အခြားလူများနှင့် အတူ အလုပ်လုပ်ဖို့ ကျွန်မ သင်ယူခဲ့သည်

25.06.2019

လီဟန်၊ ကျင်းရှီစီရင်စု

ဘုရားသခင်၏ ကျေးဇူးတော်မှ တစ်ဆင့် အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်စိတ်အားထက်သန်ပြီး ဘုရားသခင်ရှေ့တွင် ကျွန်မ စိတ်ပိုင်းဖြတ်ချက်တစ်ခုချခဲ့သည်။ ဘာကိုပဲ ကျွန်မ ကြုံတွေ့ပါစေ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မစွန့်လွှတ်ဘူး။ ကျွန်မ တစ်ခြားအစ်မနဲ့ ကောင်းကောင်းအလုပ်လုပ်မယ်။ သမ္မာတရားနောက်ကို ကြိုးစားလိုက်လျှောက်တဲ့ သူတစ်ယောက်ဖြစ်မယ် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်မက စိတ်ပိုင်းဖြတ်ချက် ချခြင်းသက်သက်သာ ဖြစ်ပြီး လက်တွဲညီသောအလုပ်ဆက်ဆံရေး၏စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မသိခဲ့ပါ။

ကျွန်မ နှင့် အတူအလုပ်လုပ်နေသော အစ်မ နှင့် ပထမဆုံး အသင်းတော်ကိစ္စရပ်များကို စီစဉ်သောအချိန်တွင်၊ ကျွန်မတို့တွင် မတူညီသော အမြင်များ ရှိသောအခါ ကျွန်မ၏အဖော်ကို ကျွန်မ အပြစ်မတင်မိဖို ကျွန်မ၏နှလုံးသား နှင့် ဝိညာဉ်ကို ကာကွယ်ဖို့တောင်းဆိုရင်း ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းပါသည်။ သို့သော် ကျွန်မ၏အဖော် နှင့် ပဋိပက္ခတွေမဖြစ်အောင် ကျွန်မ၏ အပြုအမူများကို ထိန်းချုပ်သောနေရာ၌သာ ကျွန်မ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ကျွန်မ သမ္မာတရားထဲကို မဝင်ရောက်ခဲ့ပါ။ ထို့ကြောင့် အချိန်ကြာလာသည် နှင့်အမျှ အစ်မ နှင့် ပိုပိုပြီး သဘောမတိုက်ဆိုင်မှုများ ရှိလာသည်။ တစ်ခါတွင်ကျွန်မသည် အစ်မတစ်ယောက်ကို ယုံကြည်သူသစ်များအား ရေလောင်းသောရာထူး တိုးပေးချင်ခဲ့၏။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသောအစ်မက ယင်းအစ်မက မကောင်းပါဟု ပြောသည်။ သင့်တော်သည့်လူကို ကျွန်မလဲပြီးနောက်တွင် သူက ဒါ မကောင်းဘူးဟု ပြောနေဆဲပင် ဖြစ်သည်။ ကျွန်မ ချက်ချင်းစိတ်တိုပြီး စိတ်ဆိုးဆိုး နှင့် “ဘယ်သူကမှ မကောင်းဘူး။ နင်ပဲ ကောင်းတယ်” ဟု ပြောလိုက်သည်။ သို့ဖြစ်၍ ဤကိစ္စကို လုံးဝ ထပ်မပြောတော့ပါ။ သူက ထိုအကြောင်းကိုမေးသောအခါ ကျွန်မ စိတ်တိုတို နှင့်၊ “နင်ကြိုက်တဲ့သူကိုရွေး၊ ငါ ဂရုမစိုက်ဘူး” ဟု ပြောလိုက်သည်။ နောက်ပိုင်းတွင် သူဘာပဲပြောပြော သဘောထားကွဲလွဲမှုရှိခဲ့လျှင် ကျွန်မ ဘာမှမပြောတော့ပါ။ ပဋိပက္ခဖြစ်ခြင်းများကို ရှောင်နိုင်မည်ဟု တွေးထင်ရင်း ကျွန်မ ရေငုံနှုတ်ပိတ်နေလိုက်သည်။ တစ်ခါတစ်လေမှာ ချုပ်တည်းရခြင်းက မခံနိုင်အောင်ဖြစ်လာသည်။ ထို့ကြောင့် ကျွန်မ မှားသွားခဲ့ပြီဟု ခံစားရင်း တစ်နေရာရာ၌ ပုန်းကာ ငို ကြွေးခဲ့သည်။ နင်က မလုပ်နိုင်ဘူးလား။ ဒါဆိုရင် နင့်ဖာသာလုပ်လေ။ ပြီးရင် နင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာကို ကြည့်မယ် ဟုပင် ကျွန်မစဉ်းစားခဲ့သည်။ နောက်ပိုင်း တစ်ခါတွင် အထက်ခေါင်းဆောင်က ကျွန်မ ကိုင်တွယ်ဖြေရှင်းရမည့် တာဝန်တစ်ခု ပေးခဲ့သည်။ ကိစ္စတစ်ခုလုံးကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ပြီး စီစဉ်ရသည်။ ယင်းနှင့် ပတ်သက်၍ ကျွန်မ အတော်ကျေနပ်သလို ခံစားခဲ့ရသည်။ ကျွန်မနှင့်အတူလုပ်နေသောအစ်မက ကျွန်မကို ချီးကျူးပြီး နှစ်သိမ့်မည်ဟု ထင်ခဲ့သည်။ မျှော်လင့်မထားပဲ ကျွန်မ၏အဖော်က ရေအေးတစ်လုံးနှင့် ကျွန်မကို လောင်းချလိုက်သကဲ့သို့ ငြင်းလိုက်ပြီး၊ “ဒါက လုပ်ဖို့ တကယ်ကို မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ဤအရာက ကျွန်မကို တကယ်ဒေါသထွက်စေပါသည်။ ရှင် တကယ့်အခြေအနေကို နားမလည်ပဲနဲ့ လုံးဝ ငြင်းပယ်လိုက်တယ်။ ဒါတော်တော် ဘဝင်မြင့်တာပဲ ဟု ကျွန်မ တွေးလိုက်သည်။ ဤသို့ဖြင့် ကျွန်မတို့၏ အမြင်များကို ကိုင်စွဲထားပြီး မည်သူမျှ အချင်းချင်း လက်ခံပေးဖို့ ဆန္ဒမရှိကြပါ။ နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော် ဆွေးနွေးမှုများကိုပင် ကျွန်မ နားမထောင်တော့ပါ။ ယင်းကို ကျွန်မ စဉ်းစားလေလေ၊ သူမှားသည်ဟု ကျွန်မ ခံစားရလေလေဖြစ်သည်။ သူ့၏ စီနီယာဖြစ်ခြင်းကို အခွင့်ကောင်းယူပြီး ကျွန်မကို တမင်သက်သက် အခက်တွေ့စေသည်မှာ သူဖြစ်သည်။ ကျွန်မ သူ့ကို အထပ်ထပ်သည်းခံခဲ့သော်လည်း သူ ကျွန်မကို ဤသို့ ဆံဆက်လျက်ပင်ရှိသေးသည်ကိုလည်း တွေးမိပါသည်။ ကျွန်မ စဉ်းစားကြည့်လေလေ ကျွန်မ မှားခဲ့သည်ဟု ခံစားရလေလေ ဖြစ်သည်မှာ အမှောင်ထဲမှာ ကျွန်မ လုံးဝကျန်ရစ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပျောက်ဆုံးသွားခဲ့သည်အထိ ဖြစ်သည်။ ထိုအချိန်မှစပြီး ကျွန်မ သူနှင့်အလုပ်လုပ်ဖို့ ဆန္ဒမရှိခဲ့ပါ။ ကျွန်မ အနေနှင့် ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်တဲ့အတွက် ကျွန်မ ဒီကိစ္စကနေ ပုန်းပဲနေလိုက်တော့မယ်ဟု စဉ်းစားခဲ့သည်။ ထိုအချိန်က ဤအခြေအနေမျိုးက အတော်အန္တရာယ်ရှိသည်ကိုလည်း ကျွန်မ သိပါသည်။ ဆိုးဝါးသောအရာ တစ်စုံတစ်ခု လုပ်မိခြင်းကို ရှောင်ကြဉ်ဖို့ တာဝန်တွေကို အမြန်ဆုံးလဲလိုက်ဖို တောင်းခံလျှင် ပိုကောင်းမည်ဟု ကျွန်မ တွေးမိသည်။ ထိုကြောင့် နှုတ်ထွက်စာကိုရေးဖို့ ကျွန်မ၏ သိပ်အရေးမပါသော ဝိညာဉ်အသက်တာ နှင့် အရည်အချင်းမပြည့်မှီမှုတို့ကို ဆင်ခြေအဖြစ်အသုံးချခဲ့သည်။ မကြာမီမှာပင် အထက်ခေါင်းဆောင်မှ ရှုံးနိမ့်ခြင်း နှင့် နှုတ်ထွက်ခြင်းကို ဝန်ခံခြင်းနှင့် ဆိုင်သည့် အခြေခံစည်းမျဉ်းများ နှင့် လူတို့ကို ကယ်တင်ဖို့ ဘုရားသခင် လုပ်ဆောင်သော ကြီးမြတ်သည့် စာနာထောက်ထားမှုအကြောင်းကို ဝေမျှခဲ့ပါသည်။ သို့သော် ကျွန်မ၏ နှလုံးသားက မာကျောနေပြီး ပျော့ပြောင်းမသွားပါ။

နောက်တစ်နေ့မနက်တွင် ကျွန်မ အိပ်ရာကထပြီးနောက် ကျွန်မခေါင်းထဲတွင် လုံးဝ ဗလာဖြစ်နေသည်။ ကျွန်မ ဆုတောင်းသောအခါ၌ပင် ဘုရားသခင်ကို မခံစားရပဲ ဘုရားသခင်က ကျွန်မကို စွန့်ပစ်သွားပြီ ဟု ကျွန်မ ခံစားရသည်။ ကျွန်မ ကြောက်ပြီး ထိတ်လန့်သွားသည်။ ဘုရားသခင်အား ကျွန်မကို စက်ဆုပ်သွားစေသည်က ကျွန်မ၏အနေအထိုင် အပြုအမူ ဖြစ်သည်မှာ သေချာပါသည်။ ဤအကျိုးရလဒ်ကြောင့် ကျွန်မကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ စတင်ပြုလုပ်ပါသည်။ ဖြစ်ခဲ့သမျှ အားလုံးကို ကျွန်မတွေးပြီးနောက်တွင် ကျွန်မ၏ စိတ်သဘောက ဘုရားသခင်အား ကျွန်မကို ရွံ့ရှာမုန်းတီးစေခဲ့သည်ဆိုသည်ကို ကျွန်မ မြင်ခဲ့သည်။ ကျွန်မ၏အတွေးများ နှင့် အပြုအမူများက လုံးဝ မယုံကြည်သူတစ်ယောက်ကဲ့သို ဖြစ်နေသည်။ ကျွန်မက မပြောင်းမလဲ တည်ရှိနေသူကဲ့သို့ အသက်ရှင်ခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က ကျွန်မ၏ အပြုအမူများထဲ၌ မရှိသလို၊ ဘုရားသခင်ကို ကျွန်မကြောက်ရွံ့ခြင်းမရှိခဲ့ပါ။ ကျွန်မသည်သမ္မာတရားကို လက်မခံသောလူတစ်ယောက်သက်သက်သာ ဖြစ်ပါသည်။ အကျိုးရလဒ်အနေနှင့် ကျွန်မသည် စာတန်၏လှည့်စားခြင်းကို ခံခဲ့ရပြီး ကျွန်မ၏တာဝန်ဝတ္တရားများကို မသိလိုက်ဖာသာပဲ စွန့်လွှန်ခဲ့ပါသည်။ ဤအရာကို သတိပြုမိလာပြီးနောက်ပိုင်းတွင် ကျွန်မသည် ဘုရားသခင်ရှေ့၌ ချက်ချင်းပျပ်ဝတ်လိုက်ပြီး၊ “အိုး အနန္တတန်ခိုးရှင်ဘုရားသခင် ကျွန်မ မှားပါတယ်။ ကျွန်မ ကိုယ်တော်ကို ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော်ရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ဆန္ဒမရှိခဲ့ဘူး။ ကျွန်မရဲ့ ပတ်ဝန်းကျင်ကို ကိုယ်တော်စီစဉ်ခဲ့ပြီး ကျွန်မက ဒါကိုလက်ခံဖို့ ဆန္ဒမရှိခဲ့ဘူး။ ကျွန်မ ကိုယ်တော်ရဲ့ အပြစ်ဒဏ်ခတ်ခြင်းနဲ့ တရားစီရင်ခြင်းကို တကယ်ကိုစိတ်ရင်းအတိုင်း ရှောင်ချင်ခဲ့မိပါတယ်။ ကိုယ်တော်ရဲ့ချစ်ခြင်းက ကျွန်မဆီကို ကျရောက်တဲ့အခါမှာ ကျွန်မဟာ ကျေးဇူးမတင်ရုံတင်မကဘဲ ကိုယ်တော်ကို မကျေမနပ်ပြောဆိုပြီး နားလည်မှုလွဲခဲ့ပါတယ်။ ကျွန်မရဲ့ အနေအထိုင်အပြုအမူက ကိုယ်တော်ကို နာကျင်စေခဲ့ပါတယ်။ အိုး ဘုရားသခင် ကိုယ်တော်ရဲ့ အမှုတော်ထဲမှာ ကျွန်မကို ဖော်ပြပြီးကျွန်မအတွင်းမှာရှိတဲ့ စာတန်ရဲ့ စိတ်သဘောကို သိမြင်ဖို့ အခွင့်ပေးတဲ့အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ဒီလိုသာမဟုတ်ရင် ကျွန်မက ဆိုးတဲ့သူမဟုတ်ဘူးလို့ ထင်နေဦးမှာဖြစ်ပါတယ်။ အခု ကျွန်မရဲ့ ဝိညာဉ်အသက်တာကတကယ် သိပ်ကိုသေးငယ်တာကို ကျွန်မ မြင်ပါတယ်။ အသေးငယ်ဆုံး အခက်အခဲလေးတွေတောင်မှ ကျွန်မ မကိုင်တွယ်နိုင်ပါဘူး။ ကျွန်မ မနှစ်သက်တဲ့ အရာတစ်ခုခုဖြစ်တဲ့အခါမှာ ကျွန်မ ကိုယ်တော့်ကို သစ္စာဖောက်ဖို့ စဉ်းစားတယ်။ ကိုယ်တော်နဲ့ ကျွန်မပြုလုပ်ခဲ့တဲ့ သစ္စာဆိုမှုကို စွန့်ပစ်ခဲ့ပါတယ်။ အိုး ဘုရားသခင် ကျွန်မ ဝန်ချတောင်းပန်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်မဟာ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိဖို့၊ ကိုယ်တော့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေကို လက်ခံဖို့ ဆန္ဒရှိပါတယ်။ ကျွန်မဟာ ဒီပတ်ဝန်းကျင်မှာ ကိုယ်တော်ကို ဆက်ကပ်အပ်နှံပြီး အစ်မနဲ့ ကောင်းမွန်စွာအလုပ်လုပ်ဖို့ ဆန္ဒရှိပါတယ်။ အိုး ဘုရားသခင် ကျွန်မဟာ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာနေပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားက ဘောင်ခတ်တာကို မခံချင်တော့ပါဘူး။ ကျွန်မဟာ ကျွန်မရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာနဲ့နေထိုင်ဖို့ ဆန္ဒမရှိတော့ပါဘူး။ ဒါပေမဲ့ ကိုယ်တော်ကို တစ်ကြိမ် စိတ်ကျေနပ်စေဖို့ ဆန္ဒရှိနေပါတယ်” ဟု ဝန်ချတောင်းပန်ခဲ့ပါသည်။ ဆုတောင်းပြီးနောက် ကျွန်မ ငိုကြွေးခဲ့ပါသည်။ ထို့နောက် မကြာမီ ကျွန်မ၏အလုပ်နှုတ်ထွက်ခြင်းစာကို ပြန်ယူခဲ့ပြီး ချက်ချင်းအစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ကျွန်မ ဆုတ်ဖြဲလိုက်ပါသည်။ ထိုနေ့ ကျွန်မတို့ စုဝေးကြသောအခါ ကျွန်မတို့ထဲက တစ်ချို့က ဘုရားသခင်၏နှုတ်ကပတ်တော်ကို အတူဖတ်ခဲ့ကြပါသည်- “သင်တို့၏ နာမည်ဂုဏ်သတင်းများသည် ဖျက်ဆီးခံရပြီးဖြစ်သည်၊ သင်တို့၏ အမူအရာသည် ပျက်ပြား၏၊ သင်တို့၏ စကားပြောဆိုပုံသည် အောက်တန်းကျပြီး၊ သင်တို့၏ အသက်တာများမှာ စက်ဆုပ်ဖွယ်ကောင်းလေသည်။ သင်တို့၏ လူသားသဘာဝတစ်ခုလုံးပင် ယုတ်ညံ့သော အောက်တန်းကျမှုတွင် နစ်မြုပ်နေလေပြီ။ သင်တို့သည် အခြားသူများအပေါ် သဘောထားကျဉ်းမြောင်းပြီး၊ သေးငယ်သော အရာတိုင်းအပေါ် သင်တို့ ကတ်သီးကတ်သတ် ပြောဆိုကြသည်။ သင်တို့သည် ငရဲနှင့် မီးအိုင်ထဲသို့ ဆင်းသက်ရန် လိုလားကြသည်အထိပင်၊ သင်တို့ကိုယ်တိုင်၏ နာမည်ဂုဏ်သတင်းများနှင့် အဆင့်အတန်း အပေါ် ငြင်းခုံတတ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား”) “လူတို့သည် သူတို့ကိုယ်သူတို့ များစွာ မတောင်းဆိုကြသော်လည်း ဘုရားသခင်ကို များစွာ တောင်းဆိုတတ်ကြသည်။ သူတို့ကို အထူးသနားကြင်နာမှု ပြရန်၊ သူတို့အပေါ် စိတ်ရှည်သည်းခံရန်၊ သူတို့ကို ချစ်ခင်မြတ်နိုးရန်၊ သူတို့ကို ထောက်ပံ့ပေးရန်၊ သူတို့ကို ပြုံးရယ်ပြရန်နှင့် နည်းလမ်းများစွာဖြင့် သူတို့ကို စောင့်ရှောက်ရန် သူ့ကို သူတို့ တောင်းဆိုကြသည်။ သူတို့သည် သူက သူတို့အပေါ် လုံးဝတင်းကျပ်ခြင်းမရှိရန် သို့မဟုတ် သူတို့ကို စိုးစဥ်းမျှပင် ဝမ်းနည်းစေမည့် မည်သည့်အရာကိုမျှ မပြုရန် သူ့ကို မျှော်လင့်ကြပြီး သူ့အနေဖြင့် သူတို့ကို နေ့ရက်စဉ်တိုင်း ချော့မော့မှသာ သူတို့ကျေနပ်ကြသည်။ လူသားများမှာ ဆင်ခြင်တုံတရားအရာ၌ အလွန်ချို့တဲ့လေစွ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် အမြဲတစေ တောင်းဆိုချက်များ ပြုသည့်လူများသည် ဆင်ခြင်တုံတရား အနည်းဆုံးလူများ ဖြစ်သည်”) ဘုရားသခင့်နှုတ်ကပတ်တော်၏ ဖွင့်ပြခြင်းနဲ့ အလင်းပြခြင်းတို့မှ တစ်ဆင့် ကျွန်မ အတွင်း၌ ရှိသော စာတန်စိတ်သဘောထားကအလွန်ပြင်းထန်သည်ကို ကျွန်မ မြင်နိုင်ခဲ့သည်။ ကျွန်မ တစ်ခြားလူများထက် ပိုသာသည်ဟု ခံစားရ သည်အထိ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘော ရှိခဲ့သည်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတိပြုမိခြင်း နည်းနည်းလေးမှ မရှိခဲ့ပါ။ ကျွန်မက ဘာမျှ ပိုမသာခြင်း မရှိသည်ကို မသိမြင်ခဲ့ပါ။ ထို့ကြောင့် ကျွန်မ အစ်မ နှင့် အတူ အလုပ်လုပ်သောအခါကျွန်မက ဦးဆောင်သောသူ၊ ခေါင်းဆောင်ဖြစ်သည်ဟု အမြဲတမ်း တွေးခဲ့သည်။ အစ်မကို အရာရာတိုင်း၌ ကျွန်မနောက်ကိုလိုက်ဖို့၊ ကျွန်မ စကားနားထောင်ဖို့ ဆန္ဒပြင်းပြခဲ့သည်။ ကျွန်မက အကြီးအကဲဖြစ် သည်ဟု အမြဲတမ်း တွေးထင်ခဲ့သည်။ အစ်မ၏ အမြင်က ကျွန်မအမြင်နှင့်ကွဲလွဲသောအခါ ကွဲလွဲမှုကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာခဲ့ပါသို့မဟုတ် တူညီသော နားလည်မှုရအောင် မလုပ်ခဲ့ပါ။ ယင်းထက်၊ ကျွန်မ၏ မကျေမနပ်ဖြစ်မှုများကို ဖွင့်ချဖို့အတွက် ကျွန်မ၏အလုပ်ကို ထားခဲ့ဖို့အထိ အရှက်ရသွားသည့်အတွက်ကြောင့် ကျွန်မ စိတ်ဆိုးခဲ့ပြီး မကြည်ဖြူသောပုံစံပြခဲ့သည်။ အစ်မအပေါ်မှာ အပေါ်ယံအမြင်တွေ ဖြစ်လာပြီး ကျွန်မတို့၏မကောင်းသောဆက်ဆံရေးကို တိုးတက်အောင်ကိုယ်တိုင်စလုပ်ဖို့ လုံးဝ မတွေးခဲ့ပါ။ ကျွန်မတို့ အတူတူအလုပ်လုပ်နေသောအချိန်တွင်ကျွန်မက အမြဲတမ်းသဘောထားကြီးသော စိတ်သဘောကို ပြသည်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ မလိုအပ်ပါ။ ကျွန်မက အစ်မနှင့်ပွင့်ပွင့်လင်းလင်းပြောဖို့ မတန်ဟု ထင်ခဲ့သည်။ ကျွန်မက သူ့အပေါ်သာအာရုံစိုက်ပြီး သူ့ကိုယ်သူသာ ပြောင်းလဲစေချင်ခဲ့သည်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အမှန်တရား၏အရှင်သခင်ဟု သတ်မှတ်ပြီး တစ်ခြားလူများကို ဖောက်ပြန်ပျက်ဆီးနေသူတအဖြစ်မြင်ခဲ့သည်။ အလုပ်အတူတူနေစဉ် တလျှောက်လုံး ကျွန်မ ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ခဲ့ပါ။ အစ်မက မကောင်းတဲ့ သဘောထားရှိလာတဲ့အခါ သို့မဟုတ် ကျွန်မတို့ကြားမှာ မတူညီသောအမြင်တွေရှိလာသောအခါ၊ ကျွန်မက အပြစ်တွေအားလုံးကိုယူပြီး ကျွန်မ၏ အဖော်ထံ ပုံချသည်။ သူက မှားပြီး ကျွန်မက မှန်သည်ဟုယုံကြည်ခဲ့သည်။ ထိုကြောင့် ကျွန်မသူ့ကို ကျွန်မ နှလုံးသားထဲမှာ နှိမ်ထားခဲ့ပြီး ကျွန်မ၏အဖော်က သူ့ကိုယ်သူအရူးလုပ်တာကို မြင်ချင်ပြီး သူ့ကို ရန်သူတစ်ယောက်လို ဆက်ဆံ သည်အထိ ကျွန်မ သူ့ကို ခွဲခြားဆက်ဆံခဲ့ ပါသည်။ ကျွန်မရဲ့ မာနထောင်လွှားမှု၊ ရိုင်းစိုင်းသော မာန၊ အသိတရားမဲ့ခြင်း၊ မနှစ်မြို့ဖွယ်ကောင်းခြင်း နှင့်၊ ကျွန်မရဲ့ အမြင်ကျဉ်းမြောင်းသောအပြုအမူများကို ကြညရာတွင် ကျွန်မထံ၌ အဘယ်သို့ သာမန်လူသားအသိစိတ် ရှိနိုင်ပါဦးမည်နည်း။ ကျွန်မသည် အမှန်ပင် ယုတ္တိတန်ခြင်း မရှိပါ။ ဘုရားသခင်က ကျွန်မကို သူ၏ ကျေးဇူးတော် ပေးသနားခဲ့ပြီး တာဝန်ဝတ္တရားကို ယူဖို့ အခွင့်အရေးကို ပေးခဲ့သည်။ သို့သော်၊ ကျွန်မက ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်မတို့ တာဝန်များတွင် အစ်မနှင့် ကောင်းကောင်းမွန်မွန်အလုပ်လုပ်ဖို့ မစဉ်းစားခဲ့ပါ။ တစ်နေ့လုံး ကျွန်မ ရိုးရိုးသားသား အလုပ်မလုပ်ခဲ့ပါ။ ကျွန်မ သူ့ကို မကောင်းကြံပြီးသူ့အပေါ် မနာလိုသည့် ငြင်းခုံမှုများ ရှိခဲ့သည်။ တစ်နေကုန် ကျွန်မ၏ကိုယ်ပိုင် မကျေနပ်ချက်များကို မြည်တွန်တောက်တီးပြီး ကျွန်မ၏ဂုဏ်သိက္ခာနှင့် ဘဝင်မြင့်မှုအတွက် မရပ်မနားတိုက်ခိုက်ဖို့သာသိခဲ့သည်။ ကျွန်မတွင်စဉ်းစားချင့်ချိန်နိုင်သော အသိစိတ်ရှိခဲ့ပါသလား။ ကျွန်မက သမ္မာတရားကို ကြိုးစားရှာဖွေသောလူတစ်ယောက်ဖြစ်ခဲ့ပါသလား။ အစကတည်းက အစ်မနှင့်ကျွန်မသည် အလုပ်မှာ အချင်းချင်း လက်မခံကြသလို အချင်းချင်း မကူညီခဲ့ကြပါ။ ယင်းထက် မိမိကိုယ်ကိုဦးဆောင်ပြီး ကိုယ့်ကိစ္စကိုယ် ကျွန်မလုပ်ခဲ့သည်။ ကျွန်မက အန္တိခရစ်၏ လမ်းကြောင်းပေါ်တွင် ရှိနေသည် မဟုတ်ပါလား။ ဒီကိစ္စတွေအတိုင်းသွားခြင်းက ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေခြင်းဆီ ဦးတည်နေသည် မဟုတ်ပါလား။ ယနေ့ ကျွန်မ၏ အပြုအမူကဇာတိစိတ်၏တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများ သက်သက်သာဖြစ်သည်ကို ကျွန်မ မြင်နိုင်ခဲ့ကာ ကျွန်မ၏ သဘောသဘာဝက အလွန်တစ်ကိုယ်ကောင်းဆန်ပြီး မနှစ်မြို့ဖွယ်ရာ ကောင်းလှပေသည်။ ဘုရားသခင်အပေါ် ကျွန်မ နှစ်တွေအတော်များများယုံကြည်ခဲ့ခြင်းက ကျွန်မဆီကို စစ်မှန်သောအရာ ဘာတစ်ခုမျှ သယ်မလာပဲ ကျွန်မစိတ်သဘောမှာ ပြောင်းလဲခြင်းက တစ်မျှင်မျှ မရှိသည်ကို ထောက်ပြပေးဖို့ရန် ကျွန်မသည်သမ္မာတရားကို မရှာဖွေခဲ့ပါ။ ဘုရားသခင်သည် ကျွန်မတို့ဘဝတွေထဲမှာ သူ့၏နှုတ်ကပတ်တော်များကို လက်တွေ့အသုံးချစေချင်ပါသည်။ သို့သော် ကျွန်မ၏ တာဝန်များကိုထမ်းဆောင်သောအခါတွင် ထိုအရာမှ ကျွန်မ မိမိကိုယ်ကို ဝေးကွာစေခဲ့သည်။ ကျွန်မ အမှန်ပင် မယုံကြည်သူတစ်ယောက်ပင် ဖြစ်ပေသည်။ ကျွန်မ ဤကဲ့သို့ဆက်မသွားနိုင်ပါ။ ကျွန်မ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ဆန္ဒရှိနေပါသည်။

နောက်ပိုင်းတွင် ဤသို့ပြောထားသောဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ရပါသည်- “အသင်းတော်များတွင် အလုပ် လုပ်ဆောင်နေချိန်တွင် သင်သည် အချင်းချင်းထံမှ သင်ယူခြင်းမရှိ၊ အချင်းချင်း ကူညီခြင်းမရှိ၊ အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်း မရှိပါက၊ သင်ခန်းစာ တစ်ခုတစ်လေကို သင်မည်သို့ သင်ယူနိုင်မည်နည်း။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။...သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။...ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အမြဲတမ်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့”) တရားဒေသနာထဲတွင် ပြောထားသည်မှာ၊ “ပူပေါင်းလုပ်ဆောင်ခြင်းဖြင့် အမှုတော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍ နှင့် လက်ထောက်ဆိုတာ မရှိပါ။ အယောက်တိုင်းက တူညီသော အဆင့်အတန်းရှိပြီး အခြေခံသဘောတရားမှာ သမ္မာတရားအကြောင်း မိဿဟာရပြုခြင်းမှတဆင့် အများဆန္ဒကို ရရှိနိုင်ဖို့ဖြစ်သည်။ ဤအရာက လူတို့ အချင်းချင်း နာခံကြဖို့ လိုအပ်သည်။ ဆိုလိုသည်မှာ မှန်ကန်စွာပြောဆိုပြီး သမ္မာတရားနှင့် အညီ ပြောဆိုသောသူကို နာခံရမည်ဖြစ်သည်။ အခြေခံသဘောတရားမှာ သမ္မတရားကို နာခံဖို့ဖြစ်သည်။ သမ္မာတရားက အခွင့်အာဏာဖြစ်ပြီး သမ္မာတရားနှင့်အညီ မိဿဟာရပြုနိုင်ပြီး အကြောင်းအရာတွေကို မှန်ကန်စွာမြင်နိုင်သူကို နာခံသင့်ပါသည်။ လူတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည်ဖြစ်စေ သမ္မာတရားကို နာခံခြင်းသည် အခြေခံစည်းမျဉ်းဖြစ်သည်။” (အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ၏လုပ်ငန်းအစီအစဉ်နှင့် ဆိုင်သော သီးသန့်နှစ်စဉ်မှတ်တမ်းများထဲမှ “ဘုရားသခင်၏မိသားစုမှ တည်ထောင်သော အသင်းတော်အသက်တာနှင့် အခြေခံစည်းမျဉ်းဆယ်ချက်၏ အဓိပ္ပါယ်နှင့်ရှင်းပြချက်များ”)။ မိဿဟာရနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ အမှုတော်ဆောင်ရာတွင် လက်တွဲလုပ်ကိုင်ခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကို တွေ့မြင်ရပါသည်။ ယင်းမှာ ဘုရားသခင်၏အလိုတော်ကို ထည့်သွင်းစဉ်းစားပြီး အလုပ်အတူလုပ်နေစဉ်အတွင်းမှာ ဘုရားသခင်၏မိသားစုအကျိုးကို ကာကွယ်ခြင်းပင် ဖြစ်ပါတယ်။ မည်သည့်အလုပ်ပြီးမြောက်သည်ဖြစ်စေ၊ သို့မဟုတ် အလုပ်က မည်သည့်အရာဖြစ်ပါလေ့စေ တူညီသောနားလည်မှုရရှိဖို့ သမ္မာတရားကို ဝေမျှခြင်းအားဖြင့် သမ္မာတရားကို ဝန်ခံအပ်နှံခြင်း၌ အားလုံး ဆောင်ရွက်သင့်ပါသည်။ သင်၏ကိုယ်ပိုင်အမြင်ကို ထိန်းသိမ်းဖို့၊ တစ်ခြားလူများက သင့်စကားကိုနားထောင်ဖို့အတွက် သင်သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်တာမျိုးမလုပ်ရပါ။ သင့်၏လူမှုဆက်ဆံရေးကို ကာကွယ်ဖို့ အမှန်တရားကို ရောင်းစား၍ မရပါ။ ထို့အပြင်အမှီအခိုကင်းခြင်းကို ဖန်တီးဖို့အတွက် တစ်ဦးချင်းလုပ်ဆောင်မှုမလုပ်ရပါ။ သင်သည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ကိုယ့်ကိုယ့်ကိုယ် ငြင်းပယ်ဖို့ စတင်ဆောင်ရွက်ရပါမည်။ အချင်းချင်းထံမှ သင်ယူပြီး သင့်မြတ်သော လုပ်ငန်းခွင်ဆက်ဆံရေးကို ရရှိဖို့ အချင်းချင်း၏အားနည်းချက်များကို ဖြည့်ဆည်းပေးရပါမည်။ ဤစစ်မှန်သောလုပ်ငန်းခွင် ဆက်ဆံရေးမျိုးကို ရရှိပြီး နှလုံးသားတစ်ခု၊ အသိစိတ်တစ်ခုတည်းဖြင့် အရာအားလုံးထဲမှာ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း၊ အချင်းချင်း၏အားနည်းချက်တွေကို ဖြည့်ဆည်းပေးခြင်းအားဖြင့်သာ ဘုရားသခင်၏ ကောင်းကြီးနှင့်လမ်းညွှန်မှုကို ရရှိစေနိုင်ပါသည်။ ဤသို့အားဖြင့် သင့်၏ကိုယ်ပိုင်ဘဝကိုလည်း အကျိုးရှိစေရင်း အသင်းတော်၏ အမှုတော်၌ ပိုမိုကောင်းမွန်သော ရလဒ်များကို ဖြစ်စေပါသည်။ ဆန့်ကျင်ဘက်အနေနှင့် အတူတူအလုပ်လုပ်နေရင်း သင်သည် မာနထောင်လွှားလျှင် သမ္မာတရား၏သဘောတရားများကို မရှာဖွေပဲ တစ်ခြားလူများကို ထိန်းချုပ်ဖို့အတွက် အာဏာရှင်တစ်ယောက်လုပ်နေလျှင် သို့မဟုတ် တစ်ယောက်ထဲ လုပ်ကိုင်ဆောင်ရွက်ပြီး ကိစ္စတွေကိုလုပ်ဖို့ သင့်ကိုယ်သင် အမှီပြုနေလျှင်၊ ဘုရားသခင်၏ရွံ့ရှာမုန်းတီးခြင်းကို ခံစားရပြီး ဘုရားသခင်၏အသင်းတော်အတွက် ဆုံးရှုံးမှုများ ဖြစ်စေပါလိမ့်မည်။ သို့တိုင် ကျွန်မသည် မာနကြီးပြီး အမြဲအာဏာရချင်ခဲ့ပါသည်။ ဘုရားသခင့်မိသားစု၏အလုပ်သည် တစ်ယောက်တည်း လုပ်၍ရသောအရာမဟုတ်သည်ကို ကျွန်မ အဘယ်ကြောင့် မသိခဲ့ပါသနည်း။ လူအားလုံးသည် သမ္မာတရားမရှိကြသလို လွန်စွာ ချို့တဲ့လွန်းလှပါသည်။ တစ်ခုခုလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အမှီပြုခြင်းက မတော်တဆဖြစ်မှုတွေ ဖြစ်လာဖို့ အလားအလာ သိပ်များပါသည်။ လက်တွဲလုပ်ဆောင်ခြင်းမှတဆင့်သာ ကျွန်မတို့၏လိုအပ်ချက်များကို ဖြည့်ဖို့ရန်နှင့် အမှားများကို ရှောင်ကြဉ်နိုင်ဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုများကို ပိုပြီး လက်ခံရရှိနိုင်ပါသည်။ ထိုအချိန်က ကျွန်မ၏ မာနထောင်လွှားမှုနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းမှ ပေါ်ထွက်သော စာတန်၏ စိတ်သဘောထားအတွက်၊ ဘုရားသခင်၏ အလိုတော်ကို နည်းနည်းလေးမှ ထည့်သွင်းစဉ်းစားခြင်းမရှိပဲ၊ ထိတ်လန့်ခြင်းနှင့် ရိုင်းစိုင်းသောအပြုအမူများလုပ်လာသည်အထိ အရှက်မရအောင်ကိုသာ အာရုံစိုက်ခြင်းတို့ကြောင့် အပြစ်ရှိသလိုခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါသည်။ ကျွန်မက တော်တော်ကို ဘာကိုမှမမြင်နိုင်ဖြစ်ပြီး မိုက်မဲသည်ဟု ထင်ရပြီး အမှုတော်ဆောင်ရာတွင် လက်တွဲလုပ်ကိုင်မှုကို ကျင့်သုံးဖို့ရန် ကျွန်မအတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ဖို့ ဘုရားသခင်၏အကြံအစည်ကို နားမလည်ခဲ့ပါ။ ကျွန်မ၏ချို့ယွင်းချက်များအတွက် အစားထိုးဖို့ ကျွန်မအဖော်၏ အားသာချက်များမှ မည်သို့သင်ယူရမည်ကိုပင် နည်းနည်းလေးမျှနားမလည်သည့်အထိ ဖြစ်ခဲ့သည်။ အကျိုးရလဒ်အနေနှင့် အသင်းတော်အတွက် ဆုံးရှုံးမှုများဖြစ်ခဲ့ပြီး အသက်တာ၌ ကျွန်မ၏ကိုယ်ပိုင် တိုးတက်ကြီးထွားမှုကို နှောင့်နှေးစေခဲ့သည်။ ယနေ့ ဘုရားသခင်၏သနားခြင်းနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်အလင်း မပါဘဲ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လက်လွှတ်နိုင်မည်မဟုတ်ပါ။ ကျွန်မ ဘာမျှ ပိုသာခြင်းမရှိကြာင်း သိခဲ့မည်မဟုတ်ပါ။ ကျွန်မသည် အသင်းတော်၏လုပ်ဆောင်ချက်တွေကို မိမိကိုယ်ကို အားကိုးရင်း ကောင်းကောင်းလုပ်ဆောင်နိုင်နေသလိုမျိုး တစ်ခြားလူတွေအား ကျွန်မစကားကို နားထောင်စေချင်နေဦးမည်ဖြစ်သည်။ အဆုံးတွင် မည်သို့သော ဘေးဒုက္ခများ ပေါ်ထွက်လာ မည်ကို အဘယ်သူ သိမည်နည်း။ သို့ဖြစ်၍ စိတ်ပိုင်းဖြတ်မှုတစ်ခုကို ကျွန်မ တည်ဆောက်ခဲ့ပါသည်။ ကျွန်မ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် အညီ ပြုမူဖို့ ဆန္ဒရှိသည်။ ကျွန်မသည် အသင်းတော်၏အလုပ်အတွက်၊ အသက်တာတွင် ကျွန်မ၏တိုးတက်ကြီးထွားမှုအတွက် အစ်မနှင့် ညီညွတ်စွာ အလုပ်လုပ်ဖို့ ဆန္ဒရှိပြီး ကျွန်မ၏ကိုယ်ကျိုးအတွက် ကြည့်တော့မည်မဟုတ်ပါ။

နောက်ပိုင်းတွင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသိလာသလဲဆိုသည့်အကြောင်းကို ကျွန်မနှင့်အတူအလုပ်လုပ်နေသောအစ်မကို ဖွင့်ပြောခဲ့ပါသည်။ ကျွန်မတို့ တကယ်ကို ဆက်သွယ်ခဲ့ကြပြီး အစေခံခြင်း သဘောတရားထဲအတူတကွ ဝင်ရောက်ခဲ့ကြပါသည်။ ဤအခြင်းအရာပြီးနောက်ကျွန်မတို့အလုပ်က ပိုပြီး ညီညွတ်မျှတလာပါသည်။ ကျွန်မတို့၌ မတူညီသောအမြင်များ ရှိသောအခါ သမ္မာတရားအတွက် ကျွန်မတို့ဆုတောင်းပြီး ဘုရားသခင်၏အလိုတော်ကို ရှာဖွေကြကာ ကျွန်မတို့ အချင်းချင်း၏ ချို့ယွင်းချက်များကို မြင်သောအခါ ကျွန်မတို့ နားလည်မှုရှိကြပြီး ခွင့်လွှတ်ပေးကြပါသည်။ အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံကြပါသည်။ ရည်ရွယ်မထားသော်လည်း ဘုရားသခင်၏ ကောင်းကြီးများကို ကျွန်မတို့ ခံစားရပြီး ဧဝံဂေလိအမှုတော်တို့၏ အသီးအပွင့်များက အရင်ကထက်ပိုပြီးထွက်ပေါ်လာကြပါသည်။ ဤအချိန်တွင်၊ ကျွန်မတွင်ရှိခဲ့သော ဖောက်ပြန်ပျက်ဆီးသည့် သဘာဝကိုပို၍ပင် မုန်းတီးမိခဲ့ပါသည်။ သမ္မာတရားကို ကျွန်မ မရှာဘဲ ဘုရားသခင်ကို စိတ်ပျက်စေခဲ့မိသည်ကို မုန်းမိသည်။ နောက်ဆုံးတွင် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်း၏ ချိုမြိန်သောအရသာကို ကြုံတွေ့ခဲ့ပြီး ကျွန်မ၏တာဝန်များကို ထမ်းဆောင်ဖို့၊ ဘုရားသခင်၏နှလုံးသားကို နှစ်သိမ့်ဖို့ အစွမ်းများ ပိုမိုခံစားခဲ့ရပါသည်။ ဤအချိန်မှစ၍ ကျွန်မသည် ပိုမိုများပြားသောသမ္မာတရား ရှုထောင့်များ၏ စစ်မှန်မှုထဲကို ဝင်ရောက်ပြီး ကျွန်မလုပ်ဆောင်သော အရာတိုင်းတွင် ကိုယ်ကျင့်တရားရှိရန် ရှာဖွေအားထုတ်ဖို့ ဆန္ဒရှိနေပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင်အသုံးပြုသည့်သူများကို သံသယမဝင်နှင့်- ဤသည်မှာ မှန်ပါသလား

လင်းဖိန် တရုတ်နိုင်ငံ ၂၀၂၀ ဇူလိုင်လမှာ၊ အသင်းတော် အတော်များများရဲ့ အလုပ်ကို ကြီးကြပ်ရင်းနဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော်အစေခံခဲ့တယ်။...

အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်း ဇာတ်လမ်းတစ်ပုဒ်

လျိုယန် တောင်ကိုရီးယားနိုင်ငံ ၂၀၁၀ ခုနှစ်မှာ၊ ကျွန်မက အသင်းတော်မှာ စာတည်းဖြတ်တဲ့ တာဝန်ကို လုပ်နေခဲ့တယ်။ အသင်းတော်...

ဘုရားသခင်ကို ယုံကြည်စဉ်တွင် လူပုဂ္ဂိုလ်တစ်ယောက်နောက်သို့လိုက်ခြင်းအား ဆင်ခြင်သုံးသပ်ခြင်း

ရှောင်လု တရုတ်နိုင်ငံ ၂၀၁၈၊ နိုဝင်ဘာလမှာ အထက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လီကျန်က ကျွန်မတို့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မတို့အသင်းတော်ဆီလာတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။