အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင် နားညောင်းစေဖို့ ဆုတောင်းရန် နည်းလမ်း ပြဿနာ ၃ ခုကို ဖြေရှင်းခြင်းသည် အဓိကသော့ချက်ဖြစ်သည်

2341

၂။ သင်က သခင့်နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် နှင့် အသက်တာကြီးထွားမှု ရရှိရန် တို့အတွက် ဆုတောင်းနေခြင်းလား

ကျွန်တော်တို့က စာတန်အားဖြင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည်နှင့် တပြိုင်နက်၊ ကျွန်တော်တို့သည် ဆိုးယုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ပြည့်နှက်ကြ သည်၊ ကျွန်တော်တို့က အတ္တကြီးသည်၊ လောဘကြီးသည်၊ ကောက်ကျစ်သည်၊ လှည့်ဖြားတတ်ပြီး စိတ်ထဲတွင် ကိုယ့်ကိုယ်ကျိုးအတွက်သာ ရှိသည်။ အရာအားလုံးတွင် အရာအားလုံးထက် ကိုယ်ပိုင် အကျိုးအမြတ်ကိုသာ ရှေ့ထားပြီး ကျွန်တော်တို့ ယုံကြည်ခြင်းတွင်ပင် ကျွန်တော်တို့က ဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများကို ပို၍ပို၍ လိုချင်ကြသည်။ ညီအစ်ကိုမောင်နှမ အများစုက ကျွန်တော်တို့သည် ဘုရားသခင်ကို ယုံကြည်သည့် အားလျော်စွာ၊ ကိုယ်တော်က ကျွန်တော်တို့ကို ကောင်းကြီးမင်္ဂလာပေးပြီး၊ ကျေးဇူးပြုသင့်ကြောင်း၊ ပြီးလျှင် ကိုယ်တော့်ထံမှ ကျွန်တော်တို့ မည်သည့်အရာကို တောင်းဆိုသည်ဖြစ်စေ ကိုယ်တော်က ပေးသင့်ကြောင်း ယုံကြည်ကြသည်။ ကျွန်တော်တို့က နာမကျန်းဖြစ်ခြင်းမှ နာလန်ထလာခြင်း၊ ကျွန်တော်တို့ကို နေအိမ်တွင် ငြိမ်သက်မှုပေးခြင်း သို့မဟုတ် ကျွန်တော်တို့ သားသမီးများကို အလုပ်ကောင်းရစေခြင်းတို့ကဲ့သို့ ဇာတိပကတိဆိုင်ရာ အကျိုးအမြတ်များအတွက်သာ ဘုရားသခင်ထံ တောင်းလျှောက်ပြီး ဆုတောင်းကြသည်။ ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်တော်တို့ နှစ်သက်ခံစားရသည့်အခါတွင် ကျွန်တော်တို့သည် ကိုယ်တော်ကို ပျော်ရွှင်စွာ ချီးမွမ်းကြသော်လည်း၊ ကျွန်တော်တို့ ဆုတောင်းခြင်းများကို ကိုယ်တော်က ကျွန်တော်တို့ လိုလားသကဲ့သို့ မဖြေကြားပါက၊ ကျွန်တော်တို့က ကိုယ်တော့် အကြောင်း ညဉ်းတွားကြသည်။ ကျွန်တော်တို့ ဇာတိပကတိဆိုင်ရာ အကျိုးအမြတ်များအတွက် ဘုရားသခင်ထံ အဆက်မပြတ် ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် စစ်မှန်သည့် မိတ်သဟာယ ဖွဲ့ခြင်း ဟုတ်မဟုတ်၊ ကိုယ်တော်ကို စစ်မှန်သည့် ဝတ်ပြု ကိုးကွယ်ခြင်း ဟုတ်မဟုတ် သင့်အနေဖြင့် တွေးတောဖူးပါသလား။ အဖြေမှာ မတွေးဖူးပါ။ ဤသို့သော ဆုတောင်းခြင်းမျိုးသည် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာရရှိရန် ်အားထုတ်မှု တစ်ခုသာ ဖြစ်သည်၊ ၎င်းတို့က ဘုရားသခင်ထံမှ အရာများကို တောင်းဆိုခြင်းနှင့် ကိုယ်တော့်ကို ကျွန်တော်တို့ ဆန္ဒများအတိုင်း ဆောင်ရွက်စေရန် ကြိုးစာခြင်းသာ ဖြစ်သည်။ ယင်းမှာ ကိုယ်တော်ကို ဘုရားသခင်အဖြစ် ဆက်ဆံနေခြင်းမဟုတ်ပါ။ ဤသို့သော ဆုတောင်းခြင်းများသည် ဘုရားသခင်၏ အမျက်ဒေါသကိုသာ နှိုးဆွနိုင်ပြီး၊ ကိုယ်တော်က ၎င်းတို့ကို နားမထောင်ပါ။

ခရစ်ယာန်များဖြစ်သည်နှင့်အညီ ကျွန်တော်တို့က ဇာတိပကတိ ဆိုင်ရာ ကောင်းကြီးမင်္ဂလာများကို သို့မဟုတ် ကျွန်တော်တို့အပေါ် ဘုရားသခင်က ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများ ပို၍ပေးသနားရန်တို့ကိုသာ မရှာဖွေသင့်ပါ။ အကြောင်းမှာ ဤအရာများသည် ကျွန်တော်တို့ကို တစ်ခဏတာ လောကီဆိုင်ရာ ဉစ္စာဓနကောင်းများကိုသာ နှစ်သက်ခံစားစေသော်လည်း ကျွန်တော်တို့ အသက်တာများတွင် ကျွန်တော်တို့ကို နည်းနည်းမျှ မရင့်ကျက်မကြီးထွားစေပါ။ ကျွန်တော်တို့က ဘုရားသခင်ကို စစ်မှန်သည့် နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ်ရရှိစေရန် မကူညီနိုင်ပါ။ ကျွန်တော်တို့၏ ဆုတောင်းခြင်းများနှင့် တောင်းလျှောက်ခြင်းများက ကျွန်တော်တို့၏ သမ္မာတရားကို နားလည်သဘောပေါက်မှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း နှင့် ကျွန်တော်တို့အသက်တာများတွင် ကြီးထွားရင့်ကျက်ခြင်းတို့ကို ပို၍ အာရုံစိုက်သင့်သည်။ ဤကဲ့သို့သော ဆုတောင်းခြင်းသာလျှင် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်။ သခင်ယေရှုက “ ထိုကြောင့် အဘယ်သို့ စားရအံ့နည်း။ အဘယ်သို့ သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောကမွှေနှောက်ခြင်းလည်း မရှိကြနှင့်။ ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။ သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။” (ရှင်လုကာ ၁၂:၂၉-၃၁) “ ဝိညာဉ်သာလျှင်အသက်ရှင်စေ၏။ ကိုယ်ကာယသည်အလျှင်မတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။” (ရှင်ယောဟန် ၆:၆၃) ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏ အလိုတော်မှာ ကျွန်တော်တို့က ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း နှင့် အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်၊ ပြီးလျှင် ကျွန်တော်တို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရရှိနိုင်ဖို့ နှင့် နောက်ဆုံးတွင် ကိုယ်တော့်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ဖို့တို့အတွက် ကိုယ်တော်၏နှုတ်ကပတ်တော်မှတစ်ဆင့် သမ္မာတရားနှင့် အသက်တို့ကို ရရှိရန် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ ဆုတောင်းခြင်းများက ကိုယ်တော့်နှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့ လုပ်ဆောင်ရန် နှင့် တွေ့ကြုံခံစားရန်တို့ကို အဓိကထားသင့်သည်၊ ဤနည်းဖြင့် ကိုယ်တော်၏ အမှုတော်ကို ကြုံရရာတွင် ကိုယ်တော်က ကျွန်တော်တို့ကို ဦးဆောင်လိမ့်မည်၊ ကျွန်တော်တို့က သမ္မာတရားကို ပို၍ပို၍ နားလည်သဘောပေါက်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင်နေထိုင်နိုင်မည်။ ကျွန်တော်တို့အားလုံးက မိမိဂုဏ်၊ အဆင့်အတန်း၊ ချမ်းသာကြွယ်ဝမှု သို့မဟုတ် အကျိုးစီးပွားများကို ကာကွယ်ရန် မုသားများကို မကြာခဏ ပြောဆိုပြီး လှည့်ဖြားသည့်အရာများ လုပ်ဆောင်ကြပုံကို တွေးကြည့်ပါ။ ကျွန်တော်တို့အားလုံးက ဤအရာများသည် အပြစ်များဖြစ်ကြောင်း သိသော်လည်း အပြစ်ကျူးလွန်ခြင်းမှ မိမိကိုယ်ကို မရပ်တန့်နိုင်ကြပါ။ ကျွန်တော်တို့၏စကားများဖြင့် ကျွန်တော်တို့ မလိမ်သည့်တိုင်၊ ကျွန်တော်တို့ နှလုံးသားများတွင် မိမိဂုဏ်၊ အကျိုးအမြတ် နှင့် ရာထူးတို့ကို ကာကွယ်ရန် ပြောရမည့်အရာများနှင့် ကျွန်တော်တို့ အကျိုးစီးပွားများ မထိခိုက်စေရန် ကျွန်တော်တို့ လုပ်ဆောင်သင့်သည့်အရာတို့ကို တွက်ချက်နေကြသည်။ ကျွန်တော်တို့ လိမ်လည်လိုဇော၊ သို့မဟုတ် မရိုးသားသည့် အရာတစ်ခုကို လုပ်လိုဇော ရှိသည်ကို သတိပြုမိလာသည့်အချိန်တွင်၊ ကျွန်တော်တို့က ဘုရားသခင် ရှေ့တော်မှောက်သို့ လာရောက်ပြီး၊ “ အိုဘုရားသခင်၊ ကျွန်တော်က ကလေးတစ်ယောက်ရဲ့ ရိုးရှင်းမှုနဲ့ ရိုးသားမှုတို့ကို မရနိုင်ပေမဲ့၊ လိမ်ညာခြင်း ဒါမှမဟုတ် လှည့်စားခြင်းက ကိုယ့်ကိုယ်ကို မရပ်တန့်နိုင သေးတာကို ကျွန်တော် မြင်ရပါတယ်။ ဒီလိုသာ ကျွန်တော် ဆက်သွားနေရင်၊ ကိုယ်တော်က ကျွန်တော့်ကို သေချာပေါက် ရွံရှာလိမ့်မယ်။ ဘုရားသခင်၊ ကျွန်တော် ကိုယ်တော့်ကယ်တင်ခြင်းကို အမှန်တကယ် လိုအပ်ပါတယ်။ ရိုးသားတဲ့လူတစ်ယောက် ဖြစ်အောင် ကျွန်တော့်ကို ဦးဆောင်တော်မူပါ၊ ပြီးတော့ ကျွန်တော် ထပ်ပြီး လိမ်ညာ ဒါမှမဟုတ် လှည့်စားခဲ့ရင်၊ ကိုယ်တော် ကျွန်တော့်ကို ဆုံးမပဲ့ပြင်တော်မူပါ” ဟု ဆုတောင်းသင့်သည်၊ ဤကဲ့သို့သော ဆုတောင်းခြင်းမျိုးကို ပူဇော်ဆက်ကပ်ပြီးနောက်၊ ကျွန်တော်တို့က မိမိကိုယ်ပိုင် အကျိုးစီးပွားများအတွက် လိမ်ညာလိုသည့်ဆန္ဒ နောက်ထပ် တစ်ဖန် ရှိလာသည့်အချိန်တွင်၊ ကျွန်တော်တို့ အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်ခြင်းကို ခံစားရလိမ့်မည်။ ဘုရားသခင်က ကျွန်တော်တို့ကို ရိုးသားသူများဖြစ်စေ လကြောင်း နှင့် ရိုးသားသူများ၌ ကိုယ်တော်က ဝမ်းမြောက်ပြီး၊ ကောင်းကြီးမင်္ဂလာ ပေးကြောင်းတို့ကို ကျွန်တော်တို့ ရှင်းလင်းစွာ နားလည်သဘောပေါက်လိမ့်မည်။ ကျွန်တော်တို့ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိန်းသိမ်းထားခြင်းအတွက် လိမ်ခြင်းသည် ဘုရားသခင်အတွက် ရွံရှာခြင်းဖြစ်သည် နှင့်အညီ ကျွန်တော်တို့ လိမ်၍မရနိုင်ပါ။ ဤအရာအားလုံးကို ကျွန်တော်တို့ နားလည်သဘောပေါက်သည်နှင့် တပြိုင်နက် နှလုံးသားမှ ကျွန်တော်တို့၏ ကလိမ်ကကျစ်ကျသော ရည်ရွယ်ချက် များကို စွန့်ပယ်နိုင်ပြီး၊ အချက်အလက်များမှ သမ္မာတရားကို ရှာဖွေနိုင်မည်၊ ပြီးလျှင် အမှန်တရားကို ရိုးရှင်းစွာပြောနိုင်မည်။ ဤနည်းဖြင့် အမြဲတမ်း လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ မသိလိုက်မီမှာပင် ကျွန်တော်တို့က နည်းသထက်နည်းပြီး လိမ်ညာလာမည်၊ ပြီးလျှင် ကျွန်တော်တို့က ရိုးသားသူတစ်ယောက်ဖြစ်ခြင်းဆိုင်ရာ သမ္မာတရား၏ လက်တွေ့ကျမှုထဲသို့ တစ်လှမ်းချင်း ဝင်ရောက်နိုင်မည်။ ဤသည်မှာ အသက်တာတွင် ကြီးထွားခြင်းအတွက် ဆုတောင်းခြင်း၏ အကျိုးဖြစ်သည်။ သခင်ယေရှုက “ တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။” (ရှင်လုကာ ၁၁:၉-၁၀) ဟု မိန့်တော်မူခဲ့သည်။ သမ္မာတရားကို နားလည် သဘောပေါက်ခြင်း နှင့် သခင့်နှုတ်ကပတ်တော်ကို လက်တွေ့ လုပ်ဆောင်ရန် အစွမ်းအစ၊ ပြီးလျှင် သမ္မာတရားထဲ ဝင်ရောက်ခြင်းကို အဆုံးစွန်သော လေးနက်မှုဖြင့် ဆောင်ရွက်ရန် တို့အတွက် ဘုရားသခင်ကို ကျွန်တော်တို့ ဆုတောင်းသမျှ ကာလပတ်လုံး၊ ဘုရားသခင်က ကျွန်တော်တို့ သမ္မာတရားကို နားလည် သဘောပေါက်ရန် နှင့် သမ္မာတရား၏ လက်တွေ့ကျမှုထဲ ဝင်ရောက်ရန် လမ်းပြတော်မူလိမ့်မည်၊ ပြီးလျှင် ကျွန်တော်တို့ ကလည်း မိမိတို့၏ ဝိညာဉ်ရေးရာ အသက်တာများတွင် နည်းနည်းချင်း ကြီးထွားနိုင်လိမ့်မည်။

သက်ဆိုင်သည့် အကြောင်းအရာ