အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင် နားညောင်းစေဖို့ ဆုတောင်းရန် နည်းလမ်း ပြဿနာ ၃ ခုကို ဖြေရှင်းခြင်းသည် အဓိကသော့ချက်ဖြစ်သည်

2341

၃။ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း ကို ရှာဖွေရန်နှင့် ကိုယ်တော့်အတွက် သက်သေခံရန် သင်ဆုတောင်းပါသလား

ယောဘ ဆုတောင်း

တစ်ခါတစ်ရံတွင် ကျွန်တော်တို့ အသက်တာများတွင် အလုပ်တွင်ဖြစ်စေ နေအိမ်တွင်ဖြစ်စေ ရှိသည့် ပြဿနာများကဲ့သို့ ကျွန်တော်တို့ အယူအဆများနှင့် မကိုက်ညီသည့် ပြဿနာများကို ကြုံတွေ့ရသည်၊ သို့မဟုတ် ရုတ်တရက်ဖြစ်ပွားသည့်ကပ်ဘေးမျိုး အချို့နှင့်ပင် ကျွန်တော်တို့ ရင်ဆိုင်ရနိုင်သည်။ ဤအရေးကိစ္စများ ဖြစ်ပေါ်သည့်အချိန်တွင် ကျွန်တော်တို့ အများစု ဘုရားသခင်ကို ဤဆိုးရွားသည့် ပတ်ဝန်းကျင်များကို ဖယ်ရှားပေးရန် နှင့် ကျွန်တော်တို့ကို ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတို့ ပေးပါရန် တောင်းလျှောက်ကြသည်။ ကျွန်တော်တို့က ဘုရားသခင်ကို အစေခံဖို့ အလုပ်ကြိုးစားသည့်တိုင် သို့မဟုတ် ကျွန်တော်တို့ ပေါင်းသင်းဆက်ဆံရေးများ နှင့် ကျွန်တော်တို့ အလုပ်များကို စွန့်လွှတ်သည့်တိုင်၊ ကျွန်တော်တို့က ကြီးမားသောနာမကျန်းဖြစ်မှုမျိုးကဲ့သို့ တစ်စုံတစ်ခုကို ကြုံတွေ့ရသည့်အချိန်တွင်၊ မိမိကိုယ်ကို တည်ငြိမ်အောင် လုပ်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို မရှာဖွေနိုင်သည့်အပြင်၊ ဘုရားသခင်ကို သက်သေရပ်တည်နိုင်ရန် နှင့် စိတ်ကျေနပ်စေနိုင်ရန် ဆုမတောင်းနိုင်ကြပါ။ ထိုအစား ကျွန်တော်တို့က နာမကျန်းမှု၏ ညှင်းပန်းနှိပ်စက်ခြင်းမှ ဖြစ်နိုင်သမျှ စောစော လွတ်မြောက်နိုင်ရန် ကျွန်တော်တို့ နာမကျန်းမှုကို ပျောက်ကင်းစေဖို့ ကိုယ်တော့်ကို တောင်းလျှောက်ရင်း ဘုရားသခင်ကို ဆုတောင်းသည်၊ ဘုရားသခင်က ကျွန်တော်တို့၏ တောင်းဆိုမှုများကို လိုက်လျောသည့်အချိန်တွင်၊ ကျွန်တော်တို့က ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းကြသော်လည်း၊ ကိုယ်တော်က ကျွန်တော်တို့ ကောင်းမွန်လာစေခြင်းမရှိသည့်အချိန်တွင်၊ ကျွန်တော်တို့က စိတ်ပျက်အားလျော့ကြပြီး၊ ဘုရားသခင်ကို စိတ်ပျက်ကြသည်၊ ကျွန်တော်တို့သည် အပျက်သဘောဆောင်ခြင်းအတွင်း အသက်ရှင်နေထိုင်ကြသည်၊ ကိုယ်တော့်အကြောင်း ညဉ်းတွားပြီး၊ ကိုယ်တော့်အတွက် ကြိုးပမ်းအားထုတ်မှုကိုပင် စွန့်လွှတ်လိုက်နိုင်သည်။ ကျွန်တော်တို့က မိမိတို့၏ ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားကို အလွန်နှစ်သက်ကြောင်း၊ ကျွန်တော်တို့နှလုံးသားများတွင် ဘုရားသခင်ကို မချစ်သလို၊ ဘုရားသခင်စိတ်ကျေနပ်စေဖို့လည်း ဆန္ဒမရှိကြောင်း ဤအချက်မှ ကျွန်တော်တို့မြင်တွေ့နိုင်ပါသည်။ ကျွန်တော်တို့၏ ဆုတောင်းခြင်းများတွင် ကျွန်တော်တို့က မကြာခဏဆိုသကဲ့သို့ ယုတ္တိမတန်သည့် တောင်းဆိုမှုများပြုကြသည်၊ ကျွန်တော်တို့ လိုချင်သည့် အရာများအတိုင်း ကိုယ်တော် လုပ်ဆောင်စေဖို့ တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် နည်းလမ်းများဖြင့် ကိုယ်တော့်ကို တောင်းဆိုကြသည်။ ကျွန်တော်တို့က ဖန်ဆင်းခံသတ္တဝါများ၏ သင့်တော်သော အနေအထားမှ ဖန်ဆင်းရှင်ကို လုံးဝ ဝတ်ပြုကိုးကွယ်ခြင်းမပြုပါ။ ဘုရားသခင်က ထိုသို့သော ဆုတောင်းခြင်းမျိုးကို အဘယ့်ကြောင့် အရေးစိုက်ရမည်နည်း။ သို့ဆိုလျှင် ကျွန်တော်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီအောင် မည်သို့ ဆုတောင်းသင့်သနည်း။ ကိုယ်တော့်နှုတ်ကပတ်တော်များက ကျွန်မတို့အား ထိုလမ်းကြောင်းပေါ်သို့ လမ်းညွှန်နေပါသည်၊ “ သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ ‘အိုး ဘုရားသခင် ကျွန်ပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော်ကို ဖြည့်ဆည်းပေးရပါမယ်။’ ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။” (“ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်“ ) “ သင်သည် အတွင်းပိုင်းကို နာကျင်စေပြီး သင်၏ နာကျင်ခံစားမူသည် အတိုင်းအတာတစ်ခုထိ ရောက်ခဲ့သော်လည်း ဘုရားသခင်၏ ရှေ့မှောက်ကို လာရန် ဆန္ဒရှိဆဲဖြစ်ပြီး အိုး ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော်ကို မစွန့်ပစ်နိုင်ပါ။ ကျွန်ုပ်အထဲတွင် မှောင်မိုက် ခြင်းရှိသော်လည်း ကိုယ်တော်ကို ကျေနပ်စေရန် ဆန္ဒရှိပါသည်။ ကိုယ်တော်သည် ကျွနုပ်၏ နှလုံးသားကို သိပါသည်။ ကိုယ်တော်သည် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အထဲတွင် ပို၍မြှုပ်နှံလိမ့်မည်ဟု ဆုတောင်းသည်။” (“ စစ်ဆေးခြင်းကိုကြုံတွေ့မှသာလျှင် လူသားများသည် ဘုရားသခင်ကို အမှန်တကယ်ချစ်နိုင်“ )

ကျွန်တော်တို့ပေါ် ဆင်းရဲဒုက္ခကျရောက်လာသည့်အခါ၊ ကျွန်တော်တို့က ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး၊ ဘုရားသခင်ကို သက်သေရပ်တည်ကာ စိတ်ကျေနပ်စေနိုင်ဖို့အတွက် ဆုတောင်းရမည်။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်ရန် နှင့် စိတ်ကျေနပ်စေရန်လည်း စိတ်ပိုင်းဖြတ်ရမည်၊ ပြီးလျှင် ကျွန်တော်တို့ အကျိုးစီးပွားအတွက် ဆုတောင်းခြင်းထက် ဘုရားသခင်အတွက် သက်သေရပ်တည်ရမည်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားခြင်းကိုပင် သည်းခံဖို့ လိုလားရမည်။ ဤသို့သော ဆုတောင်းခြင်းသာလျှင် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်၊ ပြီးလျှင် ဤသည်မှာ ကျွန်တော်တို့ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ရှိခြင်းလည်း ဖြစ်သည်။ ဥပမာအားဖြင့် ယောဘသည် သူ့ပိုင်ဆိုင်မှုများအားလုံးနှင့် သူ့သားသမီးများကို သူ၏စမ်းသပ်မှုများမှတစ်ဆင့် ဆုံးရှုံးခဲ့ပြီး သူကိုယ်တိုင်လည်း ခေါင်းမှ ခြေဖျားအထိ အနာစိမ်းများ ကူးစက်ဖြစ်ပွားခဲ့သည်၊ သူသည် အလွန်ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ခံစားခဲ့ရသည်။ သို့သော်လည်း သူက ဘုရားသခင်က ဤအရာများအားလုံးကို သူ့အား အဘယ့်ကြောင့် ခံစားစေရကြောင်း ဘုရားသခင်ထံ မညဉ်းတွားခဲ့သကဲ့သို့ သူ့ဆင်းရဲဒုက္ခခံစားခြင်းများကို ယူသွားဖို့ ဘုရားသခင်ကို မတောင်းဆိုခဲ့ပါ။ ထိုအစား သူက ပထမဦးစွာ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေဖို့ ဆက်ကပ်အပ်နှံပြီး၊ ဆုတောင်းခဲ့သည်။ သူပိုင်ဆိုင်သမျှသည် သူ၏ ကြိုးစားမှုကြောင့် ရခဲ့ခြင်းမဟုတ်ပဲနှင့် ဘုရားသခင်က အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သူ အသိအမှတ်ပြုခဲ့သည်။ ဘုရားသခင်က ပေးသည်ဖြစ်စေ၊ ပြန်ယူသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများအနေဖြင့် ကျွန်တော်တို့က ဘုရားသခင်၏ အုပ်စိုးမှု နှင့် စီစဉ်မှုများကို အလိုအလျောက် ဆက်ကပ်အပ်နှံသင့်ပါသည်။ ကျွန်တော်တို့က ဘုရားသခင်ထံမှ လိုအပ်ချက်များ သို့မဟုတ် မည်သည့် ညဉ်းတွားခြင်း တစ်စုံတစ်ရာမျှ မရှိသင့်ပါ။ ဤသည်မှာ လူသားများအနေဖြင့် ကျွန်တော်တို့ ပိုင်ဆိုင်သင့်သည့် အသိစိတ်ဖြစ်သည်။ ယောဘက “ ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘ ၁:၂၀-၂၁) ဟု ပြောခဲ့သည်။ ယောဘက ဘုရားသခင်အတွက် သူ၏ ကြောက်ရွံ့ရိုသေမှု၊ နာခံမှု နှင့် ယုံကြည်ခြင်းတို့ကို မှီခိုခြင်းအားဖြင့် ဘုရားသခင်အတွက် ထူးကဲသည့် သက်သေခံခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ကျွန်တော်တို့က ယောဘ၏ စံနမူနာမှ သင်ယူသင့်ပြီး၊ ကျွန်တော်တို့ အယူအဆများနှင့် မကိုက်ညီသည့် အရာတစ်စုံတစ်ခုကို ကြုံရသည့်အချိန်တွင်၊ ကျွန်တော်တို့က ဘုရားသခင် ရှေ့တော်မှောက်တွင် ပထမဦးစွာ မိမိကိုယ်ကို ဆိတ်ငြိမ်စေပြီး၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ကမန်းကတန်း ဆုတောင်းရမည်၊ ပြီးလျှင် ကျွန်တော်တို့ ဘုရားသခင်ကို သက်သေရပ်တည်နိုင်ရန် နှင့် စိတ်ကျေနပ်စေရန် ဆုတောင်းရမည်။ ဤသည်မှာ ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်ခြင်း၏ အရေးအကြီးဆုံးသော ရှုထောင့်ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်က ကျွန်တော်တို့ကို ဦးဆောင်လမ်းပြနိုင်သည်။ ကျွန်တော်တို့သည် စမ်းသပ်မှုများမှတစ်ဆင့် ကျွန်တော်တို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရန် ကိုယ်တော်က ကျွန်တော်တို့ ရင်ဆိုင်ရနိုင်သည့် အဟန့်အတားများမှ ကူညီကျော်ဖြတ်ပေးဖို့ ယုံကြည်မှုနှင့် ခွန်အားတို့ကို ကျွန်တော်တို့ကို ပေးနိုင်ပါသည်။

ဤသည်တို့မှာ ကျွန်တော်တို့ ဆုတောင်းခြင်းတွင် ဖြေရှင်းရမည့် ပြဿနာသုံးရပ်ဖြစ်ပါသည်။ ကျွန်တော်တို့၏ နေ့စဉ်အသက်တာများတွင် ဤအခြေခံသဘောတရားများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး၊ ဝင်ရောက်သမျှကာလပတ်လုံး၊ ညီအစ်ကိုမောင်နှမများ၊ ကျွန်တော်တို့အားလုံး တစ်ခါမှ အိပ်မက်မမက်ဖူးသည့် ဆုလာဘ်များကို ရိတ်သိမ်းလိမ့်မည်ဖြစ်ကြောင်း ကျွန်တော် စိတ်ချလက်ချယုံကြည်ပါသည်။

သက်ဆိုင်သည့် အကြောင်းအရာ