ဘုရားသခင်က ကျွန်မကို ပေးသော အကောင်းဆုံးလက်ဆောင်

10.09.2019

ယီရှင်း ရှီကြားချောင်မြို့၊ ဟီပိန်းဒေသ

ယခင်က ကျွန်မ၏ ညီအစ်ကိုမောင်နှမများက “ဘုရားသခင် လုပ်ဆောင်တဲ့ အရာအားလုံးက အကောင်းဆုံးအတွက်ပဲ ဖြစ်တယ်။ ဒါတွေအားလုံးဟာ လူတွေ လိုအပ်တဲ့အရာပဲ ဖြစ်တယ်” ဟု မကြာခဏ ပြောသည်ကို ကြားရလေ့ရှိပါသည်။ ကျွန်မ ထိုအချက်ကို လက်ခံပြီး သဘောတူခဲ့သော်လည်း ကျွန်မကိုယ်တိုင်၏ အတွေ့အကြုံမှနေတစ်ဆင့် နားလည်ခြင်းမျိုး မရှိခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်မအတွက် ဘုရားသခင် ဖန်တီး ပေးခဲ့သည့် ပတ်ဝန်းကျင်တစ်ခုမှနေတစ်ဆင့် ၎င်းနှင့် ပတ်သက်ပြီး နားလည်မှုတစ်ချို့ ရရှိခဲ့သည်။

ကျွန်မ၏နှလုံးသားထတွင် အဆင့်အတန်း ဂုဏ်အဆောင် အယောင်များအတွက် အထူးသဖြင့် ပြင်းပြသည့် ဆန္ဒတစ်ခု ရှိခဲ့သည်။ ခေါင်းဆောင်က ကျွန်မကို အာရုံစိုက်ဖို့၊ ကျွန်မ၏ ညီအစ်ကို မောင်နှမ များက ကျွန်မကို အထင်ကြီးဖို့ကို အမြဲတမ်း မျှော်လင့်ခဲ့သည်၊ သို့သော် တကယ်လက်တွေ့မှာမူ ကျွန်မမျှော်လင့်သကဲ့သို့ လုံးဝ ဖြစ်မလာခဲ့ပါ။ ဤနှစ်များအတောအတွင်းမှာ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ရ သည့်အခါမှာ မည်သူနှင့်ပင် ကျွန်မလက်တွဲ လုပ်ဆောင်ရပါစေ၊ ကျွန်မက အမြဲတမ်း “အကူလက်ထောက်” ပင် ဖြစ်ခဲ့ရပါသည်။ မည်သို့ပင် ဖြစ်နေဖြစ်နေ ခေါင်းဆောင်က ကျွန်မ၏ လက်တွဲလုပ်ဆောင်ရသူနှင့်သာ ဆွေးနွေးပြီး အကြောင်း ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ သူမအတွက် စီစဉ်ပေးသည်။ ခေါင်းဆောင်၏အမြင်မှာ ကျွန်မက အရေးမပါသည့်၊ အရေးမကြီးသည့်လူ ဖြစ်နေပုံရပါသည်။ ဤသည်မှာ ကျွန်မကို တကယ်ဘဲ ယိမ်းယိုင်စေပါသည်။ “ငါက တာဝန်တွေကို အတူတူပဲ လုပ်ကိုင်ရပြီး တစ်ခြားသူတွေထက် မဆိုးပါဘူး။ ဘာကြောင့် ငါက အမြဲတမ်း ‘အကူလက်ထောက်’ ပဲ ဖြစ်နေရတာလဲ။ ဘာကြောင့်ငါက အမြဲတမ်း သူများအောက်မှာဘဲ ရှိနေရတာလဲ” ဟု တွေးမိခဲ့ပါသည်။ ကျွန်မ၏ ဆန္ဒများက တစ်ခါမှ မပြည့်သည့်အတွက်၊ စစ်ဆေးပြုပြင်ပေးခြင်း၏ နာကျင်မှုကို ခံစားနေရပြီး ဘုရားသခင်အပေါ် နားလည်မှု လွဲခြင်းများ ကြားမှာ အမြဲတမ်း အသက်ရှင် နေခဲ့ရပါသည်။ ယင်းမှ ကျွန်မ မလွတ်မြောက်နိုင်ခဲ့ပါ။ တစ်ရက်မှာ ခေါင်းဆောင်က ကျွန်မနှင့် လက်တွဲလုပ်ရသူကို စာတစ်ချို့စီခိုင်းသော်လည်း ကျွန်မကိုမူ ကူညီဖို့ မပြောခဲ့ပါ။ ယင်းသည် ကျွန်မကို အထိနာသွားစေပါသည်။ ထိုကဲ့သို့ အကျိုးမရှိသည့် အရာမျိုးကို လိုက်မခံစားသင့်ကြောင်း ကျွန်မ သိသော်ငြားလည်း ကျွန်မ လွတ်မချနိုင်ဘဲ နောက်တစ်ခါ နာကျင်မှု ဒုက္ခထဲကို ကျရောက်သွားပြန်ပါသည်။ အဘယ့်ကြောင့် ဤကဲ့သို့ အခြေအနေမျိုးနှင့် အမြဲတမ်း ကြုံနေရသနည်းဟု ကျွန်မ တွေးမိခဲ့ပါသည်။ အခြေအနေတွေက အဘယ့်ကြောင့် ကျွန်မလိုချင်သကဲ့သို့ မဖြစ်ရသနည်း။ ဘုရားသခင်က အဘယ့်ကြောင့် ဤကဲ့သို့ ပြုရသနည်း။ ကျွန်မ လုံးဝကို နားမလည်နိုင်ခဲ့ပါ။

နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်နေသည့်အချိန်မှာ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေ့ခဲ့ပါသည်။ “သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သေလိုပြီး သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်လိုသည့် အနေအထားအထိရောက်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်မှုကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ သင်သည် စာတန်၏ ချုပ်နှောင်ခြင်းကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ သင်၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို သင်သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စမ်းသပ်မှုများအလယ်၌ ဘုရားသခင်ကို ကျေနပ်စေသင့်သည့် နည်းလမ်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များထံမှ နွေးထွေးမှု လှိုင်းတစ်ခု ကျွန်မ၏ နှလုံးသားထဲမှာ ခံစားလိုက်ရခြင်းဖြင့် ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင် ဉာဏ်အလင်းဖွင့်ပြ လိုက်သကဲ့သို့ပင် ဖြစ်ပါသည်။ သူက အဘယ့်ကြောင့် ဤနည်းဖြင့် အမှုအရာများကို ပြုရခြင်းနှင့် ပန်းတိုင်က မည်သည့်အရာ ဖြစ်သည်ကို ကျွန်မကို ပြောပြပြီး၊ သူ့၏ကောင်းမွန်သည့် ရည်ရွယ်ချက်များကို နားလည်သဘောပေါက် စေခဲ့ပါသည်။ ဘုရားသခင်ထံမှ ထိုဉာဏ်အလင်းဖွင့်ပြခြင်း နှင့်အတူ ကျွန်မအတွက် သူဖန်တီးပေးခဲ့သည့် ပတ်ဝန်းကျင်ကို ကျွန်မ အမြင်သစ်နှင့် မနေနိုင်ဘဲ ကြည့်လိုက် ပါသည်။ ထိုအချိန်တွင် ဘုရားသခင်က ကျွန်မကို အသိဆုံး ဖြစ်ကြောင်းကို တွေ့လိုက်ရပါသည်။ ကျွန်မအပေါ်မှာ စာတန်၏ လွှမ်းမိုးမှု၏ ချည်နှောင်မှုတွေသည် မည်သည့်အပိုင်းတွင် အဆိုးဆုံးဖြစ်ကြောင်းကို သူသိသည်၊ စာတန်ထံမှလာသည့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းက အဆင့်အတန်း ဂုဏ်အဆောင် အယောင်ဘက် အပိုင်းက အပြင်းထန်ဆုံး ဖြစ်နေသည်ကိုလည်း သူရှင်းရှင်းလင်းလင်း သိပါသည်။ ဘုရားသခင်က ကျွန်မကို စာတန်၏ အုပ်စိုးမှုအောက်မှာ နေထိုင်ရင်း စာတန်အားဖြင့် ဖောက်ပြန်ပျက် နေခြင်း၊ ဖိနှိပ်ခံနေရခြင်း၊ နှိပ်စက် ခံနေရခြင်း၊ အနင်းခံနေရခြင်းများကို မကြည့်ရက်နိုင်ခဲ့ပါ။ ထို့ကြောင့် ဘုရားသခင်က ကျွန်မ၏ အကျင့် စရိုက်ကို ပစ်မှတ်ထားခဲ့ပြီး ကျွန်မမှာ လိုအပ်နေသည့် အချက်အပေါ်မူတည်ပြီး စာတန်အားဖြင့် ကျွန်မ နက်နက် ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေသည့် အပိုင်းကို ထပ်တလဲလဲ သန့်စင်ပေးခဲ့ပါသည်။ ထိုထုတ်ဖော်ခြင်းများ၊ ပြစ်တင် ဆုံးမခြင်းများ၊ စစ်ဆေးခြင်းများ၊ အားလုံးက ကျွန်မအတွက် ဘုရားသခင်၏ ချစ်ခြင်းဖြင့် ကယ်တင်ခြင်းများ ဖြစ်ပါသည်။ သို့သော် နှစ်အတော်ကြာအထိ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက် များကို ကျွန်မ လုံးဝ နားမလည်ခဲ့ပါ။ ကျွန်မအပေါ်မှာ ဘုရားသခင်၏ “ဖယ်ရှားခြင်း” လုပ်ဆောင်မှုကို ကျွန်မ လက်ခံဖို့ ဆန္ဒမရှိခဲ့ပါ။ ထို့ကြောင့် သူ့၏စေတနာကို ကျွန်မ အမြဲတမ်း အထင်လွဲနေပြီး ကျွန်မအပေါ် မမျှတပါ၊ ဖိနှိပ်သည်၊ မိမိကိုယ်ကိုယ် ပြသခွင့်မပေးပါဟု အမြဲတမ်း ခံစားနေရပါသည်။ ယင်းကို ယခုတွေးကြည့်တော့ အဆင့်အတန်း ဂုဏ်အဆောင်အယောင်များကို ဘဝဟုမြင်သည့် ကျွန်မလိုလူသည် နေရာတိုင်းမှာ ကျွန်မ၏ ကိုယ်ပိုင် နည်းလမ်းအတိုင်း အမှန်တကယ် လုပ်ခဲ့ရပါက၊ ကျွန်မ၏ အတွင်းဆန္ဒက ပို၍ကြီးလာပြီး အဆုံးမှာ ကျွန်မ ပျက်စီးသွားနိုင်ပါသည်။ ကျွန်မ လုံးဝကို ပျက်စီးသွားနိုင်ပါသည်။ ထိုအခါ ကျမှသာ နှစ်ပေါင်းများစွာ ကျွန်မအတွက် ဘုရားသခင်၏ ကြိုးပမ်းလုပ်ဆောင်မှုကို နားလည်ခဲ့ရပါသည်၊ ထိုအခါကျမှသာ ကျွန်မအတွက် ဘုရားသခင်ဖန်တီးပေးခဲ့သည့် ပတ်ဝန်းကျင်သည် ကျွန်မကို ကယ်တင်ဖို့ ဖြစ်ကြောင်းကို သိမြင်ခဲ့ပါသည်။ ဤသည်မှာ စကားလုံးများနှင့် ဖော်ပြ၍မရသည့် ချစ်ခြင်းဖြစ်ပါသည်။ ကျွန်မ၏ နှလုံးသားသည် ဘုရားသခင်၏ ဖြူစင်သည့် ချစ်ခြင်းကြောင့် လှုပ်ရှားသွားခဲ့ရပြီး ဘုရားသခင်အပေါ် အထင်လွဲမှုက ကျွန်မ၏ နှလုံးသားထဲမှနေ ပျောက်ကွယ်သွားခဲ့ပါသည်။ ကျွန်မအတွက် ဘုရားသခင် ဖန်တီးပေးခဲ့သည့် ပတ်ဝန်းကျင် အတွင်းမှာ ကျွန်မသည် ပျော်ရွှင်စွာနှင့် နာခံဖို့ ဆန္ဒရှိနေပါသည်။

လူသားမျိုးနွယ်ကို ကြိုးစားပြီး စစ်ဆေးပြုပြင်ပေးဖို့ ဘုရားသခင်က ပတ်ဝန်းကျင်တွေကို ဖန်တီး ပေးသည်ကို ကျွန်မ ဤအတွေ့အကြုံ အားဖြင့်သာ အမှန်တကယ် အသိအမှတ်ပြု လက်ခံခဲ့ပါသည်။ ဤအချက် ထဲမှာ လေးနက်သည့် အဓိပ္ပါယ်နှင့် ကြီးမားသည့် ချစ်ခြင်းနှစ်ခုလုံး ပါရှိပါသည်။ အမှန်တော့ ကျွန်မအတွက်က ကျွန်မ၏ အယူအဆနှင့် မကိုက်ညီသည့် အခြေအနေများ ကျွန်မအပေါ်ကို ကျရောက်လာ သည့်အခါမှာ ဤသည်က ဘဝမှာ ကျွန်မ တကယ့်ကို အတိအကျ လိုအပ်နေသည့်အရာများ ဖြစ်ပါသည်။ ဘုရားသခင်က ကျွန်မကို ကယ်တင်ပြီး ကျွန်မကို ပြည့်စုံစေဖို့အတွက် သူ့ကိုသိမြင်ပြီး နာခံဖို့ ကျွန်မကို ပြုလုပ်ပေးသည့် မရှိမဖြစ် လိုအပ်သည့် နည်းလမ်းများ ဖြစ်ပါသည်။ မိခင်တစ်ယောက်က သူ့ကလေးများ၏ ကျန်းမာရေးကို အမှန်တကယ် နားလည်သကဲ့သို့ပင် ဖြစ်ပါသည်၊ မည်သည့်ကလေးက မည်သည့်အရာကို လိုအပ်ကြောင်း၊ သူတို့ကို မည်သည့် အဟာရဓါတ် ဖြည့်ဆည်းဖို့ လိုအပ်ကြောင်းတို့ကို မိခင်တစ်ယောက်က ကောင်းကောင်း နားလည်ပါသည်။ ယနေ့ လူများ၏ ဘဝမှာ ဘုရားသခင်၏ လုပ်ဆောင်မှုသည်လည်း အတူတူပင် ဖြစ်ပါသည်။ ဘုရားသခင်က လူများအတွက် ပတ်ဝန်းကျင်များကို ဖန်တီးပေးပြီး သူတို့ဘဝမှာ ဘုရားသခင် လုပ်ဆောင်သမျှ အရာတိုင်းသည် သူတို့၏ လိုအပ်ချက်အပေါ်မှာပင် မူတည်ပါသည်။ ၎င်းတို့အားလုံးက သူတို့ဘဝအတွက် မည်သည့်အရာဖြစ်ဖြစ် အကျိုးအမြတ် အရှိဆုံးဖြစ်ပြီး သမ္မာတရားကို ရရှိဖို့၊ ဘုရားသခင်အပေါ် နာခံခြင်းကို ရရှိဖို့၊ စာတန်၏ လွှမ်းမိုးမှုကို စွန့်ပစ်ဖို့ သူတို့ကို အခွင့်ပေးခြင်း ဖြစ်ပါသည်။ လူများက သူတို့အတွက် ဘုရားသခင် ဖန်တီးပေးခဲ့သည့် ပတ်ဝန်းကျင်အတွင်းမှာ လိုက်နာ နာခံနိုင်သည်ဆိုပါက သူတို့သည် သမ္မာတရားကို ရရှိနိုင်သည်၊ အသက်ကို ရရှိနိုင်သည်။ လူများက သူတို့၏ ပင်ကိုယ်စရိုက်နှင့် ကြိုက်နှစ်သက်သည့် အရာတွေအပေါ် လွတ်လပ်စွာ လုပ်ကိုင်နေပြီး ဘုရားသခင်က သူတို့အလိုကို ဖြည့်ဆည်းပေးနေပါက၊ သူတို့သည် မည်သည့်အရာမျှ ရရှိမှာ မဟုတ်သည့် အပြင် ဘုရားသခင်ကို ရွံ့မုန်းလာကြ ပါလိမ့်မည်၊ အဆုံးမှာ သူတို့ကိုယ်သူတို့ ထိခိုက်ပြီး ပျက်စီးစေနိုင် ပါသည်။ ဤသည်မှာ လူများကြိုက်သည့်အရာများက သူတို့အတွက် မသင့်တော် သည့်အတွက်ကြောင့်ဖြစ်ပြီး၊ သူတို့အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ပြည့်စုံစေခြင်းတို့ အတွက်ပင် အကျိုးအမြတ် နည်းပါးစေပါသည်။ လူသားမျိုးနွယ်ကို ဘုရားသခင်ပေးသည့် အရာသာလျှင် အကောင်းဆုံးဖြစ်ပါသည်၊ ယင်းကသာ လူတွေ အလိုအပ်ဆုံး အရာဖြစ်ပါသည်။ ထိုအချိန်မှာမှဘဲ ဘုရားသခင်ပြောသည့် အရာအပေါ်မှာ လက်တွေ့ နားလည် သဘောပေါက်မှု တစ်ချို့ကို နောက်ဆုံးတွင် ရရှိလိုက်ရပါသည်။ “ယနေ့၏ လမ်းကြောင်းသည် တရားစီရင်ခြင်းနှင့် ကျိန်ခြင်းတို့ အတူပါရှိသည့် လမ်းကြောင်းတစ်ခု ဖြစ်၏၊ သို့သော်လည်း၊ တရားစီရင်ခြင်း ဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်း ဖြစ်စေ- သင်တို့အပေါ် ငါပေးအပ်ပြီးဖြစ်သည့် အရာအားလုံးသည် သင်တို့အား ငါ ပေးနိုင်သည့် အကောင်းဆုံး ဆုကျေးဇူးများဖြစ်ပြီး သင်တို့ အရေးတကြီး လိုအပ်သောအရာ အားလုံး ဖြစ်သည်ကို သင်တို့အားလုံး သိသင့်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား”)

ကျွန်မအပေါ်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ကို နားလည်ပြီး၊ အသိပညာတစ်ချို့ကို ရရှိခွင့် ပြုသည့်အပြင်၊ တစ်ခုခုကို လက်ခံဖို့ ကျွန်မ ဆန္ဒမရှိလေလေ၊ ထိုအရာကို ကျွန်မလိုအပ်လေလေဖြစ်ပြီး၊ ကျွန်မ ပိုပြီး လက်ခံသင့်​ကြောင်း ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြခြင်း အတွက် ကျွန်မ ကျေးဇူးတင်ပါသည်။ ဤနည်းဖြင့်သာလျှင် ဘုရားသခင်က ကျွန်မကို ပေးနေသည့်အရာကို ကျွန်မ ရရှိနိုင်မှာဖြစ်ပါသည်။ ဘုရားသခင်၏ အနှစ်သာရသည် ကောင်းမွန်ပြီး လူသားမျိုးနွယ်အတွက် သူလုပ်ဆောင်သည့် အရာအားလုံးက ချစ်ခြင်း မေတ္တာပင် ဖြစ်ကြောင်းကိုလည်း နားလည်သဘောပေါက် ရပါသည်။ ယင်းမှာ လူများ၏ ဘဝအတွက် အကျိုးအမြတ်အရှိဆုံး အရာများအားလုံးပင် ဖြစ်ပါသည်၊ လူများ၏ဘဝမှာ အလိုအပ်ဆုံး အထောက်အပံ့ဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်က လူသားကို ပေးသည့် အကောင်းဆုံး လက်ဆောင်ဖြစ်ပါသည်။ ယနေ့မှစ၍ ရှေ့ဆက်ပြီး ကျွန်မသည် ဘုရားသခင်၏ လက်တော်ထဲမှာ ကျွန်မ၏ ဘဝတစ်ခုလုံးကို အပ်နှံပြီး ဘုရားသခင် ကျွန်မအပေါ်မှာ ပြီးမြောက်စေသည့် လုပ်ဆောင်မှု အားလုံးကို လက်ခံကာ နာခံဖို့ ဆန္ဒရှိနေပါသည်။ ကျွန်မသည် သမ္မာတရားကို သိမြင်ဖို့၊ သမ္မာတရားကို ရရှိဖို့၊ နောက်ပြီး ကျွန်မအတွက် ဘုရားသခင် ဖန်တီးခဲ့သည့် ပတ်ဝန်းကျင်အတွင်းမှာ မကြာမီ စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိဖို့ ဆန္ဒရှိနေပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူမုန်းမခံချင်သူများက ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရနိုင်ပါသလား

ဟောင်ကျန့် တရုတ်နိုင်ငံ ကျွန်တော်က ကံကြွေးချစနစ်နှင့် ရှုပ်ထွေးသည့် လူမှုဆက်ဆံရေးများရှိသည့်၊ ဆင်းရဲပြီး ခေတ်နောက်ကျနေသည့် ရွာတစ်ရွာက...

ဧဝံဂေလိဟောကြားခြင်း၌ အခက်အခဲများ ရှိသည့်အခါ

၂၀၂၀မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ သခင်ပြန်ကြွလာတာကို ကြိုဆိုနိုင်ဖို့က ကျွန်မရဲ့...

သင်၏ အငြင်းအခုံသန်ခြင်း နောက်ကွယ်တွင် မည်သည့် စိတ်သဘောထားရှိသနည်း

ချမ်းမို တောင်ကိုရီးယားနိုင်ငံ ဘုရားကို နှစ်ချီယုံကြည်ပြီးတဲ့နောက်မှာ၊ သမ္မာတရားကို လက်ခံတဲ့လူတွေကို ဘုရားနှစ်သက်တာ မူအရသိခဲ့တယ်။...

ဘုရားသခင်အတွက် ဘယ်လိုသက်သေခံရမယ်ဆိုတာ အခု ကျွန်မသိပြီ

ရွှင်လု တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ဧဝံဂေလိ မျှဝေရင်းနဲ့ အစ်မချန်နဲ့အတူ အလုပ်လုပ်တယ်။ ကျွန်မက ဒီအလုပ်နဲ့ပတ်သက်ပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။