ကျွန်မ၏ကင်ဆာရောဂါကို ရှာဖွေတွေ့ရှိပြီးသည့်နောက်

23.01.2022

ချင်းလင် တရုတ်နိုင်ငံ

၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ တွေ့ဆုံပွဲကို ကျွန်မရဲ့လျှပ်စစ်ဆိုင်ကယ်နဲ့ သွားနေတုန်း စတီးပိုက်တစ်ခုကို ဆွဲလာတဲ့ ကားတစ်စီးက နောက်ကိုရုတ်တရက်ရောက်လာပြီးတော့ ကျွန်မကိုရော ကျွန်မဆိုင်ကယ်ကိုပါ တိုက်ချသွားတယ်။ အဲဒီမြေကြီးပေါ်မှာပဲ ကျွန်မသတိလစ်သွားတယ်။ ကျွန်မသတိပြန်ရတော့ ကျွန်မရဲ့ဘယ်ဘက်ရင်အုံကနာနေပြီးတော့ အသက်ရှုကြပ်နေတယ်။ အမှားလုပ်မိတဲ့ ကားသမားက ကျွန်မကို စစ်ဆေးကြည့်ဖို့ဆေးရုံလိုက်ပို့တယ်။ ဆရာဝန်က ကျွန်မရဲ့ခြောက်ခုမြောက်နံရိုးအက်သွားတယ်တဲ့။ ဒါပေမဲ့ သူက “ဒီအက်စီးဒင့်ဖြစ်တာက မကောင်းဘူးလို့ထင်ရပေမဲ့ တကယ်တမ်းက ဒါတော်တော်ကံကောင်းတာပါ။” လို့ပြုံးပြီးပြောတယ်။ သူကဆက်ပြောတယ် “ခင်ဗျားရဲ့ဘယ်ဘက်အဆုပ်မှာ အကြိတ်ရှိနေတယ်။ အက်စီးဒင့်သာမဖြစ်ခဲ့ရင် အဲဒါကိုသိမှာမဟုတ်ဘူး။ အခုချက်ချင်းပဲ ဆေးရုံကြီးတစ်ခုမှာ ခွဲစိတ်မှုခံယူဖို့အကြံပေးပါတယ်။ ဆက်ပြီးနေမယ်ဆိုရင် ကင်ဆာကပိုပြန့်လာပြီးတော့ အရမ်းနောက်ကျသွားလိမ့်မယ်။” တဲ့။ အဲဒီလိုကြားရတော့ ကျွန်မ မှင်သက်သွားတယ်။ ထိုင်ခုံမှာထိုင်နေရင်းနဲ့ကို တစ်ကိုယ်လုံးအားမရှိတော့ဘဲ ချိနဲ့သွားတယ်။ ဆရာဝန်ကတော့ “ဘာမှမဖြစ်ပါဘူး။ အဆင်ပြေသွားမှာပါ။ အကြိတ်အပျော့စားလည်းဖြစ်ရင်ဖြစ်မှာပါ။ အဲဒီလိုဟာမျိုးကို ကုသနိုင်ဖို့ ခေတ်မီတဲ့ဆေးပညာတွေရှိပါတယ်။” လို့အားပေးပြီးပြောပါတယ်။ ကျွန်မလည်း “ဒါပေါ့။ ကင်ဆာကြိတ်မဟုတ်လောက်ပါဘူး။ ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ငါ တာဝန်ထမ်းဆောင်နေခဲ့တာပဲ။ ဘုရားသခင်က ငါ့ကိုစောင့်ရှောက်မှာပါ” လို့တွေးခဲ့ပါတယ်။ အဲဒီလိုတွေးမိတော့ ကျွန်မနည်းနည်းပိုပြီး စိတ်တည်ငြိမ်သွားတယ်။ ပြီးတော့ ကျွန်မရဲ့အမျိုးသားကလည်း “မပူနဲ့။ အဲဒီဆေးရုံကစက်ပစ္စည်းတွေက အကောင်းဆုံးတွေမဟုတ်ဘူး။ အဲဒီတော့ ရလဒ်ကလည်း အမှားပဲဖြစ်ဖို့များတယ်။ ဆေးရုံကြီးကြီးတစ်ခုမှာသွားစစ်ကြည့်ရအောင်။ ဘာမှမဟုတ်လောက်ပါဘူး။ ပြီးတော့ ဘုရားသခင်ကိုမယုံကြည်ဘူးလား။ မင်းမှာတစ်ခုခုသာရှိနေရင် ဘုရားသခင်က စောင့်ရှောက်မှာပါ” လို့အားပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆရာဝန်မှားနေတာပဲနေမှာပါလို့ ကျွန်မတွေးခဲ့ပါတယ်။ ဘုရားသခင်က ကျွန်မကို ကင်ဆာပေးဖြစ်မှာမဟုတ်ပါဘူးပေါ့။

နှစ်ရက်ကြာတော့ ကျွန်မမောင်နဲ့ ညီမက ဆေးရုံကြီးတစ်ခုကို ကားနဲ့လိုက်ပို့ပါတယ်။ ဒါပေမဲ့ စစ်ဆေးရလဒ်ထွက်လာတော့ အဲဒါကကင်ဆာကြိတ်လို့အတည်ပြုပြီးတော့ အလယ်အဆင့်တောင်ရောက်နေပြီတဲ့။ ကျွန်မတော်တော်ကိုအံ့သြမှင်သက်သွားတယ်။ ဆရာဝန်က ခွဲစိတ်ကုသဖို့ ဆေးရုံတက်ပြီးရင် ဓာတုကုထုံးနဲ့ကုဖို့ အကြံပြုတယ်။ သူကကျွန်မသာ ထပ်ပြီးစောင့်နေခဲ့ရင် နောက်ကျတဲ့အဆင့်ကိုရောက်ပြီးတော့ သူတို့လည်းဘာမှတတ်နိုင်မှာမဟုတ်တော့ဘူးတဲ့။ အဲဒီအချိန်တုန်းက အဲဒါကိုကျွန်မဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး။ ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မက တာဝန်ထမ်းဆောင်နေခဲ့တာ။ ကျွန်မဘယ်လောက်ပဲ ဒုက္ခခံရပါစေဘာအတွက်ကြောင့်ပဲဖြစ်ဖြစ်၊ တာဝန်ကိုအနှောင့်နှေးမခံခဲ့ပါဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ ဘယ်လိုအခက်အခဲကိုမဆိုလည်း ကူညီပေးဖို့ အမြဲတမ်းအသင့်ဖြစ်ခဲ့ပါတယ်။ ဘုရားသခင်အတွက် ကျွန်မကိုယ်ကျွန်မ အပြည့်အဝပေးဆပ်ထားခဲ့ရဲ့သားနဲ့ ဘာလို့ဒီလိုပြင်းထန်တဲ့ရောဂါမျိုးဖြစ်ရတာလဲ။ ဘုရားသခင်ကဘာလို့ ကျွန်မကိုအကာကွယ်မပေးတာလဲပေါ့။ အဲဒါလိုတွေးပြီးတော့ ကျွန်မကိုယ်ကျွန်မ စိတ်ဒုက္ခပေးနေခဲ့မိတယ်။ ပြီးတော့ လူနာတစ်ယောက်ပြောနေတာကိုလည်း ကြားခဲ့တယ်။ “လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ကျွန်မခွဲစိတ်မှုခံယူခဲ့ပေမယ့် ချုပ်ရိုးဒဏ်ရာက အခုထိနာနေတုန်းပါပဲ။ ကုန်ကျစားရိတ်ကကြီးတဲ့အပြင် ဒုက္ခလည်းတော်တော်ရောက်ပါတယ်။”တဲ့။ သူတို့ဌာနမှာလည်း ခွဲစိတ်မှုခံယူပြီး သုံးရက်ကြာတော့ အိပ်ရာထဲကထွက်လမ်းလျှောက်နေရင်းနဲ့ ရုတ်တရက်လဲကျသွားပြီးတော့ ဘယ်လိုမှပြန်ကယ်လို့မရတော့တဲ့ အသက်ကြီးပိုင်းလူနာတစ်ယောက်ရှိတယ်တဲ့။ သူအဲဒီလိုပြောတာကိုကြားရတော့ တကယ်စိတ်ဓာတ်ကျသွားတယ်။ ကျွန်မရဲ့နောက်ဆုံးကောက်ရိုးတစ်မျှင် မျှော်လင့်ချက်လေး တစ်စစီပျက်စီးသွားသလိုပဲ ခံစားခဲ့ရတယ်။ ကျွန်မရဲ့ခွဲစိတ်မှုသာ မအောင်မြင်ခဲ့ရင် ကျွန်မကသေပြီးတော့ ကျွန်မတို့ပိုက်ဆံတွေလည်း အကုန်ကုန်မယ်ဆိုရင် မိသားစုကဘယ်လိုဆက်ရပ်တည်မလဲ။ စိတ်တွေဆင်းရဲပြီးတော့ ဘုရားသခင်ရဲ့ရှေ့မှောက်ကို သွားပြီးတော့ ဆုတောင်းခဲ့ပါတယ်။ သူ့ရဲ့အလိုတော်ကိုနားလည်အောင် လမ်းပြပေးဖို့တောင်းဆိုခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုစဥ်းစားမိပါတယ်။ “အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) မှန်တယ်။ သေခြင်းရှင်ခြင်းဆိုတာ ဘုရားသခင်ရဲ့လက်ထဲမှာပါပဲ။ ဒီတော့ ခွဲစိတ်မှုရဲ့ရလဒ်ကဘယ်လိုပဲဖြစ်ပါစေ၊ ကျွန်မဘုရားသခင်ကိုယုံကြည်ပြီး သူ့ကိုအားကိုးပြီး ဒါကိုရင်ဆိုင်ရပါမယ်။ ဆေးရုံမှာ ကျွန်မ ခွဲစိတ်မှုခံယူခဲ့ပြီးတော့ ပြီးဆုံးဖို့ လေးနာရီကြာခဲ့ပါတယ်။ ခွဲစိတ်မှုပြီးတော့ သူနာပြုကကျွန်မကို ပျော်ပျော်ရွှင်ရွှင်နဲ့ပြောတယ်။ “အစ်မရဲ့ခွဲစိတ်မှုက အရမ်းအောင်မြင်ပါတယ်” တဲ့။ ဘုရားသခင်က ကျွန်မကိုကာကွယ်ပေးနေတာကို ခြွင်းချက်မရှိသိခဲ့ပြီးတော့ သူ့ကိုလည်း တိတ်တိတ်လေး ကျေးဇူးတင်ခဲ့ပါတယ်။ ရက် ၂၀ လောက်ကြာပြီးတော့ ကျွန်မဆေးရုံကဆင်းရပါတယ်။

အိမ်ပြန်ရောက်ပြီးတော့ အောက်ဆီဂျင်ပေးတာကို ဖြတ်လိုက်တာနဲ့ ကျွန်မအသက်ရှုကြပ်နေတာကို သိလိုက်ရတော့ အံ့သြသွားတယ်။ အသက်ကိုရှူထုတ်လို့ပဲရပြီးတော့ ရှူသွင်းလို့မရသလိုခံစားခဲ့ရတယ်။ ပြီးတော့ ချုပ်ရိုးကနေ အဝါရောင်အရည်တွေထွက်လာတယ်။ ကျွန်မအရမ်းနာကျင်ခဲ့ရတယ်။ အစားစားတာတို့ တစ်ခုခုသောက်နေတုန်းတို့ ချောင်းဆိုးရင် အိမ်မှာရှိတဲ့သူတစ်ယောက်ကိုခေါ်ပြီးတော့ ချုပ်ရိုးကိုကူပြီးကာခိုင်းထားရတယ်။ ကျွန်မလှဲပြီးအိပ်ရင် အသက်ရှူလို့မရလို့ ထိုင်ပြီးတော့ပဲအိပ်ရတယ်။ နေ့တိုင်းမှာ တော်တော်လေးခံစားရပါတယ်။ ဒီလိုဝေဒနာခံစားရတဲ့နေ့ရက်တွေ ဘယ်လောက်တောင်ကြာရှည်ဦးမှာလဲ၊ ဘုရားသခင်ကရော ကျွန်မကိုဘာလို့ မကာကွယ်ပေးတာလဲ၊ ဘာလို့ကျွန်မအရမ်းနာကျင်ခံစားနေရတာလဲလို့ စဥ်းစားမိတယ်။ ပြီးတော့ ကျွန်မဓာတုကုထုံး ခံယူရရင် အများကြီးပိုဆိုးနိုင်တယ်လို့လည်းတွေးမိတယ်။ ကျွန်မအရမ်းအားနည်းသွားပြီးတော့ ဘုရားသခင်အပေါ် ယုံကြည်မှုနည်းနည်းလျော့သွားတယ်။ သူ့ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ ကျွန်မဘုရားရှေ့မှာ ငြိမ်သက်ခြင်းမရှိနိုင်ခဲ့ဘူး။ ပြီးတော့ ဆုတောင်းရင်လည်း သူ့ကိုပြောစရာဘာမှမရှိဘူး။

တစ်ရက်ကျတော့ အသင်းတော်ခေါင်းဆောင်တစ်ယောက်က ကျွန်မဆီကိုလာလည်ပြီးတော့ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကိုဖတ်ပြပါတယ်။ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” အထဲက နောက်ဆုံးစာပိုဒ်ပါ။ “လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား စစ်မှန်သော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ခေါင်းဆောင်က ဒီမိတ်သဟာယကိုမျှဝေပါတယ်။ “ပြင်းထန်တဲ့ရောဂါနဲ့ကြုံတွေ့ရတာကလည်း ဘုရားသခင်ကခွင့်ပြုလို့ပါပဲ။ သူကကျွန်တော်တို့ကို သန့်စင်စေချင်ပြီး ဖောက်ပြန်ပျက်စီးနေတဲ့ စိတ်သဘောထားတွေကိုပြောင်းလဲစေချင်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ မှားယွင်းနေတဲ့ စေ့ဆော်မှုတွေနဲ့ ရောနှောပျက်စီးနေမှုတွေကိုလည်း ပြောင်းလဲစေချင်တာပါ။ ကျွန်တော်တို့တွေ ယုံကြည်သူအဖြစ် ခန္ဓာချမ်းသာကိုရတဲ့အခါ တာဝန်ကို စိတ်ပါလက်ပါထမ်းဆောင်ကြတယ်။ ဒါပေမဲ့ နေမကောင်းဖြစ်လာပြီးတော့ နာကျင်ခံစားရတဲ့အခါ ဘုရားသခင်ကို အထင်လွဲပြီးတော့ အပြစ်တင်ကြတယ်။ အဲဒါကဘုရားသခင်အပေါ် အပေးအယူသဘောထားမျိုးရှိတာ မဟုတ်ဘူးလား။ သူ့ကိုနာခံတာဟုတ်သေးရဲ့လား။” တဲ့။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ ခေါင်းဆောင်ရဲ့မိတ်သဟာယကိုကြားလိုက်ရပြီးတော့ ကျွန်မတကယ်ကိုရှက်ရွံ့မိခဲ့ပါတယ်။ ဒီလိုရောဂါဝေဒနာကိုခံစားရတာက ဘုရားသခင်က ကျွန်မကိုခံစားစေချင်လို့မဟုတ်ပါဘူး။ ကျွန်မကိုသန့်စင်စေပြီးတော့ ပြောင်းလဲစေဖို့ပါ။ ကျွန်မကသင်ခန်းစာမယူခဲ့သလို ကိုယ့်ကိုယ့်ကိုယ်လည်း ပြန်မသုံးသပ်ခဲ့ပါဘူး။ အဲဒီအစား ကျွန်မကိုမကာကွယ်ပးလို့ဆိုပြီး ဘုရားသခင်ကိုအပြစ်တင်ခဲ့ပါတယ်။ ကျွန်မက တော်တော်လေးကို အကျိုးအကြောင်း ဆီလျော်မှုမရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။

နောက်ကျတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုဖတ်ခဲ့ပါတယ်။ “ဘုရားသခင်က သူတို့ကို မိသားစုဝင်များအဖြစ် သဘောထားခဲ့သော်လည်း၊ သူတို့က ဘုရားသခင်ကို သူစိမ်းတစ်ဦးအဖြစ် ဆက်ဆံခဲ့ကြသည်။ သို့သော်လည်း ဘုရားသခင့်အမှု၏ အချိန်ကာလတစ်ခုနောက်တွင် သူက မည်သည့်အရာကိုရရှိရန် ကြိုးစားနေကြောင်းကို လူသားတို့ နားလည်လာခဲ့ကြပြီး သူသည် စစ်မှန်သော ဘုရားဖြစ်ကြောင်းကို သူတို့ သိခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ထံမှ မည်သည့်အရာကို ရရှိနိုင်ကြောင်းကိုလည်း သူတို့ သိလာခဲ့ကြသည်။ ဤအချိန်၌ လူတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ သဘောထားခဲ့ကြသနည်း။ သူတို့သည် သူ့ကို အသက်သွေးကြောအဖြစ် ရှုမြင်ခဲ့ကြပြီး သူ၏ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့်၊ ကတိတော်များကို ပေးအပ်ခြင်းခံရရန် မျှော်လင့် ခဲ့ကြသည်။ ဤအချိန်တွင် ဘုရားသခင်သည် လူသားတို့အား မည်ကဲ့သို့ သဘောထားခဲ့သနည်း။ သူသည် လူတို့အား သူ့သိမ်းပိုက်ခြင်း၏ ပစ်မှတ်များအဖြစ် ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် သူတို့ကို တရားစီရင်ရန်၊ သူတို့ကို စစ်ဆေးရန်နှင့်၊ သူတို့အား စမ်းသပ်မှုများကြား၌ ထားရှိရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုလိုခဲ့သည်။ သို့သော်လည်း ထိုအချိန်၌ လူတို့အနေဖြင့် ဘုရားသခင်သည် သူတို့ကိုယ်တိုင်၏ ရည်မှန်းချက်ပန်းတိုင်များ ရရှိရန် သူတို့အသုံးပြုနိုင်သော အရာဝတ္ထုတစ်ခုမျှ ဖြစ်ခဲ့သည်။ ဘုရားသခင် ထုတ်ပြန်သော သမ္မာတရားသည် ၎င်းတို့အား သိမ်းပိုက်ပြီး ကယ်တင် နိုင်ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်ထံမှ ၎င်းတို့အလိုရှိသော အရာတို့ကို ရရန်သော်လည်းကောင်း၊ ၎င်းတို့အလိုရှိသော ခရီးဆုံးပန်းတိုင်သို့ ရောက်ရန်သော်လည်းကောင်း ၎င်းတို့၌ အခွင့်အရေး တစ်ခုရှိကြောင်း မြင်ခဲ့ကြသည်။ ဤအရာကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုးသားမှု အစအနလေး ဖြစ်တည်လာခဲ့ပြီး ၎င်းတို့သည် ဤဘုရားသခင် နောက်သို့လိုက်ရန် အလိုရှိလာခဲ့ကြသည်။...လူသားတို့၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် လူတို့အား ဤသမ္မာတရားများကို ပေးရန်နှင့် သူ၏ လမ်းခရီးကို လူတို့အထဲ၌ ပြည့်ဝစေပြီး သူတို့ကို မတူညီသော ပုံစံများဖြင့် စစ်ဆေးရန်အတွက် အမျိုးမျိုးသော အခြေအနေများကို စီစဉ်ရန်သာ အလိုရှိသည်။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ ဤနှုတ်ကပတ်တော်များ၊ ဤသမ္မာတရားများနှင့် သူ၏ အမှုတို့ကိုယူကာ လူသားများသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်စွမ်းရှိလာမည့် အဆုံးသတ်တစ်ခုကို ဖြစ်ပေါ်စေရန် ဖြစ်သည်။ ငါမြင်ဖူးသော လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူကာ သြဝါဒများ၊ စာရွက်ပေါ်က ကျမ်းဟောင်းတရားသက်သက်၊ လိုက်နာရမည့် စည်းမျဉ်းများအဖြစ်သာလျှင် သဘောထားကြသည်။ သူတို့၏ လုပ်ဆောင်များနှင့် စကားပြောဆိုပုံတို့တွင်၊ သို့မဟုတ် စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ၊ သူတို့သည် ဘုရားသခင်၏ လမ်းခရီးကို သူတို့ လိုက်နာသင့်သော လမ်းခရီးတစ်ခုအဖြစ် သဘောမထားကြချေ။ ဤသည်မှာ လူတို့သည် ကြီးမားသော စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ အထူးသဖြင့် မှန်ပေသည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သည့် ဦးတည်ရာဘက်၌ လက်တွေ့လုပ်ဆောင်နေသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ ငါမမြင်ဖူးပေ။ ဤအရာကြောင့် လူသားများ အပေါ် ဘုရားသခင်၏ သဘောထားမှာ အလွန်အမင်း စက်ဆုပ်ရွံရှာခြင်းနှင့် မနှစ်သက်ခြင်းတို့ဖြင့် ပြည့်လျက်ရှိပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မရဲ့အခြေအနေကို တိတိကျကျဖော်ထုတ်လိုက်ပါတယ်။ သမ္မာတရားကိုလိုက်စားဖို့ ဒါမှမဟုတ် ဘုရားသခင်ကို ကြောက်ရွံနာခံတတ်ဖို့ ယုံကြည်သူဖြစ်ခဲ့တာမဟုတ်ဘဲနဲ့ ကျွန်မ ဒုက္ခခံရတာတွေနဲ့ ပင်ပင်ပန်းပန်းလုပ်ဆောင်ခဲ့မှုတွေအတွက် သူ့ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးကို အစားပြန်လိုချင်တာမျိုးဖြစ်နေပါတယ်။ ပြန်စဥ်းစားကြည့်လိုက်ရင် ကျွန်မယုံကြည်သူဖြစ်လာကတည်းက ဘုရားသခင်ကို မှော်ဝင်အဆောင်ပစ္စည်းတစ်ခုလိုမျိုး ဆက်ဆံနေခဲ့တာပါ။ ကျွန်မကိုယ်ကျွန်မ ဘုရားသခင်အတွက်ပေးဆပ်ရင် သူကကျွန်မကိုကာကွယ်ပြီးတော့ ကောင်းချီးပေးမှာပဲလို့ ထင်ခဲ့မိတယ်။ ကျွန်မကျန်းမာပြီးတော့ မိသားစုအဆင်ပြေတဲ့အခါ အသင်းတော်က ဘယ်လိုတာဝန်ကိုပဲ စီစဥ်ပေးပါစေ လက်ခံဖို့အသင့်ပဲ။ ဘာကိုမဆိုတောင့်ခံနိုင်ပြီးတော့ ယုံကြည်မှုတွေလည်းပြည့်နှက်နေပါတယ်။ ဒါပေမဲ့ ကျွန်မမှာအဆုတ်ကင်ဆာဖြစ်နေတာကို သိလိုက်ရတော့ အပျက်သဘောဆောင်တဲ့ဘက်ကို အလျင်အမြန်ရောက်သွားပြီးတော့ ဘုရားသခင်ကို အထင်လွဲပြီး အပြစ်တင်ခဲ့ပါတယ်။ ကျွန်မပင်ပင်ပန်းပန်းလုပ်ဆောင်ခဲ့တာတွေကြောင့် သူကျွန်မကိုကာကွယ်ပေးသင့်ပြီးတော့ ဒီလိုပြင်းထန်တဲ့ရောဂါမျိုးမဖြစ်သင့်ဘူးလို့ထင်ခဲ့ပါတယ်။ ကျွန်မရဲ့စွန့်လွှတ်ခဲ့ရမှုတွေကို အရင်းအနှီးအဖြစ်အသုံးချပြီးတော ဘုရားသခင်ကိုစျေးဆစ်နေတာ၊ သူ့ကိုပြန်တိုက်ခိုက်နေတာကို ကျွန်မတွေ့မြင်ခဲ့ရပါတယ်။ အဲဒါကဘယ်လိုလုပ်ပြီး လေးစားကြည်ညိုတာဖြစ်ပါ့မလဲ။ ဘုရားသခင်က ကျွန်မကိုသူ့မိသားစုဝင်အဖြစ် ခေါ်ဆောင်ခဲ့တယ်။ သူ့ရဲ့ကယ်တင်ခြင်းကို ခံယူစေခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ သူ့ကိုဘဝရဲ့ ဝါးဖောင်တစ်ခုလိုအသုံးချခဲ့တယ်။ သူ့ဆီကအကျိုးအမြတ်ကိုပဲလိုချင်ခဲ့ပါတယ်။ ကျွန်မကဘယ်လိုယုံကြည်သူမျိုးလဲ။ အဲဒါက ဘုရားသခင်နဲ့ အပေးအယူလုပ်တာ။ သူ့ကိုအသုံးချပြီး လှည့်ဖျားတာသက်သက်ပါပဲ။ ကျွန်မကအရမ်းကို အတ္တကြီးပြီး ဆိုးယုတ်ခဲ့ပါတယ်။ ယုံကြည်မှုရရှိခဲ့တဲ့ နှစ်တွေအားလုံးမှာ ဘုရားသခင်ကပေးတဲ့ ကောင်းချီးနဲ့ အေးချမ်းမှုတွေအများကြီးရရှိခဲ့ပြီးတော့ သူ့နှုတ်ကပတ်တော်တွေရဲ့ ရေလောင်းပေါင်းသင်ပေးမှုနဲ့ အစာအဟာရကို မွေ့လျော်သုံးစွဲခဲ့ပါတယ်။ သူကကျွန်မအပေါ်မှာ အများကြီးပေးအပ်ခဲ့ပါတယ်။ ကျွန်မကတေ့ သူ့ရဲ့ချစ်ခြင်းမေတ္တာကို ပြန်မပေးခဲ့ရုံတင်မကဘဲအချိန်တိုင်းမှာ သူ့ဆီကနေပဲ လိုချင်နေခဲ့ပါတယ်။ ကျွန်မလိုချင်တာကိုမရတဲ့အခါ သူ့ကိုအထင်လွဲပြီးတော့ စောဒကတက်ခဲ့ပါတယ်။ ကျွန်မမှာ တကယ်ပဲ အသိစိတ်နဲ့ ဆင်ခြင်တုံတရားမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာမှ ကျွန်မနေမကောင်းဖြစ်ရခြင်းဟာ ယုံကြည်မှုမှာ ကောင်းချီးတွေကို လိုက်စားခြင်းအပေါ်ရှုမြင်တဲ့ ကျွန်မရဲ့မှားနေတဲ့ရှုထောင့်ကို ဘုရားသခင်ကပြင်ဆင်ပေးနိုင်ဖို့၊ ပြီးတော့ ကျွန်မသမ္မာတရားကိုလိုက်စားနိုင်လာပြီး အဲဒီဖောက်ပြန်ပျက်စီးမှုတွေနဲ့ မသန့်စင်မှုတွေကို ဖယ်ရှားနိုင်အောင်လို့ဆိုတာကို သဘာပေါက်ခဲ့ပါတယ်။ အဲဒါကဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာပါပဲ။ ကျွန်မတကယ်ကို အပြစ်ရှိတယ်လို့ခံစားခဲ့ရပြီးတော့ ဘုရားသခင်ရဲ့ ပင်ပင်ပန်းပန်းကြိုးပမ်းထားတာတွေကို အလဟဿဖြစ်အောင်မလုပ်ချင်တော့ပါဘူး။ ဘုရားသခင်ရဲ့စီမံခန့်ခွဲမှုနဲ့ ကြီးကြပ်ကွပ်ကဲမှုတွေကို နာခံဖို့ကျွန်မအသင့်ဖြစ်နေခဲ့ပါပြီ။ အဲဒါတွေအားလုံးကိုနားလည်သွားတာနဲ့ ကျွန်မအများကြီးပိုအေးချမ်းသွားပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုဖတ်ဖို့ ကျွန်မရဲ့စိတ်နှလုံးကိုငြိမ်သက်အောင်ထားနိုင်ခဲ့ပါတယ်။ ပြီးတော့တဖြည်းဖြည်းနဲ့ နာကျင်မှုကိုလည်း အရမ်းမခံစားရတော့ပါဘူး။

မကြာခင်မှာပဲ ပထမဆုံးဓာတုကုထုံးကို ခံယူခဲ့ပါတယ်။ ကျွန်မအဆောင်က တခြားလူနာတွေအကုန်လုံးက မူးမော်ပြီး အန်နေကြတယ်။ ဒါပေမဲ့ ကျွန်မလည်း ခေါင်းနည်းနည်းမူးပေမယ့် သူတို့လောက်တော့မခံစားရဘူး။ သူတို့အကုန်လုံးကအားကျပြီးတော့ ကျွန်မကံကောင်းတယ်လို့ပြောကြတယ်။ ဘုရားသခင်ကကျွန်မကို စောင့်ရှောက်နေတာကို ကျွန်မရဲ့စိတ်နှလုံးထဲကနေသိခဲ့ပါတယ်။ ဒါပေမဲ့ ဓာတုကုထုံးသုံးခုပြီးတဲ့အချိန်မှာတော့ ကျွန်မ အားနည်းသည်ထက် အားနည်းလာပြီးတော့ လမ်းတောင်ဖြောင့်အောင် မလျှောက်နိုင်တော့ပါဘူး။ ကျွန်မ ဘာစားချင်စိတ်မှလည်းမရှိခဲ့သလို အစားစားရင်လည်းအန်ထွက်ပါတယ်။ စတုတ္ထအကြိမ် ဆေးသွင်းပြီးပြီးချင်းမှာပဲ ကျွန်မတစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီးတော့ အစာအိမ်ကလည်း မအီမသာဖြစ်နေပြီးတော့ သည်းခြေရည်တွေလည်း တောက်လျှောက်အန်နေတယ်။ ကျွန်မအမြင်အာရုံတွေဝါးသွားပြီးတော့ မြင်ကွင်းနှစ်ထပ်တွေဖြစ်နေတယ်။ လောကကြီးက လည်နေသလိုခံစားရတယ်။ ဘယ်လောက်ဆိုးလဲဆိုတာ ပြောတောင်မပြတတ်ပါဘူး။ လှဲနေတော့လည်းအဆင်မပြေ၊ ထိုင်နေတော့လည်းအဆင်မပြေ။ ခေါင်းမူးနေတဲ့ကြားကနေ ဆေးထိုးအပ်ကိုတော့ ကျွန်မဆွဲထုတ်နိုင်ခဲ့ပါတယ်။ သူနာပြုအကြီးအကဲကလာပြီးတော့ ကျွန်မအမျိုးသားကိုအော်တယ်၊ “ဒီဆေးတွေက ပိုးဝင်လို့မရဘူး။ အဲဒီလိုသာဖြစ်ရင် လုပ်ခဲ့သမျှအလကားဖြစ်ပြီးတော့ အသက်ပါဆုံးရှုံးသွားနိုင်တယ်။ ဖြစ်လာရင် ဘယ်သူတာဝန်ယူမလဲ” တဲ့။ လျှောက်လုပ်ရင် အကုန်ပျက်စီးသွားမယ်လို့ သူပြောတာကိုကြားတော့ “ငါတို့ပိုက်ဆံတွေအများကြီးသုံးခဲ့တာပဲ။ အခုထိမသက်သာဘူး။ ငါ့မိသားစုကလည်း ငါ့ကိုနေ့တိုင်းပြုစုပေးနေရတယ်။ သူတို့အတွက် ငါဝန်ထုပ်ဝန်ပိုးဖြစ်လာနေပြီ။ ပြီးတော့ ဒီကုထုံးကလည်းအလုပ်ဖြစ်မလားတောင် မသိပါဘူး။ ဒီလိုနေနေရတာ စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ” လို့တွေးမိတယ်။ အဲဒီအချိန်မှာ ကျွန်မအရမ်းစိတ်ပျက်နေခဲ့ပြီးတော့ ဒါကြီးပြီးဆုံးပြီးတော့ သေသွားတာကမှကောင်းဦးမယ်လို့တောင် တွေးမိခဲ့ပါတယ်။ ကျွန်မအမျိုးသားအလစ်မှာ အဆောင်ကနေခိုးထွက်ခဲ့ပြီးတော့ ၁၂ လွှာက ပြူတင်းပေါက်ဘေးမှာထိုင်ပြီးတော့ “အခုလိုဒုက္ခခံနေရတာထက် ခုန်ချလိုက်ပြီးတော့ အဆုံးသတ်လိုက်တာမှ ပိုကောင်းဦးမယ်” လို့တွေးမိခဲ့တယ်။ ကျွန်မအဲဒီလိုတွေးပြီးတော့ ငိုပြီးရင်း ငိုနေခဲ့ပါတယ်။ နောက်ကျတော့ ကျွန်မအမျိုးသားက ရုတ်တရက်ရောက်လာပြီးတော့ ကျွန်မကိုဖက်ပြီးတော့ ပြူတင်းပေါက်ကနေ ဆွဲချလိုက်ပါတယ်။ သူကကျွန်မကို တိုးတိုးလေး နှစ်သိမ့်တယ်၊ “ဘာလို့လူတွေပြောတာကိုယုံနေတာလဲ။ မင်းယုံကြည်တဲ့ ဘုရားသခင်ကို မယုံကြည်သင့်ဘူးလား” တဲ့။ သူအဲဒီလိုပြောတော့ ကျွန်မရှက်သွားတယ်။ အဲဒါအမှန်ပဲ။ ယုံကြည်သူတစ်ယောက်အနေနဲ့ ဘုရားသခင်ကို အားကိုးရမယ်ဆိုတာဘာလို့ ကျွန်မမသိခဲ့တာလဲ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုကျွန်မသတိရခဲ့ပါတယ်။ “အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်ထားပြီး ဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် အပေါ်ယံတွင် ကျွမ်းနေပုံရသော်လည်း၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ သင်၏ဘဝသည် ရှေ့ဆက်ရဦးမည် ဖြစ်ပြီး သင်၏အချိန်မကျသေးပါက၊ သင် သေချင်လျှင်ပင် သေ၍မရနိုင်ပေ။ ဘုရားသခင်က သင့်အား စေခိုင်းချက်တာဝန် ပေးပြီးဖြစ်ကာ သင်၏တာဝန်က မပြီးဆုံးသေးလျှင်၊ သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော မကျန်းမာမှုကြောင့်ပင် သေမည် မဟုတ်ပေ— ဘုရားသခင်က သင့်ကို ခေါ်ဦးမည် မဟုတ်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက အရမ်းရှင်းပါတယ်။ ကျွန်မဘယ်လောက်ကြာကြာနေရမလဲဆိုတာနဲ့ ဘယ်တော့သေရမလဲဆိုတာကို ဘုရားသခင်က ဟိုးအရင်ကတည်းက ဆုံးဖြတ်ပြီးသားပါ။ ကင်ဆာဖြစ်နေပေမယ့်လည်း ကျွန်မအပေါ််ဘုရားသခင်ရဲ့ အလုပ်ကမပြီးဆုံးသေးရင် သူကကျွန်မကိုသေခွင့်ပေးမှာမဟုတ်ပါဘူး။ ကျွန်မအပေါ် သူ့ရဲ့လုပ်ဆောင် မှု ပြီးဆုံးသွားရင်တော့ ရောဂါမရှိလည်း ကျွန်မသေရမယ်ဆိုရင် သေမှာပါပဲ။ အဲဒါက ဘုရားသခင်ကသတ်မှတ်တဲ့ ပြောင်းလဲမရတဲ့ ကံကြမ္မာပါပဲ။ ဒါပေမဲ့ ဘုရားသခင်ရဲ့အုပ်စိုးမှုနဲ့ ကြိုတင်သတ်မှတ်ထားမှုကို ကျွန်မနားမလည်ခဲ့လို့ နာမကျန်းဖြစ်တဲ့အချိန်မှာ ဘုရားသခင်ကို လုံးဝမနာခံနိုင်ခဲ့ပါဘူး။ အလုပ်မဖြစ်ခဲ့တဲ့ကုထုံးအတွက် ပိုက်ဆံဖြုန်းရမှာကိုတောင် ကြောက်ခဲ့သလို အဲဒီအခြေအနေကနေ သေဆုံးခြင်းနဲ့ လွတ်မြောက်ချင်ခဲ့ပါတယ်။ ကျွန်မဟာ အရမ်းကိုတော်လှန်ပုန်ကန်တတ်တဲ့သူ ဖြစ်ခဲ့ပါတယ်။ အဲဒါကိုသဘောပေါက်သွားတော့ ကျွန်မအများကြီးနေလို့ပိုကောင်းပြီးတော့ “ဘာပဲဖြစ်ဖြစ်။ ဘုရားသခင်ရဲ့ကွပ်ကဲမှုနဲ့ အစီအစဥ်တွေကို နာခံဖို့ငါအဆင်သင့်ပဲ” လို့တွေးခဲ့ပါတယ်။ အဲဒီနောက် ဓာတုကုထုံးတချို့ အပြီးမှာတော့ ကျွန်မတော်တော်လေးသက်သာလာပါတယ်။ ကျွန်မဆေးရုံကဆင်းတော့ “သုံးလနေရင် စစ်ဆေးကြည့်ဖို့ပြန်လာခဲ့ပါ။ အားလုံးအဆင်ပြေတယ်ဆိုရင် ဓာတ်ရောင်ခြည်နဲ့ ကုသဖို့မလိုတော့ပါဘူး” လို့ဆရာဝန်ကပြောခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ ကျွန်မအဲဒီနေ့မှာပဲ နေလို့ကောင်းပြီးတော့ တာဝန်ကိုပြန်လည်ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ပထမတစ်ခေါက်ပြန်ပြတော့ ဆရာဝန်က ကျွန်မက တော်တော်လေးသက်သာလာပြီးတော့ အားလုံးအဆင်ပြေပါတယ်တဲ့။ ကျွန်မပျော်လွန်းလို့ငိုမိပြီး ဘုရားသခင်ကို ကျွန်မရဲ့စိတ်နှလုံးထဲကနေ ကျေးဇူးတင်ခဲ့ပါတယ်။ ကျွန်မရဲ့တာဝန်ကိုကောင်းကောင်းထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုပြန်ပေးရမယ်ဆိုတာကို ကျွန်မသိခဲ့ပါတယ်။ သူကကျွန်မရဲ့ကင်ဆာကို ပျောက်ကင်းအောင်လုပ်ပေးပြီးတော့ ကျွန်မလည်း ဒီဝေဒနာဒုက္ခကနေ လွတ်မြောက်ရင်လွတ်မြောက်သွားမှာပေါ့။ အဲဒီနောက်ပိုင်း ကျွန်မရဲ့တာဝန်အတွက် တကယ်အားရှိသလိုခံစားခဲ့ရပြီးတော့ ကျွန်မရဲ့ယုံကြည်မှုလည်းတိုးပွားလာခဲ့ပါတယ်။

ဒုတိယတစ်ခေါက်ပြန်သွားပြတော့ ဆရာဝန်က အခြေအနေကမကောင်းဘူး။ ကင်ဆာက ကျွန်မရဲ့ခေါင်းအနောက်ပိုင်းအထိ ပြန့်သွားပြီတဲ့။ ဒါ တကယ်လို့ကို ကျွန်မ မယုံနိုင်ခဲ့ဘူး။ ကျွန်မချက်ချင်းပဲ အားနည်းချိနဲ့သွားပြီးတော့ မျက်နှာမှာလည်း မျက်ရည်တွေစီးကျလာပါတယ်။ ကင်ဆာကဘယ်လိုဖြစ်လို့များ ပြန့်သွားပါလိမ့်ပေါ့။ ဒီဝေဒနာကနေတစ်ဆင့် ကျွန်မကိုယ်ကျွန်မသိလာပြီးပြီ၊ လေ့လာလိုက်စားရာမှာ ကျွန်မမြင်တဲ့ရှုထောင့်တွေကို ပြင်ဆင်ခဲ့တယ်၊ ပြီးတော့ တာဝန်ကိုလည်း အစွမ်းကုန်ထမ်းဆောင်နေတယ်။ ဘုရားသခင်ကဘာလို့ ကျွန်မရဲ့ကင်ဆာကို ပျောက်အောင်မလုပ်ပေးရတာလဲ။ အဲဒီလိုတွေတွေးမိရင် ကျွန်မတကယ်အပြစ်ရှိသလို ခံစားရပါတယ်။ ဘုရားသခင်ကို ထပ်ပြီးအပြစ်တင်နေတာမဟုတ်ဘူးလား။ အဲဒါနဲ့ ကျွန်မရဲ့စိတ်နှလုံးကို ငြိမ်အောင်ထားပြီးတော့ ဆရာဝန်က ကျွန်မရဲ့ကင်ဆာကပြန်ဖြစ်နေတယ်လို့ပြောတဲ့အချိန်မှာ ဘာလို့များ ဘုရားသခင်ကိုပဲအပြစ်တင်နေမိလဲလို့ ပြန်သုံးသပ်ကြည့်တယ်။ အဲဒီပြဿနာရဲ့ဇာစ်မြစ်ကဘာများလဲ ပေါ့။ တစ်ရက်မှာတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြတဲ့ ဗီဒီယိုတစ်ခုကို ကျွန်မကြည့်ခဲ့ရပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပထမဦးစွာ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။...အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အဖြစ်အနေမှသည် သူ၏ ဓမ္မဓိဋ္ဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ချေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)”) ကျွန်မကဘုရားသခင်ပြောခဲ့တဲ့လူစားမျိုးပါပဲ။ ကောင်းချီးတွေရရှိဖို့အတွက်ပဲ ယုံကြည်မှုမှာ အမြဲတမ်း စိတ်ပါလက်ပါရှိခဲ့ပြီး ဘုရားသခင်ရဲ့ကောင်းချီပေးမှုကို ကျွန်မ ဘယ်လိုမျိုးရရှိပြီးတော့ ငြိမ်းချမ်းမှုကိုရှာတွေ့မလဲ တွက်နေခဲ့ပါတယ်။ သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ဆောင်ပြီးတော ဘုရားသခင်ကိုနာခံရမယ်ဆိုတာ တစ်ခါမှမတွေးခဲ့ပါဘူး။ ကျွန်မယုံကြည်သူဖြစ်လာကတည်းက ကျွန်မရဲ့မိသားစုက ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ခံစားခဲ့ရပါတယ်။ ကျွန်မလည်း မှီခိုအားထားစရာတစ်ခုရှာတွေ့လို့ ပျော်ရွှင်ခဲ့တယ်။ ကျွန်မကိုယ်တိုင်စိတ်ပါလက်ပါနဲ့ တာဝန်ကိုထမ်းဆောင်ခဲ့သလို ဘုရားသခင်ရဲ့ကောင်းချီးပေးမှုကို ပိုတောင်ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကင်ဆာဖြစ်တဲ့အချိန်မှာတော့ ကျွန်မမှာ မကျေနပ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကျွန်မက တာဝန်ကိုအပင်ပန်းခံထမ်းဆောင်ခဲ့တဲ့အတွက် ဘုရားသခင်က ကျွန်မကိုကျန်းမာရေးကောင်းမွန်မှုနဲ့ ကောင်းချီးပေးသင့်တယ်လို့ တွေးမိခဲ့တယ်။ ဆရာဝန်က ကျွန်မရဲ့ကင်ဆာကပြန့်သွားပြီလို့ပြောတော့ ကျိုးကြောင်းဆီလျော်မှုမရှိတာတွေကို ဘုရားသခင်ကို တောင်းဆိုခဲ့ပြန်ပါတယ်။ ကျွန်မနေမကောင်းတဲ့ကြားထဲက တာဝန်ကိုထမ်းဆောင်ခဲ့တဲ့အတွက် ဘုရားသခင်က ကျွန်မရဲ့ရောဂါဝေဒနာကို ပျောက်အောင်လုပ်ပေးရမယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မက ဘုရားသခင်ကို ဘုရားသခင်လိုဆက်ဆံနေတာမဟုတ်ဘဲ ဘုရားသခင်က ကျွန်မအပေါ်အကြွေးတင်နေသလို ပြုမူနေတာကို သဘောပေါက်ခဲ့ပါတယ်။ ကျွန်မက သူ့ဆီကပဲတောက်လျှောက် တောင်းဆိုနေခဲ့တယ်။ ကျွန်မကြိုးစားလုပ်ဆောင်ပြီး အနစ်နာခံခဲ့ပေမယ့် ဘုရားသခင်အလိုကျအောင် တကယ်ကြိုးစားနေခဲ့တာမဟုတ်ပါဘူး။ ကျွန်မဖြစ်ချင်တာကို သူကလုပ်ပေးဖို့အတွက် ကျွန်မက ဟန်ဆောင်ပန်ဆောင်နဲ့ ဘုရားသခင်ကိုလှည့်ဖျားပြီးတော့ ကပ်ဖားရပ်ဖားလုပ်နေခဲ့တာပါ။ စာတန်ရဲ့အဆိပ်တွေဖြစ်တဲ့ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” တို့၊ “ဆုလာဘ်တစ်ခု မရှိဘဲ ဘယ်တော့မှ လက်ညှိုးမထောင်နဲ့”တို့က ကျွန်မဘဝရဲ့ဆောင်ပုဒ်တွေဖြစ်ခဲ့တယ်။ ကျွန်မနည်းနည်းလေးလုပ်ဆောင်ပြီးတော့ ကောင်းချီးအများကြီးလိုချင်ခဲ့တယ်။ ဘုရားသခင်ကိုတော့ ယုံကြည်ပါရဲ့။ ကျွန်မရဲ့စိတ်နှလုံးကိုတော့ သူ့ကိုတကယ်ပေးအပ်နေခဲ့ခြင်းမရှိပါဘူး။ ကျွန်မဟာ မွေးရာပါကို အတ္တကြီးပြီး ကောက်ကျစ်လှပါတယ်။ ကျွန်မဟာ အရှက်မဲ့၊ လောဘကြီးပြီး အရာမရောက်တဲ့ သူတစ်ယောက်ပါ။ ဘုရားသခင်က ကျွန်မတို့ကိုကယ်တင်ဖို့ ဘယ်လိုလူ့ဇာတိခံခဲ့လဲဆိုတာကို စဥ်းစားမိတယ်။ ကွန်မြူနစ်ပါတီရဲ့ လိုက်လံဖမ်းဆီးနှိပ်ကွပ်မှု၊ ကျွန်မတို့ယုံကြည်သူတွေရဲ့ အထင်အမြင်လွဲခံရမှုတွေ၊ စောဒကတွေ၊ တော်လှန်ပုန်ကန်မှုနဲ့ ဆန့်ကျင်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တယ်။ ကြီးစွာသောအရှက်တကွဲ အကျိုးနည်းခြင်းကို ခံစားခဲ့ရပေမယ့်လည်း တစ်ချိန်တည်းမှာပဲ ကျွန်မတို့ကိုကယ်တင်ပြီးတော့ သန့်စင်စေဖို့ သမ္မာတရားတွေကို ဖော်ပြနေခဲ့ပြီးတော့ ဘာကိုမှလည်းပြန်မတောင်းဆိုခဲ့ပါဘူး။ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာက တကယ်ကို အတ္တကင်းမဲ့လှပါတယ်။ ဒီရောဂါဖြစ်နေတဲ့တစ်လျှောက်လုံးမှာ ဘုရားသခင်က ကျွန်မနဲ့အတူတူရှိခဲ့တာကို ကျွန်မသိပါတယ်။ ကျွန်မအရမ်းနာကျင်ပြီးတော့ အသည်းအသန်ဖြစ်တဲ့အချိန်တိုင်းမှာ ဘုရားသခင်က သူ့ရဲ့နှုတ်ကပတ်တော်တွေကို အသုံးပြုပြီးတော့ ကျွန်မကိုဦးဆောင်ပြီး လမ်းပြပေးခဲ့ပါတယ်။ ဘုရားသခင်ရဲ့အနှစ်သာရက အရမ်းကိုကောင်းမွန်ပြီးလှပပါတယ်။ ပြီးတော့ သူ့ရဲ့ကျွန်မအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကလည်း ကြီးမားလှပါတယ်။ ပြီးတော့ ကျွန်မမှာအသိစိတ်လုံးဝမရှိခဲ့ဘဲနဲ့ ကျွန်မလုပ်ခဲ့သမျှက ဘုရားသခင်ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့မိသလိုပဲ ခံစားခဲ့ရတယ်။ ပေါလုအကြောင်းကိုလည်းစဥ်းစားမိတယ်။ ဧဝံဂေလိတရားကိုဖြန့်ဝေဖို့ သူအများကြီးပေးဆပ်ပြီးတော့ ဒုက္ခခံခဲ့ရပေမယ့် သူကဆုလာဘ်တွေကိုသာလိုချင်ပြီးတော့ သရဖူဆောင်းချင်ခဲ့တာပါ။ ဖြောင့်မတ်ခြင်းသရဖူကို သူ့အတွက်ချန်ထားရမယ်လို့တောင် ပြောခဲ့ပါသေးတယ်။ သူပြောတာက တကယ်လို့ သူသာကောင်းချီးအပေးမခံရရင် ဘုရားသခင်က မဖြောင့်မတ်ဘူးလို့ပြောတာပါပဲ။ ပေါလုဟာ ယုံကြည်မှုရှိခဲ့ပေမယ့် သူ့ကိုယ်သူ ဘယ်တော့မှမသိခဲ့ဘဲ သူ့ရဲ့သဘောထားကလည်း ဘယ်တော့မှမပြောင်းလဲခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့ ပြစ်ဒဏ်ပေးခြင်းကို သူခံလိုက်ရပါတယ်။ လေ့လာလိုက်စားခြင်းအပေါ် ကျွန်မမြင်ခဲ့တဲ့ရှုထောင့်က ပေါလုနဲ့တစ်ပုံစံတည်းပါပဲ။ ကောင်းချီးလိုချင်လို့ ဘုရားသခင်ကိုယုံကြည်တာက သဘာဝကျတယ်လို့ထင်ခဲ့ပြီးတော့ အဲဒါကိုမရတဲ့အချိန်မှာတော့ ဘုရားသခင်ကိုအပြစ်တင်ခဲ့ပါတယ်။ ကျွန်မဟာ ဘုရားသခင်ကိုဆန့်ကျင်တဲ့ လမ်းကြောင်းပေါ်ရောက်နေခဲ့တာပါ။ ကျွန်မရဲ့လေ့လာလိုက်စားတဲ့ပုံစံကို ပြင်ရင်ပြင်၊ မပြင်ရင်တော့ နောက်ဆုံးမှာ ပေါလုလိုပဲ ဘုရားသခင်ရဲ့ သုတ်သင်ရှင်းလင်းခြင်းကို ခံရမယ်ဆိုတာကိုသိခဲ့ပါတယ်။ ချက်ချင်းပဲ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ ဒူးထောက်ပြီးတော့ “အို ဘုရားသခင်၊ ကျွန်မမှားခဲ့ပါတယ်။ အားထုတ်လိုက်စားမှုအပေါ်ထားတဲ့ ကျွန်မရဲ့မှားနေတဲ့ရှုထောင့်ကို စွန်လွှတ်ဖို့အဆင်သင့်ဖြစ်ပါပြီ။ ပြီးတော့ ကျွန်မရဲ့ကင်ဆာက ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တော့်ရဲ့စီမံခန့်ခွဲမှုတွေကိုလည်း နာခံပါ့မယ်” လို့ဆုတောင်းခဲ့ပါတယ်။ အဲဒါပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို နေ့တိုင်းဖတ်ရှုခဲ့ပြီးတော့ သူ့ရှေ့မှောက်မှာ ကျွန်မရဲ့စိတ်နှလုံးကို ငြိမ်သက်အောင်ပြုလုပ်ခဲ့ပါတယ်။ ကျွန်မရဲ့ အခြေအနေက ဖြည်းဖြည်းမှန်မှန်နဲ့ တိုးတက်လာတယ်။

အဲဒီလိုနဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလရဲ့ နေ့ရက်တစ်ရက်မှာ ဓာတ်ရောင်ခြည်ကုသမှု လာခံယူဖို့ ဆေးရုံကကျွန်မကို အသိပေးခဲ့ပါတယ်။ တခြားလူနာတွေက ဓာတ်ရောင်ခြည်ကုသမှုကပိုဆိုးတယ်၊ အသားတွေလောင်ပြီးတော့ ဆံပင်တွေကျွတ်ကုန်တယ်။ ပြီးတော့ အန်တယ်၊ ခေါင်းမူးပြီးတော့ ဘာမှလည်းစားချင်စိတ်မရှိဘူးတဲ့။ အဲဒီလိုကြားရတော့ ကျွန်မအရမ်းကြောက်သွားတယ်။ ဒါတွေ အားလုံးကို ထပ်ပြီး မဖြတ်သန်းချင်ခဲ့ဘူး။ ဘုရားသခင်သာ ကျွန်မရဲ့ကင်ဆာကို ပျောက်အောင်လုပ်ပေးခဲ့ရင် ကျွန်မဓာတ်ရောင်ခြည် ကုသမှုခံပြီးတော့ ဝေဒနာထပ်ခံစားစရာမလိုဘူးလို့ တွေးမိခဲ့တယ်။ ပြီးတော့ ကျွန်မကဘုရားသခင်ကိုထပ်ပြီးတော့ တောင်းဆိုနေတုန်းပဲဆိုတာကို သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ကျွန်မရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေကို စွှန့်လွှတ်ပြီးတော့ ဘုရားသခင်ကိုဆုတောင်းခဲ့ပါတယ်။ ပြီးတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကိုဖတ်ခဲ့ပါတယ်။ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ထဲက စာပိုဒ်တစ်ပိုဒ်ပါ။ “ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို တစိမ့်စိမ့်တွေးကြည့်ပြီးတော့ ကျွန်မရင်ထဲကို တော်တော်ထိသွားပါတယ်။ ယောဘက ဘုရားသခင်အတွက် စစ်မှန်တဲ့လေးစားကြည်ညိုမှုရှိခဲ့တယ်။ ဘုရားသခင်ဆီက ကောင်းချီးပဲရရ၊ ဘေးအန္တရာယ်တွေပဲရရ ဘုရားသခင်ရဲ့စီမံခန့်ခွဲမှုတွေကို တောင်းဆိုမှုမရှိ လိုအပ်ချက်မရှိဘဲ နာခံခဲ့တယ်။ အဲဒါကသူ့အတွက်စမ်းသပ်မှုပဲ။ သူ့တစ်ကိုယ်လုံးမှာ အနာစိမ်းတွေနဲ့ပြည့်နေပြီးတော့ ဆိုးရွားလှတဲ့နာကျင်မှုကို ခံစားနေခဲ့ရပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကို အပြစ်တင်မယ့်အစား သူမွေးဖွားတဲ့နေ့ရက်ကိုပဲ ကျိန်ဆဲခဲ့ပါတယ်။ ဘုရားသခင်အတွက်သက်သေခံပြီး စာတန်ကို အရှက်တကွဲ အရေးနိမ့်စေခဲ့ပါတယ်။ ယောဘရဲ့နမူနာကိုယူပြီးတော့ ဘုရားသခင်အလိုကျဖို့ သက်သေခံချက်ပေးချင်ခဲ့ပါတယ်။ ဓာတ်ရောင်ခြည်ကုသမှုကြောင့် ဘယ်လောက်ပဲခံစားရပါစေ၊ ကျွန်မသက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ၊ ဘုရားသခင်စီစဥ်တာကို နာခံပြီးတော့ ကျွန်မသေရမယ်ဆိုရင်တောင် စောဒကမတက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။

ပထမဆုံးကုသမှုပြီးတော့ ကျွန်မခေါင်းနည်းနည်းမူးတယ်။ ဒါပေမဲ့ ဘဝကိုတော့ပုံမှန်အတိုင်း ဆက်နေနိုင်ပါသေးတယ်။ စားလိုက်၊ ဟိုနားဒီနားလမ်းလျှောက်လိုက်ပေါ့။ တခြားလူနာတွေအကုန်လုံးက အရမ်းအံ့သြပြီးတော့ “အရမ်းကောင်းတာပဲ။ အကုန်လုံးအတူတူ ကုသမှုခံယူကြပေမယ့် အစ်မကတော့ ဘာလို့ဘာမှမဖြစ်တာလဲ” လို့တစ်ယောက်ကပြောတယ်။ အဲဒါကိုကြားတော့ ဘုရားသခင်ကို ကျွန်မတိတ်တိတ်လေး ကျေးဇူးတင်ခဲ့ပါတယ်။ ဓာတ်ရောင်ခြည်ကုသဖို့ခံယူပြီး ၄၅ ရက်ကြာတော့ ဆရာဝန်ကကျွန်မရဲ့စစ်ဆေးရလဒ်ကိုကြည့်ပြီးတော့ အံ့သြပြီးပြောတယ်။ “ခင်ဗျားရဲ့ကင်ဆာက လုံးဝပျောက်သွားတဲ့ပုံပဲ။ ကျွန်တော်ပဲမျက်စိမှားတာလား” တဲ့။ သူကဌာနမှူးကိုလည်း ခေါ်ပြီးတော့ကြည့်ခိုင်းတယ်။ တခြားဆရာဝန်တွေလည်းလာပြီးသုံးသပ်ကြတယ်။ သူတို့တွေလည်း အကုန်လုံးအံ့အားသင့်သွားကြတယ်။ ကင်ဆာရဲ့ အရိပ်အယောင် လုံးဝမရှိတော့သလို ရောင်ယမ်းနေတာမျိုးတောင်မရှိပါဘူး။ နောက်တစ်ရက်နေရင် ဆေးရုံကဆင်းပြီးတော့ အိမ်မှာအနားယူလို့ရပြီလို့ သူတို့ကပြောတယ်။ ကျွန်မခံစားရလွန်းလို့ မျက်လုံးမှာမျက်ရည်တွေပြည့်ပြီးတော့ ဘာမှတောင်မမြင်ရတော့ပါဘူး။ ဒီကံကြမ္မာအလှည့်အပြောင်းဟာ ဘုရားသခင်ဆီကပဲဆိုတာ ကျွန်မအတွက် အရမ်းရှင်းလင်းသွားခဲ့ပါတယ်။ ကျွန်မရဲ့ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းက တကယ်ကို ဘုရားသခင်ရဲ့လက်ထဲမှာပဲဆိုတာကိုလည်း ကျွန်မတွေ့ခဲ့ရပါတယ်။

ဝေဒနာရဲ့စစ်ဆေးမှုတွေအကုန်လုံးကို ဖြတ်သန်းခဲ့ပြီးတော့ အများကြီး ဒုက္ခခံခဲ့ရတယ်။ ပြီးတော့ မျက်ရည်လည်းအများကြီးကျခဲ့ရပါတယ်။ ပြီးတော့ ကျွန်မမှာ ဘုရားသခင်အပေါ် အထင်အမြင်လွဲမှုနဲ့ စောဒကအချို့လည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီရောဂါဝေဒနာကို ဖြတ်သန်းခဲ့ပြီးတော့မှ ကျွန်မရဲ့ ကောင်းချီးတွေကို လိုက်စားမှုက ကျွန်မယုံကြည်မှုကို အစွန်းအထင်းဖြစ်စေတယ်ဆိုတာကို နားလည်လာပါတယ်။ ပြီးတော့ ဘုရားသခင်ကိုလည်း ပိုပြီးတော့နာခံတတ်လာပါတယ်။ ဘုရားသခင်ရဲ့အံဖွယ်လုပ်ဆောင်မှုတွေနဲ့ သူ့ရဲ့ ကျွန်မအတွက်ကယ်တင်ခြင်းကိုလည်းတွေ့ခဲ့ရပါတယ်။ ပြီးတော့ ကျွန်မရဲ့ဝေဒနာကနေတစ်ဆင့် ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကောင်းချီးတွေကိုလည်း ကြုံတွေ့ခံစားခဲ့ရပါတယ်။ ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိပါတယ်။ ရှေ့ဆက်ပြီးတော့ ကြုံတွေ့ရမှာက ကောင်းချီးပဲဖြစ်ဖြစ်၊ ဘေးအန္တရာယ်ပဲဖြစ်ဖြစ်၊ ကျွန်မကိုယ်ကျွန်မ ဘုရားသခင်ကို ဝကွက်အပ်ပြီးတော့ သူစီစဥ်တဲ့အတိုင်း ဘာပဲဖြစ်ဖြစ်လိုက်နာဖို့၊ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကိုထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခေါင်းဆောင် အတုအယောင်အား ဖော်ထုတ်ခြင်း- တစ်ကိုယ်ရေ ရုန်းကန်ကြိုးစားခြင်း

ကျန်းရီ တောင်ကိုးရီးယားနိုင်ငံ မနှစ်က မြို့ပြင်က အသင်းတော်တစ်ခုမှာ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေသော်လည်း၊ လက်တွေ့ကျသည့်အလုပ်ကို...

ယုံကြည်ခြင်းမှာ ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်းကို ဆိုလိုသည်

ချန်ချန် အီတလီနိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌...

တွဲဖက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းသည် တာဝန်တွင် အဓိကသော့ချက်ဖြစ်သည်

ကျင့်ခေါက် အမေရိကန်နိုင်ငံ ၂၀၂၀ ခုနှစ် နွေရာသီမှာ အစ်မဝမ်နဲ့ ကျွန်မက အဆင့်မီ ဗီဒီယိုတွေကို ဆေးရောင်ခွဲဖို့ အတူလုပ်ကြတယ်။ ကျွန်မက...

ကြမ်းတမ်းသောလမ်း ခေါင်းဆောင်အတုအယောင်တစ်ယောက်ကို တိုင်ကြားခြင်း

လီမင် အမေရိကန်နိုင်ငံ ၂၀၁၉ ဇူလှိုင်လမှာ ကျွန်မကို ညီအစ်ကိုမောင်နှမတွေက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ကြတယ်။ ကျွန်မနဲ့အတူ တွဲလုပ်မယ့်သူက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။