အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

လူအများစုသည် ၎င်းတို့၏ အနာဂတ် ပန်းတိုင်အတွက်၊ သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့် ပြုပြင်ဆုံးမခြင်းကိုမျှ မခံယူကြသော ထိုသူတို့အတွက်မူ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့ ဝင်ရောက်ရန်အတွက်၊ ဆုလာဘ်များ ရရှိနိုင်ရန် အတွက်သာ ဖြစ်သည်။ ယင်းမှာ ပြီးပြည့်စုံလင်စေခြင်း ခံရရန်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အတွက်လည်း မဟုတ်ပါ။ ပြောရမည်ဆိုလျှင် လူအများစုသည် ၎င်းတို့၏ ဝတ္တရားကို ဖြည့်ဆည်းရန် အလို့ငှာ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ပြည့်စုံစေရန် အလို့ငှာ ဘုရားသခင်အား ယုံကြည်ကြခြင်း မဟုတ်ပေ။ လူများသည် အဓိပ္ပာယ် ပြည့်ဝသော အသက်တာကို နေထိုင် နိုင်ရန် ဘုရားသခင်အား ယုံကြည်ကြသည်မှာ ကြုံတောင့် ကြုံခဲပင် ဖြစ်ပြီး၊ လူသည် အသက်ရှင်သည့်အတွက် သူသည် ဘုရားသခင်အား ချစ်သင့်သည်၊ အကြောင်းမှာ ယင်းသို့ ပြုခြင်းသည် ကောင်းကင်ဘုံ၏ ဥပဒေသနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်သောကြောင့် ဖြစ်ပြီး၊ ယင်းသည် လူ၏ ပင်ကိုယ် လုပ်ငန်းဆောင်တာပင် ဖြစ်သည်ဟူ၍ ယုံကြည်သော သူများလည်း မရှိပါ။ ဤသို့ကြောင့်၊ ကွဲပြားခြားနားသော လူများသည် အသီးသီး မိမိတို့၏ ပန်းတိုင်များကို မီအောင်လိုက်ကြ သော်လည်း၊ ၎င်းတို့ လိုက်ခြင်း၏ ရည်မှန်းချက်နှင့် ယင်းနောက်ကွယ်မှ လှုံ့ဆော်မှုမှာမူ အားလုံးအတူတူပင် ဖြစ်ကြသည်၊ ပြီးလျှင်၊ ထပ်ရှိသေးသည့် အရာမှာ၊ ၎င်းတို့ အများစုအတွက်မူ ၎င်းတို့ ဝတ်ပြုကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်များမှာလည်း ထပ်တူပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ထောင်ချီများ အတွင်း၊ များစွာသော ယုံကြည်သူတို့သည် သေဆုံးခဲ့ကြပြီး ဖြစ်သည်၊ များစွာတို့ သည်လည်း သေဆုံးခဲ့လျက် တဖန်ပြန်လည် မွေးဖွားခဲ့ကြပြီး ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ရှာသောသူ တစ်ယောက် နှစ်ယောက်သာမဟုတ်၊ တစ်ထောင် နှစ်ထောင်ပင်လျှင် မဟုတ်ပေ၊ သို့သော် ဤလူအများစု၏ လိုက်ခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်အလားအလာများ၊ သို့မဟုတ် အနာဂတ်အတွက် ၎င်းတို့၏ ဘုန်းကျက်သရေ ရှိသော မျှော်လင့်ချက်များ အတွက်သာ ဖြစ်သည်။ ခရစ်တော်အား ဆည်းကပ်သော ထိုသူများမှာ အလွန်ပင် ရှားပါးသည်။ ဘုရားဝတ်၌ မွေ့လျော်သော ယုံကြည်သူ များစွာသည်ပင် ၎င်းတို့၏ ကိုယ်ပိုင် ကွန်များတွင် ကျော့မိလျက် သေဆုံးခဲ့ကြပြီး၊ ထို့အပြင် အောင်မြင်မှုကို ရရှိခဲ့သော လူအရေအတွက်မှာ အလွန်ပင် သေးနုပ် လှသည်။ ယနေ့ကာလထိတိုင် လူများ ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းများ၊ သို့မဟုတ် ၎င်းတို့ အောင်မြင်မှု၏ လျှို့ဝှက်ချက်များကို မသိရှိကြသေးပေ။ ခရစ်တော်အား ဖွေရှာခြင်းကို စိတ်စွဲလမ်းကြသော ထိုသူများသည် ၎င်းတို့၏ ရုတ်ခြည်း ထိုးထွင်းဉာဏ်၏ အခိုက်အတန့်ကို မရရှိကြသေးပေ၊ ၎င်းတို့သည် ဤနက်နဲ မှုများ ၏ အခြေသို့ မရောက်ရှိခဲ့ကြပေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် လုံးဝ မသိကြသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ လိုက်ခြင်းတွင် အပတ်တကုတ် ကြိုးထုတ်မှုများ ပြုကြသော်ငြားလည်း၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် ယခင်က ၎င်းတို့၏ အရင်ကျသောသူများမှ လျှောက်ခဲ့သော ရှုံးနိမ့်မှု လမ်းကြောင်းပင် ဖြစ်ပြီး၊ အောင်မြင်မှု လမ်းကြောင်း မဟုတ်ပေ။ ဤသို့ဖြင့်၊ ၎င်းတို့သည် မည်မျှပင် ဖွေရှာသည် ဖြစ်စေ၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် အမှောင်ထုဆီသို့ ဦးတည်သည့် လမ်းကြောင်း ပင် မဟုတ်ပေလော။ ၎င်းတို့ ရရှိသည့် အရာမှာ ခါးသက်သော အသီးပင် မဟုတ်လော။ အတိတ် အချိန်များတွင် အောင်မြင်ခဲ့ကြသော ထိုသူများကို လိုက်တုကြသော လူများသည် အဆုံးတွင် ပေါကြွယ်မည်လော သို့မဟုတ် ဘေးဒုက္ခတွေ့မည်လော ဆိုသည်အား ခန့်မှန်းရန်မှာ ခက်ခဲပါသည်။ ထိုသို့ဆိုလျှင် ရှုံးနိမ့်ခဲ့သော သူများ၏ ခြေရာများနောက် လိုက်လျှောက်ရင်း ဖွေရှာကြသော သူများအတွက်မူ အောင်မြင်ကိန်းမှာ မည်မျှ ဆိုးရွားနေလိမ့်မည်နည်း။ ၎င်းတို့သည် သာ၍ ကြီးမားသည့် ရှုံးနိမ့်မှု အလားအလာပေါ်တွင် ရပ်နေခြင်းပင် မဟုတ်လော။ ၎င်းတို့ လျှောက်သော လမ်းကြောင်းတွင် မည်သည့် တန်ဖိုးရှိသနည်း။ ၎င်းတို့သည် ၎င်းတို့၏ အချိန်ကို ဖြုန်းနေခြင်းပင် မဟုတ်တုံလော။ လူများသည် ၎င်းတို့၏ လိုက်ခြင်းတွင် အောင်မြင်မည် သို့မဟုတ် ရှုံးနိမ့်မည် စသည်မရွေး၊ အတိုချုပ်ဆိုရလျှင်၊ ယင်းတွင် ၎င်းတို့ ထိုသို့ပြုခြင်း၏ အကြောင်းရင်းတစ်ခု ရှိပြီး၊ ၎င်းတို့၏ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် ၎င်းတို့ နှစ်သက်သလို ဖွေရှာမှုအားဖြင့် အဆုံးအဖြတ်ပေး သည် ဆိုသည်မှာ မမှန်ကန်ပါ။

ဘုရားသခင်အား လူ့ယုံကြည်ခြင်း၏ အခြေခံလိုအပ်ချက်မှာ သူ့တွင် ရိုးဖြောင့်သော နှလုံးသားရှိခြင်း၊ သူ့ကိုယ်သူ ပြည့်ဝစွာ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စစ်မှန်စွာ နာခံခြင်းတို့ ဖြစ်သည်။ လူအတွက် အခက်ခဲ ဆုံးသော အရာမှာ စစ်မှန်သော ယုံကြည်ခြင်းနှင့် အလဲအလှယ်ပြုရာတွင် သူ၏ အသက်တာ တစ်ခုလုံးအား ထောက်မခြင်းပင်ဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် အလုံးစုံသော သမ္မာတရားကို ရရှိနိုင်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ ဤအရာသည် ရှုံးနိမ့်သော ထိုသူတို့မှ မရရှိနိုင်သည့် အရာပင် ဖြစ်ပြီး၊ ခရစ်တော်အား ရှာမတွေ့သော ထိုသူများအတွက်မူ သာ၍ပင် မရနိုင်စရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသည် မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆည်းကပ်ခြင်း၌ မတော်သောကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ဖန်ဆင်းရှင်ထံ သူ၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် သမ္မာတရားကို တွေ့ပြီးသော်လည်း ၎င်းကို ရှောင်ဖယ်လျက် မိမိ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်ခြင်းကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ရှုံးနိမ့်ခဲ့သော ထိုသူတို့၏ လမ်းကြောင်းနောက် လိုက်ခြင်းဖြင့် အမြဲပင် ဖွေရှာသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် အမြဲပင် ကောင်းကင်ဘုံအား ဖီဆန် အန်တုသောကြောင့်ပင် ဖြစ်သည်၊ သို့အတွက်ကြောင့်၊ လူသည် အမြဲပင် ရှုံးနိမ့်ပြီး၊ စာတန်၏ လှည့်ကွက်၌ အမြဲပင် ကျရှုံးရကာ၊ မိမိ၏ ကိုယ်ပိုင် ကွန်တွင်ပင် ကျော့မိခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လူသည် ခရစ်တော်ကို မသိသောကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် သမ္မာတရားကို နားလည်ခြင်း နှင့် တွေ့ကြုံခြင်း၌ မကျွမ်းကျင်သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ပေါလုအား အလွန် တရာမှပင် ရိုသေပြီး ကောင်းကင်ဘုံအား အလွန်တရာမှပင် တပ်မက်သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် လူမှာ ခရစ်တော်သည် သူ့အား နာခံရန် အမြဲပင် တောင်းဆိုပြီး ဘုရားသခင်အားလည်း အပေါ်စီးမှ ပြောဆိုဆက်ဆံသောကြောင့် ဖြစ်သည်၊ သို့အတွက်ကြောင့် ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်ကြီးများနှင့် လောက၏ ပြောင်းလဲမှုဒဏ်ကို ကြုံတွေ့ခဲ့ရသော ထိုသူများသည် သေမျိုးများဖြစ်လျက်ပင် နေသေးပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအလယ်တွင် သေဆုံးလျက်ပင် ရှိသေးသည်။ ထိုသို့သော လူများကို ငါပြောနိုင်သည်မှာ ထိုသူ တို့သည် ကြေကွဲဖွယ် သေဆုံးကြပြီး၊ ၎င်းတို့အတွက် အကျိုးဆက်ဖြစ်သည့် ၎င်းတို့၏ သေခြင်းမှာ တရားမမျှတမှု မရှိပေ။ ၎င်းတို့၏ ရှုံးနိမ့်မှုသည် ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာ သာ၍ပင် ဖြစ်သေးသည် မဟုတ်လော။ သမ္မာတရားသည် လူ့လောကကြီးမှ လာသော်ငြားလည်း၊ လူတို့ အကြားထဲမှ သမ္မာတရားသည် ခရစ်တော်မှ လက်ဆင့်ကမ်း ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ မူလအစပြုသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင် ကိုယ်တိုင်မှ မူလအစပြုခြင်းဖြစ်ပြီး၊ လူမှ ရယူနိုင်ခြင်း မရှိပေ။ သို့သော် ခရစ်တော်သည် သမ္မာတရား တစ်ခုတည်းကိုသာ ထောက်ပံ့ပေးသည်။ လူသည် ၎င်း၏ သမ္မာတရား ကို လိုက်ခြင်း၌ အောင်မြင်မှု ရှိလိမ့်မည်၊ မရှိလိမ့်မည်ကို ဆုံးဖြတ်ရန် ကြွဆင်းလာခြင်း မဟုတ်ပေ။ သို့ကြောင့် ရလဒ်အနေနှင့် သမ္မာတရား၌ ရှုံးနိမ့်မှု သို့မဟုတ် အောင်မြင်မှုသည် လူ၏ လိုက်ခြင်းအပေါ်၌သာ လုံးလုံး မူတည်ပေသည်။ လူ၏သမ္မာတရား၌ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မည်သည့်အခါမျှပင် ခရစ်တော်နှင့် သက်ဆိုင်ခဲ့ခြင်း မရှိခဲ့ချေ၊ ထိုအစား ယင်းမှာ သူ၏ လိုက်ခြင်းအားဖြင့်သာ သတ်မှတ်ခံရခြင်း ဖြစ်သည်။ လူ၏ ပန်းတိုင်နှင့် သူ၏ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် ဘုရားသခင်၏ ခေါင်းအပေါ်တွင်သာ ပုံချထား၍ မရပေ၊ ထို့ကြောင့်ပင် ဘုရားသခင် ကိုယ်တိုင်သည် ယင်းအရာအား ခံယူရန် ပြုခဲ့သည်၊ အကြောင်းမှာ ဤအရေး ကိစ္စသည် ဘုရားသခင် ကိုယ်တိုင်အတွက် မဟုတ်ပဲ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါများမှ ထမ်းဆောင်သင့်သည့် တာဝန်နှင့် တိုက်ရိုက်ဆက်နွယ်နေ၍ ဖြစ်သည်။ လူအများစုသည် ပေါလု၊ ပေတရုတို့၏ လိုက်ခြင်းနှင့် ပန်းတိုင်နှင့် ပတ်သက်၍ အသိတရား အနည်းငယ်သာ ရှိကြသည်၊ သို့သော်လည်း လူတို့သည် ပေတရုနှင့် ပေါလုတို့၏ ရလဒ်အဖြေထက် ပို၍ ဘာမျှ မသိကြပဲ၊ ပေတရု၏ အောင်မြင်မှု နောက်ကွယ်မှ လျှို့ဝှက်ချက်၊ သို့မဟုတ် ပေါလု၏ ရှုံးနိမ့်မှုကို ဦးတည်သွားစေသည့် ချို့တဲ့ချက်များနှင့် ပတ်သက်၍ အသိခေါက်ခက်လျက်ပင် ရှိသည်။ ထို့ကြောင့်၊ သင်တို့သည် ၎င်းတို့ လိုက်ခြင်း၏ အခြင်းအရာကို ထိုးဖောက် မြင်ခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ပဲ ရှိနေပါက၊ သင်တို့အများစု၏ လိုက်ခြင်းသည် ရှုံးနိမ့်ဦးမည်ပင် ဖြစ်ပြီး၊ သင်တို့အထဲမှ အရေအတွက် အနည်းငယ်သော သူတို့သည် အောင်မြင်ငြားသော်လည်း၊ ၎င်းတို့သည် ပေတရု နှင့် ညီမျှနိုင်သေးမည် မဟုတ်ပါ။ သင်လိုက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်သည် ဆိုလျှင်၊ သင့်တွင် အောင်မြင်ရန် မျှော်လင့်ချက် ရှိ၏။ သမ္မာတရားအား လိုက်ခြင်းတွင် သင်နင်းလျှောက်သော လမ်းကြောင်းသည် မှားယင်းသော လမ်းကြောင်းဖြစ်ပါလျှင်၊ သင်သည် အောင်မြင်ရန် ထာဝရ မတတ်စွမ်း နိုင်ပဲ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပေါလုကဲ့သို့ပင် တူညီသော နိဂုံးကို ကြုံရမည် ဖြစ်သည်။

ပေတရုသည်စုံလင်စေရန် ပြုခြင်းကို ခံခဲ့ရသော သူတစ်ယောက် ဖြစ်သည်။ ပြစ်တင်ဆုံးမမှု နှင့် တရားစီရင်ခြင်းကို ကြုံတွေ့ပြီး၊ ထိုသို့အားဖြင့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းကို ရရှိပြီးသည့် နောက်မှသာလျှင်၊ သူသည် ပြည့်ဝစွာ စုံလင်သွားခြင်း ဖြစ်သည်။ သူလျှောက်ခဲ့သော လမ်းကြောင်း သည် စုံလင်စေရန် ပြုပေးသည့် လမ်းကြောင်းဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ အစအဦးကတည်းက ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်ခဲ့ပြီး၊ ဘုရားသခင်အား ယုံကြည် ခြင်းအတွက် သူ၏ လှုံ့ဆော်မှုမှာလည်း မှန်ကန်သော လှုံ့ဆော်မှု ဖြစ်ခဲ့သောကြောင့် ဖြစ်သည်၊ ထို့ကြောင့်ပင် သူသည် စုံလင်စေရန် ပြုခြင်းကို ခံရသောသူတစ်ယောက် ဖြစ်လာခဲ့သည်။ လူတို့ မည်သည့်အခါကမျှ မလျှောက်ခဲ့သော အသစ်သော လမ်းကြောင်းတစ်ခုအပေါ် နင်းလျှောက်ခဲ့ခြင်း ဖြစ်သည်၊ ပေါလု အစအဦး ကတည်းက လျှောက်ခဲ့သော လမ်းကြောင်းမှာမူ ခရစ်တော်နှင့် ဆန့်ကျင်သော လမ်းကြောင်း ဖြစ်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်မှ သူ့အား အသုံးပြုရန် ဆန္ဒရှိခဲ့ခြင်းကြောင့် သာလျှင်၊ သူ၏ အလုပ်အတွက် ၎င်း၏ ဆုကျေးဇူးများနှင့် ၎င်း၏ ထူးချွန်မှုများ၏ အကျိုးကို ရယူရန် ဆန္ဒရှိခဲ့ခြင်းကြောင့် သာလျှင်၊ သူသည် ခရစ်တော်အတွက် ဆယ်စုနှစ်အချို့ကြာ အမှုထမ်းခဲ့ခြင်း ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှ အသုံးပြုခဲ့သော တစ်စုံတစ်ယောက်မျှသာ ဖြစ်ခဲ့ပြီး၊ ယေရှုမှ သူ၏ လူ့သဘာဝ အပေါ်တွင် အကောင်းမြင် ခဲ့သောကြောင့် သူသည်အသုံးခံခဲ့ရခြင်း မဟုတ်ပဲ၊ သူ၏ ဆုကျေးဇူးများကြောင့်သာ ဖြစ်သည်။ ယေရှုအတွက် သူအမှုထမ်းနိုင်ခဲ့ရခြင်းမှာ သူသည် ထိုးနှက်ခံခဲ့ရခြင်း ကြောင့်သာဖြစ်ပြီး၊ ထိုသို့လုပ်ရသည်ကို သူပျော်သောကြောင့် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ဖွင့်ပြခြင်းနှင့် လမ်းပြမှုကြောင့်သာ သူသည် ယင်းကဲ့သို့သော အလုပ်ကို ထမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ သူလုပ်ခဲ့သော အလုပ်မှာ မည်သို့နှင့်မျှ သူ၏ လိုက်ခြင်း သို့မဟုတ် သူ၏ လူ့သဘာဝကို ကိုယ်စားမပြုခဲ့ပါ။ ပေါလု၏ အလုပ်သည် အစေခံ တစ်ယောက်၏ အလုပ်ကိုသာ ကိုယ်စားပြုသည်၊ ပြောရမည်ဆိုလျှင် သူသည် တမန်တော်တစ်ဦး၏ အလုပ်ကိုသာ ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ပေတရုကမူ ကွဲပြားခြားနားသည်။ သူသည်လည်း အလုပ်တစ်ချို့ကို ထမ်းဆောင်ခဲ့သည်၊ သို့သော်လည်း ယင်းမှာ ပေါလု၏ အလုပ်ကဲ့သို့ မကြီးကျယ်ခဲ့ပါ။ သူသည် မိမိ၏ကိုယ်ပိုင် ဝင်ရောက်ခြင်းအား လိုက်ခြင်းအကြားတွင် ထမ်းဆောင်ခဲ့ပြီး၊ သူ၏ အလုပ်မှာ ပေါလု၏ အလုပ်နှင့် ကွဲပြား ခြားနားသည်။ ပေတရု၏ အလုပ်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းအား သူ၏ လိုက်ခြင်း ကာလအတောအတွင်း မှလွဲ၍ သူသည် တမန်တော် တစ်ဦး၏ နေရာတွင် မထမ်းဆောင်ခဲ့ပါ။ ပေါလု၏ အလုပ်တွင်လည်း သူ၏ တကိုယ်ရည် လိုက်ခြင်း ပါဝင်ခဲ့ သည်။ သူ၏ လိုက်ခြင်းသည် အနာဂတ်အတွက် သူ၏ မျှော်လင့်ချက်များနှင့် သူ၏ ကောင်းမွန်သော ပန်းတိုင်အား လိုချင်မှုတို့ အတွက်မှလွဲ၍ အခြားမည်သည့်အတွက်မှ မဟုတ်။ သူ၏ အလုပ်ကာလအတွင်း သူသည် စစ်ဆေးခြင်းအား မခံယူခဲ့သကဲ့သသို့၊ သူသည် ဆုံးမခြင်းနှင့် ပြုပြင်ခြင်းကိုလည်း မခံယူခဲ့ပေ။ သူလုပ်သည့် အလုပ်သည် ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေနေသ၍၊ သူလုပ်သည့် အလုပ်သည် ဘုရားသခင်အား စိတ်ကျေနပ်စေနေသ၍၊ အဆုံးတွင် သူ့အား ဆုလာဘ်တစ်ခုမှ စောင့်ကြိုနေသည်ဟု သူ ယုံကြည်ခဲ့သည်။ သူ၏ အလုပ်ထဲတွင် ကိုယ်ပိုင် အတွေ့အကြုံများ မရှိခဲ့ပေ၊ အားလုံးမှာ သူ၏ ကိုယ်ကျိုး အတွက်သာဖြစ်ပြီး၊ ပြောင်းလဲခြင်းအား လိုက်ခြင်းအလို့ငှာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပေ။ သူ့အလုပ်ထဲမှ အရာအားလုံးမှာ အရောင်းအဝယ်မျိုးသာ ဖြစ်ခဲ့ပြီး၊ ယင်းတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ဆက်ကပ်အပ်နှံခြင်း သို့မဟုတ် တာဝန် တစ်ခုမျှ မပါဝင်ပါ။ ပေါလု၏ အလုပ်ကာလ တစ်လျှောက်တွင်၊ သူ၏ ဟောင်းသော စိတ်သဘောထားထဲတွင် ပြောင်းလဲမှု ဘာမျှ မဖြစ်ပွားခဲ့ချေ။ သူ၏အလုပ်မှာ အခြားသူများအား အစေကျွန်ခံခြင်းမျှသာ ဖြစ်ခဲ့ပြီး၊ သူ၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများ ဖော်ဆောင်နိုင်ရန် မတတ်စွမ်းနိုင်ခဲ့ပေ။ ပေါလုသည် သူ၏ အလုပ်အား ပြီးပြည့်စုံလင်အောင် ပြုခံရခြင်း သို့မဟုတ် ဆုံးမခံရခြင်း မရှိပဲ တိုက်ရိုက် ထမ်းဆောင်ခဲ့ပြီး၊ သူသည် ဆုလာဘ်အားဖြင့် လှုံ့ဆော်ခံခဲ့ရခြင်း ဖြစ်သည်။ ပေတရုကမူ ကွဲပြားခြားနားသည်။ သူသည် ပြုပြင်ခြင်းအား ခံယူခဲ့သူဖြစ်ပြီး၊ ဆုံးမခြင်းနှင့် စစ်ဆေးခြင်းကို ခံယူခဲ့သူလည်း ဖြစ်သည်။ ပေတရုအလုပ်၏ ရည်ရွယ်ချက်နှင့် လှုံ့ဆော်မှုသည် ပေါလု အလုပ်နှင့် အခြေခံအားဖြင့် ကွဲပြား ခြားနားသည်။ ပေတရုသည် အလုပ်ပမာဏ ကြီးမားစွာ မလုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူ၏ စိတ်သဘော ထားသည် ပြောင်းလဲမှုများစွာကို ခံယူခဲ့ရပြီး၊ သူဖွေရှာခဲ့သည့် အရာမှာလည်း သမ္မာတရားနှင့် စစ်မှန်သော ပြောင်းလဲမှုပင် ဖြစ်သည်။ သူ၏ အလုပ်အား အလုပ်ကိုယ်တိုင် အတွက်သာ ထမ်းဆောင်ခဲ့ခြင်း မဟုတ်ပေ။ ပေါလုသည် များစွာသော အလုပ်ကို လုပ်ခဲ့သော်ငြားလည်း၊ ယင်းတို့အားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်များသာ ဖြစ်ခဲ့ပြီး၊ ပေါလုသည် ဤအလုပ်ထဲတွင် ပူးပေါင်းပါဝင်ခဲ့သော်လည်း၊ သူသည် ယင်းအရာကို မတွေ့ကြုံ မခံစားခဲ့ပေ။ ပေတရုသည် သာ၍နည်းသော အလုပ်ကို လုပ်ခဲ့ခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် သည် သူမှတစ်ဆင့် များစွာသော အလုပ်ကို မလုပ်ခဲ့သောကြောင့်သာ ဖြစ်သည်။

၎င်းတို့အလုပ်၏ ပမာဏသည် ၎င်းတို့မှာ စုံလင်စေခြင်း ခံခဲ့ရသလော မခံခဲ့ရသလော အပေါ် ဆုံးဖြတ်သည်မဟုတ်။ တစ်ယောက်သောသူ၏ လိုက်ခြင်းမှာကား ဆုလာဘ်များ ရရန်အလို့ငှာ ဖြစ်ပြီး၊ အခြား တစ်ယောက်၏ လိုက်ခြင်းမှာမူ ဘုရားသခင်၏ အဆုံးစွန်သော ချစ်ခြင်းကို ရရှိနိုင်ရန်နှင့်၊ ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေရန်အတွက် ချစ်ခင်နှစ်သက်ဖွယ် ပုံရိပ်နှင့် သူနေထိုင်သွားနိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်း ခြင်းဖြစ်သည်။ အပြင်ပန်းအရ ၎င်းတို့သည် ကွဲပြားခြားနားကြပြီး၊ ၎င်းတို့၏ အခြင်းအရာများသည်လည်း ကွဲပြားခြားနားကြသည်။ ၎င်းတို့ ဆောင်ရွက်ခဲ့သော အလုပ်ပမာဏကို အခြေခံလျက် ၎င်းတို့အထဲမှ မည်သူမှာ စုံလင်စေခြင်း ခံခဲ့ရသူ ဖြစ်သည်ကို သင်မဆုံးဖြတ်နိုင်ပါ။ ပေတရုသည် ဘုရားသခင် ချစ်ခင်သော လူတစ်ယောက်၏ ပုံရိပ်၊ ဘုရား သခင်အား နာခံသော သူတစ်ယောက်အဖြစ်၊ ပြုပြင်ခြင်းနှင့် ဆုံးမခြင်းကို လက်ခံသော သူတစ်ယောက်အဖြစ်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်းခဲ့သည့် လူတစ်ဦး အနေနှင့် နေထိုင်နိုင်ရန် ဖွေရှာခဲ့သည်။ သူသည် သူကိုယ်တိုင်၏ အလုံးစုံကို ဘုရားသခင်၏ လက်ထဲထည့်ထားရန်၊ သေဆုံးသည်အထိ သူ့အား နာခံနိုင်ရန် မိမိကိုယ်ကို ဘုရားသခင်ထံဆက်ကပ်နိုင်ခဲ့သည်။ ဤသည်မှာ သူ လုပ်ဆောင်ရန် အဓိဋ္ဌာန်ပြုထားသော အရာပင်ဖြစ်ပြီး၊ ထို့အပြင် သူပြီးမြောက် အောင်မြင်သွားသော အရာပင် ဖြစ်သည်။ သူ၏နိဂုံးသည် ပေါလု၏နိဂုံးနှင့် ကွဲပြားခြားနားရခြင်း၏ အခြေခံအကြောင်းတရားမှာ ဤသည်ပင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်မှ ပေတရုအပေါ် ပြုခဲ့သည့် အလုပ်မှာ သူ့အား စုံလင်စေရန် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်မှ ပေါလုအပေါ် ပြုခဲ့သော အလုပ်မှာမူ သူ့အား အသုံးပြုရန်ပင် ဖြစ်သည်။ ယင်းကြောင့်ပင် ၎င်းတို့၏ သဘာဝများနှင့် လိုက်ခြင်းအပေါ် ထားရှိသည့် ၎င်းတို့၏ အမြင်များသည် မတူညီ ရခြင်း ဖြစ်သည်။ နှစ်ဦးစလုံးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း ရှိသည်။ ပေတရုသည် ဤအလုပ်အား မိမိကိုယ်ကိုအပေါ် အသုံးချပြီး၊ တစ်ခြားသူများ အတွက်လည်း ထောက်ပံ့ပေးသည်။ ပေါလု မှာမူ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း အလုံးစုံကို အခြားသူများ အတွက်သာ ထောက်ပံ့ပေးပြီး၊ ယင်းထဲမှ မိမိကိုယ်ကိုအတွက် ဘာမျှ မရယူခဲ့ပေ။ ဤသို့ဖြင့်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပြီးနောက်၊ ပေါလုအထဲမှ ပြောင်းလဲခြင်းသည် အမှန် တကယ်မရှိခြင်းနှင့် နီးစပ်နေသည်။ သူသည် သူ၏ ပင်ကိုယ်သဘာဝ အခြေအနေအတိုင်းကျန်ရစ်လျက်ပင် ရှိနေခဲ့ပြီး၊ ယခင်က ပေါလုပင် ဖြစ်နေခဲ့သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ရင်း အခက်အခဲဒုက္ခကို ကြံ့ကြံ့ခံ ခဲ့ခြင်း၏ နောက်ပိုင်းတွင်၊ သူသည် မည်ကဲ့သို့ လုပ်ဆောင်ရမည်နှင့် မည်ကဲ့သို့ ကြံ့ကြံ့ခံရမည်ကို သင်ယူခဲ့ရ ခြင်းမျှသာ ဖြစ်ပြီး၊ သူ၏ အလွန်ပင် နိုင်လိုစိတ်ပြင်း၍ ကြေးစားသဘောရှိသော သဘောဝဖြစ်သည့် သူ၏ ပင်ကိုယ်သဘာဝ အဟောင်းမှာ ကျန်ရစ်လျက်ပင် ရှိသေးသည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်၊ သူ သည် မိမိ၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို မသိသကဲ့သို့၊ မိမိ၏ ဟောင်းသော စိတ်သဘောထား ကိုလည်း မစွန့်ပစ်ပဲ၊ ယင်းအရာသည် သူ၏ အလုပ်ထဲ၌ ရှင်းလင်းစွာ တွေ့မြင်နေခဲ့ရဆဲ ဖြစ်သည်။ သူ၏ အထဲတွင် အလုပ်အတွေ့အကြုံ ပိုများနေခဲ့ခြင်း မျှသာဖြစ်သည်၊ သို့သော် ထိုသေးနုပ်သော အတွေ့အကြုံ တစ်ခုတည်းသည် သူ့အား ပြောင်းလဲရန် တတ်စွမ်းနိုင်ခြင်း မရှိခဲ့၊ ပြီးလျှင် သူ့လိုက်ခြင်း၏ အရေးပါမှု သို့မဟုတ် တည်ရှိဖြစ်တည်မှုနှင့် ပတ်သက်သည့် သူ၏ အမြင်များကိုလည်း ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိခဲ့။ ခရစ်တော်အတွက် သူသည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး၊ သခင်ယေရှုအား နောက်တစ်ဖန် မည်သည့် အခါမျှ မညှည်းဆဲတော့ သော်ငြားလည်း၊ သူ၏ နှလုံးသားတွင်မူ ဘုရားသခင်နှင့် ပတ်သက်၍ သူ၏ အသိ ပညာသည် ပြောင်းလဲခြင်း မရှိခဲ့ပေ။ ယင်းအရာက ပြဆိုနေသည်မှာ ဘုရားသခင်ထံ မိမိကိုယ်ကို ဆက်ကပ်ရန် အလို့ငှာ သူသည် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပဲ၊ ထိုအစား၊ သူ၏ အနာဂတ် ပန်းတိုင်အတွက် အတင်းအကျပ် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ အစအဦး၌ သူသည် ခရစ်တော်အား ညှည်းဆဲ ခဲ့ပြီး၊ ခရစ်တော်ထံ မဆက်ကပ် မအပ်နှံခဲ့သောကြောင့် ဖြစ်သည်။ သူသည် ပင်ကိုယ်ဗီဇအားဖြင့် ခရစ်တော် အား တမင်တကာ ညှည်းဆဲသော ပုန်ကန်သူတစ်ဦးဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာ မရှိသောသူ တစ်ယောက်ဖြစ်သည်။ သူ့အလုပ်၏ နိဂုံးအပိုင်းတွင်၊ သူသည် သန့်ရှင်း သော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိလျက်ပင် ရှိသေးပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို စိုးစဥ်းမျှပင် အမှုမထားပဲ၊ သူ၏ ပင်ကိုယ်သဘာဝနှင့် ကိုက်ညီသည့် သူ၏ သဘောအတိုင်းသာ ပြုမူခဲ့ခြင်းမျှ ဖြစ်သည်။ ထို့ကြောင့် သူ၏ သဘာဝသည် ခရစ်တော်နှင့် မသင့်မြတ်သော အရာပင်ဖြစ်ပြီး သမ္မာတရားအား နာခံခြင်းလည်း မရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းမှ စွန့်ပယ်ခြင်း ခံရသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိသူနှင့် ခရစ်တော်အားလည်း ဆန့်ကျင်သူဖြစ်သည့် ဤကဲ့သို့သောသူ တစ်စုံတစ်ယောက်သည် မည်သို့လျှင် ကယ်တင်ခံရမည်နည်း။ လူသည် ကယ်တင်ခံရမည်လော၊ မခံရမည် လော ဆိုသည်မှာ သူသည် အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် သူသည် မည်မျှ ဆည်းကပ်သည် တို့အပေါ်တွင် မူတည်နေခြင်း မဟုတ်ပဲ၊ ထိုအစား သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို သိ၊ မသိ၊ သူသည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း ရှိ၊ မရှိနှင့် လိုက်လျှောက်ခြင်းအပေါ် ထားရှိသော သူ၏ အမြင်များသည် သမ္မာတရားနှင့် ညီညွှတ်မှု ရှိ၊ မရှိ စသည်တို့နှင့်သာ သတ်မှတ်သည်။ ပေတရုသည် ယေရှုနောက် စတင် လိုက်သည့် နောက်ပိုင်းတွင် သဘာဝဆိုင်ရာ ဖွင့်ပြခြင်းများ ရှိခဲ့သော်ငြားလည်း၊ သဘာဝအရ သူသည်၊ အစအဦးကတည်းက ခရစ်တော်အား ဖွေရှာရန် သန့်ရှင်းသော ဝိညာဉ်တော်ထံ ဆက်ကပ်အပ်နှံရန် ဆန္ဒရှိခဲ့သည် ဖြစ်သည်။ သူ၏ သန့်ရှင်းသော ဝိညာဉ်တော်အား နာခံခြင်းမှာ ဖြူစင်သည်။ သူသည် ကျော်ကြားမှုနှင့် ကြွယ်ဝမှုကို မဖွေရှာခဲ့ပဲ၊ ထိုအစား သမ္မာတရားအား နာခံခြင်းအားဖြင့် လှုံ့ဆော် ခံခဲ့ရခြင်း ဖြစ်သည်။ ပေတရုသည် ခရစ်တော်အား မသိဟု သုံးကြိမ်တိုင် ငြင်းဆိုခဲ့သည့် အချိန်များ ရှိခဲ့ သော်ငြားလည်း၊ သူသည် သခင်ယေရှုအား သွေးဆောင်ခဲ့ သော်ငြားလည်း၊ ထိုကဲ့သို့သော လူသား၏ ပါးလျသည့် အားနည်းမှုသည် သူ၏ သဘာဝနှင့် ဆက်နွယ်နေခြင်း မရှိ၊ သူ၏ အနာဂတ် လိုက်ခြင်းကိုလည်း အကျိုးသက်ရောက်မှု မရှိသကဲ့သို့၊ သူ၏ သွေးဆောင်မှုမှာ အန္တိခရစ်၏ လုပ်ဆောင်ချက် ဖြစ်သည်ဆိုသည် အား လုံလောက်စွာ သက်သေပြနိုင်ခြင်းလည်း မရှိပေ။ ပုံမှန်လူသား အားနည်းချက်သည် လောကတစ်ဝှမ်းမှ လူအားလုံး၌ ရှိသည့်အရာ ဖြစ်ပြီး၊ သင်သည် ပေတရုအား ကွဲပြားခြားနားနေမည်ဟု မျှော်လင့်သလော။ ပေတရု သည် မိုက်မဲသော အမှားတစ်ချို့ လုပ်ခဲ့သည့်အတွက်ကြောင့် လူများသည် သူနှင့်ပတ်သက်သည့် အချို့သော အမြင်များ ကိုင်စွဲထားကြသည် မဟုတ်လော။ ပြီးလျှင် လူများသည် ပေါလုအား လေးမြတ်ကြသည်မှာ သူလုပ်ဆောင်ခဲ့သော အလုပ်အားလုံးကြောင့်နှင့် သူရေးသားခဲ့သော သြဝါဒစာစောင်များ အားလုံးကြောင့်ပင် မဟုတ်လော။ လူသည် အဘယ်နည်းနှင့် လူ၏ အနှစ်သာရကို ဖောက်ထွင်း၍ မြင်နိုင်ခြင်းငှာ တတ်စွမ်းနိုင် မည်နည်း။ အသိစိတ် အမှန်တကယ်ရှိသော ထိုသူများမှာ ထိုကဲ့သို့သော အရေးမပါသည့် အရာကို မြင်နိုင်ကြသည်မှာ သေချာ၏ မဟုတ်လော။

ပေတရု၏ နှစ်ပေါင်းများစွာကြာသော နာကျင်မှုများနှင့် ပြည့်နေသည့် အတွေ့အကြုံများသည် သမ္မာ ကျမ်းစာထဲတွင် မှတ်တမ်း မတင်ထားခဲ့သော်ငြားလည်း၊ ယင်းသည် ပေတရု၌ စစ်မှန်သော အတွေ့အကြုံများ မရှိခဲ့၊ သို့မဟုတ် ပေတရုသည် စုံလင်စေခြင်း မခံခဲ့ရဟု သက်သေမပြပေ။ ဘုရားသခင်၏ အလုပ်ကို လူမှ မည်သို့လျှင် ပြည့်ဝစွာ နားလည်ဉာဏ်မီနိုင်မည်နည်း။ သမ္မာကျမ်းစာထဲမှ မှတ်တမ်းများသည် ယေရှုမှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့ခြင်းမဟုတ်ပဲ၊ နောက်ပိုင်း မျိုးဆက်များမှ စုဆောင်းပြုစု ထားခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာကျမ်းစာထဲ မှတ်တမ်းတင်ထားသည့် အရာများ အားလုံးသည် လူ၏ စိတ်ကူးအကြံနှင့် အညီသာ ရွေးချယ်ခဲ့ခြင်း မဟုတ်သလော။ ထို့အပြင် ပေတရုနှင့် ပေါလု၏ နိဂုံးများ အကြောင်းကို သြဝါဒစာများထဲတွင် ရှင်းလင်းစွာ မဖော်ပြထားချေ၊ ထို့ကြောင့် လူသည် ပေတရုနှင့် ပေါလုကို သူ၏ ကိုယ်ပိုင် ရှုထောင့်များအရနှင့် သူ၏ နှစ်သက်မှုများအရသာ အကဲဖြတ်သည်။ ပေါလုသည် အလုပ်များစွာကို လုပ်ဆောင် ခဲ့ပြီး၊ သူ၏ “ပံ့ပိုးပါဝင်မှု”သည်လည်း အလွန် ကြီးမြတ်ခဲ့သည့်အတွက်၊ သူသည် လူထု၏ ယုံကြည်ခြင်းကို ရခဲ့သည်။ လူသည် အပေါ်ယံအရာများကိုသာ အလေးပြုသည် မဟုတ်လော။ လူသည် အဘယ်နည်းနှင့် လူ၏ အနှစ်သာရကို ဖောက်ထွင်း၍ မြင်ခြင်းငှာ တတ်စွမ်းနိုင်မည်နည်း။ ပေါလုသည် ဝတ်ပြုကိုးကွယ်ခြင်း၏ အရာအဖြစ် နှစ်ပေါင်းထောင်ချီကြာအောင် ဖြစ်ခဲ့သည်ကို ထောက်သော်၊ မည်သူသည် သူ၏ အလုပ်အား မိုက်ကန်းစွာ ငြင်းပယ်ဝံ့မည်နည်း။ ပေတရုသည် တံငါသည်မျှသာ ဖြစ်ခဲ့သည်၊ ထို့အတွက် သူ၏ ပံ့ပိုးပါဝင်မှု သည် အဘယ်သို့လျှင် ပေါလုကဲ့သို့ ကြီးမြတ်နိုင် မည်နည်း။ ပံ့ပိုးပါဝင်မှုကို အခြေပြုလျှင်၊ ပေါလုသည် ပေတရုထက်အလျင် ဆုချခံရသင့်ပြီး၊ ဘုရားသခင်၏ မျက်နှာသာကို ရရှိရန် သာ၍ အရည်အချင်းပြည့်မီသော သူတစ်ယောက် ဖြစ်ခဲ့သင့်သည်။ သူ၏ ပေါလုအား ဆက်ဆံခြင်းတွင်၊ ဘုရားသခင်သည် သူ့အား သူ၏ ဆုကျေးဇူးများမှ တစ်ဆင့်သာ လုပ်ဆောင်စေခဲ့ပြီး၊ ပေတရုကိုမူ ဘုရားသခင်က စုံလင်စေခဲ့သည်ကို မည်သူက စိတ်ကူးမိမည်နည်း။ သခင်ယေရှုမှ ပေတရုနှင့် ပေါလုတို့အတွက် အစအဦးကတည်းမှ အစီအစဉ်များ ချမှတ်ခဲ့ခြင်း လုံးဝမဟုတ်ပါ။ ထိုအစား၊ သူတို့သည် စုံလင်စေခြင်းကို ခံရခြင်း သို့မဟုတ် ၎င်းတို့၏ ပင်ကိုယ် သဘာဝများအရ လုပ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့မြင်သည့်အရာမှာ လူ၏ အပြင်ပန်း ပံ့ပိုးကူညီမှုများကိုသာ ဖြစ်ပြီး၊ ဘုရားသခင် မြင်သည့်အရာမှာမူ လူ၏ အနှစ်သာရ၊ အစအဦး ကတည်းက လူမှ မီအောင်လိုက်လျှောက်ခဲ့သည့် လမ်းကြောင်းနှင့် လူ၏ လိုက်ခြင်းနောက်ကွယ်မှ လှုံ့ဆော်မှုကို ဖြစ်သည်။ လူတို့သည် လူတစ်ယောက်ကို ၎င်းတို့၏ အယူအဆများအရနှင့် ၎င်းတို့၏ ကိုယ်ပိုင် ရှုထောင့်များ အရသာ တိုင်းထွာသည်၊ သို့သော်ငြားလည်း လူတစ်ယောက်၏ နောက်ဆုံးနိဂုံးသည် သူ၏ အပြင်ပန်းအရာများ အားဖြင့် သတ်မှတ်ခံရသည် မဟုတ်ပေ။ ထို့ကြောင့် အစအဦးကတည်းမှ သင်လျှောက်သော လမ်းကြောင်း သည် အောင်မြင်မှု၏ လမ်းကြောင်းဖြစ်ပြီး၊ လိုက်လျှောက်ခြင်းအပေါ် ထားရှိသော သင်၏ အမြင်ရှုထောင့်သည် အစ အဦးကတည်းမှ မှန်ကန်နေခဲ့ပါက၊ သင်သည် ပေတရုနှင့် တူသည်ဟု ငါပြောမည်။ အကယ်၍ သင် နင်းလျှောက်သော လမ်းကြောင်းသည် ရှုံးနိမ့်မှု၏ လမ်းကြောင်းဖြစ်ပါက၊ သင်သည် မည်ကဲ့သို့သော ပေးဆပ်မှုကို ပြုသည်ဖြစ်စေ၊ သင်၏ နိဂုံးသည် ပေါလု၏ နိဂုံးနှင့် အတူတူပင် ဖြစ်နေလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်နေစေကာမူ၊ သင်၏ ပန်းတိုင်နှင့်၊ သင်သည် ရှုံးနိမ့်မည် သို့မဟုတ် အောင်မြင်မည် ဟူသည့် နှစ်ခုလုံးသည်၊ သင်၏ ပေးဆပ်ခြင်းခြင်း၊ သို့မဟုတ် သင်ပေးဆပ်သော တန်ဖိုးထက်၊ သင်ဖွေရှာသည့် လမ်းကြောင်းမှာ မှန်ကန်သည့် အရာဟုတ်သည်၊ မဟုတ်သည် အားဖြင့်သာ သတ်မှတ်သည်။ ပေတရုနှင့် ပေါလု၏ အခြင်းအရာ များနှင့် သူတို့ အမီလိုက်လျှောက်ခဲ့သော ပန်းတိုင်များသည် ကွဲပြားခြားနားသည်။ လူသည် ထိုကဲ့သို့သော အရာများကို ဖွေရှာသိရှိရန် မတတ်စွမ်းနိုင်ပဲ၊ ၎င်းတို့ကို ဘုရားသခင်ကသာ ၎င်းတို့၏ အလုံးစုံအရ သိကျွမ်းနိုင်သည်။ အကြောင်းမှာ ဘုရားသခင်သည် လူ၏ အနှစ်သာရကို မြင်ပြီး၊ လူကမူ မိမိ၏ အခြင်းအရာနှင့် ပတ်သက်၍ ဘာမျှမသိ။ လူသည် လူ၏အတွင်းထဲရှိ အခြင်းအရာကို သို့မဟုတ် သူ၏ ဝိညာဉ်အသက်တာ အမှန်အား ရှုမြင်ခြင်းငှာ မတတ်စွမ်းနိုင်ချေ၊ ထို့ကြောင့် ပေါလုနှင့် ပေတရု၏ ရှုံးနိမ့်မှုနှင့် အောင်မြင်မှု၏ အကြောင်းရင်း ကို ခွဲခြားဖော်ထုတ်ခြင်းငှာ မတတ်စွမ်းနိုင်ပေ။ လူအများစုသည် ပေတရုကို မဟုတ်ပဲ ပေါလုကို ဝတ်ပြုကြ ရခြင်း၏ အကြောင်းရင်းမှာ ပေါလုအား အများပြည်သူ အလုပ်အတွက် အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပြီး၊ လူသည်လည်း ဤအလုပ်အား မှတ်ယူလေ့လာရန် တတ်စွမ်းနိုင်ကာ၊ သို့အတွက်ကြောင့် လူများသည် ပေါလု၏ “ပြီးမြောက် အောင်မြင်ခြင်းများ” ကို အသိအမှတ် ပြုကြခြင်း ဖြစ်သည်။ ပေတရု၏ အတွေ့အကြုံများမှာမူ လူ့အတွက် မမြင်နိုင်ပဲ၊ သူဖွေရှာခဲ့သော အရာမှာလည်း လူ့အနေနှင့် ရယူ နားလည်နိုင်ခြင်း မရှိသည့် အရာဖြစ်သည်၊ ထို့ကြောင့် လူသည် ပေတရု၌ စိတ်ဝင်စားခြင်း မရှိချေ။

ပေတရုသည် စစ်ဆေးခြင်းနှင့် ဆုံးမခြင်းအား ကြုံတွေ့ခံစားခဲ့ရခြင်းမှ တစ်ဆင့် ပြီးပြည့်စုံလင် စေခြင်းကို ခံခဲ့ရသည်။ သူက “ငါသည် အချိန်တိုင်းတွင် ဘုရားသခင်၏ လိုအင်အား ကျေနပ်စေရမည်။ ငါပြုသော အရာတိုင်း၌ ဘုရားသခင်၏ လိုအင် ကျေနပ်စေရန်သာ ငါဖွေရပြီး၊ ငါသည် ပြစ်တင်ဆုံးမ ခံရသည် ဖြစ်စေ၊ တရားစီရင် ခံရသည်ဖြစ်စေ၊ ထိုကဲ့သို့ ပြုရခြင်းကို ပျော်ရွှင်ဆဲပင် ဖြစ်သည်” ဟု ပြောခဲ့သည်။ ပေတရုသည် သူ၏ အလုံးစုံကို ဘုရားသခင်အား ပေးခဲ့ပြီး၊ သူ၏အလုပ်၊ စကားလုံးနှင့် အသက်တာ တစ်ခုလုံး သည် ဘုရားသခင်အား ချစ်ခြင်းအကြောင်းသာ ဖြစ်ခဲ့သည်။ သူသည် သန့်ရှင်းခြင်းကို ဖွေရှာသောသူ တစ်ယောက် ဖြစ်ခဲ့ပြီး၊ သူတွေ့ကြုံခံစားရလေလေ၊ သူ၏နှလုံးသားအတွင်း နက်ရှိုင်းရာရှိ ဘုရားသခင် အတွက် သူ၏ ချစ်ခြင်းသည် သာ၍ ကြီးလာလေဖြစ်သည်။ ပေါလုမှာမူ အပြင်ပန်း အလုပ်ကိုသာ လုပ်ဆောင် ခဲ့ပြီး၊ သူသည်လည်း ကြိုးစား လုပ်ဆောင်ခဲ့ သော်ငြားလည်း၊ သူ၏ အားထုတ်မှုမှာ သူ၏ အလုပ်အား သင့်တင့်စွာ လုပ်ဆောင်ရန် အလို့ငှာဖြစ်ပြီး ထိုမှဆုလာဘ်ရယူရန် ဖြစ်သည်။ သူသည် မည်သည့် ဆုလာဘ်မျှ ရရှိလိမ့်မည် မဟုတ်ဆိုသည်အား သိခဲ့ပါက၊ သူသည် သူ၏ အလုပ်အား လက်လျှော့ခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ပေတရု အလေးထားခဲ့သော အရာမှာမူ သူ၏ နှလုံးသားအတွင်းရှိ စစ်မှန်သော ချစ်ခြင်းကို ဖြစ်ပြီး၊ ထိုအရာ သည် လက်တွေ့ကျကာ ပြီးမြောက် အောင်မြင်နိုင်သည့် အရာလည်း ဖြစ်သည်။ သူသည် ဆုလာဘ် ရရှိလိမ့် မည်၊ မရရှိလိမ့်မည်ကို အလေးမထားခဲ့ပဲ၊ သူ၏ စိတ်သဘောထားသည် ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိကိုသာ အလေးထားခဲ့သည်။ ပေါလုသည် သာ၍ အလုပ်ကြိုးစားလုပ်ရန် အလေးထားခဲ့သည်၊ သူသည် အပြင်ပန်း အလုပ်နှင့် ဆက်ကပ်ခြင်းကိုသာ အလေးထားခဲ့ပြီး၊ သာမန်လူများမှ မတွေ့ကြုံသည့် အယူဝါဒများကိုသာ အလေးထားခဲ့သည်။ သူ၏အတွင်း နက်ရှိုင်းရာတွင် ပြောင်းလဲမှုများနှင့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်း ကို သူသည် ဘာမျှအလေးမထားခဲ့။ ပေတရု၏ အတွေ့အကြုံများမှာမူ စစ်မှန်သော ချစ်ခြင်းနှင့် စစ်မှန်သော အသိပညာကို ရရှိအောင်မြင်ရန် အလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့် သာ၍ နီးကပ်သော ဆက်ဆံရေးကို ရရှိရန်နှင့် လက်တွေ့ကျသော အသက်ရှင်ခြင်း ရှိရန်ပင် ဖြစ်ခဲ့သည်။ ပေါလု၏ အလုပ်မှာ ယေရှုမှ သူ့အား တာဝန်ပေး စေခိုင်းချက်ကြောင့်သာ ဖြစ်ပြီး၊ သူတောင့်တသော အရာများ ရရှိရန် အလို့ငှာ ဖြစ်သည်၊ သို့သော်ငြားလည်း ဤအရာများသည် သူကိုယ်တိုင်၏ အသိပညာနှင့် ဘုရားသခင်နှင့် ပတ်သက်၍ ဆက်နွယ်နေခြင်း မရှိခဲ့ပေ။ သူ၏ အလုပ်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ လွတ်မြောက်ရန် အလို့ငှာသာ ဖြစ်ခဲ့သည်။ ပေတရု ဖွေရှာခဲ့သော အရာမှာ သန့်စင်သော ချစ်ခြင်းကို ဖြစ်ပြီး၊ ပေါလု ဖွေရှာခဲ့သော အရာမှာမူ ဓမ္မသရဖူကိုပင် ဖြစ်သည်။ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များကို နှစ်ပေါင်းများစွာ ကိုယ်တွေ့ကြုံခဲ့ရပြီး၊ ခရစ်တော်နှင့် ပတ်သက်၍ လက်တွေ့ကျသော အသိပညာရှိခဲ့ပြီး၊ မိမိကိုယ်တိုင်နှင့် ပတ်သက်၍ သိမ်မွေ့လေးနက်သော အသိပညာလည်း ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အား သူ၏ချစ်ခြင်းမှာ သန့်စင်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသော စစ်ဆေးခြင်း သည် ယေရှုနှင့် အသက်တာနှင့် ပတ်သက်သည့် သူ၏ အသိပညာကို မြှင့်တင်ပေးခဲ့သည်၊ သူ၏ ချစ်ခြင်းသည် အခြေအနေအပေါ် မမူတည်သော ချစ်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ အလိုအလျောက် ဖြစ်တည်လာသော ချစ်ခြင်းပင် ဖြစ်ပြီး၊ သူသည် မည်သည့်အရာကိုမျှ ပြန်၍ မတောင်းခဲ့ သကဲ့သို့၊ မည်သည့် အကျိုးအမြတ်ကို လည်း မမျှော်လင့်ခဲ့ပါ။ ပေါလုသည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူသည် ခရစ်တော်နှင့် ပတ်သက်သည့် ကြီးမားသော အသိပညာကို မပိုင်ဆိုင်ခဲ့ပဲ၊ မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာ မှာလည်း သနားစဖွယ် သေးနုပ်လှသည်။ သူ၌ ခရစ်တော်အတွက် ချစ်ခြင်း လုံးဝမရှိ၊ သူ၏ အလုပ်နှင့် သူပြေးခဲ့သော ပြေးလမ်းသည် နောက်ဆုံး အောင်ပန်းကို ရရှိနိုင်ရန်အတွက်သာ ဖြစ်သည်။ သူဖွေရှာခဲ့သော အရာသည် အကောင်းဆုံးသော သရဖူကိုပင်ဖြစ်ပြီး၊ အသန့်စင်ဆုံး ချစ်ခြင်း မဟုတ်ခဲ့ပေ။ သူသည် တက်ကြွစွာ ဖွေရှာခြင်း မရှိခဲ့၊ သို့သော် တုန့်ပြန်မှု အလွန်ကင်းမဲ့စွာသာ လုပ်ဆောင်ခဲ့သည်။ သူသည် သူ၏ တာဝန်အား ထမ်းဆောင်နေခြင်း မဟုတ်ပဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းအားဖြင့် သိမ်းပိုက် ခံရပြီးနောက်ပိုင်း သူ၏ လိုက်လျှောက်ခြင်းတွင် မရအရ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လိုက်လျှောက်ခြင်း မှာ သူသည် ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ကို သက်သေ မပြပါ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါ တစ်ဦးဖြစ်သူမှာ ပေတရုပင် ဖြစ်သည်။ ဘုရားသခင်ကို ပံ့ပိုးကူညီမှု ပြုခဲ့သူ အားလုံးသည် ဆုလာဘ်အား လက်ခံရရှိသင့်သည်ဟု လူက ထင်သည်၊ ပံ့ပိုးကူညီမှု သာ၍ကြီးလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်နှာသာကို လက်ခံရရှိသင့်သည်ဟု သာ၍ ပေါ့တန်စွာ သဘောထားလေ ဖြစ်သည်။ လူ့ ရှုထောင့်၏ အနှစ်သာရသည် အပေးအယူသဘော ဆန်သည်၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရန် ဖွေရှာခြင်းလည်း မရှိချေ။ ဘုရားသခင် အတွက်မူ၊ လူများသည် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်အား အကြွင်းမဲ့ နာခံခြင်းကို ပို၍ ရှာလေလေ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဖွေရှာခြင်းကိုလည်း ဆိုလိုသည်၊ ဘုရားသခင်၏ မျက်နှာသာကို ပို ၍ ရလေလေ ဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်လည်ရယူရန် အလို့ငှာ တောင်းဆိုရန် ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆို မှုများ ပြုခြင်းဖြင့် မိမိကိုယ်ကို စည်းမကျော်သင့်ပေ၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ ဘာမျှ မလုပ်သင့်ပေ။ ပေါလုနှင့် ပေတရုတို့၏ ပန်းတိုင်များအား ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ခြင်း ရှိ၊ မရှိနှင့် တိုင်းထွာသည် ဖြစ်ပြီး၊ ၎င်းတို့၏ ပံ့ပိုးကူညီမှု အရွယ်အစားအရ တိုင်းထွာသည် မဟုတ်ပေ။ ၎င်းတို့၏ ပန်းတိုင်များသည် အစအဦးကတည်းမှ ၎င်းတို့ ဖွေရှာခဲ့သော အရာနှင့်အညီ သတ်မှတ်ခံရသည် ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များနှင့် သတ်မှတ်သည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းပင်ဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းကို ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်းပင် ဖြစ်သည်။ တစ်ယောက်သောသူ၏ ဟောင်းသော စိတ်သဘောထားအတွင်း ပြောင်းလဲမှုများနှင့် ဘုရားသခင်၏ သန့်စင် သော ချစ်ခြင်းကို ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အောင်မြင် မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ နဂိုမူလ အသွင်အပြင်နှင့် နဂိုမူလ တာဝန်တို့ကို ပြန်လည်ရယူနိုင်မည့် လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်လည်ရယူသည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းသည် အစအဦးမှစ၍ အဆုံးတိုင်အောင် ဘုရားသခင် အလုပ်အားလုံး၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ အကယ်၍ လူ၏ လိုက်ခြင်းသည် မိမိ၏ အတောမသတ်နိုင်သော တောင်းဆိုမှုများနှင့် ယုတ္တိ ကင်းမဲ့သော တောင့်တခြင်းများနှင့် စွန်းထင်းနေပါက၊ ပြီးမြောက်အောင်မြင်သည့် ရလဒ်သည် လူ၏ စိတ် သဘောထား၌ ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည် မဟုတ်။ ဤအရာသည် ပြန်လည်ရယူသည့် အလုပ်နှင့် ဆန့်ကျင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လုပ်ဆောင်သည့် အလုပ် ဧကန်မုချ မဟုတ်ပေ၊ ထို့ကြောင့် ဤကဲ့သို့သော လိုက်ခြင်းမျိုးသည် ဘုရားသခင်၏ နှစ်သက်သည့်အရာမျိုး မဟုတ်ကြောင်း သက်သေပြနေသည်။ ဘုရားသခင်မှ မနှစ်သက်သော လိုက်လျှောက်ခြင်းသည် အဘယ်အရေးပါမှု ရှိမည်နည်း။

ပေါလု ဆောင်ရွက်ခဲ့သည့် အလုပ်သည် လူ၏ရှေ့တွင် ထုတ်ဖော်ပြသခြင်း ခံရသည်၊ သို့သော် သူ၏ ဘုရားသခင်အား ချစ်ခြင်းမှာမူ မည်မျှ သန့်စင်သနည်း၊ သူ့နှလုံးထဲ နက်ရှိုင်းရာ၌ ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမှာ မည်မျှ ရှိသနည်း စသည့်အရာများကိုမူ လူတို့ မမြင်နိုင်ကြပေ။ လူသည် သူဆောင်ရွက်ခဲ့သော အလုပ်များကိုသာ မြင်တွေ့နိုင်ပြီး၊ ထိုအရာမှ လူသည် ဤသူမှာ သန့်ရှင်းသော ဝိညာဉ်တော်မှ အမှန်ပင် အသုံးပြုခြင်း ခံရသော သူတစ်ယောက် ဖြစ်သည်ကို သိသည်၊ ထို့ကြောင့် ပေါလုသည် ပေတရုထက် သာလွန် သည်ဟု လူက ထင်သည်၊ သူသည် အသင်းတော်များကို ထောက်ပံ့ပေးနိုင် ခဲ့သည့်အတွက် သူ၏ အလုပ်မှာ သာ၍ ကြီးမြတ်သည်ဟု ထင်သည်။ ပေတရုသည် သူ၏ ကိုယ်ပိုင် အတွေ့အကြုံများကိုသာ ကြည့်သည်၊ သူ၏ ရံဖန်ရံခါ လုပ်ဆောင်သော အလုပ်အတောအတွင်း လူအနည်းငယ်ကို ရယူနိုင်ခဲ့သည်။ သူ့ထံမှလာသော လူသိနည်းသည့် သြဝါဒစာစောင် အနည်းငယ်မျှသာ ရှိသည်၊ သို့သော်လည်း သူ၏ နှလုံးသားအတွင်း နက်ရှိုင်း ရာ၌ ရှိသည့် ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမှာ မည်မျှပင် ကြီးမြတ်သည်ကို မည်သူသိမည်နည်း။ နေ့စဉ် ရက်ဆက် ပေါလုသည် ဘုရားသခင်အတွက် လုပ်ဆောင်ခဲ့သည်။ ပြီးမြောက်ရမည့် အလုပ် ရှိနေသရွေ့၊ သူ လုပ်ဆောင်ခဲ့သည်။ ဤနည်းလမ်းဖြင့် သူသည် သရဖူအား ရရှိနိုင်ပြီး၊ ဘုရားသခင်အား ကျေနပ်စေနိုင်မည်ဟု ခံစားခဲ့ရသည်၊ သို့သော်ငြားလည်း သူ၏ အလုပ်မှတစ်ဆင့် သူကိုယ်တိုင် ပြောင်းလဲရန်အတွက် နည်းလမ်း များကိုမူ သူသည် မဖွေရှာခဲ့ချေ။ ပေတရု အသက်တာထဲတွင် ဘုရားသခင်၏ လိုအင်ကို မကျေနပ်စေသည့် အရာ မည်သည့်အရာမဆို သူ့အား မသက်မသာ ခံစားရစေသည်။ အကယ်၍ ယင်းအရာသည် ဘုရားသခင်၏ လိုအင်ကို မကျေနပ်စေပါက၊ သူသည် နောင်တကြီးစွာ ခံစားရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေရန် သူကြိုးစားနိုင်မည့် သင့်လျော်သော နည်းလမ်းများကို သူရှာလိမ့်မည် ဖြစ်သည်။ သူ့ အသက်တာ၏ အသေးငယ်ဆုံးနှင့် အရေးမပါဆုံးသော ရှုထောင့်များ၌ပင်လျှင် သူသည် ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေရန် မိမိကိုယ်ကို လိုအပ်တောင်းဆိုခဲ့သည်။ သူ၏ ဟောင်းသော စိတ်သဘောထားနှင့် ပတ်သက်လာလျှင် သူသည် အတိအကျပင် လုပ်ဆောင်ခဲ့ပြီး၊ သမ္မာတရားအတွင်းသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားနိုင်ရန် မိမိကိုယ်ကိုမိမိ လိုအပ်တောင်းဆိုမှုများ၌ သူသည် သာ၍ပင် ပြင်းပြင်းထန်ထန် ပြုမူ ခဲ့သည်။ ပေါလုသည် အပေါ်ယံဆန်သော ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ဖွေရှာခဲ့သည်။ လူ၏ရှေ့တွင် မိမိကိုယ်ကိုမိမိ ကြွားဝါနိုင်ရန် သူဖွေရှာခဲ့ပြီး၊ အသက်တာ၏ ဝင်ရောက်မှုတွင် သာ၍ နက်ရှိုင်းသော တိုးတက် သွားခြင်းကို လုပ်ဆောင်ရန် သူသည် မဖွေရှာခဲ့ပေ။ သူအလေးထားသော အရာမှာ အယူဝါဒကိုသာ ဖြစ်ပြီး၊ လက်တွေ့သဘော မဟုတ်ပေ။ ပေါလုမှာ ဘုရားသခင်အတွက် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့ သော်လည်း၊ အဘယ့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ အောက်မေ့ခြင်းကို မခံရသနည်းဟု အချို့သူ များက ပြောကောင်းပြောကြလိမ့်မည်။ ပေတရုသည် ဘုရားသခင်အတွက် အနည်းငယ်သော အလုပ်ကိုသာ လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များကို ကြီးစွာသော ပံ့ပိုးကူညီမှုလည်း မပြုခဲ့၊ ထိုသို့ဆိုလျှင် အဘယ့် အတွက်ကြောင့် သူသည် ပြီးပြည့်စုံလင်စေခြင်း ခံခဲ့ရသနည်း။ ပေတရုသည် ဘုရားသခင်အား အတိုင်းအတာ တစ်ခုအထိ ချစ်ခဲ့ပြီး၊ ယင်းအရာမှာ ဘုရားသခင်မှ လိုအပ်သည့် အရာဖြစ်သည်။ ဤကဲ့သို့သော သူများသာ သက်သေခံချက် ရှိပေသည်။ ထိုသို့လျှင် ပေါလုမှာကား အဘယ်နည်း။ ပေါလုသည် ဘုရားသခင် အား မည်သည့် အတိုင်းအတာအထိ ချစ်ခဲ့သည်ကို သင်သိသလော။ ပေါလု၏ အလုပ်မှာ မည်သည်အတွက် နည်း။ ပေတရု၏ အလုပ်မှာကော မည်သည်အတွက်နည်း။ ပေတရုသည် များစွာသောအလုပ်ကို မလုပ်ဆောင် ခဲ့ချေ၊ သို့သော် သူ၏ နှလုံးသားအတွင်း နက်ရှိုင်းရာတွင် အဘယ်အရာရှိသည်ကို သင်သိသလော။ ပေါလု၏ အလုပ်သည် အသင်းတော်များအား ထောက်ပံ့ခြင်းနှင့် နှီးနွယ်နေသည်။ ပေတရု ကြုံတွေ့ခံစားခဲ့ရသော အရာမှာမူ သူ၏ အသက်တာ စိတ်သဘောထား အတွင်းမှ ပြောင်းလဲမှုများပင် ဖြစ်သည်။ သူသည် ဘုရား သခင်၏ ချစ်ခြင်းကို ကြုံတွေ့ခံစားခဲ့ရသည်။ ယခုတွင် သင်သည် ၎င်းတို့ အခြင်းအရာများ၏ ကွဲပြားခြားနား ချက်များကို သိသည့်အတွက်၊ အဆုံးတွင် မည်သူသည် ဘုရားသခင်အား စစ်မှန်စွာ ယုံကြည်ခဲ့ပြီး၊ မည်သူက ဘုရားသခင်အား စစ်မှန်စွာ မယုံကြည်ခဲ့သည်ကို သင်မြင်နိုင်ပေသည်။ ၎င်းတို့အထဲမှ တစ်ယောက်သည် ဘုရားသခင်အား စစ်မှန်စွာ ချစ်ခဲ့ပြီး၊ အခြားတစ်ယောက်မှာမူ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခဲ့ခြင်း မရှိပေ။ တစ်ယောက်သော သူသည် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ ခံယူခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မခံယူခဲ့ပေ။ တစ်ယောက်သောသူသည် လူများ၏ ဝတ်ပြုခြင်းကို ခံရပြီး၊ ကြီးမြတ်သည့် ပုံရိပ်ရှိသည်၊ အခြား တစ်ယောက်မှာမူ နှိမ့်ချစွာ အစေကျွန်ခံခဲ့ပြီး လူများမှ လွယ်ကူစွာ မှတ်မိသိရှိနိုင်ခြင်း မရှိခဲ့ချေ။ တစ်ယောက် သောသူသည် သန့်ရှင်းခြင်းကို ဖွေရှာခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မဖွေရှာခဲ့၊ သူသည် မသန့်စင်သော်ငြား လည်း၊ သူ၌ သန့်စင်သော ချစ်ခြင်းကို ပိုင်ဆိုင်ခြင်းမရှိခဲ့။ တစ်ယောက်သော သူသည် စစ်မှန်သော လူသား သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မပိုင်ဆိုင်ခဲ့။ တစ်ယောက်သောသူတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အသိစိတ် ပိုင်ဆိုင်ပြီး၊ အခြားတစ်ယောက်ကမူ မပိုင်ဆိုင်ခဲ့။ ဤသည်တို့မှာ ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာတို့ ကွဲပြားခြားနားချက်များပင် ဖြစ်သည်။ ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် အောင်မြင်မှု၏ လမ်းကြောင်းဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်နှင့် ပုံမှန် လူသားသဘာဝကို ပြန်လည်ရယူခြင်းအား ပြီးမြောက် အောင်မြင်နိုင်မည့် လမ်းကြောင်းလည်း ဖြစ်သည်။ ပေတရုသည် အောင်မြင်သော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလု လျှောက်ခဲ့သော လမ်းကြောင်းမှာမူ ရှုံးနိမ့်မှု၏ လမ်းကြောင်းဖြစ်ပြီး၊ သူသည် ဘုရားသခင်အား စစ်မှန်စွာ မချစ်ပဲ၊ မိမိတို့ကိုယ်မိမိ အပေါ်ယံသာ ဆက်ကပ်အပ်နှံပြီး အသုံးခံသော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလုသည် သမ္မာတရားအား ပိုင်ဆိုင်ခြင်းမရှိသော ထိုသူအားလုံးကို ကိုယ်စားပြုသည်။ ပေတရု၏ ဘုရား သခင်အား ယုံကြည်ခြင်းတွင်၊ သူသည် အရာခပ်သိမ်း၌ ဘုရားသခင်အား ကျေနပ်စေရန် ဖွေရှာခဲ့ပြီး၊ ဘုရား သခင်ထံမှ လာသော အရာအားလုံးကို နာခံရန် ဖွေရှာခဲ့သည်။ စောဒကတက်ခြင်း စိုးစဉ်းမျှ မရှိပဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စစ်ဆေးခြင်းအပါအဝင်၊ ကြီးစွာသော ဒုက္ခနှင့် သူ့အသက်တာ အတွင်း ချို့တဲ့မှုများကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းကို မပြောင်းလဲနိုင်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်၏ အကြွင်းမဲ့သော ချစ်ခြင်းပင် မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းပင် မဟုတ်ပေလော။ ပြစ်တင် ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ကြီးစွာသော ဒုက္ခ— သင်သည် သေဆုံးသည်အထိ နာခံခြင်းကို ပြီးမြောက် အောင်မြင်ရန် တတ်စွမ်းနိုင်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးမှ ပြီးမြောက်အောင်မြင် သင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်း၏ သန့်စင်မှုပင် ဖြစ်သည်။ အကယ်၍ လူသည် ဤမျှလောက်ထိ ပြီးမြောက်အောင်မြင်နိုင်လျှင်၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါ တစ်ဦးဖြစ်သည်၊ ဖန်ဆင်းရှင်၏ လိုအင်ကို ဤအရာထက် သာ၍ကျေနပ်စေနိုင်သည့် အရာ ဘာမျှ မရှိတော့ချေ။ သင်သည် ဘုရားသခင်အတွက် လုပ်ဆောင်နိုင်သော်လည်း ဘုရားသခင်အား နာခံခြင်း မရှိပဲ၊ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခြင်းငှာ မတတ်စွမ်းနိုင်ပဲ ရှိသည်ဟု စိတ်ကူးကြည့်ပါ။ ဤသို့လျှင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းနိုင်သည် သာမက၊ ဘုရားသခင် ၏ ပြစ်တင်ရှုတ်ချခြင်းလည်း ခံရမည်ဖြစ်သည်၊ အကြောင်းမှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်ပြီး၊ ဘုရားသခင်အား နာခံခြင်းအား မတတ်စွမ်းနိုင်သော သူတစ်ယောက်ဖြစ်ကာ၊ ဘုရား သခင်အား နာခံခြင်း မရှိသော သူတစ်ယောက်လည်း ဖြစ်သည်။ ဘုရားသခင်အတွက် လုပ်ဆောင်ရန်သာ သင်သည် အလေးထားပြီး၊ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းအား အလေးမထား၊ သို့မဟုတ် မိမိ ကိုယ်ကို သိခြင်းကိုလည်း အလေးမထားပေ။ သင်သည် ဖန်ဆင်းရှင်ကို မသိကျွမ်း၊ သို့မဟုတ် နားမလည်ပေ၊ ပြီးလျှင် ဖန်ဆင်းရှင်အား ချစ်ခြင်း သို့မဟုတ် နာခံခြင်း မရှိချေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူ တစ်ယောက် ဖြစ်သည်၊ ထိုကဲ့သို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

တစ်ချို့သော လူများက“ပေါလုသည် ကြီးစွာ ပမာဏရှိသည့် အလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များအတွက် ကြီးစွာသော ဝန်ထုပ်များကို ထမ်းဆောင်ခဲ့ပြီး ၎င်းတို့အတွက် များစွာ ပံ့ပိုးကူညီ ပေးခဲ့သည်။ ပေါလု၏ သြဝါဒစာစောင် ဆယ့်သုံးစောင်သည် ကျေးဇူးတော်ခေတ်၏ နှစ်ပေါင်း ၂၀၀၀ ကို ထောက်မပေးခဲ့ပြီး၊ ခရစ်ဝင်ကျမ်း လေးကျမ်းနောက်တွင်သာ ဒုတိယနေရာကျသည်။ သူနှင့် မည်သူသည် နှိုင်းယှဉ်နိုင်မည်နည်း။ ယောဟန်၏ ဗျာဒိတ်ကျမ်းကို မည်သူကမျှ အနက်မဖွင့်နိုင်ပေ၊ ပေါလု၏ သြဝါဒ စာစောင်များမှာမူ အသက်တာကို ထောက်ပံ့ပေးပြီး၊ သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် အသင်းတော်များကို အကျိုးဖြစ်ထွန်းစေသည်။ ထိုကဲ့သို့သော အရာများကို မည်သူက ပြီးမြောက် အောင်မြင်နိုင်ခဲ့မည်နည်း။ ပြီးလျှင် ပေတရုမှာ မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း” ဟူ၍ ပြောကြသည်။ လူမှ အခြားသူများအား တိုင်းထွာရာတွင်၊ ၎င်းတို့၏ ပံ့ပိုးကူညီမှုများ အရသာလျှင် ဖြစ်သည်။ ဘုရားသခင်မှ လူအား တိုင်းထွာသော အခါတွင်မူ၊ သူ၏ သဘာဝအရဖြစ်သည်။ အသက်တာအား ဖွေရှာသော ထိုသူများအကြားတွင်၊ ပေါလုသည် မိမိ၏ အနှစ်သာရကို မသိသော သူတစ်ယောက် ဖြစ်သည်။ သူသည် မည်သို့မျှပင် နှိမ့်ချခြင်း သို့မဟုတ် နာခံခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သူ၏ အခြင်းအရာကိုလည်း မသိခဲ့ချေ။ ထို့ကြောင့် သူသည် အသေးစိတ်ကျသော အတွေ့အကြုံများကို မခံယူခဲ့သော သူတစ်ယောက် ဖြစ်ခဲ့ပြီး၊ သမ္မာတရားအား လက်တွေ့မကျင့်သုံးခဲ့သော သူတစ်ယောက်လည်း ဖြစ်ခဲ့သည်။ ပေတရုမှာမူ ကွဲပြားခြားနား သည်။ သူသည် သူ၏ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားကို သိခဲ့သည်၊ ထို့ကြောင့် သူ့တွင် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်မည့် ကျင့်ဆောင်ခြင်း လမ်းကြောင်းရှိခဲ့သည်။ သူသည် အယူဝါဒသာ ရှိပြီး လက်တွေ့သဘောကို မပိုင်ဆိုင်သော ထိုသူကဲ့များကဲ့သို့ မဟုတ်ချေ။ ပြောင်းလဲသော ထိုသူတို့သည် ကယ်တင်ခြင်း ခံရပြီးသည့် အသစ်သော လူများဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရား မီအောင်လိုက်ရာတွင် အရည်အချင်းမီကြသူများ ဖြစ်ကြသည်။ မပြောင်းလဲသော သူတို့သည် သဘာဝအရ ခေတ်ကုန်သွားသော ထိုသူများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်း မခံပြီးသေးသော ထိုသူများပင် ဖြစ်ကြသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ရွံ့ရှာခြင်းနှင့် ငြင်းပယ်ခြင်း ခံရသော ထိုသူများပင် ဖြစ်ကြသည်။ ၎င်းတို့၏ အလုပ်မည်မျှပင် ကြီးမြတ်သည် ဖြစ်ပါစေ၊ ဘုရားသခင်၏ အောက်မေ့ခြင်းကို ၎င်းတို့ ခံရလိမ့်မည် မဟုတ်။ ဤအရာကို သင်သည် သင်၏ ကိုယ်ပိုင် လိုက်ခြင်းနှင့် နှိုင်းယှဉ်ကြည့်သောအခါ၊ အဆုံးတွင် သင်သည် ပေတရု သို့မဟုတ် ပေါလုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်မှာ ပကတိရှင်းနေပြီးသား ဖြစ်သင့်သည်။ သင်ဖွေရှာသော အရာတွင် သမ္မာတရား မရှိသေး ပါက၊ ပြီးလျှင် ယနေ့တွင်ပင်လျှင် သင်သည် ပေါလုကဲ့သို့ ထောင်လွှားပြီး မောက်မာဆဲ ဖြစ်ပါက၊ သူကဲ့သို့ပင် မိမိဂုဏ်အသရေအား ရွှန်းရွှန်းဝေအောင် ပြောဆိုဆဲ ဆိုပါက၊ သင်သည် ရှုံးနိမ့်သည့် ဆုတ်ယုတ် ပျက်စီးသူတစ်ယောက် ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ သင်သည် ပေတရုကဲ့သို့ပင် ဖွေရှာပြီး၊ သင်သည် ကျင့်ဆောင်မှုများနှင့် စစ်မှန်သင့် ပြောင်းလဲခြင်းများကို ဖွေရှာလျှင်၊ လိုအင်မကြီး သို့မဟုတ် မထောင်လွှားပဲ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် ဖွေရှာလျှင်၊ သင်သည် အောင်နိုင်ခြင်းကို ပြီးမြောက်သော ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး ဖြစ်ပေလိမ့်မည်။ ပေါလုသည် မိမိကိုယ်တိုင်၏ မနာခံခြင်းကို သိရန် မဆိုထားနှင့်၊ သူသည် မိမိ ကိုယ်တိုင်၏ အခြင်းအရာ သို့မဟုတ် ယိုယွင်းပျက်စီးခြင်းကို မသိချေ။ မည်သည့်အခါမျှပင် သူသည် သူ၏ ခရစ်တော်အား စက်ဆုပ်ဖွယ် ပမာမခန့်ပြုခြင်းကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် အလွန်အမင်း နောင်တရခြင်း မရှိ။ အတိုချုပ် ရှင်းပြချက်ကိုသာ သူပေးခဲ့ပြီး၊ သူ၏ နှလုံးသားအတွင်း နက်ရှိုင်းရာတွင်မူ ဘုရားသခင်အား အကြွင်းမဲ့ ဆက်ကပ်အပ်နှံခြင်း မရှိခဲ့ချေ။ သူသည် ဒမာသတ်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏အတွင်းထဲ နက်ရှိုင်းရာကို မကြည့်ခဲ့ချေ။ သူသည် အလုပ်ဆက်လုပ် နေရရုံမျှနှင့် ရောင့်ရဲ နေခဲ့ပြီး၊ မိမိကိုယ်ကို သိခြင်းနှင့် သူ၏ ဟောင်းသော စိတ်သဘောထားအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ပြဿနာများအဖြစ် သူမမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောကြားနေရရုံမျှနှင့်၊ သူ၏ ကိုယ်ပိုင် ဩတပ္ပစိတ်အတွက် အခြားသူများကို ကျွန်သဖွယ် ထောက်ပံ့ပေးနေရုံမျှနှင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား ထပ်၍ညှည်းဆဲမှု မပြုတော့ရုံမျှနှင့် သူသည် ကျေနပ်နေခဲ့သည်။ သူမီအောင်လိုက်ခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် ခေတ္တခဏ အလုပ်ထက် ဘာမျှမပိုပေ၊ သူမီအောင်လိုက်ခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော်ပင် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မဖွေရှာခဲ့သကဲ့သို့၊ ယခင်က သူနားမလည်ခဲ့သော သမ္မာတရား အတွင်းသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားနိုင်ရန် အတွက်လည်း သူသည် မဖွေရှာခဲ့ပေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည် မှားယွင်းသည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကိုလည်း လက်မခံခဲ့ချေ။ သူ၏ လုပ်ဆောင်နိုင်ခြင်းသည် သူသည် မိမိကိုယ်တိုင်၏သဘာဝ သို့မဟုတ် အခြင်းအရာနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ ဂရုပြုမှုမှာ အပြင်ပန်း ကျင့်ဆောင်မှုများကိုပင် ဖြစ်သည်။ ထို့အပြင် သူကြိုးစားလုပ်ဆောင် ခဲ့သည့်အရာမှာ ပြောင်းလဲမှုအတွက် မဟုတ်ပဲ အသိပညာအတွက်သာ ဖြစ်သည်။ သူ၏ အလုပ်သည် ဒမာသတ်သို့ သွားရာလမ်းပေါ်တွင် ယေရှု ပေါ်လာခြင်း၏ ရလဒ်သာ လုံးဝဖြစ်သည်။ ယင်းမှာ သူသည် အလို အလျောက် လုပ်ဆောင်ရန် အဓိဋ္ဌာန်ပြုခဲ့သည့် အရာမျိုးမဟုတ်သကဲ့သို့၊ ယင်းမှာ သူသည် သူ၏ဟောင်းသော စိတ်သဘောထားကို ပြုပြင်ခြင်းအား လက်ခံပြီး နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ချေ။ သူသည် မည်သို့ပင် လုပ်ဆောင်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်မှ အပြစ်များကို ဖြေလွှတ်ခြင်း မရှိခဲ့ပဲ ထိုကာလမှ အသင်းတော် များအကြားတွင် အချို့သော အခန်းကဏ္ဍ၌ ပါဝင်ခဲ့ရုံမျှသာ ဖြစ်သည်။ ဤကဲ့သို့သော မိမိ၏ ဟောင်းသော စိတ်သဘောထား ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့်၊ ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိ သောသူ၊ သမ္မာတရားနှင့် သာ၍ မရှိသော သူတစ်ယောက်အနေနှင့်၊ သူသည် သခင်ယေရှုမှ လက်ခံသော ထိုသူများထဲမှ တစ်ယောက် ဖြစ်လာခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ပေ။ သူသည် ယေရှုခရစ်တော်အား ချစ်ခြင်း နှင့် ရိုသေလေးမြတ်မှုတို့နှင့် ပြည့်နေသည့် လူတစ်ယောက် မဟုတ်သကဲ့သို့၊ သူသည် သမ္မာတရားအား ဖွေရှာရာ၌ ကျွမ်းကျင်သော သူတစ်ယောက်လည်း မဟုတ်ပေ၊ လူ့ဇာတိခံယူခြင်း၏ ဆန်းကြယ်မှုကို ဖွေရှာ ခဲ့သော သူတစ်ယောက်ဆိုလျှင် သာ၍ မဖြစ်နိုင်ပေ။ သူသည် တစ်ပတ်ရိုက်ရာတွင် ကျွမ်းကျင်လိမ္မာသော သူတစ်ယောက်မျှသာ ဖြစ်ပြီး၊ မိမိထက် မြင့်သောသူများ သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သော သူများကို အလျှော့မပေးသော သူတစ်ယောက်မျှသာ ဖြစ်သည်။ သူနှင့် ဆန့်ကျင်နေသော လူများ သို့မဟုတ် အမှန်တရားများ သို့မဟုတ် သူနှင့် မသင့်မြတ်သော သူများ ကို သူသည် မနာလိုဝန်တိုသည်၊ ဆုကျေးဇူးခံစားရသော ထိုသူများနှင့် ကြီးမြတ်သော ပုံရိပ်ကို ကိုယ်စားပြုပြီး သိမ်မွေ့နက်နဲသည့် အသိပညာကို ပိုင်ဆိုင်ထားကြသည့် ထိုသူများကို သာ၍ နှစ်သက်သည်။ သူသည် မှန်သော လမ်းခရီးကို ဖွေရှာပြီး သမ္မာတရားမှလွဲ၍ မည်သည့် အရာကိုမျှ အလေးမထားသည့် ညံ့ဖျင်းသော လူများနှင့် သူသည် ထိတွေ့ဆက်ဆံခြင်း မရှိပဲ၊ ထိုအစား အယူဝါဒများကိုသာ ပြောဆိုကြသော ဘာသာရေး အဖွဲ့အစည်းများမှ အဆင့်မြင့်သည့် ပုဂ္ဂိုလ်များနှင့် ကြွယ်ဝသော အသိပညာကို ပိုင်ဆိုင်ထားကြသည့် သူများကိုသာ သူအလေးထားသည်။ သူ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သောအလုပ်အား ချစ်ခြင်းမရှိ၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော အလုပ်၏ လှုပ်ရှားခြင်းကိုလည်း အလေးမထားခဲ့ပေ။ ထိုအစား သူသည် ယေဘူယ အမှန်တရားများထက် သာ၍မြင့်သော ထိုစည်းမျဉ်းများနှင့် အယူဝါဒများကိုသာ နှစ်သက်ခဲ့သည်။ သူ၏ မွေးရာပါ အနှစ်သာရထဲနှင့် သူဖွေရှာသည့် အရာ၏ အလုံးစုံတွင်၊ ဘုရားသခင်၏ အိမ်တော်ရှိ သစ္စာရှိသော အစေခံ သူ ဟု ခေါ်ဆိုခြင်း ခံရရန် မဆိုထားနှင့် သူသည် သမ္မာတရားအား မီအောင်လိုက်သော ခရစ်ယာန်တစ်ယောက်ဟု ခေါ်ဆိုခံ ရခြင်းငှာ မထိုက်တန်ပေ၊ အကြောင်းမှာ သူ၏ ကြောင်သူတော်စိတ်ဓာတ်သည် အလွန်ပင်များပြားပြီး၊ သူ၏ မနာခံမှုသည် အလွန်ပင် ကြီးကျယ်သောကြောင့် ဖြစ်သည်။ သူ့အား သခင်ယေရှု၏ အစေခံသူ တစ်ဦး အဖြစ် သိကြသော်ငြားလည်း၊ သူသည် ကောင်းကင်နိုင်ငံတော်၏ တံခါးဝကို ဝင်ရောက်ရန် လုံးဝ မထိုက်တန်၊ အကြောင်းမှာ အစအဦးမှ အဆုံးတိုင်အောင် သူ၏ လုပ်ဆောင်ချက်များသည် ဖြောင့်မတ်သည်ဟု ခေါ်ဆို၍ မရနိုင်သောကြောင့် ဖြစ်သည်။ သူ့အား ကြောင်သူတော် တစ်ယောက် မဖြောင့်မတ်သော အရာကို ပြုခဲ့သော သူဟုသာ မြင်၍ရသည်၊ သို့သော်လည်း သူသည် ခရစ်တော်အတွက် လုပ်ဆောင်ခဲ့သော သူတစ်ယောက် လည်း ဖြစ်သည်။ သူ့အား ဆိုးယုတ်သောသူဟု ခေါ်ဆို၍ မရသော်ငြားလည်း၊ မဖြောင့်မတ်သောအရာကို ပြုခဲ့သောသူဟူ၍ ကောင်းကောင်းခေါ်၍ ရသည်။ သူသည် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်၊ သို့သော်ငြားလည်း သူလုပ်ဆောင်ခဲ့သည့် ပမာဏအပေါ်တွင် သူ့ကိုအကဲဖြတ်၍ မရပဲ၊ ၎င်း၏ အရည်အသွေး နှင့် အခြင်းအရာ အပေါ်တွင်သာ အကဲဖြတ်ရမည် ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ ဤကိစ္စရပ်၏ အခြေကို ရောက်နိုင်ရန် ဖြစ်နိုင်မည်ဖြစ်သည်။ သူသည် အမြဲတမ်း ယုံကြည်ခဲ့သည်မှာ - ငါသည် လုပ်ဆောင် ခြင်းငှာ တတ်စွမ်းနိုင်သည်၊ ငါသည် လူအများစုထက် သာလွန်သည်၊ ငါသည် မည်သူနှင့်မျှမတူပဲ သခင်၏ ဝန်ထုပ်ကို ထောက်ထားညှာတာပြီး၊ မည်သူမျှ ငါကဲ့သို့ နက်ရှိုင်းစွာ နောင်တရခြင်းမရှိ၊ အကြောင်းမှာ ကြီးစွာ သော အလင်းသည် ငါ့အပေါ် ထွန်းတောက်ခဲ့ပြီး၊ ငါသည် ကြီးစွာသော အလင်းကို မြင်ခဲ့ရသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ငါ၏ နောင်တတရားသည်အခြားမည်သူထက်မဆို သာ၍ နက်ရှိုင်းသည် - ဟူ၍ ဖြစ်သည်။ ထိုအချိန်တွင်၊ ဤအရာမှာ သူ၏ နှလုံးအတွင်း၌ တွေးသောအရာပင် ဖြစ်သည်။ သူ့အလုပ်၏ အဆုံးတွင် ပေါလုမှ “တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ၊ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏”ဟု ပြောခဲ့သည်။ သူ၏ တိုက်လှန်ခြင်း၊ အလုပ်နှင့် လမ်းကြောင်းသည် ဓမ္မသရဖူအတွက် သက်သက်သာ ဖြစ်ပြီး၊ သူသည် တက်ကြွစွာ တိုးပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါ။ သူ၏ အလုပ်၌ သူသည် ဝတ်ကျေတမ်းကျေ မဟုတ်ခဲ့သော်ငြားလည်း၊ သူ့အလုပ်သည် သူ၏ အမှားများအတွက် အစားပြန်ပေးရန်၊ သူ့ သြတပ္ပစိတ်၏ စွပ်စွဲချက်များကို အစားပြန်ပေးရန် အလို့ငှာသာ ဖြစ်သည်။ သူသည် သူ၏ အလုပ်အား ပြီးဆုံး ရန်၊ ပြေးရသောလမ်းကို အဆုံးတိုင် ပြေးရန်နှင့် သူ၏ တိုက်လှန်ခြင်းကို ဖြစ်နိုင်သမျှ မြန်မြန် ပြုရန်သာ သူသည် မျှော်လင့်ပြီး၊ ထိုသို့အားဖြင့် သူတောင့်တသည့် ဓမ္မသရဖူအား သာ၍ မြန်ဆန်စွာ ရရှိနိုင်ရန် ဖြစ်သည်။ သူတောင့်တခဲ့သည့်အရာမှာ သူ၏ အတွေ့အကြုံများနှင့် စစ်မှန်သော အသိပညာနှင့်အတူ သခင်ယေရှုအား တွေ့ရန် မဟုတ်ခဲ့ပဲ၊ သူသည် သခင်ယေရှုနှင့် တွေ့သောအခါ သူ့အလုပ်မှ ရရှိခဲ့သော ဆုလာဘ်များကို လက်ခံ ရယူရန်အလို့ငှာ၊ သူ၏ အလုပ်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြီးစီးရန်သာ ဖြစ်သည်။ သူသည် မိမိကိုယ်ကို နှစ်သိမ့် ရန်အတွက်၊ အနာဂတ်သရဖူနှင့် အလဲအလှယ်လုပ်ရာတွင် ညှိုနှိုင်းရန်အတွက် သူ၏ အလုပ်ကို အသုံးချ ခဲ့သည်။ သူဖွေရှာခဲ့သောအရာမှာ ဘုရားသခင် သို့မဟုတ် သမ္မာတရားလည်းမဟုတ်ပဲ၊ သရဖူကိုသာ ဖြစ်သည်။ အဘယ်သို့လျှင် ယင်းကဲ့သို့သော လိုက်ခြင်းသည် စံနှုန်းများနှင့် ကိုက်ညီနိုင်မည်နည်း။ သူ၏ လှုံ့ဆော်မှု၊ သူ၏ အလုပ်၊ သူပေးဆပ်ခဲ့သော အဖိုးအခနှင့် သူ၏ ကြိုးထုတ်မှု အားလုံးစသည့် သူ၏ အံ့ဖွယ် စိတ်ကူးယဉ်မှု များသည် အားလုံးပျံ့နှံ့သွားခဲ့ပြီး၊ သူသည် သူကိုယ်တိုင်၏ လိုအင်များနှင့်အညီသာ လုံးလုံးလုပ်ဆောင်ခဲ့ သည်။ သူ၏ အလုပ်တစ်ခုလုံးတွင်၊ သူပေးဆပ်ခဲ့သော အဖိုးအခ၌ လိုလိုလားလားရှိခြင်း စိုးစဉ်းမျှပင် မရှိခဲ့ပါ။ သူသည် အပေးအယူ သဘောမျှသာ လုပ်ဆာင်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ တာဝန်အား ထမ်းဆောင်ရန် သူ၏ ကြိုးထုတ်မှုများကို လိုလိုလားလား လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပဲ၊ အပေးအယူ၏ ရည်ရွယ်ချက်ကို ရရှိနိုင်ရန် အတွက်သာ လိုလိုလားလား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော ကြိုးထုတ်မှုများသည် ထိုက်တန်ခြင်း ရှိပါ၏လော။ သူ၏ မသန့်စင်သော ကြိုးထုတ်မှုများကို မည်သူက ချီးကျူးမည်နည်း။ ထိုကဲ့သို့သော ကြိုးထုတ်မှုများကို မည်သူက စိတ်ဝင်စားမည်နည်း။ သူ၏ အလုပ်သည် အနာဂတ်အတွက် အိပ်မက်များနှင့် ပြည့်နေပြီး၊ အံ့ဖွယ်အစီအစဉ်များနှင့် ပြည့်နေကာ၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲပေးရန်အတွက် လမ်းကြောင်း မပါရှိခဲ့ချေ။ ထို့ကြောင့် သူ၏ သဘောကောင်းမှု အများစုမှာလည်း ဟန်ဆောင်ခြင်းသာ ဖြစ်သည်။ သူ၏ အလုပ်သည် အသက်တာကို ထောက်ပံ့မပေးခဲ့ပဲ၊ ဖော်ရွေမှု အတုအယောင်ကိုသာ ထောက်ပံ့ ပေးခဲ့သည်။ ယင်းသည် အပေးအယူသဘော၏ လုပ်ဆောင်ချက်ပင်ဖြစ်သည်။ ဤကဲ့သို့သော အလုပ်မျိုး သည် အဘယ်သို့လျှင် လူကို သူ၏ နဂိုမူလ တာဝန်အား ပြန်လည်ရယူနိုင်မည့် လမ်းကြောင်းကို ဦးဆောင် ခေါ်သွားနိုင်မည်နည်း။

ပေတရုဖွေရှာခဲ့သည့် အရာခပ်သိမ်းမှာမူ ဘုရားသခင်၏ နှလုံးသားနှင့် အညီသာဖြစ်သည်။ ဘုရား သခင်၏ လိုအင်ကို ဖြည့်ဆည်းရန် သူဖွေရှာခဲ့ပြီး၊ နာကျင်ခံစားရမှုနှင့် အခက်အခဲတို့ မည်သို့ပင် ဖြစ်စေကာမူ၊ သူသည် ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် လိုလားလျက်ပင် ရှိသေးသည်။ ဘုရားသခင်၌ ယုံကြည်သူ တစ်ယောက်အတွက် သာ၍ ကြီးမြတ်သော လိုက်ခြင်းမရှိချေ။ ပေါလု ဖွေရှာခဲ့သည့်အရာမှာ သူ၏ ဇာတိ ပကတိ၊ သူကိုယ်တိုင်၏ အယူအဆများ၊ သူကိုယ်တိုင်၏ အစီအစဉ်များ၊ အကြံဉာဏ်များနှင့် စွန်းထင်းခဲ့ သည်။ သူသည် မည်သည့်နည်းနှင့်မျှ ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ခဲ့ပဲ၊ ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် ဖွေရှာသောသူ တစ်ယောက်လည်း မဟုတ်ချေ။ ပေတရုသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ဆက်ကပ်လိုက်နာရန် ဖွေရှာခဲ့ပြီး၊ သူပြုခဲ့သော အလုပ်သည် မကြီးမြတ်ခဲ့စေ ကာမူ၊ သူ၏ လိုက်ခြင်းနောက်ကွယ်မှ လှုံ့ဆော်မှုနှင့် သူလျှောက်ခဲ့သော လမ်းကြောင်းတို့မှာ မှန်ကန်ခဲ့သည်။ သူသည် လူများစွာကို မရရှိနိုင်ခဲ့သော်ငြားလည်း၊ သူသည် သမ္မာတရား၏ လမ်းခရီးကို ဖွေရှာနိုင်ခဲ့သည်။ ဤအချက်ကြောင့်ပင် သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ယနေ့ သင်သည် လုပ်ဆောင်သူတစ်ယောက် မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်နှင့်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အလုံးစုံကို ဆက်ကပ်နာခံရန် ဖွေရှာခြင်းငှာ တတ်စွမ်းနိုင်သင့်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံရန် တတ်စွမ်းနိုင်သင့်ပြီး၊ ကြီးစွာသော ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း အမျိုးမျိုးကို တွေ့ကြုံခံစားနိုင်သင့်သည်၊ သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ နှလုံးသားထဲတွင် ဘုရားသခင်အား ချစ်ရန် တတ်စွမ်းနိုင်သင့်သည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူတတ်သော ထိုသူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားကြပြီး၊ ယင်းသို့သော လူများ၏ လိုက်ခြင်းအပေါ် ထားရှိသည့် ရှုထောင့်အမြင်မှာ မှန်ကန်သည့် အရာ ဖြစ်သည်။ ဘုရားသခင် လိုအပ်သော သူတို့မှာ ဤသူတို့ပင်ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများမှ သင်၏ သင်ပြချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌ကမူ ပြောင်းလဲခြင်းမရှိပဲ၊ မည်သည့် သက်သေမျှ မခံယူလျှင်၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိလျှင်၊ ဤသည်အတွက် သင့်အသက်တာ၏ အဆုံးတွင် သင်တို့ထဲမှ မည်သူကမျှ သက်သေခံခြင်းအား မပြုရသေးလျှင်၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ယောက် ဟုတ်ပါ၏လော။ သင်သည် သမ္မာတရား ကို မီအောင်လိုက်သော သူတစ်ယောက်ပင်လော။ ထိုအချိန်က၊ သန့်ရှင်းသော ဝိညာဉ်တော်မှ သင့်ကို အသုံးပြုခဲ့သည်၊ သို့သော် သူသည် သင့်ကို အသုံးပြုသောအခါ၊ သင်၏ အလုပ်ဖြစ်နိုင်သော အပိုင်းကိုသာ အသုံးပြုခဲ့ပြီး၊ သင်၏ အလုပ်မဖြစ်နိုင်သော အပိုင်းကိုမူ အသုံးမပြုခဲ့ချေ။ အကယ်၍ သင်သည် ပြောင်းလဲရန် ဖွေရှာပါက၊ သင်သည် အသုံးပြုခံရသည့် ဖြစ်စဉ်အတောအတွင်း တဖြည်းဖြည်းနှင့် ပြီးပြည့်စုံလင်စေခြင်း ခံခဲ့ရပေလိမ့်မည်။ သို့သော် သန့်ရှင်းသာ ဝိညာဉ်တော်မှာ အဆုံး၌ သင်သည် ရယူခြင်းခံရမည်၊ မခံရမည် ဆိုသည်အတွက် တာဝန်မယူပါ၊ ဤအရာသည် သင်လိုက်ခြင်း၏ နည်းဟန်အပေါ်တွင် မူတည်သည်။ သင်၏ ကိုယ်ပိုင် စိတ်သဘောထားအတွင်း မည်သည့် ပြောင်းလဲခြင်းမှ မရှိပါက၊ ဤသည်မှာ လိုက်ခြင်းအပေါ် ထားရှိသော သင်၏ ရှုထောင့်အမြင်သည် မှားယွင်းနေသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့် ဆုလာဘ်မှ အပ်နှင်းမခံရပါက၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ပြဿနာသာ ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် သင်ကိုယ်တိုင်သည် သမ္မာတရားအား လက်တွေ့ မကျင့်သုံးခဲ့သည့် အတွက်၊ ဘုရားသခင်၏ လိုအင် ကို ဖြည့်ဆည်းရန် မတတ်စွမ်းနိုင်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သင်ကိုယ်တိုင်၏ အတွေ့ကြုံများထက် မည်သည့်အရာကမျှ သာ၍ အရေးမကြီးချေ၊ သင်ကိုယ်တိုင်၏ ဝင်ရောက်မှုထက် မည်သည့်အရာကမျှ သာ၍ အရေးမပါချေ။ အဆုံးတွင် အချို့သော လူများသည် “အကျွန်ုပ်သည် ကိုယ်တော့်အတွက် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပါပြီ၊ တခမ်းတနား အောင်မြင်မှုတို့ မရှိကောင်း မရှိနိုင် သော်ငြားလည်း၊ အကျွန်ုပ် သည် အကျွန်ုပ်၏ အားထုတ်ခြင်း၌ လုံ့လစိုက်ခဲ့ပါ၏။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်ပေး၍ မရသလော” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့၊ ပြီးပြည့် စုံလင်စေခြင်း ခံရမည့် ထိုသူများသည် ပေတရုကဲ့သို့သော သူများပင် ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိကြသူများ ဖြစ်ကြသည်။ ယင်းကဲ့သို့သော လူများသာလျှင် ပြီးပြည့်စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ ကြည့်ပြီး၊ သင့်ကိုယ်ပိုင် အသက်တာ စိတ်သဘောထားကို ပြောင်းလဲရန် မရှာဖွေပါလျှင်၊ သင်၏ ကြိုး စားအားထုတ်မှု အားလုံးသည် အချည်းနှီး သက်သက်သာ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ ဤအရာမှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။

ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာများ၌ ကွဲပြားခြားနားမှုမှ အသက်အား မီအောင်လိုက်ခြင်း မရှိသော ထိုသူများ အားလုံးသည် အချည်းနှီးပင် ရုန်းကန်ကြသည် ဆိုခြင်းအား သင် နားလည်သင့်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားကို ပစ်ပယ်သင့် ပြီး၊ ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် ဖွေရှာရမည် ဖြစ်ကာ၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်လျက် နောက်ကိုလိုက်သော ကြောင့်၊ သင်သည် အရာခပ်သိမ်းကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှု များကို မလုပ်ဆောင်သင့်ပဲ၊ ဘုရားသခင်၏ လိုအင်အား ဖြည့်ဆည်းခြင်းကို သင်ပြီးမြောက် အောင်မြင်သင့် သည်။ သင်သည် ဖန်ဆင်းခြင်း ခံထားရသည့်အတွက်၊ သင့်အား ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့် သည်၊ အကြောင်းမှာ သင်သည် ပင်ကိုယ်အားဖြင့် မိမိအပေါ်မိမိ အုပ်စိုးခြင်း မရှိသောကြောင့် ဖြစ်ပြီး၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်ရန် တတ်စွမ်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်အား ယုံကြည် သော သူတစ်ယောက် ဖြစ်သည့်အတွက်၊ သင်သည် သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို သင်သည် စောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာအား ထိန်းသိမ်းသင့်ကာ၊ သင့်၏ တာဝန်ကို စည်းမကျော်ရပေ။ ဤသည်မှာ သင့်အား ကန့်သတ် ချုပ်ထိန်းရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ထားရန် မဟုတ်ပဲ၊ ဤသည် မှာ လမ်းကြောင်းဖြစ်ပြီး၊ ယင်းမှတစ်ဆင့် သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်ကာ၊ ဖြောင့်မတ်ခြင်းကို ပြုသော ထိုသူအားလုံးတို့မှ ပြီးမြောက် အောင်မြင်သင့်သည့်၊ ပြီးမြောက် အောင်မြင်နိုင်သည့် အရာဖြစ်သည်။ ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာများကို သင်သည် နှိုင်းယှဉ်ကြည့်ပါလျှင်၊ သင်သည် မည်ကဲ့သို့ ဖွေရှာ သင့်သည်ကို သိပေလိမ့်မည်။ ပေတရုနှင့် ပေါလုတို့ လျှောက်ခဲ့သော လမ်းကြောင်းများတွင်၊ တစ်ခုသည် စုံလင်စေခြင်းကို ခံရခြင်း၏ လမ်းကြောင်းဖြစ်ပြီး၊ တစ်ခုမှာ သုတ်သင်ပယ်ရှင်းခြင်း၏ လမ်းကြောင်း ဖြစ်သည်။ ပေတရုနှင့် ပေါလုသည် ကွဲပြားခြားနားသော လမ်းကြောင်းနှစ်ခုကို ကိုယ်စားပြုသည်။ အသီးသီး သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို လက်ခံရရှိခဲ့ပြီး၊ အသီးသီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို ရရှိခဲ့ကာ၊ အသီးသီးသည် သခင်ယေရှုမှ ၎င်းတို့ကို တာဝန်ပေး စေခိုင်းခဲ့သည့် အရာကို လက်ခံခဲ့သော်ငြားလည်း၊ တယောက်စီတွင် သီးလာသော အသီး မှာမူ မတူညီပေ။ တစ်ဦးသည် စစ်မှန်စွာ အသီးသီးပြီး၊ အခြားတစ်ဦးမှာမူ မသီးချေ။ ၎င်းတို့၏ အခြင်းအရာ များမှ၊ ၎င်းတို့မှ အပြင်ပန်းသဏ္ဍာန်အားဖြင့် ဖော်ပြခဲ့သည့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်နှင့်၊ ၎င်းတို့၏ နောက်ဆုံးနိဂုံးများမှ၊ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်ရမည်၊ မည်သည့် လမ်းကြောင်းကို သင် ရွေးချယ် လျှောက်လှမ်းရမည်ကို သင်နားလည်သင့်သည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြားနားသော လမ်း ကြောင်း နှစ်ခုကို လျှောက်ခဲ့ကြသည်။ ပေါလုနှင့် ပေတရုတို့သည် လမ်းကြောင်း အသီးသီး၏ စံနမူနာပင် ဖြစ်သည်၊ ထို့ကြောင့် အစအဦးကတည်းက ၎င်းတို့သည် ဤလမ်းကြောင်းနှစ်ခုအား ပုံဆောင်ပြရန် ရွေးထုတ် ခံရခြင်း ဖြစ်သည်။ ပေါလု အတွေ့အကြုံများ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ အဘယ့် ကြောင့် သူသည် မအောင်မြင်ခဲ့ရသနည်း။ ပေတရု အတွေ့အကြုံ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ သူသည် စုံလင်စေခြင်းကို အဘယ်သို့လျှင် တွေ့ကြုံခံစားခဲ့ရသနည်း။ ၎င်းတို့ အသီးသီး အလေးထားသည့် အရာကို သင်နှိုင်းယှဉ်ကြည့်လျှင်၊ ဘုရားသခင်သည် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး အတိအကျကို လိုအပ်တောင်းဆိုသည်ကို သင်သိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်သည် အဘယ်အရာ ဖြစ်သည်၊ ဘုရားသခင်၏ စိတ်နေသဘောထားသည် အဘယ်အရာ ဖြစ်သည်၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး သည် အဆုံးတွင် စုံလင်စေခြင်း ခံရမည်နှင့်၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် စုံလင်စေခြင်း မခံရမည် အပါအဝင်၊ စုံလင်စေခြင်း ခံရမည့် ထိုသူများ၏ စိတ်သဘောထားသည် အဘယ် အရာဖြစ်သည်နှင့် စုံလင်စေခြင်း မခံရမည့် ထိုသူများ၏ စိတ်သဘောထားသည် အဘယ်အရာ ဖြစ်သည် စသည့် ဤကိစ္စရပ်များ၏ အခြင်းအရာကို ပေတရုနှင့် ပေါလု၏ အတွေ့အကြုံများထဲတွင် မြင်တွေ့ နိုင်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေရန် ပြုပြီး၊ သူ၏ အုပ်စိုးမှုသို့ ဆက်ကပ်နာခံစေရန် ပြုသည်။ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ပြီး၊ ထို့အတွက် အရာခပ်သိမ်းသည်လည်း သူ၏ လက်ထဲတွင် ရှိသည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်များနှင့် မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက် ရမည် ဖြစ်သည်။ ၎င်းတို့တွင် မည်သည့် ရွေးချယ်မှုမျှ မရှိနိုင်ပဲ၊ သူ၏ စီစဉ်ညွှန်ကြားမှုများထံ အရာအားလုံး ဆက်ကပ်နာခံ ရမည်။ ဤသည်မှာ ဘုရားသခင်၏ အမိန့်တော်ပင် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာလည်း ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အရာခပ်သိမ်း အသီးသီးကို ၎င်းတို့ ၏ အမျိုးအစားနှင့်အညီ သတ်မှတ်ပြီး စီစဉ်တကျထားကာ အဆင့်အတန်း သတ်မှတ်ပေးသည်၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးသည်။ ယင်းသည် မည်မျှပင် ကြီးမြတ် နေပါစေ၊ မည်သည့်အရာကမျှ ဘုရားသခင်ထက် မသာလွန်နိုင်ပါ၊ အရာခပ်သိမ်းသည် ဘုရားသခင်မှ ဖန်ဆင်း ခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံရန် သို့မဟုတ် ဘုရားသခင်အား တောင်းဆိုမှုများ ပြုရန် မဝံ့ရဲကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်။ လူသည် အရာခပ်သိမ်း၏ အုပ်စိုးရှင် သို့မဟုတ် သခင်ဟူ၍ မည်သို့ပင် ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းတွင် လူ၏ အဆင့်အတန်းသည် မည်မျှပင် မြင့်မားနေ စေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားသတ္တဝါမျှသာ ရှိသေးပြီး၊ အရေး မပါသော လူသားသတ္တဝါ တစ်ဦးထက်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် ဘာမျှ မပိုပဲ၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်ကို ရောက်နိုင်လိမ့်မည် မဟုတ်။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေနှင့် လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းငှာ ဖွေရှာ သင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုလုပ်ပဲ ဘုရားသခင်အား ချစ်ခြင်းငှာ ဖွေရှာသင့်သည်၊ အကြောင်း မှာ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သောကြောင့် ဖြစ်သည်။ ဘုရားသခင်အား ချစ်ခြင်းငှာ ဖွေရှာသော ထိုသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူတို့၏ ပုဂ္ဂိုလ်ရေး တောင့်တ ချက်များကို မဖွေရှာသင့်ပေ။ ဤသည်မှာ လိုက်လျှောက်ခြင်း၏ အမှန်ကန်ဆုံးသော နည်းစနစ်ပင် ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပြီး၊ သင်လက်တွေ့ ကျင့်ဆောင်သော အရာသည်လည်း သမ္မာတရား ဖြစ်ကာ၊ သင်ရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းဖြစ်သည် ဆိုပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းပင် ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးများ ဖြစ်ပြီး၊ သင်လက်တွေ့ ကျင့်ဆောင်သော အရာသည် သင့်ကိုယ်ပိုင် အယူ အဆများ၏ အမှန်တရားသာ ဖြစ်လျှင်၊ သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်း ဘာမျှ မရှိလျှင်၊ သင်သည် ဇာတိပကတိထဲမှ ဘုရားသခင်အား လုံးဝ နာခံခြင်းမရှိလျှင်၊ သင်သည် မရေရာမှုအထဲ၌သာ နေထိုင် လျက် ရှိနေသေးလျှင်၊ သင်ဖွေရှာသော အရာသည် သင့်အား ငရဲသို့ ဧကန်မုချပင် ခေါ်သွားမည် ဖြစ်သည်၊ အကြောင်းမှာ သင်လျှောက်သော လမ်းကြောင်းသည် ရှုံးနိမ့်မှု၏ လမ်းကြောင်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည်၊ သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည် ဆိုသည်မှာ သင်ကိုယ်တိုင်၏ လိုက်လျှောက်ခြင်းအပေါ်တွင် မူတည်နေသည်၊ ပြောရမည်ဆိုလျှင် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်ပေသည်။

ယခင်က:ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ အရှင်သခင် ဖြစ်၏

နောက်တစ်ခုသို့:ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်

သင်နှစ်သက်နိုင်သည့် အရာများ