၄) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်သင့်ပြီး တွေးဆသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၏ အခြေခံသဘောတရားထဲမှ၊ တစ်ချက်သည် အသိပညာနှင့် ဆက်နွှယ်ပြီး အခြားတစ်ခုမှာ ဝင်ရောက်ခြင်းနှင့် ဆက်နွှယ်သည်။ မည်သည့် နှုတ်ကပတ်တော်များကို သင်သိလာသင့်သနည်း။ ရူပါရုံများနှင့်ဆက်နွှယ်သော နှုတ်ကပတ်တော်များကို သင်သိလာသင့်သည် (ဘုရားသခင်၏ အမှုသည် ယခု မည်သည့်ခေတ်သို့ ဝင်ရောက်ပြီးဖြစ်သည်၊ ယခု ဘုရားသခင်က မည်သည့်အရာကို စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည်၊ လူဇာတိခံယူခြင်း ဆိုသည်မှာ မည်သည့်အရာ ဖြစ်သည် စသည်တို့ကဲ့သို့သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဤအရာအားလုံးသည် ရူပါရုံများနှင့် ဆက်နွှယ်ပေသည်။) လူက ဝင်ရောက်သင့်သည့် လမ်းသည် မည်သည့်အရာကို ရည်ရွယ်ပါသနည်း။ ဤအရာသည် လူက လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်သင့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းသည်။ အထက်က အရာတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၏ ရှုထောင့်နှစ်ခု ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤနည်းဖြင့် စားသောက်လော့။ သင်သည် ရူပါရုံနှင့် ပတ်သက်သော သူ၏ နှုတ်ကပတ်တော်များကို ရှင်းလင်းသည့် သိနားလည်မှု တစ်ခု ရှိပါက၊ တစ်ချိန်လုံး ဖတ်မြဲဖတ်နေဖို့ မလိုပေ။ အဓိက အရေးကြီးသည်မှာ ဘုရားသခင်ထံသို့ သင့်နှလုံးသားကို မည်သို့ လှည့်ရမည်၊ ဘုရားသခင်၏ ရှေ့၌ သင့်နှလုံးသားကို မည်သို့ ငြိမ်သက်စေရမည်ဆိုသည်နှင့်၊ ဇာတိပကတိကို မည်သို့ စွန့်လွှတ်ရမည်ကဲ့သို့သော ဝင်ရောက်ခြင်းနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များကို သာ၍ စားသောက်ဖို့ ဖြစ်သည်။ ဤသည်တို့မှာ သင် လက်တွေ့ လုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို မသိဘဲနှင့်၊ စစ်မှန်သော မိတ်သဟာယဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် သိသည်နှင့်တစ်ပြိုင်နက်၊ အဓိကအချက်က မည်သည့်အရာဖြစ်သည်ကို သင် သဘောပေါက်ပြီးသည့်အခါတွင်၊ မိတ်သဟာယသည် လွတ်လပ်လာလိမ့်မည် ဖြစ်ပြီး၊ မည်သည့်အရေးကိစ္စ ပေါ်သည်ဖြစ်စေ သင်သည် မိတ်သဟာယဖွဲ့နိုင်ပြီး လက်တွေ့အရှိတရားကို သဘောပေါက်နိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယ ပြုနေချိန်တွင် သင်သည် လက်တွေ့အရှိတရား မရှိပါက၊ ဘယ်အရာက အဓိက ဖြစ်သည်ကို သင်နားမလည်သေပေ၊ ယင်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်မှန်း မသိသည်ကို ပြသပေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းသည် ငြီးငွေ့ဖွယ်ဖြစ်သည်ဟု မြင်ကောင်းမြင်နိုင်သည်၊ ယင်းမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ ပုံမှန်အခြေအနေ ဖြစ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား မည်သည့်အခါတွင်မျှ မငြီးငွေ့ခြင်း၊ ယင်းတို့ကို အမြဲ ဆာငတ်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကောင်းမွန်သည်ဟု အမြဲ မြင်ခြင်း ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဝင်ရောက်ပြီးသော သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပုံ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန့်အလွန် လက်တွေ့ကျပြီး လူ ဝင်ရောက်သင့်သောအရာ အတိအကျ ဖြစ်သည်ဟု သင်ခံစားရသောအခါ၌၊ သူ၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ ကြီးမားစွာ အထောက်အကူ ဖြစ်ပြီး အကျိုးပြုသကဲ့သို့၊ လူသား၏ အသက် အထောက်အပံ့ ဖြစ်သည်ဟု သင် ခံစားရသည့်အခါတွင်- သင့်ကို ဤခံစားချက်ပေးသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ သင့်ကို တို့ထိသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ဤအရာက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်နေပြီး၊ ဘုရားသခင်သည် သင့်ထံမှ မစွန့်ခွာသွားသေးသည်ကို သက်သေပြပေသည်။ လူအချို့က ဘုရားသခင် အမြဲ စကားပြောနေသည်ကို မြင်လျက်၊ သူ၏ နှုတ်ကပတ်တော်များကို ငြီးငွေ့လာကြပြီး ယင်းတို့ကို ၎င်းတို့ ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ မည်သည့်အကျိုးဆက်မျှ မရှိဟု ထင်ကြသည်- ယင်းမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ ၎င်းတို့သည် လက်တွေ့အရှိတရား ထဲသို့ ဝင်ရောက်ဖို့ ဆာငတ်သည့် နှလုံးသား ကင်းမဲ့ကြပြီး၊ ထိုသို့သောလူတို့သည် စုံလင်စေခြင်းကို မဆာငတ်ကြသကဲ့သို့ အရေးကြီးသည်ဟု မခံယူကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သင် ဆာငတ်ခြင်း မရှိသည်ကို ရှာဖွေတွေ့ရှိသောအခါတိုင်းတွင်၊ ဤအရာက သင်သည် ပုံမှန် အခြေအနေတွေင် မရှိသည်ကို ပြသပေသည်။ အတိတ်တွင် ဘုရားသခင်သည် သင့်ထံမှ ထွက်ခွာပြီးဖြစ်သည်၊ မဖြစ်သည်ကို သင်၏အတွင်း၌ ငြိမ်သက်ခြင်း ရှိ မရှိဆိုသည်နှင့် သင်သည် မွေ့လျော်မှု တွေ့ကြုံခဲ့ရခြင်း ရှိ မရှိဆိုသည်တို့အပေါ် ဆုံးဖြတ်ပေသည်။ ယခုတွင် အဓိကအချက်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ခြင်း ရှိ မရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့အရှိတရား ဖြစ်ခြင်း ရှိ မရှိ၊ သင်သည် သစ္စာရှိခြင်း ရှိ မရှိဆိုသည်နှင့်၊ ဘုရားသခင်အတွက် သင် လုပ်နိုင်သမျှ အားလုံးကို လုပ်နိုင်ခြင်း ရှိ မရှိဆိုသည်တို့ ဖြစ်သည်။ တစ်နည်းအားဖြင့် လူသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားအားဖြင့် တရားစီရင်ခြင်း ခံရပေသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို လူသားမျိုးနွယ် အားလုံးထံသို့ ညွှန်ကြားသည်။ သင်သည် ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုရန် လိုလားနေပါက၊ သူသည် သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်၊ သို့သော် သင်က မလိုလားပါက၊ သူသည် သင့်ကို အသိဉာဏ် ပွင့်လင်းစေမည် မဟုတ်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကို ဆာငတ်ကာ မွတ်သိပ်သော သူတို့ကို အသိဉာဏ်ပွင့်လင်းစေပြီး၊ သူ့ကို ရှာ‌ဖွေသောသူတို့ကို အသိဉာဏ် ပွင့်လင်းစေသည်။ အချို့က သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှု ပြီးသည့်နောက်တွင်ပင်၊ ဘုရားသခင်သည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဟု ပြောကြသည်။ သို့သော် ဤနှုတ်ကပတ်တော်များကို သင်တို့ မည်သည့်နည်းလမ်းဖြင့် ဖတ်ရှုကြသနည်း။ လူတစ်ဦးက မြင်းစီးလျက် ပန်းများကို ကြည့်သည့်ပုံစံဖြင့် သူ၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုပြီး၊ လက်တွေ့အရှိတရားအပေါ် အရေးမထားပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ အသိဉာဏ်ပွင့်လင်းစေနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားသူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားပါက၊ သင်သည် သမ္မာတရား ဖြစ်စေ၊ လက်တွေအရှိတရားဖြစ်စေ၊ ရှိလိမ့်မည်မဟုတ်။ သူ၏ နှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလျှင်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်ပြီး၊ ထိုအခါတွင်မှ လက်တွေ့အရှိတရားကို သင် ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ သင် အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ၊ အခြေအနေများ ဆိုးသည် ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ၊ သင် ငြီးငွေ့သည်ဖြစ်စေ၊ မငြီးငွေ့သည်ဖြစ်စေ အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရမည့် အကြောင်းရင်း ဖြစ်သည်။ အားလုံးခြုံကြည့်သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ တည်ရှိခြင်း အခြေခံအုတ်မြစ် ဖြစ်သည်။ မည်သူမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်ခွာ၍မရဘဲ၊ ၎င်းတို့သည် တစ်နေ့ အစာသုံးကြိမ် စားသည့်အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားရမည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခံရခြင်းတို့သည် ထိုမျှ လွယ်ကူနိုင်မည်လော။ လက်ရှိအချိန်၌ သင် နားလည်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ အမှု၌ သင် ထိုးထွင်းသိမြင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြစ်နိုင်သမျှ များများ စားသောက်ရမည်။ ဤသည်မှာ အခြေအနေဖန်တီးလုပ်ဆောင်သည့်နည်းလမ်းဖြင့် ဝင်ရောက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ သင် ဝင်ရောက်နိုင်သောအရာကို အလျင်အမြန် လက်တွေ့လုပ်ဆောင်ပြီး၊ သင် မလုပ်နိုင်သောအရာကို ခဏဘေးဖယ် ထားလော့။ အစတွင် သင် နားမလည်နိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ရှိကောင်း ရှိနိုင်သော်လည်း၊ နှစ်လ သို့မဟုတ် သုံးလ၊ တစ်နှစ်ခန့်ပင် ကြာပြီးနောက်တွင်၊ သင် နားလည်လိမ့်မည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို တစ်ရက်၊ နှစ်ရက်ဖြင့် မစုံလင်စေနိုင်သောကြောင့် ဖြစ်သည်။ အချိန်အများစုတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုသောအခါ၊ သင် ချက်ချင်း နားလည်ကောင်း နားလည်နိုင်မည်မဟုတ်။ ထိုအချိန်တွင် ယင်းတို့သည် စာမျှထက် မပိုသကဲ့သို့ ထင်ကောင်း ထင်ရနိုင်သည်။ ယင်းတို့ကို သင် နားမလည်နိုင်မီတွင်၊ အချိန်တစ်ခုကြာ ထိုနှုတ်ကပတ်တော်များကို သင် တွေ့ကြုံရမည် ဖြစ်သည်။ ဘုရားသခင်သည် စကားများစွာ ပြောပြီးသည့်နောက်၊ သင်သည် သူ၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အစွမ်းကုန် ကြိုးစားသင့်သည်၊ ထို့နောက် မသိလိုက်ဘဲနှင့်၊ သင် နားလည်လာမည် ဖြစ်ပြီး မသိလိုက်ဘဲနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို အသိဉာဏ်ပွင့်လင်းစေသောအခါတွင်၊ ယင်းသည် မကြာခဏ လူ၏ သတိပြုမိခြင်း မရှိဘဲ ဖြစ်ပေသည်။ သင် ဆာငတ်ကာ မွတ်သိပ်သောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် အခြေခံသဘောတရားသည် သင် စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြု ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရေးမထားသကဲ့သို့- ၎င်းတို့၏ စိတ်ရှုပ်ထွေးသော အတွေးထဲတွင်၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်သည်၊ မဖတ်သည်ကို စိတ်ဝင်စားခြင်းမရှိသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု ယုံကြည်လျက်- သူ၏ နှုတ်ကပတ်တော်များအပေါ် မတူကွဲပြားသော သဘောထားတစ်ခု အမြဲ ရှိသူများအားလုံးသည် လက်တွေ့အရှိတရား မပိုင်ဆိုင်သူများ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ် ပွင့်လင်းစေခြင်းဖြစ်စေ မတွေ့ရနိုင်ပေ။ ဤကဲ့သို့သော လူများသည် အားမစိုက်ဘဲ၊ လုပ်ဆောင်ရုံမျှ လုပ်ဆောင်နေသူများ၊ ပုံဥပမာနှင့်ဆိုင်သည့်က ဦးနန်ဂုအို ကဲ့သို့၊ စစ်မှန်သော အရည်အချင်းများ မရှိဘဲ ဟန်ဆောင်နေသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်သည့်အခါ၊ ၎င်းတို့နှင့်ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားကို သင် တိုင်းတာရမည်။ ယင်းမှာ၊ သင်၏ စစ်မှန်သော အတွေ့အကြုံ လမ်းကြောင်းတွင် သင်၏ အားနည်းချက်များကို တွေ့ရှိသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာဖွေနိုင်စွမ်းရှိရမည်၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အယူအဆများကို ကျောခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအတွက် သင် အမြဲကြိုးပမ်းပြီး၊ ၎င်းတို့ကို ရရှိရန် မိမိစိတ်နှလုံးကို ပုံအပ်ပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု သင်ရှိလိမ့်မည်၊ သင်သည် အနှစ်မဲ့သကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ ထိုအကြောင်းကြောင့် သင်သည် ပုံမှန် အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ပိုင် အသက်တာထဲတွင် ဝန်ထုပ်တစ်ခု သယ်ဆောင်သူ၊ ယုံကြည်ခြင်း ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။ လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့ကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ အရေးကြီးဆုံးသော အရာများကို ၎င်းတို့ သဘောမပေါက် နိုင်ကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အသက်တာကို ၎င်းတို့ အလေးအနက် မထားကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အရေးကြီးသော အရာများကို ၎င်းတို့ သဘောမပေါက်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြခြင်း အကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုကြသည့်အခါ၊ ထိုနှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် မဆက်စပ်နိုင်ကြသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် အခြေအနေများကို မပိုင်နိုင်ကြသောကြောင့် ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး ယင်းတို့ကို ကျွန်ုပ်၏ အခြေအနေများနှင့် ဆက်စပ်မိကာ၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးကာ ညံ့ဖျင်းသော အရည်အချင်းရှိသည်ကို ကျွန်ုပ် သိ၏၊ သို့သော် ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိပါ” ဟု ပြောကြသည်။ သင်သည် တကယ့် အပေါ်ယံကိုသာ မြင်လေပြီ။ သင် မသိသည့် စစ်မှန်သော အရာများစွာ ရှိ၏- ဇာတိပကတိ၏ မွေ့လျော်မှုများကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်မြင်ချက်ကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် မည်သို့ ပြောင်းလဲရမည်၊ ဤအရာများထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ သင်၏ အရည်အချင်းကို မည်သို့ တိုးတက်စေရမည် ဆိုသည်နှင့် မည်သည့် ရှုထောင့်မှ စတင်ရမည်ဆိုသည်တို့ ဖြစ်သည်။ သင်သည် အနည်းငယ်သော အရာတို့ကိုသာ အပေါ်ယံ သဘောပေါက်ပြီး သင် သိသမျှမှာ သင်သည် အမှန်ပင် အလွန်ဖောက်ပြန်ပျက်စီးသည်ဟူ၍ ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှများကို သင် တွေ့ဆုံသည့်အခါ၊ သင် အဘယ်မျှ ဖောက်ပြန်ပျက်စီးသည့်အကြောင်း သင် ပြောဆိုပြီး ယင်းမှာ သင့်ကိုယ်သင် သိရှိကာ သင့်အသက်တာအတွက် ကြီးမားသော ဝန်ထုပ်တစ်ခု သယ်ဆောင်သည်ဟု ထင်ရပေသည်။ အမှန်တွင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြောင်းလဲသေးပေ၊ ယင်းက သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ရှာမတွေ့သေးသည်ကို သက်သေပြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ

သင်သည် သမ္မာတရားကို ရှာဖွေဖို့ ဆန္ဒရှိပါက၊ သမ္မာတရားကို နားလည်ဖို့နှင့် ရရှိဖို့ ဆန္ဒရှိပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် မည်သို့ ငြိမ်သက်ရမည်၊ သမ္မာတရားကို မည်သို့တွေးဆရမည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေးဆရမည်တို့ကို သင်ယူရမည်။ သမ္မာတရားကို တွေးဆဖို့အလို့ငှာ လိုက်နာရန် လုပ်ရိုးလုပ်စဉ်များ ရှိသလော။ စည်းမျဉ်း တစ်စုံတစ်ရာ ရှိသလော။ အချိန်ကန့်သတ်ချက်များ တစ်စုံတစ်ရာ ရှိသလော။ သင်သည် ယင်းကို နေရာတစ်ခုခုတွင် လုပ်ဆောင်ဖို့ လိုအပ်သလော။ မလိုအပ်ပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်မရွေး သို့မဟုတ် နေရာမရွေး တွေးဆနိုင်သည်။ သင်တို့၏ ထုံးစံအတိုင်း နားဝေတိမ်တောင်ဖြစ်သော အတွေးအခေါ်များနှင့် စိတ်ကစားမှုများအပေါ် အနည်းငယ်သာ အချိန်ကုန်ဆုံးပြီး၊ ယင်းအချိန်ကို သမ္မာတရားကို တွေးဆဖို့ အသုံးပြုခဲ့ပါက၊ အကျိုးဆက်အနေဖြင့် တစ်ရက်တွင် အချိန်မည်မျှ မဖြုန်းတီးမိဘဲ နေမည်နည်း။ လူများသည် ၎င်းတို့ အချိန်ဖြုန်းသည့်အခါတွင်၊ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ၎င်းတို့ စိတ်ဝင်စားသည့်အရာကိုသာ လုပ်ဆောင်ရင်း၊ အသေးအဖွဲကိစ္စများတွင်သာ ပါဝင်လုပ်ဆောင်ရင်း၊ လွန်လေပြီးသော အချိန်များ၏ အသုံးမတည့်သည့် အမှုအရာများ အကြောင်းသာ တွေးတောရင်း၊ ပြီးလျှင် ၎င်းတို့၏ အနာဂတ်တွင် မည်သည့်အရာဖြစ်မည်၊ အနာဂတ်နိုင်ငံတော်သည် မည်သည့်နေရာတွင်ရှိမည်၊ ငရဲသည် မည်သည့်နေရာတွင် ရှိသည်တို့ကို စိတ်ကူးရင်း၊ တစ်နေ့လုံး စကားစမြည်ပြောပြီး အတင်းအဖျင်း စကားပြောလျက် တစ်ရက်လုံး ကုန်ဆုံးကြသည်၊ ထိုအရာများသည် ပေါ့တန်သောအရာများ မဟုတ်လော။ ဤအချိန်ကို အပြုသဘောဆောင်သည့် အမှုအရာများအပေါ် ကုန်ဆုံးပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့် သမ္မာတရားကို မိတ်သဟာယပြုခြင်းတို့တွင် အချိန်ပို၍ သုံးပါက၊ သင်၏ လုပ်ဆောင်ချက်တစ်ခုချင်းစီကို ပြန်လည်သုံးသပ်ပြီး ယင်းတို့ကို ဘုရားသခင်၏ စိစစ်ခြင်းအတွက် သူ၏ရှေ့မှောက်တွင် ပင့်မြှောက်ထားပြီး၊ ထို့နောက်တွင် ဘုရားသခင်ကို သင် အပုန်ကန်ဆုံးဖြစ်သည့် အရေးပါသည့် ထိုနေရာများကို အထူးသဖြင့် ကြည့်လျက်၊ သင် သဘောမပေါက်နိုင်သည့် သို့မဟုတ် မဖော်ထုတ်နိုင်သည့် ပြဿနာအကြီးစား တစ်ခုတစ်လေ ရှိမရှိကို ကြည့်ပြီး ယင်းတို့ကို ဖြေရှင်းဖို့ လိုက်လျောညီထွေရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေပါက၊ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လိမ့်မည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေးဆခြင်းတွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းတွင် သင်တို့ မကြာခဏ မိန့်မြွက်လွန်းလှသည့် ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် အယူအဆများဟု ဆိုသောအရာများနှင့် မှန်ကန်သည်ဟု သင် မကြာခဏ ယုံကြည်သည့် လက်တွေ့လုပ်ဆောင်ခြင်း၏ ဝိညာဉ်ရေးရာ အခြေခံသဘောတရားများနှင့် “ကျွန်ုပ်သည် ဤဝိညာဉ်ရေးရာ စကားရပ်များနှင့် အသုံးအနှုန်းတို့၏ အယူအဆနှင့်ပတ်သက်ပြီး ရှင်းလင်းသည်၊ ယင်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်နှင့်ပတ်သက်၍ ကျွန်ုပ်ထံတွင် ကောင်းမွန်သည့် နားလည်မှုတစ်ခုရှိသည်၊ သို့ရာတွင် ယင်းတို့၏ စစ်မှန်မှုနှင့်ပတ်သက်ပါက မည်သို့ရှိသနည်း။ ယင်းတို့ကို ကျွန်ုပ် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။” ဟု ဆုတောင်း- ဖတ်ရှုခြင်းကို ဆိုင်းငံ့ထားခြင်း ပါဝင်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆပုံ ဖြစ်သည်။ ဤရှုထောင့်မှ စတင်လော့။ လူများသည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင်၊ ၎င်းတို့က သူ၏နှုတ်ကပတ်တော်များကို မည်သို့တွေးဆရမည်ကို မသိပါက၊ ၎င်းတို့တွင် သမ္မာတရားကို ဝင်ရောက်ခြင်းနှင့် နားလည်သဘောပေါက်ခြင်းတွင် ကြီးစွာသော အခက်အခဲ ရှိလိမ့်မည်။ လူများသည် သမ္မာတရားကို အမှန်တကယ် နားလည်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သလော။ ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်သလော။ လူများသည် သမ္မာတရားကို မရရှိနိုင်ဘဲ၊ သမ္မာတရားစစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်သလော။ ယင်းမှာ အလွန် ခက်ခဲပေလိမ့်မည်။ “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လော့” ဟူသည့် မကြာခဏ ထပ်တလဲလဲ ပြောဆိုသော နှုတ်ကပတ်တော်များကို ဥပမာကြည့်လော့- သင်သည် ဤနှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ရမည်ဖြစ်ပြီး “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ် အမှားတစ်စုံတစ်ရာ ပြောမိပါက၊ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ဟုတ်သလော၊ မဟုတ်သလော။ ထိုသို့ ပြောဆိုခြင်းသည် မကောင်းမှုကို ပြုခြင်းလော၊ ကောင်းမှုကို ပြုခြင်းလော။ ယင်းကို ဘုရားသခင် အောက်မေ့သတိရသလော။ ယင်းကို ဘုရားသခင် ပြစ်တင်ရှုတ်ချသလော။ အဘယ်အမှုအရာတို့သည် မကောင်းမှုဖြစ်သနည်း။ ကျွန်ုပ်ကိုယ်တိုင်၏ စိတ်ကူးများ၊ စိတ်ဓာတ်လှုံ့ဆော်မှုများ၊ အတွေးအခေါ်များ၊ အမြင်များ၊ ကျွန်ုပ်ပြောဆိုပြီး လုပ်ဆောင်သည့် အမှုအရာများနောက်ကွယ်မှ တွန်းအားနှင့် အကြောင်းရင်းများ၊ ကျွန်ုပ် ထုတ်ဖော်သည့် စိတ်သဘောထားမျိုးစုံ၊ ဤသည်တို့ကို မကောင်းမှုဟု ယူဆသလော။ ယင်းတို့အနက်မှ အဘယ်အရာများသည် ဘုရားသခင်၏ လက်ခံခြင်းခံရသနည်း။ အဘယ်အရာများသည် ဘုရားသခင်၏ ရွံရှာစက်ဆုပ်ခြင်း ခံရသနည်း။ အဘယ်အရာများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း ခံရသနည်း။ မည်သည့် အရေးကိစ္စများတွင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားကို ကျွန်ုပ် ပြုလုပ်မိဖို့ များစွာဖြစ်နိုင်ချေ ရှိသနည်း။” ဟု သင့်ကိုယ်သင် ပြောရမည်။ ဤအရာအားလုံးသည် သုံးသပ်ထိုက်သည်။ သင်တို့သည် သမ္မာတရားကို ပုံမှန် တွေးဆသလော။ အချိန်မည်မျှကို သင်တို့ ဖြုန်းတီးပြီးဖြစ်သနည်း။ သမ္မာတရားနှင့်သက်ဆိုင်သည့်၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့်၊ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် သက်ဆိုင်သည့် အရေးကိစ္စမည်မျှကို သင် စဉ်းစားသုံးသပ်ပြီးဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့၏တွေးဆခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သမ္မာတရားတို့နှင့် သက်ဆိုင်သည့် အရေးကိစ္စများကို သင်တို့တွေးဆခြင်း အကျိုးဖြစ်ထွန်းချိန်တွင်၊ သင်တို့သည် အသက်ဝင်ရောက်မှု ရရှိလိမ့်မည် ဖြစ်သည်။ ဤအရာများကို မည်သို့တွေးဆရမည်ကို ယနေ့ သင်တို့ မသိသေးသည့်အပြင် သင်တို့သည် အသက်ဝင်ရောက်မှု မရသေးပေ။ တစ်စုံတစ်ဦးသည် အသက်ဝင်ရောက်မှု ရရှိခဲ့ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေးဆနိုင်ကာ၊ ပြဿနာများကို စဉ်းစားဆင်ခြင်နိုင်သည့် အခါတွင်၊ ၎င်းတို့သည် ထိုအခါ သမ္မာတရား စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်ပြီ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ကြားသည့်အခါ၊ ယင်းကို မိမိတို့ကိုယ်ကိုအတွက် သင်တို့အသုံးပြုကြသလော၊ သို့မဟုတ် အယူဝါဒ၊ တစ်ဖက်နားဝင်ပြီး တစ်ဖက်နားက ထွက်သည့် စကားများကိုသာ သင်နားထောင်နေသလော။ သင်တို့၏အတွင်းတွင် မည်သည့်သဘောထားများနှင့် ကြံရွယ်ချက်မျိုးတို့ ရှိသနည်း။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့စားသောက်ရမည်ကို အမှန်တကယ် မသိပေ။ ဥပမာအားဖြင့်၊ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” ဟု အမည်တပ်ထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များဆိုင်ရာ ကျမ်းပိုဒ်ကို ဖတ်ရှုပြီးသည့်နောက်တွင်၊ သင်နားလည်သမျှအားလုံးမှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ဖယ်ရှင်းသုတ်သင်ခံရလိမ့်မည်ဟု ဘုရားသခင်ပြောနေကြောင်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူတို့၌ ဘုရားသခင်နှစ်သိမ့်ကျေနပ်ခြင်း မရှိကြောင်းနှင့် ဘုရားသခင်၏အမြင်တွင် ၎င်းတို့သည် မကောင်းသကဲ့သို့ ဆိုးယုတ်ကြသည်ဟူ၍ ဖြစ်သည်။ သို့သော် လူတို့၏ မည်သည့်အပြုအမူများသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းဖြစ်သည်၊ ၎င်းတို့၏ လုပ်ရပ်များ၊ သဘောထားများနှင့် ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းများထဲမှ မည်သည့်အရာကို သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ခြင်း၏ သရုပ်သကန်များအဖြစ် ဘုရားသခင်က သဘောထားသည်ဆိုသည်တို့နှင့်ပတ်သက်၍ သင်တို့တွေးတောဖူးသလော။ ယင်းကို မည်သို့ ချင့်ချိန်စဉ်းစားရမည်ကို သင်တို့သိသလော။ သင်တို့အနေဖြင့် ပုံမှန် ထိုသို့လုပ်ဆောင်ရမည်ဖြစ်ပြီး ဤအရာနှင့်ပတ်သက်၍ တွေးတောဖို့ သင်တို့အတူတကွစုစည်းကြသည်အထိ မစောင့်ဆိုင်းနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ချင့်ချိန်စဉ်းစားဖို့ သင်ယူရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရားဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် ပေးအပ်နှင်းသည့် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သြဝါဒများ၊ ဆောင်ပုဒ်များ သို့မဟုတ် ငြင်းခုံချက်များ မဟုတ်သကဲ့သို့၊ ဒဿနအမြင်နှင့် အသိပညာ တစ်မျိုးမျိုး မဟုတ်ပေ။ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသား ထုတ်ဖော်ပြသည့်အရာများအားလုံး၊ လူသား၏ စိတ်နှလုံးတွင် အကြံရပြီး စိတ်ထဲတွင် တည်ရှိသည့် စိတ်ကူးများနှင့် ထင်မြင် ယူဆချက်များဖြင့် လူသား၏ အသက်တာနှင့် တည်ရှိမှု၊ ၎င်း၏အပြုအမူနှင့် စိတ်သဘောထားနှင့် သက်ဆိုင် လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သင်၏ စဉ်းစားဆင်ခြင်ခြင်းသည် ဤအရာများ၏ ချည်နှောင်ခြင်းမှ လွတ်ကင်းပါက၊ သင်သည် သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါနှင့် ဒေသနာများနှင့် မိတ်သဟာယတို့ကို နားထောင်သည့်အခါ ထိုအရာများ၏ ချည်နှောင်ခြင်းမှ လွတ်ကင်းပါက၊ သင်နားလည်နိုင်သည့်အရာသည် အပေါ်ယံမျှသာဖြစ်ပြီး၊ နည်းပါးလိမ့်မည် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်သည့် နည်းလမ်းကို သင်ယူရမည်။ ဤသည်မှာ အရေးကြီးလှသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ဖို့ နည်းလမ်းများစွာရှိလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရှာဖွေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တိတ်ဆိတ်စွာ ဖတ်ရှုနိုင်ပြီး၊ သင်၏ စိတ်နှလုံးထဲတွင် ဆုတောင်းနိုင်သည်။ သင်သည် သမ္မာတရားကို အားထုတ်သူတို့ကို အဖော်ပြု၍လည်း မိတ်သဟာယပြုနိုင်ပြီး၊ ဆုတောင်း- ဖတ်ရှုနိုင်သည်။ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် သင်၏ နားလည်သဘောပေါက်ခြင်းကို ပို၍နက်ရှိုင်းစေဖို့ သင်၏ စဉ်းစားဆင်ခြင်ခြင်းနှင့် မိတ်သဟာယများနှင့် ဒေသနာများကို တစ်သားတည်း ဖြစ်အောင် လုပ်၍လည်း ရနိုင်ပေသည်။ နည်းလမ်းများမှာ များစွာရှိပြီး မျိုးစုံလှပေသည်။ အတိုချုပ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် ထိုနှုတ်ကပတ်တော်များ၊ သမ္မာတရားတို့နှင့် သက်ဆိုင်သည့် နားလည်သဘောပေါက်မှုတစ်ခုကို ရရှိလိုပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ဖို့ နှင့် ဆုတောင်း- ဖတ်ရှုဖို့တို့က အလွန် အရေးကြီးလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်း- ဖတ်ရှုခြင်း၏ရည်ရွယ်ချက်မှာ၊ ထိုနှုတ်ကပတ်တော်များကို ရွတ်ဖတ်နိုင်ဖို့ မဟုတ်သကဲ့သို့၊ အလွတ်ကျက်ဖို့လည်း မဟုတ်ပေ။ ယင်းထက် ဤနှုတ်ကပတ်တော်များကို ဆုတောင်း- ဖတ်ရှုကာ၊ စဉ်းစားဆင်ခြင်ပြီးနောက်၊ ထိုနှုတ်ကပတ်တော်များ နှင့် သက်ဆိုင်သည့် စစ်မှန်သော နားလည်သဘောပေါက်မှု တစ်ခုကို ရရှိဖို့ နှင့် ဘုရားသခင် မိန့်တော်မူခဲ့သည့် ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်တို့ကို သိရှိဖို့ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များတွင် လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်း တစ်ခုကို ရှာဖွေဖို့ နှင့် မိမိ၏ ကိုယ်ပိုင်လမ်းသို့ ပြန်လှည့်သွားခြင်းမှ ထိန်းထားဖို့ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့် အခြေအနေမျိုးစုံနှင့် လူအမျိုးအစားများအားလုံး အကြား ထိုးထွင်းသိမြင်နိုင်စွမ်းရှိဖို့၊ လူအမျိုးအစား တစ်ယောက်ချင်းစီကို ဆက်ဆံဖို့ စစ်မှန်သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေနိုင်စွမ်း ရှိဖို့တို့ ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ လမ်းလွဲခြင်းနှင့် ဘုရားသခင် စက်ဆုပ်ရွံရှာသည့် လမ်းကြောင်းပေါ် လျှောက်ခြင်းတို့ကို ရှောင်ကြဉ်ဖို့ ဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဆုတောင်း- ဖတ်ရှုနည်းနှင့် စဉ်းစားဆင်ခြင်နည်းတို့ကို သင်ယူလေ့လာပြီး ယင်းကို မကြာခဏ လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်နိုင်ပြီး၊ သင်၏ အသက်တာဖြစ်လာနိုင်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၁)” မှ

သမ္မာတရား၏ လက်တွေ့ကျခြင်း၏ မည်သည့်ရှုထောင့်ကို သင်ကြားဖူးသည် ဖြစ်ပါစေ၊ အကယ်၍ သင်သည် သင့်ကိုယ်သင် ၎င်းနှင့်နှိုင်းယှဉ်ပါက၊ သင်၏အသက်တာတွင် ဤနှုတ်ကပတ်တော်များကို ကျင့်သုံးပြီး သင်၏လက်တွေ့လုပ်ဆောင်မှုထဲ၌ ထည့်သွင်းပါက တစ်စုံတစ်ခုကို သေချာပေါက်ရပြီး သေချာပေါက် ပြောင်းလဲမည် ဖြစ်သည်။ အကယ်၍ သင်သည် ဤနှုတ်ကပတ်တော်များကို သင်၏ ဝမ်းဗိုက်အတွင်း သွတ်သွင်းပြီး သင်၏ဦးနှောက်ထဲ၌ ၎င်းတို့ကို အလွတ်ကျက်မှတ်ပါက သင်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ တရားဒေသနာများကို နားထောင်နေစဉ်တွင်၊ သင်သည် ဤသို့ တွေးဆသင့်၏- “ဤစကားများသည် မည်သည့်အခြေအနေမျိုးကို ရည်ညွှန်းနေသနည်း။ ယင်းတို့သည် အနှစ်သာရ၏ မည်သည့် သွင်ပြင်လက္ခဏာကို ရည်ညွှန်းနေကြသနည်း။ မည်သည့် ကိစ္စတွင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ငါ အသုံးပြုသင့်သနည်း။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့် ဆက်နွှယ်သည့် တစ်စုံတစ်ရာကို ငါ လုပ်ဆောင်သည့် အခါတိုင်း၊ ငါသည် ယင်းနှင့်အညီ လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလော။ ယင်းကို ငါ လက်တွေ့ လုပ်ဆောင်သည့်အခါ၊ ငါ၏ အခြေအနေသည် ဤနှုတ်ကပတ်တော်များနှင့် ကိုက်ညီနေခြင်းရှိသလော။ မကိုက်ညီပါက၊ ကျွန်ုပ် ရှာဖွေသင့်သလော၊ မိတ်သဟာယပြုသင့်သလော သို့မဟုတ် စောင့်ဆိုင်းသင့်သလော။“ သင်တို့၏ အသက်တာများတွင် ဤပုံစံဖြင့် သင်တို့ လက်တွေ့လုပ်ဆောင်ကြသလော။ သင်တို့ ဤပုံစံဖြင့် လက်တွေ့မလုပ်ဆောင်ပါက၊ သင်တို့၏ အသက်တာသည် ဘုရားသခင်မရှိသကဲ့သို့ သမ္မာတရားမရှိပေ။ သင်သည် ကျမ်းဟောင်းတရားနှင့် အယူဝါဒများအတိုင်း သို့မဟုတ် သင်တို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ စိတ်ချယုံကြည်မှုနှင့် စိတ်အားထက်သန်မှုအတိုင်း အသက်ရှင်ပေသည်။ သမ္မာတရားကို လက်တွေ့အရှိတရားအဖြစ် မပိုင်ဆိုင်သောသူတို့သည် လက်တွေ့အရှိတရား မရှိသောသူများဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် မရှိကြသည့် လူများသည် သူ၏ နှုတ်ကပတ်တော်များထဲသို့ မဝင်ရောက်ကြသေးသည့် လူများ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တကယ့်အဓိပ္ပာယ်ကို စစ်မှန်စွာနားလည်လာခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ဤသို့ မထင်လေနှင့်- “ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တိုက်ရိုက် အဓိပ္ပာယ်ကို အနက်ပြန်နိုင်ပြီး အယောက်တိုင်းက ငါ၏ အနက်ပြန်ခြင်းသည် ကောင်းသည်ဟုဆိုကာ၊ ငါ့ကို လက်မထောင်ပြကြသည်၊ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါနားလည်သည်ဟု ဆိုလိုသည်။” ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းနှင့် မတူညီပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ အလင်းတစ်ချို့ကို ရခဲ့ပြီး သူ၏နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်နှင့်သက်ဆိုင်သော အသိစိတ်တစ်ခုကို သင် ရရှိပြီးဖြစ်ပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များ နောက်ကွယ်က ရည်ရွယ်ချက်နှင့် နောက်ဆုံးတွင် မည်သည့်အကျိုးများ ၎င်းတို့ ရရှိမည်ကို သင်ဖော်ပြနိုင်ပါက၊ ဤအရာအားလုံးနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှု သင် ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့်သက်ဆိုင်သည့် အဆင့်တစ်ခု သင်ရှိသည်ဟု ယူဆနိုင်၏။ ထို့ကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ခြင်းသည် ဤမျှ လုံးဝမရိုးရှင်းပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို ဝေဝေဆာဆာ ရှင်းပြချက်ပေးနိုင်သောကြောင့်သာ သင်သည် ၎င်းတို့ကို နားလည်သည်ဟု မဆိုလိုပေ။ သင်သည် ၎င်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်ကို မည်မျှ ရှင်းပြနိုင်စေကာမူ သင်၏ ရှင်းပြချက်သည် လူသား၏ စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်ပုံပေါ် အခြေခံဆဲ ဖြစ်သည်။ ယင်းမှာ အချည်းနှီးဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်သို့ နားလည်နိုင်သနည်း။ အဓိကသော့ချက်မှာ ထိုနှုတ်ကပတ်တော်များ အတွင်းမှနေ၍ သမ္မာတရားကို ရှာဖွေဖို့ ဖြစ်သည်။ ထိုသို့သော နည်းလမ်းဖြင့်သာ သူပြောသည့်အရာကို သင် အမှန်တကယ် နားလည်နိုင်ပေသည်။ ဘုရားသခင် စကားပြောဆိုသည့်အချိန်တိုင်းတွင်၊ သူသည် အကြမ်းဖျင်းသဘောမျှဖြင့် ဧကန်မုချ မပြောဆိုပေ။ သူ မိန့်မြွက်သည့် ၀ါကျအသီးသီး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ နောက်ထပ် ထုတ်ဖော်ပြဖို့ သေချာသည့် အသေးစိတ်အချက်များ ပါရှိပြီး၊ ၎င်းတို့ကို ကွဲပြားစွာ ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သမ္မာတရားကို ဘုရားသခင် ထုတ်ဖော်ပြသည့် နည်းလမ်းများကို လူသားသည် နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် အလွန်နက်နဲကြပြီး လူသား စဉ်းစားသည့် နည်းလမ်းဖြင့် နားလည်သဘောပေါက်၍ မရနိုင်။ လူတို့သည် ၎င်းတို့ အားထုတ်မှု ပြုသရွေ့၊ သမ္မာတရား ရှုထောင့်တိုင်း၏ အလုံးစုံသော အဓိပ္ပာယ်ကို ရှာတွေ့နိုင်ပေသည်။ ဤအရာကို သင် လုပ်ဆောင်ပါက၊ ၎င်းတို့ကို သင် တွေ့ကြုံသည်နှင့်အမျှ၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းပေးသည်နှင့်အညီ ကျန်ရှိသည့် အသေးစိတ်အချက်အလက်များကို လုံးဝ ပြည့်ပြည့်စုံစုံ အသိပေးလိမ့်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် ဤခိုင်လုံသော အခြေအနေများနှင့်သက်ဆိုင်သည့် သိနားလည်မှုတစ်ခုကို သင့်အား ပေးနေပေမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် မှန်ကန်သော နည်လမ်းဖြင့် လုပ်ဆောင်မှသာ သမ္မာရားကို သင့်အား နားလည်စေနိုင်၏။ သို့သော်၊ သမ္မာတရားကို နားလည်ခြင်းသက်သက်မှာ သင်သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်သည်ဟု မဆိုလိုပေ။ လူအချို့သည် အစွမ်းအစကောင်းရှိကြသော်လည်း၊ သမ္မာတရားကို မချစ်ကြပေ။ သမ္မာတရား အနည်းငယ်ကို ၎င်းတို့ နားလည်နိုင်ကြသော်လည်း၊ ယင်းကို လက်တွေ့မလုပ်ဆောင်ကြချေ။ ထိုသို့သော လူတို့သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ကြသလော။ သမ္မာတရားကို သိနားလည်ခြင်းသည် အယူဝါဒများကို နားလည်ခြင်းလောက် မရိုးရှင်းပေ။ သမ္မာတရားကို နားလည်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင် သိရမည်။ ဥပမာအားဖြင့်၊ ဘုရားသခင်ကို ချစ်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားနှင့် စပ်လျဉ်းသော ကျမ်းပိုဒ်တစ်ပိုဒ်ကို စားသောက်ခြင်းအား ကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည်မှာ- “‘ချစ်ခြင်းမေတ္တာ‘ ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာကို ဘုရားသခင် အဓိပ္ပာယ်ဖွင့်ဆိုပုံဖြစ်ပြီး ဤသည်မှာ သမ္မာတရား ဖြစ်၏။ သို့သော် မည်သူ့ကို သင် ချစ်ရမည်နည်း။ သင်၏ လင်ယောက်ျားကို သင် ချစ်ရမည်လော။ သင်၏ ဇနီးကိုလော။ သင်၏ ညီအစ်ကို မောင်နှမများကိုလော။ မဟုတ်ပေ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့် သက်ဆိုင်၍ ပြောဆိုသည့်အခါ၊ သူသည် သင်၏ အပေါင်းအသင်းကို ချစ်ခြင်းအကြောင်း မပြောဆိုဘဲ လူသား၏ ဘုရားသခင်ကို ချစ်ခြင်းအကြောင်း ပြောဆိုလေသည်။ ဤချစ်ခြင်းမေတ္တာမှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဤသမ္မာတရားကို သင် မည်သို့ နားလည်သင့်သနည်း။ ယင်းမှာ ဘုရားသခင်သည် လူတို့အား သူ့ကို သံသယမထားစေချင် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် သူ့ထံမှ မဝေးကွာစေချင်ဘဲ၊ သူ့အတွက် ဖြူစင်ပြီး အပြစ်အနာအဆာမရှိသည့် ချစ်ခြင်းတစ်ခုသာ ရှိစေချင်သည်ဟု ဆိုလိုပေသည်။ “အပြစ်အနာအဆာမရှိ” ဆိုသည်မှာ လွန်ကဲသော စိတ်ဆန္ဒများ မရှိခြင်းနှင့်မည်သည့် ဆင်ခြေများမျှ မပြုလုပ်ခြင်း ဖြစ်သည်။ ယင်းမှာ သူသည် သင်၏ စိတ်နှလုံးတွင် ပထမဦးစားပေးဖြစ်သည်ဟု ဆိုလိုသည်။ ယင်းမှာ သူ၏ နှုတ်ကပတ်တော်များကသာ သင်၏ စိတ်နှလုံးကို နေရာယူသည်ဟု ဆိုလိုသည်။ ဤသည်မှာ ဖြူစင်ပြီး အပြစ်အနာအဆာမရှိသည့် စိတ်ခံစားချက်တစ်ခု ဖြစ်သည်။ ဤစိတ်ခံစားချက်သည် သင်၏ စိတ်နှလုံးတွင် နေရာတစ်ခုခုကို ယူ၏။ သင်သည် သူနှင့်သက်ဆိုင်၍ အမြဲ တွေးတောနေပြီး သူ့ကို အမြဲ လွမ်းဆွတ်နေကာ အချိန်တိုင်း သူ့ကို မှတ်မိနိုင်လေသည်။ ချစ်ဖို့ဆိုသည်မှာ သင်၏ စိတ်နှလုံးဖြင့် ချစ်ဖို့ဟု ဆိုလိုသည်။ သင်၏ စိတ်နှလုံးဖြင့် ချစ်ခြင်းသည် ထောက်ထားခြင်း၊ ဂရုစိုက်ခြင်းနှင့် တောင့်တခြင်းတို့ ပါဝင်သည်။ သင်၏ စိတ်နှလုံးဖြင့် ချစ်ခြင်းတွင် အောင်မြင်ဖို့၊ သင်သည် သိကျွမ်းခြင်း ဖြစ်စဉ်တစ်ခုကို ကြုံရမည်။ လက်ရှိအချိန်တွင်၊ သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ အနည်းငယ်သော အသိပညာရှိစဉ်၊ သူ့ကို တမ်းတဖို့၊ သူ့ကို တောင့်တဖို့၊ သူ့ကို နာခံဖို့၊ သူ့အပေါ် ထောက်ထားဖို့၊ သူ့ကို ဆုတောင်းဖို့နှင့် သူ့ထံ ဟစ်အော်ဖို့ သင်၏ စိတ်နှလုံးကို သင် အသုံးပြုသင့်၏။ သင်သည် သူ၏ အတွေးများနှင့် ပူပန်မှုများကိုပင် မျှဝေခံစားနိုင်သင့်၏။ ဤအရာများကို သင် စိတ်ပါလက်ပါ ရှိရမည်။ “ချစ်လှစွာသော ဘုရားသခင်။ ဤအရာကို ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နေပါ၏။ ယင်းကို ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နေပါ၏” ဟု ပြောရင်း ပါးစပ်ပြောမျှ မဖြစ်နှင့်။ သင်၏ စိတ်နှလုံးဖြင့် ဘုရားသခင်ကို ချစ်ခြင်းနှင့် စိတ်ကျေနပ်စေခြင်းသည်သာ စစ်မှန်ပေသည်။ သင်သည် အလွန်ကျယ်လောင်စွာ မပြောသော်လည်း၊ သင်သည် ဘုရားသခင်အား သင်၏ စိတ်နှလုံးထဲတွင် ရှိ၏၊ သင်၏ စိတ်နှလုံးထဲတွင် သင်သည် သူ့ကို တွေးတောနေပေသည်။ သင်သည် သင်၏ လင်ယောက်ျား၊ သင်၏ ဇနီး၊ သင်၏ သားသမီးများ၊ သင်၏ မိဘများကို စွန့်နိုင်သည်။ သို့သော် သင်၏ စိတ်နှလုံးသည် ဘုရားသခင် မရှိဘဲ မဖြစ်နိုင်ပေ။ ဘုရားသခင် မရှိပါက၊ သင်သည် တကယ်ကို အသက်မရှင်နိုင်ပေ။ ဤသည်မှာ သင်သည် ချစ်ခြင်းမေတ္တာရှိပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ရှိသည်ဟု ဆိုလိုပေသည်။ “ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။” ဤသည်မှာ အမှုအရာများစွာ ပါဝင်ပေသည်။ လူသားနှင့်သက်ဆိုင်၍ ဘုရားသခင် တောင်းဆိုသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သင်သည် သင်၏ စိတ်နှလုံးဖြင့် သူ့ကို ချစ်ကာ ဂရုစိုက်ရမည်ဖြစ်ပြီး၊ သူ့ကို အမြဲ သတိရရမည်။ ဤသည်မှာ စကားများကို ဖွင့်ဟရုံမျှ မဆိုလိုသကဲ့သို့ သင်၏ အမူအရာများဖြင့် သင့်ကိုယ်သင် ဖော်ပြပုံကိုလည်း မဆိုလိုပေ။ ထို့ထက်၊ အဓိကအားဖြင့်၊ ယင်းမှာ အမှုအရာများကို စိတ်နှလုံးဖြင့် လုပ်ဆောင်ခြင်းနှင့် သင်၏ လုပ်ရပ်အားလုံးကို သင်၏ စိတ်နှလုံးအား စိုးမိုးခွင့်ပေးခြင်းအား ဆိုလိုပေသည်။ အမှုအရာများကို ဤနည်းဖြင့် လုပ်ဆောင်ရာတွင်၊ အရင်းခံအကြောင်းမရှိ၊ ရောနှောမှုမရှိ၊ သံသယမရှိပေ။ ဤကဲ့သို့သော စိတ်နှလုံးတစ်ခုသည် များစွာ သာ၍ ဖြူစင်ပေသည်။ သင်၏ စိတ်နှလုံးတွင် သံသယများသည် မည်သို့ ဖော်ပြခြင်းခံရသနည်း။ ယင်းတို့သည် သင်က၊ “ဤအရာကို လုပ်ဆောင်ဖို့ ဘုရားသခင်အတွက် မှန်ကန်ပါသလော။ ဤအရာကို ဘုရားသခင် အဘယ်ကြောင့် ပြောသနည်း။ ဤအရာကို ဘုရားသခင် ပြောဆိုခြင်းနောက်ကွယ်တွင် အကြောင်းရင်း မရှိပါက၊ ကျွန်ုပ် နာခံမည်မဟုတ်။ ဘုရားသခင်အတွက် ဤအရာကို လုပ်ဆောင်ဖို့ တရားမမျှတပါက၊ ကျွန်ုပ် နာခံမည် မဟုတ်ပါ။ ယင်းကို ယခု ငါ ဘေးချိတ်ထားမည်” ဟု အမြဲ တွေးနေချိန်တွင် ဖော်ပြခံရပေသည်။ သံသယများကို မသိုထားဖို့ဆိုသည်မှာ ဘုရားသခင် မည်သည့်အရာ ပြောဆိုပြီး လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ အမှန်၊ အမှားမရှိသည်ကို သတိပြုခြင်းအား ဆိုလိုပေသည်။ လူသည် ဘုရားသခင်ကို နာခံရမည်၊ ဘုရားသခင်အပေါ် ထောက်ထားရမည်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရမည်ဖြစ်ပြီး၊ သူ၏ အတွေးများနှင့် ပူပန်မှုများကို မျှဝေခံစားရမည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် သင့်အဖို့ အဓိပ္ပာယ်ရှိပုံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပဓာနမထားဘဲ၊ ယင်းသည် လူသားအဖို့ အဓိပ္ပာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သင်သည် ဤအရာများအပေါ် နာခံပြီး ရိုသေကိုင်းရှိုင်းသော၊ ကျိုးနွံနာခံသော စိတ်နလုံးတစ်ခု အမြဲ ရှိနိုင်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီမှုတွင် ရှိသည်မဟုတ်လော။ ယင်းသည် ချစ်ခြင်းမေတ္တာ၏ သရုပ်သကန်နှင့် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အလိုတော်နှင့် သူ့မိန့်မြွက်ချက်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များကို သင်နားမလည်ပါက၊ သူ၏ နှုတ်ကပတ်တော်များက ရရှိဖို့ ရည်ရွယ်ထားသည့် ရည်မှန်းချက်များနှင့် ရလဒ်များကို သင်နားမလည်ပါက၊ သူ့နှုတ်ကပတ်တော်များသည် လူတို့၌ မည်သည့်အရာကို ဖြစ်မြောက်စေဖို့နှင့် စုံလင်စေဖို့ ကြိုးစားသည်ကို သင်နားမလည်ပါက၊ ဤအရာများကို သင်နားမလည်ပါက၊ သင်သည် သမ္မာတရားကို နားမလည်သေးသည်ကို ယင်းက သက်သေပြပေသည်။ ဘုရားသခင်က သူပြောကြားသည့်အရာများကို အဘယ့်ကြောင့် ပြောကြားသနည်း။ သူသည် ထိုလေသံဖြင့် အဘယ်ကြောင့် ပြောကြားသနည်း။ သူပြောကြားသည့် စကားလုံးတိုင်းတွင် သူသည် အဘယ့်ကြောင့် အလွန် စိတ်ထက်သန်ပြီး၊ စစ်မှန်သနည်း။ သူသည် အချို့သော စကားလုံးများကို သုံးဖို့ အဘယ့်ကြောင့် ရွေးချယ်သနည်း။ သင်သိသလော။ သင် အသေအချာ မပြောနိုင်ပါက၊ သင်သည် ဘုရားသခင်၏ အလိုတော် သို့မဟုတ် သူ၏ ရည်ရွယ်ချက်များကို နားမလည်၊ သင်သည် သူ၏နှုတ်ကပတ်တော်များ နောက်ကွယ်မှ အကြောင်းအရာကို နားမလည်ဟု ယင်းက ဆိုလိုသည်။ ဤအရာကို သင်နားမလည်ပါက၊ သမ္မာတရားကို သင်မည်သို့ ရရှိနိုင်မည်နည်း။ သမ္မာတရားကို ရရှိခြင်းဆိုသည်မှာ သူပြောကြားသည့် နှုတ်ကပတ်တော်တိုင်းမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင်နိုင်ပြီး ထိုနှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာစေနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည် ပြီးသည်နှင့်တစ်ပြိုင်နက် ထိုနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်ကို ဆိုလိုခြင်းဖြစ်ပေသည်။ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကုန်အစင်နားလည်ခြင်းတစ်ခု ရှိသည့်အခါမှသာလျှင် သမ္မာတရားကို သင် အမှန်တကယ် နားလည်သဘောပေါက်နိုင်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” မှ

တိုတိုပြောရလျှင်၊ မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သူ၏ရည်ရွယ်ချက်များကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့် ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဉ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသား အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက် မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့သောအရာများ ဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှုအတွက် သူ၏ အလိုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များ စသည့် ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်ကို လုံးလုံးလျားလျား သူ သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ အချည်းနှီး ခံစားခဲ့ရသည် မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို အထူးသဖြင့် သူအာရုံစိုက် ခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်ရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့်အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြု ခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်သရွေ့၊ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးနောက်၊ သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ပုံဥပမာနှင့်ဆိုင်သည့်” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- ပုံမှန် ဝိညာဉ်ရေးရာ အသက်တာထဲသို့ မည်သို့ ဝင်ရောက်နိုင်သနည်း။

နောက်တစ်ခုသို့- ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု မည်သို့ တည်ဆောက်နိုင်မည်နည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏အမှုတော်နှင့် လူသား၏ အလုပ်တို့အကြား ပဓာနကျသည့် ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်တစ်ခုလုံး၏...

ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဖာရိရှဲများ၏လမ်းကြောင်းကို လျှောက်နေကြသည်ဟု ပြောရသည့်အကြောင်းအရင်းနှင့် သူတို့၏ အနှစ်သာရ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။...

ကောင်းကင်နှင့်မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော စစ်မှန်သည့် ဘုရားသခင်မှာ တစ်ပါးတည်းလော သို့မဟုတ် သုံးပါးလော

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “နားထောင်ကြ၊ အို ဣသရေလတို့၊ ငါတို့၏ ဘုရားသခင် ယေဟောဝါသည် တစ်ပါးတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။”...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်