ခက်ခဲသည့်အချိန်များမှ သင်ယူခြင်း
လီယန် တရုတ်နိုင်ငံ ကျွန်တော့်ရဲ့ယုံကြည်မှုကြောင့် ၂၀၂၀ တရုတ် နှစ်သစ်ကူးပြီးပြီးချင်း ကျွန်တော် အဖမ်းခံခဲ့ရ တယ်။ ကျွန်တော်ဆေးရုံတက်ပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
များမကြာမီက အသင်းတော်တစ်ခု၌ ဆန္ဒမဲရွေးပွဲ လုပ်ဆောင်ခဲ့သည်။ အသင်းတော်ခေါင်းဆောင်ဖြစ်သော အစ်မလီသည် အသင်းတော်၏အခြေခံသဘောတရားများကို ဆန့်ကျင်၍ သူ့နည်းဖြင့်သူ ဆန္ဒမဲရွေးပွဲလုပ်ဆောင်ခဲ့သည်။ တချို့သော အခြားညီအစ်ကိုမောင်နှမများက ၎င်းတို့၏ အမြင်များကိုထုတ်ဖော်ပြောဆိုသော အခါ၌ သူက သူတို့အား အသိအမှတ်မပြုခဲ့ရုံသာမက၊ သူ၏နည်းလမ်းအတိုင်း လုပ်ဆောင် မည်ဟုလည်း မရမကတောင်းဆိုခဲ့ပါသည်။ အသင်းတော်သည် နောက်ပိုင်းတွင် ခေါင်းဆောင်ဖြစ်သူ၏ လုပ်ရပ်များကြောင့် ရှုပ်ထွေးမှု ဖြစ်ခဲ့ပါသည်။ ကျွန်တော်သည် ထိုသတင်းကို ရသောအခါ ၌ အမှန်တကယ်ပင် ဒေါသထွက်ခဲ့ ပါရသည်၊ လူတစ်ယောက်သည် အဘယ်ကြောင့် အလွန်ပင် မာနထောင်လွှားရသနည်း။ နှလုံးသားထဲ၌ ဘုရားသခင် မရှိဘဲ အသင်းတော် ခေါင်းဆောင်တစ်ဦး၏တာဝန်များကို ထမ်းဆောင်ခြင်း၊ လုပ်ဆောင်မှု စီမံခန့်ခွဲခြင်းများ အပေါ် အထင်အမြင်သေးခြင်း၊ ညီအစ်ကိုမောင်နှမများ၏ အကြံပေးချက်များကို ငြင်းပယ်ခြင်းနှင့် ချေပခြင်း၊ အသင်းတော် ၏ ရှုပ်ထွေးမှုတွင် သင်ကလွဲ၍ အခြားမည်သူတွေကို အပြစ်တင်စရာရှိသေးသနည်း။ သူနှင့် မိတ်သဟာယဖွဲ့ရန်နှင့် ထိုနှုတ်ကပတ်တော်များကို သုံးပြီး သူ့ကို ဆန့်ကျင်ဖို့ရန် ပြင်ဆင်ရာ၌ ကိုက်ညီသော အခြေခံသဘောတရားများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် ချက်ချင်းကြည့်ရှုခဲ့သည်။ သို့မှသာ သူ နာခံနိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုညနှောင်းပိုင်းတွင် ကျွန်တော်သည် အစ်မလီအား သွားရောက်တွေ့ဆုံခဲ့ပါသည်။ မိတ်သဟာယဖွဲ့ခြင်း အခမ်းအနား အတွင်း၌ ကျွန်တော်သည် သူ့အား ပြစ်တင်သည့်လေသံဖြင့် ပြောဆိုခဲ့ပါသည်၊ ကျွန်တော်၏ဒေါသကို မချုပ်တည်းနိုင်ခဲ့ပါဘူး။ ကျွန်တော်အဘို့ အံ့အားသင့်စရာ ဖြစ်ခဲ့သည်မှာ ကျွန်တော်တို့၏အစည်းအဝေး ဆယ်မိနစ်ခန့် သာရှိသေးရာ၊ အစ်မသည် မတ်တပ်ရပ်လိုက် ပြီး မျက်ရည်စက်လက်ဖြင့် ရုတ်ချည်း ပြေးထွက်သွားခဲ့သည်။ ကျွန်တော် မငဲ့ညှာဘဲနှင့် စဉ်းစားခဲ့မိသည်မှာ “သူက အသင်းတော်ရဲ့ အခြေခံသဘောတရားတွေကို ဆန့်ကျင်တယ်၊ အဲဒီအပြင် သူ့ကိုဝေဖန်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး။ အနာဂတ်မှာ သူ ဘယ်လို အလုပ်လုပ် မလဲ။ ဘယ်လောက် အန္တရာယ်များတဲ့ အခြေအနေလဲ။ ဒီအရာက မဖြစ်သင့်ဘူး။ ကျွန်တော်က သူ့ကို ဒီကိစ္စက ခေါင်းရှောင်ခွင့်ပေး လိုက်လို့ မဖြစ်နိုင်ပါ။ ကျွန်တော် သူ့ဆီကို စာတစ်စောင်ရေးရမယ်” ချက်ချင်းပင် ကျွန်တော် ထိုနေရာ၌ ထိုင်လိုက်ပြီး မိတ်သဟာယဖွဲ့ခြင်း၌ ကျွန်တော်၏သဘောထားသည် စံနမူနာမဖြစ်ခဲ့ကြောင်းနှင့် သူ၏ခွင့်လွှတ်ခြင်းကို တောင်းခံကြောင်း မဆိုစလောက်အသိအမှတ်ပြုသည့် စာတစ်စောင်ကို သူ့ထံရေးခဲ့ပါသည်။ စာထဲ၌ သူ၏ပြဿနာများနှင့် ပတ်သက်သော အခြေခံသဘောတရားများနှင့်အတူ သူ့အား မိတ်သဟာယဖွဲ့ခြင်းအနည်းငယ်ပါ ပေးခဲ့ပါသည်။ ကျွန်တော်စဉ်းစားခဲ့မိသည်မှာ ကျွန်တော်သည် ကိစ္စများကို ကောင်းစွာ ကိုင်တွယ်နိုင်သည်ဟူ၍ ဖြစ်သည်။ ကျွန်တော် သရုပ်ပြခဲ့သည်မှာ ကျွန်တော်သည် ကိုယ့်ကိုကိုယ် နားလည်နိုင်စွမ်းရှိ၍ ကိုယ်ပိုင်အတ္တကို စွန့်လွှတ်နိုင်သည့် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ဟူ၍ ဖြစ်သည်။ တစ်ချိန်တည်း၌ ကိစ္စရပ် များကို ဖြေရှင်းရန် သမ္မာတရားအား အသုံးပြုသည်ဟူ၍ဖြစ်သည်။ ကိစ္စ များကို ကျွန်တော် မည်သို့ ဖြေရှင်းသည်ကို မြင် ခြင်းဖြင့် သူသည် လုံးဝလက်ခံယုံကြည်၍ အသစ်သော နားလည်မှု တချို့ရမည်ဟု ကျွန်တော် စဉ်းစားမိခဲ့သည်။
ကျွန်တော်၏ခေါင်းဆောင်နှင့် ဤကိစ္စအပေါ် မိတ်သဟာယဖွဲ့ပြီးသည်နှင့် တပြိုင်နက်၊ ဤကိစ္စကို ဖြေရှင်းသောအခါ ကျွန်တော်သည် သမ္မာတရားထဲသို့ မည်သို့ဝင်ရောက်ခဲ့သည်ကို ခေါင်းဆောင်က မေးခဲ့ပါသည်။ “သမ္မာတရားထဲသို့ ကျွန်တော် ဘယ်လို ဝင်ရောက်ခဲ့သလဲ တဲ့လား။ ကျွန်တော်သည် ညံ့ဖျင်းသောအလုပ်ကို လုပ်ဆောင်ခဲ့ခြင်းလား။ ကျွန်တော်ရဲ့လုပ်ရပ်တွေက မသင့်တော်ပေဘူးလား” ကျွန်တော် စိတ်အနည်းငယ် ရှုပ်ထွေးခဲ့ရပါသည်။ ခေါင်းဆောင် ဆက်ပြောသည်မှာ “ဒါက အစ်ကိုက အဲဒီကိစ္စကို ဘယ်လို ကောင်းကောင်း ဖြေရှင်းနိုင် တယ်ဆိုတာက အဓိက မဟုတ်ပါ၊ ဒါပေမဲ့ အဲဒီကိစ္စကိုဖြေရှင်းရာမှာ တခြားသူတွေကို သိမ်းသွင်းဖို့ အစ်ကို့ရဲ့ရာထူးအနေအထားကို အသုံးပြုခဲ့လေသလား (ဒါမှမဟုတ်) ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို အစ်ကို အသုံးပြုခဲ့လေသလား၊ ဘုရားသခင်ကို ဂုဏ်တင်ချီးကျူးပြီး သက်သေခံခဲ့လေသလား၊ ပြီးတော့ တခြားသူတွေ သူတို့ ကိုယ်ကိုယ်နဲ့ ဘုရားသခင်ကို နားလည်ခြင်းကို ရစေခဲ့လေသလား၊ အပေါ်ယံမှာ အစ်ကိုက ဘုရားသခင်ရဲ့ နူတ်ကပတ်တော်နဲ့ မိတ်သဟာယဖွဲ့ပုံပေါ်ပေမဲ့လည်း အမှန်တကယ်မှာတော့ သူကအစ်ကို့ကို မလွန်ဆန်နိုင်စေဖို့ အစ်ကို ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ဘာဖြစ်လို့ အဲဒီအစ်မက ထွက်သွားတာနဲ့ အဆုံးသတ်ခဲ့ရသလဲ ဆိုတာကတော့ ရှင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်ကို့ရဲ့ မိတ်သဟာယဖွဲ့ခြင်းကို သူ လက်မခံနိုင်ခဲ့ဘဲ သူ လက်ခံယုံကြည်ခြင်းမရှိလို့ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့က တခြားသူတွေနဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကိုသာ စိတ်ဝင်စားပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတတ်ခြင်းကို အာရုံစိုက်ဖို့လစ်လျူရူနေရင် ၊ ကိုယ့်ကိုယ်ကို သိဖို့ လစ်လျူရူနေရင်၊ ကျွန်တော်တို့ရဲ့ သင်ခန်းစာများကို သင်ယူဖို့ရန်နဲ့ ကျွန်တော်တို့ရဲ့ စိတ်သဘောထားတွေကို ပြောင်းလဲဖို့ပျက်ကွက်ပြီး အလုပ်အတွက်သာလုပ်ဆောင်နေရင်၊ ကျွန်တော်တို့က ပေါလုလို ဖြစ်နေမှာပေါ့။ ပေါလုက တခြားသူတွေကို လမ်းညွှန်မှုပေးခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့အမှုတော်မှာ သူ့ရဲ့ဖောက်ပြန်ပျက်စီးတတ်တဲ့ စိတ်သဘောထားဟောင်းက သူ့ရဲ့ဖောက်ပြန်ပျက်စီးတတ်သောနည်း တွေထဲမှာ ပိုပြီး မာကြောလာခဲ့တယ်။ အဆုံးသတ်မှာ သူက ဘုရားသခင်ကို ယုံကြည် သူဖြစ်လာခဲ့ပေမဲ့လည်း ဘုရားသခင်ကို အတိုက်အခံလုပ်ခဲ့ပြီး သူ့ရဲ့အဆုံးသတ်က သေပြီးနောက် ထာဝရအပြစ်ဒဏ်ကိုခံရသော အဖြစ်ကို ရောက်ခဲ့ပါတယ်” ခေါင်းဆောင်၏ မိတ်သဟာယဖွဲ့ခြင်းသည် ကျွန်တော့်အား အိပ်မောကျနေရာမှ နိုးထလာစေခဲ့သော နှိုးဆော်မှုတစ်ခု ဖြစ်ပါသည်။ အမှန်တကယ်ပါပဲ သူပြောသည့်အတိုင်းပင်၊ ဘုရားသခင်သည် ကျွန်တော့်အတွက် ဤအခြေအနေကို စီစဉ်ပေးသောအခါတွင် ကျွန်တော်သည် သမ္မာတရား(သို့) ဘုရားသခင်၏အလိုတော်အား မရှာဖွေခဲ့ပါ၊ ကိုယ်တိုင်လည်း သမ္မာတရားထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို စဉ်းစားခဲ့ခြင်း မရှိပါ။ ထိုအခြေအနေထဲ၌ ကျွန်တော်၏ကိုယ်ပိုင် ခံစားချက် တုံ့ပြန်မှုကိုသာ ထင်ဟပ်စေ၍၊ ကျွန်တော်လုပ်ခဲ့သော တစ်ခုတည်း သောအရာမှာ အခြားသူများ၏ ပြဿနာများကို စဉ်းစားခဲ့ခြင်းပင် ဖြစ်ပါသည်။ ဤအသိ၌ ကျွန်တော်သည် ဘုရားသခင်၏အလိုတော်ဖြစ်သည့် သူ့၏မျက်မှောက်တော်သို့ အခြားသူများအား ခေါ်ဆောင်လာရန်ကို စဉ်းစားနေခဲ့ပါ သလား။ သို့မဟုတ်၊ ကျွန်တော်သည် အခြားသူများ ကျွန်တော်၏အမြင်အား မဖြစ်မနေ လက်ခံစေရန် ကျွန်တော်၏ရာထူးအဆင့်အတန်း အား အသုံးချ နေခဲ့ပါသလား။ ကျွန်တော်သည်လည်း စာတန်၏နက်နဲစွာ ဖောက်ပြန်ပျက်စီးအောင် လုပ်ဆောင်ခြင်းကို ခံခဲ့ရပြီး သမ္မာတရား၊ စာနာမှုနှင့်ဆင်ခြင်တုံတရားလည်း မရှိခဲ့ပါ။ ကျွန်တော်သည် လှည့်ဖြားခြင်းခံရသူ တစ်ယောက်လည်း ဖြစ်ပါသည်။ ကျွန်တော်သည် အခြားသူများထက် အဘယ်ကဲ့သို့ ကောင်းနိုင်တော့မည်နည်း။ သို့သော်၊ ကျွန်တော်သည် ကိုယ့်ကိုကိုယ် သိမြင်နိုင်စွမ်းမရှိခဲ့ပါ။ ကျွန်တော်သည် စိတ်တိုလွယ်၍ လူများကို စီးပိုးစွာ ပြစ်တင်ဆုံးမခဲ့ပြီး ကျွန်တော် ဖော်ထုတ်ပြသခဲ့သောအရာမှာ စာတန်၏ မာနထောင်လွှားခြင်းနှင့်စိတ်ကြီးဝင်သော မျက်နှာမှလွဲ၍ ဘာမျှမရှိပေ။ အစ်မက ငိုယို၍ ထွက်ပြေးသွားသောအချိန်၌ ကျွန်တော်သည် ကိုယ့်ကိုကိုယ် သုံးသပ်ခြင်းမရှိခဲ့ဘဲ ၎င်းအစား သူ့အားမကျေမနပ်ဖြစ်ကာ ဒေါသူပုန်ထခဲ့ပါသည်။ ကျွန်တော်၏အပြုအမူမှာ အဆင်းနီသော နဂါးကြီး၏နိုင်လိုမင်းထက်ပြုမူသော လုပ်ရပ်များနှင့်ဆင်တူဖြစ်ခဲ့သည်မဟုတ်လော။
ဘုရားသခင်၏ လမ်းညွှန်မှုအတွက် သူ့အား ကျေးဇူးတင်ပါသည်။ ဤအတွေ့အကြုံသည် ကျွန်တော့်အား သမ္မာတရား၏စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၏ အရေးပါမှုကို ဉာဏ်အလင်းရစေပါသည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအားဖြင့်သာ ဘုရားသခင်၏ကွယ်ကာမှုအား ရရှိနိုင်ပြီး ဘုရားသခင်အား အတိုက်အခံလုပ် နိုင်မည်မဟုတ်ပေ။ ကျွန်တော်သည် ဤအကြောင်းကို ဒေသနာတစ်ပုဒ်၌ ဖတ်ခဲ့ရပါသည်၊ “လူအတော်များများ သည်ခေါင်းဆောင်အတုအယောင်များ (သို့) အန္တိခရစ်များဖြစ်လာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားအား အမှန်တကယ် မလိုက်စားကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရား၏စစ်မှန်မှု အနည်းငယ်ပင် မရှိခဲ့ပေ။ ၎င်းတို့သည် ရာထူးအဆင့်အတန်း ရလျှင်ရချင်းနှင့် သြဇာအာဏာအနည်းငယ်ရှိလျှင်ရှိချင်း လက်လွယ်စပယ် စတင်ပြုမူကာ မောက်မာစွာ ပြုမှု၍ အခြားသူများအပေါ်၌ ဗိုလ်ကျပြီး ရာထူးအဆင့်အတန်း၏ ကောင်းချီးကို ငမ်းငမ်းတက်လိုချင်ပါတော့သည်။ အဆုံးသတ်၌ ထိုသို့သောသူများသည် ဘုရားသခင်၏ ရွေးကောက်ထားသူ၏ စက်ဆုပ်မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းအား ခံရပါတော့သည်။ နောက်ဆုံး၌ မလွန်ဆန်နိုင်ဘဲ လုံးဝ ကျရှုံးခြင်းသို့ ရောက်ရှိပါတော့သည်။ ဤသည်မှာ ကြုံတောင်ကြုံခဲ ဖြစ်စဉ်တစ်ခု ဖြစ်နိုင်ပါသလား။ လူများသည် အဘယ်ကြောင့် အသိတရားမရနိုင်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်း သည် သြဇာအာဏာကိုရရန်၊ အာဏာအား စွဲကိုင်ထားရန်နှင့် အဆင့်အတန်း၏ကောင်းချီးကို အငမ်းမရ ရယူရန်အတွက် ပင်ဆိုလျှင် အဘယ်သို့ အသုံးဝင်တော့မည်နည်း။ ၎င်းမှာ အတ္တကြီးပြီး အဆင့်အတန်းနိမ့်သည့် ဆိုးညစ်သော လူများ၏ အပြုအမူပင်ဖြစ်ပါသည်။ ၎င်းမှာ အန္တိခရစ်၏လမ်းကို လျှောက်ကြသူများ၏ နိမ့်ကျသောလိုအင်ပင်ဖြစ်သည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဤဒေသနာအားဖြင့် ကျွန်တော် သဘောပေါက်လာမိခဲ့သည်မှာ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ရှာဖွေခြင်းမရှိသူ များသည်၊ ၎င်းတို့ ရာထူးအဆင့်အတန်းရှိလာသည်နှင့် တပြိုင်နက်၊ ၎င်းတို့သည် အခြားသူများအပေါ်၌ ဗိုလ်ကျ စိုးမိုးမည်၊ မာနကြီးမည်၊ ထို့နောက် အခြားသူများကို ထိန်းချုပ်ရန်၊ ဘောင်ခတ်ထားရန်နှင့် ဖိနှိပ်ရန်အတွက် ၎င်းတို့၏ရာထူးအဆင့်အတန်းအား မောက်မာစွာ အသုံးပြုကြ ပါသည်။ ၎င်းတို့သည် နောက်ဆုံး၌ ခေါင်းဆောင်အတု အယောင်များနှင့် အန္တိခရစ်များဖြစ်လာကြပါမည်။ ဤကိစ္စ၌ ကျွန်တော်၏အပြုအမှုနှင့် ထုတ်ဖော်ပြသမှုများသည် အပြင်ပန်း၌ ထိုမျှလောက် မဆိုးရွားသော်လည်း၊ ကျွန်တော်၏ ကိုယ်အတွင်းမှ ဖော်ပြသော ဖောက်ပြန်ပျက်စီးတတ်မှုနှင့် ကျွန်တော်၏ဘုရားသခင်အား အာခံခြင်းသဘာဝနှင့် အနှစ်သာရကိုမူ မငြင်းဆိုနိုင်ပေ- ကျွန်တော်သည် အန္တိခရစ်များ၏လမ်းကို လိုက်နေခဲ့ခြင်းဖြစ်ပါသည်။ အကယ်၍ ကျွန်တော်၌ ဘုရားသခင်၏ဦးဆောင်မှု မရှိခဲ့ပါက ကျွန်တော်၏မိုက်မဲမှုကို ကျွန်တော်သည် သေချာစွာ သဘောပေါက်ခြင်း ရှိမည်မဟုတ် ဘဲ မိမိကိုယ်ကို မှန်ကန်သည် ဟူ၍ မှတ်ယူနေအုံးမည်ဖြစ်ပါသည်။ ထိုလမ်းကြောင်း၌ ဆက်လျှောက်ပါက ကျွန်တော်သည် ဖော်ထုတ်ခံရ၍ အရှက်ရမည်ဖြစ်ပါသည်။ အခြေအနေများ မည်သို့အဆုံးသတ် သွားနိုင်မည် ကို စဉ်းစားသောအခါ ကျွန်တော် ရုတ်ချည်း ထိတ်လန့်သွားခဲ့ရပါသည်။ ကျွန်တော် လျှောက်နေသော လမ်းသည် မည်မျှ အန္တရာယ်များလိုက်ပါသနည်း၊ ဘုရားသခင်အားနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း သူ၏စိတ်ကူးယဉ်ခြင်းများ၊ အယူအဆများ၌ပင် နေနေ၍ သူ၏သဘာဝအကျင့်စရိုက်နှင့် ဖောက်ပြန်ပျက်စီးတတ်သော သဘာဝအတိုင်း ဘုရားသခင်ကို ဆက်လက်ယုံကြည်၍ အစေခံနေသော ပေါလုကဲ့သို့ သမ္မာတရား၏စစ်မှန်မှုထဲသို့ မည်သို့ဝင်ရောက်ရမည်ကို သိနိုင်စွမ်းမရှိသေးပါ။ အကယ်၍ ကျွန်တော်၏လက်ရှိအခြေအနေကို ကျွန်တော် နောက်ပြန် မလှည့်ပါက ကျွန်တော်သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေး ခံရခြင်း၌ အဆုံးသတ်ကောင်း အဆုံးသတ်မည်ဖြစ်ပါသည်။ အနာဂတ်၌ ကျွန်တော်သည် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်မှုနှင့်သမ္မာတရား၏ ရှာဖွေမှုတို့အပေါ် ပို၍ အလေးထားရန်လိုအပ်ပါသည်။
ထိုကိစ္စအားလုံး ဖြစ်ပေါ်လာပြီးနောက် များမကြာမီ ကျွန်တော်သည် အစ်မတစ်ယောက်ဆီမှ သူသည် သမ္မာတရားအားနားလည်သဘောပေါက်ရန်ခက်ခဲနေကြောင်းနှင့် ကျွန်တော်၏လမ်းညွှန်မှုကို တောင်းဆိုထားသည့် စာတစ်စောင်ကို လက်ခံရရှိခဲ့ပါသည်။ စာကို ဖတ်ပြီးသည့်နောက် ကျွန်တော်သည် ဒေါသမထွက်ပဲ မနေနိုင်ခဲ့ပါ၊ ကျွန်တော် စဉ်းစားမိသည်မှာ “အစ်မက အဲဒီအသင်းတော်ခေါင်းဆောင်တွေ၊ အစ်မရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းကောင်း မပူးပေါင်းနိုင်ခဲ့ပဲကိုး။ သူတို့ကအစ်မကို အကြံများပေးတဲ့အခါတိုင်း အစ်မက အကြောင်းပြချက်တွေပေးပြီး ထင်မြင်ရာကို ဆက်လုပ်ခဲ့တယ်။ အစ်မ တာဝန်ယူထားရတဲ့ ဧဝံဂေလိအမှုတော်က အောင်မြင်ခြင်းမရှိဘဲ အသင်းတော်တွေက အစ်မရဲ့အခြေအနေကို အမြဲအစီအရင်ခံနေပါတယ်။ ဒီနေ့အစ်မက လမ်းညွှန်မှု ကိုတောင်းခံဖို့ ကျွန်တော့်ဆီ စာရေးတယ်။ အစ်မက တကယ်ပဲကျွန်တော့်ရဲ့လမ်းညွှန်မှုကိုတောင်းခံနေတာလား။ အစ်မ လုပ်ခဲ့သမျှက သင့်တော် မှန်ကန်ပြီး၊ တခြားဘယ်သူမှသမ္မာတရားကို လက်တွေ့မလုပ်ဆောင် နိုင်ဘူးလို့ အစ်မ ထင်နေခဲ့တာလား။ အစ်မကိုယ် အစ်မဘယ်လောက်ကောင်းကောင်း သိလို့လဲ”ကျွန်တော် ပို၍စဉ်းစားလေလေ ကျွန်တော် ပို၍ ဒေါသထွက်လေဖြစ်ခဲ့ရပါသည်။ ကျွန်တော်၏နှလုံးသားထဲမှ ဒေါသမီးလျှံများအား ခံစားမိပါသည်။ “အစ်မကို လမ်းညွှန်မှုပေးဖို့ ကျွန်တော့်ကို အစ်မ မတောင်းဆိုခဘူးလား။ ကျွန်တော် အစ်မနဲ့ ခဏလောက်ဖြစ်ဖြစ် စကားပြောချင်နေတာ ကြာလှပါပြီ။” ကျွန်တော်သည် ကျွန်တော်၏လက်ရှိတာဝန်များအား ဘေးဖယ်၍ သူ့ကို သိမ်းသွင်းစည်းရုံးဖို့ရန်နှင့် ပြစ်တင်ဝေဖန်ရန် ဘုရားသခင်၏လိုက်လျောညီထွေသော နူတ်ကပတ်တော်များကို ရှာဖွေရန် အကောင်းဆုံးလုပ်ဆောင်ခဲ့ပါသည်။ တကယ်တမ်းဖြစ်လာသည်မှာ သင့်တော်သော ကျမ်းပိုဒ်များကို ကျွန်တော် ရှာလေလေ၊ ကျွန်တော်သည် မတွေ့ရလေလေပင်ဖြစ်ခဲ့ပါသည်။ ကျွန်တော် အနည်းငယ်နားလည်ခဲ့သော ကျမ်းပိုဒ်များအားလုံး အဘယ်ဆီသို့ ပျောက်ကွယ်သွားသနည်းဟု ဦးနှောက်ခြောက်သွားခဲ့ရသည်။ ကျွန်တော်သည် စိတ်လှုပ်ရှားလာသကဲ့သို့ပင် ရုတ်ချည်း အပြစ်တင်ခြင်းကို ခံစားမိခဲ့ပါသည်။ “သင် အမှန်တကယ်ပဲ အခြားသူရဲ့ပြဿနာတွေရဲ့ ဖြေရှင်းဖို့ ဘုရားသခင်ရဲ့နူတ်ကပတ်တော်များကို ရှာဖွေနေသေးတာလား။ဒီလူက မင်း အရှေ့မှာပဲ ရှိတယ်၊ သမ္မာတရားထဲကို မင်း ဘယ်လိုဝင်ရောက်မလဲ။မင်းက ဘာကြောင့် အခြားသူတွေရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေရတာလဲ။ မင်းကိုယ်တိုင်ရဲ့အထက် ဘယ်အရာကို ထုတ်ဖော်ပြသခဲ့တာလဲ။” ဘုရားသခင်၏ လမ်းညွှန်မှုသည် ကျွန်တော်၏ ဂနာမငြိမ်ဖြစ်နေသော နှလုံးသားအား တည်ငြိမ်စေပြီး ကျွန်တော်သည် မိမိကိုယ်ကို စတင်စဉ်းစားမိပါသည်။ “နောက်ဆုံးအကြိမ်က ငါ ကြုံတွေ့ခဲ့ရတဲ့အရာတွေကို ငါမေ့သွားပြီလား။ အလုပ်အတွက်ပဲ ငါမလုပ်သင့်ဘူး။ ဒါပေမဲ့အခြားလူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မကြိုးစားခင် ငါ့ရဲ့ကိုယ်ပိုင်ပြဿနာတွေကို ငါဖြေရှင်းသင့်တယ်။” ထိုအချိန်၌ ကျွန်တော်သည် ဘုရားသခင်၏ နူတ်ကပတ်တော်များထဲမှ ဤစာပိုဒ်ကို စဉ်းစားမိခဲ့ပါသည်။ “သင်သည် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့် သင်ကိုယ်တိုင်အတွင်းရှိ အခက်အခဲများအားလုံးကို ဦးစွာ ဖြေရှင်းရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို အဆုံးသတ်စေပြီး၊ သင်ကိုယ်တိုင်၏ အခြေအနေကို အမှန်တကယ် နားလည်လာနိုင်ကာ၊ မည်သို့ ပြုမူရမည်ကို သိလော့။ နားမလည်သော အရာမှန်သမျှနှင့်ပတ်သက်၍ ဆက်၍ မိတ်သဟာယ ပြုလော့။ လူတစ်ယောက်အတွက် မိမိကိုယ်ကိုယ် မသိခြင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သင်ကိုယ်တိုင်၏ အနာရောဂါကို ဦးစွာ ငြိမ်းစေလော့၊ ပြီးလျှင် ငါ၏နှုတ်ကပတ်တော်များကို သာ၍ မကြာခဏ စားသောက်ကာ စဉ်းစားဆင်ခြင်ရင်း၊ ငါ၏နှုတ်ကပတ်တော်များပေါ် အခြေပြု၍ သင်၏အသက်တာကို ရှင်သန်ကာ သင်၏ ဆောင်ရွက်ချက်များကို လုပ်ဆောင်လော့။ သင်သည် အိမ်တွင် ရှိသည်ဖြစ်စေ အခြားနေရာတွင် ရှိသည် ဖြစ်စေ၊ သင်၏အတွင်းတွင် ဘုရားသခင်အား တန်ခိုးအာဏာစွဲကိုင်ခွင့် ပြုသင့်သည်။…တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်မရှင်နိုင်ပါက၊ ၎င်း၏ အသက်တာ ရင့်ကျက်နိုင်သလော။ မရင့်ကျက်နိုင်ပေ။ သင်သည် ငါ၏နှုတ်ကပတ်တော်များဖြင့် တစ်ချိန်လုံး အသက်ရှင်ရမည်ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို အသက်တာအတွက် သင်၏ ကျင့်ဝတ်စည်းကမ်းအဖြစ် ထားရှိရမည်၊ သို့မှသာ ထိုကျင့်ဝတ်စည်းကမ်းဖြင့် ပြုမူခြင်းသည် ဘုရားသခင်ကို ဝမ်းမြောက်စေသောအရာ ဖြစ်ပြီး အခြားသောနည်းဖြင့် ပြုမူခြင်းသည် ဘုရားသခင် မုန်းတီးသောအရာ ဖြစ်သည်ကို သင်ခံစားရလိမ့်မည်ဖြစ်သည်။ ပြီးလျှင် သင်သည် လမ်းကြောင်းမှန်ပေါ် တဖြည်းဖြည်း လျှောက်လှမ်းလာလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “သင်မိတ်သဟာယဖွဲ့သည့် လူတို့အပေါ် သိနားလည်မှုတစ်ခု သင်၌ ရှိရမည်ဖြစ်ပြီး အသက်တာထဲက ဝိညာဉ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သင် မိတ်သဟာယဖွဲ့ရမည်။ ထိုအခါမှသာ၊ သင်သည် အခြားသူတို့အား အသက်ကို ထောက်ပံ့ပေးနိုင်ကာ ၎င်းတို့၏ ချို့ယွင်းချက်များကို ဖာထေးပေးနိုင်မည်ဖြစ်သည်။ ၎င်းတို့ကို ဩဝါဒပေးသည့် လေသံဖြင့် မပြောဆိုသင့်ပေ။ ယင်းသည် အခြေခံအားဖြင့် မှားယွင်းသော အနေအထားဖြစ်သည်။ မိတ်သဟာယဖွဲ့ရာတွင်၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို သိနားလည်မှု ရှိရမည့်အပြင် ဉာဏ်ပညာ ပိုင်ဆိုင်ရမည်ဖြစ်ပြီး လူတို့၏နှလုံးသားများထဲတွင် မည်သည့်အရာ ရှိသည်ကို သင်နားလည်နိုင်ရမည်။ အကယ်၍ သင်သည် အခြားသူများကို အစေခံဖို့ဖြစ်ပါက၊ သင်သည် မှန်ကန်သော လူစားမျိုး ဖြစ်ရမည်ဖြစ်ပြီး သင်၌ ရှိသမျှဖြင့် မိတ်သဟာယဖွဲ့ရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ယနေ့ ကျွန်တော့်ကိုယ် ကျွန်တော် ဖော်ပြခဲ့သည့်အတွက် ဘုရားသခင်သည် ၎င်းကို မုန်းတီးခြင်းမရှိပါသလော။ ယနေ့ ကျွန်တော်၏လုပ်ရပ်များသည် ကျွန်တော်၏တာဝန်များကို မည်သည့်နည်းဖြင့် ဖြည့်ဆည်းနေပါသနည်း။ မဟုတ်ပါ၊ ကျွန်တော်သည် ဒုစရိုက်အမှုအား သိသာထင်ရှားစွာ လုပ်ဆောင်နေခဲ့သည်။ နောက်ပိုင်း၌ “ချစ်တတ်သော နှလုံးသားဖြင့် အခြားသူများကို ကူညီခြင်း အခြေခံသဘောတရားများ” အား ကျွန်တော်ဖတ်ခဲ့ပြီး ပထမအခြေခံသဘောတရား၌ ပြောထားသည်မှာ- “သင်သည် လူအမျိုးမျိုးတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်အရ ခွဲခြားရမည်။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်၍ သမ္မာတရားအားလက်ခံသူများအတွက် သင်သည် သူတို့ကို ချစ်၍ ရိုးဖြောင့်သော နှလုံးသားဖြင့်ကူညီပေးရမည်။” “ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လူတို့သည် တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်ဆံသင့်ကြောင်းနှင့် ပတ်သက်၍ မည်သည့် အခြေခံသဘောတရားကို ဖော်ပြထားသနည်း။ ဘုရားသခင် ချစ်သောအရာကို ချစ်၍ ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ တစ်နည်းဆိုသော် သမ္မာတရားကို အမှန်တကယ် လေ့လာလိုက်စားပြီး ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သည့် ဘုရားသခင်ချစ်သော လူများသည် သင်ချစ်သင့်သောသူများ စင်စစ်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မဆောင်သောသူ၊ ဘုရားသခင်ကို မုန်းတီးသောသူ၊ သူ့ကို မနာခံသောသူနှင့် ဘုရားသခင်က ရွံမုန်းသောသူများမှာ ငါတို့လည်း ရွံမုန်းပြီး ငြင်းပယ်သင့်သောသူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်က တောင်းဆိုသော အရာဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်”) ဤ နှုတ်ကပတ်တော်များမှ ကျွန်တော်သည် ဘုရားသခင်၏အလိုတော်ကို နားလည်ခဲ့ ပါသည်၊ မည်သည့်ညီအစ်ကိုမောင်နှမ မဆို သမ္မာတရားကို ချစ်မြတ်နိုး၍ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသရွေ့ မည်သည့်ဖောက်ပြန်ပျက်စီးခြင်းများကို မဆို ၎င်းတို့ ထုတ်ဖော်ပြသနေပါစေ၊ သင်သည် ၎င်းတို့ကို မှန်ကန်စွာ ဆက်ဆံ၍ သူတို့အား ချစ်သောနှလုံးသားဖြင့် ကူညီရမည်။ ကျွန်တော် သတိရမိခဲ့သည်မှာ ဘုရားသခင်သည် လူသားများကို အလွန်ချစ်သောကြောင့် သူသည် လူ့ဇာတိကို ခံယူ၍ ၎င်းတို့ကြားကို လာရောက်ခဲ့သည်။ ထို့နောက်သူသည် ၎င်းတို့ကို ကယ်တင်ရန် အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ပါသည်။ သူသည် လူများ၏ဖောက်ပြန်ပျက်စီးတတ်သော သဘောများ ကို မုန်းတီးသည်။ သို့သော် သူတို့၏ အားနည်းချက်များကို သည်းခံသည်။ လူများကို သူတို့၏ဖောက်ပြန်ပျက်စီးမှုများအရ မည်သည့်အခါမှ ပြောဆိုခဲ့ခြင်းမရှိပါ။ ကျွန်ုပ်တို့အား ပြောင်းလဲရန်နှင့် သန့်စင်စေရန်အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမြဲတစေ အလွန်စိတ်ထက်သန်စွာ ဆိုဆုံးမခြင်းနှင့် မမောမပန်း သင်ကြားပေးခြင်းများဖြင့် အားပေးခဲ့ပါသည်။ ကျွန်ုပ်တို့အားပြောင်းလဲပေးဖို့ ချစ်ခြင်းမေတ္တာ ကို အသုံးပြုခဲ့ပါသည်။ ကျွနပ်တို့ နည်းလမ်းများ၏ မှားယွင်းမှုအား သဘောပေါက်ရန်နှင့် အရှေ့သို့ ချီတက်နိုင်မည့် လမ်းသစ်ကို ရှာဖွေနိုင်ရန် အခွင့်အရေးတစ်ခုပေးခဲ့ပါသည်။ ဘုရားသခင်သည် သူ၏ကရုဏာတော်အား ကျွန်တော့်ကို ပေးသနားကာ၊ ကျွန်တော့်အားချီးမြှောက်ပြီး ဘုရားသခင်ချစ်သောအရာကို ကျွန်တော်ချစ်မည်၊ ညီအကိုမောင်နှမများ ပြဿနာနှင့်တွေ့ကြုံသောအခါ ချစ်သောနှလုံးသားဖြင့် ကူညီထောက်ပံ့ပေးပြီး မှန်ကန်သောနှလုံးသားဖြင့် သူတို့ကို ဆက်ဆံမည်ဟူသော မျော်လင့်ချက်ဖြင့် ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဤတာ၀န်ကို ထမ်းဆောင်ခွင့်ပြုခဲ့သည်။ သို့သော်ငြားလည်း ကျွန်တော်သည် ထိုအခြေခံသဘောတရားကို ဆန်ကျင်ခဲ့ရာ၊ ကျွန်တော်၌ ရာထူးအဆင့်အတန်းအနည်းငယ်ရှိသည့်အခါနှင့် အခြားသူများ ဖောက်ပြန်ပျက်စီးမှုတစ်ချို့ကို ဖော်ပြခြင်းအား မြင်သောအခါ၊ ကျွန်တော်သည် ၎င်းတို့၏ အားနည်းချက်ကို သည်းခံဖို့ အလေးမထားခဲ့ပဲ ထိုအစား ဘုရားသခင်၏ နှုတ်ကပတ်တော်အား လက်နက်သဖွယ်ကိုင်စွဲ၍ ၎င်းတို့ကို ဖိနှိပ်ရန်နှင့် သူတို့ကို ကျွန်တော်နှင့် တစ်သဘောတည်းရှိစေရန် အတင်းအဓမ္မလုပ်ဆောင်ခဲ့ပါသည်။ ဤသည်မှာ မုန်းတီးခြင်း၏ လုပ်ရပ်တစ်ခုပင် မဟုတ်ပါသလော။ ထိုအချိန်၌ ကျွန်တော်သည် အလွန်ပင် စိတ်ကသိကအောင့်ဖြစ်ကာ ကျွန်တော်၏ မာနထောင်လွှားမှုနှင့် မသိကျိုးကျွန်ပြုမှုတို့ အပေါ် ရှက်ခဲ့ရပါသည်။ ထို့နောက် ကျွန်တော်သည် ဘုရားသခင်၏ နူတ်ကပတ်တော်များ၏ စာပိုဒ်တစ်ပိုဒ်ကို ဖတ်ခဲ့ပါသည်။ “‘အတွေ့အကြုံများ မျှဝေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း’ ဆိုသည်မှာ သင်၏ စိတ်နှလုံးထဲမှ အတွေးအားလုံး၊ သင်၏အခြေအနေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏အတွေ့အကြုံများနှင့် သိခြင်းသာမက သင်၏ အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အကြောင်းကို ပြောဆိုခြင်း ဖြစ်သည်။ ထို့နောက်တွင် အခြားသူများက ဤအရာများကို ဝေဖန်ပိုင်းခြားပြီး အပြုသဘောဆောင်သော အရာများကို လက်ခံပြီး မည်သည့်အရာသည် အပျက်သဘောဆောင်ကြောင်းကို အသိအမှတ်ပြုကြသည်။ ဤအရာသည်သာလျှင် မျှဝေခြင်းဖြစ်ပြီး ဤအရာသည်သာလျှင် စစ်မှန်စွာ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီးသည်နှင့် ကျွန်တော်သည် ထိုအစ်မနှင့် သူ့အတွက် အကျိုးရှိစေမည့် နည်းတစ်နည်းဖြင့် မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို သင်ယူနိုင်ခဲ့ပါသည်။ ဤတစ်ကြိမ်တွင်တော့ ကျွန်တော် ဘောပင်ကိုယူလိုက်သောအခါ ကျွန်တော်၏ကိုယ်အတွင်းမှ ချစ်ခြင်းမေတ္တာများ တဟုန်ထိုးစီးဆင်းမှုကို ခံစားခဲ့ရပါသည်။ ကျွန်တော်၏နှလုံးသားကို ထိုအစ်မအား ဖွင့်ချလိုက်ရန် ပြင်းထန်သော ဆန္ဒကို ခံစားခဲ့ရပါသည်။ ဤတစ်ကြိမ်တွင် ကျွန်တော်သည် သူ၏ကိစ္စများအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် မနှိုင်းယှဉ်ခဲ့ပါ၊ ထိုအစား ကျွန်တော်၏ ကိုယ်ပိုင် မာနထောင်လွှားကာ စိတ်ကြီးဝင်တတ်သော သဘာဝနှင့်လူသားမဆန်သော အပြုအမူထဲသို့ ကျွန်တော်၏ထိုးထွင်း ထိုးထွင်းအမြင်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်- ကျွန်တော်သည် ညီအစ်ကိုမောင်နှမများအား မှန်ကန်စွာ ဆက်ဆံခြင်းမရှိ၊ ၎င်းတို့အပေါ် သည်းခံစိတ်နှင့် ချစ်ခြင်းမေတ္တာကို ပြသရန် ပျက်ကွက် ခဲ့ပါသည်။ ကျွန်တော်၏အတ္တကို အမှန်တကယ် စွန့်လွှတ်လိုက်သောအချိန်၌ ကိုယ့်ကိုကိုယ် ပိုင်းခြား၍ သိမြင်လာနိုင်ခဲ့ပြီး ထိုအစ်မနှင့် ကျွန်တော် တွေ့ကြုံခံစားခဲ့ရသော အခြေအနေမှန်များကို မိတ်သဟာယဖွဲ့ နိုင်စွမ်းရှိခဲ့ပါသည်။ ထို့နောက် သူနှင့် သမ္မာတရားထဲသို့ ဝင်ရောက်နိုင်ခဲ့ပါသည်။ သူနှင့် ကျွန်တော်၏ကြား၌ ခပ်တန်းတန်းဖြစ်မှုနှင့် ကွာဝေးမှု မရှိခဲ့တော့သောကြောင့် ကျွန်တော်သည် အလွန်ပင် ငြိမ်းချမ်း၍ သောကကင်းဝေးခြင်းကို ခံစားခဲ့ရပါသည်။ ကျွန်တော်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော အခါ၌ ၎င်းဘုရားသခင်၏ကောင်းချီးများ သက်ရောက်လာကြောင်းကို ကျွန်တော်အမှန်ပင် နားလည်သဘောပေါက် လာခဲ့ပါသည်။
စာများ၊ ဒေသနာများကိုသာ ဟောပြောနိုင်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ မ၀င်နိုင်သော ကျွန်တော့်အား ဘုရားသခင်၏လမ်းညွှန်မှုနှင့် ဉာဏ်အလင်းပေးခြင်းများက စတင်တိုးတက်လာစေရန် ထောက်ပံ့ပေးခဲ့ပြီး ၎င်းတို့သည် ကျွန်တော့်အား ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို မြင်စေရန်နှင့် ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရ၏ အသိပညာအချို့ကို ရရှိစေရန် လုပ်ဆောင်ပေးခဲ့သည်။ ဒေသနာတစ်ပုဒ်ထဲမှ စာပိုဒ်တစ်ပိုဒ်၌ ပြောခဲ့သည့်အတိုင်းပင် “ဖောက်ပြန်ပျက်စီးခြင်းရှိသော နေရာတိုင်း၌ တရားစီရင်ခြင်းလည်းရှိမည်၊ ဒုစရိုက်မှုရှိသည့် နေရာ တိုင်း၌ ပြစ်တင်ဆုံးမခြင်း လည်း ရှိမည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ယခုအချိန်၌ ကျွန်တော်သည် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်နှင့် ပြစ်တင်ဆုံးမခြင်း များသည် ကျွန်တော်တို့ လိုအပ်သည့် အရာသာဖြစ်ကြောင်း ပို၍ သတိမူမိလာခဲ့ပြီး ၎င်းတို့သည်လည်း လူသားအတွက် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ကယ်တင်ခြင်းနှင့် ကျေးဇူးတော်ဖြစ် ပါသည်။ ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရရှိခြင်းအားဖြင့်သာလျှင် ကျွန်တော်တို့သည် စာတန်၏ အမှောင် လွှမ်းမိုးမှု မှ ဆွဲလု နိုင်ပြီး အမှောင်ကိုစွန့်၊ အလင်းကို ရှာဖွေကာ သမ္မာတရားကို လိုက်စားနိုင်ပြီး သမ္မာတရားထဲသို့ ဝင်ရောက်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ကျွန်တော်သည် သန့်ရှင်းခြင်းကို မကြာမီရရှိကာ စစ်မှန်သောလူသားတစ်ယောက်ကဲ့သို့ အသက်ရှင်နေထိုင်နိုင် ရန်အလို့ငှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက ကျွန်တော် မည်သည့်နေရာသို့သွားသွား ကျွန်တော်၏နောက်သို့ လိုက်ပါစေရန် ဆုတောင်းပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
လီယန် တရုတ်နိုင်ငံ ကျွန်တော့်ရဲ့ယုံကြည်မှုကြောင့် ၂၀၂၀ တရုတ် နှစ်သစ်ကူးပြီးပြီးချင်း ကျွန်တော် အဖမ်းခံခဲ့ရ တယ်။ ကျွန်တော်ဆေးရုံတက်ပြီး...
ရီးရွှင် တရုတ်နိုင်ငံ အိမ်နဲ့ဝေးရာမှာ အသင်းတော်တချို့ကို တာဝန်ယူရတဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မအစေခံလာတာ နှစ်ချီကြာသွားပြီ။ ကျွန်မမှာ...
စူးရှမ်း ဂျပန်နိုင်ငံ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ စ အစေခံချိန်မှာ ချန်းက ကျွန်မတို့အသင်းတော်အလုပ်အတွက် တာဝန်ယူရတယ်။ ကျွန်မတို့က...
ဆွန်ယု နယ်သာလန်နိုင်ငံ ၂၀၁၉ခုနှစ်မှာ ကျွန်မက ဝမ်နဲ့အတူအလုပ်လုပ်ရင်း ခေါင်းဆောင်နေရာမှာ လေ့ကျင့်နေခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အပြန်အလှန်...