သင်၏ တာဝန်၌ မိမိနေရာကို ထိန်းသိမ်းခြင်းသည် အေးချမ်းမှု ဆောင်ကြဉ်းပေးသည်

04.06.2022

ကျန်လင်း စပိန်နိုင်ငံ

နိုင်ငံတော်ရဲ့ ဧဝံဂေလိ ပျံ့နှံ့တာနဲ့အမျှ ပိုပိုများတဲ့ လူတွေက ဘုရားရဲ့နောက်ဆုံးသော ကာလ အမှုတော်ကို စုံစမ်းပြီး လက်ခံနေကြသလို၊ ညီအစ်ကို မောင်နှမတွေက ဧဝံဂေလိဖြန့်ပြီး လူသစ်တွေကို ရေလောင်းပေးတာနဲ့ အလုပ်များနေကြတယ်။ ကျွန်မအနီးနားက ညီအစ်ကို မောင်နှမတချို့ ဧဝံဂေလိ ဖြန့်ဖို့ ပြောင်းရွှေ့ခံရတာ မြင်တော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားရတယ်။ အနှစ်သုံးဆယ်ကြာ ဘုရားက လူ့ဇာတိနဲ့ ပေါ်ထွန်းပြီး အမှုပြုပြီးပြီ။ သူ့ရဲ့အမှု အဆုံးသတ်တော့မယ်၊ ကပ်ဘေးကြီးတွေ စနေပြီ၊ ပြီးတော့ ဒီနေ့ဒီအချိန်က နိုင်ငံတော် ဧဝံဂေလိ ဖြန့်ဝေဖို့အတွက် အရေးပါတဲ့ အခိုက်အတန့်ပဲ။ ဧဝံဂေလိ ဖြန့်ဝေတာက အကြီးမားဆုံး ကောင်းတဲ့ လုပ်ဆောင်ချက်ပဲ၊ ဒီတော့ ကျွန်မလည်း ဧဝံဂေလိ ဖြန့်ပြီး ပိုများတဲ့ လူတွေကို ဘုရားဆီခေါ်ဆောင်မယ်နိုင်ရင်၊ ပြီးပြည့်စုံသွားမှာ။ သေချာပေါက် သတိရကြမှာဖြစ်ပြီး ဘုရားရဲ့ ကောင်းချီးပေးတာခံရမှာပဲ။ ဒါကျွန်မရဲ့တာဝန်ဖြစ်နိုင်မဲ့နေ့ကို ကျွန်မ မျှော်လင့်စောင့်စားခဲ့တယ်။ အဖွဲ့မှာ ကျွန်မက အရှည်ကြာဆုံးဖြစ်ပြီး၊ အဖွဲ့ခေါင်းဆောင်ဖြစ်လို့ အပြောင်းအရွှေ့က ဖြစ်နိုင်စရာမရှိမှန်း သိပေမဲ့၊ ကျွန်မ ဧဝံဂေလိဖြန့်နိုင်မဲ့ နေ့ကို မျှော်လင့်စောင့်စားနေမိတုန်းပဲ။

အစည်းအဝေးတစ်ခုမှာ၊ ဧဝံဂေလိ ဖြန့်တဲ့ ညီအစ်ကို မောင်နှမတွေဆီကနေ ဘုရားရှေ့ကို ဧဝံဂေလိ ပစ်မှတ်တွေ သူတို့ တစ်ဆင့်ချင်း ခေါ်ဆောင်ဖို့ ဘုရားအပေါ် သူတို့ မှီခိုခဲ့ကြပုံနဲ့ အဲဒီလိုလုပ်ရင်း၊ ဘုရားရဲ့ လမ်းပြမှုကို တွေ့ခဲ့ကြပြီး ဘုရားကို စိတ်ချယုံကြည်မှု ပိုရခဲ့ကြပုံနဲ့ ပတ်သက်လို့ မိတ်သဟာယ ကြားခဲ့ရတယ်။ ဒါကို ကြားတော့ ကျွန်မအရမ်းအားကျခဲ့တယ်။ လူတွေကို ရဖို့ ဧဝံဂေလိ သူတို့ ဟောပြီး အသင်းတော်ရဲ့ အလုပ်ကို ပံ့ပိုးကြတယ်၊ ဒါပေမဲ့ ကျွန်မကရော။ ကိုယ့်အချိန်တွေကို ပုံတွေ ဖန်တီးရင်းနဲ့ ကုန်ဆုံးပြီး၊ ဧဝံဂေလိ ဖြန့်ရာမှာ အဲဒါက အခန်းကဏ္ဍ ဘယ်လောက် ဆောင်ရွက်လဲ ကျွန်မ မသိခဲ့ဘူး။ ဘုရားအိမ်တော်ရဲ အလုပ်ကို ကျွန်မ သိပ်မပံ့ပိုးဘူးလို့ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ဘူး။ ဒီလိုဆက်သွားရင်၊ ဘုရားအမှု အပြီးသတ်တဲ့အခါ၊ ကျွန်မ ရှင်ကျန်မလား ပြောဖို့ခက်တယ်။ ဒါပေမဲ့ ပုံတွေဖန်တီးရင်းနဲ့ ကျွန်မ အမြဲ အလုပ်များလို့၊ ဧဝံဂေလိဟောဖို့ အချိန်လုံးဝ မရှိခဲ့ဘူး။ ကျွန်မတွေးမိတယ်၊ “ဧဝံဂေလိ မဟောနိုင်မှတော့၊ ညီအစ်ကို မောင်နှမတွေက ဟောတဲ့အခါ သုံးဖို့ သူတို့အတွက် ပုံတွေကို ပိုလုပ်လို့ ရနိုင်တာပဲ။ အဲဒီလိုနဲ့ဧဝံဂေလိအလုပ်ရဲ့အကျိုးတရားတွေမှာ ငါလည်း ဝေစုတစ်ခု ရှိမှာ”လို့ပေါ့။ တကယ်တော့၊ တချို့ပုံတွေက လိုချင်တဲ့ ခံစားမှုရသရဖို့ ပုံစံတစ်ခုပဲလိုတာ။ ဒါပေမဲ့ အပိုပုံစံတစ်ခုကို ကျွန်မ အမြဲဖန်တီးချင်ခဲ့တယ်၊ အဲဒါက ပြီးစီးဖို့ ကျွန်မကို ပိုကြာစေတယ်၊ အလုပ်ရဲ့ တိုးတက်မှုကို နှောင့်နှေးစေတဲ့ သဘောပဲ။ အဲဒီအချိန်အတွင်းမှာ၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို လေ့လာဖို့ အဖွဲ့ကို ဦးဆောင်ရာမှာ ကျွန်မ သိပ်စိတ်မပါခဲ့ဘူး။ ဒါမသင့်တော်မှန်း ရေးတေးတေး နားလည်ခဲ့သလို၊ နည်းနည်း အပြစ်ရှိသလို ခံစားခဲ့ရတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ ဟောပြောဖို့အတွက် ကျွန်မ ဖန်တီးခဲ့တဲ့ ပုံတွေအများကြီးက အမှတ်တမဲ့ ပယ်ဖျက်ခံရပြီး ဆုံးရှုံးသွားတဲ့အခါ ကျွန်မ လုံးဝ အံ့ဩသွားတယ်။ အဲဒီအတောအတွင်းမှာ ကျွန်မ အရမ်းစိတ်ပျက်ခဲ့တယ်။ ဒီအချိန်မှာ ကိုယ့်အခြေအနေနဲ့ပတ်သက်လို့ တစ်ခုခု မှားနေခဲ့မှန်း သဘောပေါက်သွားတယ်။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒါဘာကြောင့် ဖြစ်လဲ မသိပါဘူး။ ကိုယ်တော်ရဲ့အလိုတော်ကို ဆန့်ကျင့်တာတစ်ခုခု ကျွန်မ လုပ်ခဲ့မိလား။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ် သိရာမှာ လမ်းပြတော်မူပါ”လို့ပေါ့။

အစည်းအဝေးတစ်ခုမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ခဲ့တယ်။ “ငါ၏နေ့ရက် နီးကပ်လာသည်နှင့်အမျှ၊ ၎င်းတို့၏ စိတ်ဆန္ဒသည် မှန်မှန် တိုး၍အားကောင်းလာသည်။ ဘေးဒုက္ခ ကြီးမားလာလေ၊ ငါ့ကို ဝမ်းမြောက်စေဖို့နှင့် ရှည်ကြာစွာ ၎င်းတို့ တမ်းတခဲ့ကြသည့် ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးခြင်းအား ရှောင်လွှဲဖို့ ဘယ်က အစပြုရမည်ကို မသိဘဲ၊ ၎င်းတို့ကို ခိုကိုးရာမဲ့ ဖြစ်စေလေလေ ဖြစ်သည်။ ငါ၏လက်၏အမှုကို အစပြုသည်နှင့်တစ်ပြိုင်နက်၊ ထိုသို့သော လူများသည် ရှေ့ပြေးတပ်အဖြစ် အစေခံဖို့ ဆောင်ရွက်ရန် စိတ်ထက်သန်ကြလေသည်။ ၎င်းတို့ကို ငါ မမြင်တွေ့မည်ကို အလွန်အမင်း စိုးရွံ့ရင်း၊ ၎င်းတို့သည် တပ်ဖွဲ့များ၏ တကယ့်‌ရှေ့တန်းသို့ တစ်ရှိန်ထိုးတက်ဖို့သာ စဉ်းစားကြလေသည်။ ၎င်းတို့ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များက သမ္မာတရားနှင့် မည်သည့်အခါတွင်မျှ မဆီလျော်ဖူးသည့်အပြင်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ငါ၏ အစီအစဉ်များကို နှောင့်ယှက်ကာ ဝင်ရောက်စွက်ဖက်ရုံမျှ ပြုသည်ကို လုံးဝ မသိဘဲ၊ ၎င်းတို့ တွေးသည့်အရာကို မှန်ကန်သည့်အရာအဖြစ် လုပ်ဆောင် ပြောဆိုကြလေသည်။ ၎င်းတို့အနေဖြင့် ကြီးမားသော အားထုတ်မှု ပြုခဲ့ကောင်းပြုခဲ့နိုင်ပြီး အခက်အခဲများကို ခံရပ်ဖို့ ၎င်းတို့၏ အလိုဆန္ဒနှင့် ရည်ရွယ်ချက်တို့သည် မှန်ကောင်းမှန်နိုင်သော်လည်း၊ ငါ၏ ယဇ်ပလ္လင်ပေါ်တွင် ၎င်းတို့ တစ်ခုတစ်လေ ထားရှိသည်ကို ငါ မြင်ဖူးဖို့ မဆိုထားနှင့်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ကောင်းမွန်သော ရည်ရွယ်ချက်များမှ လာသည်ကို ငါ မည်သည့်အခါတွင်မျှ မမြင်ဖူးသည့် အတွက်၊ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ ငါနှင့် မပတ်သက်ပေ။ ယင်းမှာ ဤနှစ်များစွာတစ်လျှောက် ငါ၏ရှေ့တွင် ၎င်းတို့ ပြုထားသည့် လုပ်ဆောင်ချက်များ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားပြီး ကိုယ့်ရဲ့ လတ်တလော အခြေအနေကို သုံးသပ်ခဲ့တယ်။ ကျွန်မအနီးအနီးက ညီအစ်ကို မောင်နှမတွေက ဧဝံဂေလိသွားဖြန့်ဝေကြတဲ့အခါ၊ ဟောပြောပြီး လူတွေကို ဘုရားရှေ့ခေါ်တာက ဘုရားသဘောအကျဆုံးဖြစ်သလို ဒီတာဝန်က တန်ဖိုးအရှိဆုံးဖြစ်တယ်လို့ တွေးမိလို့ ကျွန်မ စိတ်ထက်သန်တက်ကြွခဲ့တယ်။ ဒါပေမဲ့ အခု၊ ကျွန်မက မထင်ပေါ်ဘဲ ပုံတွေလုပ်ရုံလုပ်နေခဲ့ရတာလေ၊ ဒီပုံတွေက တရားဟောရာမှာ ဘယ်လိုအသုံးဝင်မှန်း အတိအကျသိဖို့ ခက်တယ်။ ဒီတော့ ဒီတာဝန်ကို ဆက်လုပ်နေရင်၊ သိပ်ချီးကျူးမခံရမှာ၊ ကောင်းမွန်တဲ့ ခရီးပန်းတိုင် မရမှာ ကျွန်မ စိုးရိမ်ခဲ့တယ်။ ဧဝံဂေလိအလုပ်က ပိုထိုက်တန်ပြီး ကောင်းချီးခံစားရဖို့ ပိုကောင်းတဲ့ အခွင့်အရေးပေးနေတုန်းမှာ ကိုယ့်ရဲ့ လက်ရှိတာဝန်က အသုံးမကျသလို၊ ကောင်းချီးရဖို့ မျှော်လင့်ချက်နည်းတယ်လို့ တွေးရင်းနဲ့ တာဝန်တွေအပေါ် မတူတဲ့ တန်ဖိုးတွေ ကျွန်မ ချမှတ်ခဲ့တယ်။ လူတိုင်းက စိတ်ထက်ထက်သန်သန် ဧဝံဂေလိဖြန့်ပြီး လူသစ်တွေကို ရေလောင်းကြပုံကို မြင်တော့၊ အားကျပြီး စိတ်ပူပန်လာခဲ့တယ်။ ဧဝံဂေလိအဖွဲ့မှာ ကိုယ့်ကိုယ်ကိုယ် ထည့်ချင်ခဲ့တယ်၊ ရှေ့ကိုတိုးဝှေ့ထွက်ပြီး အကြီးစား ပံ့ပိုးတာတွေ လုပ်ချင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဒီလိုနဲ့ ဘုရားက ကောင်းချီးပေးမှာ သေချာတယ်လို့ တွေးခဲ့လို့ပဲ။ ဧဝံဂေလိလုပ်ဖို့ မျှော်လင့်ချက်နည်းတာကို မမြင်တော့၊ ကိုယ့်တာဝန်ရဲ့ တန်ဖိုးတိုးစေဖို့ ဧဝံဂေလိအလုပ်လုပ်နေတဲ့ ညီအစ်ကို မောင်နှမတွေအတွက် ပိုများတဲ့ပုံတွေ လုပ်ပေးချင်ခဲ့တယ်၊ အဲဒါက အလုပ်ရဲ့တိုးတက်မှု နှောင့်နှေးစေတာကို ဂရုမစိုက်ဘဲနဲ့ပေါ့။ အဲဒီအခါမှပဲ ကျွန်မလုပ်သမျှက ကောင်းချီးအတွက် ကိုယ့်စိတ်ဆန္ဒရဲ့ လှုံ့ဆောင်တာ ခံခဲ့ရမှန်း မြင်လိုက်တာ။ ဘုရားအလိုတော်ကို အရေးထားဖို့၊ ဘုရားအတွက် အသုံးခံဖို့ လုပ်ခဲ့တာမဟုတ်ဘူး။ ပယ်ဖျက်ခံခဲ့ရတဲ့ ပုံတွေက အရမ်းနောက်မကျခင် သုံးသပ်ပြီး နောင်တရအောင် ကျွန်မကို အသိပေးဖို့ ဘုရားက ပတ်ဝန်းကျင်ကို အသုံးပြုနေတာဖြစ်မှန်းလည်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါကို သဘောပေါက်သွားတာနဲ့ ကျွန်မစိတ်နှလုံး အားတက်သွားတယ်၊ ဒါကြောင့် ကျွန်မနာခံချင်ပြီး ကျေနပ်စွာနဲ့ ကိုယ့်တာဝန်ကို လုပ်ချင်တယ်လို့ ပြောဖို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။

အဲဒီနောက် မကြာခင်မှာ၊ ကျွန်မတို့အဖွဲ့မှာ ပိုများတဲ့ ညီအစ်ကို မောင်နှမတွေက ဧဝံဂေလိဟောဖို့ သွားခဲ့ကြပြီး၊ နည်းနည်းပဲ ကျန်ခဲ့တယ်။ ကျွန်မ ချက်ချင်း စိတ်ဓာတ်ကျလာတယ်။ ကျွန်မတာဝန်က လုံးဝ ဆက်စပ်မှုမရှိသလို အသုံးမကျဘူးလို့ စစဉ်းစားလာတယ်။ ကျွန်မတွေးမိတယ်၊ “ပုံတွေ ဖန်တီးပြီး ဒီကျွမ်းကျင်မှုတွေကို လေ့လာရင်းနဲ့ အချိန်အများကြီးကုန်တာ ဘာအသုံးဝင်လို့လဲ။ တစ်နေ့မှာ အဲဒါတွေကို နောက်ထပ်လိုတော့မှာမှ မဟုတ်တာ။ တခြားလူတွေက ဧဝံဂေလိ ဖြန့်လို့ရတယ်၊ ဘုရားရဲ့အမှုကို သက်သေခံပြီး လူတွေကို ဘုရားရှေ့ခေါ်ကြရတယ်။ အဲဒါ အဓိပ္ပာယ်ရှိတဲ့ အလုပ်ပဲ။ ပုံတွေဖန်တီးတာကို နောက်ဆုံး ဘယ်အချိန်မှာ ငါ ရပ်လို့ရမှာလဲ။” အဲဒီနောက် ကျွန်မ စိတ်ဓာတ်ကျပြီး စိတ်သောကရောက်သွားခဲ့တယ်။ နေ့တိုင်း ကိုယ့်တာဝန်မှာ ကျွန်မ နှေးကွေးလေးကန်ပြီး ဘာကိုမှ စိတ်မဝင်စားခဲ့ဘူး။ ကျွမ်းကျင်မှုတွေကို လေ့လာဖို့ အဖွဲ့ကို တိုက်တွန်းတဲ့အခါ၊ ဟန်ဆောင်လုပ်ပြနေခဲ့တယ်။ မနက်မှာ နှိုးစက်အသံမြည်တော့၊ ပျင်းရိပြီး မထချင်ခဲ့ဘူး။ ဒီအချိန်မှာ ကိုယ့်အခြေအနေ မမှန်မှန်း ကျွန်မ သဘောပေါက်လိုက်ပြီး၊ ကိုယ့်ကိုယ်ကိုယ်‌ မေးမိတယ်၊ “ဒီတာဝန်ကို ငါအမြဲ နှစ်သက်ခံစားခဲ့တယ်၊ ဒီတော့ ဘာလို့အခု အဲဒါကို အရမ်းငြီးငွေ့ရတာလဲ။ ဧဝံဂေလို့ ဘာလို့အမြဲ ငါ ဖြန့်ဝေချင်တာလဲ”လို့ပေါ့။ ကျွန်မ ဘုရားရှေ့ကိုလာပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့တယ်။

တစ်နေ့မှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ခဲ့ရတယ်။ “ဘုရားသခင်ကို ယုံကြည်ခြင်း ရည်ရွယ်ချက်သည် ကောင်းချီးများ ရရှိဖို့ဖြစ်သည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုန်းကွယ်သော်လည်း၊ လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံးအတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ ကြိုးပမ်းလုပ်ဆောင်သည်။ ဤသည်မှာ လူတို့အတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်မည်နည်း။ လူတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် မည်သို့ဖြစ်မည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာနိုင်သည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားသည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ ဝိညာဉ်က ဆွဲယူခံလိုက်ရသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့တွင် အနက်ရှိုင်းဆုံးအရာဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သောအခါ၊ သို့မဟုတ် အသင်းတော်အသက်တာကို ရှင်သန်သောအခါ ၎င်းတို့မိသားစုများကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် ဝမ်းမြောက်စွာ အသုံးခံနိုင်သည်၊ ယခုအခါတွင် ကောင်းချီးရရန် ၎င်းတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုအပေါ် အသိရှိသည်၊ ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဘေးဖယ်ခဲ့ပြီး ဤအရာ၏ အုပ်စိုးခြင်း၊ သို့မဟုတ် ချုပ်ချယ်ခြင်းကို မခံရတော့ဟု မိမိတို့ကိုယ်ကိုယ် ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့တွင် ကောင်းချီးခံစားလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုမရှိတော့ဟု ၎င်းတို့က ထင်မြင်လိမ့်မည်။ သို့သော် ဘုရားသခင်က ဤသို့ ယုံကြည်မည်မဟုတ်ပေ။ လူတို့သည် အကြောင်းကိစ္စများကို အပေါ်ယံသာ ရှုမြင်သည်။ စမ်းသပ်မှုများမပါဘဲ ၎င်းတို့က မိမိတို့ကိုယ်ကိုယ် ကျေနပ်ကြသည်။ အသင်းတော်ကို ၎င်းတို့ မစွန့်ခွာသရွေ့၊ ဘုရားသခင်၏ အမည်နာမကို မငြင်းပယ်သရွေ့၊ ဘုရားသခင်အတွက် ဆက်လက် အသုံးခံသရွေ့ ၎င်းတို့က ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် တစ်ကိုယ်ရေ စိတ်အားထက်သန်မှု၊ သို့မဟုတ် ခဏတာ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒတို့အားဖြင့် တွန်းအားပေးခြင်းမခံရတော့ဟု ခံစားမိကြသည်။ ထိုအစား ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သည်၊ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို အဆက်မပြတ်ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခံရနိုင်ပြီး စစ်မှန်သော ပြောင်းလဲမှုအချို့ကို ရရှိနိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ခရီးပန်းတိုင်၊ အဆုံးသတ်နှင့် တိုက်ရိုက်ဆက်နွှယ်သောအရာများဖြစ်ပျက်သောအခါ ၎င်းတို့၏ အပြုအမူက ၎င်းတို့၏ အမှန်တရားကို အပြည့်အဝ အလုံးစုံ ထုတ်ဖော်ပြသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေမှန်ကို ထုတ်ဖော်ပြခဲ့တယ်။ ပုံတွေကို ကျွန်မ စလုပ်ခဲ့ပြီး အတတ်ပညာဆိုင်ရာ အလုပ်ရဲ့ အရေးပါမှုကို သင်ယူခဲ့ချိန်မှာ၊ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ချင်လျက်နဲ့ အဲဒါကို လေ့လာရာမှာ အာရုံစိုက်ခဲ့တာကို ပြန်သတိရမိတယ်။ နောက်ပိုင်းမှာ ကျွန်မ အဖွဲ့ခေါင်းဆောင်ဖြစ်လာတယ်။ အလုပ်ပိုကြိုးစားပြီး ဆင်းရဲဒုက္ခ ပိုခံရမယ်မှန်း သိပေမဲ့၊ အဲဒီကနေ ကျွန်မ လုံးဝ ခေါင်းမရှောင်ဖူးဘူး။ အရေးပါတဲ့ တာဝန်တွေမှာ ပံ့ပိုးမှုလုပ်တာက ဘုရားရဲ့ ကောင်းချီးပေးတာခံရမယ်၊ ပြီးတော့ ပိုမြင့်တဲ့ အဖိုးအခပေးလေ၊ ကျွန်မ ပိုရလေဖြစ်မယ်လို့ ယုံခဲ့တယ်။ ကျွန်မတို့အဖွဲ့မှာ လူတွေ နည်းသထက် နည်းသွားတာ မြင်တော့ ဒီအတတ်ပညာဆိုင်ရာ အလုပ်မျိုးက အရေးမပါတာ ဖြစ်မယ်၊ ပြီးတော့ ပုံတွေဖန်တီးရာမှာ ကျွန်မအတွက် အနာဂတ်တိုးတက်မှုမရှိတာ ဖြစ်ရမယ်လို့ ယူဆခဲ့တယ်၊ ဒါကြောင့် ဒီတာဝန်ကို ကျွန်မ တကယ် မလိုချင်တော့ဘူး။ ဒီတာဝန်က ကိုယ့်အစွမ်းအစတွေကို အပြည့်အဝ သုံးခွင့်ပေးနိုင်ရင်တောင် မလိုချင်တော့တာ။ ဧဝံဂေလိဖြန့်ဝေတာကိုပဲ ပိုစိတ်ဝင်စားခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ၊ ကိုယ့်တာဝန်တွေကို မစဉ်းစားသလောက် ဖြစ်ခဲ့တယ်၊ အဲဒါက အလုပ်မှာ ကျွန်မကို ပိုပြီး ထိရောက်မှုလျော့နည်းစေခဲ့တယ်။ အဲဒီအခါမှပဲ ဘုရားကို ယုံကြည်ရာမှာ ကျွန်မရဲ့ ကောင်းချီးရလိုစိတ်က လုံးဝ မပြောင်းလဲခဲ့မှန်း သဘောပေါက်သွားတယ်။ ကျွန်မက လှပတဲ့ ခရီးပန်းတိုင်အတွက် အလဲအလှယ်အနေနဲ့ ကိုယ့်တာဝန်ကို သုံးပြီး ပံ့ပိုးမှုတွေ လုပ်ချင်ခဲ့တယ်။ ဘုရားကို ယုံကြည်တာနဲ့အမျှ ပြီးခဲ့တဲ့ ကျွန်မရဲ့ နှစ်ကာလတွေမှာ ပတ်ဝန်းကျင်အများကြီးကို ကျွန်မ တွေ့ကြုံခဲ့ရပြီး၊ ဘုရားကိုယုံကြည်ရာမှာ ကျွန်မရဲ့လိုက်စားမှု ပြောင်းလဲ့သွားခဲ့ပြီလို့ ထင်ခဲ့တာ။ အခုတော့၊ ဘုရားအတွက် တကယ်စပြီး အသုံးခံတယ်လို့ ထင်ခဲ့ပေမဲ့၊ အချက်အလက်တွေက ဘုရားကို ကျွန်မရဲ့ ယုံကြည်မှုရဲ့ မသန့်စင်မှုနဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မရဲ့တာဝန်က ကျွန်မရဲ့ ကောင်းချီးရလိုစိတ်ကို မဖြည့်ဆည်းနိုင်တဲ့အခါ၊ ကျွန်မအဲဒါကို ဆန့်ကျင်တယ်၊ ခုခံပြီး အဲဒီကနေ ခွာခဲ့တယ်။ ကျွန်မမှာ အသိစိတ်၊ လူ့သဘာဝတစ်ခုခုရှိတယ်လို့ ဘယ်လိုပြောနိုင်မှာလဲ။ ဒါကိုတွေးနေတုန်းမှာ၊ အရမ်းနောင်တရပြီး အပြစ်ရှိသလို ခံစားခဲ့ရတယ်။ မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်။ ကျွန်မ အရမ်းပုန်ကန်တတ်တယ်။ ကျွန်မကို ထုတ်ဖော်ဖို့ ဒီပတ်ဝန်းကျင်ကိုသုံးပြီး၊ ဘုရားကို ယုံကြည်ရာမှာ ကျွန်မရဲ့ မှားတဲ့လိုက်စားမှုကို မြင်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ယုံကြည်မှုမှာ ကောင်းချီးတွေနောက် မလိုက်ချင်တော့ပါဘူး။ ဘာတာဝန်ကိုပဲ လုပ်ဆောင်ရပါစေ၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကိုပဲ ကျိုးနွံနာခံချင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ကောင်းကောင်း သလို့ လမ်းပြတော်မူပါ”လို့ပေါ့။

နောက်နေ့မှာ၊ ကျွန်မ ဝတ်ပြုဆုတောင်းတဲ့ အတောအတွင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် အမှုပြုရန် လူ့ဇာတိခံယူသည်။ သမ္မာတရားများစွာကို ဖော်ပြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုအားလုံးကို လူသားမျိုးနွယ်ထံသို့ ဖွင့်ပြပြီး ကယ်တင်ခြင်းခံရဖို့အလို့ငှာ လူတို့ နားလည်ပြီး ဝင်ရောက်ရမည့် သမ္မာတရားအားလုံးကို ပံ့ပိုးသည်။ ဤသမ္မာတရားများနှင့် ဤ ဘုရားနှုတ်ကပတ်တော်များသည် အပြုသဘောဆောင်သောအရာများကို ချစ်သောသူအားလုံးတို့အတွက် အဖိုးထိုက်ရတနာများဖြစ်သည်။ သမ္မာတရားများကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လိုအပ်ပြီး ယင်းတို့သည် လူသားမျိုးနွယ်အတွက် အဖိုးမဖြတ်နိုင်သော ရတနာများလည်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ အစိတ်အပိုင်းတိုင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားအလိုတော်သည် သူတို့နားလည်သဘောပေါက်သင့်သည့် အရာများဖြစ်သည်။ ကယ်တင်ခြင်းရရှိရန်အတွက် လူတို့ လိုက်နာရမည့် အရာများဖြစ်သည်။ လူသားများရရှိရမည့် သမ္မာတရားများဖြစ်သည်။ သို့သော် အန္တိခရစ်များသည် ဤနှုတ်ကပတ်တော်များကို သဘောတရားများ၊ ဆောင်ပုဒ်များအဖြစ် မှတ်ယူသည်။ နားထောင်ရန် ငြင်းဆန်သည်၊ သို့မဟုတ် စက်ဆုပ်ရွံရှာပြီး ငြင်းပယ်ခြင်းပင်ပြုသည်။ အန္တိခရစ်များသည် လူသားမျိုးနွယ်တွင် တန်ဖိုးအရှိဆုံးအရာများကို အယောင်ဆောင်ဆရာသမားများ၏ မုသားများအဖြစ် မှတ်ယူကြသည်။ လောကတွင်ရှိသော သမ္မာတရား၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို မဆိုထားနှင့်။ အန္တိခရစ်များသည် ကယ်တင်ရှင်မရှိဟုပင် ယုံကြည်ကြသည်။ လှပသော၊ သို့မဟုတ် အကျိုးဖြစ်စေသောအရာမှန်သမျှကို လူသားလက်ဖြင့် အရယူရမည်၊ လူသား၏ ကြိုးပမ်းမှုဖြင့် ရယူရမည်ဟု ထင်မြင်ကြသည်။ ရည်မှန်းချက်နှင့် အိပ်မက်များမရှိသောလူတို့သည် မည်သည့်အခါမျှ အောင်မြင်မည်မဟုတ်ဟု အန္တိခရစ်များက ထင်ကြသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင် ဖော်ပြသော သမ္မာတရားကို စိတ်ကုန်ခြင်း၊ မုန်းတီးခြင်းနှင့် ပြည့်နေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများကိုသီအိုရီများ၊ ဆောင်ပုဒ်များအဖြစ် သူတို့ သတ်မှတ်ကြသည်။ သို့သော် အာဏာ၊ အကျိုးစီးပွား၊ ရည်မှန်းချက်နှင့် ဆန္ဒတို့ကို စိတ်ပါဝင်စားပြီး လိုက်စားရမည့် ဖြောင့်မတ်သောအရာများအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန်၊ သရဖူများကို ရရှိရန်၊ ပို၍ကြီးမားသော ကောင်းချီးများကို မွေ့လျော်ခံစားရန်အတွက် ကြိုးစားသည့်အနေဖြင့် ဘုရားသခင်နှင့် အရောင်းအဝယ်ပြုလုပ်ရန် နည်းလမ်းအဖြစ် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် လုပ်ဆောင်သော အစေခံမှုကိုလည်း အသုံးပြုကြသည်။ ဤသည်မှာ မဆိုးယုတ်သလော။ ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့က မည်သို့ အဓိပ္ပာယ်ကောက်ကြသနည်း။ ၎င်းတို့ကပြောသည်။ ‘ဘုရားသခင်က သူ့အတွက် မည်သူက အများဆုံး အသုံးခံပြီး ဒုက္ခခံသည်၊ မည်သူက အဖိုးအခအမြင့်ဆုံးပေးဆပ်သည်ကို ကြည့်ခြင်းဖြင့် မည်သူက ဆရာကြီးဖြစ်သည်ကို ဆုံးဖြတ်သည်။ မည်သူက အပြေးအလွှားသွားလာနိုင်သည်၊ စကားပြောကောင်းသည်၊ မည်သူက ဓားပြစိတ်ဓာတ်ရှိပြီး ပစ္စည်းဥစ္စာများကို အတင်းအဓမ္မ သိမ်းယူနိုင်သည်ကိုကြည့်ပြီး မည်သူက နိုင်ငံတော်ကိုဝင်ရောက်နိုင်ပြီး မည်သူက သရဖူများရရှိသည်ကို ဘုရားသခင်က ဆုံးဖြတ်သည်။ ပေါလုက၊ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏။ (တိမောသေသြဝါစာ ဒုတိယစောင် ၄:၇-၈) ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။’ ၎င်းတို့သည် ပေါလု၏ စကားများကို လိုက်လျှောက်ပြီး ပေါလု၏ စကားများသည် မှန်ကန်သည်ဟု ယုံကြည်ကြသည်။ သို့သော် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဖော်ပြချက်များကို လျစ်လျူရှုကာ၊ ‘ဤအရာများက အရေးမကြီးပေ။ အရေးကြီးသမျှမှာ ငါ၏ တိုက်လှန်ခြင်းကို ပြုလုပ်ပြီး အဆုံးတိုင်အောင် ပြေးပြီးသည်နှင့် တစ်ပြိုင်နက် အဆုံးတွင် ငါ့ကိုစောင့်နေသော သရဖူတစ်ခုရှိသည်။ ဤသည်မှာ မှန်ကန်သည်။ ဤသည်မှာ ဘုရားသခင် ဆိုလိုသောအရာမဟုတ်လော။ ဘုရားသခင်က နှုတ်ကပတ်တော် ထောင်ပေါင်းမျာစွာ ပြောကြားခဲ့ပြီး မရေမတွက်နိုင်သော တရားဒေသနာများပေးခဲ့သည်။ သူက လူတို့ကို ပြောလိုသောအရာမှာ သရဖူနှင့် ဆုလာဘ်များရလိုလျှင် ယှဉ်ပြိုင်၊ ရုန်းကန်ကြိုးစားပြီး ဖမ်းဆုပ်ကာ ရယူဖို့က သင့်အပေါ်မူတည်သည်ဟူ၍ ဖြစ်သည်။’ ဤသည်မှာ အန္တိခရစ်များ၏ တွေးခေါ်ပုံ မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဤသည်မှာ ဘုရားသခင်၏ အမှုကို အန္တိခရစ်များက မြင်သည့်ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် စီမံခန့်ခွဲမှုအစီအစဉ်ကို ၎င်းတို့ အဓိပ္ပာယ်ကောက်သည့်ပုံစံဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားသည် ဆိုးယုတ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို၊ သမ္မာတရားကို၊ အပြုသဘောဆောင်သောအရာအားလုံးကို မလိမ့်တပတ်လုပ်ကြသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အလဲအလှယ်သက်သက်အဖြစ် မှတ်ယူကြပြီး ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ထမ်းဆောင်ဖို့ တောင်းဆိုသည့် တာဝန်ကို သိမ်းယူခြင်း၊ ရန်လိုခြင်း၊ လှည့်စားခြင်း၊ အလဲအလှယ်လုပ်ခြင်းသက်သက်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်မဟုတ်လော။ ကောင်းချီးများရပြီး ကောင်းကင်နိုင်ငံကို ဝင်ရောက်ရန်မှာ အလဲအလှယ်ပြုလုပ်ခြင်းမှတစ်ဆင့် ရယူရမည်၊ ဤသည်မှာ မျှတသည်၊ ကျိုးကြောင်းသင့်ပြီး၊ သဘာဝအကျဆုံးဖြစ်သည်ဟု အန္တိခရစ်များက ယုံကြည်ကြသည်။ ဤသည်မှာ မကောင်းမှု၏ တွေးခေါ်မှုစနစ် မဟုတ်လော။ ဆိုးယုတ်သော တွေးခေါ်မှုစနစ် မဟုတ်လော။ အန္တိခရစ်များသည် ၎င်းတို့၏ စိတ်နှလုံးတွင် ဤသို့သော အမြင်များနှင့် သဘောထားများကို အစဉ် ကိုင်စွဲထားကြသည်။ ယင်းက အန္တိခရစ်များ၏ စိတ်သဘောထား ဆိုးယုတ်သည်ကို သက်သေပြသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၇)”) ဘုရားနှုတ်ကပတ်တော်ထဲက ထုတ်ဖော်ပြချက်က ကျွန်မစိတ်နှလုံးကို လှုံ့ဆော်ခဲ့တယ်။ လူတွေကို ပံ့ပိုးပြီး ကယ်တင်ဖို့ သမ္မာတရားကို ဘုရားက ဖော်ပြတယ်။ ဒါက လူသားမျိုးနွယ်အပေါ် ဘုရားအပ်နှင်းတဲ့ ကြီးမားတဲ့ ကယ်တင်ခြင်းဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို လူတွေ ချစ်ပြီး နာခံသင့်တယ်။ ဒါပေမဲ့ အန္တိခရစ်တွေက ဆိုးယုတ်တဲ့ စိတ်သဘောထားရှိပြီး ဘုရားဖော်ပြတဲ့ သမ္မာတရားကို အလေးအနက် မယူကြဘူး။ အဲဒီအစား၊ သူတို့ရဲ့အကျိုးစီးပွားတွေက တခြားအရာအားလုံးအထက်မှာ ထားတယ်။ လူတွေကိုကယ်ဖို့ သမ္မာတရားနဲ့ဆိုင်တဲ့ ဘုရားရဲ့ ဖော်ပြချက်လို အပြုသဘောဆောင်တာတွေ ယူပြီး၊ ပိုများတဲ့ အလုပ်လုပ်ပြီး ဆင်းရဲဒုက္ခပိုခံသူ ဘယ်သူမဆို ဘုရားဆီက ပိုကြီးမားတဲ့ ကောင်းချီးတွေ ရတယ်လို့ တွေးရင်းနဲ့ အဲဒါတွေကို လူတွေနဲ့ ဘုရားကြား အပေးအယူတွေအဖြစ်ကို လှည့်လိုက်ကြတယ်။ ပေးငွေအတွက် ဘုရားကို တောင်းဖို့၊ သူတို့ရဲ့ ကောင်းချီးခံစားရမယ့် ပန်းတိုင်ရဖို့ နည်းလမ်းတစ်ခုအနေနဲ့ စတေးမှုလုပ်ပြီး ဘုရားအတွက် အသုံးခံကြတယ်။ သူတို့တာဝန်ကို ဒီလိုဆောင်ရွက်ကြတဲ့အခါ၊ ဘုရားကို လှည့်စားပြီး အသုံးချနေကြတဲ့အပြင်၊ သမ္မာတရားနဲ့ပတ်သက်လို့ ကစားနေကြတာဖြစ်ပြီး၊ ဘုရားရဲ့ စက်ဆုပ်၊ ရှုတ်ချတာ ခံကြရတယ်။ ဘုရားကို ကျွန်မရဲ့ ယုံကြည်မှုနဲ့ တာဝန်ထဲက လိုက်စားမှုအပေါ် ကျွန်မရဲ့ စေ့ဆော်မှုနဲ့ အမြင်တွေဟာ အန္တိခရစ်တွေအတိုင်း ဖြစ်မှန်း သဘောပေါက်သွားတယ်။ လူတွေကို ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ ဘုရားရဲ့ အမှုတော်ကို အပေးအယူတစ်ခုအနေနဲ့ ကျွန်မယူမှတ်ခဲ့ပြီး၊ ပိုအလုပ်လုပ်ပြီး ပံ့ပိုးသူ ဘယ်သူမဆို အကြီးမားဆုံး သရဖူတွေ၊ ကောင်းချီးတွေနဲ့ ထိုက်တန်ပြီး၊ အလုပ်လုပ်ပြီး ပံ့ပိုးတာ ပိုနည်းတဲ့ ဘယ်သူမဆိုက ကယ်တင်ခြင်း မျှော်လင့်ချက်နည်းသွားသလိုမျိုး ဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်မှုနဲ့ တာဝန်ဟာ လုပ်အားခလို လျော်ကြေးပေးခံရသင့်တယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ပင်ပန်းစရာ၊ ခက်ခဲစရာဖြစ်ရင်တောင် ဧဝံဂေလိကို ကျွန်မ ဟောချင်ခဲ့ပြီး၊ ကျွန်မရဲ့ဆန္ဒတွေ ဖြည့်ဆည်းမခံရတော့၊ အချောင်ခိုခဲ့တယ်။ ကျွန်မရဲ့ လိုက်စားမှုတွေ၊ အတွေးတွေနဲ့ အမြင်တွေက အန္တိခရစ်တွေနဲ့ မယုံကြည်သူတွေကနေ ဘာကွာတာ ရှိလို့လဲ။ ဘုရားကို ကျွန်မယုံကြည်ခဲ့ပေမဲ့ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်”ဆိုတာနဲ့ တခြားဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို ကျင့်သုံးခဲ့တယ်။ အရာရာမှာ၊ ကိုယ့်တာဝန်နဲ့ သဘောထားကို ချင့်တွက်ဖို့ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားတွေကို သုံးခဲ့တယ်။ ပိုကြွားလို့ရအောင် ပိုအရေးပါတဲ့ တာဝန်တွေ အမြဲလိုချင်ခဲ့တယ်၊ ဒါမှ ကိုယ့်အားထုတ်မှုတွေကို အားလုံးက မြင်နိုင်မှာလေ၊ ဘာလို့လဲဆိုတော့ ဒီလိုနဲ့ ကျွန်မရဲ့ ယုံကြည်ချက်မှာ ကောင်းမွန်တဲ့ ခရီးပန်းတိုင် ရနိုင်မယ်လို့ ကျွန်မ ထင်ခဲ့တာကိုး။ လိုက်စားမှုနဲ့ ကျွန်မလုပ်ရပ်အားလုံးအပေါ် ကျွန်မရဲ့ အမြင်တွေက အရမ်းရှက်စရာဖြစ်ပြီး ဆိုးယုတ်ခဲ့တယ်။ ဒါက သမ္မာတရားကို လက်တွေ့လုပ်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်တာ ဘယ်လို ဖြစ်မလဲ။ ကျွန်မလုပ်နေသမျှက သမ္မာတရားကို ငြင်းပြီး ဘုရားကို ခုခံနေတာပဲ။ သူ့အားထုတ်မှုကို သရဖူအတွက် လဲလှယ်ချင်ခဲ့တဲ့ ပေါလုကို တွေးမိတယ်။ ဥရောပတစ်ခွင် ဧဝံဂေလိ သူဟောခဲ့ပေမဲ့၊ အများကြီး ဆင်းရဲဒုက္ခခံ၊ မြင့်မားတဲ့ အဖိုးအခ ပေးခဲ့ပေမဲ့၊ ဘုရားအတွက် စိတ်ရင်းအမှန်အတိုင်း သူ အသုံးမခံခဲ့ဘူး၊ ဆုလာဘ်တွေရချင်ခဲ့ပြီး ဘုရားနိုင်ငံတော်ထဲ ဝင်ချင်ခဲ့တယ်။ အဲဒါကြောင့်သူ ပြောခဲ့တယ်၊ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏။” (တိမောသေသြဝါဒစာဒုတိယစောင် ၄:၇-၈) ပေါလုရဲ့ စကားတွေက ဘုရားဆီ ခြိမ်းခြောက်မှုနဲ့ တောင်းဆိုချက်တွေ သယ်ဆောင်ခဲ့တယ်။ သူ့ရဲ့ သွယ်ဝိုက်သဘောက၊ ဘုရားက သူ့ကို သရဖူဆောင်းစေပြီး ဆုမချီးမြှင့်ရင်၊ မဖြောင့်မတ်ဘူးပေါ့။ ပေါလုက ဘုရားကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပြီး၊ ခရီးဝေးသွားခဲ့သလို၊ အများကြီး ဒုက္ခခံခဲ့ပေမဲ့၊ သူ့လုပ်ဆောင်ချက်နဲ့ လုပ်ရပ်တွေက ဘုရားကိုဆန့်ကျင်ခဲ့တယ်၊ ဒီတော့ ဘုရားရဲ့ ရှုတ်ချ၊ ကျိန်ဆဲတာ ခံခဲ့ရတယ်။ အဲဒီအခါမှပဲ ဘုရားကို ကျွန်မရဲ့ယုံကြည်ခြင်းမှာ ကောင်းချီးတွေလိုက်စားတာက လမ်းဆုံးတစ်ခုဖြစ်မှန်း သဘောပေါက်သွားတယ်။ အဲဒီလိုလိုက်စားတာက ဘုရားကို ရန်လိုပြီး နောက်ဆုံးမှာ ဘုရားရဲ့အပြစ်ပေးတာခံရမှာပဲ။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ အခွင့်အရေးပေးတဲ့ ဒီပတ်ဝန်းကျင်အတွက်လည်း ဘုရားကို ကျေးဇူးတင်မိတယ်။ မဟုတ်ရင်၊ ဘုရားကို ကျွန်မရဲ့ယုံကြည်ခြင်းက မသန့်စင်ခဲ့မှန်း ကျွန်မ လုံးဝ သဘောပေါက်မှာ မဟုတ်သလို၊ ကျွန်မရဲ့ လိုက်စားမှုတွေ ဘယ်လိုဆိုးယုတ်မှန်းနဲ့ အဲဒါကို ဘုရားက ဘယ်လိုမုန်းပြီး စက်ဆုပ်မှန်း သဘောပေါက်ခဲ့မှာ မဟုတ်ဘူး။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ခဲ့တယ်။ “ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းရှင် ရှေ့မှောက်သို့ သင် လာသည့်အခါ၊ သင်၏တာဝန်ကို သင် ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် သင့်တော်သည့် အရာဖြစ် ပြီး သင့်ပခုံးပေါ်ရှိ တာဝန်ဖြစ်သည်။ ဖန်ဆင်းခံများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်တွင် အခြေခံပြီး ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် သာ၍ ကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်ပြီးဖြစ်သည်။ လူသားမျိုးနွယ်အပေါ် အမှု၏နောက်ထပ်တစ်ဆင့် သူ ဆောင်ရွက်ပြီးဖြစ်သည်။ ပြီးလျှင် ယင်းမှာ အဘယ်အမှုနည်း။ လူသားမျိုးနွယ်သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် သူ့ထံမှ သမ္မာတရားကို ရရှိပြီး ထိုသို့အားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့နှင့် သန့်စင်ခြင်းခံရဖို့ ခွင့်ပြုလျက် ဖန်ဆင်းရှင်က ၎င်းတို့အား သမ္မာတရားကို ပေးသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို စိတ်ကျေနပ်စေလာပြီး၊ အသက်တာ၌ လမ်းကြောင်းမှန်ပေါ် စတင်လျှောက်လှမ်းကာ အဆုံး၌ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်၊ စုံလင်သော ကယ်တင်ခြင်းကို ရရှိနိုင်ပြီး စာတန်၏ ဒုက္ခပေးမှုများကို မခံရတော့ပေ။ ဤသည်မှာ မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် အဆုံးသတ်၌ ဘုရားသခင်က လူသားမျိုးနွယ်တို့အား စွမ်းဆောင်ရရှိစေလိုမည့်အကျိုးတရားဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်း လုပ်ငန်းစဉ်သည် အကြောင်းကိစ္စတစ်ခုကို သင် ရှင်းရှင်းလင်းလင်း မြင်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်စေရနမျှသာမဟုတ်သကဲ့သို့ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းအားဖြင့် သင် လက်ခံရရှိသည့် ကျေးဇူးတော်နှင့် ကောင်းချီးများကို သင်ခံစားနိုင်စေရန်မျှသာလည်း မဟုတ်ပေ။ ထိုထက် သင့်အား သန့်စင်ခံရပြီး ကယ်တင်ခြင်းခံရကာအဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာရသည့် အခွင့်ကို ပေးရန်ဖြစ်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၇)”) “ဖန်ဆင်းရှင်၏ လက်ခံမှုကိုရရှိရန် ဖန်ဆင်းခံတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်သင့်သည်။ ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသင့်ပြီး ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤအရာကို ကောင်းကင်က ပြဌာန်းထားပြီး မြေကြီးက အသိအမှတ်ပြုသည်။ ယင်းသည် ဘုရားသခင်၏ အမိန့်ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် လူ့လောကတွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက်ပို၍ ဖြောင့်မတ်သည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းထက် လူတို့အကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍တန်ဖိုးမရှိသည့်အပြင် မည်သည့်အရာကမျှ ဖန်ဆင်းခံတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် အနှစ်သာရကို မဆောင်ကြဉ်းပေ။ ဤသို့ မဟုတ်သလော။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူတို့အကြားတွင် ဝမ်းမြောက်ဖွယ်အကောင်းဆုံးအရာဖြစ်ပြီး၊ ယင်းသည် လူတို့အကြားတွင် ချီးကျူးဂုဏ်ပြုသင့်သောအရာပင် ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူတို့အတွက် မင်္ဂလာရှိကာ အသရေပွင့်သောအရာဖြစ်ပြီး၊ ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ထမ်းဆောင်သော လူမျိုးနွယ်အားလုံးအတွက် မည်သည့်အရာကမျှ ပို၍ ဝမ်းမြောက်ဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်သောသူတို့ကို ဆက်ဆံပုံနှင့် သူတို့ကို ကတိပေးသောအရာနှင့် ပတ်သက်၍မူ ယင်းသည် ဖန်ဆင်းရှင်နှင့်ဆိုင်သည့် ကိစ္စရပ်သာဖြစ်ပြီး၊ လူတို့၏ ကိစ္စမဟုတ်ပေ။ ရိုးရှင်းစွာ၊ ပွင့်လင်းစွာ ဆိုရသော် ယင်းသည် ဘုရားသခင်နှင့်သာ ဆိုင်သည်၊ လူသားသည် ကြားဝင်ရန် အခွင့်မရှိပေ။ သင်သည် သင့်အား ဘုရားသခင်ပေးသော မည်သည့်အရာကိုမဆို ရလိမ့်မည်ဖြစ်ပြီး၊ သူသည် သင့်အား မည်သည့်အရာကိုမျှ မပေးပါက သင်သည် ဤအရာနှင့်စပ်လျဉ်း၍ မည်သည့်အရာကိုမျှ ပြော၍မရပေ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ၎င်းတို့လုပ်ဆောင်နိုင်သည်ကို လုပ်ဆောင်ရန် ဖန်ဆင်းရှင်နှင့် လက်တွဲပူပေါင်းပါက ယင်းသည် အပေးအယူတစ်ရပ်၊ သို့မဟုတ် ကုန်သွယ်မှုတစ်ခု မဟုတ်ပေ၊ လူတို့သည် ဘုရားသခင်ထံမှ ကောင်းချီးများ၊ သို့မဟုတ် ကတိတော်များကို လဲလှယ်ရယူရန် မည်သည့်သဘောထား၊ သို့မဟုတ် မည်သည့်အရာကိုမျှ အသုံးပြုရန် မကြိုးပမ်းရပေ။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၇)”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အပြစ်ရှိသလိုခံစားပြီး နောင်တရစေခဲ့တယ်။ လူအမြောက်အများကနေ၊ ဘုရားက ကျွန်မကို ရွေးပြီး သမ္မာတရားပေးခဲ့သလို၊ အဓိပ္ပာယ်ရှိတဲ့ ဘဝ ဘယ်လိုရှင်သန်ရမယ်၊ ဘယ်လို ပြုမူနေထိုင်ပြီး၊ ဘဝမှာ ဘယ်လမ်းကြောင်း ရွေးသင့်တယ်ဆိုတာကို ပြခဲ့တယ်။ အဖန်ဆင်းခံတစ်ယောက်အနေနဲ့ သိပ်များတဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်း၊ ထောက်ပံ့တာကို ကျွန်မမွေ့လျော်ခဲ့ပြီးပြီ၊ ဒီတော့ ကျွန်မ ကျေးဇူးတင်သင့်ပြီး စိတ်နှလုံးကို ဘုရားဆီ လုံးဝ ပေးသင့်တယ်၊ ဘုရားအတွက် အသုံးခံဖို့ ကိုယ့်တာဝန်ကို အကြွင်းမဲ့ ဖြည့်ဆည်းသင့်တယ်၊ တာဝန်မှာ ကျွန်မရဲ့ အသက်သဘောထား ပြောင်းလဲမှုကို လိုက်စားပြီး၊ ဘုရားကို တကယ်ကြောက်ပြီး နာခံတဲ့သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားသင့်တယ်။ ဒါက ရှိသင့်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားဖြစ်ပြီး ဘဝမှာ လျှောက်သင့်တဲ့ လမ်းကြောင်းပဲ။ နောက်ပိုင်းအချိန်မှာ၊ ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်း တည်ငြိမ်စေခဲ့ပြီး တစ်ချိန်လုံးဝ ဧဝံဂေလိအလုပ်အကြောင်း မစဉ်းစားတော့ဘူး။ ကိုယ့်ရဲ့ လက်ရှိတာဝန်အပြင်၊ နေ့တိုင်း ဖြစ်လာတဲ့အရာမှာ သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံစိုက်နိုင်ခဲ့တယ်။ ဒီလို လက်တွေ့လုပ်လိုက်တော့၊ အများကြီး ပိုစိတ်အေးပြီး စိတ်ချလက်ချဖြစ်သွားတယ်။

အစည်းအဝေးတစ်ခုအတွင်းမှာ၊ ကျွန်မ ကိုယ့်ရဲ့လတ်တလော အခြေအနေနဲ့ နားလည်မှုအကြောင်း မိတ်သဟာယပြုခဲ့ပြီး၊ ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ခဲ့တယ်။ “နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်၏ စီစဉ်မှုအောက်တွင် မိမိတို့ကိုယ်ကို ထားရှိပြီး အရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်း ဖြစ်သည်။ ဤအခြေခံသဘောတရားမှာ ပြောင်းလဲ၍ မရသည့်အပြင်၊ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းကို သင်၏ စိတ်တွင် ကမ္ဗည်ထိုးထားပြီး အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် ရှိသော သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းကို သင် ရရှိနိုင်သည်။ သင်က မရောမရာဖြစ်သောအရာများကို လိုက်စားဖို့ အခြားလမ်းကြောင်းကို ရှာဖွေပြီး သင်သည် ကံကောင်းပြီး အောင်မြင်လိမ့်မည်ဟု စိတ်ကူးလျှင် သင်သည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သောသူတစ်ယောက်ဖြစ်ကာ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ကျွန်မစိတ်နှလုံးက ပိုအားတက်သွားတယ်။ ဘုရားက လူတစ်ယောက်ရဲ့ အဆုံးသတ်ကို သူ ဘယ်တာဝန်ထမ်းဆောင်တယ်၊ ဘယ်လောက်လုပ်တယ်၊ ဘယ်လောက် ပံ့ပိုးတယ်ဆိုတဲ့အပေါ် အခြေခံပြီး မဆုံးဖြတ်ဘူး။ အဲဒါထက်၊ တာဝန်ဖြည့်ဆည်းရာမှာ ဘယ်လမ်းကြောင်း လျှောက်တယ်၊ သမ္မာတရားကို လိုက်စားပြီး နားလည်ခြင်း ရှိမရှိ၊ ဘုရားကို နာခံနိုင်ခြင်း ရှိမရှိနဲ့ သူတို့ အသက်စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း ရှိမရှိအပေါ် မူတည်တယ်။ ဘုရားက လူတိုင်းကို ဖြောင့်မတ်စွာ ဆက်ဆံတယ်။ ကိုယ်က ဘာတာဝန်ပဲထမ်းဆောင်ပါစေ၊ သမ္မတတရားလိုက်စားခြင်းကို အာရုံစိုက်ရမယ်။ အာရုံမစိုက်ရင်၊ ကိုယ့်တာဝန်က ဘယ်လိုပဲ အရေးပါပါစေ၊ အချည်းနှီးဖြစ်မှာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ် ဖတ်ခဲ့ပြီး ကျွန်မ စိတ်နှလုံးက ပိုလို့တောင် လင်းလက်လာတယ်။ ဘုရားသခင်က ပြောသည်- “ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်သည် သီးခြားတာဝန်များစွာပါဝင်သည့် အသေးစိတ်ပြီး ရှုပ်ထွေးသည့် အလုပ်မျိုးဖြစ်သည်။ တာဝန်တစ်ခုစီတိုင်းကို ကောင်းစွာ၊ လျင်မြန်စွာ လုပ်ဆောင်ရမည်။ ဤသည်မှာ ဘုရားသခင်၏ စေခိုင်းချက်ဖြစ်သည်။ ကောင်းစွာလုပ်ဆောင်ရမည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့်ညီရန် ပိုပိုပြီး ထိရောက်မှုရှိရမည်။ ရုပ်ရှင်၊ စာသားအခြေခံသောအလုပ်၊ ဂီတ၊ အနုပညာနှင့် ဘာသာပြန်ခြင်းကဲ့သို့သော အခြားအတတ်ပညာပိုင်းဆိုင်ရာ အလုပ်အားလုံးသည် ဧဝံဂေလိအလုပ်ကို ပံ့ပိုးပြီး အားဖြည့်ရန် တည်ရှိသည်။ ဧဝံဂေလိအလုပ်သည် အလုပ်အားလုံး၏ ရှေ့တန်းဖြစ်သည်။ ထို့ကြောင့်၊ အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကို ကောင်းစွာလုပ်ပြီး ဘုရားသခင် တောင်းဆိုသောရလဒ်များကို ရရှိရမည်။ ဤနည်းဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်တွင် ၎င်းတို့၏ ဝေစုကို ရရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤတာဝန်အားလုံးသည် ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းတွင် တည်ရှိသောကြောင့် ဖြစ်သည်။ အလုပ်အားလုံးသည် ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်ကို ဗဟိုပြုရမည်ဖြစ်ပြီး ယင်းအတွက် မည်သည့်အခါမျှ အဆုံးမသတ်သည့် ပံ့ပိုးမှုကို ပေးရမည်။ ယခုအခါတွင် ဧဝံဂေလိ ဖြန့်ဝေရန်အတွက် လိုအပ်သော ကုန်ကြမ်းများ၊ အလုပ်များ၊ ရုပ်ရှင်များနှင့် ဗီဒီယိုများအားလုံးကို နောက်ကွယ်တွင် ဘုရားသခင်ရွေးချယ်ထားသောလူများစွာ၏ အားစိုက်ထုတ်မှုမှတစ်ဆင့် ဖန်တီးထားခြင်းဖြစ်သည်။ နောက်ကွယ်တွင် ဤလူတို့လုပ်ဆောင်သောအရာတိုင်းသည် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်အတွက် အားကြီးသော ပံ့ပိုးမှုကို ပေးသည်။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) “နိုင်ငံတော်၏ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်တွင် ဘုရားအိမ်တော်၏ အလုပ်အားလုံးကို ကောင်းစွာ သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ထိန်းချုပ်ထားပြီး၊ အစီအစဉ်ကျသောပုံစံဖြင့် ရှေ့ဆက်လုပ်ဆောင်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်သည် အလွန်အရေးပါသည့်၊ ရေရှည်နှင့် ခက်ခဲကြမ်းတမ်းသော အလုပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိအလုပ်ကို လုပ်ဆောင်သည့်သူများသည် ၎င်းတို့က ဧဝံဂေလိဖြန့်ဝေသော ကြီးကြပ်သူများဖြစ်စေ၊ သာမန်လူများဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအလုပ်၏ အရေးကြီးမှုကို နားလည်သဘောပေါက်သင့်သည်။ သင်တို့သည် ဧဝံဂေလိရှေ့တန်းတွင် အလုပ်လုပ်နေပြီး တာဝန်များကို ဖြည့်ဆည်းနေသော်လည်း သင်တို့၏ နောက်တွင်၊ ဆိုလိုသည်မှာ နောက်ကွယ်တွင် သင်တို့ကို ထောက်ပံ့ကူညီပေးရန် အမျိုးမျိုးသောအလုပ်များကို လုပ်ဆောင်နေသော ညီအစ်ကိုမောင်နှမများစွာရှိပြီး၊ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေသောအလုပ်ကို ပံ့ပိုးပေးသော အင်အားစုဖြစ်သည်။ ဤသို့အားဖြင့် အဘယ်အရာကို ငါဆိုလိုသနည်း။ ဘုရားအိမ်တော်၏ အလုပ်အားလုံးသည် ဧဝံဂေလိဖြန့်ဝေခြင်းကို ဗဟိုပြုပြီး ဘုရားသခင်ရွေးချယ်ထားသောလူတို့အားလုံးက ထမ်းဆောင်သော တာဝန်များသည် ဧဝံဂေလိဖြန့်ဝေခြင်းရည်ရွယ်ချက်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသော လူတစ်ယောက်ချင်းစီတိုင်းက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အားလုံးက ဧဝံဂေလိဖြန့်ဝေခြင်းနှင့် ဆက်နွှယ်နေသည်။ တာဝန်ထမ်းဆောင်သော ညီအစ်ကိုမောင်နှမတိုင်းသည် ဧဝံဂလိအလုပ်တွင် ဝေစုတစ်ခုရှိကြပြီး၊ အလုပ်အမျိုးအစားတိုင်းသည် ဧဝံဂေလိအလုပ်နှင့် နီးကပ်စွာ၊ အတွင်းကျကျ ဆက်နွှယ်နေသည်။ အတိုချုပ်အားဖြင့် ဧဝံဂေလိအလုပ်ကိုယ်တိုင်အပါအဝင် အလုပ်အမျိုးအစားတိုင်းသည် ဘုရားသခင်၏ အမှုတော်ကို သက်သေခံရန် လုပ်ဆောင်သည်။ ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းနှင့် မသက်ဆိုင်သည့် အလုပ်မရှိပေ။ အလုပ်အမျိုးအစားတိုင်းသည် ဘုရားသခင်အကြောင်း သက်သေခံခြင်းဖြစ်သော အရေးကြီးဆုံးအလုပ်နှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ဤသည်မှာ ဖြစ်ရပ်မှန်ဖြစ်သည်။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဘုရားနှုတ်ကပတ်တော်ကနေ နားလည်ရတာက၊ လူတွေ ဘာတာဝန်ထမ်းတယ်၊ ဘယ်အချိန်၊ ဘယ်လိုကဏ္ဍမှာထမ်းတယ်ဆိုတာကို ဘုရားက စီစဉ်ညွှန်ကြားပြီး စီစဉ်တာပါ။ ကျွန်မတို့ရဲ့ တာဝန်တွေက ကျွန်မတို့အတွက် ဘုရားရဲ့ စေခိုင်းချက်နဲ့ ဘုရားက ကျွန်မတို့ကိုပေးတဲ့ သာသနာဖြစ်တယ်။ ဘယ်ကဏ္ဍမှာ ဖြစ်ပါစေ၊ တာဝန်တိုင်းက ဘုရားနိုင်ငံတော် ဧဝံဂေလိဖြန့်ဖို့ လိုအပ်ပြီး၊ ဧဝံဂေလိအလုပ်နဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေတယ်။ ဘုရားအမြင်မှာ၊ မြင့်မြတ်ပြီး နိမ့်ကျတဲ့ တာဝန်တွေကြားမှာ ခြားနားချက် မရှိဘူး။ အလုပ်က မတူတဲ့ လိုအပ်ချက်တွေရှိပြီး လူတွေမှာ မတူတဲ့ အစွမ်းအစတွေရှိလို့၊ လူတိုင်းမှာ ကဏ္ဍတစ်ခုရှိအောင် မတူတဲ့တာဝန်တွေကို လူတွေအတွက် စီစဉ်ထားတာဖြစ်တယ်။ ကိုယ့်တာဝန်ကို လက်တွေ့ကျတဲ့ ပုံစံနဲ့ ကျွန်မကောင်းကောင်း ထမ်းဆောင်ပြီး နိုင်ငံတော် ဧဝံဂေလိ ဖြန့်ဝေဖို့အတွက် ကိုယ့်အပိုင်းကို လုပ်သင့်တယ်။ ဆက်ပြီး၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေ သင်ယူဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ခဲ့တယ်၊ ကိုယ်သင်ခဲ့တာကို ညီအစ်ကို မောင်နှမတွေနဲ့ မျှဝေပြီး၊ အတူတူ လေ့လောဖို့ လူတိုင်းကို တိုက်တွန်းခဲ့တယ်။ ခဏကြာပြီးတဲ့နောက် တိုးတက်မှုလုပ်နိုင်ခဲ့ပြီလို့ ခံစားနိုင်ခဲ့ပြီး ဘုရားကို အရမ်းကျေးဇူးတင်မိခဲ့တယ်။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ကိုယ့်ယုံကြည်ချက်မှာ ကောင်းချီးတွေရှာဖို့ ကိုယ့်ရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်အပေါ် အသိတချို့ ရသွားခဲ့တယ်။ အခု ကျွန်မ နားလည်သွားပြီ၊ သမ္မာတရားကို လိုက်စားတာက ဘုရားကို ယုံကြည်ရာမှာ အရေးအပါဆုံးဖြစ်ပြီး၊ အဖန်ဆင်းခံတစ်ယောက်ရဲ့နေရာမှာ ကျွန်မ ရပ်ဖို့၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ လိုအပ်ပြီး၊ ကောင်းချီးတွေအတွက် အလဲအလှယ်အနေနဲ့ ကိစ္စတွေကို မလုပ်ဖို့ကိုပေါ့။ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံဖို့၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းပြီး ရိုးသားတဲ့ စိတ်နှလုံးနဲ့ ဘုရားမေတ္တာကို ပြန်ပေးဆပ်ဖို့ပဲ ကျွန်မ ဆန္ဒရှိတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား သက်ရှိငရဲထဲမှ ခေါ်ထုတ်ပေးသည်

ချိုကျန်း တရုတ်နိုင်ငံ ၂၀၀၂ ခုနှစ်၊ ဩဂုတ်လတုန်းကပေါ့၊ ဧဝံဂေလိတရား ဝေငှဖို့ တခြားယုံကြည်သူငါး ယောက်နဲ့အတူ မြို့ထဲမှာ ကျွန်တော် ရောက်နေ တယ်။...

ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်တော် ကြုံတွေ့ခဲ့ရသည်

ချန်ဟို၊ ဟူနန်စီရင်စု ကျွန်တော့် အမျိုးသမီးနှင့် ကျွန်တော်တို့သည် အသင်းတော်တွင် ထမ်းဆောင်ရသည့် တာဝန်မှာ ဧဝံဂေလိတရားဟောကြားရန် ဖြစ်ပါသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။