စီစီပီထောင်ထဲ၌ ရှိသော နေ့စဥ်ရက်ဆက်

04.04.2021

ယန်ယိ တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နေရာများစွာတွင်၊ ဘုရားသခင်သည် သိနိမ်ပြည်တွင် အောင်မြင်သူများ အုပ်စုတစ်စုကို သူရရှိနေလိမ့်မည်ဟု ပရောဖက်ပြုထားပြီးဖြစ်သည်။ အောင်မြင်သူများကို ရရှိမည်မှာ ကမ္ဘာ၏ အရှေ့ပိုင်းဖြစ်သည့်အတွက်၊ သူ၏ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းတွင် ဘုရားသခင် ခြေချသည့်နေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်ပြည် ဖြစ်သည်မှာ သေချာပေသည်။ ထိုနေရာတွင်၊ အဆင်းနီသောနဂါးကြီးအနေဖြင့် လုံးလုံးလျားလျား နှိမ်နင်းခံရကာ အရှက်ရစေဖို့၊ ဘုရားသခင်သည် ယင်း၏ သားစဉ်မြေးဆက်များကို ရယူလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် အလွန်အမင်း ဆင်းရဲဒုက္ခခံရသည့် ဤလူများကို နိုးထစေဖို့၊ ၎င်းတို့ကို လုံးလုံး နိုးထစေဖို့၊ မြူထဲမှ ၎င်းတို့ကို ထွက်လျှောက်စေကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေဖို့ အလိုရှိ၏။ ဘုရားသခင်သည် ၎င်းတို့ကို မိမိတို့၏ အိပ်မက်မှ နိုးထစေဖို့၊ အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိစေဖို့၊ ၎င်းတို့၏ နှလုံးသားတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်စေဖို့၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုမှ တိုးထွက်စေဖို့၊ ကမ္ဘာ၏ အရှေ့အရပ်တွင် ထရပ်ကာ၊ ဘုရားသခင် အောင်မြင်ခြင်း သက်သေဖြစ်လာစေဖို့ အလိုရှိပေသည်။ ဤနည်းဖြင့်သာ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)”) ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက်၊ လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က ကျွန်မ တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးခံရခြင်းကို တွေးမိသည်။

၂၀၀၄ခုနှစ်၊ ဇန်နဝါရီလတွင်၊ အသင်းတော်မှ အစ်မတစ်ဦးထံ သွားရောက်လည်ပတ်ဖို့ စောစောထခဲ့သည်။ သို့ရာတွင် အသွားလမ်းတွင် တရုတ်ကွန်မြူနစ်ပါတီ ရဲများ၏ တရားမဝင် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းတို့က ကျွန်မ၏ အိတ်ကို မွှေနှောက်လှန်လှောပြီး၊ ယုံကြည်မှုဆိုင်ရာ စာရွက်စာတမ်းအချို့၊ လက်ကိုင်ဖုန်းတစ်ခုနှင့် ပေ့ဂျာတစ်ခု စသည်တို့ကို တွေ့သွားသည်။ နောက်ပိုင်းတွင် ၎င်းတို့က ကျွန်မကို ပြည်သူ့လုံခြုံရေးဌာနသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျွန်မတို့ ထိုနေရာသို့ ရောက်သည့်အခါတွင် ရဲများက ကျွန်မကို အခန်းတစ်ခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။ တစ်ယောက်က သဲလွန်စများရှာဖွေရင်း ကျွန်မ၏ ပေဂျာနှင့် လက်ကိုင်ဖုန်းတို့ကို ကလိနေသည်။ သူက ဖုန်းကို ဖွင့်လိုက်သော်လည်း၊ ၎င်းက ဘက်ထရီအားနည်းနေသည်ဟု ပြခဲ့ပြီး ဘက်ထရီက လုံးလုံးကုန်သွားခဲ့သည်။ သူမည်မျှကြိုးစားပါစေ၊ ၎င်းကို မဖွင့်နိုင်ခဲ့ပါ။ ဖုန်းကိုကိုင်လျက်၊ သူက စိုးရိမ်နေပုံရသည်။ ကျွန်မလည်း ပဟေဠိဖြစ်ခဲ့ရသည်။ ယနေ့နံနက်ကပင် ကျွန်မ ဖုန်းအားသွင်းခဲ့သည်။ ၎င်းက မည်သို့လုပ်ပြီး အားမရှိရသနည်း။ အခြားသော ညီအစ်ကိုမောင်နှမများအကြောင်း သတင်းအချက်အလက် တစ်စုံတစ်ခုမျှ ရဲများက ရှာဖွေမတွေ့စေရန် တားဆီးဖို့ ဘုရားသခင်က ဤအရာကို အံ့ချီးဖွယ် စီစဉ်ခဲ့ကြောင်းကို ကျွန်မ ရုတ်တရက် နားလည်သဘောပေါက်ခဲ့သည်။ ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များကိုလည်း ကျွန်မ နားလည်သဘောပေါက် ခဲ့လေသည်။ “သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”) အမှန်တကယ်ပင်၊ အရာအားလုံးနှင့် အဖြစ်အပျက်အားလုံး တို့သည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိလေသည်။ သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ပြောင်းလဲမှုကို ကြုံတွေ့နေရသည်။ ဤအချိန်တွင် ကျွန်မသည် ဘုရားသခင်က အရာအားလုံးအပေါ် မည်သို့ အချုပ်အခြာအာဏာရှိပြီး စီစဉ်ညွှန်ကြားပုံကို စစ်မှန်သော နားလည်သဘောပေါက်မှုရရှိခဲ့သည်။ ထို့အပြင် ကျွန်မသည် လာမည့် စစ်ဆေးမေးမြန်းခြင်းကို ရင်ဆိုင်ရန် ဘုရားသခင်ကို အားကိုးဖို့ လိုအပ်သည့် ယုံကြည်ချက် ရရှိခဲ့သည်။ အိတ်ထဲမှအရာများကို လက်ညှိုးထိုးပြပြီး ရဲအရာရှိက စွပ်စွပ်စွဲစွဲမေးလေသည်၊ “နင်ဟာ သာမန် အသင်းသားတစ်ယောက် မဟုတ်ဘူးဆိုတာကို ဒါတွေက ရှင်းရှင်းလင်းလင်း ပြနေတယ်။ အငယ်တန်းခေါင်းဆောင်တွေက ပေဂျာတွေ လက်ကိုင်ဖုန်းတွေ မရှိတဲ့အတွက် မင်းက ဝါရင့်ခေါင်းဆောင်တွေထဲက တစ်ယောက်၊ အရေးပါတဲ့ တစ်ယောက် ဖြစ်ရမယ်။ ငါမှန်ရောမှန်ရဲ့လား” “ရှင်ပြောနေတာ ကျွန်မနားမလည်ဘူး” ဟု ကျွန်မ ပြန်ဖြေခဲ့သည်။ “နင်က မသိချင်ယောင်ဆောင် နေတာ” ဟု သူက ဟိန်းဟောက်ခဲ့သည်၊ ထို့နောက် ကျွန်မကို ဆောင့်ကြောင့် ထိုင်ပြီး၊ စကားစပြောရန် အမိန့်ပေးလေသည်။ ကျွန်မက ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း မြင်သည့်အခါ၊ သူတို့က ကျွန်မကို ဝန်းရံပြီး ကျွန်မကို သတ်လိုသည့်အလား စတင်ထိုးနှက် ကန်ကျောက် ခဲ့ကြသည်။ ကျွန်မ၏ မျက်နှာက သွေးထွက်သံယိုဖြစ်ပြီး ယောင်ယမ်းနေကာ၊ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး မခံနိုင်လောက်အောင် နာကျင်ကိုက်ခဲပြီး၊ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။ ကျွန်မ အလွန်ဒေါသထွက်ခဲ့သည်။ ကျွန်မ၏အမှုအတွက် ငြင်းခံရန် သူတို့ကို ကျွန်မ အကျိုးအကြောင်းပြောလိုခဲ့သည်။ ကျွန်မ ဘာအမှား လုပ်ခဲ့မိသလဲ။ ရှင်တို့က ဘာဖြစ်လို့ ကျွန်မကို ဒီလို ရိုက်နှက်ရတာလဲ။ သို့သော်လည်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အကျိုးအကြောင်းရှိစွာ စကားမပြော သောကြောင့် သူတို့ကို ကျွန်မ အကျိုးသင့်အကြောင်းသင့် ပြောရန် မဖြစ်နိုင်ခဲ့ပါ။ ကျွန်မ စိတ်ရှုပ်ထွေးနေခဲ့သော်လည်း သူတို့၏ ရိုက်နှက်ခြင်းကို လက်မြောက်အရှုံးမပေးလိုခဲ့ပါ။ ကျွန်မ မည်သည့်အရာကို လုပ်ရမှန်း မသိသည့်အချိန်တွင်ပင်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဤဆိုးယုတ်သော အရာရှိများသည် အလွန် အဓိပ္ပါယ်မဲ့သည်ကတစ်ကြောင်း သူတို့က ကျွန်မကို အကျိုးသင့် အကြောင်းသင့် စကားတစ်လုံးမျှ ပြောခွင့်မပေးသည်က တစ်ကြောင်း ကျွန်မကလည်း သူတို့ကို မည်သို့ တစ်ခုမျှ ပြောဖို့မလိုပုံကို တွေးမိပါသည်။ ကျွန်မ ဆက်ပြီး ဆိတ်ဆိတ်နေခြင်းသာ ပိုကောင်းပါသည်၊ ထိုနည်းဖြင့် ကျွန်မသည် သူတို့အတွက် အသုံးမဝင်မည် ဖြစ်သည်။ ဤအရာကို ကျွန်မ တွေးလိုက်သည့်အခါ၊ သူတို့ပြောနေသည့်အရာများကို ကျွန်မ အာရုံမစိုက်တော့ပါ။ ဤနည်းက ကျွန်မအပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိသည်ကို မြင်သည့်အခါ၊ ထိုဆိုးယုတ်သောရဲများက ဒေါသထွက်လာပြီး၊ ပို၍ပင် ရိုင်းစိုင်းလာလေသည်။ သူတို့က ခံဝန်ချက်တစ်ခု နှိုက်ယူရန် နှိပ်စက်မှုသို့ ပြောင်းသွား ကြလေသည်။ သူတို့က မြေကြီးပေါ် ဝက်အူဆွဲထားသည့် သံထိုင်ခုံတစ်ခုတွင် ကျွန်မကို ဆောင်ကြောင့် မထိုင်နိုင်သကဲ့သို့၊ မတ်တပ်လည်း မရပ်နိုင်သည့် အနေအထားတစ်ခုဖြင့် လက်ထိပ်ခတ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ကျွန်မ၏ လက်ထိပ်မခတ်ထားသည့် လက်ကို ထိုင်ခုံပေါ်တွင် ထားပြီး ဖိနပ်တစ်ခုနှင့် ရိုက်ကာ၊ ကျွန်မ လက်ဖမိုး အညိုအမည်းစွဲမှ ရပ်လေသည်၊ ထိုစဉ် နောက်တစ်ယောက်က ကျွန်မ၏ ခြေထောက်ကို သူ့သားရေဖိနပ်ဖြင့် ဆောင့်သည်၊ ကျွန်မ၏ ခြေချောင်းများအပေါ် သူ့ဖိနပ်နှင့် ကြိုးကြေသွားအောင် လှိမ့်လေသည်၊ ယင်းမှာ အသည်းခိုက်အောင် နာကျင်ရသည့် မယုံကြည်နိုင် လောက်သော စူးရှသည့်နာကျင်မှုတစ်ခုကို ကျွန်မ တွေ့ကြုံခံစားရ သည့်အချိန် ဖြစ်သည်။ ထို့နောက် ရဲ ခြောက်ယောက် ခုနှစ်ယောက်က ကျွန်မကို တစ်ယောက်တစ်လှည့် နှိပ်စက်ကြသည်။ သူတို့ထဲက တစ်ယောက်က ကျွန်မ၏ အဆစ်များကို အာရုံစိုက်ပြီး၊ အလွန်ပြင်းထန်စွာ ညှပ်သည်မှာ တစ်လကြာပြီးသည့်တိုင် ကျွန်မ၏ လက်မောင်းကို ကွေး၍မရသေးပါ။ နောက်တစ်ယောက်က ကျွန်မ၏ဆံပင်ကို ဆွဲပြီး၊ ကျွန်မ၏ ဦးခေါင်းကို ဘေးဘယ်ညာ လှုပ်ယမ်းသည်၊ ထို့နောက် အနောက်သို့ ဆောင့်ဆွဲလိုက်ရာ ကျွန်မက အပေါ်သို့မော့ကြည့် နေခဲ့ရသည်။ “ကောင်းကင်ကို ကြည့်ပြီး အဲဒီမှာ ဘုရားရှိမရှိ ကြည့်စမ်း” ဟု သူက ရက်စက်ကြမ်းကြုတ်စွာ ပြောလေသည်။ သူတို့က နေဝင်ရီတရော အချိန်အထိ ဆက်လက်ဆောင်ရွက်သွားကြသည်။ တရုတ်နှစ်သစ်ကူး ဖြစ်သောကြောင့် ကျွန်မထံက မည်သည့်အရာမျှ သူတို့ရမည် မဟုတ်သည်ကို မြင်သည့်အခါ၊ သူတို့က ကျွန်မကို ထိန်းသိမ်းရေးစခန်းသို့ တန်းတန်းမတ်မတ် ပို့လိုက်လေသည်။

ထိန်းသိမ်းရေးစခန်းသို့ ကျွန်မ ရောက်ရှိသည့်အခါ၊ အစောင့်များက ကျွန်မကို အကျဉ်းခန်းတစ်ခုထဲသို့ ထည့်ပြီးနောက်၊ ကျွန်မနှင့်ပတ်သက်၍ ကောလာဟလများစွာ လွှင့်ပြီး၊ ကျွန်မကို နှိပ်စက်ဖို့ အကျဉ်းသားများကို လှုံ့ဆော်ခဲ့သည်။ အကျဉ်းသားများက ကျွန်မကို နေ့စဉ် လှည့်စားကြသည်။ သုညအောက် ၈ သို့မဟုတ် ၉ ဒီဂရီ ကျရောက်နေချိန်တွင်၊ သူတို့က ကျွန်မ၏ ဖိနပ်များကို ရေစိမ်ထားကြသည်။ ကျွန်မ၏ အစားအစာထဲ မကြိုရသေးသည့် ရေများ တိတ်တဆိတ် လောင်းထည့်ကြသည်။ ညပိုင်းတွင် ကျွန်မ အိပ်ပျော်နေသည့်အချိန်၊ သူတို့က ကျွန်မ၏ ချည်သားအခံ အနွေးထည် ရွှဲရွှဲစိုစေခဲ့သည်။ ကျွန်မကို အိမ်သာနားတွင် အိပ်စေခဲ့သည်၊ ပြီးလျှင် ညဖက်တွင် သူတို့က ကျွန်မ အိပ်မပျော်အောင် ကျွန်မ၏စောင်ကို ဆွဲယူကာ၊ ကျွန်မ၏ ဆံပင်ကို ဆွဲခဲ့သည်။ ကျွန်မ၏ ပေါက်စီများကို လုယူသည်။ ကျွန်မကို အတင်းအကျပ် အိမ်သာဆေးခိုင်းသည်၊ ပြီးလျှင် သူတို့၏ ဆေးဝါးအကြွင်းအကျန်များကို ကျွန်မ၏ပါးစပ်ထဲ အတင်းထိုးထည့်သည်၊ သူတို့က ကျွန်မကို အလေးအပင် သွားဖို့ စသည်တို့ကို ခွင့်မပြုခဲ့ပါ...သူတို့ပြောသည့် အရာကို ကျွန်မ မလုပ်ပါက၊ သူတို့ ဝိုင်းရိုက်ကြသည်၊ ပြီးလျှင် ထိုသို့သော အချိန်မျိုးတွင် မကြာခဏဆိုသကဲ့သို့ ထောင်စောင့် သို့မဟုတ် ကင်းလှည့်အစောင့်က ထိုမြင်ကွင်းမှ အလျင်အမြန် ပြေးထွက် သွားသည် သို့မဟုတ် သူတို့ မည်သည့်အရာမျှ မမြင်ယောင်ဆောင် ခဲ့လေသည်။ တစ်ခါတစ်ရံတွင် သူတို့က ခပ်လှမ်းလှမ်းတွင် ပုန်းကွယ်ပြီး ကြည့်ကြသည်။ အကျဉ်းသားများက ကျွန်မကို မနှိပ်စက်ဘဲ ရက်အတော်ကြာနေပါက၊ ထောင်စောင့်များက ကျွန်မကို ရိုက်ရန် အကျဥ်းသားများကို လှုံ့ဆော်လေသည်။ ထောင်စောင့်များ၏ လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုက ကျွန်မကို သူတို့အတွက် အမုန်းတရားများဖြင့် ပြည့်နှက်စေခဲ့သည်။ ဤအရာကို ကျွန်မ မျက်မြင်ကိုယ်တွေ့ကြုံပြီး၊ ကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံခံစားရခြင်း မဟုတ်ခဲ့ပါက၊ စေတနာကောင်းပြီး ကိုယ်ကျင့်တရား ပြည့်ဝနေသင့်သည့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အလွန်မှောင်မိုက်ပြီး၊ ကြောက်မက်ဖွယ်ကောင်းကာ၊ ဆိုးရွားသည်ကို ကျွန်မ မည်သည့်အခါကမျှ ယုံကြည်မည်မဟုတ်ပါ၊ သူ၏ လှည့်စားတတ်ပြီး နှစ်ခွရှိသည့် စရိုက်အမှန်ကိုလည်း ကျွန်မ လုံးဝမြင်ဖူးမည်မဟုတ်ပါ။ သူ၏ စကားများဖြစ်သည့် “ပြည်သူ့ကို အလုပ်အကျွေးပြုခြင်း၊ ယဉ်ကျေးသိမ်မွေ့ပြီး၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းကို ဖန်တီးခြင်း” တို့သည် ပြည်သူကို လှည့်စားရန်နှင့် တစ်ပတ်ရိုက်ရန် ဖန်တီးထားခြင်းသာ ဖြစ်သည်၊ ၎င်းတို့မှာ နည်းစနစ်တစ်ခု၊ လှည့်ကွက်တစ်ခု ဖြစ်သည်၊ မိမိကိုယ်ကိုယ်အမွှမ်းချယ်ကာ၊ ၎င်းနှင့် မထိုက်တန်သည့် ချီးကျူး ဂုဏ်ပြုခံရခြင်းများရရှိနေခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မတွေးမိခဲ့သည်။ “ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ကျွန်မက ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်ဖို့ အတင်းအကျပ်စေခိုင်းရန်အလို့ငှာ တရုတ်ကွန်မြူနစ် ပါတီအစိုးရသည် ကျွန်မကို နှိပ်စက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် အစွန်းကုန်ကြိုးစားခဲ့သည်၊ သို့သော်လည်း ၎င်းက ကျွန်မကို ပို၍ နှိပ်စက်လေ၊ ကျွန်မက ၎င်း၏ ဆိုးယုတ်သောစရိုက်ကို ပို၍သိသာထင်ရှားစွာ တွေ့မြင်ပြီး၊ ၎င်းအား ကျွန်မ၏ နှလုံးသား နက်ရှိုင်းသောနေရာမှ ပို၍ရွံရှာပြီး ငြင်းပယ်လေ ဖြစ်ကာ ဘုရားသခင်နောက် လိုက်ဖို့ ကျွန်မသန္နိဌာန်ပိုခိုင်မာလေ ဖြစ်သည်။

သူတို့လိုချင်သည့်အရာ တစ်စုံတစ်ခုမျှ ကျွန်မကို ပြောခိုင်း၍ ရမည်မဟုတ် သည်ကို တွေ့လျက်၊ ကျွန်မသည် ဘုရားသခင်ကို ယုံကြည်သူ တစ်ယောက်ဖြစ်ကြောင်း သက်သေအထောက်အထားကို နေရာအနှံ့မေးမြန်းရန် လူအင်အားဖြစ်စေ၊ ပစ္စည်းအင်အားနှင့် ငွေအင်အားဖြစ်စေ မည်သည့်အရာမဆို လိုအပ်သမျှ သူတို့ထုတ်သုံးခဲ့သည်။ သုံးလကြာပြီးနောက်၊ သူတို့၏ အပူတပြင်း လုပ်ဆောင်မှုများအားလုံးကအလဟဿ ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် သူတို့က ဝှက်ဖဲကို ထုတ်သုံးခဲ့သည်။ သူတို့က ကျွမ်းကျင်သည့် စစ်မေးသူတစ်ဦးကို တွေ့ခဲ့သည်။ သူ့ထံသို့ ခေါ်ဆောင်ခံရသည့် မည်သူမဆို သူ၏နှိပ်စက်မှု ပုံစံသုံးမျိုးကို ခံစားရပြီး၊ ဝန်မခံသူတစ်ယောက်မျှ မရှိခဲ့ဟု ဆိုကြသည်။ တစ်နေ့တွင် ရဲလေးယောက်က ကျွန်မထံသို့ လာကာ “ဒီနေ့ ငါတို့မင်းကို အိမ်အသစ်ကို ခေါ်သွားမယ်” ဟု ပြောခဲ့သည်။ ထို့နောက် သူတို့က ကျွန်မကို အကျဉ်းသား သယ်ယူပို့ဆောင်ရေး အလုံပိတ်ကားထဲသို့ တွန်းထည့်သည်၊ ကျွန်မ၏ လက်များကို နောက်ကျောတွင် လက်ထိပ်ခတ်ခဲ့ကြပြီး ကျွန်မခေါင်းပေါ်တွင် ခေါင်းစွပ်တစ်ခု ဝတ်ဆင်ပေးခဲ့ကြသည်။ သူတို့က ကျွန်မကို မည်သည့်နည်းနှင့် ထပ်နှိပ်စက်မည်ကို မသိသဖြင့် စိတ်တွင် ကြောက်ရွံ့လာသည်။ ထိုအချိန်တွင် သခင့်၏နှုတ်ကပတ်တော်က စိတ်ထဲဝင်လာသည်၊ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) သခင့်နှုတ်ကပတ်တော်က ကျွန်မအား ယုံကြည်ခြင်းနှင့်ခွန်အားကိုပေးခဲ့သည်။ ဤမကောင်းဆိုးဝါး၏မြို့ ဖြစ်သော တရုတ်နိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်လိုက်လျှောက်လျှင် အသက်စွန့်ရမည်ဖြစ်သည်။ ကျွန်မသည်လည်း ဘုရားသခင်အတွက် သေဆုံးရန် ပြင်ဆင်ခဲ့ပြီး ဖြစ်လေသည်။ အံ့အားသင့်စွာပင် အလုံပိတ်ကားပေါ်သို့ တက်ရောက်ပြီးနောက်၊ ဆိုးယုတ်သောရဲများအကြား စကားစမြည်ပြောခြင်းကို ကျွန်မ အမှုမဲ့အမှတ်မဲ့ နားစွန်နားဖျားကြားခဲ့သည်။ သူတို့က ကျွန်မကို စစ်မေးမေးမြန်းရန် အခြားတစ်နေရာရာသို့ ခေါ်ဆောင်သွားနေပုံရလေသည်။ ဪ။ သူတို့က ကျွန်မကို ကွပ်မျက်ဖို့ ခေါ်ဆောင်နေခြင်း မဟုတ်ပါ၊ ကျွန်မက ဘုရားသခင်အတွက် မာတုရတစ်ယောက်အဖြစ် သေဆုံးရန် ပြင်ဆင်နေခဲ့သည်။ ဤအရာကို တွေးနေစဉ်တွင်ပင်၊ အကြောင်းအရင်းမသိရဘဲ ရဲများထဲမှ တစ်ဦးက ကျွန်မ၏ ဦးခေါင်းပေါ်မှ ခေါင်းစွပ်၏ကြိုးများကို ပိုတင်းကျပ်လိုက်သည်။ များမကြာမီတွင် ကျွန်မ သက်သောင့်သက်သာ မရှိဟု စတင်ခံစားခဲ့ရသည်၊ ၎င်းမှာ ကျွန်မ မွန်းကျပ်နေသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မ၏ပါးစပ်မှ အမြုပ်များ စတင်ထွက်လာခဲ့သည်၊ ထို့နောက် ကျွန်မ ပျို့အန်ခြင်းကို မရပ်နိုင်ခဲ့ပါ။ ယင်းမှာ အတွင်းမှရှိသမျှအားလုံး ကျွန်မအန်ထွက်မည့်အလား ခံစားခဲ့ရသည်။ ကျွန်မသည် မူးဝေကာ၊ ကျွန်မ၏ ဦးခေါင်းက ဗလာကျင်းနေပြီး၊ ကျွန်မ၏ မျက်လုံးများကို မဖွင့်နိုင်ခဲ့ပါ။ ကျွန်မ အကြောသေသွားသကဲ့သို့၊ ကျွန်မ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့်နေရာမျှ ခွန်အားမရှိတော့ပါ။ ကျွန်မ၏ ပါးစပ်ထဲတွင် ဆွဲထုတ်၍မရနိုင်သည့် စေးကပ်ကပ် အရာတစ်ခုရှိနေသကဲ့သို့ ခံစားရပါသည်။ ကျွန်မသည် အမြဲတမ်း ချည့်နဲ့အားနည်းခဲ့ပြီး၊ ဤကဲ့သို့ နှိပ်စက်ခံရပြီးနောက် ကျွန်မ ဒုက္ခရောက်ကာ၊ အချိန်မရွေး အသက်ရှုရပ်သွားနိုင်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ နာကျင်မှုအလယ်တွင် ဘုရားသခင်ကို ကျွန်မဆုတောင်းခဲ့သည်။ “အိုဘုရားသခင်၊ ကျွန်မရဲ့ စိတ်နှလုံးကို ကွယ်ကာဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်။ ကျွန်မ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်မ သစ္စာမဖောက်ပါဘူး။” ထို့နောက် တစ်ချိန်ချိန်တွင် ဟိုတယ်တစ်ခုသို့ အလုံပိတ်ကား ရောက်ရှိခဲ့သည်။ သူက ကျွန်မ၏ရှေ့သို့ လျှောက်လာပြီး၊ ကျွန်မကို ဆွဲလိုက်သည်။ ကျွန်မကို အကြိမ်ပေါင်းဒါဇင်များစွာ ပါးရိုက်ခဲ့ပြီးနောက်၊ ရင်ဘတ်နှင့် ကျောကိုလည်း ပြင်းထန်သော ထိုးချက် အနည်းငယ် ထိုးနှက်ခဲ့သည်၊ ထို့နောက် သူ့သားရေ ဖိနပ်တစ်ဖက်ကို ယူကာ၊ ကျွန်မ၏ မျက်နှာကို ၎င်းဖြင့် ဖြတ်ရိုက်လိုက်လေသည်။ ဤကဲ့သို့ သူ၏ ရိုက်နှက်ခံရခြင်းနောက်တွင်၊ ကျွန်မ၏ ပါးစပ်သို့မဟုတ် အစာအိမ်ထဲမှ ထုတ်မရနိုင်သည့် အရာတစ်စုံတစ်ခုရှိသည်ဆိုသည့် ခံစားချက် ပျောက်ဆုံးသွားခဲ့သည်။ ကျွန်မသည် မူးဝေခြင်းမရှိတော့ဘဲ၊ ကျွန်မ၏ မျက်လုံးများကို ဖွင့်နိုင်ခဲ့သည်။ ကျွန်မ၏ ခြေလက်အင်္ဂါများထံသို့ ခံစားချက်များ တဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာခဲ့ပြီး ကျွန်မခန္ဓာကိုယ်တွင် ခွန်အားပြန်လည်ရရှိလာခဲ့သည်။ နောက်ထပ်၊ သူက ကျွန်မ၏ ပခုံးကို ကြမ်းကြမ်းတမ်းတမ်း ဆွဲလိုက်ပြီး၊ သူ့ကို ကြည့်ဖိုနှင့် သူ့မေးခွန်းများကို ဖြေဖို့ ကျွန်မကို အမိန့်ပေးရင်း၊ ကျွန်မကို နံရံဆီ တွန်းလိုက်သည်။ ကျွန်မ အာရုံမစိုက်သည်ကို မြင်ရခြင်းက သူ့ကို ဒေါသထွက်စေသည်၊ ပြီးလျှင် သူက ဘုရားသခင်ကို သွားပုတ်လေလွင့်ပြောခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့အားဖြင့် ကျွန်မထံမှ တုံ့ပြန်မှုရရှိရန် ကြိုးစားခဲ့သည်။ သူက ကျွန်မကို မခံချိမခံသာဖြစ်စေရန် အထင်သေးဖွယ်အဖြစ်ဆုံး၊ စက်ဆုပ်ဖွယ်အဖြစ်ဆုံး နည်းလမ်းများကို အသုံးပြုခဲ့ပြီး၊ ဆိုးဆိုးဝါးဝါး ပြောခဲ့သည်၊ “ဘယ်သာမန်လူတစ်ယောက်မှ မခံစားနိုင်တဲ့ နာကျင်မှုကို နင်ဒုက္ခခံစေဖို့ နင့်အသွေးအသားနဲ့ နင့်ဝိညာဉ်တို့ကမခံမရပ်နိုင်တဲ့အရာနဲ့ နင့်ကိုငါက တမင်တကာ ညှင်းဆဲနေတာ။ နင်သေသွားပါစေလို့ နင်ဆန္ဒရှိလာလိမ့်မယ်။ နောက်ဆုံးမှာ နင့်ကို လွှတ်ပေးဖို့ နင်ငါ့ကို အသနားခံလိမ့်မယ်၊ ပြီးတော့ အဲဒီအချိန်က နင်က ယုတ္တိရှိရှိ စကားပြောလာတဲ့ အချိန်ဖြစ်ပြီးတော့၊ နင့်ကံကြမ္မာက ဘုရားသခင်ရဲ့လက်ထဲမှာ မဟုတ်ဘဲနဲ့ ငါ့ရဲ့လက်ထဲမှာ ဖြစ်တယ်လို့ နင်ပြောလာလိမ့်မယ်။ နင်သေချင်ရင်၊ အခုချက်ခြင်း သေလို့ရတယ်။ နင်ရှင်ချင်ရင်၊ နင်ရှင်လိမ့်မယ်၊ ပြီးတော့ နင့်ကို ငါက ခံစားစေချင်တဲ့ ဘယ်အခက်အခဲမဆိုဟာ နင်ဒုက္ခခံရမဲ့ အရာတွေပဲ။ နင့်ရဲ့အနန္တတန်ခိုးရှင်ဘုရားသခင်က နင့်ကို မကယ်တင်နိုင်ဘူး။ နင့်ကို ကယ်တင်ဖို့ ငါတို့ကို နင်အသနားခံမှသာ နင်အသက်ရှင်ရမယ်။” ဤစက်ဆုပ်ဖွယ်ကောင်းသော၊ အရှက်မဲ့သော၊ အထင်သေးဖွယ် လူမိုက်များ၊ ဤအရိုင်းအစိုင်း တိရစ္ဆာန်များ၊ ဤဆိုးယုတ်သော မာရ်နတ်များကို ရင်ဆိုင်ရင်း၊ သူတို့ကို ကျွန်မ အမှန်တကယ် တိုက်ခိုက်လိုခဲ့ပါသည်။ “ကောင်းကင်နဲ့ မြေကြီးပေါ်က အရာအားလုံးကို ဘုရားသခင်က ဖန်ဆင်းပြီး၊ ဘုရားသခင်က ထိန်းချုပ်တယ်” ဟု ကျွန်မ တွေးမိသည်။ “ငါ့ကံကြမ္မာကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေ အောက်မှာရှိတယ်။ ဘုရားသခင်က အသက်နဲ့ သေခြင်းတရားတို့ကို စီရင်ပိုင်သူ ဖြစ်တယ်။ နင်ငါ့ကို သေစေချင်တာနဲ့ပဲ ငါကသေလိမ့်မယ်လို့ နင်ထင်သလား” ထိုအခိုက်အတန့်တွင် ကျွန်မ၏ နှလုံးသားသည် ဒေါသူပုန်ထခြင်းနှင့် ပြည့်နှက်နေခဲ့သည်။ ယနေ့တွင် ရဲများက ကျွန်မကို ကျူးလွန်ခဲ့သည့် စက်ဆုပ်ဖွယ် လုပ်ရပ်များအားလုံး နှင့် သူတို့ပြောခဲ့သည့် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် ခုခံခြင်းစကားများအားလုံးတို့သည် သမ္မာတရားကို မုန်းတီးသူများနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သူများအဖြစ် သူတို့၏ ဘီလူးသရဲစီးသော အနှစ်သာရကို ဖော်ထုတ်ပါသည်၊ ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း၊ အပြစ်ဒဏ်ပေးခြင်းနှင့် ဖျက်ဆီးခြင်းတို့အတွက် အကြောင်းခိုင်လုံစေသည့် သက်သေအထောက်အထား ဖြစ်လေသည်။

ကျွန်မ၏ ဝန်ခံရန် ငြင်းဆန်မှုက ကျွမ်းကျင်သူ ဆိုသည့်သူကို ဂုဏ်သိက္ခာအလွန် ထိခိုက်စေလေသည်။ သူက ကျွန်မ၏ လက်တစ်ဖက်ကို ကျောဖက်တွင် သဲသဲမဲမဲ လိမ်ပစ်လိုက်ပြီး၊ နောက်တစ်ဖက်ကို ကျွန်မ၏ ပခုံးနောက်သို့ဆွဲလိုက်သည်၊ ထို့နောက် ကျွန်မ၏လက်များကို တင်းကျပ်စွာ လက်ထိပ်ခတ်ခဲ့သည်။ တစ်နာရီမရှိတရှိတွင် ကျွန်မ၏ မျက်နှာပေါ်တွင် ချွေးစီးချွေးပေါက်များကျလာခဲ့ပြီး၊ မျက်လုံးများထဲသို့ စီးကျကာ၊ မျက်လုံးများဖွင့်၍ မရတော့ပါ။ သူ၏ မေးခွန်းများကို ကျွန်မ ဖြေမည်မဟုတ်သေးသည်ကို တွေ့သည့်အခါ၊ သူက ကျွန်မကို မြေကြီးပေါ်သို့ လှဲချလိုက်ပြီး၊ ကျွန်မ၏ နောက်ကျောရှိ လက်ထိပ်မှနေ၍ ဆွဲမလိုက်သည်။ ကျွန်မ၏ လက်များသည် ကျိုးသွားသကဲ့သို့ တစ်စစီဆွဲဖြုတ်ခံနေရသည့် နာကျင်မှုကို ချက်ချင်းခံစားခဲ့ရသည်။ အလွန်နာကျင်လှ၍ ကျွန်မ အသက်မရှုနိုင်ခဲ့ပါ။ နောက်တစ်ဖန် သူက ကျွန်မကို နံရံဆီသို့ ပစ်ပေါက်လိုက်ပြီး ထိုနံရံကို ကျောပေးကာ မတ်တပ်ရပ်စေသည်။ ချွေးများက ကျွန်မ၏ မျက်လုံးများကို အမြင်မှုန်ဝါးစေသည်။ နာကျင်လွန်းလှသဖြင့် ကျွန်မ၏ တစ်ကိုယ်လုံး ချွေးများဖြင့် ဖုံးနေခဲ့သည်၊ ကျွန်မ၏ ဖိနပ်များပင် စိုရွှဲနေခဲ့သည်။ ကျွန်မသည် အမြဲ အားပျော့ခဲ့ပြီး၊ ယခုအချိန်တွင် ကျွန်မ ပြိုလဲကျခဲ့ရသည်။ ကျွန်မက နှာခေါင်းမှတစ်ဆင့် အသက်ရှုနိုင်စွမ်း ပျောက်ဆုံးသွားပုံရသည်။ ကျွန်မ ပါးစပ်ဟ၍သာ အသက်ပြင်းစွာရှုနေရသည်။ သေခြင်းတရားက တစ်ဖန် တိုး၍နီးကပ်လာသည်ဟု ကျွန်မခံစားခဲ့ရသည်။ ဤတစ်ကြိမ်တွင် ကျွန်မ အမှန်တကယ် သေဆုံးနိုင်ပါသည်။ သို့သော်လည်း ထိုအချိန်တွင် ယေရှု၏ တပည့်တော်များထဲမှ တစ်ယောက်ဖြစ်သည့် ရှင်လုကာအကြောင်းနှင့် မသေမချင်း ကြိုးဆွဲချခံရသည့် သူ့အတွေ့အကြုံတို့ကို ကျွန်မတွေးမိခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ကောက်ကာငင်ကာ ခွန်အားပြန်လည်ရရှိခဲ့ပြီး၊ မိမိကိုယ်ကိုယ်သတိပေးရန် တစ်ခုတည်းသောအရာကို ထပ်တလဲလဲ ပြောနေခဲ့သည်။ “လုကာက ကြိုးဆွဲချခံရပြီး သေဆုံးခဲ့တယ်။ ငါလည်း လုကာ ဖြစ်ရမယ်၊ ငါ လုကာ ဖြစ်ရမယ်၊ လုကာ ဖြစ်ရမယ်...ငါက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းတွေ နဲ့ စီစဉ်မှုတွေကို လိုလိုလားလား နာခံတယ်။ ပြီးတော့ လုကာလို သေတဲ့အထိ ဘုရားသခင်ကို သစ္စာရှိဖို့ ဆန္ဒရှိပါတယ်။” နာကျင်မှုက မခံမရပ်နိုင်ဖြစ်လာပြီး၊ ကျွန်မ သေလုနီးပါး ဖြစ်နေသည့်အချိန်တွင်ပင်၊ ဆိုးယုတ်သော ရဲများထဲမှ တစ်ယောက်က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သည့် ယုံကြည်သူအချို့ကို ၎င်းတို့ ဖမ်းဆီးခဲ့ကြောင်းပြောသည်ကို ကျွန်မ ရုတ်တရက် ကြားလိုက်ရသည်။ ကျွန်မ၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်ခဲ့သည်။ နောက်ထပ် ညီအစ်ကိုမောင်နှမ တစ်ချို့က နှိပ်စက်ခံရတော့မည်။ သူတို့က အထူးသဖြင့် ညီအစ်ကိုများကို ပို၍တင်းကျပ်ဖို့သေချာသည်။ ကျွန်မ၏ စိတ်နှလုံးသည် စိုးရိမ်စိတ်ဖြင့် ပြည့်နှက်လာခဲ့သည်။ သူတို့အတွက် ကျွန်မ တိတ်ဆိတ်စွာ အဆက်မပြတ် ဆုတောင်းခဲ့သည်။ ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခံရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ ကျွန်မ ပို၍ဆုတောင်းလေ၊ ပို၍ နှိုးဆော်ခံရလေ ဖြစ်လေသည်။ ကျွန်မသည် မသိလိုက်ဘဲ ကျွန်မ၏ နာကျင်မှုကို မေ့ပျောက်သွားခဲ့သည်။ ဤသည်တို့မှာ ဘုရားသခင်၏ ဉာဏ်ပညာရှိသော စီစဉ်မှုများဖြစ်ကြောင်း ကျွန်မ ကောင်းစွာသိရှိခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်မ၏ အားနည်းချက်ကို သတိရှိပြီး၊ ကျွန်မ၏အနာကျင်ဆုံး အချိန်များတစ်လျှောက် ဦးဆောင်နေခဲ့သည်။ ထိုညတွင် ဆိုးယုတ်သော ရဲများက ကျွန်မကို မည်သို့ ဆက်ဆံပုံကို နောက်ထပ် ကျွန်မဂရုမစိုက်တော့ဘဲ၊ သူတို့၏ မေးခွန်းများကိုလည်း တစ်စက်မျှ အာရုံမစိုက်တော့ပါ။ ဖြစ်နေသည့်အရာကို မြင်သည့်အခါ၊ ဆိုးယုတ်သောရဲများက သူတို့၏ လက်သီးများဖြင့် ကျွန်မကို ရက်ရက်စက်စက် ထိုးနှက်ကြသည်၊ ထို့နောက် ကျွန်မ၏နားထင်မှ ဆံပင်များကို သူတို့လက်ချောင်းများဖြင့် ဆွဲလိမ်ပြီး အနာတရဖြစ်စေခဲ့သည်။ ကျွန်မ၏ နားရွက်များသည် အလိမ်ခံရခြင်းကြောင့် ယောင်ကိုင်းနေသည်၊ ကျွန်မ၏ မျက်နှာမှာ မှတ်မိစရာမရှိပါ၊ ကျွန်မ၏ တင်ပါးနှင့် ပေါင်များသည် သူတို့ သစ်သားချောင်းအထူဖြင့် ရိုက်နှက်သည့်အချိန်တွင် အညိုအမည်း စွဲပြီး၊ ပွန်းပဲ့ပြဲရှ ကျန်ခဲ့ပါသည်၊ ထို့အပြင် ကျွန်မ၏ ခြေချောင်းများသည်လည်း သစ်သားတစ်စဖြင့် ရိုက်ချိုးခံရပြီးနောက် အညိုအမည်းစွဲကျန်ခဲ့သည်။ ကျွန်မလက်ထိပ်ဖြင့် ခြောက်နာရီကြာအဆွဲခံထားရပြီးသည့်နောက်၊ ဆိုးယုတ်သောရဲများက လက်ထိပ်ဖြုတ်လိုက် သည့်အခါတွင် ကျွန်မ၏ လက်ဝဲလက်မအောက်မှ အသားများ အကုန်ပဲ့ပါ သွားခဲ့သည်၊ အရိုးကိုဖုံးနေသည့် အသားလေးတစ်လွှာသာ ကျန်ခဲ့လေသည်။ လက်ထိပ်များက ကျွန်မ၏ လက်ကောက်ဝတ်များကို အဝါရောင် ရည်ကြည်ဖုများဖြင့် ဖုံးစေခဲ့ပြီး၊ လက်ထိပ်ထပ်ခတ်ဖို့ မဖြစ်နိုင်ပါ။ ထိုအချိန်တွင် အရေးပါပုံပေါက်သည့် အမျိုးသမီးအရာရှိတစ်ဦး လျှောက်ဝင်လာခဲ့သည်။ သူမက ကျွန်မကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး၊ သူတို့ကို “ဒီတစ်ယောက်ကို ထပ်ရိုက်လို့မရတော့ဘူး။ သူကြည့်ရတာ သေတော့မဲ့ပုံပဲ” ဟု ပြောလိုက်သည်။ ရဲများက ကျွန်မကို ဟိုတယ်အခန်းများထဲမှတစ်ခုတွင် သော့ခတ်ထားလိုက် ကြသည်။ ထိုအခန်း၏ လိုက်ကာများကို အချိန်ပြည့် လုံအောင်ဆွဲထားလေသည်။ တံခါးစောင့်ရန် လူတစ်ယောက်ကို တာဝန်ပေးထားပြီး၊ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများ တစ်ယောက်မှ ဝင်ရောက်ခွင့်မရှိသကဲ့သို့၊ သူတို့ ကျွန်မကို အထဲတွင် နှိပ်စက်ပြီး ရက်ရက်စက်စက် ရိုက်နှက်နေသည့် မြင်ကွင်းကို မည်သူမျှ မြင်ခွင့်မရှိပါ။ သူတို့က ကျွန်မကို တစ်လှည့်စီ မရပ်မနား စစ်ဆေးမေးမြန်းကြသည်။ ငါးရက်နှင့် ငါးညကြာသည့်တိုင် သူတို့က ကျွန်မကို အိပ်စက်ခွင့်မပေးပါ၊ ကျွန်မကို ထိုင်ခွင့် သို့မဟုတ် ဆောင့်ကြောင့်ထိုင်ခွင့် မပေးသလို၊ သူတို့က အစားအစာကိုလည်း ကျွန်မကို ဝဝလင်လင် စားခွင့်မပေးခဲ့ပါ။ ကျွန်မသည် နံရံကို မှီ၍သာ မတ်တပ်ရပ် ခွင့်ရှိသည်။ တစ်ရက်တွင် အရာရှိတစ်ယောက်က ကျွန်မကို စစ်ဆေးမေးမြန်းဖို့ လာခဲ့သည်။ ကျွန်မက သူ့ကို လျစ်လျူရှုနေသည်ကို တွေ့သည့်အခါတွင် သူက ဒေါသဖြင့် ပြေးလာပြီး၊ ကျွန်မကို စားပွဲအောက်သို့ ကန်ထည့်လိုက်သည်။ ထို့နောက် သူက ကျွန်မကို ဆွဲမပြီး ထိုးကာ၊ ကျွန်မ၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာစေခဲ့သည်။ သူ၏ရက်စက်မှုကို ဖုံးကွယ်ရန် လူတစ်ယောက်မှ မဝင်လာလေအောင် သူက တံခါးကို လျင်မြန်စွာပိတ်လိုက်သည်။ ထို့နောက် သူက လက်သုတ်စက္ကူပါး လက်တစ်ဆုပ်စာကို ဖြဲလိုက်ပြီး၊ ကျွန်မ၏ သွေးများကို သုတ်ပစ်လိုက်သည်၊ ကျွန်မ၏ မျက်နှာပေါ်မှသွေးများကို ရေဖြင့် ဆေးပြီး၊ ကြမ်းပြင်ပေါ်မှ သွေးများကို သန့်စင်ခဲ့သည်။ ကျွန်မက ကျွန်မ၏ အဖြူရောင်အနွေးထည်ပေါ်တွင် သွေးတစ်ချို့ကို တမင်သက်သက် ချန်ရစ်ခဲ့လေသည်။ သို့သော် ထိန်းသိမ်းရေးစခန်းသို့ ကျွန်မ ပြန်ရောက်သည့် အချိန်တွင်မူ၊ ကျွန်မ၏ အဝတ်အစားပေါ်မှ သွေးများသည် စိတ်ရောဂါကုဆေးရုံ၌ ကျွန်မ စိတ်မမှန်ကြောင်း တရားဝင်ထုတ်ပြန်သည့် အချိန်မှ ဖြစ်ပြီး၊ ထိုနေရာသည် ကျွန်မ လွန်ခဲ့သည့် ရက်အနည်းငယ်က ရောက်ရှိနေခဲ့သည့် နေရာဖြစ်ကြောင်း၊ ကျွန်မ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများနှင့် သွေးများသည် တခြားလူနာများကြောင့် ဖြစ်ပြီး၊ ရဲများဖြစ်သည့် သူတို့က ကျွန်မကို မထိခဲ့ကြကြောင်း တို့ကို ထိုဆိုးယုတ်သော ရဲက တခြားထောင်သားများကို ပြောခဲ့သည်။ ဤရက်စက်သော အချက်အလက်များက ပြည့်သူရဲ၏ အကြင်နာမဲ့ခြင်း၊ ကောက်ကျစ်စဉ်းလဲမှုနှင့် လူမဆန်မှုတို့ကို ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျွန်မသည် ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှု၊ ကျွန်မအပေါ်ဂရုစိုက်မှုကို အမှန်တကယ်ခံစားခဲ့ရသည်။ ကျွန်မ၏ အနာကျင်ဆုံး အချိန်တိုင်းတွင်၊ ဘုရားသခင်သည် ကျွန်မကို ဉာဏ်အလင်းပြကာ၊ လမ်းပြခဲ့သည်၊ ကျွန်မ၏ ယုံကြည်မှုနှင့် ခွန်အားကို တိုးပွားစေခဲ့သည်၊ ဤနည်းအားဖြင့် ဘုရားသခင်အတွက် သက်သေရပ်တည်ရန် သတ္တိပေးခဲ့သည်။ ဆိုးယုတ်သော ရဲများ၏ ရက်စက်မှုက ကျွန်မကို သေမင်းတံခါးဝတွင် ထားရစ်ခဲ့ချိန်၌ ကျွန်မသည် မိမိ၏ နာကျင်မှုကို မေ့လျော့ပြီး၊ သေခြင်းတရား၏ အကန့်အသတ်များကို အမှုမဲ့အမှတ်မဲ့ အောင်မြင်ကျော်လွှားနိုင်ရန် ဘုရားသခင်က အခြားသော ညီအစ်ကိုမောင်နှမများ၏ ဖမ်းဆီးခံရခြင်းသတင်းကို ကျွန်မအား ကြားသိခွင့်ပေးခဲ့သည်။ စာတန်က ဆိုးယုတ်ပြီး၊ ရက်စက်သည့် အဖြည့်ခံအဖြစ် ပြုမူခြင်းကြောင့်၊ ဘုရားသခင်သည်သာလျှင် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားသည်သာလျှင် ဖြောင့်မတ်ခြင်းနှင့် ကောင်းမြတ်ခြင်းတို့၏ သင်္ကေတဖြစ်ကြောင်းကို ကျွန်မမြင်ခဲ့ရသည်။ ဘုရားသခင်သာလျှင် အရာအားလုံးကို အုပ်စိုးပြီး၊ အရာအားလုံးကို စီစဉ်သည်၊ မာရ်နတ်တပ်ကြီး၏ ဝန်းရံမှုကို အနိုင်ယူရာတွင် လည်းကောင်း၊ ဇာတိပကတိ၏ အားနည်ချက်နှင့် သေခြင်းတရား၏ အကန့်အသတ်များကို အောင်မြင်ကျော်လွှားရာတွင် လည်းကောင်း ကျွန်မ၏ ခြေလှမ်းတိုင်းကို ဦးဆောင်ရန်၊ သူ၏ ကြီးမြတ်သည့် တန်ခိုးနှင့် ဉာဏ်ပညာတို့ကို အသုံးပြုခဲ့သည်၊ ဤနည်းအားဖြင့် ဤမှောင်မိုက်သည့် သားရဲတွင်းမှ ကျွန်မကို ကျားကုတ်ကျားခဲ ရှင်သန်လွတ်မြောက်စေခဲ့သည်။ ကျွန်မက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းအကြောင်း တွေးရင်း၊ ကြီးစွာနှိုးဆော်ခံရသည်ဟု ကျွန်မ ခံစားရသည်၊ ပြီးလျှင် စာတန်ကို အဆုံးထိတိုင် တိုက်ခိုက်သွားဖို့ ကျွန်မ သံန္နိဌာန် ချခဲ့ပါသည်။ ကျွန်မသည် ထောင်ထဲတွင် အရိုးဆွေးသွားရ လျှင်ပင်၊ ဘုရားသခင်ကို သက်သေခံခြင်း၌ ခိုင်မာစွာရပ်တည်ပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေပါမည်။

သူတို့လုပ်နိုင်သမျှကို ကြိုးစားပြီးနောက်တွင်၊ ဆိုးယုတ်သော ရဲများသည် ကျွန်မထံမှ မည်သည့်အရာမျှ မရရှိခဲ့ပါ။ အဆုံးသတ်တွင် သူတို့က ခိုင်မာသောထင်မြင်ယူဆချက်ဖြင့် “တရုတ်ကွန်မြူနစ်ပါတီက သံမဏိနဲ့လုပ် ထားတယ်၊ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကတော့ စိန်နဲ့လုပ်ထားတယ်။ သူတို့က တရုတ်ကွန်မြူနစ်ပါတီထက် အမြဲတမ်း ဘယ်နေရာမဆို ခြေတစ်လှမ်းသာနေတယ်” ဟု ပြောခဲ့သည်။ ဤစကားများကို ကြားပြီးနောက်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သြဘာပေးပြီး မချီးမွမ်းဘဲ မနေနိုင်ပါ။ “အိုဘုရားသခင်၊ ကျွန်မ ကိုယ်တော့်ကို ကျေးဇူးတင်ပြီး၊ ချီးမွမ်းပါတယ်။ ကိုယ်တော်ရဲ့ အနန္တတန်ခိုးနဲ့ အမြော်အမြင်တို့နဲ့ ကိုယ်တော်က စာတန်ကို အောင်မြင် ကျော်လွှားခဲ့ပြီး၊ ကိုယ် တော့် ရန်သူတွေကို အနိုင်ယူခဲ့ပါတယ်။ ကိုယ်တော်ဟာ အကြီးမြတ်ဆုံး သြဇာအာဏာ ဖြစ်ပြီး ကိုယ်တော် ဘုန်းကျက်သရေတိုးပါစေ” တရုတ်ကွန်မြူနစ်ပါတီသည် မည်မျှပင် ရက်စက်ပါစေ၊ ၎င်းသည် ဘုရားသခင်၏ လက်တော်များအားဖြင့် ထိန်းချုပ်ခံရပြီး၊ စီစဉ်ညွှန်ကြားခံရကြောင်းကို ထိုအချိန်ကျမှသာ ကျွန်မ မြင်ခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည့်အတိုင်းပင် ဖြစ်ပါသည်။ “မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”)

တစ်နေ့တွင် ဆိုးယုတ်သောရဲများသည် ကျွန်မကို နောက်တစ်ကြိမ် စစ်ဆေးမေးမြန်းဖို့ လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့အားလုံး အနည်းငယ် ထူးခြားနေပုံရသည်။ သူတို့ စကားပြောသည့်အချိန်တွင် ကျွန်မကို ကြည့်ကြ သော်လည်း၊ သူတို့က ကျွန်မကို စကားပြောနေသည့်ပုံမပေါက်ပါ။ သူတို့က တစ်စုံတစ်ခုကို ဆွေးနွေးနေသည့် အသွင်ပေါက်လေသည်။ ယခင်အချိန်များ ကဲ့သို့ပင်၊ ဤစစ်ဆေး မေးမြန်းခြင်းလည်း အရေးနိမ့်ခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။ နောက်ပိုင်းတွင် ဆိုးယုတ်သော ရဲများက ကျွန်မ၏ အကျဉ်းခန်းထဲသို့ ကျွန်မကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ လမ်းတွင် ကျွန်မသည် နောက်လပထမရက်တွင် အလွှတ်ခံရမည့်ပုံရှိသည်ဟု သူတို့ပြောသည်ကို ရုတ်တရက် ကြားလိုက်သည်။ ဤအရာကို ကြားလျက်၊ ကျွန်မ၏ နှလုံးသားသည် စိတ်လှုပ်ရှားခြင်းဖြင့် ပေါက်ကွဲထွက်လုနီး ဖြစ်ခဲ့သည်။ “ဒါဆိုရင် ငါက သုံးရက်အတွင်းလွတ်မှာပေါ့” ဟု ကျွန်မ တွေးမိသည်။ “ငါ ဘီလူးသရဲစီးတဲ့ ဒီငရဲကနေ နောက်ဆုံးမှာ ထွက်ခွာနိုင်ပြီ။” ကျွန်မ၏ နှလုံးသားထဲမှ သာယာကြည်နူးမှုကို ဖုံးဖိရင်း၊ တစ်စက္ကန့်ချင်း မျှော်လင့်စောင့်ဆိုင်းခဲ့သည်။ သုံးရက်က သုံးနှစ်ကဲ့သို့ ခံစားခဲ့ရသည်။ နောက်ဆုံးတွင် လ၏ပထမရက် ရောက်ရှိလာခဲ့သည်။ ထိုနေ့တွင် ကျွန်မသည် တစ်စုံတစ်ယောက်က ကျွန်မ၏ အမည်ကိုခေါ်ရန် စောင့်ဆိုင်းရင်း တံခါးကို မပြတ်ငေးစိုက်ကြည့်နေခဲ့သည်။ နံနက်ခင်းကုန်သွားခဲ့ပြီး၊ မည်သည့်အရာမျှ မဖြစ်လာခဲ့ပါ။ နေ့လည်ခင်းတွင် ထွက်ခွာဖို့အတွက် ကျွန်မ၏ မျှော်လင့်ချက်အားလုံး ထည့်ထားခဲ့သော်လည်း၊ ညနေရောက်လာသည့်အချိန်တွင်၊ မည်သည့်အရာမျှ မဖြစ်သေးပါ။ ညနေစာစားချိန် ရောက်သည့်အခါ၊ ကျွန်မ စားလိုစိတ်မရှိခဲ့ပါ။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဝမ်းနည်းနေခဲ့လေသည်။ ထိုအချိန်တွင် ကျွန်မ၏ စိတ်နှလုံးသည် ကောင်းကင်ဘုံမှ ငရဲသို့ ကျရောက်သွားသကဲ့သို့ပင် ဖြစ်သည်။ ထောင်စောင့်က အခြားသော အကျဉ်းသားများကို “သူဘာဖြစ်လို့ မစားတာလဲ” ဟု မေးခဲ့သည်။ “အဲဒီနေ့က စစ်ဆေးမေးမြန်းခံရပြီး ပြန်လာကတည်းက သူသိပ်မစားတော့ဘူး” ဟု အကျဉ်းသားများထဲမှ တစ်ယောက်က ဖြေခဲ့သည်။ “သူ့နဖူးကို စမ်းကြည့်စမ်း။ သူဖျားနေလား” ဟု ထောင်စောင့်က မေးခဲ့သည်။ အကျဉ်းသားတစ်ယောက် ကျွန်မအနားလာပြီး၊ ကျွန်မ၏ နဖူးကို စမ်းခဲ့သည်။ ၎င်းမှာ အလွန်ပူနေပြီး၊ ကျွန်မ ဖျားနေသည်ဟု သူမက ပြောခဲ့သည်။ ကျွန်မ အမှန်တကယ် ဖျားခဲ့ပါသည်။ နာမကျန်းဖြစ်ခြင်းက ရုတ်ချည်းရောက်ရှိလာပြီး၊ အလွန်ပြင်းထန်လေသည်။ ထိုအခိုက် ကျွန်မ ပြိုလဲသွားခဲ့သည်။ နှစ်နာရီအတွင်းတွင် အဖျားက ပို၍ ဆိုးဆိုးလာခဲ့သည်။ ကျွန်မ ငိုကြွေးခဲ့သည်။ ထောင်စောင့်အပါအဝင် သူတို့အားလုံးက ကျွန်မ ငိုနေသည်ကို ကြည့်ခဲ့ကြသည်။ သူတို့အားလုံး မှင်တက်နေကြသည်။ သူတို့၏ အမြင်တွင် ကျွန်မက မုန့်နှင့်ချော့၍လည်းမရ၊ တုတ်နှင့်ခြောက်၍လည်းမရသူတစ်ယောက်၊ အလွန်ဆိုးရွားသော နှိပ်စက်မှုဖြင့် ရင်ဆိုင်သည့်အခါတိုင်း မျက်ရည်တစ်စက်မျှမကျခဲ့သူတစ်ယောက်နှင့် ညည်းညူမှုတစ်ခုမရှိဘဲ လက်ထိပ်ဖြင့် ခြောက်နာရီကြာ အဆွဲခံရသူတစ်ယောက် ဖြစ်ပါသည်။ သို့သော်လည်း ယနေ့တွင် မည်သည့်နှိပ်စက်မှုမျှမရှိဘဲ ကျွန်မ ငိုခဲ့သည်။ ကျွန်မ၏ မျက်ရည်များ မည်သည့်နေရာမှ လာသည်ကို သူတို့ မသိကြပါ။ ကျွန်မသည် အလွန်ဖျားနာနေခြင်းဖြစ်ရမည်ဟု သူတို့က အလွယ်တကူ တွေးခဲ့ကြသည်။ အမှန်မှာမူ ဘုရားသခင်နှင့် ကျွန်မသာလျှင် အကြောင်းအရင်းကို သိခဲ့လေသည်။ ယင်းမှာ ကျွန်မ၏ ပုန်ကန်ခြင်းနှင့် မနာခံခြင်းသက်သက် ကြောင့်ပင် ဖြစ်ပါသည်။ ကျွန်မ၏ မျှော်လင့်ချက်များ တစ်ခုမျှမဖြစ်လာသည့်အပြင် ကျွန်မ၏ မျှော်လင့်ချက်များ ပျက်စီးသွားသည့်အခါတွင် ကျွန်မ စိတ်ပျက်သောကြောင့် ဤမျက်ရည်များကျလာခြင်း ဖြစ်သည်။ ၎င်းတို့သည် ပုန်ကန်ခြင်းနှင့် မကျေနပ်မှုတို့နှင့်ဆိုင်သည့် မျက်ရည်များဖြစ်သည်။ ထိုအခိုက်တွင် ကျွန်မသည် ဘုရားသခင်ကို သက်သေခံရန် ကျွန်မ၏ သံန္နိဌာန်ကို နောက်ထပ် ချမှတ်လိုခြင်း မရှိတော့ပါ။ ဤကဲ့သို့ ထပ်အစစ်ဆေးခံရန် ကျွန်မသတ္တိမရှိတော့ပါ။ ထိုညနေတွင် ကျွန်မမှာ ထောင်ထဲမှ အသက်တာကို မလိုချင်တော့ဘဲ၊ ဤမာရ်နတ်များကိုလည်း ကျွန်မ ရွံရှာသည်၊ ထို့ထက်ပင်ပို၍ ဤဆိုးရွားသည့်နေရာတွင် ရှိနေရခြင်းကိုလည်း ကျွန်မ မုန်းတီးသောကြောင့် စိတ်ပျက်ခြင်းမျက်ရည်များ ကျခဲ့သည်။ ထိုနေရာတွင် ကျွန်မ နောက်ထပ် တစ်စက္ကန့်မျှ မကုန်ဆုံးလိုတော့ပါ။ ထိုအကြောင်းကို ကျွန်မ တွေးလေ၊ ကျွန်မသည် ပို၍ စိတ်ပျက်လေ ဖြစ်ပြီး၊ ကြီးစွာသော နာကျည်းချက်၊ သနားဖွယ်ကောင်းမှုနှင့် အထီးကျန်မှုတို့ကို ခံစားရလေ ဖြစ်သည်။ ကျွန်မသည် ပင်လယ်ထဲတွင် အချိန်မရွေး ရေဖြင့် ဖုံးလွှမ်းခြင်းခံရနိုင်သည့် အဖော်မဲ့၍ စိတ်အားငယ်သော လှေတစ်စီးကဲ့သို့ ခံစားခဲ့ရသည်။ ထို့အပြင် ကျွန်မအနီးမှ လူများသည် အလွန်စဉ်းလဲပြီး၊ ဆိုးရွားလှကာ အချိန်မရွေး သူတို့ဒေါသကို ကျွန်မအပေါ် ထွက်ပေါက်ရှာနိုင်သည်။ ဘုရားသခင်ထံ ကျွန်ုပ် ဆက်ပြီးဆုတောင်းခဲ့ပါတယ်၊ ဘုရားသခင် ပြောသောစကားကို ကျွန်ုပ် သတိရမိတယ်၊ “ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ”) နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ် ယုံကြည်ခြင်းရှိခဲ့သည်၊ ဘုရားသခင့် ရှေ့တော်မှောက်မှာ နောက်ထပ် ကြီးမားသော ဆင်းရဲဒုက္ခကို ခံရလည်း သက်သေရပ်တည်ကာ စာတန်ကို အရှက်ခွဲမည်ဟု စိတ်နှလုံးကို ထားကာ ကတိများပေးခဲ့သည်၊ ရဲတပ်ဖွဲ့တို့၏ ညှင်းပန်းနှိပ်စက်မှုကို ခံရချိန် ကျွန်ုပ်သည် မရင်ဆိုင်နိုင်တော့ပါဘ ဒီမကောင်းဆိုးဝါးတို့နေရာမှ ထွက်ခွာသွားနိုင်မည့်အချိန်ကို မျှော်လင့်နေပါသည်၊...ကျွန်ုပ် ဘယ်မှာနာခံပြီး သက်သေရပ်နေတာလဲ။ ကျွန်ုပ် ဆုတောင်းလိုက်ပါတယ်၊ ကျွန်ုပ်၏ ဘဝတစ်သက်တာလုံးအကျဉ်းထောင်၌ပင် နေလျှင်လည်း ကျွန်ုပ်သည် စာတန်ကို မည်သည့်အခါမျှ အလျှော့ပေးလိုက်လျောလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်သည် စာတန်အား အရှက်ရစေပြီး သက်သေခံပါမည်။ ၂၀၀၅၊ ဒီဇင်ဘာ ၆ ရက်မှာ ကျွန်တော် လွတ်မြောက်ရခဲ့ပြီး နောက်ဆုံးတော့ ဒီငရဲဘဝကို အဆုံးသတ်လိုက်တယ်။

ဤဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရပြီးနောက် ကျွန်မ၏ ဇာတိခန္ဓာသည် ဆင်းရဲဒုက္ခအချို့ကို တွေ့ကြုံခံစားခဲ့ရသော်လည်း ကျွန်မသည် ထိုးထွင်းသိမြင် စွမ်းသောဉာဏ်နှင့် ချင့်ချိန်နိုင်စွမ်းတို့ကို ရရှိပြီး၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် စာတန်၏ ပြယုဂ်ဖြစ်ကြောင်း၊ လူများကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်မည့် လူသတ်သမားတစ်အုပ် ဖြစ်ကြောင်းတို့ကို အမှန်တကယ် တွေ့မြင်ခဲ့ရုံသာမက၊ ဘုရားသခင်၏ အနန္တတန်ခိုးတော် နှင့် ဉာဏ်ပညာတို့အပြင်၊ သူ၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကိုပါ နားလည်လာခဲ့သည်။ ကျွန်မကို ကယ်တင်ရန် ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များ၊ ကျွန်မအပေါ် သူ၏ ဂရုစိုက်မှုနှင့် ကွယ်ကာခြင်း၊ ထိုသို့ဖြင့် စာတန်၏ ရက်စက်ကြမ်းကြုတ်မှုအတွင်းတွင် စာတန်ကို တစ်လှမ်းချင်း အောင်မြင်ကျော်လွှားနိုင်ရန်နှင့် ကျွန်မ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန်တို့အတွက် ကျွန်မကို ခွင့်ပြုခဲ့ခြင်းတို့ကို ကျွန်မအသိအမှတ်ပြုလာခဲ့သည်။ ထိုနေ့မှစပြီး၊ ကျွန်မသည် ဘုရားသခင်၏ ရယူခြင်းကို အစောဆုံးခံရနိုင်ရန် ကျွန်မ၏ ဖြစ်ခြင်းတစ်ခုလုံးကို ဘုရားသခင်ထံ လုံးလုံးပေးဖို့ ဆန္ဒရှိပြီး၊ စွဲမြဲခိုင်မာစွာ ဘုရားသခင်နောက် ကျွန်မလိုက်ပါမည်။

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ရက်စက်ကြမ်းကြုတ်သော နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရချိန်

ချန်းဟူးရီ တရုတ်နိုင်ငံ ကျွန်မသည် တရုတ်ပြည်၌ သာမန်မိသားစုတစ်စုမှ ကြီးပြင်းလာခဲ့သည်။ ကျွန်မ၏ ဖခင်က စစ်တပ်ထဲမှဖြစ်ပြီး၊ ကျွန်မ ငယ်ရွယ်စဉ်က...

စာတန်၏စုံစမ်းသွေးဆောင်ခြင်းမှတစ်ဆင့် အောင်ပွဲခံခြင်း

ချန်းလူ တရုတ်နိုင်ငံ ထိုအချိန်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ဖြစ်ပါသည်။ တံခါးကို အသံပြင်းပြင်းဖြင့် ခေါက်ပြီး အော်ဟစ်သံများကို...

နတ်ဆိုးတို့ခိုအောင်းရာနေရာသို့ ဝင်ရောက်ခြင်းမှတဆင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် ပိုမိုနက်နဲသည့် အတွေ့အကြုံတစ်ခု

ဖန်ရုံ၊ ရှန်ရှိစီရင်စု ကျွန်မ ကလေးဘဝကတည်းက ကျွန်မမိဘတို့၏ ချစ်ခင် ပြုစုစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ရသော်လည်း၊ ကျွန်မ၏...

အကျဉ်းထောင်၏ ဆင်းရဲဒုက္ခ

ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၀၄ ခုနှစ် မေလ၏ နေ့တစ်နေ့မှာ ကျွန်မက ညီအစ်ကို မောင်နှမအချို့နှင့် ဝတ်ပြုအစည်းအဝေးလုပ်နေစဉ်၊ အယောက် ၂၀ ကျော်ရှိသည့်...