စစ်မှန်သောမိတ်ဖက်ပြုခြင်း

25.06.2019

ဖန်လီ၊ ဟီနန်စီရင်စု

မကြာသေးမီက၊ ညီအစ်ကိုလျူနှင့်ကျွန်တော်တို့ နှစ်ယောက်စလုံး အသင်းတော်ခေါင်းဆောင်များ အဖြစ် ရွေးကောက်ခံရပါသည်။ အသင်းတော်လုပ်ငန်းကို လုပ်ကိုင်လာခဲ့ကြရာတွင် ကျွန်တော်တို့ ကိစ္စတိုင်းလိုလို ဆွေးနွေးမှုပြုနိုင်ခဲ့ကြသည်။ တစ်ခါတစ်ရံ သူ့ကို ကျွန်ုပ်၏ အားနည်းချက်များကို ထောက်ပြဖို့ကိုပင် ကျွန်ုပ်ပန်ကြားပေးခဲ့ပြီး မမျှော်လင့်ပဲ ပေါ်ပေါက်လာတတ်သော မည်သည့်ကိစ္စမဆိုအတွက် ကျွန်တော်တို့ မည်သည့်အချိန်ကမျှ အငြင်းမပွားခဲ့ ကြဖူးပေ။ ထို့ကြောင့် ကျွန်တော်တို့သည် လိုက်ဖက်ညီသော မိတ်ဖက်ပြုခြင်းတစ်ခုကို ရရှိထားသည်ဟု ကျွန်တော် တွေးထင်ခဲ့ပါသည်။ သို့သော် အဖြစ်မှန်များအရသော်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်လာ သမ္မာတရားနှင့် နှိုင်းယှဉ်ကြည့်လျှင်သော်လည်းကောင်း၊ စစ်မှန်ပြီး လိုက်ဖက်ညီသော မိတ်ဖက်ပြုခြင်းတစ်ခု ဆိုသည်မှာ ကျွန်တော်တွေးထင်ထားခဲ့သောအရာ မဟုတ်ကြောင်းကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့ရပါသည်။

တွေ့ဆုံပွဲနေ့တစ်နေ့တွင်၊ ညီအစ်ကိုလျူက ကျွန်တော်တို့ခေါင်းဆောင်ရှေ့တွင် ကျွန်တော်၏ အားနည်းချက်အချို့ကို ထုတ်ဖော်ခဲ့ပါတော့သည်၊ ကျွန်တော်သည် ဘဝင်ထောင်လွှားနေပါကြောင်း သမ္မာတရားကို လက်မခံပါကြောင်း၊ အထက်စီးမှထိန်းချုပ်ပါကြောင်း၊ အနိုင်ယူဗိုလ်ကျလွန်းနေပါကြောင်း စသည်ဖြင့်...။ သူပြောသည်ကိုကြားလိုက်ရသည်တွင် ကျွန်ုပ်ကို အလွန်အမင်းစိတ်ဆိုးစေခဲ့ပါတော့သည်။ ဤတွင်ကျွန်တော်တွေးခဲ့သည်မှာ၊ “မနေ့တုန်းကပဲ မင်းကို ငါမေးခဲ့သေးတယ်လေကွာ၊ ငါနဲ့ပတ်သက်လို့ အထင်အမြင်တစ်ခုခုရှိသလားလို့။ မင်းကပဲပြောခဲ့တယ်လေ မရှိဘူးလို့။ ဒါပေမယ့် အခုကျတော့၊ ငါတို့ရဲ့ခေါင်းဆောင်ရှေ့မှာ၊ မင်းက အလွန်အမင်းပြောနေတယ်။ မင်းက အရမ်းကိုမရိုးသားတာပဲ” ဟူ၍ဖြစ်သည်။ သို့ရာတွင် နောက်ပိုင်း ကျွန်တော် တွေးလိုက်မိသည်မှာ၊ “ငါတို့ရဲ့ အလုပ်တာဝန်ထဲမှာ ငါ့မိတ်ဖက်နဲ့ငါက လိုက်လျောညီထွေရှိတဲ့ ဆက်စပ်ယှက်နွယ်မှုတစ်ခု ရှိခဲ့တယ်လို့ ငါယုံကြည်ခဲ့တာပဲလေ” ဟူ၍သာ။ သို့သော် ပြောင်းပြန်ဖြစ်နေတော့၏၊ သူ့ထံ၌ကျွန်တော်နှင့် ပတ်သက်၍ များပြားလှသော အမြင်များရှိနေခဲ့သည်သာဖြစ်သည်။ ထိုအရာက ကျွန်တော်တို့ကြားတွင် နားလည်မှုလွဲခြင်းတွေ ရှိနေခဲ့သေး သည် ဆိုသည် ကိုလည်းကောင်း ကျွန်တော်တို့၏ ဆက်စပ်ယှက်နွယ်မှုသည် အရာအရာတိုင်း လိုက်ဖက်ညီထွေတော့ဖြစ်ခဲ့ သည်ဆိုသည်ကိုလည်းကောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်သည်။ လောကကြီးတွင် ဘာတွေများဖြစ်နေခဲ့ပါတော့သနည်း။ မှန်ကန်သည့်အချက်အလက်များကို ရင်ဆိုင်တွေ့ကြုံလိုက်ရသည်တွင် ကျွန် တော့်အနေဖြင့် ဘာမျှ မတတ်နိုင်သော်လည်း ကျွန်တော်တို့ တာဝန်ကို အတူတူ ထမ်းဆောင်ခဲ့သောအချိန်များကို ပြန်ပြောင်းတွေးတောနေမိလိုက်ပါသည်။ တွေ့ဆုံစည်းဝေးမှုများတွင်၊ ကျွန်တော်၏ ညီအစ်ကိုသည်လည်း မိဿဟာယဖွဲ့လာခဲ့သည့်တိုင် သူသည်စကားအနည်းငယ်မျှသာ ပြောခဲ့လေ့ရှိပါသည်၊ အဘယ်ကြောင့်ဆိုသော် အစည်းအဝေးအများစု အတွက် ကျွန်တော်သည်သာ စကားပြောခဲ့ပြီး သူ့ကိုမူ စကားပြောဖို့ အခွင့်အရေးကို ရှားတောင့်ရှားခဲသာ ပေးလေ့ရှိခဲ့ပါသည်။ အလုပ်ထဲတွင် မည်သည့်ပြဿနာများဖြစ်ဖြစ် ရောက်လာခဲ့လျှင် ကျွန်တော်တို့ အမှန်တကယ် ဆွေးနွေးခဲ့ကြပါသည်၊ သို့သော်လည်း ကျွန်တော်တို့၏ ထင်မြင်ချက်များ မတူသည့်အခါ၊ ကျွန်တော်က မိမိ ကိုယ်ပိုင် အမြင်များကို အမြဲတွယ်ကပ်ထားပြီး သူ့၏အမြင်ကို ငြင်းပယ်လိုက်ပါသည်။ ကျွန်တော် ၏ ညီအစ်ကိုက ငြင်းခုန်မှုကို အလွယ်တကူ ရပ်လိုက်သည့်အခါမျိုးတွင် ကိစ္စများက ပြေလည်သွားခဲ့သည်။ အပြင်ပန်းတွင်မူ ကျွန်တော်တို့ကြား၌ မည်သည့်အငြင်းပွားစရာမျှ သို့မဟုတ် မည်သည့်သဘောထားကွဲလွဲခြင်းမျှ မရှိခဲ့ပေ၊ သို့သော် အတွင်းထဲတွင်မူတော့ ကျွန်တော်တို့ကြား၌ အတားအဆီးတစ်ခု၊ ကျွန်တော်တို့ကို အပြည့်အဝ ပွင့်ပွင့်လင်းလင်း ဖြစ်နေခြင်းမှ ရပ်တန့်သွားစေသည့် အရာတစ်ခုခု ရှိနေခဲ့သည့်အလား အမြဲခံစားနေခဲ့ရပါသည်။ ၎င်းသည် ကျွန်တော်တို့နှစ်ယောက် အတူတကွအလုပ်လုပ်သော မိတ်ဖက်တော်ကြီးများအဖြစ် ပေါ်ထွန်းတော်မူလာခဲ့ ကြစဉ် အချိန်တုန်းက၊ ကျွန်တော်သည် အမှန်တကယ်ပင် အမိန့်အားလုံးပေးနေခဲ့ပြီး ကျွန်တော်တို့၏ ဆက်စပ်ယှက်နွှယ်မှု သည် နှစ်ဦးနှစ်ဖက် သဟဇာတဖြစ်လျက် တန်းတူညီမျှသည့် မိတ်ဖက်တော်များမဟုတ်ခဲ့ကြဘဲ အမှန်တကယ်ပင် ခေါင်းဆောင်နှင့် နောက်လိုက် ဆက်နွှယ်မှုသာ ဖြစ်နေခဲ့သည့် အနေအထားကို ကျွန်တော်သိရှိသဘောပေါက်လိုက်ရသည့်အခါကျမှသာ ဤသို့ ဖြစ်လာခဲ့ပါတော့သည်။ အဖြစ်မှန်များအပေါ် သုံးသပ်မှုအရ နောက်ဆုံးတွင် နားလည်လိုက်ရသည်မှာ ကျွန်တော်တွေးထင်ထားခဲ့သော “လိုက်ဖက်ညီသည့် မိတ်ဖက်ပြုခြင်း” သည် အပေါ်ယံတွင် ကျွန်တော်တို့ စကားမများကြေး သို့မဟုတ် ရန်မဖြစ်ကြေး ဆက်စပ်ယှက်နွှယ်မှု တစ်ခုမျှသာပင်ဖြစ်နေခဲ့သည် ဆိုသည့်အချက်ဖြစ်ပါသည်။ သို့သော် ကျွန်တော့် ညီအစ်ကို၏ တုန့်ပြန်မှုမှ ဤအရာသည် စစ်မှန်စွာလိုက်ဖက်ညီသည့် မိတ်ဖက်ပြုခြင်းတစ်ခု မဟုတ်ခဲ့ပါကြောင်း ကျွန်တော် တွေ့မြင်လာခဲ့ရပါသည်။ သို့ဆိုလျှင် စစ်မှန်စွာဖြင့် လိုက်ဖက်ညီသည့် မိတ်ဖက်ပြုခြင်းတစ်ခုဆိုသည်မှာ အဘယ်နည်း။ ကျွန်တော်၏ မေးခွန်းအတွက် အဖြေကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ရှာဖွေခဲ့ရာမှ ဤနှုတ်ကပတ်တော်များအား ရှာဖွေတွေ့ရှိခဲ့ပါတော့သည်။ “သင်သည် တရားဒေသနာများစွာ နားထောင်ပြီးဖြစ်ကာ အစေခံမှုလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရှိထားပြီးဖြစ်သည်။ အသင်းတော်များတွင် အလုပ် လုပ်ဆောင်နေချိန်တွင် သင်သည် အချင်းချင်းထံမှ သင်ယူခြင်းမရှိ၊ အချင်းချင်း ကူညီခြင်းမရှိ၊ အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်း မရှိပါက၊ သင်ခန်းစာ တစ်ခုတစ်လေကို သင်မည်သို့ သင်ယူနိုင်မည်နည်း။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။ ထို့ပြင် သင်တို့သည် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ မချခင် မည်သည့်အမှုအရာမျိုးနှင့် ပတ်သက်၍မဆို ဂရုတစိုက် မိတ်သဟာယပြုပေးသင့်သည်။ ထိုသို့ပြုခြင်းဖြင့်သာလျှင် ဝတ်ကျေတမ်းကျေမျှသာ လုပ်ဆောင် နေခြင်းထက် အသင်းတော်အတွက် တာဝန်ယူနေခြင်းဖြစ်သည်။ အသင်းတော်များ အားလုံးကို လည်ပတ်ပြီးသောအခါ အတူတကွ စုဝေးပြီး သင်တွေ့ရှိထားသော အရေးကိစ္စများအားလုံးနှင့် သင့်အလုပ်တွင် ကြုံတွေ့ရသည့် ပြဿနာများ အကြောင်းတို့ကို မိတ်သဟာယပြုပြီးနောက် သင်ရရှိပြီးသည့် ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းအကြောင်းကို ပြောပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အစေခံခြင်း၏ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့”) ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သေချာစွာ ချိန်တွယ်ပြီးနောက်တွင်၊ ကျွန်တော် ရုတ်တရက် နားလည်ခဲ့ပါတော့သည်။ စစ်မှန်သည့် မိတ်ဖက်ပြုခြင်းဆိုသည်မှာ မိတ်ဖက်များသည် အသင်းတော်၏ အမှုတော်ကို ပထမနေရာတွင် ထားခြင်းဖြစ်သည်၊ အသင်းတော် တိုးပွားမှုများအတွက်နှင့် ညီအစ်ကို မောင်နှမများ၏ အသက်တာအတွက်၊ သူတို့ တစ်ဦးနှင့် တစ်ဦး မိဿဟာယဖွဲ့ပြီး တစ်ဦး၏ အားနည်းချက်များကိုတစ်ဦးက ဖြည့်ဆည်းပေးနိုင်သည်၊ သို့မှသာ သူတို့၏ လုပ်ငန်း ထဲ၌ ပိုမိုကောင်းမွန်သည့် ရလဒ်များ ရလာနိုင်မည်ဖြစ်သည်၊ သူတို့အနေဖြင့် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုလွဲမှုများ သို့မဟုတ် မလိုမုန်းထားမှုများ ဆွဲကိုင်ထားခြင်းမရှိကြသည့်အပြင် အဆင့်အတန်း ကွာခြားမှုမရှိသည့် အနေအထားကို ထိန်းသိမ်းကြသည်ဖြစ်၏။ ကျွန်တော်၏ ကိုယ်တိုင်အပြုအမူကို ထိုအချက် နှင့်နှိုင်းယှဉ်ကြည့်လိုက်ရာတွင် ကျွန်တော် နှုတ်ဖြင့်မပြောပြနိုင်လောက်အောင်ပင် ရှက်ကြောက်ခြင်းနှင့် စိတ်ထိခိုက်ခြင်းတို့ကို ခံစားခဲ့ရပါသည်။ ကျွန်တော်၏ အပြုအမူကို ပြန်ကြည့်လိုက်ရာမှ ကျွန်တော်သည် အဘယ်သောအခါမျှ အသင်းတော်၏တိုးပွားမှုကို မစဉ်းစားခဲ့ပေ၊ ကျွန်တော်သည် ကိုယ်ကိုကိုယ်သာ အမြဲဦးစားပေးသည်၊ ကျွန်တော် သည် အဆင့်အတန်းရှိရာထူးတစ်နေရာမှ အလုပ်လုပ်ခဲ့ပြီး ကျွန်တော့်၏ နာမည်ဂုဏ်သတင်းနှင့် ရာထူးအဆင့်ကို ခရေစေ့တွင်းကျ ဂရုစိုက်အားထားခဲ့သည် ဖြစ် ပြီး အခြားသူများက မိမိအပေါ် ကို အထင်သေး အမြင်သေးမိမည်ကိုသာလျှင် ကျွန်တော်ကြောက်ရွံ့ခဲ့သည်၊ ပြီးနောက် ကျွန် တော့်၏ ညီအစ်ကို မောင်နှမများနှင့် မိဿဟာယပြုခြင်းသည် လိုက်ဖက်ညီခြင်း မရှိခဲချေ၊ သို့မဟုတ် တန်းတူညီမျှမှု၏ နေရာဌာနတစ်ခုမှ ဦးဆောင်မှုပြုခြင်းမဟုတ်ခဲ့ပါချေ။ ထို့ကြောင့် ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ နှစ်ဦးနှစ်ဖက် ဘုံရည်ရွယ်ချက်နှင့် အပြန်အလှန် အထောက်အပံ့ပြုသော ဝင်ရောက်မှုများ ဘယ်သောအခါမှ မရခဲ့ပေ။ အပြင်ပန်းတွင် ကျွန်တော်၏ မိတ်ဖက်နှင့် ကျွန်တော်တို့သည် မိမိတို့ မည်သို့မည်ပုံလုပ်ငန်းဆောင်ရွက်မည်ကို ဆွေးနွေးနေသည့်အသွင် ဖြင့် ပေါ်ထွန်းနေခဲ့ကြချိန်တွင် ကျွန်ုပ်စိတ်ထဲ၌ သူ၏အိုင်ဒီယာများကို လက်မခံခဲ့ဘဲ အဆုံးတွင် အသင်းတော်၏လုပ်ငန်း အတွက် မည်သည့်အရာက အကောင်းဆုံးဖြစ်မည်ဆိုသည်ကို စဉ်းစားဆင်ခြင်ရမည့်အစား မိမိကိုယ်ပိုင် အိုင်ဒီယာများဖြင့် စခန်းသွားခဲ့ပါသည်။ တစ်ခါတစ်ရံ မိမိအားနည်းချက်များအား ထောက်ပြပေးပါရန် သူ့ကိုကျွန်တော် ပန်ကြားခဲ့သည့်တိုင်အောင် တရားဝင်ယန္တရားအတိုင်းပင် ကျွန်တော်စခန်းသွား နေခဲ့သေးသည်သာဖြစ်ပြီး၊ သူသည် ကျွန် တော့်၏ အားနည်းချက်များကို ထောက်ပြသောအခါ၊ ကျွန် တော့်အနေဖြင့် ၎င်းတို့ကို ရိုးရှင်းစွာ လက်မခံနိုင်ခဲ့ဘဲ ထိုသို့ပြုမည့်အစား ကျွန်တော်အမြဲ ငြင်းခုံခဲ့လေ့ရှိပါသည်၊ ရှင်းချက်ထုတ်ခဲ့သည်၊ ထို့နောက် ကိုယ့်ကိုယ်ကို ရှေ့နေလိုက်ကာ အယူခံဝင်ခဲ့သည် ထိုအရာက သူ့အပေါ် ကန့်သတ်ချုပ်ချယ်မှုများ ချထားလိုက်သည်ဖြစ်ပြီး သူ့အနေဖြင့် ကျွန်ုပ်ကို ပွင့်ပွင့်လင်းလင်းပြောဖို့ရန် အလွန်အမင်းကြောက်သွားစေခဲ့ပြီး ကျွန်တော့်၏ အားနည်းချက်များကို နောက်တစ်ခါထောက်ပြပေးဖို့ ဆန္ဒမရှိအောင်လုပ်ခဲ့လိုက်လေတော့သည်၊ ထိုအရာက ကျွန်တော်တို့ကြားတွင် နားလည်မှုလွဲခြင်းများအား ဦးတည်ပေးပြီး အသင်းတော်၏လုပ်ငန်းကို တစ်ဦးတည်းဆန္ဒဖြင့် ဆောင်ရွက်ပြီးစီးဖို့ စွမ်းရည်များရင်းခဲ့ရစေလေသည်။ ၎င်းသည် အစေခံခြင်းထဲတွင် ကျွန်ုပ်၏ မိတ်ဖက်ပြုခြင်းသည် လိုက်ဖက်ညီသော မိတ်ဖက်ပြုခြင်း၏ အကောင်အထည်တစ်ခုတလေမျှပင် မရှိခဲ့ကြောင်း သို့မဟုတ် ပို၍ပြင်းထန်းသော စကားရပ်ကိုသုံးရလျှင် ကျွန်တော်သည် သက်ဦးဆံပိုင်အုပ်ချုပ်မှုစနစ်နှင့် အာဏာရှင်စနစ် တွင် ပါဝင်လုပ်ဆောင်နေခဲ့ပါကြောင်း ပိုမို သိရှိနားလည်လာခဲ့ရသည့်အခါ၌ ဖြစ်သည်။ ထိုကဲ့သို့သော အလုပ် လုပ်ခြင်းသည် မကောင်းဆိုးဝါးများ၏ဘုရင်ဖြစ်သူ တရုတ်ကွန်မြူနစ်ပါတီက မိမိ တို့တည်တံ့ရေးအတွက် အာဏာဆုပ်ကိုင်ထားပုံနှင့် ဘာမျှကွာခြားမှုမရှိပေ။ တရုတ်ကွန်မြူနစ်ပါတီသည် သက်ဦးဆံပိုင်စနစ်ကို လက်တွေ့လုပ်ဆောင်လျက်ရှိသည်ဖြစ်ရာ ကိစ္စအားလုံးအတွက် အမြင့်ဆုံးအခွင့်အာဏာကို လက်မလွတ်တမ်းဆုပ်ကိုင်ထားလျက်ရှိ ပြီး လူထု၏အသံကိုနားထောင်ဖို့ရန်သော်လည်းကောင်း သို့မဟုတ် မိမိ၏ကိုယ်ပိုင်အမြင်နှင့် မတူကွဲပြားသော နိုင်ငံရေး အမြင်များ အားဖြင့် အုပ်ချုပ်မှုပြုရန် သော်လည်းကောင်း ကြောက်ရွံ့လျက်ရှိပေသည်။ ကျွန်တော်သည်လည်း ယနေ့ မိမိရရှိထားသော အဆင့်ကလေးဖြင့် ကျွန်တော်ထိန်းချုပ်ထားသော အကန့်အသတ်ရှိသည့်နယ်မြေ၏ အုပ်ချုပ်သူ ဖြစ်ချင်နေတော့သည်။ ကျွန်တော်သည် တရုတ်ကွန်မြူနစ်ပါတီက မိမိအာဏာ ဆုပ်ကိုင်ထားမှုကို ထိန်းသိမ်းနေသည့် လမ်းစဉ်နှင့် မတူကွဲပြားသော နည်းလမ်းတစ်ခုခုကိုများ ကျင့်သုံးလုပ်ဆောင်နေပါသလော၊ ဤအရာများအားလုံးကိုတွေးကြည့်ရင်း ရုတ်တရတ် ကျွန်တော် ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။ ကျွန်တော်သည် အန္တရာယ်စက်ကွင်းထဲ မည်မျှအထိပင် ရောက်နေခဲ့မှန်း သိမြင်လိုက်ရင်း၊ အကယ်၍ မိမိသည် ပြောင်းလဲခြင်း မပြုခဲ့ပါလျှင် မိမိ၏ အဆုံးသတ်သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရသော တရုတ်ကွန်မြူနစ်ပါတီ၏ အဆုံးသတ်နှင့် အတူတူပင်ဖြစ်မည်ကို ကျွန်တော်သိရှိလာခဲ့တော့သည်။

ဤအရာများအားလုံးကို သိရှိသဘောပေါက်လာပြီးနောက်တွင် ကျွန် တော့်အနေဖြင့် ညီအစ်ကိုလျူကို ဆန့်ကျင်သောအမြင်တစ်ခုကိုမျှ နောက်နောင်ဆွဲကိုင်ထားခြင်း မပြုခဲ့ တော့ပေ။ ထိုသို့ပြုမည့်အစား၊ ထို့သို့သော အခြေအနေများထဲ၌ မိမိကိုယ်ကို သိရှိစေဖို့ ကျွန်ုပ်ကိုကူညီပေးသည့်အတွက်နှင့် ကျွန်တော် အန္တရာယ်ထဲတွင် ရောက်ရှိနေခဲ့သည်ကို ပြသပေးခြင်းအတွက် ဘုရားသခင်ထံ ကျေးဇူးတင်ရှိခဲ့ရပါသည်။ ထိုနောက်ပိုင်းတွင် ကျွန်တော်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်ဖက်ပြုခဲ့သောအခါ၊ ကျွန်တော့်အနေဖြင့် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ဖို့ရန် သော်လည်းကောင်း၊ ဘုရားသခင်၏ အလိုတော်ကို သတိပြုဖို့အတွက် နှလုံးသားရှိဖို့ သော်လည်းကောင်း မိမိအလုပ်တွင် တာဝန်ယူတတ်ဖို့ရန်သော်လည်းကောင်း၊ ထိုသူတစ်ပါး၏ ထင်မြင်ယူဆချက်များကို ပိုမိုနားထောင်တတ်ဖို့ရန်သော်လည်းကောင်း သင်ယူခဲ့ရပါသည်။ အတော်အတန်ကြာခဲ့ပြီးနောက်တွင် ကျွန်ုပ် သိရှိသဘောပေါက်လာခဲ့ရသည်မှာ ဤကဲ့သိ့ သော လက်တွေ့လုပ်ဆောင်မှုမျိုးသည် ကျွန်ုပ်အား သမ္မာတရားကိုပို၍ပြည့်ပြည့်ဝဝ နှင့်နှံ့နှံ့စပ်စပ်နားလည်ခြင်းကို ပေးခဲ့သည်သာမက ၎င်းသည် ကျွန်တော့်၏ ညီအစ်ကို မောင်နှမများနှင့် ပိုနီးကပ်စေဖို့ ပို့ဆောင်ပေးခဲ့ပြီး ကျွန်တော်တို့ကို ပိုပြီး ပွင့်ပွင့်လင်းလင်း ဝေမျှနိုင်ဖို့ရန် ခွင့်ပြုပေးခဲ့သည့်အချက်ပင် ဖြစ်သည်။ ထို့အပြင် ဤကဲ့သို့သောအသီးများအား ပြသဖို့ရန် ဘုရားသခင် တောင်းဆိုထားသောလမ်းစဉ်နှင့်အညီ မိတ်ဖက်ပြုအစေခံခြင်းကို လုပ်ဆောင်နိုင်ခြင်းသည် မည်မျှကောင်းမြတ်ပါကြောင်းကို နောက်ဆုံးတွင် ကျွန်တော်နားလည်ခဲ့ရလေတော့သည်။

ကိုယ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် လမ်းပြမှုအတွက် ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်ပါသည်။ ယင်းသည် ကျွန်ုပ်၏အကျင့်ပျက်သောစိတ်သဘောထားကို သိဖို့ရန် ကူညီပေးခဲ့ရုံသာမက စစ်မှန်စွာဖြင့် လိုက်ဖက်ညီသည့် မိတ်ဖက်ပြုခြင်းတစ်ခုဆိုသည်မှာ ဘာဖြစ်ကြောင်းကိုလည်းကျွန်ုပ်ကို နားလည်စေခဲ့လေသည်။ ယနေ့မှစ၍ကျွန်ုပ်တော်၏ နတ်ဆိုးနွယ်သော ယိုယွင်းဖောက်ပြန်တတ်သည့် သဘောသဘာဝ ကို ဘုရားသခင့် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းထဲ ပစ်ချဖို့ရန်သော်လည်းကောင်း၊ အစေခံခြင်းထဲ၌ မိတ်ဖက်ပြုခြင်း၏ သမ္မာတရားထဲသို့ စစ်မှန်စွာဝင်ရောက်ဖို့ရန်သော်လည်းကောင်း၊ နောက်ဆုံးတွင် ဘုရားသခင်ကို အစေခံသူနှင့် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသူ တစ်ယောက်ဖြစ်လာဖို့ရန်သော်လည်းကောင်း ကျွန်ုပ်ဆန္ဒပြု့လိုက်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းပေါ် စတင်ခြင်း

ယုံကွမ်၊ ဟေလောင်ကျန်းစီရင်စု ၁၉၉၁ တွင်၊ နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်တော်ကို...

ဘုရားသခင်အတွက် အစေခံခြင်းအမှု လုပ်ဆောင်ရန် ကျွန်တော် ကံကောင်းပါသည်

ကမ်းရွှေ တောင်ကိုရီးယားနိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့်...

ချည်နှောင်ထားသည့် သံယောဇဉ်များကို ဖြေလွှတ်ခြင်း

ကူရီဘိုင် အီတလီနိုင်ငံ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောထားသည်- “သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။