အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉၇။ နာကျင်ခံစားခြင်းများနှင့် စမ်းသပ်မှုများ— မျက်နှာသာပေးခံရခြင်း၏ကောင်းချီးမင်္ဂလာများ

ဝမ်ဂန်၊ ရှမ်ဒေါင်နယ်

ကျွန်တော်သည် တောရွာတွင်နေထိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏မိသားစုသည် ဆင်းရဲသည်။ ကျွန်တော်သည် ရှာလို့ရသမျှ ယာယီအလုပ်လေးတွေကို လုပ်ကိုင်ပြီး၊ အသက်မွေးဝမ်းကြောင်းပြုသည်။ ကိုယ်ခန္ဓာလုပ်အားနဲ့ ပိုမိုကောင်းမွန်သည့် ဘဝတစ်ခုကို ဖန်တီးနိုင်မည်ဟုကျွန်တော်ထင်ခဲ့သည်။ သို့သော် ခေတ်သစ်တရုတ်ပြည် လူ့အဖွဲ့အစည်းတွင် ကျွန်တော်ကဲ့သို့ ရွှေ့ပြောင်းလုပ်သားများ၏ တရားဝင် အခွင့်အရေးများအတွက် အာမခံချက်တွေကို ကျွန်တော်မတွေ့ခဲ့ပေ။ ကျွန်တော့် လုပ်ခတွေကို အကြောင်းပြချက် လုံးဝမရှိပဲ မကြာခဏဆိုသလို ထုတ်မပေးကြပါ။ ကျွန်တော်သည် အခြားလူများ၏ တစ်ကြိမ်ပြီး တစ်ကြိမ်လိမ်ညာ၊ အသုံးချအခွင့်အရေးယူမှုကို ခံခဲ့ရသည်။ တစ်နှစ်လောက်အလုပ်ကို ခက်ခက်ခဲခဲ လုပ်ပြီးချိန် တွင်ကျွန်တော်ရထိုက်သည့် အဖိုးအခကိုကျွန်တော်မရခဲ့ပါ။ ဤကမ္ဘာကြီးသည် တကယ်ပဲ မှောင်မိုက်ဖုံးလွှမ်းနေသည်ဟု ကျွန်တော်ခံစားခဲ့ရသည်။ လူသားတို့သည် တစ်ဦးကိုတစ်ဦး အင်အားများသူက အင်အားနည်းသူကို သတ်ဖြတ်စားသောက်တတ်သည့် တိရစ္ဆာန်များကဲ့သို့ ဆက်ဆံကြသည်။ တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်ကြသည်။ လက်ချင်းယှဉ်ပြီးတိုက်ခိုက်ကြသည်။ လူတို့သည် အသက်ရှင်နိုင်စွမ်းပင် မရှိနိုင်တော့ပေ။ ကျွန်တော သည် အလွန်အမင်းနာကျင်ကာစိတ်ဓါတ်ကျဆင်းနေပြီး ဘဝအပေါ် ယုံကြည်မှု ပျောက်ဆုံးနေချိန်တွင် ကျွန်တော့် သူငယ်ချင်း တစ်ယောက်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအကြောင်း သတင်းစကားကို ကျွန်တော့်ထံလာရောက် မျှဝေခဲ့သည်။ ထို့နောက်တွင် ကျွန်တော်၏ ညီအစ်ကိုမောင်နှမများနှင့် အတူပုံမှန်စုရုံး၊ ဆုတောင်းပြီး သမ္မာတရား အကြောင်း မိတ်သဟာယဖွဲ့ကာ၊ ဘုရားသခင်ကို ချီးမွမ်းသီချင်းတွေ ဆိုဖြစ်ခဲ့သည်။ ကျွန်တော်သည် အလွန်ပျော်ရွှင်ပြီး လွှတ်မြောက်မှုကို ခံစားခဲ့ရသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်ထဲတွင် ညီအစ်ကို မောင်နှမများသည် တစ်ဦးနှင့်တစ်ဦး သူသာကိုယ်သာ မရှိကြ၊ လူမှုရေးအဆင့်အတန်းခွဲခြားမှုတွေမရှိကြတာကို ကျွန်တော် တွေ့ခဲ့ရသည်။ သူတို့အားလုံးသည် ဖြူစင်စွာပွင့်လင်းမှုရှိကြပြီး၊ တစ်ဦးနှင့်တစ်ဦး သင့်မြတ်ကြသည်။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဦး အခက်အခဲတစ်ခုခုနှင့် ရင်ဆိုင်ရပြီဆိုလျှင် အခြားသူတွေအားလုံးက သူတို့ကို ချစ်ခြင်းမေတ္တာပြပြီး၊ သူတို့အချင်းချင်းတစ်ဦးကိုတစ်ဦး ကူညီကြသည်။ လူတိုင်း သည် သူတို့၏ပျက်ယွင်းနေသည့် အကျင့်စရိုက်တွေကို ဖယ်ထုတ်ဖို့၊ ကယ်တင်ခြင်းကိုရယူဖို့နှင့် စစ်မှန်သည့်လူသားတစ်ဦးပမာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် သမ္မာတရားကို လုံ့လစိုက် ရှာဖွေ ကြသည်။ ဤအသက်တာသည်ကျွန်တော့်ကို ပျော်ရွှင်မှုကို တွေ့ကြုံရဖို့၊ ဘဝ၏ အရေးပါမှုနှင့် တန်ဖိုးကို နားလည်ဖို့ အခွင့်ကိုပေးအပ်သည်။ ကျွန်တော်သည် ဘုရားသခင်ရှေ့မှောက်ကို လာရောက်ပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ စစ်မှန်သည့်ပျော်ရွှင်မှုကို ရလိမ့်မည်ဆိုသည်ကိုတွေ့မြင်ခဲ့သည်။ ကျွန်တော့်ကဲ့သို့ အမှောင်ထဲတွင် နေထိုင်နေသည့်သူတွေပိုပြီးတော့ ဘုရားသခင်၏ ကယ်တင်ခြင်းကိုရရှိပြီး ဘုရားသခင်ရှေ့ကို ရောက်ရှိလာနိုင်ကာ အလင်းကို တစ်ဖန်ပြန်တွေ့နိုင်စေဖို့အတွက် ဧဝံဂေလိ ဟောကြားပြီး ဘုရားသခင်အကြောင်း သက်သေခံနိုင်ဖို့အတွက် တာဝန်တွေကို ကျွန်တော်ယူခဲ့သည်။ သို့သော် မမျှော်လင့်ဘဲကျွန်တော်သည် ဧဝံဂေလိတရားဟောသည့်အတွက် CCP အစိုးရရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး၊ ဆိုးရွားစွာညှဥ်းပန်းနှိပ်စက်ခြင်းနှင့် ထောင်သွင်းအကျဉ်းချခြင်း ကိုခံစားခဲ့ရသည်။

အချိန်ကတော့ ၂၀ဝ၈ခုနှစ်ရဲ့ ဆောင်း၊ နေ့လည်အချိန်ဖြစ်သည်။ ကျွန်တော်နှင့် ညီအစ်မနှစ်ယောက်တို့သည် နောက်ဆုံးသောကာလရှိ ဘုရားသခင်၏အမှုတော်ကို ဧဝံဂေလိဆိုင်ရာသတ်မှတ်ချက်နှင့်အညီ သက်သေခံနေစဉ်တွင်မကောင်းသည့်လူများ၏ သတင်းပေးခြင်းကိုခံခဲ့ရသည်။ ရဲအရာရှိခြောက်ယောက်သည် ဧဝံဂေလိဟောကြားသည့် အိမ်ထဲကို ဝင်ရောက်ဖို့အတွက် ကျွန်တော်တို၏ နေထိုင်မှု ခွင့်ပြုချက်တွေကို စစ်ဆေးဖို့လိုအပ်သည်ဆိုသည့် အကြောင်းပြချက်ကို အသုံးပြုခဲ့သည်။ သူတို့ တံခါးကိုရောက်သည့်အခါ “မလှုပ်နဲ့” ဟု ကျယ်လောင်စွာအော်လိုက်သည်။ ရဲအရာရှိနှစ်ယောက်သည် ကျွန်တော့်အပေါ်ကို ခုန်အုပ်လိုက်သည့်ပုံသည် လုံးဝရူးသွပ် နေသည့်ပုံပင်ဖြစ်သည်။။ တစ်ယောက်က ကျွန်တော့်ရင်ဘက်ပေါ်က အဝတ်ကို ဆုပ်ကိုင်ပြီး၊ ကျန်တစ်ယောက်က ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်ကာ ကျွန်တော့်လက်အနောက်ပစ်လိုက်ဖို့အတွက် သူ့အင်အား အကုန်သုံးပစ်လိုက်သည်။ ပြီးတော့ သူက “မင်းတို့ဘာလုပ်နေတာလဲ။ မင်းနာမည်ဘယ်လိုခေါ်လဲ။ မင်းဘယ်ကလဲ။” ဟု ကြောက်မက်ဖွယ်ရာမေးသည်။ ကျွန်တော်ကလည်း “မင်းတို့ကဘယ်သူတွေလဲ။ ဘာလို့ငါ့ကိုဖမ်းတာလဲ။” ဟမေးလိုက်သည်။ ကျွန်တော်ပြောတာကိုကြားသည့်အခါတွင် သူတို့ အရမ်းစိတ်ဆိုးပြီး ရန်လိုစွာဖြင့် “ဘာအကြောင်းဖြစ် ဖြစ်အရေးမကြီးဘူး။ မင်းဟာတို့ လိုက်ရှာနေသည့်သူပဲ။ မင်းငါတို့နောက်လိုက်ရမယ်” ဟု ပြန်ပြောသည်။ အဲဒီနောက်မှာ ရဲအရာရှိတွေသည် ကျွန်တော်နှင့် ညီအစ်မနှစ်ယောက်ကို ခေါ်ပြီး ရဲကားပေါ် တွန်းတင်လိုက်ပြီးတော့ နယ်ခံရဲစခန်းတစ်ခုကို ခေါ်သွားသည်။

ရဲစခန်းကိုရောက်ပြီး နောက်မှာရဲအရာရှိသည် ကျွန်တော့်ကို အခန်းသေးလေးတစ်ခန်း ထဲမှာသော့ခတ် ထားလိုက်သည်။ သူတို့သည် ကျွန်တော့်ကို ကြမ်းပြင်ပေါ်မှာ ဝပ်နေဖို့ အမိန့်ပေးပြီး လူလေးယောက်ဝိုင်းကြည့်ဖို့ စီစဉ်ခဲ့သည်။ ကျွန်တော်သည် အချိန်အကြာကြီး ဆောင့်ကြောင့်ထိုင် နေရသည့်အတွက် ပင်ပန်းလာပြီး မခံစားနိုင်တော့ပေ။ ကျွန်တော်ထဖို့ ကြိုးစားလိုက်တာနဲ့ သူတို့သည် အမြန်လာပြီး၊ ကျွန်တော်မထနိုင်အောင် အပေါ်ကနေ ကျွန်တော့်ခေါင်းကို ဖိထားသည်။ ညအချိန်သူတို့ ကျွန်တော့်ကိုရှာဖွေဖို့အတွက် လာသည့် အချိန်မှသာ ကျွန်တော့်ကို ထဖို့ သူတို့ခွင့်ပြုခဲ့သည်။ သူတို့ ရှာ၍ဘာမှမတွေသည့်အခါ သူတို့ အကုန်ပြန်ထွက် သွားသည်။ သိပ်မကြာခင်တွင် ဘေးခန်းတံခါး၌ ညှဥ်းပန်းနှိပ်စက်ခံရ၍ တစ်စုံတစ်ယောက်ရဲ့ သွေးခဲသွားစေနိုင်သည့် အော်ဟစ်သံကိုကြားလိုက်ရသည်။ ထိုအချိန်တွင် ကျွန်တော် အရမ်းကြောက်လာခဲ့သည်။ သူတို့ ကျွန်တော့်အတွက် နောက်ထပ်ဘယ်လို ညှဥ်းပန်းနှိပ်စက်မှုပုံစံ အသုံးပြုမည်ဆိုသည်ကို ကျွန်တော်မသိပေ။ ကျွန်တော်သည် နှလုံးသားထဲမှာ ဘုရားသခင်ထံ အရေးတကြီး စတင် ဆုတောင်းလိုက်သည်။ “အိုးအနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်တော်အခုအရမ်းကြောက်နေပါသည်။ ကျွန်တော့်ကို ယုံကြည်ခြင်းနှင့် စွမ်းအင်ပေးဖို့၊ ကျွန်တော့်ကို ကြံ့ကြံ့နိုင်ဖို့နှင့် သတ္တိတို့ကိုပေးဖို့ တောင်းဆိုပါသည်။ ကျွန်တော် ကိုယ်တော်အတွက် သက်သေခံလိုသည်။ အကယ်၍ ဒ့် ရက်စက်လှသည့်နှိပ်စက်မှုကို ကျွန်တော်မခံနိုင်ဘူးဆို လျှင် ကိုယ်တော့ကို ယုဒသစ္စာဖောက်သလို သစ္စာဖောက်ရမှာထက် ကိုယ့်လျှာကိုယ်ကိုက်ပြီး သေကြောင်းကြံစီလိုက်လိုပါသည််။” ဆုတောင်းပြီးသည့်နောက်တွင် ဘုရားသခင်၏နှုတ်ကပါတ်တော် တွေကို ကျွန်တော်ပြန်စဉ်းစားမိသည်။ “မကြောက်နှင့်။ ဗိုလ်ခြေများ၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဟုတ်သည် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကျွန်တော်၏ အထောက်အမဖြစ်ပြီး သူသည်ကျွန်တော်နှင့်အတူရှိနေသည်။ အခြားဘာကိုကြောက်ရဦးမည်နည်း။ စာတန်ကို တိုက်ခိုက်ဖို့ ဘုရားသခင်အပေါ်မှာ ကျွန်တော်မှီခိုရပါမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်တော့် နှလုံးသားထဲက ကြောက်ရွံ့မှုတွေကို ဖယ်ရှားပစ်ပြီး၊ ကျွန်တော့်နှလုံးသားအတွက် လွတ်လပ်မှုကိုရရှိစေသည်။

ခဏအကြာတွင် သရဲမရဲစီးနေသည့် ရဲအရာရှိလေးယောက် ရောက်လာသည်။ သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို လက်ညှိုးထိုးပြီး “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သည့် မင်းတို့လိုလူတွေဟာ လူ့အသိုင်းအဝိုင်း ရဲ့ ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်နေပြီး၊ အမျိုးသားဥပဒေကို ဖျက်ဆီးနေတာ်။ မင်းတို့ဟာ တိုင်းပြည်ရဲ့ ရာဇဝတ်သားတွေပဲ” ဟု အော်ပြောသည်။ သူသည် ဤသို့အော်ပြောပြီး၊ ဒုတိယထပ် တွင် ရှိသည့် ညှဥ်းပန်းနှိပ်စက်သည့်အခန်းထဲကို ကျွန်တော့်ကိုတွန်းသွားပြီး ဆောင့်ကြောင့်ထိုင်ဖို့ အမိန့်ပေးသည်။ ညှဥ်းပန်းနှိပ်စက်သည့် အခန်း တွင် ကြိုး၊ သစ်သားတုတ်၊ နံပါတ်တုတ်၊ ကြာပွတ်၊ သေနတ်အစရှိသည့် ညှဥ်းပန်းနှိပ်စက်သည့် ကိရိယာအမျိုးမျိုးကို ထားရှိသည်။ ရှုပ်ပွနေအောင်ထားထားသည်။ မျက်မှောင်ကြီးကြုံ့ပြီး တောက်လောင်သည့် မျက်လုံးတွေနှင့် ရဲသားသည် လက်တစ်ဖက်နှင့် ကျွန်တော်၏ဆံပင်ကို ဆုပ်ကိုင်ပြီး အခြားတစ်ဖက်တွင် တဂျစ်ဂျစ်မြည်နေသည့် လျှပ်စစ်တုတ်တံကို ကိုင်ဆောင်ထားကာ သတင်းအချက်အလက်ရယူဖို့အတွက် ကျွန်တော့်အားခြိမ်းခြောက်သည်။ “မင်းတို့ဘုရားကျောင်းမှာ လူဘယ်နှစ်ယောက်ရှိလဲ။ မင်းတို့တွေ့တဲ့နေရာကဘယ်မှာလဲ။ ဘယ်သူကတာဝန်ခံလဲ။ ဒီနေရာမှာ ဧဝံဂေလိဟောတဲ့ သူဘယ်နှစ်ယောက်ရှိလဲ။ပြောစမ်း၊ မဟုတ်ရင် ဒါလာမယ်သိလား။” ဟုပြောသည်။ လျှပ်စစ်တုတ်၏ ကြောက်မက်ဖွယ်အန္တရာယ်ကို ကျွန်တော်ကြည့်လိုက်သည်။ ပြီးတော့ နှိပ်စက်သည့်ကိရိယာ တွေပြည့်နေသည့်အခန်းကို ကျွန်တော်ထပ်ကြည့်လိုက်သည်။ စိုးရွံ့ကြောက်လန့်မှုကို ကျွန်တော်မခံစားရပဲ မနေနိုင်ပါ။ ကျွန်တော် ဒီနှိပ်စက်မှုကို ဖြတ်သန်းနိုင်ပါ့မလားဆိုတာကို ကျွန်တော်မသိပါ။ ဒီလိုအရေးကြီးသည့်အချိန်မှာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြန်စဉ်းစားကြည့်မိသည်။“ငါသောက်သုံးခဲ့သည့် ခါးသောခွက်ကို သင်တို့လည်း သောက်သုံးရမည်ဖြစ်သည် (ဤသည်မှာ ရှင်ပြန်ထမြောက်ပြီးသည့်နောက် ပြောခဲ့ခြင်းဖြစ်သည်) ငါလျှောက်လှမ်းခဲ့သည့်လမ်းကို သင်တို့လည်း လျှောက်လှမ်းရမည်” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိလာသည့်အကြောင်း”) ဒါဟာ ဘုရားသခင်ကျွန်တော်တို့ကို ယုံကြည်ပေးအပ်သည့် အရာ ဖြစ်သည်။ ဘုရားသခင်က ကျွန်တော်အတွက် ကိုယ်တော်တိုင် တည်ဆောက်ပေးထားသည့်အသက်တာ၏ လမ်းဖြစ်သည်ဆိုသည်ကို ကျွန်တော်သတိပြုမိသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကိုလိုက်လျှောက်နေသည့် လမ်းပေါ်မှာ လမ်းလျှောက်သည့်အခါ တစ်စုံတစ်ယောက်သည် နာကျင်ခံစားခြင်းနှင့် စိတ်ရှုပ်ထွေးမှုကို တကယ်ပဲဖြတ်သန်းသွားရပါမည်။ ဒါဟာဘယ်လိုမှ သွေဖယ်၍မရပါ။ နောက်ဆုံးမှာတော့ ဒီအခက်အခဲ အားလုံးသည် ဘုရားသခင်ထံ က ကောင်းချီးမင်္ဂလာကို ယူဆောင်လာပါလိမ့်မည်။ နာကျင်ခံစားခြင်းအားဖြင့်သာ လူတွေသည် သမ္မာတရား၏စစ်မှန်သည့် အဓိပ္ပါယ်ကို ဖမ်းဆုပ်နိုင်ပြီး၊ ဘုရားသခင်ပေးအပ်သည့် သမ္မာတရားလမ်းကို ရယူနိုင်မည်ဖြစ်သည်။ ကျွန်တော်သည် ဘုရားသခင်၏ ခြေလှမ်းနောက်သို့ လိုက်လျှောက်ပြီး၊ ဤအရာကို သတ္တိရှိစွာ ရင်ဆိုင်သင့်သည်။ သိမ်ငယ် ခြင်း သို့မဟုတ် ကြောက်ရွံ့ ခြင်း မဖြစ်သင့်ပါ။ ဒါကိုစဉ်းစားမိသည့်အခါ ကျွန်တော့်နှလုံးသားသည် ချက်ချင်းပဲ စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး၊ အသံကျယ်ကြီးနှင့် “ငါအနန္တတန်ခိုးရှင်ဘုရားသခင်ကိုပဲ ယုံကြည်တယ်။ တခြားဘာမှမသိဘူး” ဟုပြန်ပြောလိုက်သည်။ ရဲကဒါကိုကြားတော့ မတည်မငြိမ်ဖြစ်ပြီး၊ ကျွန်တော့် ရင်ဘတ်၏ ဘယ်ဘက်ကို လျှပ်စစ်တုတ်နှင့် ကြမ်းကြမ်းထိုးပစ်လိုက်သည်။ သူသည် ကျွန်တော့်ကို တစ်မိနစ်လောက် လျှပ်စစ်နှင့်တို့ခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ်ထဲက သွေးတွေဆူပွက်သွားသလိုမျိုး ချက်ချင်း ခံစားလိုက်ရ သည်။ ကျွန်တော်သည် ခေါင်းကနေ ခြေထောက်အထိ ဒီနာကျင်မှုကိုမခံနိုင်၍ ကြမ်းပြင်ပေါ်မှာ ချက်ခြင်းပဲ အော်ဟစ်လူးလွန့်နေခဲ့သည်။ သူသည် ကျွန်တော့်ကို အရှုံးမပေးပဲ၊ ရုတ်တရတ်ကျွန်တော့်ကို ဒရွတ်တိုက်ဆွဲတင်ပြီး၊ တုတ်နှင့် ကျွန်တော့် မေးစိကို မတင်လိုက်ပြီး “ပြောစမ်း၊ ဘာကိုမှဝန်မခံဘူးလား။” ဟုအော်ပြောသည်။ အဲလိုအော်ပြောပြီး ကျွန်တော့်ရဲ့ ညာဘက်ရင်ဘတ်ကို လျှပ်စစ်တုတ်နှင့် ထိုးလိုက်သည်။ ကျွန်တော်သည် ဆိုးဆိုးရွားရွား ဓါတ်လိုက်ခြင်းခံရပြီး၊ ခေါင်းကနေ ခြေထောက် အထိ တုန်နေခဲ့သည်။ နောက်ဆုံးမှာ အလွန်အမင်းနာကျင်လွန်းသည့်အတွက် ကြမ်းပြင်ပေါ်မှာ မရွေ့နိုင်မလျားနိုင်ပဲ သတိမေ့သွားခဲ့သည်။ ဘယ်လောက်အချိန်ကြာသွားလဲ မသိပါ။ ကျွန်တော်ထလာတော့ ဆိုးရွားသည့်ရဲတစ်ယောက်က “မင်းသေချင်ယောင်ဆောင် နေတာလား။ မင်းဟန်ဆောင်နေတာမဟုတ်လား။ လုပ်စမ်း၊ ဟန်ဆောင်စမ်း” ဟု ပြောသံကိုကြားလိုက်ရသည်။ သူသည် နောက်တစ်ကြိမ်တုတ်နှင့် ကျွန်တော့်မျက်နှာကို ထိုးလိုက်ပြီး ပေါင်ကို ကန်သည်။ ပြီးတော့ အပေါ်ကနေ ဒရွတ်တိုက်ဆွဲတင်ပြီး “မင်းငါ့ကိုပြောစမ်း။” ဟု ကြမ်းတမ်းစွာမေးသည်။ ကျွန်တော်အဲဒီအချိန်ထိ ဘာမှမဖြေခဲ့ပါ။ အဲဒီနောက်သူသည် အညှာအတာကင်းမဲ့စွာ ကျွန်တော့်မျက်နှာကို လက်သီးနှင့်ထိုးသည်။ ကျွန်တော့် သွားတစ်ချောင်း ပြုတ်ထွက်သွားပြီး၊ တစ်ချောင်းကတော့နဲ့သွားသည်။ ကျွန်တော့်ပါးစပ် ချက်ချင်းပဲသွေး တွေစထွက်လာသည်။ ဒီလိုမကောင်းဆိုးဝါးတွေရဲ့ ရူးသွပ်သည့်နှိပ်စက်မှုကို ရင်ဆိုင်နေရချိန်မှာ ကျွန်တော်ရဲ့ တစ်ခုတည်းသော ကြောက်ရွံ့မှုကတော့ ဒီနှိပ်စက်မှုတွေကိုကျွန်တော်မခံနိုင်ပဲ ဘုရား သခင်ကို သစ္စာဖောက်မိ မှာကိုပဲဖြစ်သည်။ ထို့ကြောင့် နှလုံးသားထဲမှာ ဘုရားသခင်ကို အသည်းအသန် ဆုတောင်းမိသည်။ ဒီအချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ပြီးစဉ်းစားမိသည်။ “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း၊ ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု နည်းလွန်းခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားလာသည့်ကာလပတ်လုံး၊ မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ကျွန်တော့်ကို ယုံကြည်မှုနှင့် စွမ်းအင်ကိုထပ်မံ ပေးအပ်ခဲ့သည်။ ကျွန်တော့်ရှေ့ကဆိုးရွားသည့် ရဲအရာရှိများသည် ရူးသွပ်ပြီး ဇက်ကြိုးလွတ်နေသော်လည်း သူတို့ကို ဘုရားသခင်၏ လက်တော်နှင့် စီစဉ်ထားသည်ဆိုသည်ကို ကျွန်တော်သတိပြုမိသည်။ ထိုအချိန်ခဏတွင် ဘုရားသခင်သည် သူတို့ကို အသုံးပြုပြီး ကျွန်တော်၏ ယုံကြည်မှုကို စမ်းသပ်နေခြင်း ဖြစ်သည်။ ယုံကြည်မှုအပေါ်မှီခိုပြီး၊ ဘုရားသခင်အပေါ် မှီတွယ်ကာ သူတို့ကို အရှုံးမပေးသရွေ့ သူတို့သည် ရှက်ရွံ့လျှက် ကျရှုံးမှာ မလွဲမသွေပင် ဖြစ်သည်။ ဒါကိုစဉ်းစားမိသည့်အခါ ကျွန်တော်သည် ကိုယ်ခန္ဓာထဲမှာရှိသည့် အားတွေအကုန်လုံးကို စုစည်းလိုက်ပြီး “မင်းတို့ ငါ့ကို ဘာလို့ဒီကိုခေါ်လာတာလဲ။ ငါ့ကို လျှပ်စစ်တုတ်နဲ့ ဘာလို့ရိုက်တာလဲ။ ငါဘာပြစ်မှုကျူးလွန်ခဲ့လို့လဲ။” ဟုအသံကျယ်ကြီးနှင့် ပြန်ဖြေလိုက်သည်။ ရဲဆိုးကြီးသည် ချက်ချင်းပဲ မီးအလင်းရောင်ထဲက သမင်တစ်ကောင်လိုဖြစ်သွားပြီး စိတ်မသိုးမသန့်ဖြစ်သွားသည်။ သူစကားထစ်သွားပြီး “ငါ...ငါ...မင်းကိုငါဒီမခေါ်ခဲ့သင့်ဘူးလား။“ ဟု ပြောသည်။ အဲဒီနောက် သူတို့သည် ရှက်ရွံ့စွာဖြင့်ပြန်ထွက်သွားကြသည်။ စာတန်ပေးသည့် အကျပ်အတည်းတစ်ခုဖြစ်သည့် ဤီမကောင်းသည့် အခြေအနေကို ကြုံတွေ့ပြီးနောက်တွင် ကျွန်တော်သည် မျက်ရည်ကျစိတ်ထိခိုက်ခဲ့ရသည်။ ဤအခက်အခဲတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏စကားတော်တို့၏ စွမ်းအင်နှင့် အခွင့်အာဏာကို ကျွန်တော်အမှန်တကယ်ပဲ ကြုံတွေ့ခံစားခဲ့ရသည်။ ကျွန်တော်သည် ဘုရားသခင့် စကားတော်ကို လက်တွေ့ လုပ်ဆောင်သရွေ့၊ ကျွန်တော်သည် ဘုရားသခင့်စောင့်ရှောက်မှုနှင့် ကာကွယ်မှုကို ရရှိပြီး ဘုရားသခင်ရဲ့ လုပ်ရပ်တွေကို တွေ့မြင်ရမှာဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်သည် ယုံကြည်မှု အရမ်းနည်းခဲ့သည့်အတွက် ဘုရားသခင်အပေါ် အကြွေးရှိသည်ဟုခံစားခဲ့ရသည်။ ထို့နောက်တွင် အရပ်ရှည်ရှည် အရာရှိ တစ်ယောက် ဝင်လာပြီး၊ ကျွန်တော့်ထံလျှောက်လာကာ “မင်းမိသားစု ဘယ်မှာနေတယ်။ မိသားစုထဲမှာ လူဘယ်နှယောက်ရှိတယ် ဆိုတာကိုပဲပြောကွာ။ မင်းကို ငါတို့ချက်ခြင်းပြန်လွှတ်မယ်” ဟု ပြောသည်။ ကျွန်တော် ဘာမှပြန်မပြောတာကို သူတွေ့သည့်အခါ သူစိတ်တိုသွားပြီး ကျွန်တော့်လက်ကို ဆုပ်ကိုင်ကာ သူတို့ရေးထားသည့် နှုတ်ထွက်ခံဝန်ချက်ထဲမှာ ကျွန်တော့် လက်ဗွေရာကို အတင်းနှိပ်ခိုင်းသည်။ ဒီနှုတ်ထွက်ဝန်ခံချက်သည် ကျွန်တော်ပြောထားသည့် အရာမဟုတ်မှန်း၊ အတုအယောင်လုပ်ထားသည့် သက်သေအတုသာ ဖြစ်သည်ဆိုသည်ကို ကျွန်တော်တွေ့သည်။ ကျွန်တော်သည် ခံပြင်းသည့်စိတ်အပြည့်နှင့် အဲဒီစာကို ဆွဲကိုင်ကာ အပိုင်းအစဖြစ်အောင် ဆုပ်ဖြဲလိုက်သည်။ ရဲသားသည် ချက်ချင်းပဲ ဒေါသထွက်သွားပြီး ကျွန်တော့် မျက်နှာဘယ်ခြမ်းကို သူ့လက်သီးနှင့် ထိုးပစ်လိုက်သည်။ ပြီလျှင် မျက်နှာကို ကြမ်းတမ်းစွာဖြင့် နှစ်ချက် ရိုက်လိုက်သည့်အခါ ကျွန်တော် မူးဝေသွားသည်။ ထို့နောက်တွင် ကျွန်တော်အစကနေခဲ့သည့် အခန်းကျဉ်းထဲကို ကျွန်တော့်ကိုပြန်ခေါ်သွားသည်။

အခန်းကျဉ်းထဲကိုပြန်ရောက်ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ရောင်ကိုင်းပြီး ကျိုးပဲ့ကြေမွ နေပါတယ်။ နာကျင်မှုဟာ မခံမရပ်နိုင်အောင်ပါပဲ။ နှလုံးသားထဲမှာ နာကျင်မှုနဲ့ အားနည်းမှုကို မခံစားရမနေနိုင်အောင်ပါပဲ။ ယုံကြည်သူတွေဟာ ဘာလို့ဒီလိုခံစားရတာပါလဲ။ ကျွန်တော်ဟာ ဧဝံဂေလိကို မှန်ကန်တဲ့ စိတ်သဘောနဲ့ ဟောကြားခဲ့ပါတယ်။ လူတွေကို ကယ်တင်ရှင်ဟာ လာရောက်ခဲ့ပြီဖြစ်လို့ သူ့ထံအလျင်အမြန်လာကာ သမ္မာတရားကို ရှာဖွေဖို့ နဲ့ကယ်တင်ခြင်းခံ ရဖို့အတွက် လူတွေကိုပြသခဲ့ပါတယ်။ ဒါတောင်မှာ ကျွန်တော်ဟာ မမျှော်လင့်ပဲ ဒီညှဥ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရပါတယ်။ ဒါကို စဉ်းစားလိုက်တဲ့အချိန်မှာ ကျွန်တော်မှားယွင်းသွားခဲ့လို့ ကျွန်တော်ပို ခံစားခဲ့ရပါတယ်။ ကျွန်တော့်နာကျင်မှုထဲမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားခဲ့ပါတယ- “သင်သည် လူသားတစ်ဦး ဖြစ်သောကြောင့် သင့်ကိုယ်သင် ဘုရားသခင်အဖို့ အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံနိုင်ရည်ရှိသင့်သည်တကား။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘကဲ့သို့၊ ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာနှင့် အသက်ရှင်သင့်သည်။...သင်တို့သည် လမ်းကြောင်းမှန်ကို မီအောင်လိုက်နေသောလူများ၊ တိုးတက်မှုကို ရှာဖွေနေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းပြည်ထဲမှာ ထကြွလာသောလူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်သောသူများ ဖြစ်ကြသည်။ ထိုအရာမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာပင် မဟုတ်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၂)”) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ စကားတော်တွေဟာ ကျွန်တော့်နှလုံးသားရဲ့ ကြိုးမျှင်တွေကို ဆွဲငင်ခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဘုရားသခင်ဟာ သူ့ရဲ့ ရက်ရောလှတဲ့ အသက်တာရဲ့ စကားတော်တွေနဲ့ ကျွန်တော့်ကို ရေလောင်းပြီး ထောက်မခဲ့ပါတယ်။ သူဟာ ကျွန်တော့်ကို လွတ်မြောက်မှုအတွက် သူရဲ့ များပြားလှတဲ့ ကျေးဇူးတော်ကို မွေ့လျော်ခွင့်ပေးခဲ့ပြီး၊ အတိတ်ကာလကတည်းက မျိုးဆက်တွေ တစ်ဦးတစ်ယောက်မှ နားမလည်ခဲ့တဲ့ သမ္မာတရားနဲ့ လျို့ဝှက်ဆန်းကျယ်မှုကို သိရှိဖို့ အခွင့်ပေးခဲ့ ပါတယ်။ ဒါဟာ ဘုရားသခင်ကျွန်တော့်ကို ပေးအပ်တဲ့ အထူးကောင်းချီးမင်္ဂလာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဘုရားသခင်အတွက် သက်သေခံသင့်ပြီး ဘုရားသခင်အတွက် နာကျင်မှုအားလုံးကို သည်းခံသင့်ပါတယ်။ အကြောင်းကတော့ ဒါဟာ တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပါယ်အရှိဆုံးအရာမို့ပါပဲ။ ယနေ့ ကျွန်တော်ဟာ ဧဝံဂေလိဟောကြားတဲ့အတွက် ညှဥ်းပန်းနှိပ်စက်ခံရတဲ့အခါမှာ ကိုယ်ခန္ဓာနာကျင်မှုကို ခံစားဖို့စိတ်ဆန္ဒမရှိခဲ့ပါဘူး။ ဒါဟာမှားယွင်းတယ်၊ မဖြစ်ချင်ဘူးလို့ ခံစားမိခဲ့တယ်။ ဘုရားသခင်ထံမှာ ဒါကိုလုပ်ဆောင်ဖို့ ကျွန်တော် ငိုယိုတောင်းဆိုခဲ့တာမဟုတ်ပါလား။ အကောင်းအဆိုးခွဲခြားတဲ့ စိတ်ကင်းမဲ့မိတာ မဟုတ်ပါလား။ ဘုရားသခင်ရဲ့ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာနဲ့ အသက်တာအတွက် စီမံချက်တွေအတွက် ကျွန်တော်ဘယ်လိုလုပ်ထိုက်တန်ပါ့မလဲ။ သူတော်စင် အဆက်ဆက်ဟာ ဘုရားသခင်ရဲ့ လမ်းကို လိုက်လျှောက်ခဲ့ခြင်းကြောင့် သူတို့ဟာ ဘုရားသခင်အတွက် ခိုင်မာပြီး ကြီးမားတဲ့ သက်သေခံချက်တွေကို ပေးအပ်နိုင်ခဲ့ကြပါတယ်။ သူတို့ဟာ ဘဝကို အဓိပ္ပါယ်ရှိစွာ အသက်ရှင်ပါတယ်။ ယနေ့ကျွန်တော့်ထံမှာ ဘုရားသခင်ထံက ဒီစကားတွေ အားလုံးရှိပါတယ်။ ဒါကြောင့် ဘုရားသခင်အတွက် ပိုလှပတဲ့ သက်သေခံချက်တွေ မပေးသင့်ဘူးလား။ ဒါကိုစဉ်းစားမိတဲ့အခါ ကျွန်တော့်ကိုယ်ခန္ဓာဟာ နာကျင်မှုကို သိပ်မခံစားရတော့ပါဘူး။ ကျွန်တော် နက်ရှိုင်းစွာသိနေတာကတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ကျွန်တော့်ကို စွမ်းအားပေးသနားပြီး၊ အသွေးအသားရဲ့ အားနည်းချက်ကို ကျော်ဖြတ်နိုင်ဖို့ ခွင့်ပြု နေတယ်ဆိုတာပါ။

နောက်တစ်နေ့မှာတော့ ရဲတွေဟာ သူတို့ကြိုးစားဖို့ နည်းတွေမရှိတော့ပါဘူး။ “သူတို့ဟာကျွန်တော့်ကို မင်းဘာမှမပြောဘူးလား။ အဲဒါဆိုမင်းကိုထောင်ချပစ်မယ်။” လို့ခြိမ်းခြောက်ပြောဆိုပါတယ်။ ကျွန်တော် လက်မလျော့ဘူးဆိုတာကို သူတို့တွေ့တဲ့အခါ သူတို့ဟာ ကျွန်တော့်ကို ထိန်းသိမ်းရေးစခန်းကို ပို့ခဲ့ပါတယ်။ ထိန်းသိမ်းရေးစခန်းမှာ ရဲအရာရှိတွေဟာ ကျွန်တော့်ကို ညှဥ်းပန်းနှိပ်စက်နည်းအမျိုးမျိုးကို အသုံးချပြီး မကြာခဏဆိုသလို ထောင်သားတွေကို ကျွန်တော့်ကို ရိုက်နှက်စေဖို့ သွေးထိုးလေ့ရှိပါတယ်။ ဆောင်းရဲ့ ချမ်းအေးလှတဲ့ အအေးအောက်မှာ သူတို့ဟာ ထောင်သားတွေကို ကျွန်တော့်အပေါ် ရေအေးတွေပါတဲ့ ရေပုံးတွေလောင်းချစေပြီး ရေအေးနဲ့ အတင်းချိုးခိုင်းပါတယ်။ ကျွန်တော်ဟာ ခေါင်းကနေခြေဖျားအထိ တစ်ကိုယ်လုံး ချမ်းတုန်နေခဲ့ပါတယ်။ ဒီနေရာမှာ ထောင်သားတွေဟာ CCPအတွက် ပိုက်ဆံလုပ်ပေးတဲ့စက်တွေပဲဖြစ်ပြီး၊ သူတို့မှာ တရားဝင်အခွင့်အရေးဘာမှမရှိပါဘူး။ သူတို့မှာရွေးချယ်စရာမရှိပဲ၊ ကျွန်တွေပမာ ဖမ်းချုပ်ခံရခြင်းနဲ့ မတရားအမြတ်ထုတ်ခြင်းကို ခံကြရပါတယ်။ ထောင်အစောင့်တွေဟာ လူသေတွေအတွက် မီးရှို့ပူဇော်တဲ့ စက္ကူပိုက်ဆံတွေကို တစ်နေ့လုံးထုတ်ခိုင်းပြီး၊ ညပိုင်းမှာလည်း အချိန်ပိုလုပ်ခိုင်းပါတယ်။ နားဖို့အတွက်ကျွန်တော်ရပ်လိုက်တာနဲ့ တစ်ယောက်ယောက်ကလာပြီး ထုရိုက်တော့တာပါပဲ။ ပထမတော့ သူတို့က ကျွန်တော့်ကို တစ်နေ့ကို စက္ကူအရွက် ၂၀ဝ၀ ထုတ်ဖို့စည်းမျဉ်း သတ်မှတ်ပါ တယ်။ နောက်တော့ တစ်ရက်ကို ၂၈၀ဝ ရွက် ကိုတိုးလိုက်ပြီး၊ နောက်ဆုံးတော့ အရွက် ၃၀ဝ၀ အထိတိုးလိုက်ပါတယ်။ ဒီပမာဏဟာ ကျွန်တော့်လို အတွေ့အကြုံမရှိတဲ့ သူမဆိုထားနဲ့ အတွေ့အကြုံရှိတဲ့သူအတွက်တောင် မဖြစ်နိုင်ပါဘူး။ တကယ်တော့ သူတို့က ကျွန်တော်လုံးဝ မပြီးနိုင်အောင် တမင်လုပ်ခိုင်းတာဖြစ်ပြီး၊ ဒါမှသာ ကျွန်တော့်ကို နှိပ်စက်ဖို့ ထိခိုက်အောင်လုပ်ဖို့ ဆင်ခြေတွေရနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော့် အပိုင်းကို ကျွန်တော်ပြည့်မြောက်အောင် မလုပ်နိုင်သရွေ့ ရဲအရာရှိဆိုးတွေဟာ ကျွန်တော့် ခြေထောက်တစ်ဝိုက်မှာ ၅ကီလိုကျော်လေးတဲ့ ခြေကျဉ်းတွေကို ထားပြီး၊ ကျွန်တော့် လက်တွေနဲ့ ခြေထောက်တွေကို အတူတူ ချီခတ်ထားမှာဖြစ်ပါတယ်။ ကျွန်တော်လုပ်နိုင်တာကတော့ အဲဒီမှာ ခေါင်းအောက်ငုံ့၊ ခါးလိမ်ပြီး မလှုပ်မရှားထိုင်နေဖို့ပါပဲ။ အဲဒီထက်စက်ဆုပ်ဖွယ်ကောင်းတဲ့ အရာကတော့ ကျွန်တော့်ရဲ့ အခြေခံလိုအပ်ချက်များကို မေးမြန်းခြင်း သို့မဟုတ် ဂရုမစိုက်ခြင်း မရှိတဲ့ ရဲအရာရှိတွေရဲ့ လူမဆန်၊ ခံစားချက်ကင်းမဲ့တဲ့အချက်ပါပဲ။ အိမ်သာဟာ ထောင်ခန်းထဲမှာ သာရှိသော်လည်း ကျွန်တော်ဟာ အဲဒီအထိလမ်းလျှောက်ပြီး အသုံးမပြုနိုင်ပါဘူး။ ကျွန်တော်ထောင်အခန်းဖော်များကို ကျွန်တော့်ကို အိမ်သာကိုမခေါ်သွားဖို့သာ တောင်းပန်နိုင်ပါတယ်။ အဲဒါနဲ့သူတို့ဟာ ကျွန်တော့်ကို မချီသွားပေးပါမယ်။ အကယ်၍ ဘယ်သူမှ ကျွန်တော့်ကိုမကူညီရင်တော့ ကျွန်တော့် ဘောင်းဘီထဲမှာပဲ အပေါ့အလေးသွားလိုက်တာကလွဲလို့ အခြားရွေးချယ်စရာမရှိပါဘူး။ အနာကျင်ဆုံးအချိန်ကတော့ အစာစားချိန်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်လက်တွေနဲ့ ခြေတွေဟာ အတူတူ လက်ထိပ်ခတ်ခံထားရပါတယ်။ ကျွန်တော်ဟာ ခေါင်းလေးကို နည်းနည်းလေးသာငုံ့နိုင်ပီး၊ ကျွန်တော့်မှာရှိသမျှအားနဲ့ ခြေထောက်နဲ့ လက်တွေကိုမရပါတယ်။ ဒါဟာ မုန့်ပေါင်းကို ကျွန်တော့်ပါးစပ်ထဲကိုထည့်ဖို့တစ်ခုတည်းသောနည်းလမ်းပါပဲ။ တစ်ခါခါစားဖို့အတွက် စွမ်းအင်တွေ အများကြီးသုံးရပါတယ်။ လက်ထိပ်ဟာ ကျွန်တော့် လက်နဲ့ခြေထောက်ကို ပွတ်တိုက်လိုက်တိုင်း ပြောမမပြနိုင်တဲ့နာကျင်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ အချိန်ကြာလာတော့ ကျွန်တော့် လက်ဆစ်နဲ့ ခြေဆစ်တွေမှာ မည်းမှောင်ပြီး တောက်ပြောင်တဲ့ အသားမာတွေဖြစ်ပေါ်လာပါတော့တယ်။ တစ်ခါတစ်ရံမှာဆိုရင် ကျွန်တော့်ကို အခန်းသော့ပိတ်ထားချိန်မှာ ကျွန်တော်အစာမစားရပါဘူး။ ဖြစ်ခဲလှတဲ့ အခြေအနေမှာဆိုရင်တော့ ထောင်သားတွေဟာ ကျွန်တော့်ကို မုန့်ပေါင်းသေး သေးလေးနှစ်လုံးပေးတတ်ပါတယ်။ အများအားဖြင့်တော့ ကျွန်တော့် ဝေစုကို သူတို့စားလိုက်ကြပြီး၊ ကျွန်တော်ကတော့ ဗိုက်ဟောင်းလောင်းလေး နေရပါတော့တယ်။ ကျွန်တော်ဟာ ရေကိုပိုလို့တောင်မ သောက်ရပါဘူး။ ပုံမှန်အားဖြင့် လူတိုင်းကို တစ်ရက်ကို ရေနှစ်ခွက်သာပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အခန်းထဲပိတ်လှောင်ထားတဲ့အခါ ကျွန်တော်လှုပ်ရှားလို့မရပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ ရေကိုမသောက်ရတာများပါတယ်။ လူမဆန်တဲ့ ညှဥ်းပန်းနှိပ်စက်မှုကတော့ ပြောမပြနိုင် လောက်အောင်ပါပဲ။ စုစုပေါင်းအားဖြင့် ကျွန်တော်ဟာ ဒီလိုအခန်းပိတ်လှောင်ခံရ တာကိုလေးကြိမ် ရင်ဆိုင်ခဲ့ရပြီး၊ တစ်ကြိမ်ကို အနည်းဆုံးသုံးရက် ကနေအများဆုံး ရှစ်ရက်အထိ ပိတ်လှောင်ခံခဲ့ရပါတယ်။ အကြိမ်တိုင်းမှာ ဆာလောင်မှုဟာ သည်းခံနိုင်ဖို့ ခက်ခဲလှတဲ့အခါမှာ ယခင်က ဘုရားသခင်ပြောကြား ခဲ့တဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် ပြန်စဉ်းစားကြည့်ပါတယ်- “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်။” (မ ၄:၄) ဘုရားသခင်ဟာ စာတန်ပေးတဲ့ဒုက္ခဝေဒနာ မှတဆင့် “ကိုယ်တော်၏ နှုတ်ကပတ်တော်သည် လူ သား၏အသက်တာဖြစ်လာသည်”ဆိုတဲ့အချက်ကို ကျွန်တော့်အပေါ်မှာ ပြည့်စုံစေလိုတဲ့အကြောင်း ကျွန်တော် တဖြည်းဖြည်း စတင်သတိပြုမိလာပါတယ်။ ဘုရားသခင်ရဲ့ ဆန္ဒတော်ကို နားလည်သဘော ပေါက်ခြင်းအားဖြင့် ကျွန်တော့်နှလုံးသားဟာ လွတ်မြောက်မှုရလာပြီး၊ ဘုရားသခင်ကို ငြိမ်သက်ခြင်း နဲ့ဆုတောင်းကာ ဘုရားသခင့်စကားတော်များကို နားလည်အောင်ကြိုးစားခဲ့ပါတယ်။ သတိမပြုမိတဲ့ အချိန်မှာ ကျွန်တော်ဟာ နာကျင်မှုသို့မဟုတ် ဆာလောင်မှုကို သိပ်မခံစားရတော့ပါဘူး။ ဒါဟာ တကယ်ပဲကျွန်တော့်ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ သမ္မာတရား၊ လမ်းနဲ့ အသက်တာ ဖြစ်တယ်ဆိုတာနဲ့ အသက်ရှင်ရပ်တည်ဖို့အတွက် ကျွန်တော် မှီတွယ်သင့်တဲ့ အရင်းအမြစ်အမှန်တ ကယ်ဖြစ်တယ် ဆိုတယ်လို့ခံစားမိစေပါတယ်။ ဒါကြောင့် ဘုရားသခင်အပေါ် ကျွန်တော့်ရဲ့ ယုံကြည်မှုဟာ မသိလိုက်ပဲ တိုးပွားလာပါတော့တယ်။ တစ်ခါတော့ ထောင်စောင့်တွေဟာ ကျွန်တော့်ကို သက်သက်မဲ့ ညှဥ်းဆဲပြီး လက်ထိပ်ခတ်ခဲ့တာကို မှတ်မိပါတယ်။ သုံးရက်နဲ့ သုံးည ကျွန်တော်ရေတစ်စက်တောင် မသောက်ခဲ့ရပါဘူး။ ကျွန်တော့်ဘေးနားက လက်ထိပ်ခတ်ခံရတဲ့ အကျဉ်းသား ကျွန်တော့်ကို “လူငယ်တစ်ယောက် အရင်ကမင်းလိုပဲ လက်ထိပ်ခတ်ခံရပြီး၊ ငတ်သေသွားဖူးတယ်။ ခင်ဗျား ရက်အတော်ကြာကြာ အစာမစားရဖူးဆိုတာ ငါသိတယ်။ ဒါတောင်ခင်ဗျားက စိတ်ဓါတ်မြင့်မား နေတုန်း ပဲနော်။” ဟုပြောပါတယ်။ သူ့စကားတွေကိုကြားတော့ ကျွန်တော်ဟာ သုံးရက်နဲ့သုံးညဘာမှမစားခဲ့ မသောက်ခဲ့ရပေမဲ့ ဆာလောင်မှုမသက်တောင့်သက်သာမှုကို မခံစားခဲ့ရဖူးဆိုတာ စဉ်းစားလိုက်မိတယ်။ ဒါဟာကျွန်တော့်ကိုထောက်မပေးတဲ့ ဘုရားစကားတော်ထဲကအသက်တာရဲ့ စွမ်းအင်ဖြစ်ပြီး၊ ကိုယ်တော့်နှုတ်ကပတ်တော်ထဲမှာ ဘုရားသခင်ပေါ်လာတာကို အမှန်တကယ်တွေ့မြင်ရဖို့ ဖြစ်စေခဲ့ တယ်ဆိုတာကိုနက်ရှိုင်းစွာခံစားလိုက်ရပါတယ်။ ကျွန်တော့်နှလုံးသားဟာ ဆက်လက်ပြီး လှုပ်ရှား နေခဲ့ပါတယ်။ ဒီလို ခံစားနေရတဲ့ ပတ်ဝန်းကျင်ထဲမှာ ကျွန်တော်ဟာ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်။” ဆိုတဲ့ သမ္မာတရားရဲ့ မှန်ကန်မှုကို အမှန်တကယ်ပဲတွေ့ကြုံခဲ့နိုင်ပါပြီ။ ဒါဟာ ဘုရားသခင် ကျွန်တော့်ကိုပေးအပ်တဲ့ ဘဝရဲ့ အတန်ဖိုးရှိဆုံးကြွယ်ဝမှုအစစ်အမှန်ဖြစ်ပြီး၊ အများနဲ့မတူတဲ့ လက်ဆောင်လည်းဖြစ်ပါတယ်။ ဒါ့အပြင်အစားအစာ သို့မဟုတ် အဝတ်အစားအတွက် ပူပန်စရာမလိုတဲ့ ပတ်ဝန်းကျင်တစ်ခုမှာဆိုရင် ဒီအတွေ့အကြုံကို ကျွန်တော် ဘယ်တော့ မှရနိုင်မှာမဟုတ်ပါဘူး။ အခု ကျွန်တော့်ရဲ့ နာကျင်ခံစားမှုဟာ တကယ်ပဲ အဓိပ္ပါယ်နဲ့တန်ဖိုးရှိပါတယ်။ ဒီလိုအချိန်မှာ ဘုရားသခင့် နှုတ်ကပတ်တော်ကိုစဉ်းစားမကြည့်ပဲမနေနိုင်ပါဘူး- “သင်ယနေ့ အမွေခံရသော အရာများသည် ရှေးကတမန်တော်များ၊ ပရောဖက်များ အမွေခံရသည်ထက် ကျော်လွန်သည်သာမက၊ မောရှေနှင့် ပေတရုတို့ အမွေခံရသည်ထက်ပင်လည်း ပိုမိုသာလွန်ပေသည်။ ကောင်းချီးမင်္ဂလာများသည် နှစ်ရက်၊ သုံးရက်တည်းနှင့် လက်ခံနိုင်သော အရာမျိုး မဟုတ်ပေ၊ ၎င်းတို့အား များစွာသော ပေးဆပ်ခြင်းများအားဖြင့် လုပ်ကိုင်ရယူရမည် ဖြစ်သည်။ ဆိုလိုသည်မှာ သင်၌ စစ်ဆေးခြင်းခံရထားသော ချစ်ခြင်းမေတ္တာ၊ ကြီးမားသည့် ယုံကြည်ခြင်းနှင့် ဘုရားသခင်က သင့်အား ရရှိရန်တောင်းခံသည့် သမ္မာတရားများစွာတို့ ရှိရမည် ဖြစ်သည်၊ ထို့အပြင် တရားမျှတမှုအား သင်မျက်မှောက်ပြုနိုင်ရန် လိုအပ်သကဲ့သို့ သူရဲဘောကြောင်ခြင်းနှင့် အရှုံးပေးခြင်းတို့အား မည်သည့်အခါ၌မျှ လုပ်ဆောင်မှုမပြုရန် လိုအပ်သည့််အပြင် ဘုရားသခင်အပေါ်၌ အစဉ်ချစ်ခြင်းနှင့် မလျော့သောချစ်ခြင်း ရှိနေရန် လိုအပ်သည်။ တိကျပြတ်သားသည့် ဆုံးဖြတ်ချက်သင်၌ရှိရန် လိုအပ်သကဲ့သို့ အသက်တာ စိတ်နေသဘောထား ပြောင်းလဲရန်လည်း လိုအပ်ပေသည်၊ သင်၏ယိုယွင်းမှုအား ကုစားရန်လည်း လိုအပ်ကာ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု အားလုံးတို့အား စောဒကတက်ခြင်း မရှိဘဲ လက်သင့်ခံရန် လိုအပ်ပြီး၊ သေသည့် တိုင်အောင် ပင်လျှင် နာခံခြင်းရှိရန် လိုအပ်သည်။ ဤအရာသည် သင် အထမြောက်သင့်သည့် အရာဖြစ်သည်။ ယင်းသည် ဘုရားသခင်၏အမှု၏ နောက်ဆုံးသောရည်ရွယ်ချက်ဖြစ်ပြီး ဤလူစုထံမှ ဘုရားသခင် တောင်းဆိုသည့် အရာများလည်း ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော”) ဘုရားစကားတော် တွေကိုနားလည် အောင်ကြိုးစားရင်းနာကျင်ခံစားမှုနဲ့ စမ်းသပ်မှုတွေနောက်မှာ ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာ တွေလာမယ် ပြီးတော့ ဒါတွေဟာ ဘုရားသခင်ရဲ့ လက်တွေ့အကျဆုံး ကျွန်တော့် ဘဝအတွက် ထောက်မရေလောင်းပေးတာပဲ ဖြစ်တယ်ဆိုတာ သတိပြုမိလာပါတယ်။ အခု ကျွန်တော့်ကိုပေးအပ်ခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သူတော်စင် မျိုးဆက်တွေကိုထက်သာလွန်ပေမဲ့ ကျွန်တော်ဟာစမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခကာလအချိန်အတွင်းမှာ လဲမကျသွားဖို့အတွက် ယုံကြည်ခြင်းနဲ့ ဇွဲရှိဖို့၊ ဘုရားသခင်ရဲ့အစီအစဉ်အတွက် ပေးဆပ်ဖို့နဲ့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံဖို့အတွက် လိုအပ်နေပါသေးတယ်။ အဲဒီနောက်မှာ ကျွန်တော်ဟာ ဘုရားသခင့် နှုတ်ကပတ်တော်ရဲ့ မှန်ကန်မှုထဲကိုဝင်ရောက်နိုင်မှာ ဖြစ်ပြီး ဘုရားသခင်ရဲ့ အံ့ဖွယ်လုပ်ရပ်များကို တွေ့မြင်နိုင်တော့မှာဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်ဟာဒီခက်ခဲမှုအဖိုးအခသာမဟုတ်ခဲ့လျှင် ဘုရားသခင်ရဲ့ ကတိတော်များနဲ့ ကောင်းချီးမင်္ဂလာများကိုရယူဖို့ ထိုက်တန်မှာမဟုတ်ပါဘူး။ ဘုရားသခင့်နှုတ်ကပတ်တော်များရဲ့ ဉာဏ်အလင်းပေးမှုဟာ ကျွန်တော့်ကို စိတ်အတွင်းထဲမှာ ပိုမိုခိုင်မာလာစေဖို့နဲ့ အင်အားရှိလာစေဖို့ဦးဆောင်ခဲ့ပါတယ်။ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။ ဒီနာကျင်ခံစားမှုပတ်ဝန်းကျင်အလယ်မှာ ဘုရားသခင်ကျွန်တော့်အပေါ် လိုအပ်ချက်များကို ပြည့်စုံစေနိုင်ဖို့နဲ့ ဘုရားသခင်နဲ့တက်ကြွစွာပူးပေါင်းလုပ်ဆောင်ဖို့၊ အကြီးမားဆုံး ရိတ်သိမ်းမှုကိုကျွန်တော်ရနိုင်ဖို့အတွက် ဘုရားသခင်အတွက်သက်သေခံဖို့ပဲဖြစ်ပါတယ်။

တစ်လကြာတော့ CCP ရဲ တွေဟာ ကျွန်တော့်ကို အသိုင်းအဝိုင်းငြိမ်ဝပ်ပိပြားမှုကို နှောက်ယှက်ခြင်း၊ ဥပဒေအကောင်အထည်ဖော်မှုကို ဖျက်ဆီးခြင်းနှင့်ပတ်သက်ပြီး သံသယရှိဖွယ် ကောင်းတယ်ဆိုတဲ့ပြစ်မှုနဲ့ ဝရမ်းထုတ်ခြင်းခံရပြီး၊ အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ကျွန်တော်ဟာ အလုပ်ကြမ်းစခန်းကိုဝင်ခဲ့တဲ့အခါ ရဲအမှုထမ်းများက ထောင်သားများကြားမှာ ကောလဟာလ၊ မဟုတ်မမှန်သတင်း များကို ဖြန့်ခဲ့ပါတယ်။ ကျွန်တော်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ကိုယုံကြည်သူတစ်ဦးဖြစ်ပြီး ဒါဟာ လူသတ်သမား၊ ဓါးပြတို့ ထက်ဆိုးကြောင်းပြောခဲ့ကြပါတယ်။ ထောင်သားတွေကျွန်တော့်ကို နှိပ်စက် ဖို့ သွေးဆောင် ပြောကြားခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ မကြာခဏဆိုသလိုပဲ ရိုက်နှက်ခံရပြီး အကြောင်းမရှိပဲနဲ့ ထောင်သားတွေကြောင့် ခက်ခဲတဲ့ အခြေအနေတွေကိုကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေကြုံတွေ့ရတဲ့ အခါမှာ တရုတ်ပြည်ကြီးဟာ မကောင်းဆိုးဝါး စာတန်ခိုင်ခိုင်မာမာထိန်းချုပ်ထားတဲ့ သက်ရှိငရဲတစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော်မြင်တွေ့လာရပါတယ်။ တရုတ်ပြည်ကြီးဟာ အဖက်ဖက်မှာ မည်းမှောင်နေပြီး ထွက်ခွာဖို့ခွင့်ပြုတဲ့ အလင်းရောင်မရှိပါဘူး။ ဘုရားသခင်ကို ယုံကြည်သူများအတွက်နေထိုင်ဖို့ နေရာကိုမရှိပါဘူး။ နေ့ဖက်မှာ ရဲတွေဟာ ကျွန်တော့်ကို အလုပ်ရုံတစ်ခုမှာအလုပ်လုပ်ဖို့အတင်းစေခိုင်းပါတယ်။ အကယ်၍ကျွန်တော့်အပိုင်းကို မပြီးမြောက် နိုင်ရင် ထောင်ခန်းကိုပြန်ရောက်တဲ့အခါမှာ “မျောက်ကိုခြောက်ဖို့အတွက် ကြက်ကလေးကို သတ်စမ်း” လို့ ပြောပြီး ထောင်သားတွေကိုကျွန်တော့်ကိုရိုက်စေပါတယ်။ အလုပ်ရုံထဲမှာ အိတ်တွေကို ရေတွက်နေစဉ်မှာ ကျွန်တော်အိတ်၁၀ဝလို့ရေတွက်ပြီး အတူတကွစုချည်လိုက်ပါတယ်။ ထောင်သား တွေဟာ အမြဲတမ်းလိုလိုပဲ သက်သက်မဲ့လာပြီး ကျွန်တော်ရေတွက်ပြီးသားထဲက တစ်အိတ်ဒါမှမဟုတ် အိတ်တစ်ချို့ကိုယူသွားပြီးတော့ ကျွန်တော်မှန်မှန်ကန်ကန်မရေတွက်ဘူးလို့ ပြောလေ့ရှိတယ်။ ကျွန်တော့်ကိုထိုးဖို့ ကန်ဖို့အတွက် ဒါကိုအခွင့်အရေးလို့သဘောထားကြပါတယ်။ ထောင်မှူး ကကျွန်တော်အရိုက်ခံရတာကိုတွေ့ရင် ကျွန်တော့်ဆီလာပြီး ရွဲ့ကာမဲ့ကာ နဲ့ ဘာဖြစ်နေ တာလဲလို့မေးပါလိမ့်မယ်။ ထောင်သားတွေက ကျွန်တော်အိတ်ကိုမှန်မှန်မရေတွက်ကြောင်း အထောက်အထားအမှားတွေကို ပြသကြပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ထောင်မှူးရဲ့ ခက်ထန်တဲ့ဝေဖန်မှုကို ခံရပါတော့တယ်။ ဒါ့အပြင် သူတို့ဟာ ကျွန်တော့်ကို နံနက်တိုင်း “ပြုမှုနေထိုင်မှုစည်းမျဉ်း” တွေကို အလွတ်မှတ်ခိုင်းပါတယ်။ အကယ်လို့ ကျွန်တော်မမှတ်နိုင်ဘူးဆိုရင် ကျွန်တော်အရိုက်ခံရပါတယ်။ သူတို့ဟာ ကျွန်တော့်ကို ကော်မြူနစ်ပါတီကိုချီးမွမ်းတဲ့ သီချင်းတွေကို အတင်းဆိုခိုင်းပါသေးတယ်။ အကယ်၍ ကျွန်တော်မဆိုဘူး သို့မဟုတ် ကျွန်တော့်နှုတ်ခမ်း တွေမလှုပ်ရှားဖူးဆိုတာကိုသူတို့တွေ့ရင် အဲဒီညမှာ ကျွန်တော့်မလွဲမသေအရိုက်ခံရတော့တာပါပဲ။ သူတို့ဟာ ကျွန်တော့်ကို တံမြတ်စည်းလှည်းခိုင်းပြီး အပြစ်ပေးတတ်ပါသေးတယ်။ အကယ်၍ သူတို့စိတ်တိုင်းကျတဲ့အထိကျွန်တော်မလှဲနိုင်ဘူးဆိုရင် ကျွန်တော်ဟာ ကြမ်းကြမ်းတမ်း တမ်းအရိုက်ခံရပါသေးတယ်။ တစ်ကြိမ်မှာတော့ထောင်သားတွေဟာ ရုတ်တရက် ကျွန်တော့်ကို စတင်ရိုက်ပြီး ကန်ကြောက်ခဲ့ကြတယ်။ ရိုက်ပြီးတဲ့အခါမှာ ကျွန်တော့်ကိုသူတို့ကမေးပါတယ်။ “လူငယ်လေး မင်းဘာလို့အရိုက်ခံရတယ်ဆိုတာသိလား။ ဘာလို့လဲဆိုတော့ထောင်မှူးလာတဲ့အခါမှာ မတ်တပ်ရပ်ပြီး မကြိုလို့ပဲ” လို့ပြောပါတယ်။ ကျွန်တော်ဟာအရိုက်ခံရတဲ့အကြိမ်တိုင်းမှာ စိတ်တိုလာ ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘာမှမပြောရဲပါဘူး။ ကျွန်တော်ငိုပြီးတိုးတိတ်စွာ ဘုရားသခင်ထံဆုတောင်းပြီး ဒီလိုဥပဒေမဲ့ တရားမဲ့တဲ့နေရာကြောင့်ကျွန်တော့်နှလုံးသားထဲမှာ နာကျင်မှုနဲ့ ဝမ်းနည်းမှုနဲပတ်သက်လို့သူ့ကိုပြောပြပါတယ်။ ဒီမှာတရားမျှတမှုဆိုတာမရှိပါဘူး။ အကြမ်းဖက်မှုတွေပဲရှိပါတယ်။ ဒီမှာလူတွေမရှိပါဘူး။ ရူးသွပ်နေတဲ့မကောင်းဆိုးဝါးတွေနဲ့ ကင်းမြီးကောက်တွေပဲရှိပါတယ်။ ကျွန်တာ်ဟာနေ့စဉ်နဲ့အမျှ ဒီဒုက္ခကြီးထဲမှာနေထိုင်ရတဲ့ နာကျင်မှုနဲ့ ဖိအားကိုအလွန်ခံစားခဲ့ရပါတယ်။ ကျွန်တော်ဒီမှာတစ်မိနစ်လောက်တောင်မှ နေလိုစိတ်မရှိပါဘူး။ အားနည်းမှုနဲ့နာကျင်မှုအခြေအနေကိုကျွန်တော် ရောက်ရှိတဲ့အချိန်တိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့စကားတော်တွေကိုကျွန်တော်စဉ်းစားပါတယ်- “သင်တို့အား ပေးသနားသော ကောင်းချီးများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားသော ကတိများကို သင်တို့ ရှာကြဖူး သလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင်ထု စွမ်းအားများ၏ လည်ညှစ်ခြင်းကို ဧကန် ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့သည် အမှန်ပင် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ သခင် အမှန်ပင် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်နိုင်သူတစ်ယောက် အမှန်ပင် ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်ခြင်းအား သက်သေခံရန် မြောက်မြား လှစွာသော လူအုပ်ကြီး၏ အလယ်တွင် မတ်မတ်ရပ်နေလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန်ရှိကြလိမ့်မည်။ သင်တို့ ကျော်ဖြတ်ရသော ဝေဒနာများမှတစ်ဆင့်၊ ငါ့ထံမှ လာသော ကောင်းချီးများကို သင်တို့ အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ သင်တို့သည် စကြဝဠာ တစ်ဝှမ်းလုံးတွင် ငါ၏ ဘုန်းတော်ကို အမှန်ပင် တောက်ပစေကြလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၉” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ဘုရားသခင့်စကားတော်တွေဟာ ကျွန်တော့်ကို အားပေးခဲ့ပါတယ်။ ဘုရားသခင်ဟာကျွန်တော့်ကို ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာတွေ သို့ဟုတ် စမ်းသပ်မှုနဲ့ စစ်ဆေးခြင်း ဘာပဲပေးပေး ဒါဟာ ကျွန်တော့်ကို ထောက်မဖို့နဲ့ ကယ်တင်ဖို့ အတွက်အားလုံးဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်ထဲမှာ သမ္မာတရားကို ထည့်သွင်းဖို့နဲ့ သမ္မာတရားဟာ ကျွန်တော့်အသက်တာဖြစ်အောင်လုပ်ဖို့ ပဲဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကျွန်တော့်အပေါ်မှာ ညှဥ်းပမ်းနှိပ်စက်မှုနဲ့ ဆင်းရဲဒုက္ခကျရောက်ဖို့အခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်ဟာ ကိုယ်ခန္ဓာပိုင်းမှာ တော်တော်နာကျင်ခံစားခဲ့ရပေမဲ့ ဒါဟာ ဘုရားသခင်ဟာ ကျွန်တော်နဲ့ရှိနေတယ်ဆိုတာကို အမှန်တကယ်တွေ့ကြုံရစေဖို့ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ ဘုရားနှုတ်ကပတ်တော်ဟာ ကျွန်တော့်ဘဝရဲ့ အစားအစာဖြစ်လာစေဖို့နဲ့ ကျွန်တော့်ခြေအတွက်ဆီမီးအိမ်၊ ကျွန်တော့် လမ်းအတွက် အလင်းရောင်ဖြစ်လာစေ ဖို့ဘုရားသခင့် နှုတ်ကပတ်တော်တွေကိုစစ်မှန်စွာ နားလည်စေဖို့ဖြစ်ပေါ်စေပြီး၊ ဒီနက်မှောင်တဲ့ ငရဲတွင်းထဲမှာ ကျွန်တော့်ကို တစ်လှမ်းပြီး တစ်လှမ်းလမ်းပြပေးနေပါတယ်။ နှိပ်စက်ညှဥ်းဆဲခြင်းနဲ့ ဆင်းရဲဒုက္ခေ ရာက်ချိန်မှာ ဒါဟာ ကျွန်တော်မွေ့လျော်ပျော်ရွှင်ပြီး၊ ရရှိခဲ့တဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကာကွယ်မှုပဲဖြစ်ပါတယ်။ အဲဒီအချိန်မှ ကျွန်တော်ဟာ တစ်ချိန်ကအလွန်ပဲ မျက်စိကန်းခဲ့ တယ်ဆိုတာကိုတွေ့မြင်ခဲ့ပါတယ်။ ဘုရားသခင်ကိုယုံကြည်ခြင်းမှာ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ဘယ်လိုပျော်မွေ့ရမလဲဆိုတာကိုပဲသိရှိခဲ့ပြီး၊ သမ္မာတရားနဲ့ အသက်တာကို ပမာဏနည်းနည်းလေးတောင်မှာ လိုက်လံမရှာဖွေခဲ့ပါဘူး။ ကျွန်တော့်အသွေးအသားတွေဟာ အခက်အခဲလေးနည်းနည်းတွေ့လိုက်တာနဲ့ ကျွန်တော်အဆက်မပြတ်ငြီးငြူတော့တာပါပဲ။ ကျွန်တော်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့ ဆန္ဒတော်ကိုနားမလည်ခဲ့ပါဘူး။ ဘုရားသခင်ရဲ့ အလုပ်ကိုနားလည်ဖို့မရှာဖွေခဲ့ပါဘူး။ ဘုရားသခင်ကျွန်တော့်ကြောင့် ဝမ်းနည်းနာကျင်မှုကိုပဲဖြစ် ပေါ်စေခဲ့ပါတယ်။ ကျွန်တော်အမှန်တကယ်ပဲ သတိမူမိခြင်းမရှိခဲ့ပါဘူး။ နောင်တသံဝေဂနဲ့ မိမိကိုယ်ကိုအပြစ်တင်မှုကိုခံစားရတဲ့အခါ ကျွန်တော်ဟာ ဘုရားသခင်ထံမှာ တိတ်ဆိတ်စွာ ဆုတောင်းခဲ့ပါတယ်။ “အိုးအနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်လုပ်ဆောင်တဲ့ အရာတိုင်းဟာ ကျွန်တော့်ကိုကယ်တင်ဖို့နဲ့ ရယူဖို့ဖြစ်တယ်ဆိုတယ်ကျွန်တော်သိပါတယ်။ ကျွန်တော်ဟာ အလွန်ပဲပုန်ကန်တတ်ခြင်း၊ မျက်စိကန်းခြင်းနဲ့ လူသားမဆန်မိတဲ့အတွက် သာမုန်းတီးမိပါတယ်။ ကျွန်တော်ဟာ ကိုယ်တော့်ကို အမြဲတမ်း မှားယွင်းနားလည်ခဲ့မိပြီး ကိုယ်တော့် ဆန္ဒကို မစဉ်းစားမိခဲ့ပါဘူး။ အိုးဘုရားသခင်၊ ယနေ့ ကိုယ်တော့်စကားတော်ဟာ ကျွန်တော့်ရဲ့ ထုံနေတဲ့နှလုံးသားနဲ့ ဝိညာဉ်ကိုနိုးထစေခဲ့ပြီး ကိုယ်တော့်ဆန္ဒတော်ကို နားလည်စေဖို့ခွင့်ပြုခဲ့ပါပြီ။ ကျွန်တော့်ကိုယ်ပိုင်ဆန္ဒများနဲ့ လိုအပ်ချက်များရှိဖို့ စိတ်ဆန္ဒမရှိတော့ပါဘူး။ ကိုယ်တော့် အစီအစဉ်အောက်မှာသာ မိမိကိုယ်ကိုအပ်နှံလိုပါတယ်။ အခက်အခဲအားလုံးကိုကျွန် တော်ခံစားရသည့်တိုင်အောင် ကျွန်တော်ကိုယ်တော်နဲ့အတူ စွမ်းစွမ်းတမံပူးပေါင်းပြီး စာတန်ရဲ့ နှိပ်စက်မှုများထဲမှာ ကောင်းမွန်တဲ့သက်သေကိုဆောင်ပါတော့မယ်။ စာတန်ရဲ့ လွှမ်းမိုးမှုမှ ချိုးဖျက်ဖို့ကြိုးစားပြီး၊ ကိုယ်တော့်ကိုစိတ်ကျေနပ်နိုင်စေဖို့အတွက် လူသားအစစ်အမှန်ပုံနှယ် နေထိုင်ပါ တော့မယ်။” လို့ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော်နားလည်ခဲ့ပါတယ်။ ဘုရားသခင်ကျွန်တော့်ကို ခွင့်ပြုနေထိုင်စေခဲ့တဲ့ ပတ်ဝန်းကျင်တစ်ခုစီ ဟာ ကျွန်တော့်အတွက် ဘုရားသခင်ရဲ့ အကြီးမားဆုံးချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းကို တွေ့ကြုံဖို့ခွင့်ပေးခဲ့ကြောင်းသိရှိခဲ့ပါတယ်။ ဒါကြောင့် သူရဲဘောကြောင်ဖို့ ဒါမှမဟုတ် ဘုရားသခင်ကို မှားယွင်းနားလည်ဖို့အတွက် ကျွန်တော်ထပ်ပြီးမစဉ်းစားတော့ပါဘူး။ အခြေအနေကတော့ ဆက်လက်ပြီး ဒီအတိုင်းဖြစ်နေပေမဲ့ ကျွန်တော့်နှလုံးသားဟာ တကယ်ပဲ ပျော်ရွှင်မှုနဲ့ကြည်နူး မှုတွေနဲ့ပြည့်နေပါတယ်။ ဘုရားသခင်အပေါ်ကျွန်တော့်ရဲ့ယုံကြည်မှုအတွက် အခက်အခဲများနဲ့ ညှဥ်းပန်းနှိပ်စက်မှုခံရခြင်းဟာ ဂုဏ်ယူစရာဖြစ်တယ်လို့ ကျွန်တော်ခံစားခဲ့ရပါတယ်။ ဒါဟာ ပျက်စီး နေတဲ့သူတစ်ဦးဖြစ်တဲ့ကျွန်တော့်အတွက် တမူထူးခြားတဲ့လက်ဆောင်တစ်ခုပါပဲ။ ဒါဟာ ဘုရားသခင်ရဲ့ ထူးခြားတဲ့ ကောင်းခြင်းမင်္ဂလာနဲ့ ကျေးဇူးတော် ပဲဖြစ်ပါတယ်။

ထောင်ထဲမှာ တစ်နှစ်တာအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ကျွန်တော်ဟာ သေးငယ်တဲ့ အရာတစ်ခုဖြစ်ပြီး သမ္မာတရား အလွန်ကင်းမဲ့တယ်ဆိုတာကို တွေ့မြင်ခဲ့တယ်။ အနန္တတန်ခိုးရှင်ဘု ရားသခင်ဟာ ဒီလိုတမူထူးတဲ့ပတ်ဝန်းကျင်အားဖြင့် ကျွန်တော့်အားနည်းချက်တွေ ကိုအမှန်တကယ်ပဲ ပြုပြင်ခဲ့ပြီး ကျွန်တော့်ကို ကြီးထွားစေခဲ့ပါတယ်။ ကျွန်တော့်ရဲ့အခက်အခဲထဲမှာဘဝရဲ့ တန်ဖိုးအရှိဆုံး ကြွယ်ဝမှုကိုကျွန်တော့်ကိုရရှိစေခဲ့ပြီး၊ ယခင်ကကျွန်တော်နားမလည်ခဲ့တဲ့ သမ္မာတရားများစွာ ကိုနားလည်ဖို့ နဲ့ခရစ်ယာန်တွေကို ညှဥ်းပမ်းနှိပ်စက်ပြီး၊ ဘုရားသခင်ကို နှိပ်စက်နေတဲ့ CCPရဲ့ ပြစ်မှုများကို ရှင်းလင်းစွာတွေ့မြင်ခဲ့ရပါတယ်။ မကောင်းဆိုးဝါးစာတန်ရဲ့ အော့နလုံးနာဖွယ် ပုံပန်းကိုသတိပြုမိခဲ့ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ သူရဲ့ တုံ့ပြန်တတ်တဲ့ အနှစ်သာရ ကိုတွေ့မြင်ခဲ့ရပါတယ်။ ပျက်စီးယိုယွင်းနေတဲ့ လူသားတစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကြီးမားတဲ့ကယ်တင်ခြင်းနဲ့သနားကရုဏာကို ကျွန်တော် တကယ်ပဲ ကြုံတွေ့စေခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲကတန်ခိုးတော်နဲ့ အသက်တာဟာ ကျွန်တော့်ကိုအလင်းတွေယူဆောင်လာပြီး ကျွန်တော့်ဘဝကိုဖြစ်ပေါ်လာစေကာ စာတန်ကိုအောင်မြင်နိုင်စေဖို့နဲ့ သေခြင်းရဲ့ ချိုင့်ဝှမ်းအတွင်းမှ လျှောက်လှမ်းနိုင်ဖို့အတွက် လမ်းပြပေးမှုကိုခံစားမိခဲ့ပါတယ်။ ဒီလိုပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကျွန်တော့်ကို ဘဝရဲ့ မှန်ကန်တဲ့လမ်းပေါ်မှာလမ်းပြခဲ့တယ်ဆိုတာကိုလည်းကျွန်တော်သတိပြုမိခဲ့ပါတယ်။ ဒါဟာ သမ္မာတရားနဲ့ဘဝကို ရယူနိုင်ရန် တောက်ပတဲ့လမ်းတစ်ခုပါပဲ။ အခုမှစပြီးတော့ ဘယ်လို ညှဥ်းပမ်းနှိပ်စက်မှု၊ ဆင်းရဲဒုက္ခ သို့မဟုတ် သွေးဆောင်ဖျားယောင်းမှုအန္တရာယ်ကို ကျွန်တော်တွေ့ကြုံရမည်ဖြစ်စေ ကျွန်တော်ဟာ သမ္မာတရားကို လိုက်လျှောက်ဖို့နဲ့ ကျွန်တော့်ကို အနန္တတန်ခိုးရှင်ဘုရားသခင်ပေးထားတဲ့ ထာဝရအသက်ရဲ့ လမ်းကိုရယူဖို့အတွက် စိတ်ဆန္ဒရှိပါတယ်။

ယခင်က:ဘဝ၏ကြွယ်ဝချမ်းသာမှုများ

နောက်တစ်ခုသို့:တဖန်မွေးဖွားခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ