို သူ သတ်ပါစေ” ဟု အဖန်ဖန် အော်ဟစ် လေသည်။ အခြားတစ်ဦးက၊ “ဝန်က ဇနီးတစ်ယောက်လိုတယ်၊ သူ့ကို ငါတို့ ပေးလိုက် ရင်ရော ဘယ်လိုလဲ။ ဟား ဟား...” ဟု ပြောလေသည်။ သူတို့၏ ဘီလူးသရဲစီးသော မျက်နှာများကို မြင်ရင်း၊ သူတို့အတွက် ကျွန်မ၏ မုန်းတီးခြင်းက ပူလောင်ပြင်းပြ လှသည်မှာ ကျွန်မ၏ မျက်ရည်များအားလုံး ခမ်းခြောက်သွားသည်အထိ ဖြစ်သည်။ ကျွန်မ လုပ်နိုင်သမျှမှာ ဘုရားသခင်ကို ဆုတောင်းပြီး၊ သူ့ကို ကျွန်မ သစ္စာမဖောက် မိဖို့နှင့် ကျွန်မ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံနိုင်ဖို့အလို့ငှာ ကျွန်မ၏ စိတ်နှလုံးကို ကွယ်ကာဖို့ သူ့ကို တောင်းလျှောက်ရန် ဖြစ်သည်။ အဆုံးသတ်တွင်၊ ဆိုးယုတ်သော ရဲများက အကြံကုန်ထုတ်သုံးခဲ့ ကြပြီး ဖြစ်သော်လည်း ကျွန်မထံမှ စကားတစ်ခွန်း ထွက်လာဖို့ မလုပ်နိုင်ခဲ့ကြသေးပေ။ ရွေးချယ်စရာအားလုံး ကုန်သွားလျက်၊ တယ်လီဖုန်းတစ်ချက်ခေါ်ပြီး သူတို့၏ အထက် လူကြီးများကို အကြောင်းကြားရုံမှလွဲ၍ သူတို့ ဘာမျှမလုပ်နိုင်ခဲ့ကြပါ။ “ဒီအမျိုးသမီး က တော်တော် အကြမ်းခံနိုင်တယ်။ သူက ခေတ်သစ် လျူ ဟူလန်ပဲ။ ကျွန်တော်တို့ သူ့ကို သေအောင်ရိုက်နိုင်တယ်၊ သူက စကားပြောဦးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ တခြားလုပ်နိုင်တာ ဘာမှမရှိတော့ဘူး။” သူတို့ မျှော်လင့်ချက်ကုန်နေသည့်ပုံရသည်ကို မြင်ရင်း၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ထပ်ခါထပ်ခါ ကျေးဇူးတင် မိခဲ့သည်။ သူတို့၏ ရက်စက်သော ညှဉ်းဆဲမှုကို အကြိမ်ကြိမ် ကျွန်မကို အောင်မြင်စေ နိုင်ခဲ့သည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုဖြစ်ပါသည်။ အရာခပ်သိမ်း၌ အနန္တတန်ခိုးရှင် ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။

မရေတွက်နိုင်သော စစ်ဆေးမေးမြန်းမှုများက ဘာမျှ အကျိုးမဖြစ်သည့် အချက်အလက် ရှိသော်လည်း၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်မှုဖြင့် ကျွန်မကို စွဲချက်တင်ခဲ့ပြီး ထောင်ဒဏ် တရားသေ ခုနှစ်နှစ် ကျခံဖို့ စီရင်ချက်ချခဲ့သည်။ ကျွန်မနှင့်အတူ အဖမ်းခံရသည့် ညီအစ်ကို နှစ်ဦးမှာလည်း အလားတူ တရားစွဲခံရပြီး ထောင်ဒဏ် ငါးနှစ် စီရင်ချက်ချခံခဲ့ရသည်။ လူမဆန်သော နှိပ်စက်မှုကို ရှစ်လတာ ကြုံရပြီးနောက်တွင်၊ ဤထောင်ဒဏ် ခုနှစ်နှစ် ဆုံးဖြတ်ချက်ကို ကြားရခြင်းက ကျွန်မကို မနာကျင်၊ စိတ်သောက မရောက် စေရုံသာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ကျွန်မ စိတ်အေးလက်အေးဖြစ်ခဲ့ပြီး၊ ထို့ထက်ပင် ပို၍ ဂုဏ်ယူမိခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယခင်ရှစ်လ လုံးလုံးတွင်၊ ဘုရားသခင်၏ လမ်းပြမှုကို လမ်းခရီး၏ ခြေလှမ်းတိုင်းတွင် တွေ့ကြုံခဲ့ပြီး ဘုရားသခင်၏ အကန့်အသတ်မဲ့ ချစ်ခြင်းမေတ္တာနှင့် ကွယ်ကာမှုတို့ကို နှစ်သက်ခံစား ခဲ့ရသောကြောင့် ဖြစ်သည်။ ဤအရာက တနည်းအားဖြင့် ကျွန်မ၏ ခံနိုင်ရည် အဆုံးစွန်ကို ကျော်လွန်သည့် ရက်စက်သော ဖျက်ဆီးမှုကို အံ့ဖွယ်ရာ ရှင်ကျန်ရစ် စေနိုင်ခဲ့ပြီး ကျွန်မ သက်သေရပ်တည်နိုင်ခဲ့ပါသည်။ ဤသည်မှာ ကျွန်မအပေါ် ဘုရားသခင် နှင်းအပ်နိုင်သည့် အကြီးမားဆုံးသော နှစ်သိမ့်မှုဖြစ်ပြီး ကျေးဇူးတင်ရှိ ခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ဘုရားသခင်အား ကျွန်မ လှိုက်လှိုက်လှဲလှဲ ပူဇော်ခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင်၊ ကျွန်မ၏ ပြစ်ဒဏ်ကို ကျခံဖို့ ပထမ အမျိုးသမီး အကျဉ်းထောင်သို့ အပို့ခံခဲ့ရပြီး၊ ထိုသို့ဖြင့် ကျွန်မ၏ ရှည်လျားသော အကျဉ်းထောင်ဘဝ စတင်ခဲ့သည်။ ထောင်ထဲတွင် မယုံနိုင်ဖွယ်ရာ တင်းကျပ်သည့် စည်းမျဉ်းများ အုပ်စိုးမှုစနစ်ရှိသည်။ မနက် ၆ နာရီ ကျွန်မတို့ ထရပြီး အလုပ်စလုပ် ရသည်၊ ထို့နောက် နေဝင်ရီတရောအထိ တစ်နေ့လုံး ကျွန်မတို့ အလုပ်လုပ်ရလေသည်။ အစာစားချိန်နှင့် သန့်စင်ခန်းသွားချိန်များက ကျွန်မတို့ စစ်မျက်နာပြင်တွင် ရှိကြသည့် အလား ဝရုန်းသုန်းကားနိုင်ပြီး ထောင်သားများကို အနည်းငယ် ခိုကပ်ဖို့ပင် ခွင့်မပြုပါ။ ကျွန်မတို့၏ အလုပ်မှ ပို၍ပင် အကျိုးအမြတ်ရဖို့ရန်အလို့ငှာ ထောင်စောင့်များက ကျွန်မတို့ကို အလုပ် မတန်တဆခိုင်းကြပြီး၊ ဘုရားသခင်ကို ယုံကြည်သူများအပေါ် ပို၍သက်ညှာမှုကင်းမဲ့ကြလေသည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင် ရင်း၊ ကျွန်မ အမြဲ ရင်တမမဖြစ်ခဲ့ရသည်။ နေ့ရက်တိုင်းက တစ်နှစ်လောက် ရှည်လျား သကဲ့သို့ ခံစားခဲ့ရသည်။ ထောင်ထဲတွင် အခက်ခဲဆုံးနှင့် အကြမ်းဆုံးအလုပ်များ ကျွန်မ အပေးခံရပြီး ကျွန်မကို စားဖို့ပေးသည့် အစားအစာမှာ ခွေးအတွက်ပင် မသင့်တော်ပေ- မကျက်တကျက်၊ မဲနက်ပြီး သေးငယ်သည့် မုန့်လုံးပေါင်းဖြစ်ကာ အချို့မှာ ဝါပြီး၊ ခြောက်သွေ့သည့် ဂေါ်ဖီရွက်ရင့်များ ဖြစ်သည်။ ကောင်းမွန်သည့် အပြုအမူအတွက် ကျွန်မ၏ ပြစ်ဒဏ် လျှော့ပေါ့ခံရဖို့ ကြိုးစားအားထုတ်မှုတစ်ခုအဖြစ်၊ အရုဏ်တက်မှ နေဝင်ဆည်းဆာချိန်အထိ မကြာခဏ ကျွန်မ တတ်နိုင်မျှ ကြိုးစား အလုပ်လုပ်ခဲ့ပြီး ကျွန်မ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းကို ကျော်လွန်သည့် ထုတ်လုပ်မှု ခွဲတမ်းကို ပြည့်မီဖို့ တစ်ညလုံးပင် ကျွန်မ အလုပ်လုပ်ခဲ့သည်။ ဆွယ်တာ အလိုအလျောက် ထုတ်လုပ်သည့် နှစ်လုံးတွဲစက်ပေါ်က လက်ကိုင်ကို အဆက်မပြတ်လှည့်ရင်း အလုပ်ရုံ တွင် နေ့တိုင်း ၁၅ နာရီ ၊ ၁၆ နာရီကြာ ကျွန်မ မတ်တပ်ရပ်ခဲ့ရသည်။ ကျွန်မ၏ ခြေနှစ်ဖက်လုံး ဖောလာပြီး မကြာခဏ ကိုက်ခဲကာ အားနည်းခဲ့သည်။ သို့တိုင်၊ ကျွန်မ လုံးဝ အရှိန်လျော့မချရဲခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော် အလုပ်ရုံကို စဉ်ဆက်မပြတ် ကင်းစောင့်နေသည့် လျှပ်စစ်ကျင်စက် လက်ကိုင်တုတ်များ ကိုင်ထားသည့် ထောင်စောင့်များရှိနေပြီး ထောင်သားများမှ လုံးဝ နေ့မနား ညမနား အလုပ်မလုပ်သူ တစ်ယောက်ကို မြင်ပါက အပြစ်ဒဏ်ပေးပြီး ၊ ထောင်သားများထံမှကောင်းမွန်သော အပြုအမူများအတွက် အမှတ်များကို မပေးဘဲထားသောကြောင့် ဖြစ်သည်။ မစဲသော ခြေကုန်လက်ပန်းကျစရာ အလုပ်ကြမ်းက ကျွန်မကို ခန္ဓာနှင့် စိတ်ကို အလွန်အမင်း ပင်ပန်းနွမ်းလျစေခဲ့သည်။ ကျွန်မ ငယ်ရွယ်သေးသော်လည်း၊ ကျွန်မ၏ ဆံပင် အများစုက အဖြူရောင်ပြောင်းသွားခဲ့ပြီး၊ မကြာခဏဆိုသကဲ့သို့ စက်ပေါ် ကျွန်မ မူးမေ့လုနီးပါး ဖြစ်ခဲ့သည်။ ဘုရားသခင်က ကျွန်မအပေါ် စောင့်ရှောက်နေခြင်းကြောင့် မဟုတ်ခဲ့လျှင်၊ ကျွန်မ အသက်ရှင်ကျန်နိုင်ခဲ့လိမ့်မည်မဟုတ်ပါ။ နောက်ဆုံးတွင်၊ ဘုရားသခင်၏ ကွယ်ကာမှုအောက်၌၊ ကျွန်မ၏ ပြစ်ဒဏ်လျှော့ချခံရဖို့ အခွင့်အရေး နှစ်ကြိမ် ကျွန်မရရှိခဲ့ပြီး ကမ္ဘာမြေပေါ်က ထိုငရဲမှ ကျွန်မ နှစ်နှစ်စော၍ ထွက်လာနိုင်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရ လက်ထဲတွင် ရှစ်လတာ ရက်စက်သော ညှဉ်းဆဲမှုနှင့် ငါးနှစ်တာ ထောင်ချခံရခြင်းတို့ကို ကြုံရပြီးသည့်နောက်၊ ကျွန်မ၏ ခန္ဓာနှင့် စိတ်နှစ်ခုလုံး ပြင်းပြင်းထန်ထန် ပျက်စီးလာခဲ့ပြီဖြစ်သည်။ ကျွန်မ လွတ်လာပြီးနောက်တွင် သူစိမ်းများနှင့် ဆုံတွေ့ရခြင်းကို ကျွန်မ အချိန်ကြာမြင့်စွာ ကြောက်လန့်ခဲ့သည်။ အထူးသဖြင့်၊ အနီးအနားတွင် လူများစွာ အားလုံး ပျားပန်းခတ် လှုပ်ရှားသွားလာနေသည့် လူစည်ကားသော နေရာတစ်ခုကို အမှတ်မထင် ကြုံရသည့် အခါတိုင်း၊ ထိုဆိုးယုတ်သော ရဲများက ကျွန်မကို ညှဉ်းဆဲနေသည့် မြင်ကွင်းများက ပြန်လှိမ့်ဝင်လာခဲ့ပြီး ကျွန်မ စိတ်ထဲတွင် နက်ရှိုင်းသည့် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှု အသိစိတ်တစ်ခု အလိုလို ခံစားရလေသည်။ ကျွန်မ၏ ဓမ္မတာ စက်ဝန်းများကလည်း ထိုသတ္တုကုလားထိုင်တွင် အချိန်ကြာမြင့်စွာ ချည်နှောင်ခံရခြင်းမှ ကမောက်ကမ ဖြစ်သွားခဲ့ပြီး ကျွန်မသည် နာမကျန်ဖြစ်ခြင်း မျိုးစုံတို့ဖြင့် ဖိစီးမှုဒဏ်ခံခဲ့ရသည်။ ထိုမဆုံးနိုင်သော နာကျင်စရာ လများကို ယခုပြန်တွေးသည့်အခါ၊ နာကျင်မှုနှင့် ဆင်းရဲဒုက္ခများစွာ ကျွန်မ တွေ့ကြုံခဲ့ရသော်လည်း၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက မကြာခဏ အမွှမ်းတင်လေ့ရှိသည့် “ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့်” နှင့် “နိုင်ငံသားများ၏ ဥပဒေနှင့် ညီသော အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ဥပဒေဖြင့် ကာကွယ်ပေးသည်” ဆိုသည်တို့မှာ သူတို့၏ အပြစ်များနှင့် ဆိုးယုတ်သော အနှစ်သာရတို့ကို ဖုံးကွယ်ရန်ဖြစ်သော ပရိယာယ်များသာ ဖြစ်သည်ကို ကျွန်မ ရှင်းရှင်း လင်းလင်း မြင်ခဲ့ရသည်။ တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏ အနန္တတန်ခိုး၊ အချုပ်အခြာ အာဏာပိုင်စိုးမှု၊ သြဇာအာဏာနှင့် တန်ခိုးတို့ကိုလည်း ကျွန်မ အမှန်တကယ် တွေ့ကြုံပြီး အသိအမှတ်ပြုလာခဲ့ရသလို၊ ကျွန်မအတွက် ဘုရားသခင်၏ ပူပန်မှုနှင့် သနားကရုဏာတို့ကို ကျွန်မ ခံစားနိုင်ခဲ့သည်။ ဤအရာအားလုံးသည် ဘုရားသခင်က ကျွန်မအပေါ် အပ်နှင်းခဲ့သည့် အသက်၏ တန်ဖိုးရှိပြီး ပေါများလှသော ကြွယ်ဝမှုများ ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်က လက်တွေ့ကျပြီး သာမန်ဖြစ်ကာ၊ စာတန်နှင့် မကောင်းဆိုးဝါးများတို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ကျွန်မတို့အပေါ် ရောက်လာဖို့ သူ ခွင့်ပြုလေသည်။ သို့သော် နတ်ဆိုးများက သူတို့၏ အန္တရာယ်များကို ကျွန်မတို့အပေါ် ကသုတ်ကရက် အကြီးအကျယ် ထိခိုက်စေစဉ်တွင်၊ ဘုရားသခင်သည် ကျွန်မတို့ကို တိတ်ဆိတ်စွာ စောင့်ရှာက်ပြီး ကွယ်ကာပေးရင်း၊ ကျွန်မတို့ကို ဉာဏ်အလင်းပေးဖို့နှင့် လမ်းပြဖို့ သူ၏ သြဇာအာဏာနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို အသုံးပြုရင်း၊ အစဉ်အမြဲ ထောက်ကူပေးနေပါသည်။ ကျွန်မတို့ကို ဘုရားသခင်က ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ပေးပြီး ရန်သူဖြစ်သော စာတန်ကို အောင်နိုင်ကာ အနိုင်ယူပြီး၊ ထိုသို့ဖြင့် ဘုန်းအသရေကို ရရှိလေသည်။ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ကောင်းခြင်းတို့ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းမိပါသည်။

ကျွန်မ ယခု အသင်းတော်ထဲတွင် ပြန်ရောက်ပြီး ကျွန်မ၏ ညီအစ်ကို မောင်နှမများ နှင့်အတူရှိဖို့ ပြန်လာပါပြီ။ ဘုရားမေတ္တာတော်၏ လမ်းပြမှုအောက်တွင်၊ အသင်းတော် အသက်တာကို ကျွန်မ အသက်ရှင်ပြီး ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့်အတူ တညီတညွှတ်တည်း နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်မတို့ ဖြန့်ဝေကြပါသည်။ ကျွန်မ၏ အသက်တာက အားမာန်နှင့် တက်ကြွမှုတို့ဖြင့် ပြည့်လျှံနေသည်။ ယခု ကျွန်မသည် ဘုရားသခင်၏ အမှုတော်အတွက် ယုံကြည်ခြင်းနှင့် ပြည့်ပါသည်။ ကမ္ဘာ မြေပေါ် ဘုရားသခင်၏နိုင်ငံတော် ထင်ရှားခြင်းနှင့်ဆိုင်သော လှပသော မြင်ကွင်းကို ကျွန်မ လက်တွေ့ကျကျ မြင်နိုင်ပြီး ဘုရားသခင်၏ ချီးမွမ်းခြင်းများကို မသီဆိုဘဲ မနေနိုင်ပါ။ “ခရစ်တော်၏နိုင်ငံတော်သည် မြေပေါ်တွင် ရောက်ရှိလာခဲ့ပြီ နှုတ်ကပတ်တော်သည် အရာအားလုံးကို လွှမ်းမိုးအနိုင်ယူပြီး လောက၌အုပ်စိုးပြီ ဘုရားသခင်သည် အရာအားလုံးကို သူ့နှုတ်ကပတ်တော်အားဖြင့် ဖန်ဆင်းကြောင်း ကျွန်ုပ်တို့မျက်စိဖြင့် ယခုမြင်နိုင်ပြီ ယေရုရှလင်မြို့သစ်သည် အထက်ကောင်းကင်မှ ဆင်းသက်လာခဲ့ပြီ ခရစ်တော်၏နိုင်ငံတော်သည် မြေကြီးပေါ်တွင်ု့ တည်နေပြီဖြစ်သည် နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ထဲတွင် အသက်ရှင်နေသည် ကျွန်ုပ်တို့တွေးတော လုပ်ဆောင်သည့်အရာတိုင်းတွင် ကျွန်ုပ်တို့နှင့် အတူပါရှိသည်...နိုင်ငံတော်၏ လှပခြင်းသည် အဆုံးမရှိနိုင်အောင်တောက်ပ လောက၌ရှိသောသူမှန်သမျှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားပြောကြသည် သူ့၏နှုတ်ကပတ်တော်၌တည်ကာ သူ့ကို ကိုးကွယ်ကြသည် စကြာဝဠာ၌ ဝမ်းမြောက်ခြင်းရှိ သူ၏ကြီးမားသော အမှုပြီးမြောက်သည့်အတွက် ကျွန်ုပ်တို့အောင်ပွဲခံ သူသည်သန့်ရှင်း၊ အနန္တတန််ခိုးရှင်၊ ဖြေင့်မတ်ခြင်းနှင့် ညာဏ်ပညာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခါနန်ပြည်သို့ သူကိုယ်တိုင်ဦးဆောင်ပေး ထို့ကြောင့် သူ၏ကြွယ်ဝခြင်းနှင့် ချမ်းသာခြင်းအတွက် ကျွန်ုပ်တို့ဝမ်းမြောက်ကြ” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ခရစ်တော်၏နိုင်ငံတော်သည် မြေကြီးပေါ်တွင်ု့ ရောက်ရှိလာခဲ့ပြီ”)

ယခင်က:နတ်ဆိုးများ၏ ဖျက်ဆီးခြင်းခံရပြီးလျက် ဘုရားသခင်၏ ကျေးဇူးတော် အဘယ်မျှအဖိုးတန်သည်ကို ကျွန်တော် သာ၍ပင် နားလည်သည်

နောက်တစ်ခုသို့:ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် လမ်းပြခံရလျက်၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုကို ကျွန်ုပ် အောင်မြင်ကျော်လွှားခဲ့သည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ