အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉၆။ ဘေးအန္တရာယ်ဆိုးများအကြားမှ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မြည်းစမ်းခြင်း

ဂျီဂျန်ပြည်နယ် မှ ချန်းလူရေးသားသည်

ကျွန်မသည် ကျေးရွာတစ်ရွာတွင် ၁၉၈၀ ခုနှစ်ဝန်းကျင်၌ မွေးဖွားခဲ့ ပါသည်။ ကျွန်မတို့ မျိုးရိုးစဉ်ဆက် တောင်သူလယ်သမားမိသားစု ဖြစ်ခဲ့သည်။ ကျွန်မသည် ကောလိပ်စာမေးပွဲ ဖြေဆိုနိုင်ကာ၊ ကျေးရွာဒေသ၏ ဆင်းရဲသော၊ နောက်ပြန်ဆွဲနေသော ဘဝမှ လွတ်မြောက်နိုင်ရန် စာပေများကို ခြေစုံပစ် လေ့လာခဲ့ပါသည်။ ကျွန်မအထက်တန်းကျောင်းတက်ရောက်စဉ်က၊ အနောက်တိုင်းအနုပညာ၏ သမိုင်းကြောင်းကို တွေ့ထိခဲ့ရပြီးလျှင်၊ “ကမ္ဘာ ဦးကျမ်း”၊ “ဧဒင်ဥယျာဉ်” နှင့် “နောက်ဆုံးညစာ” စသည့် လှပသော ပန်းချီများစွာကို တွေ့မြင်ရချိန်တွင်မှသာလျှင် စကြဝဠာထဲ၌ အရာအားလုံးကို ဖန်ဆင်းတော်မူသည့် ဘုရားသခင် တည်ရှိကြောင်းကို သတိပြုမိခဲ့ပါသည်။ ကျွန်မ၏ နှလုံးသားသည် ဘုရားသခင်ကို ကြည်ညိုလေးမြတ်ခြင်းများဖြင့် အလိုအလျောက် ပြည့်ဝလာခဲ့ပါသည်။ ကျွန်မသည် ကောလိပ်မှ ဘွဲ့ရပြီးနောက်တွင်၊ ကောင်းမွန်သည့် အလုပ်တစ်ခုကို အလွယ်တကူ ရရှိခဲ့ပါသည်။ ထို့နောက်တွင် ဘဝလက်တွဲဖော်ကောင်းတစ်ယောက်ကိုလည်း တွေ့ရှိခဲ့ပါသည်။ ကျွန်မသည် နောက်ဆုံးတွင် ကျွန်မ၏ မျှော်လင့်ချက်အပြင်၊ ကျွန်မ ဘိုးဘေးများတို့၏ မျှော်လင့်ချက်များကိုပါ သတိပြုမိလာခဲ့ပါသည်။ ကျွန်မသည် ခေါင်းငုံ့ပြီး ကောင်းကင်ကို ကျောပေးကာ အလုပ်လုပ်ကိုင်ရသည့် ဘဝမှ လွတ်မြောက်ခဲ့ရပြီး ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် ကလေးတစ်ယောက်ကို မွေးဖွားရရှိခဲ့သောကြောင့်၊ ကျွန်မ ဘဝသည်လည်း ပျော်ရွှင်မှု ပိုမိုတိုးပွားလာခဲ့ပါသည်။ ကျွန်မ ဘဝတွင် ရှိခဲ့သမျှ အရာအားလုံးကို ကြည့်ရင်းဖြင့်၊ ကျွန်မသည် ပျော်ရွှင်သော၊ သက်တောင့်သက်သာဖြင့် ပြေလည်သော ဘဝတစ်ခုကို ရရှိသင့်ကြောင်း ယုံကြည်ခဲ့မိပါသည်။ သို့သော် ကျွန်မသည် ထိုသို့ မနာလိုဖြစ်ဖွယ် လှပသော ဘဝတစ်ခုကို ရရှိထားသော်လည်း ကျွန်မ၏ နှလုံးသားတွင် နက်ရှိုင်းစွာ လစ်ဟာနေသည့် ဝိုးတဝါးခံစားချက်ကိုမူ မည်သည့်အခါမျှ မေ့ပျောက်မရခဲ့ပါ။ ထိုသို့ မေ့ပျောက်မရနိုင်ခြင်းသည် ကျွန်မကို စိတ်ရှုပ်ထွေးစေကာ၊ ကျွန်မအတွက် ကူညီရာလည်းကင်းမဲ့သည်ဟု ခံစားရစေပါသည်။

နိုဝင်ဘာလ ၂၀၀၈ ခုနှစ်တွင် ကျွန်မ ၏ မိသားစုသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ဧဝံဂေလိတရား အကြောင်းကိုကျွန်မအား ပြောပြလာခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ် အသက် ၏ အရင်းအမြစ် ဖြစ်ကြောင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် ကျွန်မတို့ ဘဝအသက်တာများ ၏ မဏ္ဍိုင်နှင့် တွန်းအားဖြစ်ကြောင်း စသည်တို့ကို နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့ရပါသည်။ ကျွန်မတို့သည် မိမိတို့အသက်တာများအတွက် ဘုရားသခင်၏ အထောက်အပံ့ နှင့် အဟာရများကို စွန့်ပစ်ပါက၊၊ ကျွန်မတို့၏ ဝိညာဉ်များသည် အနှစ်မဲ့ပြီး အထီးကျန်နေမည်သာ ဖြစ်ပါသည်။ ပြီးနောက်တွင် ရုပ်ဝတ္ထုပျော်မွေ့မှု မည်မျှပင် ရရှိပါစေ၊ ကျွန်မတို့ ဝိညာဉ်များ၏ လိုအပ်ချက်များကို မည်သည့်အခါမျှ ပြည့်ဝကျေနပ်စေမည် မဟုတ်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်တော်မူသကဲ့သို့ပင် “အဆုံးမှာတော့ လူသားဆိုသည်မှာ လူသားသာ ဖြစ်ပေသည်။ ဘုရားသခင်၏နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူတိုင်းအစာရေစာဝလင်လျက် သာတူညီမျှပြီး လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လူသားတို့အနေဖြင့် လိုအပ်သည်မဟုတ်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အတွက် ဘုရားသခင်၏ အသက်အထောက်အပံ့ကိုလည်း လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သူတို့အတွက် အသက်အထောက်အပံ့တို့ကို လက်ခံရရှိသောအခါမှသာ လူသားတို့၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန်ဆန္ဒနှင့် ဝိညာဉ်ရေးရာလစ်ဟာမှုတို့မှာ ပြေလည်သွားမည်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”) သူ၏ နှုတ်ကပတ်တော်သည် ကျွန်မ၏ ဝိညာဉ်ကို သဲကန္တာရထဲမှ စမ်းချောင်းတစ်ခုကဲ့သို့ ဆေးကြောသုတ်သင်ပေးပြီး ကျွန်မ၏ နှလုံးသားထဲတွင် ရှိသည့် ရှုတ်ထွေးမှုများကိုလည်း ဖယ်ရှားပေးပါသည်။ ယခုအချိန်မှ စတင်ကာ၊ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြီးစွာသော ဆာလောင်ငတ်မွတ်မှုဖြင့် ဖတ်ရှု ပြီးနောက်တွင် ကျွန်မ ဝိညာဉ်သည်လည်း နောက်ဆုံးတွင် နားလည်သဘောပေါက်ပြီဖြစ်သောကြောင့် မဖော်ပြနိုင်လောက်အောင် ငြိမ်သက်သည့် ခံစားချက်တစ်ခုကို ခံစားရပါသည်။ မကြာမီတွင်ပင် အသင်းတော်က ကျွန်မကို ညီအစ်ကိုမောင်နှမ အချို့ဖြင့် တွေ့ဆုံရန် စီစဉ်ပေးခဲ့ပြီး ၎င်းတို့က ရာသီဉတုမည်မျှပင် ပြင်းထန်နေပါစေ ကျွန်မနှင့် အဆက်မပြတ် တွေ့ဆုံခဲ့ကြပါသည်။ ထိုအချိန်ကာလတွင် ကျွန်မနားမလည်သည့် အရာများစွာ ရှိခဲ့သည့်အပြင်၊ ကျွန်မ၏ ညီအစ်ကိုမောင်နှမများကလည်း ကျွန်မကို စိတ်ရှည်လက်ရှည် ရှင်းပြကြပါသည်။ ၎င်းတို့သည် ဒေါသထွက်ခြင်းအနည်းငယ်မျှပင် မရှိသကဲ့သို့၊ စိတ်ကျေနပ်စေလိုသောကြောင့် လိုက်လျောနေကြခြင်းမျှသာလည်း မဟုတ်ပါ။ ထိုသို့ ရှင်းလင်းပြောပြခြင်းများအားဖြင့် ကျွန်မသည် ထိုညီအစ်ကိုမောင်နှမများ၏ ရိုးသားမှုနှင့် ချစ်ခြင်းမေတ္တာတို့ကို နက်ရှိုင်းစွာ ခံစားရပါသည်။ ကျွန်မသည် သမ္မာတရားကို ပိုမိုနားလည်လာလေ၊ ဘုရားသခင်၏ အရေးကြီးသည့် အလိုတော်ဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်လိုခြင်းကိုလည်း နားလည်သဘောပေါက်စပြုလာပါသည်။ ပြီးနောက်တွင် ထိုညီအစ်ကိုမောင်နှမများသည်လည်း မိမိတို့ကိုယ်ကို စိတ်အားထက်သန်စွာ အသုံးခံကာ၊ ဘုရားသခင်အတွက် နိုင်ငံတော်သတင်းကောင်းကို ဟောကြားခဲ့ကြပါသည်။ ကျွန်မသည်လည်း မိမိတာဝန်ကို ထမ်းဆောင်လိုခဲ့ပါသည်။ သို့သော်လည်း ကျွန်မ၏ ကလေးမှာ ငယ်ရွယ်လွန်းပြီး၊ ကျွန်မတွင်လည်း ကလေးထိန်းပေးမည့်သူတစ်ယောက်မျှ မရှိခဲ့ပါ။ ထို့ကြောင့် ကျွန်မသည် ဖြေရှင်းချက်တစ်ခုကို ပေးပါရန် ဘုရားသခင်ထံတွင်သာ ဆုတောင်းခဲ့ပါသည်။ နောက်ပိုင်းတွင် မူကြိုကျောင်းတစ်ကျောင်း၏ အကြီးအကဲဖြစ်သည့် အစ်မတစ်ယောက် ရှိကြောင်း ကို သိရှိခဲ့ရသောကြောင့်၊ သူမထံသို့ ကျွန်မ၏ ကလေးငယ်ကို ပို့ခဲ့ပါသည်။ ၎င်းက ကျွန်မ၏ ကလေးကို ကူညီစောင့်ရှောက်ရန် တွေဝေတုံ့ဆိုင်းခြင်း အလျဉ်းမရှိပဲနှင့် ကတိပေးခဲ့ပါသည်။ ထို့အပြင် သူမသည် ကျူရှင်လခ သို့မဟုတ် အစားအသောက် ကုန်ကျစရိတ် စသည်တို့ကိုပင် လက်မခံခဲ့ပါ။ ထိုအချိန်မှစတင်ပြီး ထိုအစ်မသည် နေ့အချိန်တွင် ကျွန်မကလေးငယ်ကို ကူညီစောင့်ရှောက်ရုံသာမက၊ တစ်ခါတစ်ရံတွင် ညနေပိုင်းများ၌ပင် ကျွန်မကို ကူညီခဲ့ပါသည်။ ထိုအစ်မ၏ လုပ်ရပ်များသည် ကျွန်မကို နက်နက်ရှိုင်းရှိုင်းပင် တို့ထိခဲ့ပါသည်။ ထို့အပြင် ထိုလုပ်ရပ်များအားလုံးသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှ လာခြင်းဖြစ်ကြောင်းကိုလည်း ကျွန်မ သိခဲ့ရသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ပြန်လည်ပေးဆပ်ရန်၊ ဧဝံဂေလိသတင်းကောင်းကို ဟောကြားနေကြသည့်သူများဖြင့် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ကျွန်မ ပူးပေါင်းခဲ့ပါသည်။ ဧဝံဂေလိသတင်းကောင်းကို ဟောကြားရင်းဖြင့်၊ ဘုရားသခင်၏ ထက်မြက်သောဉာဏ်တော်ဖြင့် အလင်းပေးခြင်းကို မခံရဖူးသည့် လူတစ်ယောက်ပြီးတစ်ယောက်၏ ဝမ်းနည်းဖွယ်ရာ အခြေအနေများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထိုသူများ၏ ဘဝတွင် ဖြစ်ပေါ်ခဲ့သည့် ခါးသီးသည့် အခြေအနေများကို မြည်တမ်းရေရွတ်နေသည်ကိုလည်း ကြားသိခဲ့ရပါသည်။ ပြီးနောက်တွင် ၎င်းတို့သည် နောက်ဆုံးသော ကာလ ဘုရားသခင်ကယ်တင်ခြင်းကို ရရှိပြီးနောက်တွင် ၎င်းတို့၏ မျက်နှာများသည် ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် ပြည့်ဝလျက်ရှိသည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထိုသို့တွေ့မြင်ရခြင်းသည် ဧဝံဂေလိတရားဟောကြားရန် ကျွန်မ၏ စိတ်ပြင်းပြမှုကို ပိုမိုလှုပ်ရှားတက်ကြွစေပါသည်။ ထို့အပြင် အမှောင်ထဲတွင် ရှင်သန်နေပြီး အလင်းရောင်ကို ဆာလောင်ငတ်မွတ် နေသူများထံသို့ ဘုရားသခင်၏ ဧဝံဂေလိသတင်းကောင်းကို များသည်ထက်များ အောင်ပင် ဆောင်ကြဉ်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော်လည်း ထိုအချိန်အတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဖိနှိပ်မှု နှင့် ယုံကြည်သူများကို လိုက်လံရှာဖွေခြင်းကလည်း ပိုမို၍ပင် ဆိုးရွားလာခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများစွာတို့သည် ဖမ်းဆီးခြင်း ခံရသည့်အပြင်၊ ကျွန်မကိုယ်တိုင်သည်ပင်လျှင် ထိုကြမ္မာမှ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပါ။

ထိုအချိန်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ဖြစ်ပါသည်။ တံခါးကို အသံပြင်းပြင်းဖြင့် ခေါက်ပြီး အော်ဟစ်သံများကို ရုတ်ချည်း ကြားလိုက်ရချိန်တွင် ညီအစ်ကိုမောင်နှမ တစ်ဒါဇင်ကျော်တို့သည် အစည်းအဝေး ပြုလုပ်နေကြချိန် ဖြစ်ပါသည်။ “တံခါးဖွင့်စမ်း။ တံခါးဖွင့်စမ်း။ အိမ်ကို စစ်ဆေးမယ်။” အစ်မတစ်ယောက်က တံခါးကို ဖွင့်လိုက်သည်ဆိုလျှင်ပင်၊ ရဲဝန်ထမ်း ၆ယောက် သို့မဟုတ် ၇ ယောက်သည် လက်ကိုင်တုတ်များကို ကိုင်ကာ အတင်းတွန်းတိုက် ဝင်ရောက်လာကြပါသည်။ ၎င်းတို့သည် ကျွန်မတို့အား ကြမ်းတမ်းစွာဖြင့် လူကွဲသွားအောင် တွန်းထုတ်လိုက်သည်။ ပြီးနောက်တွင် အံဆွဲများကို မွှေနှောက်ပြီးလျှင်၊ နေရာအနှံ့ကိုလည်း ရှာဖွေပါတော့သည်။ ညီမငယ်တစ်ယောက်က ရှေ့ထွက်ပြီး ၎င်းတို့အား “ကျွန်မတို့ ဥပဒေမချိုးဖောက်မိပါဘူး။ ရှင်တို့ ဘာဖြစ်လို့ အိမ်ကို ရှာဖွေနေကြတာလဲ” ဟု မေးလေသည်။ ရဲဝန်ထမ်းက ကြမ်းကြမ်းတမ်းတမ်းဖြေဆိုသည်မှာ “ကောင်းကောင်းနေစမ်း၊ ငါက မင်းတို့ကို အဲဒီမှာရပ်လို့ပြောရင်၊ အဲဒီမှာပဲ ရပ်နေလိုက်။ မင်းတို့ကို စကားမပြောခိုင်းရင်၊ ပါးစပ်တွေကို ပိတ်ထားလိုက်။” ဟု ဖြစ်လေသည်။ ထို့နောက်တွင် ထိုညီမငယ်ကို ကြမ်းတမ်းရက်စက်စွာဖြင့် ကြမ်းပြင်ပေါ်သို့ တွန်းလှဲလိုက်ပြီး၊ ကြမ်းတမ်းစွာ အော်ဟစ်လေသည်။ “မင်းခုခံချင်ရင်၊ ငါကရိုက်မှာနော်။” ဟု ဆိုသည်။ သူမ၏ လက်သည်းများသည် ကျိုးပဲ့ကုန်ပြီးလျှင်၊ သူမလက်ချောင်းသည် သွေးများထွက်၍နေသည်။ ရဲဝန်ထမ်းများ၏ ကြောက်မက်ဖွယ် မျက်နှာများကို ကြည့်ရင်းဖြင့်၊ ကျွန်မသည် အမုန်းတရားနှင့် အကြောက်တရား နှစ်ခုလုံးကို ခံစားရသောကြောင့် သက်သေခံရန် ကာကွယ်ပေးဖို့၊ ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုတို့ကို ပေးပါရန် ဘုရားသခင်ထံသို့ တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးနောက်တွင် ကျွန်မ၏ နှလုံးသားသည်လည်း အလွန်အခြေကျငြိမ်သက်သွားခဲ့ပါသည်။ ရဲဝန်ထမ်းများသည် ဧဝံဂေလိတရားတော်ဆိုင်ရာ စာရွက်စာတမ်းများ နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် စုဆောင်းမှု အများစုတို့ကို သိမ်းဆည်းသွားခဲ့ပါသည်။ ပြီးနောက်တွင် ကျွန်မတို့ကိုလည်း ရဲကားရှိရာသို့ ခေါ်ဆောင်သွားခဲ့ပါသည်။

ရဲစခန်းသို့ရောက်သည်နှင့် တပြိုင်နက်၊ ၎င်းတို့က ကျွန်မတို့ သယ်ဆောင်လာသမျှ အားလုံးကို သိမ်းဆည်းသည့်အပြင်၊ ကျွန်မတို့ အမည်များ၊ လိပ်စာများနှင့် ကျွန်မတို့၏ အသင်းတော်ခေါင်းဆောင်များ မည်သူတို့ဖြစ်ကြောင်း စသည်တို့ကို စုံစမ်းစစ်ဆေး ခဲ့ပါသည်။ ကျွန်မသည် ကျွန်မ၏ မိသားစုကို ငြိစွန်းလာမည်စိုးသောကြောင့် မည်သည့်အရာကိုမျှ မပြောခဲ့ပါ။ အခြား အစ်မတစ်ယောက်ကလည်း မည်သည့်အရာကိုမျှ မပြောဆိုခဲ့ပါ။ ထို့ကြောင့် ရဲဝန်ထမ်းများက ကျွန်မတို့ကို ဂိုဏ်းခေါင်းဆောင်များဟု ရှုမြင်ကာ၊ သီးသန့်စီခွဲထုတ် မေးမြန်းဖို့ ရည်ရွယ်ခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်ကြောက်ရွံ့ခဲ့ပါသည်။ ရဲဝန်ထမ်းများသည် အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်သူများနှင့် ပတ်သက်ပါက ရက်စက်ကြကြောင်းကိုလည်း ကြားသိခဲ့ဖူး ပြီး ကျွန်မကလည်း စုံစမ်းမေးမြန်းရန်အတွက် ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။ ထိုသို့ သတ်မှတ်ခံရခြင်းသည် ရှေ့လျှောက်တွင် ရက်စက်မှုများဖြင့် အတိဖြစ်ဖို့သာ ဖြစ်နိုင်ချေ ရှိပါတော့သည်။ ကျွန်မသည် ဆိုးရွားသည့် အခြေအနေတွင်၊ အကြောက်တရားဖြင့် ရှင်သန်နေရချိန်တွင်၊ ကျွန်မအနီး၌ ရှိသည့် ကျွန်မအစ်မ၏ ဆုတောင်းသံကို ကြားရပါသည်။ “အို ဘုရားသခင်၊ ကိုယ်တော်က ကျွန်မတို့ရဲ့ ကျောက်ဆောင်၊ ။ ကျွန်မတို့ရဲ့ ခိုလှုံရာပါ။ စာတန်က ကိုယ်တော်ရဲ့ ခြေဖဝါးအောက်မှာ ရှိပါတယ်။ ပြီးတော့ ကျွန်မက ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်အတိုင်း ရှင်သန်ဖို့ နဲ့ ကိုယ်တော်ကို ကျေနပ်စေဖို့ သက်သေခံဖို့အတွက်လည်း လိုလားပါတယ်” ဟု ဖြစ်ပါသည်။ ထိုဆုတောင်းသံကို ကြားပြီးနောက်တွင်၊ ကျွန်မ၏ နှလုံးသားသည်လည်း ပို၍ အားတက်လာခဲ့ပါသည်။ ကျွန်မ စဉ်းစားမိတာက၊ မှန်ပါသည်၊ ဘုရားသခင်သည် ကျွန်မတို့၏ ကျောက်ဆောင်ဖြစ်ပြီး စာတန်သည် သူ၏ ခြေဖဝါးတော်အောက်တွင်ရှိ၏၊ ထို့ကြောင့် ကျွန်မ ဘာကို ကြောက်ရမည်နည်း။ ဘုရားသခင်ကို ကျွန်မ အားကိုးပြီး သူနှင့် ပူးပေါင်းလုပ်ဆောင်နေသမျှ စာတန်ကို နှိမ်နင်းလို့ရပါသည်။ ရုတ်တရက်ဆိုသကဲ့သို့ပင် ကျွန်မသည် ကြောက်ရွံ့ခြင်း မရှိတော့သော်ငြားလည်း၊ ရှက်ရွံ့မှုကို ခံစားရပါသည်။ ထိုအစ်မက ယခုအခြေအနေကို ကြုံတွေ့ရချိန်တွင်၊ သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံပြီးရှင်သန်ကာ၊ ဘုရားသခင်ထံတွင် ထားရှိသော ယုံကြည်မှုကို ပျောက်ဆုံးမသွားစေခဲ့သော်လည်း၊ ကျွန်မကမူ တွန့်ဆုတ်ကာ သတ္တိနည်းခဲ့သည် ဆိုသည့်အချက်ကို တွေးမိပါသည်။ ကျွန်မသည် ဘုရားသခင်ကို ယုံကြည်သည့် သူတစ်ယောက်၏ အားမာန်မျိုး အနည်းငယ်မျှပင် မရှိခဲ့ပါ။ ဘုရားသခင် ချစ်ခြင်းမေတ္တာ နှင့်ကျွန်မကို နှိုးဆော်ကာ ကူညီခဲ့သည့် ထိုအစ်မ၏ ဆုတောင်းခြင်းတို့၏ ကျေးဇူးကြောင့်၊ ကျွန်မသည် ရဲဝန်ထမ်းများ၏ မတရားအုပ်စိုးမှုကို ကြောက်ရွံ့ခြင်းမရှိတော့ပါ။ ကျွန်မ် တိတ်ဆိတ်စွာ ဆုံးဖြတ်ခဲ့ပါသည်။ ယခုကဲ့သို့ အဖမ်းဆီကို ခံရပြီးနောက်တွင်၊ ကျွန်မသည် ဘုရားသခင်ကို ကျေနပ်နှစ်သိမ့်စေရန် သက်သေခံမည်ဟု စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ ဘုရားသခင်ကို စိတ်ပျက်စေသည့် သူရဲဘောကြောင်သူတစ်ယောက် လုံးဝအဖြစ်ခံတော့မည် မဟုတ်ပါ။

၁၀ နာရီခန့်တွင်၊ ရဲဝန်ထမ်းနှစ်ဉီးက ကျွန်မကို လက်ထိပ်ခတ်ပြီး၊ ကျွန်မတစ်ဉီးတည်းကို စုံစမ်းစစ်ဆေးရန် အခန်းတစ်ခန်းသို့ ခေါ်ဆောင်လာပါသည်။ ရဲဝန်ထမ်းများထဲမှ တစ်ဦးက ကျွန်မကို ဒေသခံစကားဖြင့် စစ်ဆေးမေးမြန်းပါသည်။ ကျွန်မ နားမလည်ပါ။ ထို့အပြင် ထိုရဲဝန်ထမ်းပြောသွားသည့်စကားကို ကျွန်မက ပြန်မေးသည့် အခါတွင်၊ မမျှော်လင့်ပဲနှင့် ထိုမေးခွန်းက ၎င်းတို့အား အမျက်ထွက်စေခဲ့သည်။ အနီးတွင် မတ်တပ်ရပ်နေသည့် ရဲဝန်ထမ်းများထဲမှ တစ်ဦးက “မင်းက ငါတို့ကို မလေးစားဘူး”ဟု အော်ဟစ်လေသည်။ ၎င်းသည် စကားပြောနေရင်းဖြင့် ပြေးလာပြီးနောက်တွင် ကျွန်မ ဆံပင်များကို ဆွဲကာ၊ အရှေ့အနောက် တွန်းထိုးခဲ့သည်။ ကျွန်မသည် ခေါင်းများမူးနေပြီး၊ နေရာအနှံ့တွန်းထိုးခြင်း ခံရပါသည်။ ပြီးနောက်တွင် ကျွန်မ၏ ဉီးရေပြားများသည် အရေခွံခွာထားသကဲ့သို့ ခံစားရသည့်အပြင်၊ ကျွန်မ ဆံပင်များလည်း ကျွတ်ကုန်ပါသည်။ ထို့နောက်တွင်မူ နောက်ထပ် ရဲဝန်ထမ်းတစ်ယောက်က ကျွန်မထံသို့ ပြေးလာကာ၊ “အဲဒီတော့ ငါတို့က ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံရတော့မှာပေါ့။ စကားပြောစမ်း။ မင်းဘယ်သူ့ကို ဧဝံဂေလိတရားဟောခဲ့လဲ” ဟု အော်ဟစ် သည်။ ဒေါသအပြည့်ဖြင့် ကျွန်မက “ဧဝံဂေလိတရားဟောကြားတယ်ဆိုတာက ကျွန်မတာဝန်ပဲ” ဟု ပြန်ဖြေလိုက်သည်။ ထိုကဲ့သို့ ဆိုပြီးသည်နှင့် တပြိုင်နက် ပထမရဲဝန်ထမ်းက ကျွန်မ၏ ဆံပင်များကို တစ်ဖန်ဆွဲပြန်ကာ၊ ကျွန်မကို ပါးရိုက်သည်၊ ထိုးနှက်သည်၊ ပြီးနောက်တွင် “ငါမင်းကို ဧဝံဂေလိတရားတွေ ထပ်ပြီးဟောခိုင်းဦးမယ်။ ငါမင်းကို ဧဝံဂေလိတရားတွေ ထပ်ပြီး ဟောခိုင်းဦးမယ်” ဟု အော်ဟစ်နေခဲ့သည်။ ၎င်းသည် ကျွန်မ၏ မျက်နှာကို ထိုးနှက်သည်မှာ နီရဲပြီး နာကျင်လာသည်အထိ ဖြစ်ကာ၊ စတင်ယောင်ယမ်းလာပါတော့သည်။ ၎င်းသည် ကျွန်မကို ရိုက်နှက်၍ ပင်ပန်းလာသည့်အချိန်မှသာလျှင် ကျွန်မကို လွှတ်ပေးပါသည်။ ထို့နောက်တွင် ကျွန်မထံတွင် လက်ဝယ်တွေ့ရှိသည့် လက်ကိုင်ဖုန်းနှင့် အမ်ပီဖိုး(Mp4) သီချင်းစက်တို့ကို ယူဆောင်သွားကာ၊ အသင်းတော် အကြောင်း သတင်းအချက်အလက်များ အတွက် မေးမြန်းခဲ့ပါသည်။ ၎င်းတို့ကို ဆက်ဆံရန် အတွက် ကျွန်မမှာ အမျှော်အမြင်ကို မှီခိုအားကိုးရပါတော့သည်။ ရဲဝန်ထမ်းတစ်ယောက်က မဆီမဆိုင် “မင်းက ဒီဒေသက မဟုတ်ဘူး။ မင်းက မန်ဒရင်းဘာသာစကားကို ကောင်းကောင်းမွန်မွန် ပြောတတ်တယ်။ မင်းက သာမာန်လူတစ်ယောက် မဟုတ်တာတော့ အသေအချာပဲ။ အမှန်အတိုင်းပြောစမ်း။ မင်းဒီကို ဘာလို့ရောက်လာတာလဲ။ မင်းကို ဘယ်သူက ဒီကို လွှတ်လိုက်တာလဲ။ မင်းခေါင်းဆောင်က ဘယ်သူလဲ။ ဒီအသင်းတော်နဲ့ ဘယ်လို ပတ်သက်ခဲ့တာလဲ။ မင်းဘယ်မှာနေလဲ” စသည်ဖြင့် မေးမြန်းပါတော့သည်။ ထိုရဲဝန်ထမ်းများက ကျွန်မကို အရေးပါသည့် လူတစ်ယောက် အဖြစ်ရှုမြင်ခြင်းနှင့် ကျွန်မထံမှ အသင်းတော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းရန် ကြိုးစားခြင်း တို့ကို ကြားရသည်မှာ ကျွန်မနှလုံးသားသည် လည်ချောင်းဆီထိ စို့နင့်လာပြီး၊ ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားများ ပေးသနားပါရန် ဘုရားသခင်ကို ဆုတောင်းမိပါတော့သည်။ ဆုတောင်းခြင်းအားဖြင့် ကျွန်မ၏ နှလုံးသားသည် ဖြည်းညှင်းစွာ ငြိမ်သက်လာပြီးလျှင်၊ ကျွန်မက “ကျွန်မ ဘာမှ မသိပါဘူး” ဟု ဖြေဆိုခဲ့ပါသည်။ ကျွန်မထိုသို့ဖြေဆိုသည်ကို ၎င်းတို့ကြားရ သည့်အခါတွင်၊ ၎င်းတို့ထဲမှ တစ်ဦးက ဒေါသတကြီးဖြင့် စားပွဲကို ထုကာ၊ “မင်းတော့နေနှင့်ဉီး။ မင်းခဏနေရင် ဘယ်လိုခံစားရမယ် ဆိုတာကို ငါတို့တွေ့ကြသေးတာပေါ့။” ဟု အော်ဟစ်လေသည်။ ထို့နောက်တွင် သူသည် အမ်ပီဖိုး(Mp4) သီချင်းစက်ကို ကောက်ယူကာ၊ စက်ဖွင့်လိုက်သည်။ ကျွန်မက အလွန်ကြောက်ရွံ့နေခဲ့ပါသည်။ ၎င်းသည် ကျွန်မကို မည်သည့်နည်းလမ်း အသုံးပြု၍ ပြုမူဆက်ဆံကြမည်ကို ကျွန်မမသိခဲ့ပါ။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင်ထံသို့ အရေးပေါ် ငိုကြွေး ဆုတောင်းခဲ့ပါသည်။ စက်ဖွင့်လိုက်ရာတွင် ထွက်လာသည့်အသံသည် ဒေသနာတော်တစ်ခုကို အသံသွင်းထားခြင်း ဖြစ်ကြောင်း ကျွန်မ စိတ်မကူးခဲ့မိပါ။ “ဒီလိုလူမျိုးက ကယ်တင်ခြင်းခံရနိုင်တယ်လို့ မင်းတို့ ထင်ကြလား။ သူက ခရစ်တော်ကို ဆက်ကပ်ထားတာမျိုး မရှိဘူး။ သူက ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိတာ မဟုတ်ဘူး။ သူက ဘေးအန္တရာယ်ဆိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာ ခရစ်တော်နဲ့ လမ်းခွဲပြီး၊ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့တယ်။သူက ဘုရားကို ကျောခိုင်းခဲ့တယ်။ ဒါကြောင့် စာတန်နောက်ကို လိုက်လျှောက်နေတာ ဖြစ်တယ်။ အဆင်းနီသောနဂါးကြီးရဲ့ အုပ်စိုးမှုလက်ထက်မှာ၊ ဘုရားရဲ့ အမှုတော်ကို တွေ့ကြုံခံစားနေချိန် မင်းက အဆင်းနီသောနဂါးကြီးကို ကျောခိုင်းနိုင်စွမ်းရှိပြီး၊ ဘုရားသခင်ရဲ့ ဘက်မှာ ရပ်တည်နိုင်တယ်ဆိုရင်၊ အဆင်းနီသော နဂါးကြီးက မင်းကို ဘယ်လိုပဲ ညှင်းပန်းနှိပ်စက်ပါစေ၊ လိုက်ဖမ်းဆီးပါစေ၊ ဖိနှိပ်ပါစေ၊ သင်က ဘုရားသခင်ကို လုံးဝကို နာခံနိုင်ပြီးတော့၊ သေသည်အထိ ဘုရားသခင်ကို ဆက်ကပ်ထားနိုင်တယ်။ ဒီလိုလူမျိုးကိုသာလျှင် အောင်မြင်သောသူတစ်ယောက် လို့ခေါ်ထိုက်တယ်။ ဒီလိုလူမျိုးကိုသာလျှင် ဘုရားသခင်နဲ့ တစ်စိတ်တည်းရှိသူတစ်ယောက်လို့ ခေါ်ထိုက်တယ် ဟု ဖြစ်ပါသည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ကျွန်မသည် “လမ်းခွဲ” သည် ဆိုသည့် စကားလုံးများကို ကြားသည့် အခါတွင်၊ ကျွန်မနှလုံးသားတွင်း၌ ဓါးဖြင့်ထိုးသကဲ့သို့ နာကျင်မှုကို ခံစားရပါသည်။ သခင်ယေရှု အမှုတော်ဆောင်ခဲ့ချိန်က၊ ကိုယ်တော်ကို နောက်လိုက်သူများနှင့် ကိုယ်တော်၏ ကျေးဇူးတော်ကို ခံစားကြရသူများသည် များပြားလှသော်လည်း၊ ကိုယ်တော် ကားတိုင်တော်ပေါ်တွင် သံမှိုစွဲခြင်း ခံရသည့်အခါ နှင့် ရောမစစ်သည်တော်များက ခရစ်ယာန်များကို မဲမဲမြင်သမျှ ဖမ်းဆီးနေချိန်တွင်၊ လူအများစုတို့သည် ကြောက်သောကြောင့် ထွက်ပြေးခဲ့ကြသည့်အကြောင်းကို မတွေးပဲ မနေနိုင်ပါ။ ဤအရာက ဘုရားသခင်ကို ကြီးမားစွာ နာကျင်စေခဲ့ပါသည်။ သို့သော်လည်း ကျွန်မ နှင့် ထိုကျေးဇူးတရားမသိတတ်သည့် လူများအကြားမှ ကွာခြားချက်မှာ အဘယ်နည်း။ ကျွန်မသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာတို့ကို ခံစားနေရချိန်တွင်၊ ဘုရားသခင်ကို နောက်လိုက်ရခြင်းအတွက် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိခဲ့ပါသည်။ သို့သော်လည်း ကျွန်မကို ဆင်းရဲဒုက္ခခံစားစေပြီး ပေးဆပ်မှုများပြုစေမည့် ဘေးအန္တရာယ်ဆိုးများဖြင့် ရင်ဆိုင်ရသည့်အခါတွင်မူ၊ ကျွန်မသည် တွန့်ဆုတ်ကာ၊ ကြောက်ရွံ့ခဲ့ပါသည်။ ယင်းက ဘုရားသခင်၏ နှလုံးသားကို မည်သို့ နှစ်သိမ့်နိုင်မည်နည်း။ ကျွန်မတို့ကဲ့သို့ ဖောက်ပြန်ပျက်စီးတတ်သည့် လူသားများကို ကယ်တင်ရန် အကြီးမြတ်ဆုံးသော ဘုရားသခင်သည် လူ့ဇာတိကို ခံယူတော်မူခဲ့သည်။ နှိမ့်ချစွာနှင့် လျှို့ဝှက်စွာဖြင့် ယခုကဲ့သို့ ဘာသာမဲ့များ အုပ်စိုးသည့် တရုတ်ပြည်သို့ ကြွလာတော်မူခဲ့သည်။ ထိုနတ်ဆိုးများ၏ လိုက်လံဖမ်းဆီးခြင်းနှင့် အပြစ်တင်ရှုတ်ချခြင်းတို့ကို သည်းခံခဲ့ ပြီး ကျွန်မတို့အား သမ္မာတရားကို လိုက်လံရှာဖွေခြင်းလမ်းကြောင်းပေါ်သို့ ဉီးဆောင်ခဲ့သည် ဆိုသည့်အချက်ကို ကျွန်မ စဉ်းစားမိခဲ့သည်။ ဘုရားသခင်သည် ကျွန်မတို့ကို ကယ်တင်ရန် အရာအားလုံးကို ဆောင်ရွက်ခဲ့သည်ကို ကြည့်ခြင်းဖြင့်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကို ခံစားရသည့် ကျွန်မကဲ့သို့ သူများသည်လည်း ကိုယ်တော့်ကို သက်သေခံရန်အတွက် အဘယ့်ကြောင့် အနည်းငယ်သော ပေးဆပ်မှုတစ်ခု မပြုနိုင်ရသနည်း။ ကျွန်မ၏ အသိစိတ်တွင် ကျွန်မသည် ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီး၊ ကျွန်မသည် အလွန်အတ္တကြီးသူတစ်ယောက်၊ တန်ဖိုးမဲ့သောသူတစ်ဦး ဖြစခဲ့သည်ကို မုန်းတီးမိပါသည်။ ဘုရားသခင်သည် ကျွန်မအတွက် မျှော်လင့်ချက်နှင့် စိုးရိမ်စိတ် အပြည့်အဝရှိသည်ကိုလည်း နက်ရှိုင်းစွာ အမှန်တကယ်ပင် ခံစားရပါသည်။ ကျွန်မသည် ဝိညာဉ်ရေးအသက်တာ၌ ရင့်ကျက်ခြင်းလည်း မရှိသည့်အပြင်၊ စာတန်၏ တန်ခိုးအာဏာကို ရင်ဆိုင်ရာတွင်လည်း အကြောက်တရားတို့ဖြင့် ပြည့်နှက်နေကြောင်းကို ဘုရားသခင် ကောင်းမွန်စွာ သိရှိတော်မူသည်ဟု ကျွန်မ ခံစားရပါသည်။ ရဲဝန်ထမ်းများက အသံသွင်းစက်ကို ဖွင့်ခြင်းအားဖြင့် ကျွန်မ ထိုဒေသနာတော်ကို ကြားစေရန် ဘုရားသခင်က အခွင့်ပေးခဲ့ခြင်းဖြစ်ပါသည်။ ကျွန်မအား ဘုရားသခင်၏ အလိုတော်ကို နားလည်စေခဲ့ပါသည်။ ထိုသို့နားလည်စေခြင်းဖြင့် ဘေးအန္တရာယ်ဆိုးတွေအကြားတွင်လည်းကောင်း၊ ဖိနှိပ်မှုများအကြားတွင် လည်းကောင်း ကျွန်မသည် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ပြီးလျှင်၊ ဘုရားသခင်ကိုလည်း ကျေနပ်စေမည် ဖြစ်ပါသည်။ ထိုအခိုက်အတန့်လေးတွင် ကျွန်မသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် တို့ထိခြင်းခံရကာ၊ ကျွန်မမျက်နှာပေါ်တွင် မျက်ရည်များ စီးဆင်းလာခဲ့ပါသည်။ ပြီးနောက်တွင် ကျွန်မသည် ဘုရားသခင်ကို “အို ဘုရားသခင်၊ ကျွန်မက ဘုရားသခင်နဲ့ ခွဲခွာခဲ့တဲ့သူတစ်ယောက်၊ ဘုရားသခင်ကို နာကျင်စေတဲ့ လူတစ်ယောက် မဖြစ်ချင်ပါဘူး။ ဝမ်းမြောက်ခြင်း နှင့် ဝမ်းနည်းခြင်းတလျှောက် ဘုရားသခင်နဲ့ ရှင်သန်ချင်ပါတယ်။ စာတန်က ကျွန်မကို ဘယ်လောက်ပဲ နှိပ်စက်ပါစေ၊ ကျွန်မက ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့နဲ့ ဘုရားသခင်ရဲ့ နှလုံးသားကို နှစ်သိမ့်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားပါတယ် ကိုယ်တော်” ဟု တိတ်ဆိတ်စွာ ဆိုခဲ့ပါသည်။

ထို့နောက် ရဲဝန်ထမ်းက အသံသွင်းစက်ကို ပိတ်လိုက်ရာတွင် ဝုန်းဆိုသည့် အသံတစ်ခု ထွက်ပေါ်လာပါသည်။ ပြီးလျှင် ထိုရဲဝန်ထမ်းသည် ကျွန်မထံသို့ အလျင်စလို ရောက်လာကာ၊ “မှန်တာပေါ့ကွာ၊ ငါက အဆင်းနီသော နဂါးကြီးလေ၊ ပြီးတော့ ဒီနေ့မှာ ငါက မင်းကို နှိပ်စက်ဖို့ ရောက်လာတာ” ဟု မုန်းတီးစွာဖြင့် ဆိုလေသည်။ ထို့နောက်တွင် သူတို့က ကျွန်မကို မြေကြီးပေါ်တွင် ဖိနပ်မပါဘဲ မတ်တပ်ရပ်ဖို့ အမိန့်ပေးပါသည်။ ပြီးနောက်တွင် ကျွန်မ၏ ညာဖက်လက်ကို ဘိလပ်မြေတုံးတစ်တုံး အလယ်၌ ရှိသည့် သံကွင်း၌ လက်ထိပ်ခတ်ထားပါသည်။ ထိုဘိလပ်မြေတုံးသည် အလွန်သေးသောကြောင့်၊ ၎င်းတို့က ကျွန်မကို ခါးကုန်းပြီး မတ်တပ်ရပ်နေစေပါသည်။ ၎င်းတို့က ကျွန်မကို ဆောင့်ကြောင့်ထိုင်ဖို့ အခွင့်မပေးသကဲ့သို့၊ ကျွန်မ ခြေထောက်များကို ထောက်ပိုးထားရန်အတွက် ကျွန်မ၏ ဘယ်ဖက်လက်ကိုလည်း အသုံးပြုခွင့်မပေးပါ။ အချိန်ခဏကြာသည့်အခါတွင် ကျွန်မသည် ဆက်၍ မတ်တပ်ရပ်နိုင်စွမ်း မရှိတော့ပဲ ဆောင့်ကြောင့်ထိုင်လိုပါသော်လည်း၊ ရဲဝန်ထမ်းက “ဆောင်ကြောင့်မထိုင်နဲ့။ မင်း ဆင်းရဲဒုက္ခခံစားရတာ သက်သာချင်ရင် မြန်မြန် ဝန်ခံလိုက်လေ” ဟု အော်ပါသည်။ ကျွန်မ လုပ်နိုင်သည်မှာ အံကြိတ်ပြီး၊ ဒုက္ခကို ခံယူဖို့သာ ရှိပါသည်။ ကျွန်မ၏ ခြေဖဝါးများသည် ရေခဲတုံးကဲ့သို့ဖြစ်နေကာ၊ ကျွန်မ၏ ခြေထောက်များမှာလည်း ထုံကာ နာကျင်နေသည့်အပြင်၊ ကျွန်မ မတ်တပ်ရပ်နိုင်စွမ်း မရှိတော့သည့်အခါဆောင့်ကြောင့်ထိုင်ချလိုက်ပါသည်။ ရဲဝန်ထမ်းက ကျွန်မကို ပြန်ထူပြီး ရေခဲရေတစ်ခွက်ကို ယူလာကာ၊ ကျွန်မလည်ပင်း တစ်လျှောက်ကို လောင်းချပါသည်။ အေးလွန်းသောကြောင့် ကျွန်မ ခိုက်ခိုက်တုန်စပြုလာသည်။ ထို့နောက်တွင် ၎င်းတို့သည် ကျွန်မ လက်ထိပ်များကို ဖယ်ရှားလိုက်ကာ၊ သစ်သားထိုင်ခုံတစ်ခုပေါ်သို့ ကျွန်မကို တွန်းပြီး ထိုင်ခိုင်းပါသည်။ ကျွန်မ၏ လက်များကို ထိုင်ခုံ၏ တစ်ဖက်တစ်ချက်စီတွင် ဘယ်ပြန်ညာပြန် လက်ထိပ်ခတ်လိုက်ပါသည်။ ပြီးနောက်တွင် ပြတင်းပေါက်တံခါးများဖွင့်သည့်အပြင်၊ လေအေးပေးစက်ကိုပါ ဖွင့်လိုက်ပါသည်။ ကျွန်မကို လေပြင်းအေးအေးတစ်ချက် ရုတ်ချည်းလာရောက်တိုက်ခတ်လိုက်ရာ၊ ကျွန်မမှာ အအေးဒဏ်ဖြင့် ခိုက်ခိုက်တုန်နေပါသည်။ ကျွန်မနှလုံးသားထဲတွင် အားငယ်စိတ်တစ်ချို့ အလိုအလျောက် ဝင်ရောက်လာ ခဲ့ပါသော်လည်း၊ ထိုကဲ့သို့ ဆင်းရဲဒုက္ခများကြားမှ ကျွန်မသည် အဆက်မပြတ် ဆုတောင်းနေခဲ့ပါသည်။ ထိုနာကျင်မှုကို သည်းခံနိုင်မည့် ဆန္ဒနှင့် ခွန်အားတို့ကို ပေးသနားပါရန်၊ ဇာတိပကတိ၏ အားနည်းချက်ကို အောင်မြင်ခွင့်ပေးပါရန် ဘုရားသခင်ထံသို့ တောင်းလျှောက်နေခဲ့ပါသည်။ ထိုသို့တောင်းလျှောက်ပြီး ခဏတွင်းချင်းပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်မကို စိတ်ထဲမှနေပြီး ညွှန်ကြားခဲ့ပါသည်။ “သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခကို ခံစားရလျှင်ပင်၊ စာတန်ထံမှ အတွေးအခေါ်များကို မယူနှင့်။...ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်းဖြင့် ပြုလုပ်ထားသော တံတား တစ်ခုကဲ့သို့ ဖြစ်သည်၊ အသက်ကို မလွတ်တမ်း ဖက်တွယ်ထားသူတို့သည် ၎င်းတံတားကို ဖြတ်ကူးရန် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် စိုးရိမ်မှု မရှိဘဲ ဖြတ်ကူးနိုင်ကြ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ကျွန်မအနေဖြင့် ဘုရားသခင်ကို သစ္စာဖောက်ရန် စာတန်က ကျွန်မ၏ အသွေးအသားကို နှိပ်စက်ညှင်းပန်းလိုကြောင်း၊ နှင့် ကျွန်မသည် မိမိ၏ အသွေးအသားကို အာရုံစိုက်မိပါက စာတန်၏ လှည့်ဖြားမှုတွင် သားကောင်အဖြစ် ကျဆင်းရမည်ဖြစ်ကြောင်း စသည်တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မအား နားလည်စေခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ထိုစာကြောင်းနှစ်ကြောင်းကို အဆက်မပြတ်တွေးတောနေမိကာ ကျွန်မသည် စာတန်၏ လှည့်ဖျားမှုများကို ဆန့်ကျင်ပြီး မိမိကိုယ်ကို ကာကွယ်ရန် နှင့် စာတန်၏ အကြံဉာဏ်များကို ငြင်းဆန်ရန် စသည့်တို့အတွက် မိမိကိုယ်ကို သတိပေးနေရပါသည်။ နောက်ပိုင်းတွင် ရဲဝန်ထမ်းသည် ရေအေးကို အိုးကြီးတစ်အိုးဖြင့် ယူဆောင်လာကာ၊ ထိုတစ်အိုးလုံးကို ကျွန်မလည်ပင်းပေါ်သို့ လောင်းချပါသည်။ ကျွန်မ၏ အဝတ်အစားများအားလုံး လုံးဝ စိုရွှဲကုန်သည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် ရေခဲသေတ္တာပုံးထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားရပါသည်။ အလွန် ရွံရှာမုန်းတီးဖွယ်ကောင်းပြီး၊ အလွန်ဆိုးရွားသော ထိုရဲဝန်ထမ်းကို တွေ့မြင်ရသည်မှာ ကျွန်မသည်လည်း ဒေါသများပြည့်နှက်လာခဲ့ပါသည်။ ထိုမကောင်းဆိုးဝါးတစ်အုပ်က ကျွန်မအနေဖြင့် ဘုရားသခင်ကို သစ္စာဖောက်စေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလိမ့်မည်ဟု ကျွန်မတွေးမိပါသည်။ ကျွန်မသည် ၎င်းတို့၏ အကြံအစည်ကို လုံးဝအောင်မြင်ခွင့်ပေးမည် မဟုတ်ပေ။ ကျွန်မ ဆိုးဆိုးရွားရွား တုန်ခါနေသည်ကို ကြည့်ကြကာ၊ ဆိုးညစ်သော ရဲဝန်ထမ်းများထဲမှ တစ်ဉီးက ကျွန်မဆံပင် များကို လက်ဖြင့်အပြည့် ဆုပ်ကိုင်ပြီး၊ ကျွန်မဉီးခေါင်းကို အတင်းမော့ခိုင်းကာ ကောင်းကင်ကို ကြည့်ခိုင်းပါသည်။ ပြီးနောက်တွင် ရွဲ့၍ပြောသည်မှာ “မင်းမအေးဘူးလား။ အေးနေတယ်ဆိုရင် မင်းဘုရားကို လာကယ်ခိုင်းလေ” ဟု ဖြစ်ပါသည်။ ၎င်းက ကျွန်မ မည်သို့မျှ မတုံ့ပြန်သည်ကို မြင်သောကြောင့်၊ ကျွန်မအပေါ်ကို ရေအေးအိုးကြီးဖြင့် တစ်ဖန် ထပ်မံ လောင်းချပြန်ပါသည်။ ပြီးနောက်တွင် လေအေးပေးစက်ကိုလည်း အအေးဆုံးဖြစ်အောင် တင်ထားပါသည်။ ထို့နောက်တွင် ကျွန်မ အပေါ်သို့ လေအေးပေးစက်မှ လေများ မှုတ်ထုတ်စေပါသည်။ အရိုးကို ထိုးဖောက်မတတ် အေးလွန်းလှသည့် လေပြင်း တစ်ခုပြီးတစ်ခု ကျွန်မအပေါ်သို့ တိုက်နေသကဲ့သို့၊ အေးမြလှသည့် လေထုကလည်း တိုက်ခတ်နေပါသည်။ ကျွန်မမှာ အေးလွန်းလှသဖြင့် ဘောလုံးကဲ့သို့ လုံးခွေနေပြီး တစ်ကိုယ်လုံးနီးပါးလည်း အေးခဲတောင့်တင်းနေပြီ ဖြစ်ပါသည်။ ကျွန်မတစ်ကိုယ်လုံး မာကျောသွားသည်ဟု ခံစားခဲ့ရပါသည်။ ကျွန်မ၏ မိမိကိုယ်ကို ယုံကြည်မှုများသည်လည်း အနည်းငယ်စီ ပျောက်ကွယ်လို့လာပြီ ဖြစ်ပါသည်။ ရူးသွပ်သောအတွေးများသည်လည်း အလိုအလျောက် ပေါ်လာခဲ့ပါသည်။ အလွန်အေးမြသည့် နေ့ရက်တစ်ရက်ပင် ဖြစ်သော်လည်း၊ ၎င်းတို့က ကျွန်မအား ရေခဲရေများဖြင့် စိုစွတ်နေအောင် ထားသည့်အပြင်၊ လေအေးပေးစက်ကလည်း ဖွင့်ထားပါသေးသည်။ ထိုသူများသည် ကျွန်မကို အရှင်လတ်လတ် အေးခဲသွားအောင် လုပ်ဖို့ကြိုးစားနေခြင်းများလား။ ကျွန်မသည် ဤနေရာတွင် သေဆုံးသွားပါက၊ ကျွန်မ၏ အမျိုးများသည်ပင်လျှင် ကျွန်မသေဆုံးကြောင်းကို သိကြမည် မဟုတ်ပါ။ ကျွန်မသည် မှောင်မိုက်ခြင်းနှင့် စိတ်အားငယ်ခြင်းများဖြင့် နစ်မြုပ်နေချိန်တွင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ကယ်တင်ရန်အတွက် ကားတိုင်ပေါ်တွင် သံမှိုစွဲခံရချိန်တွင် သခင်ယေရှုခံစားရသည့် ဆင်းရဲဒုက္ခများ အကြောင်းကို ရုတ်တရက် တွေးတောမိပါသည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်းတွေးတောမိပါသည်၊ “စစ်ဆေးခြင်းကို ကြုံတွေ့ခံစားထားသော ချစ်ခြင်းမေတ္တာသည် သန်မာ၍ အားမနည်းပေ။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုထံ မည်သည့်အချိန်သို့မဟုတ် မည်သို့အပ်နှံခဲ့သည်ကို ဂရုမစိုက်ဘဲ သင်သည် ရှင်မလား၊ သေမလားဆိုသည်ကို ဂရုမစိုက်နိုင်ပဲ ဘုရားသခင်အတွက် အရာအားလုံးကို ဝမ်းမြောက်စွာ ဘေးချိတ်ပြီး ဘုရားသခင်အတွက် အရာအားလုံးကို တပျော်တပါး သည်းခံမည်ဖြစ်သည်။ ဤကဲ့သို့ သင်၏ချစ်ခြင်းမေတ္တာသည် သန့်ရှင်းပြီး သင်၏ ယုံကြည်ချက်သည် စစ်မှန်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”) ဘုရားသခင်ထံမှ ထိုနှုတ်ကပတ်တော်များသည် ကျွန်မကို အလွန်ပင် နှိုးဆော်ခဲ့ပါသည်။ ဟုတ်ပါသည်။ ထိုနေ့တွင် ဘုရားသခင်အတွက် သက်သေခံနိုင်စွမ်းရှိခြင်းသည် ဘုရားသခင်က ကျွန်မကို ချီမြှောက်ခြင်းကြောင့်သာ ဖြစ်ပါသည်။ ကျွန်မသည် ဇာတိပကတိကို မည်သို့ အာရုံစိုက်နိုင်မည်နည်း။ ထိုသို့အာရုံမစိုက်ခြင်းသည် ကျွန်မဘဝကို ဆုံးရှုံးခြင်းဆိုလျှင်ပင်၊ ကျွန်မသည် ဘုရားသခင်ကို သစ္စာစောင့်ထိန်းရန်အတွက် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်ပါသည်။ ရုတ်ချည်းဆိုသကဲ့သို့ပင် ကျွန်မနှလုံးသားတွင် ပြင်းထန်သောစိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာကာ၊ ကျွန်မစိတ်သည်လည်း အလွန်ပင် နှိုးဆော်ခြင်း ခံရပါသည်။ ကျွန်မက “အိုဘုရားသခင်။ ဘုရားသခင်က ကျွန်မ အခုအသက်ရှုခြင်းကို ပေးတော်မူခဲ့ပါတယ်။ ကျွန်မအနေနဲ့ ဘဝကို ဖက်တွယ်ထားပြီး၊ ကိုယ်တော်ကို သစ္စာဖောက်တဲ့ လူတစ်ယောက် ဖြစ်ရခြင်းထက် သေဆုံးရခြင်းကိုသာ ပိုမိုလိုလားပါတယ်” ဟု ဘုရားသခင်ထံသို့ တိတ်တဆိတ် ဆုတောင်းမိပါသည်။ တဖြည်းဖြည်းချင်း ကျွန်မသည် ထိုမျှအေးခြင်းကိုလည်း မခံစားရတော့ပါ။ ယင်းက ဘုရားသခင်၏ အဖော်ပြုပေးခြင်းနှင့် နှစ်သိမ့်ခြင်းတို့ကိုလည်း အမှန်တကယ်ပင် ခံစားခွင့် ရလာပါတော့သည်။ နေ့လယ်ခင်း အချိန်မှစပြီး ညပိုင်း ခုနှစ်နာရီခန့်အထိ ရဲဝန်ထမ်းသည် ကျွန်မကို ဆက်လက် စုံစမ်းစစ်ဆေးခဲ့ပါသည်။ ၎င်းတို့က ကျွန်မပါးစပ် လုံးဝဟလာမည် မဟုတ်သည်ကို တွေ့မြင်သောကြောင့်၊ ကျွန်မကို စုံစမ်းစစ်ဆေးသည့် အခန်းထဲတွင် သော့ပိတ်ထားပြီး၊ ကျွန်မကိုလည်း လေအေးပေးစက်များဖြင့် ဆက်မှုတ်ထားကြပါသည်။

ညစာစားအပြီးတွင် ရဲဝန်ထမ်းများသည် ၎င်းတို့၏ စုံစမ်းစစ်ဆေးခြင်းကို ပိုမိုပြင်းပြင်းထန်ထန်ပင် တစ်ဆင့်တိုး ဆောင်ရွက်လာခဲ့ပါသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုများဖြင့် “ငါတို့ကို ပြောစမ်း။ မင်းရဲ့အသင်းတော်က ခေါင်းဆောင်က ဘယ်သူလဲ။ မင်းငါတို့ကို မပြောရင် ငါတို့မှာ တခြားနည်းလမ်းတွေရှိတယ်နော်။ ငါတို့က မင်းကို ငရုတ်သီးပူပူဖျော်ရည်တွေ၊ ဆပ်ပြာရည်တွေ တိုက်လို့ရတယ်။ မင်းကို မစင်တွေ စားခိုင်းလို့ရတယ်။ မင်းကို ဝတ်လစ်စလစ် ချွတ်ခိုင်း၊ ပြီးရင် မြေအောက်ခန်းထဲ ပစ်ထားလိုက်ပြီးတော့ အေးခဲပြီးသေအောင် လုပ်လို့ရတယ်နော်။ ဒီနေ့မင်း စကားမပြောဘူးဆိုရင်၊ မနက်ဖြန် မင်းကို ငါတို့ထပ်မေးမှာပဲ။ ငါတို့ဖက်မှာက အချိန်ကရှိပြီးသား” ဟု ဆိုကြပါသည်။ ဆိုးရွားလှသည့် ထိုရဲဝန်ထမ်းက ထိုစကားများကို ပြောသည့်အခါတွင်၊ ထိုသူများသည် လူသားများ လုံးဝမဟုတ်ကြပဲ လူ့အရေခြုံထားသည့် မကောင်းဆိုးဝါးများ ဖြစ်လေသည်ကို ကျွန်မ အမှန်တကယ်ပင် မြင်တွေ့လိုက်ရသည်။၎င်းတို့က ကျွန်မကို ထိုနည်းဖြင့် ခြိမ်းခြောက်လေ၊ ကျွန်မနှလုံးသားထဲတွင် ၎င်းတို့အား ပိုမိုမုန်းတီးလေ ဖြစ်ပြီး ၎င်းတို့ကို လုံးဝ အရှုံးမပေးရန် အတွက်လည်း ပိုစိတ်ပိုင်းဖြတ်မိလေ ဖြစ်ပါသည်။ ကျွန်မ အရှုံးမပေးမှန်းကို ၎င်းတို့တွေ့မြင်သည့်အခါတွင်၊ ၎င်းတို့သည် ပိတ်စအိတ်တစ်လုံးကို ရှာဖွေလာကာ၊ ရေစိမ်၍ ကျွန်မဉီးခေါင်းပေါ်တွင် တင်စွတ်ထားပါသည်။ ကျွန်မ ဉီးခေါင်းပေါ်တွင် ထိုအဝတ်စိုအိတ်ကို အတင်းဖိထားကာ၊ ကျွန်မကို လှုပ်ရှားခွင့်လည်း မပေးပါ။ ပြီးနောက်တွင် ပိုမိုတင်းကျပ်လာစေပါသည်။ ကျွန်မ၏ လက်များကို ထိုင်ခုံတွင် လက်ထိပ်ခတ်ထားသောကြောင့် ကျွန်မသည် လုံးဝ လှုပ်ရှား၍လည်း မရပါ။ မကြာမီတွင်ပင် ကျွန်မသည် အသက်ရှူကျပ်လုနီးပါး ဖြစ်လာခဲ့ပါသည်။ ကျွန်မတစ်ကိုယ်လုံးသည် တောင့်တင်းလာသည်ကို ခံစားရပါသည်။ သို့သော်လည်း ထိုအရာက ၎င်းတို့ကို မုန်းတီးသည့် အမုန်းတရားများကို ပပျောက်စေရန် လုံလောက်မှု မရှိသေးပါ။ ၎င်းတို့သည် ရေအေးတစ်အိုးကို ယူဆောင်ကာ ကျွန်မ၏ နှာခေါင်းပေါ်မှ လောင်းချပါသည်။ ကျွန်မ စကားမပြောပါက၊ ကျွန်မသည် အသက်ရှုကြပ်လာမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုပါသည်။ အိတ်အစိုတစ်ခုတည်းနှင့်ပင် လေမဝင်သည့်အပြင်၊ ထိုစိုနေသည့် ရေများအပေါ်မှ ကျွန်မနှာခေါင်းထဲသို့ ရေထပ်လောင်းချခြင်း ဖြစ်ပါသည်။ အသက်ရှုရခြင်းသည် အလွန်ခက်ခဲပြီး၊ သေခြင်းတရားသည် ကျွန်မထံသို့ အလွန်နီးကပ်နေပြီဟု ခံစားရပါသည်။ ကျွန်မက “အို ဘုရားသခင်။ ကျွန်မရဲ့ ဒီအသက်ရှုခြင်းက ဘုရားသခင်က ပေးထားတာပါ။ ပြီးတော့ ဒီနေ့မှာ ကျွန်မဟာ ဘုရားသခင်အတွက် ရှင်သန်သင့်ပါတယ်။ ဒီမကောင်းဆိုးဝါး ရဲဝန်ထမ်းတွေက ကျွန်မကို ဘယ်လိုပဲ နှိပ်စက်ညှင်းဆဲပါစေ၊ ကျွန်မ ကိုယ်တော့်ကို သစ္စာမဖောက်ပါဘူး။ ကိုယ်တော်က ကျွန်မရဲ့ အသက်တာကို စတေးဖို့ လိုအပ်တယ်ဆိုရင်၊ ကျွန်မကလည်း ကိုယ်တော်ရဲ့ အကြံအစည်နဲ့ စီစဉ်ညွှန်ကြားခြင်းတို့ကိုနည်းနည်းမှ မညည်းညူပဲ နာခံချင်ပါတယ်” ဟု ဘုရားသခင်ထံတွင် တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။ ကျွန်မ စတင်သတိမေ့လာပြီး၊ အသက်ရှုစတင်ရပ်ဆိုင်းခါနီးတွင်ပင် ၎င်းတို့က ၎င်းတို့၏ လက်များကို ရုတ်ချည်း လွှတ်လိုက်ကြသည်။ ကျွန်မသည် ကျွန်မ၏ နှလုံးသားထဲတွင် ဘုရားသခင်ကို ကျေးဇူးတော် ဆက်လက် မချီးမွမ်းပဲ မနေနိုင်ခဲ့ပါ။ ဘုရားသခင်သည် အရာအားလုံး၏ သခင်ဖြစ်ကြောင်း၊ ကိုယ်တော်သည် ကျွန်မကို အမြဲတမ်းစောင့်ကြည့်ပြီး၊ ကာကွယ်စောင့်ရှောက်နေကြောင်း၊ ကျွန်မသည် မကောင်းဆိုးဝါး ရဲဝန်ထမ်းများ၏ လက်ထဲသို့ ကျရောက်ခဲ့သည့်တိုင် ဘုရားသခင်သည် ၎င်းတို့အား ကျွန်မ၏ လူ့ဇာတိပကတိ ခန္ဓာကိုယ်ကိုသာ နှိပ်စက်ခွင့်ပေးပြီး၊ ကျွန်မ၏ အသက်ကို ဆုပ်ကိုင်ခွင့်မပေးခဲ့ကြောင်း စသည်တို့ကို ရှင်းလင်းစွာပင် တွေ့ကြုံခံစားခဲ့ရပါသည်။ ထို့နောက်တွင်မူ ကျွန်မ၏ မိမိကိုယ်ကို ယုံကြည်မှုလည်း တိုးပွားလာခဲ့ပါသည်။

နောက်နေ့ နေ့လယ်ပိုင်းအချိန်ခန့်တွင်၊ ရဲဝန်ထမ်းအချို့သည် ကျွန်မနှင့် နောက်ထပ် အစ်မတစ်ယောက်ကို ရဲကားဖြင့် အကျဉ်းစခန်းတစ်ခုကို ခေါ်ဆောင်လာပါသည်။ ရဲဝန်ထမ်းတစ်ဉီးက ခြိမ်းခြောက်မှုအပြည့်ဖြင့် “မင်းက ဒီဒေသက မဟုတ်ဘူး။ မင်းကို ခြောက်လလောက် ပိတ်ထားလိုက်မယ်။ ပြီးတော့ မင်းကို ၃နှစ် ကနေ ၅ နှစ်အထိ ကျခံဖို့ အပြစ်ဒဏ်ပေးလိုက်မယ်။ မင်းကို ဘာပဲလုပ်လုပ် ဘယ်သူမှ သိမှာမဟုတ်ဘူး” ဟု ဆိုလာပါသည်။ “အပြစ်ဒဏ်ဆိုပါလား” ကျွန်မသည် အပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဟု ကြားသည်နှင့် တပြိုင်နက်၊ အလိုအလျောက် စိတ်အားငယ်လာခဲ့ပါသည်။ အကျဉ်းထောင်မှာသာ အပြစ်ဒဏ်ကျခံရပါက ကျွန်မမျက်နှာကို မည်သို့ပြရမည်ကိုလည်းကောင်း၊ လူများက ကျွန်မကို မည်သို့မြင်ကြမည်ကိုလည်းကောင်း တွေးတောမိပါသည်။ လူများသည် ကျွန်မကို အမှန်တကယ်ပင် အထင်အမြင်သေးကြမည် ဖြစ်ပါသည်။ ကျွန်မ နာကျင်ပြီး စိတ်အားငယ်လာသည့်အချိန်မှာပင်၊ ဘုရားသခင်သည် ကျွန်မကို သူ၏ ကျေးဇူးတော်အား တစ်ဖန်ပြန်လည်ပြသတော်မူခဲ့သည်။ ကျွန်မကို ပို့ထားသည့် အကျဉ်းခန်းထဲတွင်ရှိသည့် ကျန်သည့် လူများအားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြသည့် အစ်မများပင် ဖြစ်ပါသည်။ ၎င်းတို့သည် နတ်ဆိုး၏ တွင်းထဲတွင် ကျရောက်နေကြသော်လည်း၊ ကြောက်ရွံ့မှု အနည်းငယ်မျှ မပြခဲ့ကြပါ။ ၎င်းတို့် အချင်းချင်း အားပေးထောက်ပံ့ကြပါသည်။ ပြီးနောက်တွင် ကျွန်မအနေဖြင့် အဆိုးမြင်ပြီး စိတ်အားငယ်နေသည်ကို ၎င်းတို့မြင်တွေ့ရချိန်တွင်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို ပြောပြကာ၊ သက်သေခံကြပါသည်။ ကျွန်မကို ဘုရားသခင်၌ ယုံကြည်မှုရှိလာစေပါသည်။ ၎င်းတို့သည် ကျွန်မကို ခွန်အားပေးရန် ဓမ္မသီချင်းတစ်ပုဒ်ကိုလည်း သီဆိုကြပါသည်။ “လူသားမျိုးနွယ်ကို ကယ်တင်ရန် အသင်းတော်များကြားတွင် လမ်းလျှောက်ရင်း၊ သမ္မာတရားကို ဖော်ပြရင်း၊ ကျွန်ုပ်တို့ကို အပင်ပန်းခံ ရေလောင်းပေးရင်း၊ ခြေလှမ်းတိုင်းတွင် ကျွန်ုပ်တို့ကို လမ်းပြရင်း ဘုရားသခင်သည် နှိမ့်ချစွာ လူ့ဇာတိ ဖြစ်လာပေသည်။ ဤအရာကို ဆယ်စုနှစ်များစွာ နေ့တိုင်း လုပ်ဆောင်ခဲ့သည်၊ ထိုအရာအားလုံးမှာ လူသားကို သန့်စင်ပြီး စုံလင်စေဖို့ဖြစ်သည်။ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်ဦးရာသီ၊ ဆောင်းရာသီများစွာ သူမြင်တွေ့ခဲ့ရပြီး၊ ခါးသီးမှုကို ချိုမြိန်ခြင်းနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ခံယူလေသည်။ နောင်တတစ်ခုတစ်လေမျှ မရှိဘဲ အရာအားလုံးကို ကိုယ်ကျိုးမငဲ့ သူ စွန့်လွှတ်ခဲ့သည်၊ လူသားမျိုးနွယ်ကို သူ၏ ချစ်ခြင်းမေတ္တာအားလုံး သူ ပေးလေပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းကို ကျွန်ုပ် ကြုံရပြီး စမ်းသပ်မှုများ၏ ခါးသီးမှုကို မြည်းစမ်းခဲ့ရသည်။ ခါးသီးမှုနောက် ချိုမြိန်မှုက လိုက်လာသည်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်ခံရပြီ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် ကျွန်ုပ် စိတ်နှလုံးနှင့် ခန္ဓာကို ကျွန်ုပ် ဆက်ကပ်သည်။ ကိုယ်တော့်အတွက် မိမိကိုယ်ကိုယ် အသုံးခံရင်း၊ အားသွန်ခွန်စိုက်လုပ်ရင်း တစ်နေရာမှတစ်နေရာ ကျွန်ုပ် သွားသည်။ ချစ်ခင်သူများက ကျွန်ုပ်ကို စွန့်ပစ်ကြသည်၊ အခြားသူများက ကျွန်ုပ်ကို အသရေဖျက်ကြသည်၊ သို့သော် ကျွန်ုပ်သည် ဘုရားသခင်ကို မဆုတ်မနစ် အဆုံးထိ ချစ်သွားပါမည်။ နှိပ်စက်ညှဉ်းပန်းမှုနှင့် ဆင်းရဲဒုက္ခတို့ကို ကျွန်ုပ် ကြံ့ကြံ့ခံကာ၊ ဘဝ၏ အနိမ့်အမြင့်တို့ကို တွေ့ကြုံရသည်။ ခါးသီးမှုဘဝကို ကျွန်ုပ်ခံရိသော်လည်း၊ ဘုရားသခင်နောက် ကျွန်ုပ်လိုက်ပြီး ကိုယ်တော့်အတွက် သက်သေခံရပါမည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ခြင်းနှင့် ကိုယ်တော်၏ သက်သေဖြစ်ခြင်း”) ထိုဓမ္မသီချင်းအကြောင်း တွေးတောသည့်အခါတွင်၊ ကျွန်မသည် ထိုအစ်မများထံမှ အသက်တာစွမ်းအားကို ခံစားရရှိပြီး ကျွန်မ ကြီးစွာ အားတက်ခဲ့ရသည်။ ကျွန်မတို့သည် ဘုရားသခင်ကို ရန်သူအဖြစ် ရှုမြင်သော ဘုရားမဲ့သော ပါတီတစ်ခု၏ အုပ်စိုးမှု လက်အောက်တွင်ရှိသည့် နိုင်ငံတစ်နိုင်ငံတွင် စစ်မှန်သော ဘုရားသခင်ကို နောက်လိုက်ပြီး သမ္မာတရားဖြင့် ပြည့်ဝသည့် အသက်တာလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းမှာ မှန်ကန်ပါသည်။ ကျွန်မတို့သည် ဆင်းရဲဒုက္ခများစွာကို ခံစားရရန် ကံကြမ္မာဖန်လာသော်လည်း ထိုသို့သော ဆင်းရဲဒုက္ခများအားလုံးက် အနှစ်သာရရှိပါသည်။ ထို့အပြင် ကျွန်မတို့သည် သမ္မာတရားကို လိုက်စားပြီး၊ ဘုရားသခင်၏ လမ်းခရီးအတိုင်း လိုက်လျှောက် နေခြင်းအတွက် ညှင်းပန်းနှိပ်စက်ခြင်း ခံနေရခြင်း ဖြစ်သောကြောင့် အကျဉ်းထောင်ထဲတွင် ထိုင်နေရခြင်းသည်ပင်လျှင် ဂုဏ်ကျက်သရေရှိသည့် အရာတစ်ခုဖြစ်ပါသည်။ ထိုသို့အကျဉ်းထောင်ထဲတွင် ထိုင်နေရခြင်းသည် လောကီလူသားများအနေဖြင့် ဆိုးရွားလှသော ပြစ်မှုများကို ကျူးလွန်ခြင်းကြောင့် အကျဉ်းချခံရသည့် အခြေအနေနှင့် အလုံးစုံကွဲပြား ပါသည်။ ထို့နောက်တွင်ကျွန်မသည် စစ်မှန်သည့် လမ်းကြောင်းကို လျှောက်သောကြောင့် ညှင်းပန်းနှိပ်စက်ခြင်းနှင့် အရှက်တကွဲဖြစ်ခြင်းတို့ကို ခံစားခဲ့ရသည့် မျိုးဆက်တစ်ခုပြီးတစ်ခုမှ သူတော်စင်များအကြောင်းကို တွေးတောမိပါသည်။ သို့သော်လည်း ယခုအခါတွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို များစွာ လွတ်လပ်စွာ ရရှိထားသောကြောင့် လူမျိုးဆက်များစွာတို့ နားမလည်နိုင်သော သမ္မာတရားကို နားလည်ခဲ့ပြီး ဖြစ်ပါသည်။ မျိုးဆက်များစွာ မသိရှိထားသည့် နက်နဲသောအရာများကို သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင် ကို သက်သေခံရန် အနည်းငယ်မျှသော ဆင်းရဲဒုက္ခကို အဘယ့်ကြောင့် သည်းမခံနိုင်ရသနည်း။ ထိုအချက်ကို တွေးမိသည့်အခါတွင် ကျွန်မသည် မိမိ၏ စိတ်အားငယ်နေသည့် အခြေအနေမှ ပြန်လည်တိုးထွက်လာခဲ့ပြန်ပါသည်။ ကျွန်မ၏ နှလုံးသားသည်လည်း မိမိကိုယ်ကို ယုံကြည်မှုများနှင့် ခွန်အားများဖြင့် ပြည့်နှက်နေခဲ့ပါသည်။ ပြီးနောက်တွင်လည်း ကျွန်မသည် ဘုရားသခင်ကို မှီခိုအားထားပြီး၊ မနက်ဖြန်လာမည့် ညှင်းပန်းနှိပ်စက်မှုများကိုလည်းကောင်း၊ ပြစ်မှုကို ဝန်ခံရန် အတင်းအကျပ်စေခိုင်းခြင်းများကိုလည်းကောင်း ရင်ကော့ဦးမော့ကာ ပြေးပြီးတွေ့ဖို့အတွက် စိတ်ပိုင်းဖြတ်လိုက်ပါသည်။

နောက်ဆယ်ရက်အကြာတွင် ရဲဝန်ထမ်းများ ကျွန်မကို ထိန်းသိမ်းရေးစင်တာသို့တစ်ယောက်တည်းပို့လိုက်ကြသည်။ထိုနေရာတွင် အခြားသူများအားလုံးကို လိမ်လည်မှု၊ ခိုးယူမှု နှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ စသည်တို့အတွက် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းကို ကျွန်မသိမြင်လာခဲ့ရပါသည်။ ကျွန်မ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် ၎င်းတို့က “ဒီကို ရောက်ပြီးတဲ့ သူမှန်သမျှ ဘယ်သူမှ ပြန်မထွက်ရဘူး။ ငါတို့အားလုံးလည်း ငါတို့အတွက် စီရင်ချက်ချမှာကို စောင့်နေကြတာပဲ။ ပြီးတော့ ငါတို့ထဲက တစ်ချို့ဆိုရင် စောင့်နေတာ လနဲ့ချီနေပြီ” ဟု ဆိုကြသည်။ ထိုလူများကို ကြည့်ပြီး ကျွန်မသည် စိတ်လှုပ်ရှားလွန်းသောကြောင့် ကျွန်မနှလုံးသား ပေါက်ကွဲထွက်လုနီးပါး ဖြစ်ခဲ့ရပါသည်။ ၎င်းတို့သည် ကျွန်မကို ဆိုးရွားစွာ ဆက်ဆံမည်ကိုလည်း ကြောက်ရွံ့လာခဲ့ပါသည်။ ပြီးနောက်တွင်လည်း ရဲဝန်ထမ်းများသည် ကျွန်မကို ၎င်းတို့နှင့် အတူ ထိန်းသိမ်းထားသည်ဆိုသည့် အချက်ကို တွေးမိသည့်အချိန်တွင်၊ ကျွန်မကိုလည်း ကြီးလေးသောပြစ်မှု ကျူးလွန်သောသူတစ်ဦး၏ စီရင်ချက်မျိုးသာ ချမှတ်မည်မှာ ဖြစ်နိုင်ချေများသည်ဟု တွေးမိပါသည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် အကျဉ်းထောင်ထဲတွင် ၈ နှစ်ခန့် ကြာမြင့်အောင် နေထိုင်ခဲ့ရကြောင်းကိုလည်း ကြားသိရပါသည်။ ကျွန်မ၏ စီရင်ချက်သည် နှစ်မည်မျှ ကျခံရမည်ကိုမူ မသိရှိနိုင်ခဲ့ပါ။ ပြီးနောက်တွင်လည်း ကျွန်မသည် အသက် ၂၉ နှစ်သာ ရှိပါသေးသည်။ ကျွန်မ၏ လူငယ်ဘဝကို မှောင်မိုက်နေသည့် အကျဉ်းထောင် ထဲတွင် ပိတ်မိပြီး အချိန်ကုန်ဖို့ မဖြစ်နိုင်ပါ။ ယခုမှစပြီး ကျွန်မ၏ နေ့ရက်များကို မည်သို့ကုန်ဆုံး ရမည်နည်း။ ထိုအခိုက်အတံ့တွင် ကျွန်မ၏ မွေးရပ်ဇာတိ၊ မိဘများ၊ ခင်ပွန်းနှင့် ကလေးငယ်တို့သည် ကျွန်မနှင့် ရုတ်တရက် အလွန်ဝေးကွာနေသည်ဟု ခံစားလာရပါသည်။ ကျွန်မနှလုံးသားတွင်လည်း ဓါးတစ်ချောင်းဖြင့် မွှေနှောက်နေသကဲ့သို့ ခံစားရကာ၊ ကျွန်မ၏ မျက်လုံးများတွင် မျက်ရည်များပြည့်နှက်လာပါသည်။ ကျွန်မသည် စာတန်၏လှည့်စားမှုသို့ ကျရောက်ခဲ့ပြီ ဖြစ်ကြောင်း သိရှိခဲ့ပါသည်။ ထို့ကြောင့် ယခုဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် ဘုရားသခင် ဉီးဆောင်ပေးဖို့ မျှော်လင့်ရင်းဖြင့် ဘုရားသခင်ကို ပြင်းပြစွာ တောင်းလျှောက် မိပါသည်။ ကျွန်မ၏ ဆုတောင်းခြင်း တစ်ဝက်တစ်ပျက်တွင် ကျွန်မစိတ်ထဲတွင် ရှင်းလင်းသော လမ်းညွှန်ချက်ကို ခံစားလိုက်ရပါသည်။ ယခုကဲ့သို့ အခြေအနေကို သင်ရင်ဆိုင်သည့်အခါတွင်၊ သင်သည် ဘုရားသခင်ထံမှ ခွင့်ပြုချက်ကို ရရှိပြီး ဖြစ်ပါသည်။ ယောဘ စုံစမ်းစစ်ဆေးခြင်း ခံရသကဲ့သို့ပင် ဖြစ်ပြီး မညည်းညူနှင့်။ ချက်ခြင်းဆိုကဲ့သို့ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မကို ဉာဏ်အလင်းရခြင်းဖြစ်စေပါသည်။ “သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်းသို့ ရောက်သည် ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို နာခံမည်လား။ သို့မဟုတ် ငါ၏အဆုံးအမကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးမည်လား။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း”) ဘုရားသခင်၏နှုတ်ကပတ်တော်မှ စီရင်ချက်နှင့် ပြစ်တင်ဆုံးမခြင်း တို့သည် ကျွန်မကို အရှက်ရစေပါသည်။ ကျွန်မသည် ဘုရားသခင်နှင့် ပတ်သက်ပါက အနည်းငယ်မျှပင် ရိုးသားခြင်း မရှိခဲ့သော်ငြားလည်း ဘုရားသခင်ကို သက်သေခံသည့်လူကောင်းတစ်ယောက် ဖြစ်လိုသည်ဟုသာ ဆိုခဲ့မိသည်ကို တွေ့မြင်လာရသည်။ သို့သော်လည်း ကျွန်မသည် အကျဉ်းကျခံရမည့် ဘေးကို အမှန်တကယ် ရင်ဆိုင်ရသည့်အခါတွင် ထွက်ပြေးလွတ်မြောက်လိုခြင်းသာ ရှိပါသည်။ သမ္မာတရားအတွက် ဆင်းရဲဒုက္ခခံစားနိုင်သည့် လက်တွေ့ကျသည့် စွမ်းရည် မရှိပါ။ ကျွန်မ အဖမ်းဆီးခံရသည့် အချိန်ကို ပြန်လည်တွေးကြည့်သည့်အခါတွင်၊ ဘုရားသခင်သည် ကျွန်မနံဘေးတွင် အချိန်ပြည့်ရှိနေပါသည်။ ဘုရားသခင်သည် ကျွန်မလမ်းပျောက်သွားခြင်း သို့မဟုတ် လမ်းကြောင်းပေါ်တွင် ခလုတ်တိုက်လဲခြင်းတို့ ဖြစ်မည်ကို စိုးသောကြောင့် လမ်းခရီးမှ ခြေလှမ်းတစ်ခုမျှတွင်လည်း ပစ်ထားခဲ့ခြင်းမရှိပါ။ ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလုံးစုံ ရိုးသားပြီးလျှင်၊ လစ်ဟာခြင်းလည်း လုံးဝ မရှိခဲ့ပါ။ သို့သော်လည်း ကျွန်မသည် အတ္တကြီးပြီး၊ ကိုယ်ကျိုးကိုသာ ကြည့်ခဲ့ပြီး ကျွန်မ၏ ဇာတိပကတိအတွက် အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများ အတွက်သာ အချိန်ပြည့် တွေးတောဆင်ခြင်နေခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ ပေးဆပ်လိုခြင်း မရှိပါ။ ကျွန်မသည် မည်သည့်နည်းဖြင့် လူ့သဘာဝကိုရရှိနိုင်မည်နည်း။ အသိစိတ်တစ်စုံတစ်ရာ မည်သို့ ရရှိမည်နည်း။ ထိုအချက်ကို တွေးမိချိန်တွင် ကျွန်မသည် နောင်တနှင့် အကြွေးတင်ရှိခြင်းတို့ကို အပြည့်အဝ ခံစားခဲ့ရပါသည်။ ကျွန်မသည် ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆုတောင်းခဲ့ပြီး၊ ဝန်ချတောင်းပန်ခဲ့ပါသည်။ “ကျွန်မအနေဖြင့်လာမည့် စုံစမ်းစစ်ဆေးခြင်းများနှင့် ပတ်သက်ပါက မည်သို့ရင်ဆိုင်ရမည်ကိုသိရှိအောင် အကျဉ်းသားခေါင်းဆောင်အားဖြင့် ထိုသို့မယုံနိုင်ဖွယ်ရာ စီစဉ်ပေးမှုနှင့် ကျွန်မကို ပေးကမ်းသည့် အမျှော်အမြင်တို့အတွက် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းမိပါသည်။ ထို့အပြင် အခြားသော အကျဉ်းသားများသည် ကျွန်မကို ရန်လိုခြင်းတစ်စုံတစ်ရာမရှိရုံမျှမက၊ ကျွန်မကို အမှန်တကယ် စောင့်ရှောက်ကာ၊ အဝတ်အစားများပေးခြင်း၊ အစားစားချိန်တွင် အစားအစာအပိုများပေးခြင်းအပြင်၊ ၎င်းတို့ကိုယ်တိုင် ယူဆောင်လာသည့် အသီးအနှံများနှင့် မုန့်ပဲသားရေစာများကိုပါ ဝေမျှကျွေးမွေးကြကာ၊ ကျွန်မနေ့စဉ် လုပ်ကိုင်ရသည့် အလုပ်များအတွက်လည်း ကူညီခဲ့ကြပါသည်။ ထိုအရာများအားလုံးသည် ဘုရားသခင်၏ အကြံအစည်နှင့် အစီအစဉ်များဖြစ်သည်ကို ကျွန်မ သိရှိခဲ့ပြီး ဖြစ်ပါသည်။ ကျွန်မ၏ သေးငယ်သော ဝိညာဉ်ရေးအသက်တာအတွက် ပေးသနားသော ဘုရားသခင်၏ သနားခြင်းကရုဏာတော် ဖြစ်ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကာကွယ်မှုတို့ကို ကြုံတွေ့ရင်း၊ ကျွန်မသည် မိမိအတွက်ချမှတ်မည့် စီရင်ချက်မှာ မည်မျှနှစ်ကြာမြင့်သည့် စီရင်ချက်ပင် ဖြစ်လင့်ကစား၊ ဘုရားသခင်အတွက် သက်သေရပ်တည်သွားမည်ဟု ဆုံးဖြတ်ချက်ချမှတ် လိုက်ပါသည်။

ထိန်းသိမ်းရေးစင်တာတွင် ရဲဝန်ထမ်းများသည် ရက်အနည်းငယ်လျှင်တစ်ကြိမ် ကျွန်မကို စစ်မေးကြပါသည်။ ပြင်းပြင်းထန်ထန် စစ်ဆေးခြင်းသည် ကျွန်မအပေါ် မည်သို့မျှ အကျိုးသက်ရောက်ခြင်းမရှိကြောင်း ၎င်းတို့ သတိပြုမိလာချိန်တွင်၊ ၎င်းတို့သည် နူးညံ့သည့် ဆက်ဆံမှုသို့ ပြောင်းလဲခဲ့ကြပါသည်။ ကျွန်မကို စုံစမ်းစစ်ဆေးသည့် ရဲဝန်ထမ်းသည် ဆက်ဆံရလွယ်သည့် ဟန်ပန်မျိုးဖြင့် နေထိုင်လာကာ၊ ကျွန်မနှင့် စကားစမြည် ပြောဆိုခြင်း၊ စားကောင်းသည့် အစားအစာပေးခြင်း တို့အပြင်၊ ကျွန်မကို အလုပ်ကောင်းတစ်ခုရအောင်ကူညီမည်ဟုလည်း ဆိုလာပါသည်။ ထိုအရာများအားလုံးသည် စာတန်၏လှည့်စားမှုများ ဖြစ်ကြောင်း ကျွန်မသိရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့က ကျွန်မကို စုံစမ်းစစ်ဆေးသည့် အခါတွင်၊ ကျွန်မသည် ဘုရားသခင် ကိုသာ ကျွန်မကို ကာကွယ်ပါရန် နှင့် ထိုလှည့်စားမှုများထဲသို့ သားကောင်အဖြစ် ကျရောက် ခွင့်မပေးပါရန် စသည်တို့အတွက် ဆုတောင်းခဲ့ပါသည်။ တစ်ချိန်တွင် ရဲဝန်ထမ်းတစ်ယောက်က ကျွန်မကို စုံစမ်းစစ်ဆေးနေချိန်၌၊ ၎င်းတို့၏ အန္တရာယ်ပြုမည့် လက္ခဏာရှိသော ရည်ရွယ်ချက်များကို နောက်ဆုံးတွင် ဖော်ပြလာခဲ့ပါသည်။ “ငါတို့က မင်းနဲ့ ပတ်သက်ပြီး မကျေနပ်တာ တစ်ခုမှပြောစရာမရှိပါဘူး။ ငါတို့တွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အသင်းတော်ကိုပဲ ဖြိုချပစ်ချင်တာပါ။ မင်းလည်း ငါတို့နဲ့ ပူးပေါင်းနိုင်ဖို့ကို မျှော်လင့်တာပဲကွာ” ဟု ဖြစ်ပါသည်။ ကျွန်မသည် ထိုဆိုးရွားသည့် စကားများကို ကြားသိရချိန်တွင်၊ အလွန်အမင်း ဒေါသထွက်မိပါသည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းကာ၊ ကျွန်မတို့ လူသားများအတွက် ယခုအချိန်အထိ ထောက်ပံ့ပေးပြီး ဉီးဆောင်နေဆဲ ဖြစ်ကြောင်းကို ကျွန်မတွေးမိပါသည်။ ပြီးနောက် ယခု ဘုရားသခင်သည် ကိုယ်တော်ဖန်ဆင်းတော်မူသည့် သူများကို ကယ်တင်ရန် ကြွတော်မူလာကာ၊ ကျွန်မတို့၏ ဆင်းရဲဒုက္ခချောက်နက်ကြီးထဲမှ လွတ်မြောက်ရန် ကူညီတော်မူပါသည်။ ထိုသို့ ပြုတော်မူခြင်းသည် မည်သည့်အမှားများ ပါနေပါသနည်း။ ထိုမကောင်းဆိုးဝါး နတ်ဆိုးများသည် ဘုရားသခင်၏ ထိုအပြုအမူကို အဘယ့်ကြောင့်များ အလွန်မုန်းတီးပြီး၊ သွားပုပ်လေလွင့်ပြောကြသနည်း။ ကျွန်မတို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းများ ဖြစ်ပါသည်။ ဘုရားသခင်နောက်လိုက်ပြီး၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းသည် သင့်တော်မှန်ကန်ပါသည်။ ထို့ကြောင့် စာတန်သည် ကျွန်မတို့အား အဘယ့်ကြောင့် ဤနည်းလမ်းဖြင့် ဖီလာကန့်လန့်တိုက်နေသနည်း။ ပြီးလျှင် ဘုရားသခင်ကို နောက်လိုက်ရာတွင် ကျွန်မတို့၏ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခြင်းကို အဘယ့်ကြောင့် လုယူရန် ကြိုးစားနေပါသနည်း။ ယခုအခါတွင် ၎င်းတို့သည် ဘုရားသခင်ကို တိုက်ခိုက်လဲဖြိုသည့် ၎င်းတို့၏ ကြိုးပမ်းမှုတွင် ကျွန်မကိုပါ ရုပ်သေးတစ်ရုပ် ဖြစ်လာစေရန် ကြိုးစားနေကြသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘုရားသခင်ကို ပုန်ကန်ရန် စိတ်ပိုင်းဖြတ်ထားသည့် နတ်ဆိုးအုပ်စု အစစ်အမှန်ပင် ဖြစ်ပါတော့သည်။ ၎င်းတို့သည် ယင်းကဲ့သို့ ဆိုးညစ်သည့် ဖောက်ပြန်ရေးဝါဒီများဖြစ်ကြသည်။ ကျွန်မသည် ခါးသီးသော ခံစားချက်အပြည့်ဖြင့် တရုတ်ကွန်မြူနစ်ပါတီကို ပို၍ပင် မုန်းတီးလာခဲ့ပါသည်။ ပြီးနောက်တွင်လည်း ကျွန်မသည် ဘုရားသခင်အတွက် သက်သေရပ်တည်ကာ၊ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်လိုပါသည်။ ရဲဝန်ထမ်းများက ကျွန်မ စကားမပြောသေးသည်ကို တွေ့မြင်သောအခါတွင်၊ ကျွန်မကို စိတ်ပိုင်းဆိုင်ရာ နည်းစနစ်များအသုံးပြုကာ စတင်တိုက်ခိုက်လာပါသည်။ ၎င်းတို့သည် ကျွန်မ၏ ခင်ပွန်းကို တရုတ်ပြည်နယ် လက်ကိုင်ဖုန်းအားဖြင့် ရှာဖွေတွေ့ရှိလာကာ၊ ကျွန်မကို သိမ်းသွင်းရန် ကျွန်မ ခင်ပွန်းနှင့် ကလေးငယ်တို့ကို ခေါ်ဆောင်လာခဲ့ပါသည်။ ကျွန်မ၏ ခင်ပွန်းသည် နဂိုမူလက ကျွန်မ၏ ဘုရားသခင်ကို သက်ဝင်ယုံကြည်မှုနှင့် ပတ်သက်ပြီး ကျေနပ်ပြီးသားဖြစ်သော်လည်း၊ ရဲဝန်ထမ်းများ၏ လှည့်ဖြားမှုကိုခံရပြီးနောက်တွင်၊ ကျွန်မခင်ပွန်းက “မင်းရဲ့ သက်ဝင်ယုံကြည်မှုကို စွန့်ပစ်ဖို့ ငါတောင်းပန်နေတာပါ။ ငါ့အတွက် မတွေးဘူးဆိုရင်တောင် အနည်းဆုံး ငါတို့ ကလေးအတွက်တော့ တွေးပေးပါ။ အမေဖြစ်တဲ့သူက အကျဉ်းထောင်ထဲရောက်နေတာဟာ သားလေးအတွက် အရမ်းဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်။...” ဟု ထပ်ခါတလဲလဲ ပြောခဲ့ပါသည်။ ကျွန်မ၏ ခင်ပွန်းသည် မည်သည့်အရာကိုမျှ သိရှိထားခြင်းမရှိပဲနှင့် ထိုစကားများကို ပြောဆိုနေခြင်းဖြစ်ကြောင်း ကျွန်မ သိရှိပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မ သူ့အား စကားဖြတ်ကာ “ရှင်ကျွန်မကို အခုထိ နားမလည်သေးဘူးလားဟင်။ ကျွန်မတို့ နှစ်ပေါင်းများစွာ အတူပေါင်းသင်းခဲ့ကြတယ်။ ကျွန်မ ဆိုးညစ်တဲ့ ကိစ္စတွေလုပ်တာ ရှင်ဘယ်နှစ်ခါများ မြင်ဖူးလို့လဲ။ ရှင်တစ်ခုခုကို နားမလည်ရင်လည်း၊ ပါးစပ်က လျှောက်မပြောနေပါနဲ့” ဟု ဆိုလိုက်ပါသည်။ ကျွန်မ၏ ခင်ပွန်းသည် သူ၏ စကားများက ကျွန်မ၏ စိတ်ကို ပြောင်းလဲအောင် မလုပ်ဆောင်နိုင်ကြောင်း သိရှိသည့်အခါတွင်၊ ၎င်းသည် ရက်စက်ကြမ်းကြုတ်သော စကားများကို စတင်ပြောဆိုလာခဲ့ပါသည်။ “မင်းကလေ အရမ်းခေါင်းမာပြီး၊ နားကို မထောင်ဘူး။ အဲဒါဆိုရင်လည်း မင်းကို ငါက ကွာရှင်းရတော့မှာပဲ” ဟု ဆိုလေသည်။ “ကွာရှင်း” ဆိုသည့် ထိုစကားသည် ကျွန်မ၏နှလုံးသားကို နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့ပါသည်။ ထိုစကားကြောင့် ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို ပို၍ပင် မုန်းတီးလာခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အသရေဖျက်ခြင်းနှင့် စိတ်ဝမ်းကွဲပြားစေခြင်းတို့ကြောင့် ကျွန်မ၏ ခင်ပွန်းသည် ဘုရားသခင်၏ အမှုတော်ကို ထိုကဲ့သို့ မုန်းတီးလာပြီး၊ ကျွန်မကိုလည်း ထိုသို့ ခံစားချက်မဲ့သောစကားများကို ပြောဆိုလာခြင်း ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ကောင်းကင်ဘုံကို စော်ကားရန်အတွက် သာမာန်လူသားများကို ဆင့်ခေါ်သည့် တရားခံလက်သည် အစစ်အမှန်ပင် ဖြစ်ပါသည်။ ကျွန်မတို့၏ လင်နှင့် မယား စိတ်ခံစားချက်များကိုလည်း လျော့ပါးစေခဲ့သည့် တရားခံလက်သည်လည်း ဖြစ်ပါသည်။ ထိုအတွေးကို တွေးမိသည့်အခါတွင်၊ ကျွန်မသည် ခင်ပွန်းဖြစ်သူကို မည်သည့်အရာမျှ ပြောဆိုလိုခြင်း မရှိတော့ပါ။ ကျွန်မက တည်ငြိမ်စွာဖြင့် “အဲဒါဆိုရင်လည်း မြန်မြန် သွက်သွက်လုပ်လေ။ ပြီးတော့ ကျွန်မတို့ ကလေးကိုလည်း အိမ်ပြန်ခေါ်သွားတော့” ဟု ပြောခဲ့ပါသည်။ ရဲဝန်ထမ်းများက ထိုနည်းဗျူဟာသည် အလုပ်မဖြစ်သည်ကို တွေ့မြင်သည့်အခါတွင်၊ ၎င်းတို့က အလွန်အမင်း စိတ်ဆိုးကာ ၎င်းတို့ စားပွဲရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်၍ ကျွန်မကိုလည်း “ငါတို့ အရမ်းကြိုးစားခဲ့တယ်။ ဒါလည်း မင်းဆီက ဘာတုန့်ပြန်ချက်တစ်ခုမှ မရသေးဘူး။ မင်းစကားပြောဖို့ကို ဆက်ပြီး ငြင်းဆန်နေဉီးမယ်ဆိုရင်တော့၊ မင်းက ငါတို့က ဒီဒေသရဲ့ ခေါင်းဆောင် နိုင်ငံရေးအကျဉ်းသမားတစ်ယောက်ဆိုပြီး အမည်တပ်ရတော့မယ်။ ဒီနေ့မှာ ဘာစကားမှ မပြောဘူးဆိုရင်တော့၊ မင်းနောက်ထပ် အခွင့်အရေး ရတော့မှာမဟုတ်ဘူး” ဟု အော်ဟစ်ကြပါတော့သည်။ သို့သော်လည်း ၎င်းတို့ မည်မျှပင် ကြိမ်းမောင်းဟိန်းဟောက်ပြီး ကယောင်ကတမ်း ပြောနေကြသော်လည်း ကျွန်မသည် မိမိနှလုံးသားထဲတွင် ဘုရားသခင်ထံသို့သာ ဆုတောင်း၍၊ ကျွန်မ၏ သက်ဝင်ယုံကြည်မှုအတွက် ခွန်အားဖြည့်ပေးရန် တောင်းလျှောက်နေပါသည်။

ကျွန်မကို စုံစမ်းစစ်ဆေးခြင်းကာလအတွင်း၊ ကျွန်မကို စိတ်အတွင်းမှနေပြီး ဆက်လက်လမ်းညွှန်သွားသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ် ရှိပါသည်။ “နောက်ဆုံးသောကာလ၏ အမှုတော်၌ ကြီးမားသော ယုံကြည်ခြင်း၊ ကြီးမားသောချစ်ခြင်း သင့်မှာ ရှိဖို့လိုသည်။ ခါတိုင်းနှင့်မတူလို့ သင်သတိမရှိခဲ့လျှင် ချော်လဲမယ် ချော်လဲမယ် ချော်လဲသွားနိုင်သည် အကြိမ်တစ်ရာမက စစ်ကြောခြင်း ကိုလူတို့ ခံနိုင်၍ ယောဘထက် ကြီးမားသောယုံကြည်ခြင်းကို ပိုင်ဆိုင်ရမည်။ သူတို့သည် ဘုရားကိုမျက်နှာ မလွှဲဖယ်ဘဲ ကြီးစွာသော ညှဉ်းပန်းခြင်းကို ခံကြရမည်။ လူတို့၏ ယုံကြည်ခြင်းကို ဘုရားက စုံလင်စေသည်။ ထိုအရာကို မမြင်နိုင် မကိုင်နိုင်၊ မထိတွေ့နိုင်သောအရာ နှုတ်ထွက်စကားကို ဘုရားက ယုံကြည်ခြင်း၊ချစ်ခြင်းနှင့် အသက် ဖြစ်စေသည်။ လူတို့၏ ယုံကြည်ခြင်းကို ဘုရားက စုံလင်စေသည်။ သေသည့်တိုင်အေင် နာခံလျက် ယုံကြည်သောအခါ ဤ အမှုတော်အဆင့် ပြီးဆုံးခြင်းသို့ရောက်မည် ဤအမှုသည် ထင်သလောက်တော့ မလွယ်ပါ။ လူတို့အယူအဆနှင့် မတူညီလေလေ၊ အဓိပ္ပာယ် လေးနက်လေလေ။ လူတို့အယူအဆနှင့် တူညီလေလေ၊ အဓိပ္ပာယ်ပေါ့ပျက်ပြီး တန်ဖိုးနည်းလေလေ။ ဤအရာကို သတိထားပြီး စဉ်းစာကြည့် လူတို့၏ ယုံကြည်ခြင်းကို ဘုရားက စုံလင်စေသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားစုံလင်စေသော အရာသည် ယုံကြည်ခြင်းဖြစ်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှှ လက်ခံရရှိသည့် သက်ဝင်ယုံကြည်မှု နှင့် ခွန်အားတို့ကြောင့်၊ ကျွန်မသည် စုံစမ်းစစ်ဆေးခြင်း ခံနေရချိန်တွင် အလွန်ကြံ့ကြံ့ခံနိုင်သည့် ပုံစံပေါက်နေခဲ့ပါသည်။ သို့သော်လည်း မိမိအကျဉ်းခန်းတွင်းသို့ ပြန်လည်ရောက်ရှိသည့် အခါတွင်မူ၊ အားငယ်စိတ်နှင့် နာကျင်မှု အနည်းငယ်တို့က အလိုအလျောက် ဝင်ရောက်လာခဲ့ပါသည်။ ကျွန်မခင်ပွန်းသည်လည်း ကျွန်မကို အမှန်တကယ်ပင် ကွာရှင်းတော့မည့်ပုံပေါ်ပြီး၊ ကျွန်မမှာလည်း နေအိမ်ရှိတော့မည် မဟုတ်ပါ။ ကျွန်မ၏ စီရင်ချက်အပြစ်ဒဏ်သည်လည်း နှစ်မည်မျှ ကျခံရမည်ကို မသိရှိခဲ့ပါ။ ဤနာကျင်မှုကြားမှ၊ ကျွန်မသည် ဘုရားသခင်ထံမှ အောက်ပါနှုတ်ကပတ်တော်ကို တွေးတောမိပါသည်။ “ထိုအချိန်က ပေတရု၏ ခံစားချက်ကို သင်တို့လည်း ခံစားရသင့်ပါသည်၊ ဝမ်းနည်းပူဆွေးမှုကို ခံစားရပြီး သူသည် အနာဂတ်တစ်ခု၊ သို့မဟုတ် ကောင်းကြီးတစ်ခုခုအတွက် မတောင်းဆိုတော့ပေ။ သူသည် အကျိုးအမြတ်၊ ပျော်ရွှင်မှု၊ ကျော်ကြားမှု၊ သို့မဟုတ် လောက၏စည်းစိမ်ကို ရှာဖွေနေခြင်းမဟုတ်ဘဲ အဓိပ္ပါယ်အရှိဆုံး ဘဝတစ်ခုသာ ရှင်သန်ဖို့ ရှာဖွေနေခဲ့ခြင်းဖြစ်ပြီး ဤသည်မှာလည်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့နှင့် သူ၌ရှိသမျှ၏ အကြီးမားဆုံး၊ အဖိုးတန်ဆုံးကို ဘုရားသခင်ထံ အပ်နှံဖို့သာဖြစ်သည်။ ထိုကဲ့သို့လုပ်မှ မိမိနှလုံးသားထဲ၌ ကျေနပ်အားရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိလာသည့်အကြောင်း”) ကျွန်မသည် ရှင်ပေတရု၏လုပ်ရပ်များကြောင့် နက်နက်ရှိုင်းရှိုင်းပင် စိတ်ထိခိုက်ခံစားရပါသည်။ ထို့အပြင် ၎င်း၏ လုပ်ရပ်များသည် အရာအားလုံးကို စွန့်လွှတ်ကာ ဘုရားသခင် ကျေနပ်နှစ်သက်လာရန် ဆောင်ရွက်လိုသည့် ကျွန်မ၏ ဆန္ဒကိုလည်း ပိုမိုထကြွလာစေပါသည်။ ရှင်ပေတရုသည် ဝမ်းအနည်းရဆုံးအချိန်ကာလကို ရောက်ရှိသည့်အခါတွင်၊ ထိုဝမ်းနည်းမှုများကို ခံရ ကာ၊ဘုရားသခင်ကို ကျေနပ်စေနိုင်ခဲ့ပါသည်။ ၎င်း၏ ကိုယ်ပိုင် မျှော်လင့်ချက်များ သို့မဟုတ် ကံကြမ္မာ သို့မဟုတ် ၎င်း၏ ကိုယ်ပိုင်အကျိုးအမြတ် စသည်တို့အတွက် မဟုတ်ခဲ့ပါ။ နောက်ဆုံး၌ ၎င်းသည် လက်ဝါးကပ်တိုင်ပေါ်တွင် ဇောက်ထိုးမိုးမျှော်ထားပြီး သံမှိုစွဲခြင်းခံရသည့် အချိန်တွင်ပင် ဘုရားသခင်အတွက် ကောင်းမွန်ပြီး ထူးကဲလှသော သက်သေကိုခံခဲ့သူတစ်ယောက် ဖြစ်ပါသည်။ ကျွန်မကမူ လူ့ဇာတိခံ ဘုရားသခင် နောက်လိုက်ရန် ကောင်းမွန်သည့် အခွင့်အလန်းကို ရရှိသည့်အပြင်၊ ကျွန်မ၏ အသက်တာတွင် ဘုရားသခင်၏ မဆုံးနိုင်သော ထောက်ပံ့မှုများနှင့် တကွ၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာတို့ကိုပါ ခံစားရပါသော်လည်း ဘုရားသခင်အတွက် မည်သည့်စစ်မှန်သည့် ပေးဆပ်မှုကိုမျှ မပြုခဲ့ပါ။ ထို့နောက်တွင်လည်း ဘုရားသခင်အတွက် သက်သေရပ်တည်ရန် ဘုရားသခင်က ကျွန်မကို လိုအပ်သည့်အခါ တွင်လည်း၊ ကျွန်မသည် ထိုတစ်ကြိမ်လေးမျှပင် ဘုရားသခင် ကျေနပ်အောင် မဆောင်ရွက်နိုင်ခဲ့ပါ။ ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးရခြင်းသည် ကျွန်မတစ်သက်လုံး နောင်တရနေရမည့် အခြေအနေများ ဖြစ်နေမည်လား။ ထိုအချက်ကို ကျွန်မတွေးမိသည့်အခါတွင်၊ ကျွန်မသည် ဘုရားသခင်ရှေ့တော်တွင် ကျွန်မ၏ ဆန္ဒကို စိတ်ပိုင်းဖြတ်လိုက်ပါသည်။ “အို ဘုရားသခင်၊ ကျွန်မ ရှင်ပေတရုရဲ့ စံနမူနာကို လိုက်နာဖို့ လိုလားပါတယ်။ ကျွန်မရဲ့ ရလဒ် ဘယ်လိုပဲ ထွက်လာပါစေ၊ အဲဒီရလဒ်က ကျွန်မ ခင်ပွန်းနဲ့ ကွာရှင်းပြတ်စဲရဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အကျဉ်းထောင်ထဲမှာ အပြစ်ဒဏ်ကျခံရဖို့ပဲဖြစ်ဖြစ် ဖြစ်လာပါစေ ဘုရားသခင်ကို သစ္စာမဖောက်ပါဘူး” ဟု ဆုတောင်းခဲ့ပါသည်။ ဆုတောင်းအပြီးတွင် ကျွန်မစိတ်ထဲတွင် ခွန်အားလှိုင်းများ တက်လာသည်ကို ခံစားရပါသည်။ ကျွန်မသည် အပြစ်ဒဏ်စီရင်ချက် ကျခံရခြင်း ရှိမရှိကိုလည်းကောင်း၊ အပြစ်ဒဏ် မည်မျှ ကျခံရခြင်း ရှိမရှိကိုလည်းကောင်း တွေးမနေတော့ပါ။ ထို့အပြင်၊ ကျွန်မသည် နေအိမ်သို့ပြန်ပြီး မိသားစုနှင့် ပြန်လည်ဆုံစည်းရခြင်းရှိမရှိကိုလည်း တွေးတောမနေတော့ပါ။ ကျွန်မတွေးတောသည်မှာ နတ်ဆိုးများ၏ သားရဲတွင်းတွင် နောက်ထပ်တစ်ရက် ထပ်မံနေထိုင်ရခြင်းသည် ဘုရားသခင်အတွက် နောက်ထပ်တစ်ရက် သက်သေရပ်တည်ခြင်းဖြစ်သည်ဟုပင် ဖြစ် ပြီး အဆုံးထိ ကျွန်မအပြစ်ဒဏ်ကျခံရသည့်တိုင်အောင်၊ စာတန်ကို လက်မြှောက် အလျှော့ပေးမည် မဟုတ်ပါ။ ကျွန်မသည် မိမိကိုယ်ကို စွန့်လွှတ်လိုက်သည့် အခါတွင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် နှစ်လိုကြင်နာမှုတို့ကို အမှန်တကယ်ပင် မြည်းစမ်းလိုက်ရပါသည်။ ရက်များအနည်းငယ် ကြာသည့်အခါတွင် နေ့လည်ခင်းတစ်ချိန်၌၊ အစောင့်တစ်ယောက်က ကျွန်မကို “မင်းပစ္စည်းတွေ သိမ်းစမ်း။ မင်းအိမ်ပြန် လို့ရပြီ” ဟု ရုတ်ချည်း ပြောလာပါသည်။ ကျွန်မသည် မိမိနားကိုပင် မယုံရဲပါ။ ပြန်လွှတ်မပေးမီတွင် ရဲဝန်ထမ်းများက ကျွန်မကို စာရွက်စာတမ်းတစ်ခုတွင် လက်မှတ်ရေးထိုး စေပါသည်။ စကားလုံးများ ရေးသားထားသည်ကို ကျွန်မရှင်းလင်းစွာ မြင်တွေ့ခဲ့ရပါသည်။ “သက်သေအထောက်အထား မလုံလောက်သောကြောင့် အပြစ်မရှိပါ။ ထောင်မှလွှတ်ပါသည်” ဟု ဖြစ်သည်။ ထိုစာများကို မြင်တွေ့ ရသည်မှာ ကျွန်မအနေဖြင့် တိုင်းတာ၍ မရနိုင်အောင်ပင် စိတ်လှုပ်ရှားခဲ့ရပါသည်။ ကျွန်မသည် ဘုရားသခင်၏ တန်ခိုးတော် အနန္တနှင့်ပြည့်စုံခြင်း နှင့် သစ္စာစောင့်သိခြင်းတို့ကို တစ်ကြိမ်တစ်ဖန် တွေ့မြင်ခဲ့ရပါသည်။ “မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် စိုးရိမ်မှု မရှိဘဲ ဖြတ်ကူးနိုင်ကြ၏။” ယခုဝိညာဉ်တိုက်ပွဲတွင် စာတန်က ရှုံးနိမ့်ခဲ့ရပြီး၊ နောက်ဆုံးတွင် ဘုရားသခင်က ဘုန်းတော်ထင်ရှားခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ရဲဝန်ထမ်းများ၏ ထိန်းသိမ်းမှုနှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့ကို ၃၆ ရက်အကြာ ခံရပြီးနောက်တွင်၊ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်ကြမ်းကြုတ်သည့် မင်းမဲ့စရိုက်၊ တော်လှန်ပုန်ကန်သော၊ ဖောက်ပြန်ရေးဝါဒီ အနှစ်သာရတို့ကို အမှန်တကယ်ပင် နားလည်သဘောပေါက်ခဲ့ပါသည်။ ထိုအချိန်မှစတင်ပြီး ကျွန်မစိတ်ထဲ၌ ထိုအစိုးရကို နက်ရှိုင်းသော မုန်းတီးမှုလည်း ဖြစ်ပေါ်လာခဲ့ပါသည်။ ထိုဘေးအန္တရာယ်ဆိုးများကြားတွင် ဘုရားသခင်သည် ကျွန်မနှင့် အမြဲတစေ ရှိနေခဲ့သည်။ ကျွန်မကို အသိဉာဏ်ပွင့်လင်းစေသည်။ လမ်းညွှန်ပေးတော်မူပြီး လမ်းခရီးတစ်လျှောက်လုံး စာတန်၏ ရက်စက်မှုများနှင့် စုံစမ်းစစ်ဆေးမှုများကို ခြေလှမ်းတိုင်း၌ အောင်မြင်ခွင့်ကို ပေးခဲ့ပါသည်။ ထို့သို့သော စောင်မမှုများကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသားမျိုးနွယ်၏ အသက်နှင့် ကျွန်မတို့၏ ခွန်အားဖြစ်သည်ဆိုသည့် အချက်ကိုသိရှိရန် စစ်မှန်သည့် တွေ့ကြုံခံစားမှုကိုလည်းပေးခဲ့ပါသည်။ ထို့အပြင် ဘုရားသခင်သည် ကျွန်မတို့၏ သခင်ဖြစ်ပြီး အရာအားလုံးကို အုပ်စိုးကာစာတန်သည် မည်မျှ လှည့်စားမှုများ ရှိနေပါစေ၊ ဘုရားသခင်ကြောင့် အမြဲတမ်း ရှုံးနိမ့်နေရမည်သာ ဖြစ်ကြောင်းကို အမှန်တကယ်ပင် သတိပြုမိစေခဲ့ပါသည်။ ကျွန်မအနေဖြင့် ဘုရားသခင်ကို သစ္စာဖောက်စေရန်၊ ဘုရားသခင်ကို ပစ်ပယ်စေရန် တရုတ်ကွန်မြူနစ်ပါတီသည် ကျွန်မ၏ ခန္ဓာအသွေးအသားကို ညှင်းပန်းနှိပ်စက်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ၎င်း၏ ရက်စက်သော ညှင်းပန်းနှိပ်စက်မှုသည် ကျွန်မကို မချိုးဖောက်နိုင်ခဲ့ပဲ ယင်းက ကျွန်မ၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေကာ၊ ၎င်း၏ ဆိုးညစ်သော အသွင်အပြင်ကိုပါ ထိုးထွင်း သိမြင်ခွင့်ကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကို တွေ့ကြုံခံစားရစေခွင့်ကိုလည်းကောင်း ပေးခဲ့ပါသည်။ ဘုရားသခင် ကျွန်မအတွက် စီစဉ်ခဲ့သည့် အရာတိုင်းအတွက် လည်းကောင်း၊ အသက်တာ၏ တန်ဖိုးအရှိဆုံးကြွယ်ဝမှုများ ရရှိစေခွင့်ကို ပေးခဲ့သည့်အတွက်လည်းကောင်း ကျွန်မ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှနေပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ကျွန်မ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်မှာ လာမည့် လမ်းခရီးတွင် ရှေ့လျှောက် မည်သို့သောဖိနှိပ်မှု သို့မဟုတ် ဘေးအန္တရာယ်ဆိုးများကို ကြုံတွေ့ရပါစေ၊ ကျွန်မသည် သံဓိဌာန်ခိုင်မာစွာ ဘုရားသခင် နောက်ကိုသာလိုက်ရန် နှင့် ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာအတွက် ပြန်လည်ပေးဆပ်ဖို့ရာ ယခင်ကကဲ့သို့ ဧဝံဂေလိသတင်းကောင်းကို ဆက်လက်ဝေငှသွားရန် ကျွန်မလိုလားပါသည်။

ယခင်က:နှိပ်ကွပ်မှုမှ ပေါ်ထွက်လာခြင်း

နောက်တစ်ခုသို့:သန့်ရှင်းသောဝိညာဉ်တော်သည် အခြေခံသဘောတရားအရ အလုပ်လုပ်သည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ