ရိုးသားသော လူတစ်ဦးဖြစ်ခြင်းမှာ မလွယ်ကူပါ

25.08.2019

ကျီရှင်း၊ ဟူဘေးစီရင်စု

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အဆုံးသတ်ကာလ အမှုတော်ကို လက်ခံပြီးနောက်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် တရားဒေသနာများကို နားထောင်ခြင်းမှတဆင့်၊ တစ်ဦးတစ်ယောက်၏ ယုံကြည်ခြင်းတွင် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းကို ရှာဖွေလိုက်စားခြင်း၏ အရေးပါမှုနှင့် ရိုးသားသော လူတစ်ဦး ဖြစ်လာခြင်းဖြင့်သာ တစ်စုံတစ်ဦးက ဘုရားသခင်၏ ကယ်တင်ခြင်း ရရှိနိုင်သည်ကို ကျွန်မ နားလည်လာခဲ့သည်။ ထိုသို့ဖြင့် တကယ့်ဘဝတွင် ရိုးသားသော လူတစ်ဦး ဖြစ်ဖို့ ကျွန်မ စတင် လက်တွေ့လုပ်ဆောင်ခဲ့သည်။ အချိန်ကာလတစ်ခုကြပြီးနောက်၊ ဤအရာထဲသို့ ဝင်ရောက်မှုအချို့ ကျွန်မ ရရှိခဲ့သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးနှင့် ဆုတောင်းနေစဉ် သို့မဟုတ် စကားစမြည်ပြောဆိုနေစဉ်တွင်၊ အမှန်တရားကို ကျွန်မ ပြောနိုင်ပြီး၊ စိတ်နှလုံးထဲမှ ကျွန်မ ပြောဆိုနိုင်ခဲ့သည်။ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းခြင်းကိုလည်း ကျွန်မ လေးလေးနက်နက် ထားနိုင်ခဲ့ပြီး ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ ထုတ်ဖော်ပြသည့်အခါ အခြားလူများထံ ကျွန်မ မိမိကိုယ်ကိုယ် ဖွင့်ဟနိုင်ခဲ့သည်။ ဤအရာကြောင့်၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက လက်တွေ့လုပ်ဆောင်ရန် အတော်လေး လွယ်ကူပြီး ဘုရားနှုတ်ကပတ်တော်များအားဖြင့် ပြောသကဲ့သို့ လုံးဝမခက်ခဲဟု ကျွန်မ ထင်ခဲ့သည်။ ”အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်”) အမှန်တွင် ကျွန်မတို့ ဖောက်ပြန်ပျက်စီးသော လူသားများအတွက် ရိုးသားသော လူများဖြစ်ဖို့ရန် မလွယ်ကူသည်ကို အတွေ့အကြုံများအချို့မှတဆင့် ကျွန်မ နောက်ပိုင်းကျမှသာ နားလည်သဘောပေါက်ခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ လုံးဝ မှန်ကန်ပြီး၊ လုံးဝ မချဲ့ကားထားပါ။

တစ်နေ့ စာတမ်းတစ်ခုကို ကျွန်မ စုဆောင်းနေခဲ့ချိန်တွင်၊ အသင်းတော်မှ ညီအစ်မတစ်ဦးသည် စာတမ်းများကို စုဆောင်းရာတွင် ကျွန်မထက် တော်သည်ကို ကျွန်မ တွေ့ခဲ့ရသည်။ ထို့နောက် ကျွန်မ တွေးမိသည်မှာ- “သူ စုစည်းတဲ့ စာတမ်းတွေကို ငါ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမယ်။ တကယ်လို့ ခေါင်းဆောင်တွေက သူ ငါ့ထက်ပိုတော်တာကို တွေ့ရင်၊ သူ့ကို ရာထူးတိုးပေးပြီး ငါ့ရဲ့ကိုယ်ပိုင် ရာထူးက မျက်ခုံးလှုပ်နေရ လိမ့်မယ်” ဟူ၍ ဖြစ်သည်။ ဤအတွေး ပေါ်လာပြီးနောက်တွင်၊ ကျွန်မ၏ ကိုယ်ပိုင် အသိစိတ်က ကျွန်မကို စွပ်စွဲသည်ကို ခံစားခဲ့ရသည်။ ဤအရာကို ဆန်းစစ်ပြီး စိတ်ဖြာလေ့လာပြီးသည့်နောက်၊ ယင်းမှာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်ကြိုးစားခြင်း၏ သရုပ်သကန်တစ်ခုနှင့် စစ်မှန်သော အစွမ်းအစကို မနာလိုခြင်းဖြစ်သည်ကို ကျွန်မ သတိပြုမိခဲ့သောကြောင့်၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့ပြီး မိမိကိုယ်ကို ချက်ချင်း စွန့်ပယ်ခဲ့သည်။ အစည်းအဝေးတစ်ခုတွင်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းကို မူလက ပွင့်ပွင့်လင်းလင်း ကြေငြာချင်ခဲ့သော်လည်း၊ ကျွန်မက၊ “ငါ့ရဲ့ ကိုယ်ပိုင် ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး ငါ မိတ်သဟာယ ဝေမျှရင်၊ ငါနဲ့ တွဲဖက် ညီအစ်မနဲ့ ငါရဲ့ ဧည့်ခံမိသားစုက ညီအစ်မတို့က ငါ့ကို ဘယ်လို မြင်ကြမလဲ။ ငါ့ စိတ်နှလုံးက အရမ်းကို မလိုမုန်းထားစိတ်ရှိပြီး၊ ငါ့ရဲ့ သဘာဝက အရမ်းကောက်ကျစ်စဉ်းလဲတယ်လို့ သူတို့ ပြောကြမလား။ ထားလိုက်ပါ။ မပြောတာပဲ ပိုကောင်းမှာပါ။ အဲဒါက အတွေးတစ်ခုပါပဲ၊ ဘာပဲဖြစ်ဖြစ် အဲဒီလို ငါ တကယ် လုပ်ခဲ့တာမှမဟုတ်ဘဲ” ဟု တွေးမိခဲ့သည်။ ထိုသို့ဖြင့်ပင်၊ တစ်စုံတစ်ဦးက စာတမ်းများကို ကောင်းကောင်း စုဆောင်းသည်ကို တွေ့ရသောအခါ ကျွန်မ အစားထိုးခံရမည်ကို မည်သို့ အလွန် စိတ်လှုပ်ရှားခဲ့ပုံကို သာမန်ကာလျှံကာမျှသာ ပြောပြခဲ့သည်၊ ကျွန်မ၏ အမှန်တကယ် မကောင်းသည့် ဘက်ကို ကွယ်ဝှက်ခဲ့သည်။ ထို့နောက်တွင် အပြစ်တင်သည့် စိတ်က ကျွန်မ စိတ်နှလုံးတွင် ကြီးထွားလာခဲ့သည်။ ထို့ကြောင့် ဤအရာသည် တစ်ကြိမ်သာ ဖြစ်လိမ့်မည်ဖြစ်ပြီး နောက်တစ်ကြိမ်တွင် ရိုးသောသူ လူတစ်ဦးဖြစ်ခြင်းကို အသေအချော လက်တွေ့လုပ်ဆောင်မည်ဟု ဘုရားသခင်ရှေ့တွင် ကျွန်မ အဓိဋ္ဌာန်ပြုခဲ့ပါသည်။

ရက်အနည်းငယ်ကြာပြီးနောက် ကျွန်မ၏ တွဲဖက်၊ ကျွန်မ၏ ဧည့်ခံမိသားစု ညီအစ်မတို့နှင့်အတူ စကားပြောနေစဉ်တွင်၊ ဧည့်ခံမိသားစု ညီအစ်မက သူမ၏ အိမ်တွင် နေထိုင်လေ့ရှိခဲ့သည့် ညီအစ်မနှစ်ဦး မည်မျှ ထူးချွန်ကြောင်း (သူတို့ကို ကျွန်မလည်း သိပါသည်) ပြောသည်ကို ကျွန်မ ကြားခဲ့ရသည်၊ သို့သော် ကျွန်မ မည်မျှတော်သည်ကို သူတစ်လုံးမျှ လုံးဝ မပြောခဲ့ပါ။ ကျွန်မ မပျော်မရွှင် ခံစားခဲ့ရသည်။ ကျွန်မကို သူ အထင်ကြီးစေဖို့ရန်အလို့ငှာ၊ သူတို့က ကျွန်မလောက် မတော်ကြသည်ကို ပြဖို့ရန် ထိုညီအစ်မနှစ်ဦး၏ အပြစ်အနာအဆာများကို ကျွန်မ ထည့်သွင်းပြောဆိုခဲ့သည်။ ဤအရာကို ပြောဆိုပြီးနောက်တွင်၊ ကျွန်မ ပြောသည့်အရာက မသင့်တော်ဘဲ၊ ကျွန်မ၏ အကြံနှင့် ရည်ရွယ်ချက်က အခြားသူများကို နင်းပြီးတက်ဖို့ဖြစ်ခဲ့သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ သို့သော် ဖွင့်ပြောဖို့ရန် ကျွန်မ အလွန် ရှက်ကိုးရှက်ကန်းဖြစ်ခဲ့သည်၊ ထို့ကြောင့် အိမ်ရှင် မိသားစု ညီအစ်မထံ၊ “အဲဒီညီအစ်မနှစ်ယောက်ကို ရှင် ချီးမွမ်းတာကို ကျွန်မ ကြားတဲ့အချိန်မှာ၊ ရှင့်စိတ်နှလုံးမှာ အတော်အတန် ရုပ်တုဆင်းတုနည်းနည်း ထားမိတယ်လို့ ကျွန်မ ခံစားရတယ်။ ဒါကြောင့် သူတို့ကို ရှင် မကြည်ညိုတော့ဖို့ သူတို့ရဲ့ ပုံရိပ်ကို ကျွန်မ ဖျက်ဆီးရမယ်လေ” ဟု ကျွန်မ ပြောခဲ့သည်။ ကျွန်မ နှုတ်မှ စကားများ ထွက်သွားသည်နှင့်တပြိုင်နက်၊ ကျွန်မနှင့် တွဲဖက်ရသည့် ညီအစ်မက၊ “ဒါက ရှင့်မှာ ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိ၊ မရှိဆိုတာအပေါ် မူတည်ပါတယ်။ ရှိတယ်ဆိုရင်၊ အဲဒါက တကယ်ဆိုးတာပဲ။ မရှိရင်တော့၊ အဲဒါက ဖောက်ပြန်ပျက်စီးခြင်းရဲ့ ထုတ်ဖော်ပြမှုတစ်ပဲလို့ ပြောနိုင်တယ်” ဟု ပြောလေသည်။ ဤအရာ သူ ပြောသည်ကို ကျွန်မ ကြားရသည့်အခါ၊ ကျွန်မအပေါ် သူတို့ မကောင်းသော ထင်မြင်ချက်တစ်ခု ဖြစ်ပေါ်မည်ကို ကျွန်မ အလွန်အမင်း စိုးရိမ်လာခဲ့သော့ကြောင့် မိမိကိုယ်ကိုယ် ရှင်းပြရန် ကျွန်မ အလျင်အမြန် ကြိုးစားခဲ့သည်။ “ကျွန်မမှာ ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ ဘာတစ်ခုမှ မရှိပါဘူး။ အဲဒါကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကျွန်မ မဆွေးနွေးခဲ့ရုံ လေးပါပဲ...” ဟုတ်မှန်သယောင် ရှိသော်လည်း စင်စစ်မှားနေသော ဤအကြောင်းပြချက်နောက်တွင်၊ ကျွန်မ အလွန်အမင်း စိတ်ပျက်သွားခဲ့ပြီး ကျွန်မ ဆုတောင်းပြီးသည့်နောက် အတွင်းပိုင်း စွပ်စွဲမှုကို အထူးသဖြင့် ကျွန်မ ခံစားခဲ့ရသည်- “မင်းက အရမ်း ကောက်ကျစ်တယ်။ ဝေ့ဝိုက်တဲ့နည်းနဲ့ မင်း စကားပြောတယ်၊ အလိမ်အညာတွေကို ပြောပြီး အမှန်တရားကို ဖုံးကွယ်တယ်၊ မင်းရဲ့ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ မာနထောင်လွှားတဲ့ ရည်မှန်းချက်တွေကို အမြဲ ကွယ်ဝှက်ထားပြီး လျှိုထားတယ်။ ဒါက ဘုရားသခင်ကို လှည့်ဖြားနေတာ မဟုတ်လား။” သို့သော်လည်း ကျွန်မသည် အလွန် မာကျောသည့် အားလျော်စွာနောင်တမရခဲ့ သေးဘဲ၊ ကျွန်မကို ဘုရားသခင် ခွင့်လွှတ်ဖို့အတွက်သာ တောင်းလျှောက်ခဲ့သည်။

နောက်နေ့တွင်၊ ကျွန်မ ရုတ်တရက် အပြင်း ဖျားပြီး၊ ကျွန်မ ခန္ဓာကိုယ်ရှိ အဆစ်အမြစ်တိုင်းက ကိုက်ခဲနေခဲ့သည်။ ညတွင်းချင်း ကျွန်မ အအေးမိသွားခဲ့ပြီး၊ ဆေးနည်းနည်းသောက်လိုက်လျှင် ကျွန်မ သက်သာသွားလိမ်မည်ဟု အစက ကျွန်မ တွေးခဲ့သည်။ သို့သော် ဆေးသောက်ခြင်းက အကူအညီမဖြစ်သလို၊ နှစ်ရက်ကြာပြီးနောက် ကျွန်မ အိပ်ရာမှပင် မထနိုင်မည်ကို မည်သူ သိခဲ့မည်နည်း။ ထို့အပြင်၊ ကျွန်မ၏ လျှာ ရောင်ပြီး ပို၍မာလာခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ လည်ပင်းမှာလည်း နာကျင်မှုဖြင့် ရောင်ကိုင်းနေခဲ့ကာ၊ အလွန်နာကျင်နေ သည်မှာ ကျွန်မ စကားပင် မပြောနိုင်လောက်အောင် ဖြစ်ခဲ့သည်။ စားဖို့မပြောနှင့်၊ မျိုချရခြင်းတစ်ခုတည်းနှင့်ပင် အတော်ခက်ခဲလှပြီဖြစ်သည်။ ဤရုတ်တရက် ဖျားနာမှုနှင့် ရင်ဆိုင်ရသည့်အခါ၊ ကျွန်မ ကြောက်ရွံ့မှုတိုးလာခဲ့ပြီး၊ ကျွန်မ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အကြိမ်ကြိမ် ဆုတောင်းနေမိခဲ့သည်။ ထိုအခိုက်တွင်၊ ဤဖျားနာခြင်းက တိုက်ဆိုင်မှုအားဖြင့် ဖြစ်ခြင်းမဟုတ်သည်ကို၊ ကျွန်မ နားလည်ခဲ့ရသောကြောင့် ဤအတောအတွင်း ကျွန်မ ပြောဆိုပြီး လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို သုံးသပ်ရန် ဘုရားသခင်၏ ရှေ့သို့ ကျွန်မ လာခဲ့သည်။ ကျွန်မ ဆင်ခြင်သုံးသပ်သည့်အခါ၊ ကျွန်မ ကွေ့လည်ကြောင်ပတ် ပြောဆိုခဲ့မိပြီး၊ ကျွန်မ၏ ကိုယ်ပိုင် စက်ဆုပ်ဖွယ်ရာ ရည်ရွယ်ချက်များကို ဖုံးကွယ်ခဲ့မိသည့် ဖြစ်ရပ်အချို့ရှိခဲ့သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ကျွန်မသည် မုသားများမှလွဲ၍ ဘာမှပြောဆိုမနေခဲ့သည့်အပြင်၊ကျွန်မ၏ ညီအစ်မများကို လိမ်ညာမိခဲ့သည်ကို တကယ့်ကို ကောင်းကောင်း သိခဲ့ပါသည်။ အပြစ်တင်သည့် အသိတစ်ခုကို ကျွန်မခံစားခဲ့ရသော်လည်း၊ အမှန်တရားကို ပြောဖို့ သတ္တိမရှိခဲ့သေးပါ။ ကျွန်မ၏ ကောက်ကျစ်သော ပုံစံများက ဒုတိယမြောက် သဘာဝဖြစ်လာနှင့်ခဲ့သည်ကို ကျွန်မ အနည်းငယ်မျှသာ သိခဲ့ပြီ၊ ကျွန်မ လုံးဝ မတတ်နိုင်တော့ပါ။ ကျွန်မ၏ ကိုယ်ပိုင် နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်း၊ ကျွန်မ၏ အတ္တနှင့် သိက္ခာတို့အဖို့အလို့ငှာ၊ ဘုရားသခင်ကို ကျွန်မ လိမ်လည်လှည့်စားဖို့နှင့် ကျွန်မ၏ ညီအစ်မများကို လိမ်လည်လှည့်စားဖို့ ကျွန်မ အကြိမ်ကြိမ် အရှက်မရှိ ကြိုးစားခဲ့ပါသည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်း အကြောင်း ဖွင့်ဟဖို့ ကျွန်မ ဆန္ဒမပြုခဲ့ဘဲ၊ ကျွန်မ၏ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေခဲ့ပါ။ ထိုသို့ ကျွန်မ ဆက်လုပ်မည်ဆိုလျှင်၊ ကျွန်မသည် နောက်ဆုံးတွင် ဆုံးရှုံးမှု ခံစားရမည့်သူတစ်ဦး မဟုတ်ပါလား။ ဘုရားသခင်သည် လူ၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး၊ ကျွန်မကိုယ်ကျွန်မ မည်သို့ ဖုံးကွယ်ဖို့ ကြိုးစားပါစေ၊ ကျွန်မ၏ စက်ဆုပ်ဖွယ်ရာ အကျည်းတန်မှုကို ကျွန်မ မဖုံးနိုင်ခဲ့ပါ။ ကျွန်မ မိမိကိုယ်ကိုယ် နားလည်မှုအချို့ ရှိလာသည်နှင့်တပြိုင်နက်၊ ဘုရားသခင်ရှေ့တွင် ကျွန်မ ဒူးထောက်ပြီး ဆုတောင်းခဲ့ပါသည်။ “အို ဘုရားရှင်။ ကျွန်မ ဘယ်လောက် ဖောက်ပြန်ပျက်စီးတယ်ဆိုတာ ခုမှပဲ ကျွန်မ မြင်ရတော့တယ်။ ကျွန်မရဲ့ လှည့်စားတတ်တဲ့ သဘာဝရဲ့ ထိန်းချုပ်တာကို ခံရရင်းနဲ့၊ ရိုးသားတဲ့ စကားတစ်ခွန်းတောင် ပြောဖို့ ခက်တာကို ကျွန်မ တွေ့ခဲ့ရပါတယ်။ အို ဘုရားရှင်။ ကျွန်မရဲ့ အမှားတွေကို ဖွင့်ဟပြီး ဖော်ထုတ်ပြဖို့နဲ့ ကိုယ်တော်ရှေ့မှာ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့၊ ကျွန်မကို ကိုယ်တော်လမ်းပြပါလို့ ကျွန်မ တောင်းလျှောက်ပါတယ်” ဘုရားသခင်၏ လမ်းပြမှုအောက်တွင်၊ နောက်ဆုံးတွင် ကျွန်မ သတ္တိမွေးနိုင်ခဲ့ပြီး၊ ကိစ္စတစ်ခုလုံးကို အစမှအဆုံး ကျွန်မ ညီအစ်မများထံ ပြောခဲ့သည်။ ထို့နောက်တွင်မှ ကျွန်မ၏ စိတ်နှလုံးသည် အနည်းငယ် အေးချမ်းပြီး သက်သောင့်သက်သာ ခံစားခဲ့ရသည်။

ဤအတွေ့အကြုံမှတဆင့်သာ "အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။” ဟူသည့် ဘုရားနှုတ်ကပတ်တော်များက တကယ်ပင် မှန်ကန်သည်ကို ကျွန်မ နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ခြင်း ဖြစ်သည်။ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခြင်းခံရပြီးနောက်၊ လိမ်ညာခြင်း၊ လိမ်လည်ခြင်းနှင့် လိမ်လည်လှည့်စားမှုတွင် ပါဝင်ခြင်းတို့သည် လူသား၏ သဘာဝဖြစ်လာခဲ့ပြီး၊ လူသားမျိုးနွယ်၏ စိတ်နှလုံးများထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့သည်။ ယင်းတို့ထက်၊ လူတို့သည် နာမည်ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် အကျိုးအမြတ်မျိုးစုံတို့ကို တကယ်တန်ဖိုးထားကြသည်၊ ဤအရာများဖြင့် ဘောင်ခတ်ခံရသူများသည် ရိုးသားစွာ စကားပြောရန် အလွန် ခက်ခဲကြသည်ကို တွေ့ရသည်။ ထို့ကြောင့် လူတို့အတွက်၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက ကောင်းကင်သို့ တက်ခြင်းထက် ပိုခက်လေသည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းက လွယ်ကူသည်ဟု ကျွန်မ တွေးလေ့ရှိခဲ့သည်။ ယင်းမှာ ကျွန်မ ဖွင့်ဟခဲ့သည့် အကြောင်းက၊ ကျွန်မ ထုတ်ဖော်ပြောပြသည့် အရေးမပါသော ဖောက်ပြန်ပျက်စီးမှုများသာ ဖြစ်ပြီး၊ လူတိုင်းကလည်း မိတ်သဟာယတွင် မကြာခဏ ဝေမျှကြသည့် အရာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်မ၏ ဝိညာဉ်ထဲက အနက်ရှိုင်းဆုံးသော အရာများနှင့် ယင်းတို့က ဘာမျှမဆိုင်သောကြောင့် ထိုအရာများကို ပြောဆိုခြင်းအတွက် မည်သူမျှက ကျွန်မကို အထင်မသေးကြပါ။ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းမျိုးသည် ၎င်းတို့က အပေါ်ယံ လုပ်ရပ်များဖြစ်ပြီး၊ ကျွန်မ၏ ပုဂ္ဂိုလ်ရေး အကျိုးများကို ထိခိုက်လိမ့်မည်မဟုတ်ဟူသည့် ကြိုတင်သတ်မှတ်ချက်အောက်တွင် ရှိခဲ့ပါသည်။ ထိုအရာက ကျွန်မ၏ အဓိကကျသော အကျိုးများ၊ ကျွန်မ၏ အဆင့်အတန်းနှင့် ကျွန်မ၏ဂုဏ်တို့ကို သက်ရောက်မှုရှိလျှင်၊ ကျွန်မ၏ သဘာဝသည် မိမိဘာသာ ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး ကျွန်မ၏ အယောင်ဆောင်မှုကို ထိန်းထားနိုင်တော့မည်မဟုတ်ပါ။ ကျွန်မရှေ့တွင် ရှိသော သမ္မာတရားဖြင့်၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်းမှာ အမှန်တကယ် မလွယ်သည်ကို ကျွန်မ နက်နက်ရှိုင်းရှိုင်း စတင်အသိအမှတ်ပြုခဲ့ရပါသည်။ အထူးသဖြင့် နာမည်ဂုဏ်သတင်း နှင့် အဆင့်အတန်းတို့ကို အလွန်အရေးကြီးသည်ဟု မှတ်ယူသော ကျွန်မလို တစ်စုံတစ်ဦးအတွက်၊ ဂုဏ်နှင့်ပတ်သက်၍ ကျွန်မ၏ အရေးထားမှုများအားလုံးကို ကျွန်မ ဘေးမဖယ်လျှင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်မကို အဖော်မပြုလျှင်၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်း သမ္မာတရား၏ စစ်မှန်မှုကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ကျွန်မ လုံးဝ ရှိလိမ့်မည်မဟုတ်ပါ။ ယခုချိန်မှစ၍၊ သမ္မာတရားကို ကျွန်မ ကျေပွန်စွာ လိုက်စားရှာဖွေပါမည်၊ ဘုရားနှုတ်ကပတ်တော်အားလုံးကို လက်ခံပြီး၊ ကျွန်မ၏ ကိုယ်ပိုင် လှည့်စားတတ်သော သဘာဝကို ပိုမိုနက်ရှိုင်းစွာ နားလည်ပါမည်။ ကျွန်မ၏ ကိုယ်ပိုင် ဂုဏ်နှင့် အဆင့်အတန်းတို့ကို ဘေးဖယ်ပြီး၊ အမှန်တကယ် ရိုးသားသော လူတစ်ဦးဖြစ်ပါမည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် စစ်မှန်သော လူသား ပုံသဏ္ဍာန်ကို ကျွန်မ အသက်ရှင်နေထိုင်ပါမည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘဝင်မြင့်ခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူပါ

ဟွမ်အိုက် ဂျပန်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ဗီဒီယိုအလုပ် လိုအပ်ချက်တွေကြောင့် ကြီးကြပ်သူက ညီမကို ဗီဒီယိုတွေလုပ်ဖို့ စီစဉ်ပေးတယ်။...

လူလည်ကျပြီး လှည့်စားတတ်ခြင်းမှ ရရှိခဲ့သည့် နာကျင်စရာ သင်ခန်းစာ

အန်းန အီတာလီ ၂၀၂၀မှာ ကျွန်မက အသင်းတော်မှာ ဒီဇိုင်းအလုပ်လုပ်တယ်။ အဓိကက ပုံကြမ်းဆွဲတာပေါ့။ အချိန်နည်းနည်းကြာတော့ ပုံကြမ်းဆွဲရတာက...

“ချစ်မေတ္တာ”ရဲ့ နောက်ကွယ်

ချန်ယန် တရုတ်နိုင်ငံ ယုံကြည်သူမဖြစ်ခင်က ကျွန်မထင်ခဲ့တယ်။ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။