စစ်မေးခန်းထဲက ညှဉ်းပန်းနှိပ်စက်ခြင်း

04.04.2021

ရှောက်မင်း တရုတ်နိုင်ငံ

၂၀၁၂ ခုနှစ်တွင် အသင်းတော်အတွက် ဧဝံဂေလိတရား ဟောကြားနေစဉ်တွင်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးခြင်းကို ကျွန်မခံခဲ့ရသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေခန့်တွင်၊ ကျွန်မအိမ်သို့ ပြန်လာပြီး၊ အမြဲပြုနေကျအတိုင်း ကျွန်မ၏ လျှပ်စစ်အားသွင်း မော်တော် ဆိုင်ကယ်လေးကို အပြင်တွင် ရပ်ကာ၊ လူခေါ်ခေါင်းလောင်း တီးလိုက်သည်။ အံ့အားသင့်စွာပင် ကျွန်မ တံခါးဖွင့်လိုက်ပြီးမကြာမီတွင် တုတ်ခိုင်သန်မာသော ယောက်ျား လေးယောက်က ကျွန်မအပေါ်ကို ဝံပုလွေများကဲ့သို့ ခုန်အုပ်ခဲ့သည်။ သူတို့က ကျွန်မ၏ လက်များကို နောက်သို့လိမ်ပြီး ကျွန်မကို လက်ထိတ်ခတ် လိုက်သည်၊ ထို့နောက် ထိုင်ခုံတစ်ခုပေါ်သို့ တွန်းချလိုက်ကာ၊ ထိုထိုင်ခုံပေါ်တွင် ကျွန်မကို ဖိထားကြသည်။ ရဲအချို့က ကျွန်မ၏အိတ်ကို ချက်ချင်း စတင်လှန်လှော မွှေနှောက်တော့သည်။ ဤရုတ်တရက်ကြီး ကြမ်းကြုတ် ရက်စက်သော အင်အားပြမှုကို ရင်ဆိုင်ရလျက်၊ ကျွန်မသည် လန့်ဖျပ်ခြင်းဖြင့် အံ့အားသင့် နှုတ်ဆိတ်နေခဲ့ကာ၊ ခုခံရန် မည်သည့်ခွန်အား တစ်စုံတစ်ရာမျှမရှိဘဲ၊ ရက်စက်သော ဝံပုလွေများ၏ အဖမ်းခံရသော သနားစဖွယ် သိုးငယ်လေး တစ်ကောင်ကဲ့သို့ ခံစားခဲ့ရသည်။ ထို့နောက် သူတို့က ကျွန်မကို အပြင်ခေါ်ထုတ်သွားပြီး၊ အမဲရောင်ဆလွန်းကား အနောက်ထဲသို့ ထည့်လိုက်သည်။ ကားထဲတွင် သူ့ကိုယ်ပိုင် အောင်မြင်မှုဖြင့် ယစ်မူးနေသည့် သနားစရာ လူကလေး တစ်ယောက်ပုံပေါက်သည့် ရဲဌာနအကြီးအကဲက ကျွန်မထံ လှည့်ပြီး “ကိုင်း၊ ငါတို့နင့်ကို ဘယ်လိုဖမ်းမိခဲ့လဲ နင်သိလား။” ဟု ပြောရင်း ကောက်ကျစ်လှည့်စားစွာ သွားဖြဲရယ်မော ပြနေခဲ့သည်။ ကျွန်မ ထွက်ပြေးဖို့ ကြိုးစားမည်ကို ကြောက်ပြီး၊ အန္တရာယ်ရှိသည့် ရာဇဝတ်သား တစ်ယောက်အလား ရဲအရာနှစ်ယောက်က ကျွန်မကို နှစ်ဖက်လုံးမှ ဖိပြီးချုပ်ထားကြသည်။ ကျွန်မ ဒေါသထွက်သလို အထိတ်တလန့်လည်း ဖြစ်ခဲ့ပြီး၊ ရဲများသည် ကျွန်မကို မည်သို့ ညှဉ်းဆဲမည်ကို ကျွန်မ မမှန်းဆနိုင်ခဲ့ပါ။ သူတို့၏ ညှဉ်းပန်းမှုကို ကျွန်မ ကြံ့ကြံ့မခံနိုင်ဘဲ၊ ယုဒတစ်ယောက် ဖြစ်လာကာ၊ ဘုရားသခင်ကို သစ္စာဖောက်မိမည်ကို ကျွန်မအလွန်အမင်း ကြောက်လန့်ခဲ့သည်။ သို့သော် ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ “သင်တို့သည် ငါ၏ရှေ့မှောက်တွင် မကြာခဏ ဆုတောင်းလျက် ကျိုးနွံစွာ အသနားခံနေသရွေ့ ငါသည် သင်တို့အပေါ်တွင် ယုံကြည်ခြင်း အားလုံးကို အပ်နှင်းထားလိမ့်မည်။ အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ပေးပြီး၊ ဖြည်းဖြည်းချင်း ကျွန်မကို တည်ငြိမ်စေဖို့ ထောက်ကူခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်မတွေးခဲ့သည်။ “ကောက်ကျစ်တဲ့ရဲတွေက ဘယ်လောက် ရက်စက်ပြီး ကြမ်းကြုတ်ပါစေ၊ သူတို့က ဘုရားသခင်ရဲ့ လက်တော်ထဲမှာ အသုံးခံတွေသာဖြစ်ပြီး၊ သူတို့က ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေထဲမှာ ရှိတယ်။ ဘုရားသခင်ကို ငါ စစ်မှန်တဲ့ နှလုံးသားနဲ့ ဆုတောင်းပြီး၊ အော်ခေါ်သမျှ ကာလပတ်လုံး၊ ဘုရားသခင်က ငါ့နဲ့အတူရှိမှာ ဖြစ်ပြီး၊ ဘာမှစိုးရိမ်စရာ မရှိဘူး။ ဒီကောက်ကျစ်တဲ့ရဲတွေက ငါ့ကို ရက်ရက်စက်စက် ညှဉ်းပန်းပြီး ရိုက်နှက်ရင်၊ အဲဒါက ဘုရားသခင်က ငါ့ယုံကြည်မှုကို စမ်းချင်လို့သာ ဖြစ်လိမ့်မယ်။ သူတို့ ငါ့ခန္ဓာကိုယ်ကို ဘယ်လို ညှဉ်းပန်းနိုင်ပါစေ၊ ဘုရားသခင်ကို မျှော်ကြည့်ခြင်းနဲ့ ခေါ်ခြင်းတို့ကနေ ငါ့ရဲ့ နှလုံးသားကို သူတို့ လုံးဝ မတားဆီးနိုင်ပါဘူး။ ငါ့ရဲ့ဖြစ်ခြင်း အားလုံးက ဘုရားသခင်ရဲ့ လက်တော်တွေထဲမှာ ရှိတာဖြစ်တဲ့ အားလျော်စွာ သူတို့က ငါ့ဇာတိခန္ဓာကို သတ်ခဲ့ရင်တောင်၊ သူတို့ ငါ့စိတ်ဝိညာဉ်ကို မသတ်နိုင်ဘူး။” ကျွန်မ ဤအရာကို တွေးမိသည်နှင့်တစ်ပြိုင်နက်၊ စာတန်နတ်ဆိုးကို ကျွန်မ နောက်ထပ် မကြောက်တော့ဘဲ၊ ဘုရားသခင်အတွက် သက်သေရပ်တည်ရန် စိတ်ပိုင်းဖြတ်လာခဲ့သည်။ ထို့ကြောင့် ကျွန်မ၏ စိတ်နှလုံး ထဲတွင် “အို အနန္တတန်ခိုးရှင်ဘုရားသခင်၊ ဒီနေ့ သူတို့က ကျွန်မကို ဘာပဲ လုပ်လုပ်၊ အားလုံးကို ရင်ဆိုင်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်က အားနည်းပေမဲ့လည်း၊ ကိုယ်တော့်ကို အားထားရင်း ကျွန်မ အသက်ရှင်ဖို့ ဆန္ဒရှိပြီး၊ ကျွန်မကို အမြတ်ထုတ်ဖို့ စာတန်ကို အခွင့်အရေး တစ်ခုတောင် မပေးချင်ပါဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်မကို ကွယ်ကာတော်မူပါ၊ ကိုယ်တော့်ကို သစ္စာဖောက်ခွင့် မပေးပါနဲ့၊ ပြီးတော့ ရှက်စရာကောင်းတဲ့ ယုဒတစ်ယောက် ဖြစ်ခွင့်မပေးပါနဲ့။” ဟု အော်ခေါ်ခဲ့သည်။ ကျွန်မတို့ မောင်းလာရင်းဖြင့်၊ အသင်းတော် ဓမ္မသီချင်းများထဲမှ တစ်ပုဒ်ကို ကျွန်မ၏ စိတ်ထဲတွင် မပြတ် သီဆိုခဲ့သည်။ “ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအားဖြင့်၊ ကျွန်ုပ်သည် ခက်ခဲမှုနှင့် တွေ့ကြုံကာ စုံစမ်းခြင်းခံရ ကျွန်ုပ် ဘယ်လို အားငယ်စရာ အကြောင်းရှိမလဲ။ ဘုရား၏ ဘုန်းတော်သာ သည်သာ ပထမ။ ခက်ခဲမှုကြား နှုတ်ကပတ်တော်သည် ကျွန်ုပ်ကိုလမ်းပြ ကျွန်ုပ်၏ ယုံကြည် ခြင်းကို ပြည့်စုံစေ ဘုရား၌ကျွန်ုပ် လုံးလုံးဆက်ကပ်၍ သေခြင်း ကို မမှု အားလုံးအထက်တွင် ဘုရား၏အလိုတော် ရှိသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားသခင် ကျေနပ်စေဖို့သာ ကျွန်ုပ်တောင်းဆို”) ကျွန်မ တိတ်ဆိတ်စွာ သီဆိုသည်နှင့်အမျှ၊ ကျွန်မ၏ စိတ်နှလုံးသည် ခွန်အားဖြင့် ပြည့်လျှံခဲ့ပြီး၊ စာတန်ကို အရှက်ရစေသည်အထိ သက်သေရပ်တည်ပြီး ဘုရားသခင်ကို အားကိုးရန် ကျွန်မ သန္နိဌာန်ချထားခဲ့ပါသည်။

သူတို့က ကျွန်မကို စစ်မေးခန်းထဲသို့ ခေါ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ကျွန်မကဲ့သို့ တူညီသော အသင်းတော်တာဝန် ထမ်းဆောင်သည့် ညီအစ်မတစ်ယောက်၊ အသင်းတော် ခေါင်းဆောင် တစ်ယောက်တို့ပါ ထိုနေရာတွင် ရှိနေသည်ကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရသည်။ သူတို့အားလုံးလည်း အဖမ်းခံခဲ့ရသည်ကိုး။ ရဲအရာရှိများထဲမှ တစ်ယောက်က အသင်းတော် ညီအစ်မများကို ကျွန်မ ကြည့်နေသည်ကို တွေ့ပြီး၊ ကျွန်မကို ခါးခါးသီးသီးကြည့်ကာ “နင်ကဘာကို ငေးနေတာလဲ။ အထဲဝင်စမ်း။” ဟု ပြောရင်း ဆူပူလိုက်သည်။ သူတို့က ကျွန်မတို့ အချင်းချင်း စကားပြောခြင်းမှ တားဆီးဖို့ ရဲများက ကျွန်မတို့ကို ကွဲပြားသည့် စစ်မေးခန်းများတွင် ပိတ်ထားခဲ့သည်။ သူတို့က ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ရှာဖွေပြီး၊ ကျွန်မ၏ခါးပတ်ကို ဖြုတ်ကာ၊ တစ်ကိုယ်လုံး ပုတ်စမ်းရှာဖွေခဲ့သည်။ ၎င်းမှာ ရိုင်းစိုင်းသော စော်ကားမှုတစ်ရပ်ကဲ့သို့ ခံစားရပြီး၊ ဤတရုတ်ကွန်မြူနစ်ပါတီ အစိုးရ မကောင်းဆိုးဝါး အောက်ဆွဲများသည် မည်မျှ အမှန်တကယ် ဆိုးယုတ်ပြီး၊ စက်ဆုပ်ဖွယ်ကောင်းသည့်အပြင်၊ ယုတ်မာသည်ကို ကျွန်မ တွေ့မြင်ခဲ့သည်။ ကျွန်မ ဒေါသအမျက်ခြောင်းခြောင်းထွက် သော်လည်း၊ ဤမိစ္ဆာကောင်များ၏ သားရဲတွင်း၌ အသိစိတ်အတွက် နေရာမရှိသည့် အားလျော်စွာ၊ ကျွန်မ၏ ဒေါသူပုန်ထခြင်းကို မျိုသိပ်ရလေသည်။ ကျွန်မထံတွင် ပါသည့် အသင်းတော်ပိုင် လျှပ်စစ်အားသွင်း မော်တော်ဆိုင်ကယ် အသစ်လေးနှင့် ယွမ် ၆၀၀ တို့ကို သူတို့ သိမ်းဆည်းပြီးနောက်၊ ကျွန်မကို စတင် မေးမြန်းလေသည်။ “မင်းနာမည် ဘာလဲ။ အသင်းတော်မှာ မင်းရာထူးက ဘာလဲ။ မင်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ။ သူတို့ အခုဘယ်မှာလဲ။” ကျွန်မက လုံးဝ မဖြေသောကြောင့်၊ “မင်း မပြောရင် ငါတို့ မသိတော့ဘူးလို့ မင်းထင်နေတာလား။ ငါတို့ ဘာလုပ်နိုင်တယ်ဆိုတာ မင်းဘာမှ မသိဘူးပဲ။ မင်းရဲ့အထက်ခေါင်းဆောင်တွေကိုလည်း ငါတို့ ဖမ်းပြီးပြီဆိုတာ သိသင့်တယ်။” ဟု အော်ဟစ်ခဲ့သည်။ ထို့နောက် သူတို့က အမည်အနည်းငယ်ကို ဆက်ပြီး စာရင်းပြုစုကာ၊ ကျွန်မက ၎င်းတို့ထဲမှ တစ်ယောက်ယောက်ကို သိမသိမေးမြန်းခဲ့ပြီး၊ ကျွန်မကို ဆက်စစ်ကြောခဲ့သည်။ “နင့်အသင်းတော်ရဲ့ ပိုက်ဆံတွေအားလုံးကို ဘယ်မှာသိမ်းထားလဲ။ ငါတို့ကို ပြောစမ်း။” သူတို့ပြောသမျှကို “ငါဘယ်သူ့ကိုမျှ မသိဘူး။ ငါဘာမှ မသိဘူး။” ဟု ပြောရင်း ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။ သူတို့၏ စစ်မေးခြင်း ပထမတစ်သုတ် မအောင်မြင်ကြောင်း သူတို့မြင်သည့်အချိန်တွင်၊ ဝှက်ဖဲထုတ်သုံးရန် သူတို့ ဆုံးဖြတ်ခဲ့ကြပြီး၊ ကျွန်မကို အားနည်းစေရန် ကြိုးစား အားထုတ်ရာတွင် ကျွန်မကို အလှည့်ကျ စတင်စစ်ဆေးမေးမြန်းပြီး ညှဉ်းပန်းခဲ့သည်။ ပထမနေ့တွင် ရဲများက သူတို့လိုချင်သည့် သတင်းအချက်အလက်ကို ကျွန်မထံမှ ရအောင်မယူနိုင်ခဲ့သောကြောင့်၊ သူတို့က ဒေါသဖြင့် အရှက်ရပြီး၊ သူတို့ထဲမှ အကြီးအကဲက “သူပေတေနေတာနဲ့ ငါတို့ လက်လျှော့မှာ မဟုတ်ဘူး။ သူ့ကို နှိပ်စက်စမ်း။” ဟု ကြမ်းကြုတ်ရက်စက်စွာ ပြောခဲ့သည်။ ရဲများက ကျွန်မ၏ နောက်ကျောတွင် ရှိနေဆဲဖြစ်သည့် လက်ထိတ်ခတ်ထားသော လက်များကိုယူလိုက်ပြီး၊ စားပွဲတစ်ခုတွင် ချိတ်ဆွဲလိုက်သည်၊ ထို့နောက် သူတို့က ကျွန်မကို ဆောင့်ကြောင့် မဟုတ်တဟုတ် အနေအထားကို အတင်းအကျပ် ထိုင်ခိုင်းခဲ့သည်။ သူတို့က ကျွန်မကို ရန်လိုစွာကြည့်ပြီး၊ မေးခွန်းများ ဖိမေးခဲ့သည်။ “မင်းရဲ့ခေါင်းဆောင် ဘယ်မှာလဲ။ အသင်းတော်ရဲ့ ပိုက်ဆံတွေ အားလုံး ဘယ်မှာလဲ။” သူတို့က ထိုညှဉ်းပန်းမှု၏ ဖိအားအောက်တွင် ကျွန်မ စိတ်ဓာတ်ပျက်ပြားပြီး၊ သူတို့ကို အရှုံးပေးစေရန်သာ တရွရွဖြစ်နေကြသည်။ ကောက်ကျစ်သောရဲက နာရီဝက်ခန့် ဤညှဉ်းဆဲမှုကို ဆက်ပြီးနောက်၊ ကျွန်မ၏ ခြေထောက်များ စတင်ကိုက်ခဲပြီး တုန်ရီလာခဲ့သည်။ ကျွန်မ၏ နှလုံး အပြင်းအထန် ခုန်နေပြီး၊ ကျွန်မ၏ လက်များသည်လည်း ဆိုးရွားစွာ နာကျင်နေခဲ့သည်။ ကျွန်မသည် မိမိ ခံနိုင်ရည်၏ အဆုံးစွန်ကို ရောက်လာခဲ့ပြီး၊ ခဏလေးပင် မခံနိုင်တော့သည့်အလား ကျွန်မ ခံစားခဲ့ရသောကြောင့်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် အလေးအနက် အော်ခေါ်ခဲ့သည်။ “အို အနန္တတန်ခိုးရှင်ဘုရားသခင်။ ကျွန်မကို ကျေးဇူးပြုပြီး ကယ်တင်တော်မူပါ။ ကျွန်မ နောက်ထပ် သည်းမခံနိုင်တော့ပါဘူး။ ကိုယ်တော့်ကို ယုဒတစ်ယောက်လို သစ္စာမဖောက်ချင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ခွန်အားပေးတော်မူပါ။” ထို့နောက်တွင်ပင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက စိတ်ထဲ ဝင်ရောက်လာခဲ့သည်။ “သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏ နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်”) ဘုရားသခင်ကို သစ္စာဖောက်ပြီး သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်စေရန် စာတန်က ကျွန်မကို ဤနည်းလမ်းဖြင့် ညှဉ်းပန်းနေကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို နိုးကြားစေပြီး၊ နားလည် သဘောပေါက်နိုင်စေခဲ့သည်။ ဤသည်မှာ ဝိညာဉ်ရေးရာနယ်ပယ်တွင် ဆင်နွှဲနေသည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ ၎င်းမှာ စာတန်က ကျွန်မကို စုံစမ်းသွေးဆောင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ ကျွန်မကို စစ်ကြောခြင်း နည်းလမ်းလည်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ကျွန်မ သက်သေခံရန် လိုအပ်သည့် တကယ့် အခိုက်အတန့် ဖြစ်လေသည်။ ဘုရားသခင်သည် ကျွန်မနှင့် ပတ်သက်သည့် မျှော်လင့်ချက်များရှိပြီး၊ အားလုံးက ကျွန်မ၏ အနေအထားကို ကြေငြာရန် စောင့်ဆိုင်းနေရင်း၊ စာတန် နတ်ဆိုးကဲ့သို့ပင် လွန်များပြားသည့် ကောင်းကင်တမန်များက ကျွန်မကို ယခု စောင့်ကြည့်နေကြလေသည်၊ ကျွန်မ အလွယ်တကူ အရှုံးပေးပြီး မကျိုးနွံနိုင်သည့်အပြင် စာတန်ကိုလည်း အညံ့မခံနိုင်ပါ။ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ကျွန်မမှတစ်ဆင့် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ခွင့် ပေးရမည် ဖြစ်ကြောင်း ကျွန်မ သိခဲ့ပါသည်။ မပြောင်းလဲနိုင်သော အခြေခံမူ အားဖြင့် ဤသည်မှာ ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်နေဖြင့် ကျွန်မ ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်- ဤသည်မှာ ကျွန်မ၏ ဘဝပေးတာဝန် ဖြစ်သည်။ ဤအရေးကြီးသည့် အချိန်တွင် ကျွန်မ၏သဘောထားနှင့် အပြုအမူတို့သည် ဘုရားသခင်အတွက် အောင်မြင်သော သက်သေကိုခံရန် ကျွန်မ၏ စွမ်းရည်ပေါ်တွင် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိပြီး၊ ဘုရားသခင်က စာတန်ကို အနိုင်ယူပြီး သူ၏ ဘုန်းအသရေရရှိခြင်းကို သက်သေခံချက် တစ်ခုဖြစ်လာရန် ကျွန်မ၏ စွမ်းရည် အပေါ်တွင် သာ၍ပင် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိလေသည်။ ဘုရားသခင်ကို ပူဆွေးအောင် သို့မဟုတ် စိတ်ပျက်အောင် ကျွန်မ မလုပ်နိုင်သကဲ့သို့၊ ကျွန်မကို ဖိစီးနှိပ်စက်သည့် စာတန်၏ စဉ်းလဲသော အကြံအစည်များကိုလည်း အောင်မြင်ခွင့် မပြုနိုင်သည်ကို ကျွန်မ သိခဲ့သည်။ ဤအတွေးများကို တွေးရင်း၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ခွန်အား ရုတ်တရက် ပေါ်ထွန်းလာပြီး၊ ကျွန်မက “နင်ငါ့ကို သေတဲ့အထိ ရိုက်နိုင်တယ်၊ ဒါပေမဲ့ ငါဘာမှ မသိတာက မသိတာပဲ။” ဟု စွဲမြဲခိုင်မာစွာ ပြောခဲ့သည်။ ထို့နောက်တွင်ပင် ရဲမေတစ်ဦး အခန်းထဲဝင်လာသည်။ သူမက ကျွန်မကို မြင်ပြီး “မြန်မြန်လုပ်။ သူ့ကို ချပေးလိုက်။ နင်တို့က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ သူ့ကို သတ်မလို့လား။ သူ့ တစ်ခုခုဖြစ်ရင် နင်တို့ခေါင်းပေါ်ကျမယ်။” ဟု ပြောခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မ၏ ဆုတောင်းခြင်းများကို နားညောင်းခဲ့ပြီး၊ ဤအန္တရာယ်ရှိ သည့်အချိန်တွင် ထိခိုက်ခြင်းမှ ကွယ်ကာနေခဲ့ကြောင်း ကျွန်မ စိတ်နှလုံးထဲတွင် သိခဲ့ပါသည်။ ကောက်ကျစ်သည့်ရဲများက ကျွန်မကို အောက်ကို ချပေးလိုက်ချိန်တွင်၊ ကျွန်မ ကြမ်းပြင်ပေါ်သို့ ရုတ်ခြည်း ခွေလဲကျသွားခဲ့သည်။ ကျွန်မ မတ်တပ်မရပ် နိုင်ခဲ့ပါ၊ ကျွန်မ၏ လက်များနှင့် ခြေထောက်များသည် ခံစားချက်များအားလုံး လုံးလုံး ပျောက်ဆုံးသွားခဲ့သည်။ ကျွန်မမှာ အသက်ရှုဖို့ ခွန်အားမရှိဘဲ၊ ကျွန်မ၏ ခြေလက်အင်္ဂါ လေးခုလုံးကို မည်သည့်ခံစားချက်မျှ မရှိခဲ့ပါ။ ထိုအချိန်က ကျွန်မ အလွန်ကြောက်ခဲ့ပြီး မျက်ရည်များက ကျွန်မ၏ မျက်လုံးများမှ မရပ်မနား ကျဆင်းခဲ့သည်။ “ငါ မသန်မစွမ်းဖြစ်ရတာနဲ့ အဆုံးသတ်ရတော့မလား။” ဟု ကျွန်မ တွေးမိသည်။ ဤသို့ဖြစ်စေကာမူ ကောက်ကျစ်သော ရဲများက ကျွန်မကို မလွှတ်ပေးသေးပါ။ ကျွန်မနံဘေး တစ်ဖက် တစ်ချက်စီတွင် တစ်ယောက်စီရှိလျက်၊ သူတို့က ကျွန်မ၏ လက်များကို ချုပ်ထားပြီး၊ ထိုင်ခုံတစ်ခုဆီသို့ ကျွန်မကို အလောင်းကောင်ကဲ့သို့ ဒရွတ်တိုက် ဆွဲခေါ်သွားကာ၊ ထိုထိုင်ခုံပေါ်သို့ တွန်းချ လိုက်သည်။ ရဲများထဲမှ တစ်ယောက်က “သူ စကားမပြောရင် သူ့ကို ကြိုးနဲ့ ဆွဲချိတ်ထားလိုက်။” ဟု ရက်ရက်စက်စက် ပြောခဲ့သည်။ အလွန်လျင်မြန်စွာပင်၊ အခြားကောက်ကျစ်သည့် ရဲတစ်ယောက်က ပါးသော နိုင်လွန်ကြိုးတစ်ကြိုးကို ထုတ်လိုက်ပြီး၊ ၎င်းကို အသုံးပြုပြီး ပူနေသည့် ပိုက်လိုင်းတစ်ခုပေါ်သို့ ကျွန်မ၏ လက်ထိတ်ခတ်သည့် လက်များကို ဆွဲခဲ့သည်။ ကျွန်မ၏လက်များက ချက်ချင်း ဆန့်ဆွဲခံထားရပြီး၊ ကျွန်မ၏ ကျောနှင့် ပခုံးတို့သည် မကြာမီ စတင် နာကျင်လာခဲ့သည်။ ကောက်ကျစ်သောရဲများက ကျွန်မကို “ငါတို့သိချင်တာကို မင်းပြောမှာလား။” ဟု မေးရင်း ဆက်ပြီး စုံစမ်းမေးမြန်းကြသည်။ ကျွန်မ အဖြေမပေးသေးပါ။ သူတို့က အလွန်ဒေါသထွက်ပြီး၊ ကျွန်မကို နှိုးရန်ဟု ပြောလျက် ကျွန်မ၏ မျက်နှာကို ရေတစ်ခွက်ဖြင့် ပက်လိုက်သည်။ ဤအချိန်တွင် ကျွန်မသည် ခွန်အားတစ်စက်မျှပင် မကျန်တော့သည့်အချိန်အထိ ညှဉ်းပန်းခံထားရနှင့်ပြီး ဖြစ်သကဲ့သို့၊ ကျွန်မ၏ မျက်လုံးများသည် အလွန်ညောင်းညာသည်မှာ ကျွန်မ ဖွင့်ပင်မဖွင့်နိုင်ခဲ့ပါ။ ကျွန်မ ဆက်ပြီး တိတ်ဆိတ်နေသည်ကို သူတို့ မြင်ရင်း၊ ကောက်ကျစ်သော ရဲများထဲမှ တစ်ယောက်က ကျွန်မကို လှောင်ပြောင်ရန် ကျွန်မ၏ မျက်လုံးများကို ယုတ်မာစွာနှင့် အရှက်မဲ့စွာ သူ့လက်များဖြင့် အတင်းဖွင့်လေသည်။ စစ်ဆေးမေးမြန်းခြင်း နှင့် ညှဉ်းပန်းခြင်းတို့ကို နာရီအနည်းငယ် ကြုံတွေ့ရာတွင်၊ ကောက်ကျစ်သော ရဲများသည် သူတို့ နည်းကုန်လမ်းကုန် အသုံးပြုခဲ့သော်လည်း၊ ကျွန်မ စကားပြောဖို့ သူတို့၏ ကြိုးပမ်းအားထုတ်မှုများ အားလုံးသည် မအောင်မြင်ဘဲ အဆုံးသတ်ခဲ့သည်။

ကျွန်မကို မေးမြန်းခြင်းအားဖြင့် သူတို့ မည်သည့်အရာမျှ မရရှိနိုင်သည်ကို မြင်လျက်၊ ကောက်ကျစ်သော ရဲများသည် ဆိုးယုတ်သော အကြံအစည်တစ်ခုကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့သည်။ သူတို့က ကျွန်မကို ကိုယ်တွယ်ရန် မိမိကိုယ်ကိုယ် “စစ်မေးခြင်း ကျွမ်းကျင်သူ” ဟု ခေါ်သည့် မြို့မှ လူတစ်ယောက်ကို လာခိုင်းခဲ့သည်။ ကျွန်မကို နောက်တစ်ခန်းသို့ သူတို့ခေါ်သွားပြီး၊ သတ္တုထိုင်ခုံတစ်ခုတွင် ထိုင်ခိုင်းခဲ့သည်၊ ထို့နောက် ကျွန်မ၏ ခြေမျက်စိကို ထိုင်ခုံခြေထောက်များဖြင့် လည်းကောင်း၊ ကျွန်မ၏ လက်များကို ထိုင်ခုံလက်ရမ်းများဖြင့်လည်းကောင်း တင်းကျပ်စွာ ချည်နှောင်ခဲ့သည်။ အချိန် အနည်းငယ်ကြာပြီးနောက်၊ မျက်မှန်တပ် ထားသော၊ ယဉ်ကျေးဖွယ်ရာပုံပေါက်သည့် လူတစ်ယောက် ရုံးသုံးလက်ဆွဲအိတ်တစ်လုံးဖြင့် ဝင်လာခဲ့သည်။ သူက ကျွန်မကို သိသိသာသာ ပြုံးပြခဲ့ပြီး၊ သဘောကောင်းယောင် ဟန်ဆောင်လေသည်၊ ထိုင်ခုံတွင် ချည်နှောင်ထားသည့် ကျွန်မ၏လက်များနှင့် ခြေထောက်များကို သံကြိုးများ ဖြေလိုက်ပြီး အခန်းထဲတစ်ဖက်ရှိ ခေါက်ခုတင်ပေါ်တွင် ကျွန်မကို ထိုင်ခွင့်ပေး လိုက်သည်။ တစ်ခဏ သူက ရေတစ်ခွက် လောင်းထည့်နေသည်၊ ထို့နောက် သူက ကျွန်မကို သကြားလုံးများ ကျွေးခဲ့သည်။ သူက ကျွန်မထံသို့လာပြီး၊ ဟန်ဆောင်ထားသည့် ဖော်ရွေမှုဖြင့်၊ “ဘာလို့ဒီလို ဒုက္ခခံနေတာလဲ။ နင့်မှာ ဒုက္ခတွေ အများကြီးခံပြီးပြီ၊ ဒါပေမဲ့ အမှန်တော့ အဲဒီလောက် အရေးမကြီးပါဘူး။ ငါတို့သိချင်တာသာ ငါတို့ကို ပြောပြလိုက်၊ ပြီးတော့ အားလုံး အဆင်ပြေသွားလိမ့်မယ်…” ဟု ပြောလိုက်သည်။ ဤအခြေအနေ အသစ်ကို ရင်ဆိုင်ရလျက်၊ ကျွန်မ မည်သို့ လုပ်သင့်သည်ကို မသိခဲ့သောကြောင့်၊ ကျွန်မကို ဉာဏ်အလင်းပြပါရန်နှင့် လမ်းပြပါရန် ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကမန်းကတန်း ဆုတောင်းပြီး အော်ခေါ်ခဲ့သည်။ ထို့နောက်တွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မတွေးမိပါသည်။ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို နတ်ဆိုးတစ်ကောင်သည် အမြဲတမ်း နတ်ဆိုးတစ်ကောင်သာဖြစ်မည့်အကြောင်းနှင့် နတ်ဆိုး တစ်ကောင်သည် ဘုရားသခင်ကို သူ၏ ဆိုးယုတ်သော ခုခံခြင်း၊ မုန်းတီးခြင်း အနှစ်သာရ လုံးဝ မပြောင်းလဲနိုင်ကြောင်းတို့ကို နားလည်သဘောပေါက် စေရန် ကူညီခဲ့သည်။ သူတို့က အကြမ်းနည်းများသုံးသည်ဖြစ်စေ အနုနည်းများ သုံးသည်ဖြစ်စေ၊ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်စေရန်နှင့် မှန်ကန်သော နည်းလမ်းကို စွန့်လွှတ်စေရန်တို့သည် သူတို့၏ ရည်မှန်းချက် အမြဲတမ်း ဖြစ်လေသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သတိပေးခြင်း ကျေးဇူးကြောင့်၊ ကျွန်မသည် စာတန်၏ စဉ်းလဲသော အကြံအစည်များကို ထိုးထွင်းသိမြင်မှု အချို့ရရှိလာခဲ့ပြီး၊ ကျွန်မ၏ စိတ်သည် ရှင်းလင်းသွားကာ၊ ခိုင်မာသည့် ရပ်တည်ချက် တစ်ခုကို ချမှတ်နိုင်ခဲ့သည်။ ထို့နောက် ထိုစစ်မေးသူက ကျွန်မကို “တရုတ်ကွန်မြူနစ်ပါတီ အစိုးရက လူတွေကို ဘုရားသခင်ကို ယုံကြည်ခြင်း ကနေ တားမြစ်ထားတယ်။ မင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆက်ပြီး ယုံကြည်နေရင်တော့၊ မင်းရဲ့ မိသားစုတစ်စုလုံးပါ ပတ်သက်ငြိစွန်းကုန်မယ်၊ ပြီးတော့ အဲဒါက အနာဂတ်တွေ၊ အလုပ်တာဝန် ထမ်းဆောင်ခြင်း အလားအလာတွေ၊ မင်းမိသားစုထဲက ကလေးတွေရဲ့ အစိုးရဌာနတွေမှာ အလုပ်လုပ်ဖို့ အလားအလာတွေကို ထိခိုက်ကုန်မယ်။ မင်းအဲဒါကို သေသေချာချာ တွေးမှဖြစ်မယ်။” ဟု ပြောခဲ့သည်။ သူက ဤအရာကို ပြောပြီးနောက်၊ တိုက်ပွဲတစ်ခုသည် ကျွန်မအတွင်းတွင် စတင် သဲကြီးမဲကြီး ဖြစ်ပွားလာခဲ့ပြီး၊ ကျွန်မ နှစ်ဆ စိတ်အနှောင့်အယှက် ဖြစ်ခဲ့လေသည်။ ကျွန်မ လမ်းပျောက်သည်ဟု ခံစားနေရချိန်မှာပင်၊ စာတန်၏ ရှေ့တွင် အောင်မြင်စွာ သက်သေရပ်တည်ခဲ့သည့် အချိန်က ပေတရု၏ အတွေ့အကြုံများကို ရုတ်တရက် ကျွန်မ တွေးမိခဲ့သည်။ ပေတရုသည် သူ့ကို စာတန်က တေ့ပေးသည့် စဉ်းလဲသော အကြံအစည်တိုင်းမှတစ်ဆင့် ဘုရားသခင်ကို နားလည်သဘောပေါက်ရန် အမြဲတမ်း ကြိုးစားခဲ့သည်။ ထို့ကြောင့် ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မျှော်ကြည့်ပြီး သူ့ကို အရာအားလုံး ယုံကြည်စွာ ပေးအပ်ခဲ့ကာ၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခဲ့သည်။ သတိမမူမိဘဲနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မစိတ်ထဲသို့ ဝင်လာခဲ့သည်။ “ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက၊ မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ဖြစ်ပေါ်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မကို အလင်းဖြင့် ပြည့်စေခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်မက တွေးမိသည်။ “ဘုရားသခင် က ဖန်ဆင်းရှင် ဖြစ်ပြီးတော့၊ လူသားမျိုးနွယ်အနေနဲ့ ငါတို့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်တော်ထဲမှာရှိတယ်။ စာတန်နတ်ဆိုးက ဘုရားသခင်ကို အာခံတဲ့ အမျိုးဖြစ်တယ်။ သူတို့က ငရဲကို သွားကိန်းရှိတဲ့ သူတို့ကံကြမ္မာကိုတောင် မပြောင်းနိုင်ဘူးဆိုရင်၊ လူတစ်ယောက်ရဲ့ ကံကြမ္မာကို သူတို့ဘယ်လို အုပ်စိုးနိုင်မှာလဲ။ လူရဲ့ ကံကြမ္မာကို ဘုရားသခင်က ကြိုတင်ပြဌာန်းထားတာဖြစ်ပြီး၊ အနာဂတ်မှာ ငါ့ကလေးတွေ ဘာအလုပ်အကိုင်တွေ လုပ်မယ်ဆိုတာနဲ့ ဘယ်လို အလားအလာတွေ ရှိမယ်ဆိုတာက ဘုရားသခင်ပေါ်မှာ မူတည်ပါတယ်- စာတန်က ဒီအမှုကိစ္စတွေအပေါ် ဘာဆိုဘာမှ ထိန်းချုပ်မှု မရှိဘူး။” ဤအရာကို တွေးရင်း၊ စာတန်နှင့် သူ့မကောင်းဆိုးဝါးများသည် မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး အရှက်ကင်းမဲ့သည်ကို ကျွန်မ ပို၍ သိသာထင်ရှားစွာပင် မြင်လာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ကို ကျွန်မက ငြင်းပယ်ပြီး၊ ပစ်ပယ်ထားစေရန် အတင်းစေခိုင်းဖို့ ၎င်းသည် ကျွန်မ လှည့်စားခံရစေရန် ဖြားယောင်းဖို့ ကောက်ကျစ်ပြီး မသတီစရာ ဗျူဟာများဖြစ်သည့် ဤ “စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်ခြင်းများ” အသုံးပြု နေခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အချိန်ကိုက် အသိဉာဏ်ပေးခြင်းနှင့် လမ်းပြမှုတို့ကြောင့်သာ မဟုတ်ပါက၊ ကျွန်မသည် စာတန်၏ သိမ်းပိုက်ခြင်းခံရကာ၊ အကျဉ်းသားအဖြစ် အခေါ်ခံရပြီး ဖြစ်ခဲ့ပေလိမ့်မည်။ စာတန်သည် မည်မျှ စက်ဆုပ်ဖွယ် ကောင်းပြီး ဆိုးယုတ်သည်ကို ယခုကျွန်မ သိရသည့်အတွက်၊ သူ၏ စဉ်းလဲသော အကြံအစည်များကို အရှုံးမပေးဖို့ ကျွန်မ၏ ယုံကြည်ချက်သည် ပို၍ အားကောင်း လာခဲ့သည်။ အဆုံးတွင် ကောက်ကျစ်သော ရဲသည် လုံးလုံး ဦးနှောက်ခြောက်ကာ အခြား မည်သည့်အရာကို လုပ်ရမှန်း မသိသောကြောင့်၊ စိတ်ပျက်လက်ပျက် သူထွက်ခွာသွားခဲ့သည်။

တတိယမြောက်နေ့တွင် ကျွန်မထံမှ သူတို့ မည်သည့် သတင်းအချက်အလက်မျှ မရသည်ကို မှုခင်းပြစ်မှုဆိုင်ရာရဲတပ်ဖွဲ့ အကြီးအကဲက မြင်ပြီး၊ သူ၏ ငယ်သားများကို သူတို့၏ ညံ့ဖျင်းခြင်း အတွက် အပြစ်တင်လျက် ဒေါသအမျက်ခြောင်းခြောင်း ထွက်လာလေသည်။ သူက ကျွန်မထံသို့လာပြီး၊ သူ့မျက်နှာပေါ်တွင် ခနဲ့တဲ့တဲ့ အပြုံးတစ်ခုဖြင့် “မင်းက ဘာဖြစ်လို့ ဖွင့်မပြောသေးတာလဲ။ မင်းကိုယ်မင်း ဘာထင်နေလို့လဲ၊ လီယူးဟူလန် ထင်လား။ ငါတို့က အဆိုးဆုံးကို လုပ်ပြီးပြီလို့ မင်းထင်နေလို့ မင်းက မကြောက်ဘူး ပေါ့လေ၊ ဟုတ်လား။ မင်းရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က မင်းကို ဘာလို့ လာပြီး မကယ်တာလဲ။” ဟု ပြောလျက် ငေါ့ခဲ့သည်။ သူပြောရင်း၊ အသံတဖြောက်ဖြောက် မြည်ပြီး၊ အပြာရောင်မီး တဖြတ်ဖြတ်လက်နေသည့် လျှပ်စစ် တုတ်ငယ်တစ်ခုကို ကျွန်မ၏ မျက်လုံးများရှေ့တွင် ယမ်းပြခြင်းအားဖြင့် ကျွန်မကို သူက ခြောက်လှန့်ခဲ့သည်၊ ထို့နောက် အားသွင်းထားသည့် လျှပ်စစ်တုတ်အကြီးတစ်ခုကို ညွှန်ပြပြီး၊ ကျွန်မကို “အဲဒါ မင်းတွေ့လား။ ဒီတုတ်လေးက မကြာခင် အားကုန်တော့မှာ။ ခဏနေရင်မင်းကို ဓာတ်လိုက်အောင်တို့ဖို့ အားပြည့်တဲ့ ကျင်စက်တုတ်အကြီးကို ငါသုံးမှာ၊ အဲဒီနောက်တော့ မင်းစကားပြော မပြောကို ငါတို့တွေ့ရလိမ့်မယ်။ မင်း အဲဒီအချိန်ကျ စကားစပြောမှာ ငါသိပါတယ်။” ဟု ပြောလျက် ခြိမ်းခြောက်ခဲ့သည်။ ကျင်စက်အကြီးကို ကျွန်မက ကြည့်လိုက်ပြီး၊ စတင် မထိတ်လန့်ဘဲ မနေနိုင်ခဲ့ပါ။ “ဒီကောက်ကျစ်တဲ့ ရဲက အရမ်း ကြမ်းကြုတ်ပြီး၊ ဆိုးယုတ်တယ်။ သူငါ့ကို သတ်တာနဲ့ပဲ အဆုံးသတ်မလား။ ဒီညှဉ်းဆဲမှုကို ငါသည်းခံနိုင်ပါ့မလား။ ငါသေတဲ့အထိ ဓာတ်လိုက်ခံရမလား။” ထိုအခိုက်အတန့်တွင်၊ ကျွန်မ ခံစားရသည့် အားနည်းခြင်း၊ သူရဲဘောကြောင်ခြင်း၊ နာကျင်မှုနှင့် ခိုးကိုးရာမဲ့ခြင်းတို့ အားလုံးက ကျွန်မ၏ စိတ်ကို လွှမ်းမိုးသွားသည။ ဘုရားသခင်ကို ကျွန်မ ကမန်းကတန်း အော်ခေါ်ခဲ့သည်။ “အို ဘုရားသခင်၊ ကျွန်မကို ကာကွယ်ပေးတော်မူပါ။ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ။” ထို့နောက်တွင် ဘုရားသခင့် နှုတ်ကပတ်တော်၏ ဓမ္မသီချင်းတစ်ပုဒ်မှ စာကြောင်း အချို့က ကျွန်မ၏ စိတ်ထဲ လွင့်မျောလာခဲ့သည်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “နာမကျန်းမှုများတွန်းလှန်ပေးတာ ဘုရား၏ချစ်ခြင်းမေတ္တာပါ”) သခင်ယေရှု၏ ဤနှုတ်ကပတ်တော်များကလည်း စိတ်ထဲသို့ ရောက်လာ ခဲ့သည်။ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈) ဘုရားသခင့်နှုတ်ကပတ်တော်များက ကျွန်မ၏ မျက်ရည်များကို လွတ်လပ်စွာ စီးဆင်းလာစေသည်- ကျွန်မ အလွန့်အလွန် တို့ထိခံခဲ့ရလေသည်။ ကျွန်မ၏ စိတ်နှလုံးထဲမှ ခွန်အားသည် တစ်ဟုန်းဟုန်း တောက်လောင်နေသည့် မီးကဲ့သို့ ဖြစ်သည်။ “ငါဒီနေ့ သေရင်တောင်၊ ဘာကြောက်စရာရှိလဲ။ ဘုရားသခင်အတွက် သေရတာက ဂုဏ်ဝင့်ဖွယ်ဖြစ်တယ်၊ ပြီးတော့ စာတန်ကို သေတဲ့အထိ တိုက်ခိုက်ဖို့ ငါအရာအားလုံးကို စွန့်လွှတ်မယ်။” ဟု ကျွန်မ တွေးမိသည်။ ထို့နောက်တွင်ပင်၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ နောက်ထပ် ဓမ္မသီချင်းတစ်ပုဒ်မှ စာကြောင်းအချို့ စိတ်ထဲရောက်လာခဲ့သည်။ “ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက် ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန် ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “သခင် ယေရှုကို အတုယူကြစေ”) ကျွန်မ၏ စိတ်နှလုံးထဲတွင် သီဆိုပြီးရင်း သီဆိုနေခဲ့ပြီး မျက်ရည်များသည် ကျွန်မ၏ ပါးပြင်ပေါ်သို့ မရပ်မနား စီးကျလာခဲ့သည်။ သခင်ယေရှုခရစ်တော် ကားတိုင်တင် ခံရခြင်း မြင်ကွင်းက ကျွန်မ၏ မျက်လုံးများရှေ့တွင်ပင် ထင်ဟပ်နေခဲ့သည်။ သခင်ယေရှုသည် ဖာရိရှဲတို့၏ ပြောင်လှောင်ခံရပြီး၊ ပုတ်ခတ်ဝေဖန်ခံရကာ၊ အသရေဖျက် ခံရသည်၊ သူ၏ ပါးကွက်သားက သူ့ကို ပြတ်ရှရာများနှင့် ပွန်းပဲ့ဒဏ်ရာများ ဖုံးလွှမ်းသွားသည်အထိ သံကြိုးလိမ် ကြာပွတ်ဖြင့် ရိုက်ခဲ့သည်မှာ နောက်ဆုံးတွင် သူ့ကို ကားတိုင်တွင် ရက်စက်စွာ သံမှိုစွဲသည်အထိဖြစ်သော်လည်း၊ သူ အသံတစ်စက်မျှ မထွက်ခဲ့ပါ။ သခင်ယေရှု တွေ့ကြုံရသည့် အရာအားလုံးသည် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာအဖို့ ဒုက္ခခံခဲ့ရခြင်းဖြစ်ပြီး၊ ဤချစ်ခြင်းမေတ္တာသည် သူ့အသက်အတွက် ချစ်ခြင်းကိုပင် အနိုင်ယူခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ကျွန်မ၏ စိတ်နှလုံးသည် ဘုရားသခင်၏ ချစ်ခြင်းဖြင့် နှိုးဆော်ခံရပြီး၊ တို့ထိခံခဲ့ရသည်၊ ပြီးလျှင် ကြီးမားသော ခွန်အားနှင့် ယုံကြည်မှုတို့ဖြင့် ကျွန်မပြည့်လျှံခဲ့သည်။ ကျွန်မ မည်သည့်အရာကိုမျှ မကြောက်တော့ဘဲ၊ ဘုရားသခင်အတွက် သေရန်မှာ ဂုဏ်ဝင့်ဖွယ်ဖြစ်ကာ ယုဒတစ်ယောက်ဖြစ်ခြင်းမှာမူ အကြီးမားဆုံးသော အရှက်ဖြစ်သည်ဟု ကျွန်မခံစားခဲ့ရလေသည်။ အံ့အားသင့်စွာပင်၊ ကျွန်မ၏အသက်ကို ပေးဆပ်၍ပင် ဘုရားသခင် အတွက် သက်သေရပ်တည်မည်ဟု ကျွန်မ ဆုံးဖြတ်လိုက်သည့်အချိန်တွင်၊ ကောက်ကျစ်သော ရဲတစ်ယောက်က၊ “မြို့တော်ခန်းမမှာ ပြဿနာ တက်နေတယ်။ အဲဒါကို ဖိနှိပ်ဖို့နဲ့ ငြိမ်ဝမ်ပိပြားမှု ထိန်းသိမ်းဖို့ ကျွန်တော်တို့ ရဲအင်အားစုစည်းရမယ်။” ဟု ပြောရင်း အခန်းထဲသို့ ပြေးဝင်လာခဲ့သည်။ ကောက်ကျစ်သော ရဲများက အလျင်စလို ထွက်သွားကြသည်။ သူတို့ပြန်ရောက်လာသည့် အချိန်တွင် မိုးချုပ်နေပြီး၊ ကျွန်မကို နောက်ထပ် စစ်ဆေးမေးမြန်းဖို့ အင်အား မရှိကြတော့ပါ။ သူတို့က ကျွန်မကို “မင်းကစကား မပြောတဲ့အတွက်၊ ငါတို့ မင်းကို ထိန်းသိမ်းရေးစခန်းကို ပို့ရတော့မှာပေါ့။” ဟု ရက်ရက်စက်စက် ပြောခဲ့သည်။ စတုတ္ထမြောက်နေ့ နံနက်တွင် ကောက်ကျစ်သော ရဲများက ကျွန်မကို ဓာတ်ပုံရိုက်ပြီး၊ စုတ်တံဖြင့် ကျွန်မ၏နာမည်ကို ရေးသားထားသည့် လေးထောင့် ဆိုင်းဘုတ်ကြီးကို ကျွန်မ၏ လည်ပင်းတွင် ချိတ်ဆွဲခဲ့သည်။ ကျွန်မမှာ ကောက်ကျစ်သော ရဲများ၏ ပြောင်လှောင်ပြီး သရော်ခံရလျက်၊ လူသိရှင်ကြား စွပ်စွဲရှုတ်ချခံရသည့် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ ဖြစ်လေသည်။ ကျွန်မသည် အကြီးမားဆုံး အရှက်ခွဲခြင်း ခံရသကဲ့သို့ ခံစားခဲ့ရပြီး၊ ကျွန်မအတွင်း၌ အလွန် အားနည်းလေသည်။ ကျွန်မ၏ စိတ်အခြေအနေ မမှန်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သောကြောင့်၊ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တိတ်တဆိတ်ခေါ်ခဲ့သည်။ “အိုဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မ၏ စိတ်နှလုံးကို ကွယ်ကာပြီး ကိုယ်တော့် အလိုတော်ကို နားလည်သဘောပေါက်စေပါ၊ စာတန်ရဲ့ စဉ်းလဲတဲ့ အကြံအစည်တွေထဲမှာ သားကောင်အဖြစ် ကျရောက်ခွင့် မပြုပါနဲ့။” ဆုတောင်းပြီးသည့်နောက်၊ ဘုရားသခင့် နှုတ်ကပတ်တော်၏ ကျမ်းပိုဒ်တစ်ပိုဒ်က ကျွန်မ၏ စိတ်ထဲတွင် ပေါ်လာသည်။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အဝတ်အစားဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။...သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၂)”) ဘုရားသခင်၏ နှုတ်ကပတ်တော်က ဖန်ဆင်းခံ သတ္တဝါ တစ်ယောက် အနေဖြင့် သမ္မာတရားကို လိုက်စားနိုင်ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ပြီး စိတ်ကျေနပ်စေရန် အသက်ရှင်သန်ခြင်းတို့သည် အဓိပ္ပာယ်အရှိဆုံးနှင့် အကျိုးအရှိဆုံးသော အသက်တာဖြစ်ကြောင်း ကျွန်မကို နားလည်သဘောပေါက်စေခဲ့သည်။ ယနေ့ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းအတွက် အဖမ်းခံရပြီး၊ ထိန်းသိမ်းခံနိုင်ဖို့၊ ဤအရှက်ရခြင်းနှင့် နာကျင်မှု အားလုံးတို့ကို ဒုက္ခခံဖို့နှင့်၊ ခရစ်တော်၏ အတိဒုက္ခများကို မျှဝေခံစားနိုင်ဖို့သည် ရှက်စရာ တစ်ခု မဟုတ်ဘဲ၊ ဂုဏ်ဝင့်ဖွယ် တစ်ခု ဖြစ်လေသည်။ စာတန်က ဘုရားသခင်ကို မကိုးကွယ်ပါ၊ ဆန့်ကျင်ဖက်အားဖြင့် ၎င်းက ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ပြီး၊ ဟန့်တားကာ၊ ဤသည်မှာ ရှက်ဖွယ်အကောင်းဆုံးနှင့် စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံး ဖြစ်လေသည်။ ဤအတွေးများကို တွေးလျက်၊ ကျွန်မသည် ခွန်အားနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်လာခဲ့သည်။ ကောက်ကျစ်သောရဲများက ကျွန်မ၏ မျက်နှာပေါ်မှ အပြုံးကို တွေ့ပြီး၊ တအံ့တသြဖြင့် ကျွန်မကို ငေးကြည့်ကြကာ၊ “နင့်မှာ ဘာပျော်စရာရှိလို့လဲ။” ဟု ပြောကြသည်။ ကျွန်မက “ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်တာက လုံးဝကို မှန်ကန်တယ်။ အဲဒီလို လုပ်တာဟာ လုံးဝ အမှားတစ်ခုမှ မရှိဘူး။ ငါက ဘာဖြစ်လို့ မပျော်ရမှာလဲ။” ဟု မှန်မှန်ကန်ကန် နှင့် ခိုင်ခိုင်မာမာ ပြန်ဖြေခဲ့သည်။ ထိုစကားကို ကြားလျှင် သူတို့သည် မည်သည့်အရာမျှ ပြန်မပြောတော့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှု အောက်တွင် ကျွန်မသည် စာတန်ကို အောင်နိုင်ရန် ဘုရားသခင်ကို နောက်တစ်ကြိမ် အားကိုးနိုင်ခဲ့လေသည်။

ထို့နောက် ကျွန်မကို ထိန်းသိမ်းရေးစခန်းသို့ ခေါ်သွားကြသည်။ ထိုနေရာရှိ အရာအားလုံးသည် ပို၍ပင် မှုန်မှိုင်းနေပြီး ထိတ်လန့်ဖွယ်ရာ ဖြစ်ကာ၊ ငရဲတစ်မျိုးထဲသို့ ကျွန်မ ကျရောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။ အစားအစာတိုင်း အတွက်၊ ပေါင်မုန့်ပေါင်း အမဲလေး တစ်လုံးနှင့် ဟင်းရွက် အနည်းငယ် ပေါလောပေါ်နေသည့် ထိုင်ဝမ် မုန်ညှင်းပြုတ်ဟင်းချိုတစ်ခွက် ကျွန်မကို ပေးသည်။ နေ့တိုင်း တစ်နေ့လုံး ကျွန်မ အလွန်ဆာလောင်လေသည်၊ ကျွန်မ၏ ဗိုက်က တစ်ချိန်လုံး အစာအတွက် အော်မြည်နေသည်။ သို့သော် ဤအခြေအနေများကြားမှ ကျွန်မသည် ဝန်တင်တိရစ္ဆာန်ကဲ့သို့ အလုပ်လုပ်ရဆဲဖြစ်ပြီး၊ ကျွန်မ၏ အလုပ်ခွဲတမ်းကို မပြီးမြောက်ပါက၊ ပြစ်ဒဏ် တစ်ခုအနေဖြင့် ကျွန်မ အရိုက်ခံရသည် သို့မဟုတ် ကင်းစောင့်ရလေသည်။ ဆိုးယုတ်သည့်ရဲများက ကျွန်မကို သုံးလေးရက် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့်၊ ကျွန်မ ခေါင်းအစခြေအဆုံး ပွန်းပဲ့ပြီး အနာတရဖြစ်ခဲ့သည်၊ ပြီးလျှင် လမ်းလျှောက်ဖို့ပင် ခက်ခဲလာသော်လည်း၊ ထောင်ပိုင်များက ကျွန်မကို ကြေးနီနန်းကြိုး ဝန်ထုပ်အလေးများကို အတင်းသယ်ဆောင်ခိုင်းဆဲဖြစ်သည်။ ဤအလုပ်ကြမ်းကြောင့်၊ ကျွန်မ၏ ဒဏ်ရာရထားသည့် ခါးသည် မခံမရပ်နိုင်အောင် နာကျင်လာခဲ့ပြီး၊ နေ့စဉ် ကျွန်မမှာ တစ်နေ့တာအဆုံးတွင် မိမိ၏ အိပ်ရာထဲသို့ တွားဝင်ရုံသာ တတ်နိုင်ခဲ့သည်။ သို့သော်ငြားလည်း ညပိုင်းတွင်၊ ကောက်ကျစ်သော ထောင်အရာရှိများက ကျွန်မကို ကင်းစောင့်စေပြီး၊ ဤအလုပ်က ကျွန်မကို အလွန် ခြေကုန်လက်ပန်းကျစေခဲ့သည်။ တစ်ည ကျွန်မ ကင်းစောင့်တာဝန်ကျစဉ်၊ ကောက်ကျစ်သော ထောင်အရာရှိ မရှိခိုက်ကို အခွင့်ကောင်းယူပြီး ခိုးကြောင်ခိုးဝှက်ဖြင့် အနားယူရန် မျှော်လင့်ရင်း ကုပ်ကုပ်ကလေးထိုင်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ကောက်ကျစ်သော ထောင်အရာရှိ တစ်ယောက်က ကျွန်မကို စောင့်ကြည့်ခန်းရှိ တီဗီဖန်သားပြင်တွင် မြင်သွားပြီး၊ “မင်းထိုင်လို့ရတယ်လို့ ဘယ်သူ ပြောလဲ။” ဟု အော်ပြောရင်း ကျွန်မ အနားသို့ ဒေါနှင့်မောနှင့် ရောက်လာခဲ့သည်။ အခြားအကျဉ်းသားများထဲမှ တစ်ယောက်က “မြန်မြန်လုပ်ပြီး သူ့ကို တောင်းပန် လိုက်လေ၊ မဟုတ်ရင်တော့ သူက နင့်ကို သစ်သား အိပ်ရာပေါ်မှာ အိပ်ခိုင်း လိမ့်မယ်။” ဟု ကျွန်မကို တီးတိုးပြောခဲ့သည်။ ဤအရာအားဖြင့် သူမက ဆိုလိုသည်မှာ သစ်သားတံခါး ပျဉ်ချပ်ပြားကို အကျဉ်းသား၏ အခန်းထဲသို့ ယူသွားပြီး၊ ထိုပျဉ်ချပ်ပြားတွင် သူ၏ ခြေများနှင့် ခြေရင်းများကို သံကြိုးဖြင့် ချည်ထားကာ၊ သူ၏ လက်များကိုလည်း ကြိုးဖြင့် ချည်ထားပြီး ညှဉ်းပန်းခြင်း ဖြစ်ပါသည်။ ထို့နောက် အကျဉ်းသားက ပျဉ်ချပ်ပေါ်တွင် အချုပ်ခံထားရပြီး၊ သီတင်းနှစ်ပတ်ကြာအောင် လှုပ်ခွင့်မရှိပါ။ ဤအရာကိုကြားသည့်အခါ၊ ကျွန်မသည် ဒေါသနှင့် အမုန်းတရား နှစ်မျိုးလုံးဖြင့် ပြည့်ခဲ့သော်လည်း၊ ခုခံခြင်းတစ်စက်မျှပင် ကျွန်မပြ၍မရနိုင်သည်ကို ကျွန်မ သိခဲ့သည်- ကျွန်မ၏ ဒေါသကို မြိုချပြီး နှုတ်ဆိတ်နေရုံသာ တတ်နိုင်ခဲ့ပါသည်။ ထိုသို့သော အနိုင်ကျင့်ခြင်းနှင့် ညှဉ်းပန်းခြင်းသည် သည်းခံရန် ခက်ခဲကြောင်း ကျွန်မ တွေ့ခဲ့ရသည်။ ထိုညတွင် အလွန့်အလွန်အေးစက်နေသည့် ကျွန်မ၏ အိပ်ရာပေါ်တွင် လှဲလျောင်းကာ ထိုမတရားမှုများ အားလုံးကို ငိုကြွေးခဲ့သည်၊ “ဒါက ဘယ်တော့ဆုံးမှာလဲ။ ဒီ ဆိုးယုတ်တဲ့ နေရာမှာ တစ်ရက်ဆို ဆိုသလောက်ပါပဲ။” ဟု တွေးရင်း ကျွန်မ၏ စိတ်နှလုံးသည် ဘုရားသခင်အပေါ် ညည်းညူခြင်းများနှင့် တောင်းဆိုခြင်းများဖြင့် ပြည့်လျှံနေခဲ့သည်။ ထို့နောက် ဘုရားသခင့် နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိသည်။ “သင်သည် လူ့ဘဝ၏အရေးပါမှုကို သိနားလည်ပြီး လူ့ဘဝ၏ လမ်းကြောင်းမှန်ပေါ် လျှောက်ပြီးပါက၊ အနာဂတ်တွင် ဘုရားသခင်သည် သင့်ကို မည်သို့ဆက်ဆံသည်ဖြစ်စေ မည်သည့်စောဒကတက်မှုများ သို့မဟုတ် ရွေးချယ်မှုများ မရှိဘဲ ကိုယ်တော်၏ အကြံအစည်များကို နာခံပါက၊ သင်သည် ဘုရားသခင်အပေါ် မည်သည့် တောင်းဆိုမှုမျှ မလုပ်ဆောင်ပါက၊ ဤနည်းဖြင့် သင်သည် တန်ဖိုးရှိသောလူတစ်ဦး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း၏ နောက်ဆုံးခရီးတစ်ထောက်ကို သင်လျှောက်လှမ်းသင့်ပုံ”) ဘုရားသခင့်နှုတ်ကပတ်တော်များက ကျွန်မအား မိမိကိုယ်ကိုယ် အရှက်ရစေခဲ့သည်။ ဘုရားသခင်အတွက် နာကျင်မှု သို့မဟုတ် ဆင်းရဲဒုက္ခ မည်မျှ ကြီးမားပါစေ၊ ပေတရုလုပ်ခဲ့သကဲ့သို့ ဘုရားသခင်ကို အမြဲတမ်း နာခံရန် ကြိုးစားအားထုတ်မည်ဖြစ်ကြောင်းနှင့် ကျွန်မအတွက် မည်သည့် ဆုံးဖြတ်ချက်များ သို့မဟုတ် တောင်းဆိုမှုများ လုပ်မည်မဟုတ်ကြောင်း ကျွန်မ အမြဲတမ်း မည်သို့ပြောခဲ့သည်ကို တွေးမိခဲ့သည်။ သို့သော်လည်း ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခတို့ ကျွန်မအပေါ်သို့ ကျရောက်ပြီး၊ ကျွန်မ ဒုက္ခခံစားရကာ အဖိုးအခ ပေးရသည့်အချိန်တွင်၊ ကျွန်မသည် ထွက်ပေါက်ကို စဉ်းစားရန် ကြိုးစားခဲ့သည်။ ကျွန်မတွင် လုံးဝ နာခံမှုမရှိခဲ့ပါ။ ထို့နောက်မှသာ ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများကို ကျွန်မ နောက်ဆုံးတွင် နားလည် သဘောပေါက်ခဲ့သည်။ ဘုရားသခင်၏ စီစဉ် ညွှန်ကြားခြင်းများကို ကျိုးနွံနာခံပြီး၊ သူ့ကတိတော်ကို လက်ခံရရှိဖို့ အရည်အချင်း ပြည့်မီနိုင်ဖို့အလို့ငှာ၊ ဆင်းရဲဒုက္ခကို သည်းခံရန် ကျွန်မ၏ သန္နိဌာန်ကို ဖေးမဖို့နှင့် ကျွန်၏ ဆင်းရဲဒုက္ခ၌ မည်သို့ နာခံရမည်ကို သင်ယူခွင့်ပြုရန် ဤဒုက္ခကို ကျွန်မထံ ကျရောက်စေခြင်း ဖြစ်လေသည်။ ကျွန်မကို ဘုရားသခင် ပြုသမျှအရာတိုင်းသည် ချစ်ခြင်းမေတ္တာနှင့် ကျွန်မကို ကယ်တင်ရန် ၎င်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကျွန်မ၏ စိတ်နှလုံးသည် လွတ်မြောက်ပြီး၊ မတရားသဖြင့် အပြုခံရသည် သို့မဟုတ် နာကျင်သည်ဟု ကျွန်မ နောက်ထပ် မခံစားရတော့ပါ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့နှင့် သက်သေရပ်တည်ပြီး စာတန်ကို အရှက်ရစေဖို့တို့ကိုသာ ကျွန်မ လိုချင်ခဲ့ပါသည်။

တစ်လကြာပြီးနောက် ကျွန်မကို လွှတ်ပေးလိုက်သည်။ သို့ရာတွင် သူတို့က ကျွန်မ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခြင်းကို ကန့်သတ်ရန်အလို့ငှာ “ဥပဒေတည်တံ့ရေးကို နှောင့်ယှက်ခြင်းနှင့် ဆိုးယုတ်သော အစွန်းရောက်ဝါဒ အဖွဲ့အစည်းတွင် ပါဝင်ခြင်း” စွဲချက်ဖြင့် အမည်တပ်ခဲ့သည်။ တစ်နှစ်ကြာအောင် ကျွန်မသည် မိမိ၏မြို့ သို့မဟုတ် ပြည်နယ်မှ ထွက်ခွာခွင့်မရှိပါ၊ ပြီးလျှင် ကျွန်မကို ရဲများက လိုအပ်သည့်အချိန်တိုင်း ကျွန်မက သူတို့၏ ထားရာနေ စေရာသွားဖြစ်ရသည်။ အိမ်ပြန်ရောက်ပြီးနောက်မှသာ နေအိမ်တွင် ကျွန်မ သိမ်းဆည်းခဲ့သည့် ပိုင်ဆိုင်ပစ္စည်းများကို ရဲများ လုယက်ယူဆောင်သွားကြောင်း ကျွန်မသိခဲ့ရသည်။ ထို့အပြင် ကောက်ကျစ်သောရဲများသည် ကျွန်မ၏ နေအိမ်ကို တောပုန်းဓားပြများကဲ့သို့ အိတ်သွန်ဖာမှောက်ရှာခဲ့ပြီး၊ သူတို့က ကျွန်မကို မလွှတ်ပေးမီ ကျွန်မ၏ မိသားစုက ယွမ် ၂၅၀၀၀ ကျော် ပေးရမည်ဟုပြောလျက် ကျွန်မ မိသားစုကို ခြိမ်းခြောက်ခဲ့သည်။ ကျွန်မ၏ ယောက္ခမသည် ၎င်းတို့ကို ကြောက်လန့်ခြင်းအား လုံးလုံး မခံနိုင်ဘဲ၊ နှလုံးဖောက်ကာ၊ ကုန်ကျစရိတ် ယွမ် ၂၀၀၀ ကျော်ဖြင့် ဆေးရုံတင်ကာ ကုသမှုခံယူ ပြီးနောက်မှသာလျှင် ပြန်လည် ကောင်းမွန်ခဲ့သည်။ အဆုံးသတ်တွင် ကျွန်မမိသားစုသည် ရဲများအတွက် ယွမ် ၃၀၀၀ ကို ခြစ်ကုပ်ရှာဖွေနိုင်ရန် သူတို့ သိသမျှလူတိုင်းအား မဖြစ်မနေ ပိုက်ဆံချေးခဲ့ရပြီး၊ ထို့နောက်မှသာ ကျွန်မ လွတ်ခဲ့သည်။ ကောက်ကျစ်သော ရဲများက ကျွန်မကို ဒုက္ခပေးခဲ့သည့် ရက်စက်သော ညှဉ်းပန်းမှုများကြောင့်၊ ကျွန်မ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အကျိုးဆက်များကို ဒုက္ခခံခဲ့လေသည်။ ထောင်ကျသည့်ကာလအတွင်း ကျွန်မ၏ လက်များနှင့် ခြေထောက်များသည် ၎င်းတို့အပေါ် ကျရောက်သည့် ပြင်းထန်သော ဖိစီးမှုကြောင့် မကြာခဏ ယောင်ကိုင်းပြီး၊ နာကျင်လာခဲ့သည်။ ကျွန်မမှာ ဟင်းသီးဟင်းရွက် နှစ်ကီလိုခွဲကိုပင် မမနိုင်သကဲ့သို့၊ မိမိ အဝတ်အစားများကို မလျှော်နိုင်ပါ၊ ပြီးလျှင် ကျွန်မ အလုပ်လုပ်နိုင်စွမ်းလည်း လုံးလုံး ဆုံးရှုံးခဲ့ရသည်။

အဖမ်းခံရပြီး နှိပ်စက်ညှဉ်းပန်းခြင်းခံရသော ထိုအတွေ့အကြုံက ကျွန်မအား ကွန်မြူနစ်ပါတီ၏ သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းတီးသော နတ်ဆိုး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း တွေ့မြင်စေသည်။ စာတန်နှင့် ကောင်းကင်ကို လုံးဝ ဆန့်ကျင်သော နတ်ဆိုးစွဲကာ ဖောက်ပြန်သည့် တရုတ်ကွန်မြူနစ်ပါတီကို ကျွန်မ ပို၍ မုန်းတီးခဲ့သည်။ ကျွန်မသည်လည်း ဘုရားသခင်၏ အမှုတော်သည် မည်မျှလက်တွေ့ကျပြီး ဉာဏ်အမြော်အမြင် ရှိကြောင်း စစ်မှန်စွာသော၊ ကိုယ်ပိုင် အတွေ့အကြုံကို ရရှိခဲ့သည်။ ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးနှိပ်စက်ခံရခြင်းမှတစ်ဆင့် ကျွန်မ၏ထိုးထွင်းသိမြင်မှု ပိုမို မြင့်တက်လာသည်။ ယင်းက ကျွန်မ၏ စိတ်ဆုံးဖြတ်ချက်ကို ခိုင်မာစေပြီး ကျွန်မ၏ ယုံကြည်ခြင်းကို စုံလင်စေသည်၊ ပြီးလျှင် ဘုရားသခင်ကို မည်သို့ မျှော်လင့်အားကိုးရမည်ကိုလည်း သင်ယူခွင့်ရစေခဲ့သည်။ ကျွန်မက ဘုရားသခင့်နှုတ်ကပတ်တော်၏ သြဇာအာဏာကိုလည်း တွေ့ကြုံခံစားခဲ့ရသည်၊ ၎င်းတို့သည် ကျွန်ုပ်တို့၏ဘက်တွင် အမြဲရှိသော အကူအညီ အရင်းအမြစ် ဖြစ်နိုင်ကြောင်း၊ ဘုရားသခင်သည်သာလျှင် လူသားကို ချစ်ကြောင်း၊ ဘုရားသခင်သည်သာလျှင် လူသားကို ကယ်တင်နိုင်ကြောင်း တွေ့မြင်ခဲ့သည်။ ကျွန်မစိတ်ထဲတွင် ဘုရားသခင်နှင့် ပို၍ ရင်းနှီးလာသည်။ အခက်အခဲများနှင့် စမ်းသပ်မှုများကို ကြုံတွေ့ခဲ့ခြင်းမှ ဤဆုလာဘ်များ အားလုံးကို ကျွန်မ ရိတ်သိမ်းရရှိခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အယူဝါဒသွတ်သွင်းခြင်းနှင့် ရင်ဆိုင်တိုက်ခိုက်ပွဲ တစ်ခု

ကျောက်လျန် တရုတ်နိုင်ငံ ကျွန်တော် ၁၉နှစ်တွင် ကျွန်တော့်၏ ယုံကြည်ခြင်းကြောင့် တရုတ်ကွန်မြူနစ်ပါတီ ရဲများဖမ်းဆီးခြင်း ခံခဲ့ရသည်။ ကျွန်တော်...

ဒုက္ခများသောအချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကို အားပေးမှုဖြင့် ထောက်ပံ့ခဲ့သည်

ချန်းဟူးရီ၊ ကျန်းစုစီရင်စု ကျွန်မသည် တရုတ်ပြည်၌ သာမန်မိသားစုတစ်စုမှ ကြီးပြင်းလာခဲ့သည်။ ကျွန်မ၏ ဖခင်က စစ်တပ်ထဲမှဖြစ်ပြီး၊ ကျွန်မ ငယ်ရွယ်စဉ်က...