ကျွန်မ၏သရုပ်အမှန်ကို ရှင်းလင်းစွာ တွေ့မြင်ခြင်း
ဇာအိုဇာအို၊ ဇူဆောင်မြို့၊ ကျန်စုစီရင်စု အသင်းတော်၏ အလုပ်လိုအပ်ချက်များအရ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရန် နောက်တစ်နေရာသို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ဆောင်းပါးများကို အတူတူ စိစစ်တည်းဖြတ်ဖို့ ညီမတစ်ယောက်နှင့် ကျွန်မကို တွဲပေးထားခဲ့ပါသည်။ ကျွန်မတို့ ဆုံတွေ့ကြရင်း နားလည်သဘောပေါက်လာသည်မှာ သီချင်းဆိုသည့်အခါတွင် ဖြစ်စေ၊ ကသည့် အခါတွင်ဖြစ်စေ၊ ဘုရားသခင် နှုတ်ကပတ်တော်ကို လက်ခံရာမှာပဲဖြစ်စေ၊ သမ္မာတရားကို ဟောပြော သည့်အခါမှာပဲဖြစ်စေ အရာရာတိုင်းမှာ ကျွန်မထက် သူမက ပိုတော်နေသည်ဆိုကြောင်းကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ အိမ်ရှင်မိသားစုဝင် ညီအစ်ကိုမောင်နှမများအားလုံးက သူမ ကို ခင်ကြပြီး သူမနှင့်သာ စကားပြောချင်ကြသည်။ ထို့ကြောင့် ကျွန်မ အတော်လေး နေမထိထိုင်မသာ ဖြစ်ခဲ့ရသည်၊ ကျွန်မကို သူတို့ သူစိမ်းတရံကဲ့သို့ဆက်ဆံနေသည်ဟု ခံစားခဲ့မိသည်မှာ၊ သူမ ရှိနေသရွေ့ ကျွန်မအတွက် နေရာမရှိပါ ဟု ခံစားရသည့်အထိ ပင်ဖြစ်သည်။ ကျွန်မ၏ နှလုံးသားထဲမှာ သူမ ကို စိတ်ကုန်စပြုလာသည်။ သူမနှင့် တာဝန်များကို အတူတူ ထမ်းဆောင်လိုစိတ် မရှိတော့ပါ။ ညီအစ်ကိုမောင်နှမများက ကျွန်မကို ခင်လာပြီး၊ အထင်ကြီးလာစေဖို့ သူမထွက်သွားဖို့ကို ကျွန်မ မျှော်လင့်နေခဲ့ပါသည်။
တစ်နေ့မှာ ခေါင်းဆောင်တစ်ဦးက ကျွန်မတို့ထံ ရောက်လာသည်။ ကျွန်မနှင့်အတူတွဲလုပ်နေသည့် ညီမက သူမ၏ အပျက်သဘောဆောင်သည့် အခြေအနေကြောင့်၊ စိတ်မကောင်းဖြစ်နေသည့်အတွက် တခြား တာဝန်များ လွှဲပြောင်းချ ထားပေးဖို့ တောင်းဆိုထားပါသည်။ ခေါင်းဆောင်က ဤကဲ့သို့ ပြောသည်ကို ကြားရင်း၊ ကျွန်မ အလွန်အမင်း စိတ်လှုပ်ရှား လာသည်။ “ရှင် ထွက်သွားပါတော့လို့ ကျွန်မ အမြဲပဲ မျှော်လင့် ထားခဲ့တာလေ။ ရှင်သွားရင် ကျွန်မလည်း ကျွန်မရဲ့ အကျပ်အတည်းက လွတ်မြောက်ပြီပေါ့” ဟု ကျွန်မစိတ်ထဲ တွေးနေမိပါသည်။ ထို့ကြောင့်လည်း ခေါင်းဆောင်က သူမ ကို အလုပ်သစ်တစ်ခု ချက်ချင်း ပေးဖို့ ကျွန်မ ဆန္ဒပြင်းပြနေပါသည်။ သို့သော် ရလဒ်မှာမူ မျှော်မှန်းထားသည်နှင့် ဆန့်ကျင်နေပြီး၊ ခေါင်းဆောင်က သူမ ကို အလုပ် သစ်တစ်ခု မပေးရုံသာမကဘဲ၊ သူမအား သမ္မာတရားကိုစိတ်ရှည်လက်ရှည် ပြောပြပေးပြီး သူမ အခြေအနေကို ပြောင်းလဲ သွားအောင်လည်း ကူညီပေးပြန်ပါသည်။ ဤသည်ကို မြင်ရသည့်အချိန်တွင်၊ ကျွန်မ အထူးပင် စိုးရိမ်မိပြီး၊ ထိုညီမ ထွက်သွားပါစေဟု ပို၍ပင် မျှော်လင့်ဆုတောင်းနေမိသည်။ ကျွန်မက “ဒီအချိန်မှ သူ မထွက် သွားရင် ဘယ်အချိန်ကျမှ ငါ့ အကျပ်အတည်းက လွတ်ကျွတ်နိုင်မှာလဲ။ ဟင့်အင်း- မဖြစ်ဘူး။ သူ မြန်မြန် ထွက်သွား စေမဲ့ နည်းလမ်း တစ်ခု စဉ်းစားမှပဲ ဖြစ်တော့မယ်” ဟု တွေးမိသည်။ ထို့နောက် ထိုညီမ မရှိစဉ် အခွင့်ကြုံခိုက် ခေါင်းဆောင်ကို နောက်ထပ်အသေးစိတ် အချက်အလက်များ ပြောပြလိုက်ပါသည် “သူ့ရဲ့ အခြေအနေဆိုးက သူ့တာဝန်တွေကို အာရုံစိုက်ဖို့ ပုံမှန်အားဖြင့် အဟန့်အတားဖြစ်စေတယ်။ အခု သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို သူ ဆုံးရှုံးသွားရပြီး၊ ဆောင်းပါးတွေကို တည်းဖြတ်ဖို့နဲ့ ပေါင်းစည်းဖို့ အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်ပြီးနေပြီ။ ခေါင်းဆောင်က သူ့ကို အလုပ်သစ် ပေးလိုက်မှ ပိုကောင်းမယ်။ အစ်မX က ဆောင်းပါးရေးတာမှာ ကျွန်မနှင့် လက်တွဲနေတဲ့ ညီမထက် ပိုပြီး လက်စွမ်းထက်နိုင်တယ်” ဤစကားကို ဆိုလိုက်ပြီးသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မထံ ပြစ်တင်ကြိမ်းမောင်းရင်း ရောက်ရှိလာပါတော့သည်။ “ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။...မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်”) ဘုရားသခင့်နှုတ်ကပတ်တော်၏ တရားစီရင်မှုကို ရင်ဆိုင်ရာတွင်၊ ဘုရားသခင်က မျက်နှာချင်း ဆိုင်ပြီး ကျွန်မကို ပြင်းပြင်းထန်ထန် ဆူပူ ကြိမ်းမောင်း နေသကဲ့သို့ စိတ်ထဲ ခံစားလိုက်ရပါသည်။ ချက်ချင်းဆိုသကဲ့သို့ ကြောက်စိတ်နှင့် ကျွန်မ တုန်ရီလာသည်၊ ကျွန်မ ပြောမိလိုက်သည့် စကားများအတွက် မကြောက်ပဲမနေနိုင်တော့ပါ်။ ကျွန်မသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ ထုတ်ဖော်ထားသည့် လူများကဲ့သို့ “မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။” ကျွန်မနှင့် အလုပ်တွဲလုပ်နေသည့် ညီမက ကျွန်မထက် အဘက်ဘက်က သာလွန်သည့်အပြင် ညီအစ်ကိုမောင်နှမ အားလုံးကလည်း သူမ ကို ချစ်ကြတာကို မြင်ရသည့်အခါတွင် ကျွန်မ နှလုံးသားထဲ မနာလိုစိတ် ဖြစ်လာသည်။ ကျွန်မ သူမ အပေါ် စိတ်ကုန်ခဲ့သည်၊ ခွဲခြားဆက်ဆံခဲ့သည်၊ သူမ ထွက်သွားမှပဲ ကျွန်မ၏ အကျပ်အတည်းကလွတ်ကင်းနိုင် မည်ဟု မျှော်လင့်ထားခဲ့သည်။ ကျွန်မက သူတို့နှင့်နည်းတူ အဆင့်အတန်း ရရှိသည်ဟု ခံစားရဖို့ ကျွန်မကို ညီအစ်ကိုမောင်နှမများက အာရုံစိုက်လာစေရန်၊ ကျွန်မက ထိုညီမ၏ အခြေအနေဆိုးကို အခွင့်ကောင်းယူခဲ့ပြီး၊ အသင်းတော်၏ အကျိုးစီးပွားကို ကာကွယ်ခြင်းကို ဗန်းပြကာ ခေါင်းဆောင်ထံတွင် သူမအကြောင်းကို အတင်းအဖျင်းပြောခဲ့သည်။ ယင်းမှာ သူမအား ဖယ်ရှားဖို့ ခေါင်းဆောင်ကို အသုံးချရန် ကျွန်မ၏ အချည်းအနှီးသာ ဖြစ်သည့် အားထုတ်ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ ကျွန်မ၏ အပြုအမူသည် ကျွန်မ၏ သရုပ်မှန်ကို လုံးလုံးလျားလျား ဖော်ထုတ်ပြပြီး၊ ကျွန်မ၏ ဘေးဖြစ်စေပြီး၊ မလိုမုန်းထားစိတ်ရှိသော ဆိုးယုတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ခဲ့ပါသည်။ အာဏာရှင်စနစ်ကို ဖန်တီးဖို့ရာ၊ အဆင်းနီသောနဂါးကြီးက သူ့ကို ဆန့်ကျင်သူများကို အမြစ်ဖြုတ် ဖယ်ရှား နိုင်ဖို့ နည်းလမ်းမျိုးစုံ သုံးမည် ဖြစ်သည်။ ကျွန်မ ညီအစ်ကို မောင်နှမများ၏ အာရုံစိုက်ခံရဆုံးလူ ဖြစ်နိုင်ဖို့နှင့် ကျွန်မကို သူတို့ ဝန်းရံလိုစိတ် ဖြစ်လာစေဖို့ တို့အတွက် ကျွန်မ အပေါ် အကျိုးမပြုသူများကို အကွက်ချ အမြစ်ဖြုတ် ဖယ်ရှားလိုက်ခြင်းပါပဲ။ အဆင်းနီသောနဂါးကြီးက သူ့ထက် သာလွန်မြင့်မြတ်သူများကို မနာလိုဖြစ်ပြီး၊ မြင့်မြတ်သော ရည်မှန်းချက်ဖြင့် လူများကို ဖျက်ဆီးလေသည်။ ကျွန်မကလည်း ထိုညီမ က ကျွန်မထက် အဘက်ဘက်က ပိုတော်သည့်အတွက် မနာလိုဝန်တို ဖြစ်ခဲပြီး၊ သူမ ကို ဖယ်ရှားဖို့ မနှစ်မြို့ဖွယ် နည်းလမ်းများလည်း ကျွန်မ သုံးခဲ့သည်။ အဆင်းနီသောနဂါးကြီးက သူ့ရည်ရွယ်ချက်များ ပြည့်စေဖို့ လူများကို အပြစ်ရှာ သတ်ဖြတ်တတ်သည်။ ကျွန်မက မိမိ၏ ရည်ရွယ်ချက်များ ရရှိအောင်မြင် စေဖို့ ထိုညီမ အကြောင်းကို ကျွန်မ တမင်တကာ ပုံကြီးချဲ့ပြောလိုက်မိသည်။ ကျွန်မ၏ အပြုအမူက အဆင်းနီးသောနဂါးကြီး၏ အပြုအမူနှင့် တစ်ထေရာတည်း တူနေပါသည်။ ကျွန်မတို့နှစ်ယောက် နှစ်ကိုယ့်တစ်စိတ်နှင့် အတူလက်တွဲပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့၊ အချင်းချင်း ကူညီပြီး ထောက်ပံ့ဖို့ အသင်းတော်က စီစဉ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို ပိုမို နားလည်သိရှိပြီး ကျွန်မတို့ စိတ်သဘောထားကို ပြောင်းလဲစေဖို့ တစ်ယောက်အားနည်းချက်ကို တစ်ယောက်၏ အားသာ ချက်နှင့် ဖြည့်ဆည်းဆောင်ရွက်သွားနိုင်စေဖို့လည်း ရည်ရွယ် ပါသည်။ သို့သော် ကျွန်မက ဘုရားသခင်၏ အလိုဆန္ဒကို ဆံမြူလောက်မှ နားလည်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ကျွန်မက ထိုညီမ အခြေအနေ မကောင်း သည်ကို တွေ့မြင်ရသည့်အချိန်တွင်၊ မေတ္တာတရားကို လက်ကိုင် ထားပြီး သူမ အပေါ် ကျွန်မ ကူညီမ ပေးခဲ့ရုံမကဘဲ၊ မိမိ ရာထူးကို ကာကွယ်ဖို့အတွက် သူမ၏ အစားထိုးရာထူး အမြန်ရရှိဖို့ကိုသာ မျှော်လင့်နေခဲ့သည်မှာ ကျွန်မသည် မိမိ ရည်ရွယ်ချက်များ အောင်မြင်ရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုမည့် အခြေအနေထိ ရောက်ခဲ့ပါသည်။ ကျွန်မသည် အလျင်စလို နောင်တမရပါက၊ အဆုံးတွင် ကျွန်မသည် အဆင်းနီသော နဂါးကြီး၏ ဖျက်ဆီးခြင်းကို ခံရမည်သာ ဖြစ်သည်။
ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကိုယ်တော်ရဲ့ တရားစီရင်ခြင်း နဲ့ ပြစ်တင်ဆုံးမခြင်းတို့က ကျွန်မရဲ့ စစ်မှန်တဲ့ မျက်နှာဟာ စာတန်ရဲ့ ဖောက်ပြန်ဖျက်စီးခြင်း ကနေလာတာဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိစေဖို့ အချိန်မီ လှုပ်နှိုးခဲ့ပါတယ်၊ ပြီးတော့ ဒီဖြစ်ရပ်အားဖြင့် ကျွန်မရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ စာတန်နတ်ဆိုးကို ကျွန်မ ရွံမုန်းသွား စေပါတယ်။ ဒီအချိန်ကစပြီး ကျွန်မ အတွင်းမှာ ရှိနေတဲ့ စာတန်ရဲ့ သဘာဝကနေ ကျွန်မ ပြောင်းလဲပါမယ်။ ကျွန်မ ကိုယ်ကျိုးအတွက် လုံးဝ မတိုက်ခိုက်တော့ပါဘူး။ ကျွန်မတို့တာဝန်တွေထမ်းဆောင်ဖို့ နဲ့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့တို့အတွက် ဒီညီမနဲ့ အလုပ်ကို ပိုကောင်းကောင်းမွန်မွန် လုပ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်မက သမ္မာတရားကို ပိုရှာဖွေဖို့နဲ့ အဆင်းနီသောနဂါးကြီးရဲ့ အဆိပ်တွေကို ဖယ်ရှားပစ်ဖို့ ပိုဆန္ဒရှိလာပါမယ်၊ ဒီလိုနဲ့ ကျွန်မဟာ ဘုရားသခင်ကို နှစ်သိမ့်ဖို့ စစ်မှန်တဲ့ လူသားတစ်ယောက် အဖြစ်နဲ့ အသက်ရှင်နေထိုင်သွားပါမယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဇာအိုဇာအို၊ ဇူဆောင်မြို့၊ ကျန်စုစီရင်စု အသင်းတော်၏ အလုပ်လိုအပ်ချက်များအရ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရန် နောက်တစ်နေရာသို့...
ချန်နော့ ပြင်သစ်နိုင်ငံ ပြီးခဲ့တဲ့နှစ်က လူသစ်နှစ်ယောက်အတွက် အသင်းတော်နှစ်ခုရဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ရတယ်လေ။ တစ်ခါတလေ တခြားမှာ...
လီမင် စပိန်နိုင်ငံ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊...
ကျန်းချင်၊ ရှန်ဒုံစီရင်စု အသင်းတော်ထဲက ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်အချို့တို့သည် အစဉ်အမြဲ မိမိတို့ကိုယ်ကိုယ် သက်သေခံကြပြီး...