အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ- ကျွန်တော်သည် မချမ်းသာနိုင်သော်လည်း၊ ကံအလွန်ကောင်းသည်

2

ဘွန်း ဖိလစ်ပိုင်

ကျွန်တော်က ချမ်းသာကြွယ်ဝလိုသည်

“ ကျောင်းအုပ်ကြီးရှင်၊ ကျေးဇူးပြုပြီး ကျွန်မကလေးကို အခွင့်အရေး တစ်ခုပေးပြီး၊ စာမေးပွဲဖြေခွင့်ပေးပါ” ကျွန်တော့်အမေက အနည်းငယ် တုန်ခါနေသည့် အသံဖြင့် စကားပြောနေသည့် အားလျော်စွာ သူမ၏ မျက်လုံးများက ကျောင်းအုပ်ကြီးကို အနူးအညွတ်တောင်းပန်နေခဲ့သည်။

ရုပ်တည်ကြီးဖြင့်နေရင်း ကျောင်းအုပ်ဆရာကြီးက “ မရဘူး။ ကျောင်းမှာက စည်းကမ်းတွေ ရှိတယ်လေ။ စာမေးပွဲကြေး ပေးပြီးတဲ့ အချိန်မှသာ ကလေးတစ်ယောက်ဟာ စာမေးပွဲဖြေလို့ရတယ်” ဟု ပြောလိုက်သည်။

ကျွန်တော့်အမေက ရှက်နေသည့်အသွင်ရပြီး၊ “ ကျောင်းအုပ်ကြီးရယ်၊ ကျောင်း မှာလည်း ဒါက ကျောင်းအုပ်ကြီးအတွက် အရမ်း ခက်ခဲတယ် ဆိုတာကို ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မမှာလည်း ကလေးတွေ အများကြီးရှိပြီး၊ ကျွန်မတို့မှာ စားနိုင်သောက်နိုင်ရုံလောက်သာ ရှိတာပါရှင်။ ကျွန်မတို့ တကယ်ကို စာမေးပွဲကြေးမတတ်နိုင်လို့ပါ။ ကျွန်မ ကျောင်းကို ကြွေးမြီဝန်ခံချက်တစ်စောင် ရေးပေးရင်ရော၊ ကျောင်းအုပ်ကြီးက ကျွန်မသားကို စာမေးပွဲပေးဖြေခွင့်ပေးပြီး ကျွန်မက တတ်နိုင်သမျှ အစောဆုံး ပြန်ပေးနိုင်အောင် နည်းလမ်းရှာမယ်လေ …” ဟု ပြောရင်းဖြင့် ကျောင်းအုပ်ကြီးကို အသနားခံခဲ့ပါသည်။

ကျောင်းအုပ်ကြီးက ကျွန်တော့် အမေကို ကြည့်ပြီး၊ ခဏ တွေးလိုက်သည်။ သူ့မှာ ရွေးချယ်မှုများစွာ မရှိသည့် အသွင်ပေါက်နေခဲ့ကာ၊ သူက “ ကောင်းပြီလေ” ဟု ပြောခဲ့ပါသည်။

…………

ကျွန်တော် အလယ်တန်းကျောင်းနောက်ဆုံးနှစ်ကို ပြောင်းရွှေ့ရသည့် အချိန်ကို လုံးဝ မေ့မည် မဟုတ်ပါ၊ အကြောင်းမှာ ကျွန်တော့်မိသားစုက စာမေးပွဲကြေးကို မတတ်နိုင်သည့်အပြင်၊ ကျွန်တော့်အမေက ကျောင်း၏ ကျောင်းအုပ်ကြီးကို ကျွန်တော့်အား စာမေးပွဲဖြေခွင့်ပေးရန် အနူးအညွတ် တောင်းပန်ပြီး၊ ကြွေးမြီ ဝန်ခံချက်တစ်စောင် ရေးပေးခဲ့ရသော ကြောင့်ဖြစ်သည်။ ထိုအချိန်က ကျွန်တော် အလွန်ပင် ခံပြင်းဒေါသ ထွက်ခဲ့ရသည်။ ငွေကြေးက အထွတ်အထိပ် အုပ်စိုးသည့် ဤလူ့အဖွဲ့ အစည်းတွင် သင့်ထံတွင် ငွေဘာမျှမရှိပါက၊ သင်သည် မည်သည့်အရာကိုမျှ အထမြောက်အောင်မြင်အောင် မဆောင်ရွက်နိုင်ပါ၊ ပြီးလျှင် ကျွန်တော်က တိတ်ဆိတ်စွာဖြင့် သံဓိဌာန်ချခဲ့သည်၊ ကျွန်တော် ကြီးပြင်းပြီးနောက်တွင် ကျွန်တော်သည် ငွေရှာဖို့ အလွန်အလုပ်ကြိုးစားပြီး၊ ချမ်းသာကြွယ်ဝ လာကာ၊ မိမိကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲမည်။

ပြီးလျှင် ကျွန်တော်က တိတ်ဆိတ်စွာဖြင့် သံဓိဌာန်ချခဲ့သည်၊ ကျွန်တော် ကြီးပြင်းပြီးနောက်တွင် ကျွန်တော်သည် ငွေရှာဖို့ အလွန်အလုပ်ကြိုးစားပြီး၊ ချမ်းသာကြွယ်ဝ လာကာ၊ မိမိကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲမည်

ကျန်းမာရေးကို ငွေနှင့် လဲလှယ်သည့် ဘဝတစ်ခု

ကျွန်တော် အလယ်တန်းကျောင်းနောက်ဆုံးနှစ်အောင်မြင် ပြီးနောက်၊ ကျွန်တော့် အိပ်မက်များကို အတတ်နိုင်ဆုံး အစောဆုံး အကောင်အထည် ဖော်ရန်၊ ကျွန်တော်က အသက်မွေးမှုကျောင်းတစ်ခုကို စာရင်းသွင်းခဲ့ပြီး၊ ကားပြင်ခြင်းကို လေ့လာခဲ့သည်။ ထိုကျောင်းတွင် တက်နေစဉ်တွင် ကျွန်တော်သည် အထူးကျွမ်းကျင်မှု အသိပညာကို လေ့လာရန် အလွန် အလုပ်ကြိုးစားခဲ့ပါသည်။ ကျွန်တော့် အတန်းဖော်များက နေ့အချိန်အတွင်း သူတို့အားလပ်ချိန်များကို ပျော်မွေ့ရန်အတွက် အပြင်ထွက်ကြသည့်အချိန်၌ ကျွန်တော်က ထိုနေရာတွင် စက်ကျွမ်းကျင်မှုများကို လေ့လာနေဆဲသာ ဖြစ်သည်၊ လူတိုင်းက ညဖက်တွင် အိပ်ရာဝင်ကြသည့်အချိန်တွင်၊ ကျွန်တော်က မအိပ်ပဲနှင့် စာဖတ်ပြီး၊ ကြိုးစား လေ့လာခဲ့သည်။

ကျွန်တော် သင်တန်းအောင်ပြီးနောက်၊ ကျွန်တော် ကျွမ်းကျင်မှုကို တိုးတက် စေရန် မနီလာမြို့ကို သွားခဲ့သည်။ ကျွန်တော့်မှာ မည်သည့် အဆက်အသွယ်မျှ မရှိသည့်အပြင်၊ ကျွန်တော့် အောင်လက်မှတ်ကလည်း လူသိများသည့် ကျောင်းတစ်ခု မှမဟုတ်သည့်အတွက်ကြောင့်၊ ကျွန်တော် အလုပ်များလျှောက်သည့်အချိန်တွင်၊ မည်သူကမျှ ကျွန်တော့်ကို အလုပ်မခန့်လိုကြပါ။ ကျွန်တော့်မှာ ကျွန်တော့် ဦးလေး၏ ကားပြင် ကုမ္ပဏီသို့ အလုပ်သွားလုပ်ရုံကလွဲပြီး အခြားမည်သည့်ရွေးချယ်မှုမျှ မရှိဟု ခံစားခဲ့ရသည်။ ငွေပိုရှာရန် ကျွန်တော် ကားများကို ပြင်ခဲ့ပြီး၊ ကျွန်တော့်ဦးလေးကို သူ့စာရင်းများ စုပေါင်းရာတွင် ကူညီပေးခဲ့သည်။ ကျွန်တော်သည် အရုဏ်တက်မှ နေဝင်သည်အထိ နေ့စဉ် အလုပ်လုပ်ခဲ့ပြီး၊ အခြားသူများ အလုပ်ပြီး၍ အိမ်ပြန်ကုန်ကြသည့်အခါတွင် ကျွန်တော်က မကြာခဏ ဆိုသကဲ့သို့ အချိန်ပို အလုပ်လုပ်နေဆဲသာ ဖြစ်သည်။

ကျွန်တော် အိမ်ထောင်ကျသည့်အချိန်တွင် သားသမီးသုံးယောက် ရှိခဲ့သည်။ ကျွန်တော်က ကျွန်တော့် သားသမီးများကို ကျွန်တော့်တုန်း ကကဲ့သို့ မဆင်းရဲစေ လိုသောကြောင့် ပို၍ပင် အလုပ်ကြိုးစားခဲ့ပါသည်။ ကျွန်တော်က နေ့စဉ်နေ့တိုင်း မနက် ၇နာရီမှ ည၇နာရီအထိ အလုပ်လုပ်ခဲ့ပြီး၊ အလုပ်ပြီးချိန်တွင် အီလက်ထရွန်နစ်သုံးဘီးကားကို မောင်းကာ၊ ငွေပိုအနည်းငယ်ရှာရန် လူများကို အငှားကားဖြင့် လိုက်ပို့ပေး ပါသည်။ ကျွန်တော်က နောက်ဆုံးပိတ် နံနက် ၂ နာရီခန့်၌ အိမ်ပြန်ရောက်ပြီး၊ ညတိုင်း သုံးနာရီသို့မဟုတ် လေးနာရီခန့်သာ အိပ်စက် လေ့ရှိသည်။ ထိုမျှပင်မက ကျွန်တော်က လစဉ်ရသည့် နားရက်လေးရက်ကို ငွေပိုရရန် အငှားကားမောင်းသူအဖြစ် ဘေးပန်းအလုပ်လုပ်ခဲ့သည်။ ကျွန်တော်က သခင့်ကို ယုံကြည်သူတစ်ယောက် ဖြစ်ပြီးသည့်တိုင်၊ ထိုအချိန်က ကျွန်တော့်မှာ အားလပ်ချိန် ရှိမှသာ စုဝေးပွဲများကို တက်ရောက်ခဲ့ပြီး၊ တစ်ခါတစ်ရံတွင် သခင့်ကို အကြွေးတင် နေသည်ဟု ကျွန်တော် ခံစားရသော်လည်း ကျွန်တော့်မိသားစုက ကြွယ်ဝသည့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်ခြင်းမဟုတ်သည်ကို မြင်သည့်အခါတွင်၊ ကျွန်တော် ငွေရှာရန် တစ်ဖန်စတင်ကာ တကယ့်ကို အလုပ်ကြိုးစား ခဲ့ပါသည်။

နှစ်အနည်းငယ် အလုပ်ကြိုးစားပြီးနောက် ကျွန်တော်က အိမ်တစ်လုံး နှင့် ကားတစ်စီးကို နောက်ဆုံးတွင် ဝယ်ယူနိုင်ခဲ့သည်။ သို့သော်လည်း သိပ်မကောင်းသည့်အရာကတော့ ကျွန်တော် ညပိုင်းများတွင် အလုပ်လုပ်ခဲ့သည်မှာ အလွန်ကြာမြင်ခဲ့ပြီး၊ မိမိကိုယ်ကို အလွန်အမင်း အားစိုက်စေခဲ့သောကြောင့်၊ သွေးတိုးရောဂါ ရလာခဲ့ခြင်းဖြစ်သည်။ ဆရာဝန်က ကျွန်တော့်ကို ကုသမှုခံယူပြီး၊ နောက်ထပ် အလွန်အကျွံ အလုပ်မလုပ်တော့ရန် ပြောခဲ့သည်။ ကျွန်တော်က မိမိဘာသာ” ငါက လုံးဝ ကျန်းမာရေးမကောင်းတော့ဘူး၊ ပြီးတော့ အနာဂတ်မှာ ငါငွေမရှာနိုင်ရင်၊ အဲဒါဟာ ငါ့ရဲ့ ချမ်းသာချင်တဲ့ မျှော်လင့်ချက်တွေက အခုရိုက်ချိုး ခံလိုက်ရပြီလို့ ဆိုလိုတာလား” ဟု တွေးမိလေသည်။ ဤကဲ့သို့တွေးရင်းဖြင့် ကျွန်တော် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ သို့သော် ကျွန်တော်က ထိုကဲ့သို့ လက်မြှောက် အရှုံးမပေး လိုသောကြောင့် ကုသမှုကို ခံယူကာ၊ နေ့ရောညပါ ဆက်ပြီး ငွေရှာခဲ့ပါသည်။ ရုပ်ပိုင်းဆိုင်ရာ မနာမကျန်း ဖြစ်မှသာလျှင် ကျွန်တော်က အိမ်မှာ စိတ်မပါပဲ နေရပြီး၊ ကားမထွက်ပဲ ရှိခဲ့သည်။ သို့သော်လည်း ကျွန်တော် အနားယူသည့်အချိန်တိုင်း ကျွန်တော် ငွေရှာသည်မှာ ပိုနည်းသွားသည်ကို မြင်ကာ၊ ထို့နောက်တွင် ကျွန်တော်သည် အနားမယူလိုသောကြောင့် မိမိနာမကျန်းဖြစ်ခြင်းကို အောင့်အီးသည်းခံပြီး၊ ကား ဆက်မောင်းနေခဲ့သည်။ အဆုံးသတ်တွင် ကျွန်တော့် နာမကျန်း ဖြစ်မှုက ပိုဆိုးလာပြီး၊ ကျွန်တော်အလွန်အားနည်းလာခဲ့သည်မှာ နောက်ထပ် အလုပ်မလုပ်နိုင် တော့သည်အထိပင် ဖြစ်ခဲ့သည်။ ကျွန်တော့်မှာ အလုပ်ကို ရပ်ပြီး အနားယူရုံကလွဲပြီး ရွေးချယ်စရာ လုံးဝမရှိခဲ့သည့်အပြင်၊ ကျွန်တော်ဆက်ပြီးအသက်ရှင်နေရန် ဆေးဝါးများ သောက်သုံးခြင်း အပေါ် မှီခိုခဲ့ရပါသည်။

ဘုရားသခင်၏ ခေါ်ခြင်းကို ကြားရသည်

၂၀၁၆ ခုနှစ် ဇွန်လတစ်ရက်တွင် သင်းအုပ်ဆရာ ဂျက်စ် နှင့် သူ့ဇနီးတို့က ကျွန်တော်တို့ကို တွေ့ဖို့ ရောက်လာခဲ့ကြသည်။ သူတို့က သခင်ယေရှုက ပြန်ကြွ လာပြီးဖြစ်သည့်အပြင်၊ ကိုယ်တော်က အမှုတော် အဆင့်အသစ်ကို ပြုနေပြီဖြစ်ကြောင်း ပြောခဲ့သည်။ သခင်ယေရှုသည် ကျေးဇူးတော်ခေတ်၌ ရွေးနှုတ်ခြင်းအမှုတော်ကို ပြုခဲ့ပြီး၊ ကျွန်တော်တို့ အပြစ်များသည် သခင့်အားဖြင့် လွတ်ငြိမ်းခဲ့ပြီးဖြစ် သော်လည်း၊ ကျွန်တော်တို့သည် စာတန်အားဖြင့် အလွန်အမင်း ဖောက်ပြန် ပျက်စီးခဲ့ရ သောကြောင့်၊ ကျွန်တော်တို့၏ အပြစ်ရှိပြီး ဆိုးယုတ်သော သဘာဝသည် ကျွန်တော်တို့အထဲတွင် အမြစ်တွယ်ကျန်ရှိနေဆဲဖြစ်ကြောင်းတို့ကို သူတို့က ပြောခဲ့သည်။ ကျွန်တော်တို့၏ အပြစ်ရှိသောသဘာဝ၏ စိုးမိုးခြယ်လှယ်မှု အောက် တွင် ကျွန်တော်တို့က မကြာခဏဆိုသကဲ့သို့ အပြစ်ကျူးလွန် နိုင်စွမ်းရှိပြီးလျှင် ဘုရားသခင်ကို ခုခံနိုင်ကြောင်း၊ ကျွန်တော်တို့သည် အပြစ်အားနှင့် ချည်နှောင် ဘောင်ခတ်ခံရကြောင်း တို့ကိုလည်း သူတို့ကပြောခဲ့သည်။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ဖြစ်သည့် ကျွန်တော်တို့၏ လိုအပ်ချက်များနှင့်ပတ်သက်ပြီး၊ နောက်ဆုံးသောကာလ တွင် ဘုရားသခင်သည် လူသားများကို နှုတ်ကပတ်တော် များဖြင့် တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုတော်အဆင့်ကို ပြုတော်မူရန် ဇာတိ ပကတိကို တစ်ဖန်ခံယူခဲ့ပြန်ပြီး၊ ဤအမှုတော်အဆင့်သည် ရွေးနှုတ်ခြင်း အမှုတော်၏ အခြေခံအုတ်မြစ် အပေါ်တွင် ပြုတော်မူနေခြင်းဖြစ်သည်။ ဘုရားသခင်က အပြစ်၏ချည်နှောင်ခြင်းမှ ကျွန်တော်တို့ကို လုံးဝ ကယ်တင်ဖို့ ကြွတော်မူလာပြီး၊ ဤသည်မှာ “ ဘုရားသခင်၏ အိမ်တော်သား တို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (၁ ရှင်ပေတရု ၄:၁၇) ဆိုသည့် သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းကို လုံးလုံး လျားလျား ပြည့်စုံစေခြင်း ဖြစ်ခဲ့ပါသည်။

သင်းအုပ်ဆရာဂျက်စ်၏ မိတ်သဟာယပြုခြင်းကို နားထောင်ရင်းဖြင့် ကျွန်တော့်နှလုံးသားက အလွန်တို့ထိခံခဲ့ရပါသည်။ ကျွန်တော်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း အပြစ်၏ ချည်နှောင်ခြင်းကို လုံးဝ မဖယ်ရှားခဲ့ဖူးပဲ လူမှုရေးဆိုင်ရာ ရေပန်းစားမှုများ နောက်လိုက် နေဆဲဖြစ်သည့်အပြင်၊ ရုပ်ဝထ္ထုဆိုင်ရာ ဇိမ်ခံပစ္စည်းများဖြင့် နေထိုင်သည့် ဘဝကို အဘယ်သို့ ရှာဖွေနေဆဲသာ ဖြစ်သည်ကို တွေးမိခဲ့သည်။ မကြာခဏဆိုသကဲ့သို့ ကျွန်တော်က သခင့်ကို အကြွေးတင်သည်ဟု ခံစားခဲ့ရ သော်လည်း ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါ၊ ကျွန်တော်ထဲတွင် အပြစ်သည် အမှန်တကယ် အမြစ်တွယ်နေခဲ့ပါသည်။ ကျွန်တော် ပို၍ နားထောင်လေ သင်းအုပ်ဆရာ ဂျက်စ်၏ မိတ်သဟာယပြု ခြင်းသည် ဘုရားသခင်ထံမှ လာသည်ဟု ပို၍ခံစားရလေ ဖြစ်သောကြောင့် သူ့ကို စိတ်အား လေးလေးနက်နက် နားထောင်ရန် ကျွန်တော် ဆုံးဖြတ်ခဲ့ပါသည်။ နောက်ပိုင်းတွင်၊ သင်းအုပ်ဆရာ ဂျက်စ်က ပြန်ကြွလာ သည့် သခင်ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ကျွန်တော့်အား သက်သေခံခဲ့ပြီး၊ လူသားမျိုးနွယ် ကိုကယ်တင်ရန် ဘုရားသခင်၏အမှုတော် အဆင့်သုံးဆင့်၊ လူ့ဇာတိခံယူခြင်း၏နက်နဲမှု၊ လူသားများကို သန့်စင်ရန်နှင့် ပြောင်းလဲရန် နောက်ဆုံးသော ကာလတွင် ဘုရားသခင်က သူ၏တရားစီရင်ခြင်းအမှုတော်ကို မည်သို့ပြုပုံနှင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ အဆုံးသတ် ကံကြမ္မာကို မည်သို့သတ်မှတ်ပုံ တို့ကဲ့သို့သော သမ္မာတရားဆိုင်ရာ ရှုထောင့်များ အကြောင်းကို သူက ကျွန်တော်တို့ အား မိတ်သဟာယပြုပေးခဲ့ပါသည်။ ကျွန်တော်က အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း သေချာလာခဲ့ပြီး၊ ကျွန်တော့် ဇနီးနှင့် ကျွန်တော်တို့သည် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို ဝမ်းမြောက်စွာ လက်ခံခဲ့ကြပါသည်။

နောက်ဆုံးသောကာလနှင့်ဆိုင်သော ဘုရားသခင်၏အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပြီးနောက်တွင်ပင်၊ ကျွန်တော်က စိတ်ပါလက်ပါဖြင့် စုဝေးပွဲများကို တက်ရောက်ခဲ့သည်၊ ကျွန်တော်သည် အချိန်ရတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်၊ ကျွန်တော်က ဘုရားသခင်နှင့် အလွန်နီးကပ်ပြီး၊ ကျွန်တော့် ဝိညာဉ်၏ အနေအထားသည် ပို၍ ပို၍ ကောင်းမွန်လာသည်ဟု ခံစားခဲ့ရပါသည်။ သို့သော်လည်း အချိန်အနည်းငယ်ကြာပြီးနောက်တွင်၊ ကျွန်တော့်မိသားစုသည် အရာများစွာ အတွက် ငွေလိုအပ်နေခဲ့သည်ကို တွေ့ရင်းဖြင့် ကျွန်တော်က ငွေကို အရေးတကြီး စတင်ရှာဖွေ ရမည်ဟု တွေးခဲ့မိသည်။ မည်သည့်ငွေမျှ မရှိပဲနှင့် အလုပ်မဖြစ်သောကြောင့် ကျွန်တော်သည် တစ်ဖန် အလုပ်စတင် ကြိုးစားခဲ့ပြန်သည်။ တစ်ခါတစ်ရံတွင် အလုပ်နှင့် အသင်းတော် စုဝေးပွဲများ နှင့် ထိပ်တိုက်ဖြစ်ကာ၊ ကျွန်တော်က ငွေရှာဖို့ ကိုသာ ရွေးချယ်ခဲ့ သောကြောင့်၊ စုဝေးပွဲများကို တက်ရောက်သည်မှာ ပုံမှန်မရှိခဲ့ပါ။ ကျွန်တော့်ဇနီးနှင့် အသင်းတော်မှ ကျွန်တော့်ညီအစ်ကိုမောင်နှမများက ကျွန်တော့်ကို အကြိမ်များစွာ မိတ်သဟာယပြုပြီး၊ နောက်ဆုံးသောကာလမှ အမှုတော်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏အမှုတော် နောက်ဆုံးအဆင့် ဖြစ်ကြောင်းပြောကြသည်။ ကျွန်တော်တို့က သမ္မာတရားကို ရှာဖွေရန်အာရုံစိုက်ရ မည်ဖြစ်ပြီး၊ ရုပ်ပိုင်းဆိုင်ရာ သာယာမှု စည်းစိမ်မှာမူ အချည်းနှီးဖြစ်ကာ၊ အစားအစာနှင့် အဝတ်အထည်ရှိရန်မှာ လုံလောက်ပြီး ပုံမှန်အလုပ်ချိန်များသာ အလုပ်လုပ်ခြင်းသည် အဆင်ပြေ ကြောင်းတို့ကို သူတို့က ပြောခဲ့ကြသည်။ ကျွန်တော့်အနေဖြင့် သမ္မာတရား ရရှိရန် ကျွန်တော့်အခွင့်အရေးကို ဆုံးရှုံးနိုင်လောက်အောင် စုဝေးပွဲများ တက်ရောက်ရန် အချိန်ပင်မရှိတော့သည်အထိ ကြွယ်ဝမှုနှင့် ရုပ်ဝထ္ထုဆိုင်ရာ စည်းစိမ်များကို မရှာဖွေရန် ဆုံးမသြဝါဒပေးခဲ့ကြသည်။ သို့သော်လည်း ကျွန်တော့်နှလုံးသားက ငွေဖြင့် မအားလပ်ဖြစ်နှင့်နေပြီး၊ ကျွန်တော့် ညီအစ်ကိုမောင်နှမများ ပြောသည်ကို ရှင်းရှင်း အာရုံမစိုက်တော့ပေ၊ ကျွန်တော်သည် ငွေရှာဖို့သာ ဆက်ပြီးအလုပ်ကြိုးစားနေခဲ့ပါသည်။

ထို့နောက်တွင် ကျွန်တော့် ဦးလေး ကုမ္ပဏီတွင် နေ့အချိန်၌ အလုပ်လုပ် ခဲ့ပြီး၊ ညပိုင်းအပိုဝင်ငွေရရန် အငှားကားမောင်းခဲ့ပါသည်။ ဤနည်းအတိုင်း လတစ်လ၊ ပြီးနောက် နှစ်လ၊ ပြီးနောက် သုံးလ ကျော်ဖြတ်သွားခဲ့သည် … ငွေရှာရန် ကျွန်တော်သည် အမြဲမပြတ် ဇယ်ဆက်သလို အလုပ်လုပ်ခဲ့သည်။ ဤအချိန်အတွင်း ကျွန်တော့်အငှားကားမှာ နေ့စဉ်နီးပါး ပြဿနာ တက်ခဲ့ရသော်လည်း ကျွန်တော်က ဘုရားသခင်ထံကို လုံးဝဆုမတောင်း ခဲ့သကဲ့သို့၊ အကြောင်းအရင်းကို ရှာဖတွေ့ရှိရန် မိမိကိုယ်ကို ပြန်လည် သုံးသပ်ခြင်းအတွက် မိမိဝိညာဉ်ထဲသို့ အာရုံပြုခြင်းလည်း မရှိခဲ့ပါ။ ထို့နောက် တစ်ချိန်တွင် ကျွန်တော်က ကားထွက်ရန်ပြုစဉ် ကားအင်ဂျင် စက်ပျက်သွားခဲ့သည်။ ထိုသို့အကြီးစား စက်ချွတ်ယွင်းမှုမျိုးသည် လျင်မြန်စွာ ပြုပြင်၍ မရသည်ကိုတွေးရင်းဖြင့် ကျွန်တော်အိမ်ပြန်ခဲ့သည်။ အိမ်ကိုလမ်းလျှောက် ပြန်ရင်းဖြင့် ကျွန်တော်က” ငါငွေရှာဖို့ ကိုယ့်ဘာသာ စပြီး အရမ်းအလုပ်ရှုပ်ခဲ့ကတည်းက၊ ငါစုဝေးပွဲတွေကို ပုံမှန် မတက်ဖြစ်ဘူး၊ ပြီးတော့ ငါ့မှာ ဘုရားသခင်နဲ့ ပိုပိုပြီးဝေးသွား သလို ခံစားရတယ်။ နေ့တိုင်း ငါ့ခေါင်းက ငွေဘယ်လိုရှာရမယ် ဆိုတာရယ်၊ ပြီးတော့ ပိုကောင်းတဲ့ ရုပ်ဝထ္ထုဆိုင်ရာ ဘဝမှာ ဘယ်လိုအသက်ရှင်နေထိုင်ရမလဲ ဆိုတဲ့ အတွေး တွေနဲ့ ပြည့်နေတယ်။ စုဝေးပွဲတွေကို ဘယ်လိုတက်ရမယ် ဒါမှမဟုတ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဘယ်လိုပိုဖတ်နိုင်ပြီးတော့ ပိုများပြားတဲ့ သမ္မာတရားတွေကို ဘယ်လိုနားလည်နိုင်မယ် ဆိုတာတွေကို လုံးဝမတွေးဖူးဘူး။ ငါ့ကား အင်ဂျင် စက်ကလည်း ဒီနေ့ ရုတ်တရက် ပျက်သွားခဲ့ပြီ၊ ဘုရားသခင်ရဲ့ စိတ်စေတနာကများ အဲဒီနောက်ကွယ်မှာ ရှိနေနိုင်မလား” ဟု မတွေးပဲမနေနိုင်တော့ပါ။

စိတ်မကောင်းဘူး

ဘုရားသခင်၏ နှုတ်ကပတ်တော်များက စာတန်၏ အန္တရာယ်ကို မြင်တွေ့စေရန် ဦးဆောင်ခဲ့သည်

ကျွန်တော် အိမ်ပြန်ရောက်ပြီးနောက် ကျွန်တော့်ဇနီး အိမ်တွင် မရှိသည်ကို တွေ့သောကြောင့်၊ ကျွန်တော် သူမကို ရှာဖို့ ဘုရားကျောင်းသို့ သွားခဲ့သည်။ ကျွန်တော်က အစ်မနှစ်ယောက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိပြီး၊ ကျွန်တော့်ကားမှာ ပြဿနာတစ်ခုရှိနေကြောင်း သူတို့သိသွား သည့်အချိန်တွင် သူတို့က ကျွန်တော့်ကို “ အစ်ကိုရေ၊ အစ်ကိုက ခရစ်ယာန်တစ်ယောက်ပါ၊ ပြီးတော့ အစ်ကိုက ပြသနာတွေနဲ့ ကြုံတွေ့ တဲ့အခါ၊ အဲဒါတွေကို ဘုရားသခင်ဆီက လက်ခံယူသင့်တယ်။ အစ်ကိုက အဆက်မပြတ် အလုပ်ကြိုးစားခဲ့တာ အခုဆိုရင် အတော်ကြာခဲ့ပြီ၊ အစ်ကို စုဝေးပွဲတွေ ကိုလည်း မတက်တာကြာခဲ့ပြီ၊ ပြီးတော့ အစ်ကို့နှလုံးသားက ဘုရားသခင်နဲ့ ပိုပို ဝေးလာပြီ။ အစ်ကို့ကားကလည်း ဒီနေ့ပျက်သွားခဲ့ပြီး၊ ဒါရဲ့နောက်ကွယ်မှာ ဘုရားသခင်ရဲ့ စိတ်စေတနာ ရှိနေတယ်။ အစ်ကိုက အစ်ကို့နှလုံးသားကို ဆိတ်ငြိမ် စေပြီးတော့၊ ဝီရိယရှိရှိရှာဖွေသင့်တယ်။ သေသေချာချာ တွေးပါ၊ ကျွန်မတို့ငွေရှာချင်လို့ ငွေရတာလား။ ကျွန်မတို့က ကျွန်မတို့ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း အမှန်တကယ် ရှိကြလား။ ဒီမေးခွန်းတွေကိုသာ ကျွန်မတို့ နားလည်မယ်ဆိုရင်၊ ငွေနဲ့ပတ်သက်ပြီး ချဉ်းကပ်ရမဲ့နည်းလမ်းကို ကျွန်မတို့သိလာ လိမ့်မယ်” ဟု ပြောပြီး မိတ်သဟာယပြုခဲ့ကြပါသည်။ ထို့နောက်တွင် သူတို့က ကျွန်တော့်ကို ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ပြကြသည်၊ “ လူသား၏ကံကြမ္မာကို ဘုရားသခင်၏လက်များမှ ထိန်းချုပ်ထား၏။ သင့်ကိုယ် သင် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသားသည် မိမိအဖို့ အမြဲအပြေးအလွှားနှင့် အလုပ်ရှုပ်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်ပါက၊ သင်၏ကံကြမ္မာကို ချုပ်ကိုင်နိုင် ပါက၊ သင်သည် သတ္တဝါတစ်ဦး ဖြစ်နေဦးမည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာ စေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဤကျမ်းပိုဒ်ကို ဖတ်ပြီးနောက် ထိုအစ်မများက ကျွန်တော့်ကို လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာဆိုင်ရာ သမ္မာတရား၏ ရှုထောင့် အကြောင်း မိတ်သဟာယပြုပေးခဲ့ကြသည်။ “ ဟုတ်တယ်” ဟု ကျွန်တော်တွေးမိ သည်။ “ ငါတို့လူသားတွေဟာ ဘုရားသခင်ရဲ့ ဖန်ဆင်ခြင်းတွေ ဖြစ်ပြီး၊ ငါတို့ကံကြမ္မာကို ဘုရားသခင်က အုပ်စိုးပြီးထိန်းချုပ်ထားတယ်။ ဘုရားသခင်က ငါတို့ တစ်သက်တာမှာ ရှာနိုင်တဲ့ငွေ ဘယ်လောက်ရှိတယ်ဆိုတာကိုလည်း ကြိုတင် ပြဌာန်းထားပြီး ဖြစ်ပေမဲ့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအပေါ် ဘုရားသခင်ရဲ့ အချုပ်အခြာ ရှိကြောင်း အချက်ကို ငါသတိမပြုမိခဲ့ဘူး၊ ဒါပေမဲ့ အဲဒီအစား ကိုယ်ပိုင်အလုပ်ကြိုးစားခြင်းအားဖြင့်သာ အပတ်တကုတ် ငွေရှာခဲ့တယ်၊ ကိုယ့်ကို ကိုယ် ချမ်းသာအောင်လုပ်တယ်၊ ကိုယ့်ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းဖို့ကြိုးစားပြီး၊ ကိုယ့်ကိုကိုယ် ဘုရားသခင်ရဲ့ အုပ်စိုးမှုက လွတ်မြောက်ဖို့ ရုန်းကန်ကြိုးစားတယ်၊ ငါဟာ တကယ်ကို ပုန်ကန်လိုပြီး၊ နုံတာပဲ” ဤနားလည်သဘောပေါက်မှုကို ရရှိလာပြီး ကျွန်တော်က ထိုအစ်မများကို “ ငွေရှာဖို့အတွက် ကျွန်တော် စုဝေးပွဲတွေကို ပုံမှန်မတက် တော့ကတည်းက ကျွန်တော် အငှားကားမောင်းပြီး ရှာလို့ရသမျှငွေကို ကားပြင်ဖို့အတွက် အကုန်သုံးလိုက်ရတယ်။ ဒီတစ်ခါတော့ အင်ဂျင်စက် အသစ် အတွက် ကျွန်တော်သုံးရမဲ့ငွေက ပြီးခဲ့တဲ့ သုံးလအတွင်းမှာ အငှားကားမောင်းပြီး ရထားတဲ့ ပိုက်ဆံလေးအားလုံးပါပဲ။ ဒါက ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ပိုင် ကံကြမ္မာကို တကယ်ကို မထိန်းချုပ် နိုင်ကြောင်း၊ ပြီးတော့ ကျွန်တော်က ဆင်းဆင်းရဲရဲ ပဲဖြစ်ဖြစ်၊ ချမ်းချမ်း သာသာပဲဖြစ်ဖြစ် အသက်ရှင်နေထိုင်ရလား မနေထိုင်ရလား ဒါမှမဟုတ် ကျွန်တော့်မှာ ငွေဘယ်လောက်ရှိတယ် ဆိုတာတွေက ကျွန်တော့် တစ်ဖက်သတ် အားထုတ်မှုနဲ့ တစ်ဦးတည်းဆုံးဖြတ်တာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာကသာ ဆုံးဖြတ်တယ် ဆိုတာတွေကို ကျွန်တော့်ကို အမှန်တကယ် နားလည်လာစေခဲ့တယ်။ ဘုရားရဲ့ အချုပ်အခြာအာဏာကို သတိပြုမိဖို့နဲ့ ကျွန်တော့်ဟာကျွန်တော် နောက်ထပ် မရုန်းကန်ဖို့အတွက် ဘုရားသခင်က ကျွန်တော့် ကားအင်ဂျင် စက်ချွတ်ယွင်းတဲ့ အရေးကိစ္စကို အသုံးပြုပြီးတော့ ကျွန်တော့်ကို ကိုယ်တော့် ရှေ့တော်မှောက်ကို ပြန်လာဖို့ သတိပေးနှိုးဆော်လိုက်တာပဲ။ ကျွန်တော်က ဘုရားသခင်ကို ဘယ်လိုနာခံရမယ်ဆိုတာ သင်ယူရမယ်၊ ပြီးတော့ သမ္မာတရားကို ရှာဖွေတာကိုလည်း ကျွန်တော့်ရဲ့ ဦးစားပေးအနေနဲ့ ထားရမယ်။ တစ်ခုတည်းသော မှန်ကန်တဲ့လုပ်ရပ်ကတော့ ရှာရတဲ့ငွေကို ဘုရားသခင့်လက်တော်ထဲကို ယုံကြည်စွာ အပ်နှံတာပါပဲ” ဟု ပြောလိုက်သည်။

ကျွန်တော် ဤသို့ပြောသည်ကို ကြားပြီးနောက် ထိုအစ်မများထဲမှ တစ်ယောက်က “ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။ အစ်ကို ဒီလိုအရေးကိစ္စကို ဒီလိုမျိုးနားလည်သဘောပေါက်မှု ရလာနိုင်တာက ဘုရားသခင်ရဲ့ လမ်းပြမှုကြောင့် ပါ။ ဒါပေမဲ့ ကျွန်မတို့ကို ငွေက သွတ်သွင်းလိုက်တဲ့ ချည်နှောင်မှုတွေကနေ လုံးလုံးလွတ်မြောက် လိုတယ်ဆိုရင်တော့၊ ကျွန်မတို့ကို ဖောက်ပြန်ပျက်စီးစေဖို့ နဲ့ ဘေးဖြစ်စေဖို့ ငွေကို စာတန်အသုံးချတဲ့ နည်းလမ်းတွေနဲ့ လိမ်လည်လှည့်ဖြားတဲ့ အကြံအစည်တွေကို ထိုးထွင်းသိမြင်မှု ရှိရမယ်၊ စာတန်ရဲ႕ဆိုးယုတ်ခြင်း နဲ့ ယုတ်ညံ့မှုတွေကို နှံ့စပ်တဲ့ နားလည်သဘောပေါက်မှုတစ်ခု ရှိပြီး၊ ကျွန်မတို့ကို ကယ်တင်ဖို့အတွက် ဘုရားသခင်က ပြုခဲ့တဲ့ အပတ်တကုတ်ကြိုးစား အားထုတ်မှုတွေကို နားလည်သဘောပေါက်ရမယ်။ ဒီရှုထောင့်နဲ့ သက်ဆိုင်တဲ့ ဘုရားသခင့် နှုတ်ကပတ်တော်ရဲ့ နောက်ထပ်ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြရအောင်” ဟု ပြောရင်းဖြင့် ထိုအစ်မက ကျွန်တော့်ကို ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျမ်းပိုဒ်တစ်ခု ကို ဖတ်ပြခဲ့သည်။ “ ‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အယူအဆ ဖြစ်ပြီး၊ လူသားမျိုးနွယ်တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်း၏ အကြားတွင် အနှံ့အပြားတည်ရှိသည်။ ယင်းသည် လူတိုင်းကို ပညာဗဟုသုတ ပေးနေပြီး သူတို့၏ နှလုံးသားထဲတွင် ကပ်ငြိနေသည့်အတွက်၊ ၎င်းသည် ခေတ်ရေစီးကြောင်းတစ်ခုဟု သင်ပြောနိုင်ပါသည်။ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ရာမှ ယင်းကို တဖြည်းဖြည်း လက်ခံလာကြပြီး၊ သူတို့သည် လက်တွေ့ဘဝနှင့် ထိတွေ့မှု ရှိလာသည့် အချိန်တွင်၊ ယင်းကို တဖြည်းဖြည်းဖြင့် မပြောဘဲသိသည့်အနေဖြင့် လက်ခံမှုပြု ကြသည်၊ ယင်း၏ ဖြစ်တည်မှုကို အသိအမှတ်ပြုကြပြီး၊ နောက်ဆုံးတွင် သူတို့ ကိုယ်တိုင် တရားဝင် လက်ခံခြင်းပြုခဲ့သည်။… ဤကမ္ဘာထဲတွင် ငွေအနည်းငယ် မျှမရှိဘဲ အသက်ရှင်မနေနိုင်၊ တစ်ရက်တစ်လေမျှပင် မဖြစ်နိုင်ဟု သင်တို့မခံစား သလော။ (ခံစားရပါသည်။) လူတို့၏ အဆင့်အတန်းနှင့် ဂုဏ်သရေရှိမှုတို့သည် သူတို့တွင် ငွေမည်မျှရှိသည့်အပေါ်တွင် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် သူတို့၏ မြင့်မားသည့် အဆင့်အတန်းတွင် သာယာနေကြသည်။ သူတို့သည် ရဲရင့်ပြီး ဂုဏ်မောက်ကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မောက်မာစွာဖြင့် နေထိုင်ကြသည်။… ဤဆိုရိုးစကားသည် သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်၊ သင်သည် သမ္မာတရားကို သိကောင်းသိမည်ဖြစ်သော်လည်း၊ သင်သည် ယင်းကို လိုက်လျှောက်ရန် အင်အားမဲ့နေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ကို ရှင်းရှင်းလင်းလင်း သိကောင်းသိမည်၊ သို့ရာတွင် သင်သည် အဖိုးအခကိုပေးရန် ဆန္ဒမရှိ၊ အဖိုးအခပေးရန် ဝေဒနာခံစားရမည်ကို ဆန္ဒမရှိပါ။ ၎င်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို ပေးဆပ်ရန် ပို၍နှစ်သက်သည်။ ဘုရားသခင် အဘယ်အရာကို ပြောသည်ဖြစ်စေ၊ ဘုရားသခင် အဘယ်အရာကိုလုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည် ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကားနောက်သို့ အဆုံးတိုင်လိုက်နေပြီး ယင်းကိုအဖိုးအခပေးနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့် ဤဆိုရိုးစကားသည် သင်၏အပြုအမူနှင့် သင်၏အတွေးများကို ထိန်းချုပ်ထားပြီးသားဖြစ်ပြီး၊ ယင်းကို စွန့်လွှတ်လိုက်မည့်အစား သင်သည် ယင်းဆိုရိုးစကားက သင်၏ကံကြမ္မာကို ထိန်းချုပ် ထားစေလိုသည်။ လူတို့က ဤသို့ လုပ်ဆောင်ကြသည်၊ သူတို့သည် ဤဆိုရိုးစကား၏ ထိန်းချုပ်ခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို ခံရသည်။ ဤကား စာတန်က လူကိုအကျင့်ပျက်စေသည့် အကျိုးသက်ရောက်မှု မဟုတ်လော။ ဤကား စာတန်၏ အယူအဆနှင့် ပျက်စီးနေသည့် စိတ်သဘောထားတို့က သူ၏စိတ်နှလုံး ထဲတွင် အမြစ်စွဲနေခြင်း မဟုတ်လော။ သင်ဤအရာကို လုပ်ဆောင်လျှင်၊ စာတန်က သူ၏ပန်းတိုင်ကို ရရှိအောင်မြင်သွားမည် မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၅“ )

အစည်းအဝေး

ဤကျမ်းပိုဒ်ကို ဖတ်ပြီးနောက် ထိုအစ်မက ကျွန်တော့်ကို “ ကျွန်မတို့တွေ ဘာဖြစ်လို့ ငွေရဲ့ချည်နှောင်မှုတွေကို လက်အောက်ခံ တွေဖြစ်ရတဲ့ အကြောင်းအရင်း ဇစ်မြစ်ကို ဘုရားသခင့် နှုတ်ကပတ်တော် တွေက ရှင်းလင်းစွာ ပြောထားပြီး၊ ကျွန်မတို့ ငွေနောက်လိုက်နေမယ်ဆိုရင် ကျွန်မတို့ကို အသင့်စောင့်ကြိုနေမဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေကိုလည်း အဲဒီကျမ်းပိုဒ်တွေက ပြောပြထားတယ်။ လူသားမျိုးနွယ် ဟာ စာတန်ရဲ့ သွေးဆောင်ဖြားယောင်းပြီး ဖောက်ပြန်ပျက်စီးစေတာကို ခံရပြီး နောက်မှာ စာတန်က ‘ငွေသာပထမ’ ‘ငွေသည် အရာအားလုံး မဟုတ်ဟု ဆိုသော် လည်း၊ ၎င်းမရှိပါက သင်သည် မည်သည့်အရာမျှ မလုပ်နိုင်ပါ’ ‘လူတစ်ယောက်က ငွေအတွက် သေဆုံးသည်၊ ငှက်တစ်ကောင်က အစာအတွက် သေဆုံးသည်’ နှင့် ‘ငွေက ကမ္ဘာကြီးကို လည်ပတ်စေ သည်’ တို့လိုမျိုးသော နဂိုမှန်အဆိုတွေနဲ့ ဒဿန ဆိုင်ရာ ပြောဆိုပုံတွေ အားလုံးကို ကျွန်တော်တို့ကို လှည့်ဖြားပြီး ဖောက်ပြန်ပျက်ဆီးစေဖို့ အသုံးပြုခဲ့တယ်။ ဒီဒဿနတွေ နဲ့ နဂိုမှန်အဆိုတွေကို လက်ခံပြီးနောက်မှာ၊ ကျွန်မတို့က ငွေကို အရာအားလုံးထက် ပိုအရေးကြီး တဲ့အရာအဖြစ် မြင်လာပြီး၊ ကျွန်မတို့မှာ ငွေရှိမှသာ လူ့အဖွဲ့အစည်းထဲမှာ ခိုင်မာတဲ့ ခြေကုပ်တစ်ခုရနိုင်ပြီး၊ ချမ်းသာကြွယ်ဝတဲ့ ဘဝတစ်ခုကို နှစ်သက်ခံစားနိုင်မယ်လို့ ယုံကြည်ကြတယ်။ ဒါ့ကြောင့် ကျွန်မတို့က ငွေရဖို့ ရုန်းကန်ပြီး၊ ကြိုးပမ်းတဲ့အပြင်၊ အလွန့်အလွန်ကို အလုပ်ကြိုးစားကြတယ်၊ ပြီးတော့ ကျွန်မတို့က ပိုပိုပြီး လောဘ တက်လာတယ်။ ကျွန်မတို့ ငွေရှိလာတဲ့အချိန်မှာ ငွေကိုပိုလိုချင်တယ်၊ ပြီးတော့ သတိတောင် မထားမိလိုက်ပဲနဲ့ ကျွန်မတို့တွေဟာ ငွေရဲ့ကျေးကျွန်တွေ အဖြစ် နစ်မြုပ် ကုန်ကြတယ်။ ကျွန်မတို့တွေက ကိုယ်ပိုင်အချိန်တွေအားလုံးကို ငွေရှာဖို့ သုံးပစ်ကြတယ်၊ ကျွန်မတို့ ခန္ဓာကိုယ်ဆိုင်ရာ ကျန်းမာရေးကို အချည်းအနှီး ဖြစ်စေတယ်၊ အဲဒီအပြင် အဲဒီလမ်းတစ်ခုဟာ စစ်မှန်တဲ့ လမ်းခရီးဖြစ် တယ်ဆိုတာကို ကောင်းကောင်းသိနေတဲ့အချိန်မှာတောင်မှ စစ်မှန်တဲ့ လမ်းခရီးကို ကျွန်မတို့ မလိုက်ကြဘူး။ အဲဒီနောက်မှာ ကျွန်မတို့တွေက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း ဒါမှမဟုတ် အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုမှာ အသက်ရှင်နေထိုင်ဖို့ ရှာဖွေခြင်းတွေ နောက်ထပ် မလုပ်ချင်ကြတော့ဘူး။ စာတန်က ကျွန်မတို့ကို ဖောက်ပြန်ပျက်စီးစေဖို့ နဲ့ ဘေးဖြစ်စေဖို့၊ သူ့ကွန်ထဲမှာ ကျွန်မတို့ကို လုံးလုံးပိတ်မိစေဖို့၊ ပြီးတော့ ဒီနည်းနဲ့ပဲ ကျွန်မတို့က ဘုရားသခင်ရဲ့ တည်ရှိမှုကို ငြင်းပယ်စေဖို့၊ ဘုရားသခင်ရဲ့ အချုပ်အခြာ ကို ငြင်းပယ်စေဖို့၊ ဘုရားသခင်ကို ရှောင်ကြဉ်ပြီး၊ သစ္စာဖောက်စေဖို့ နဲ့ ကျွန်မတို့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရလေအောင် ကျွန်မတို့ သူ့ထိန်းချုပ်မှု အောက်ကို မြဲမြဲမြံမြံ ရောက်ရှိလာပြီး၊ အဲဒါရဲ့ချည်နှောင်မှုခံရဖို့ တို့အတွက် ဒီဆိုးယုတ်တဲ့ ဘဝ နဂိုမှန်အဆိုတွေကို အသုံးပြုခဲ့တယ်ဆိုတာ ဒီအချက်ကနေပြီး ကျွန်မတို့တွေ့မြင်နိုင်ပါတယ်၊ ဒါဟာ လူသားမျိုးနွယ်ကို ဖောက်ပြန် ပျက်စီးစေဖို့ စာတန်ရဲ့ အဆုံးစွန် ရည်ရွယ်ချက်ပဲဖြစ်တယ်။ ဒါပေမဲ့လည်း ကျွန်မတို့တွေဟာ သမ္မာတရားမရှိတဲ့အပြင်၊ စာတန်ရဲ့ လိမ်လည်လှည့်ဖြားတဲ့ အကြံအစည်တွေကို ထိုးဖောက်မမြင်နိုင်ပဲနဲ့၊ လုံးလုံးထိန်းချုပ်တာကိုခံနေကြရတယ်။ ဒီလိုဆက်ပြီး ဖြစ်နေလိုက်တာ ကျွန်မတို့တွေဟာ ဘုရားသခင်နဲ့ ပိုပိုပြီး ဝေးကွာလာခဲ့တဲ့အပြင်၊ ဘုရားသခင်ရဲ့ အမှုတော် အဆုံးသတ်ချိန်မှာ နောင်တရဖို့ အရမ်းနောက်ကျ သွားလိမ့်မယ်။ ကျွန်မတို့က ဘုရားသခင်ရဲ့ ကယ်တင်ခံရဖို့ ဒီနေ့မှာ ကျွန်မတို့ရှိ ထားတဲ့ အခွင့်အရေးကို မြတ်နိုးရမယ်။ စာတန်က ကျွန်မတို့ကို ဒီလိုနည်းလမ်းတွေနဲ့ ဘေးဖြစ်စေပြီး၊ ဖောက်ပြန်ပျက်စီးစေပေမဲ့လည်း၊ ဘုရားသခင်က အဲဒီမှာ အမြဲတမ်းရှိနေပြီး၊ ကျွန်မတို့ကို တိတ်တဆိတ် ကယ်တင်နေတယ်။ ကျွန်မတို့က ငွေရဲ့ ကွန်ရက်မှာ ပိတ်မိခံလာရပြီး၊ မထွက်နိုင်ကြတဲ့အချိန်မှာ၊ ဘုရားသခင်က ကျွန်မတို့ကို ရိုက်နှက်ဆုံးမပြီး ဆုံးမမဲ့ပြင်ခြင်းကတစ်ဆင့် ကျွန်မတို့ရဲ့ ထုံနေတဲ့ နှလုံးသားတွေကို နှိုးခဲ့တယ်၊ ကျွန်မတို့နှလုံးသားတွေကို ဆိတ်ငြိမ်စေပြီး၊ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ရှာဖွေစေနိုင်တော်မူခဲ့တယ်။ အပြင်ပန်းက အစ်ကို့ ကားပျက် တာက ဆိုးတဲ့ကိစ္စတစ်ခုလို့ မြင်ရပေမဲ့၊ အဲဒီထဲမှာ အစ်ကို့အတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်း တို့က ကွယ်ဝှက်လျက် ရှိနေပါတယ်” ဟု ပြောရင်းဖြင့် မိတ်သဟာယပြု ပေးခဲ့သည်။

ကျွန်တော်က ငွေကြေးကို အလွန်အရေးကြီးသည့်အရာအဖြစ် သတ်မှတ်ခဲ့ ကြောင်း၊ ငွေအတွက်နှင့် ကျွန်တော့်ကိုယ်ပိုင် ကျန်းမာရေးကို အလေးဂရုမပြုနိုင် ခဲ့ကြောင်းနှင့် ကျွန်တော်က ဘုရားသခင်ကိုပင် ရှောင်ကြဉ်ခဲ့ကြောင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကျွန်တော့်အစ်မ၏ မိတ်သဟာယပြုခြင်း တို့မှတစ်ဆင့် ကျွန်တော် နောက်ဆုံးတွင် နားလည်သဘောပေါက်ခဲ့ပါသည်။ အမှန်မှာမူ ဤအရာများ အားလုံးက စာတန်၏ ဘဝ နဂိုမှန်အဆိုများ၏ ချည်နှောင်မှု နှင့် ဘေးဖြစ်စေမှုတို့ လက်အောက်သို့ ကျရောက်ရခြင်း၏ ရလဒ်ပင် ဖြစ်ပြီး၊ ဤသည်မှာ မည်မျှမှန်ကန်ကြောင်းကို ကျွန်တော်တွေးခဲ့ပါသည်။ ကျွန်တော် ငယ်စဉ် က ငွေမရှိခြင်းနှင့် အခြားလူများ၏ အထင်သေးခြင်းတို့၏ ခါးသီးမှုကို မြည်းစမ်းကြည့်ခဲ့ဖူးသောကြောင့်၊ “ ငွေသာပထမ” နှင့် “ ငွေသည် အရာအားလုံး မဟုတ်ဟု ဆိုသော်လည်း၊ ၎င်းမရှိပါက သင်သည် မည်သည့်အရာမျှ မလုပ်နိုင်ပါ” ဆိုသည့် စာတန်၏ ဒဿနများ နှင့် နဂိုမှန်အဆိုများကို ကျွန်တော် လက်ခံခဲ့သည်၊ ကျွန်တော်က ငွေသည် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်သည်ဟု ယုံကြည်ခဲ့ပြီး၊ ချမ်းသာကြွယ်ဝလာဖို့ ကျွန်တော် သံဓိဌာန်တစ်ခုချခဲ့သောကြောင့် ကျွန်တော့် အလုပ် က မည်မျှ ခက်ခဲသည်ဖြစ်စေ၊ ခြေကုန်လက်ပန်းကျသည် ဖြစ်စေ၊ ကျွန်တော့် ကျန်းမာရေး ဆုံးရှုံးရလျှင်ပင် ကျွန်တော်လုံးဝ ဂရုမစိုက်ခဲ့ပါ။ အထူးသဖြင့် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ပြီးနောက်၊ လူသားများကို သန့်စင်ရန် နှင့်ပြောင်းလဲ ရန် အပြင် လူသားများကို သူတို့၏လှပသော ခရီးပန်းတိုင်ထဲသို့ နောက်ဆုံးတွင် ဦးဆောင်ရန် ဘုရားသခင်သည် သူ့နှုတ်ကပတ်တော်များကို ဖော်ပြနေခဲ့ကြောင်းနှင့် သူ့တရားစီရင်ခြင်းအမှုကို ပြုနေကြောင်း တို့ကို ကျွန်တော်သိခဲ့ပါသည်။ ဤအမှုတော်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင့်အမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်ကြောင်းနှင့် ကျွန်တော်တို့ ကယ်တင်ခြင်းရရှိစေရန် လုံးဝ အရေးကြီးကြောင်း တို့ကိုလည်း ကျွန်တော်သိခဲ့ပါသည်။ သို့သော်လည်း ကျွန်တော်သည် ဘုရားသခင်၏ကယ်တင်ခြင်းကို မမြတ်နိုးခဲ့ပဲ၊ ငွေပိုရှာခြင်း နှင့် နှစ်သက်ခံစားရန် အရာဝထ္ထုကောင်းများရရှိခြင်း တို့အကြောင်းကိုသာ အမြဲတမ်း တွေးတောခဲ့သည့်အပြင်၊ အဆုံးသတ်တွင် ဘုရားသခင်ကို ပုံမှန်ဝတ်ပြုကိုးကွယ်ရန် စုဝေးပွဲများကိုပင် တက်ရောက်နိုင်ခြင်း မရှိတော့သည့်အပြင်၊ ကျွန်တော့်နှလုံးသားကလည်း ဘုရားသခင်ထံမှ ပို၍ပို၍ ဝေးကွာလာခဲ့ပါသည်။ ဤအချိန်အတွင်းတွင် ဘုရားသခင်က ကျွန်တော့်ကို ညီအစ်ကိုမောင်နှမများမှတစ်ဆင့် ကူညီခဲ့ပြီး၊ ကျွန်တော့်ကား မကြာခဏ ပြဿနာ တက်ခြင်းမှတစ်ဆင့် ကျွန်တော့်ကို သတိများပေး နေခဲ့သော်လည်း၊ ကျွန်တော်က ဘုရားသခင်၏ အလိုတော်ကို အာရုံမပြုခဲ့ပဲ၊ မိမိကိုယ်စွမ်းကိုယ်စဖြင့်သာ တဇွတ်ထိုး ဆောင်ရွက်ကာ၊ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့သည်။ ဤအရာများအားလုံးသည် အသက်ရှင်နေထိုင်ရန် စာတန်၏ ဘဝ နဂိုမှန်အဆိုများကို မှီခိုခြင်းကြောင့် ဖြစ်ရခြင်းသာ မဟုတ်ပါလား။ ကျွန်တော့် ကားအင်ဂျင်စက် မပျက်ခဲ့ပါက၊ ကျွန်တော်က မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း ရှိမည်မဟုတ်သည့်အပြင်၊ ဘုရားသခင် ၏ အလိုတော်ကိုလည်း ရှာဖွေမည် မဟုတ်ပါ၊ ထို့နောက်တွင် ကျွန်တော်က ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန် ကျွန်တော့်အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရပြီး၊ ကျွန်တော့် ကျန်သည့်တစ်သက်လုံး နောင်တဖြင့် ကုန်ဆုံးရမည် မဟုတ်ပါလား။ ကျွန်တော်က ထိုဆိုးယုတ်သော ဒဿနများအားဖြင့် အလွန်ပျက်စီးခဲ့သည်။ ထိုဒဿနများနှင့် နဂိုမှန်အဆို များသည် လူများကို လိမ်လည်ရန် နှင့် ဖောက်ပြန်ပျက်စီးစေရန် ရည်ရွယ်ထားသည့် မိစ္ဆာဒိဌိ ယုတ္တိအမှား များသာ ဖြစ်ကြောင်း ဘုရားသခင့် နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုက ကျွန်တော့်ကို သိမြင်စေသည့်အပြင်၊ လူသားများကို ဖောက်ပြန်ပျက်စီးစေရန် စာတန်၏ အန္တရာယ်ပြုမည့် လက္ခဏာရှိသည့် ရည်ရွယ်ချက်ကို ကျွန်တော် ရှင်းလင်းစွာ မြင်ခဲ့သည့် အတွက် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။ ထိုအချိန်မှစတင်ပြီး ကျွန်တော်က စာတန်၏ လိမ်လည်မှုနှင့် ချည်နှောင်မှုတို့ကို နောက်ထပ်ခံလိုစိတ် မရှိတော့ပဲ၊ ဘုရားသခင်၏ ရှေ့တော်မှောက်ကို တစ်ဖန်ပြန် သွားပြီး၊ စုဝေးပွဲများကိုလည်း စိတ်အားထက်သန်စွာဖြင့် တက်ရောက်သည့်အပြင်၊ သမ္မာတရားကို ရှာဖွေကာ၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လိုခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်တော်က ကျွန်တော့်အချိန်ဇယားကို ပြန်ဆွဲပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုဖို့အတွက် ညီအစ်ကိုမောင်နှမများဖြင့် စုဝေးရန် သီတင်းပတ်တိုင်း ညနေနှစ်ညနေ တွေ့ရှိခဲ့သည့်အပြင်၊ စုဝေးပွဲများ မတက်ရောက်သည့်အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ နှင့် သမ္မာတရားကို ချင့်ချိန်စဉ်းစားဖို့ အချိန်ပေးခဲ့ပါသည်။ အချိန်အနည်းငယ် ကြာပြီးနောက် ကျွန်တော့်နှလုံးသားက ငြိမ်းအေးပြီး၊ ငြိမ်သက်သည်ဟု ခံစားခဲ့ရပြီး၊ ဘုရားသခင်နှင့် ကျွန်တော့် ပေါင်းသင်းဆက်ဆံရေးက တိုး၍တိုး၍ နီးကပ်လာခဲ့သည့်အပြင်၊ ကျွန်တော့် နာမကျန်းဖြစ်ခြင်းသည်လည်း စတင်သက်သာလာသည်မှာမူ ကျွန်တော့်အတွက် အမှန်တကယ်ကို အံ့အားသင့်ဖွယ်တစ်ခုဖြစ်ခဲ့ရပါသည်။

ကျွန်တော်က ငွေကြေး၏ ချည်နှောင်မှုများကို ဖယ်ရှားရန် ရုန်းကန်ရပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို နားလည်သဘောပေါက်လာခဲ့သည်

ထို့နောက် များမကြာမီတွင်ပင် ဘုရားသခင်က ကျွန်တော့်ကို စစ်ဆေးပါတော့ သည်။ တစ်နေ့တွင် အသင်းတော်က ကျွန်တော့်အတွက် ရက်အနည်းငယ် ထမ်းဆောင်ရမည့် တာဝန်တစ်ခုကို စီစဉ်ပေးခဲ့သည်။ ဘုရားသခင်က ဤတာဝန်ပေးခြင်းအားဖြင့် ကျွန်တော့်ကို ချီးမြှောက်ခြင်း ဖြစ်ကြောင်း ကျွန်တော် သိခဲ့ပြီး၊ အမှန်တကယ်ပင် စတင်လိုခဲ့သော်လည်း ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့ လိုအပ်သည့်အချိန်က ကျွန်တော့် အလုပ်နှင့် လာတိုက်နေခဲ့သည်။ ကျွန်တော့် ပေါင်နှံခြင်းအတွက် ပေးချေငွေများ နှင့် ကျွန်တော့် ကလေးကျောင်းစရိတ် တို့က မည်သို့ သတ်မှတ်ထားကြောင်းနှင့် နှစ်ရက်အတွင်း ကျွန်တော့် ကလေးများကို သူတို့ကျောင်းစရိတ်ပေးရန် ရှိကြောင်းတို့ကို တွေးမိသည်။ ကျွန်တော် ရက်အနည်းငယ် အလုပ်မလုပ်ပါက၊ ယင်းတို့အားလုံးအတွက် ပေးရန် ကျွန်တော့်မှာ လုံလောက်သောငွေ ရှိလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော့်မှာ အတော်အတန် ခွတီးခွကျ ဖြစ်သည့် အနေအထားတွင် ရောက်နေသည်ဟု ခံစားခဲ့ရပြီး၊ အကောင်းဆုံးအတွက် မည်သည့်အရာကို လုပ်ဆောင်ရမှန်းလည်း ကျွန်တော် မသိခဲ့သောကြောင့် ကျွန်တော် ဘုရားသခင်ထံသို့ ဆုတောင်းပြီး၊ ကိုယ်တော့်အား ကျွန်တော့် အခက်အခဲများကို ပြောပြခဲ့ပါသည်။ ထို့နောက်တွင် ကျွန်တော်က ဘုရားသခင့်နှုတ်ကပတ်တော်၏ အစိတ်အပိုင်းတစ်ခုကို ဖတ်ခဲ့သည်၊ “ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၃“ : “ လူတစ်ယောက် ကမ္ဘာမြေကြီးပေါ်မှာ အခြေချသည့်အခါ သူနားလည်ရမည့် ပထမဆုံးအရာက လူသားက မည်သည့်အရပ်ကနေလာသနည်း၊ လူတွေ အဘယ်ကြောင့် အသက်ရှင်နေသနည်း၊ လူသားကံကြမ္မာကို မည်သူ အုပ်ချုပ်သနည်း၊ လူသားတို့ ဖြစ်တည်မှုအပေါ် မည်သူက အချုပ်အခြာအာဏာရှိပြီး ပံ့ပိုးပေးသနည်း ဆိုတာတွေဖြစ်သည်ကို သိမြင်လာသည်။ လူသား ရှင်သန်ရပ်တည်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံ အချက်အလက်များဖြစ်သည့် ဤအချက်များက ဘဝတွင် စစ်မှန်သည့် တန်ဖိုးရှိသည့် အရာများ ဖြစ်ပါသည်။” “ ဘဝသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံပြီး သူ့၏ အခွင့်အာဏာကို သိမြင်လာရဖို့ အခွင့်အလမ်းတစ်ရပ်လို့ ထင်မြင်လျှင်၊ ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် သူ့တာဝန်ကို လုပ်ဆောင်ပြီး သူ့၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်ရေးအနေနှင့် သူ့ဘဝကို မြင်လျှင် သူသည် ဘဝအပေါ်မှာ သေချာပေါက် မှန်ကန်သည့်အမြင် ရှိပါသည်။ ဖန်ဆင်းရှင်က ကောင်းကြီးပေးပြီး လမ်းညွှန်သည့် ဘဝကို နေထိုင်ပါလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲမှာ လျှောက်လှမ်းပါလိမ့်မည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ကိုသိပြီး သူ့အုပ်စိုးမှုအောက်ကို လာလိမ့်မည်။ သူ့၏ ထူးခြားသည့်လုပ်ဆောင်မှုနှင့် သူ့၏ အခွင့်အာဏာအတွက် မျက်မြင်သက်သေ ဖြစ်လာပါမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ ဘုရားသခင် သည် လူသားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့ကာ၊ ကျွန်တော်တို့အား ဇီဝအသက်ကို ပေးခဲ့ကြောင်း၊ ကိုယ်တော်က ကျွန်တော်တို့ ရှင်သန်ရန် လိုအပ်သည့်အရာအားလုံးကို ပေးပြီး၊ ကျွန်တော်တို့ ကံကြမ္မာများအပေါ် အချုပ်အခြာထားရှိကြောင်းနှင့် ကျွန်တော်တို့ကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် သမ္မာတရားကို ဖော်ပြကြောင်း စသည်တို့ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့သည်။ ဖန်ဆင်းခံ သတ္တဝါများ အနေဖြင့် ကျွန်တော်တို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ဘုရားသခင် ရှေ့တော်မှောက်တွင် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်သင့်သည်၊ ကျွန်တော်တို့၏ တကယ့်ဘဝများတွင် ကိုယ်တော် ၏ အမှုတော်ကို တွေ့ကြုံခံစားသင့်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို တွေ့ကြုံခံစားပြီး သိရှိသင့်သည်။ ပြန်တွေးကြည့်ရင်းဖြင့် ကျွန်တော်က ငွေနောက်လိုက်ရာတွင် လောကီ လူသားတို့၏ လမ်းကြောင်းကို လျှောက်ဖို့ ကိုယ်ပိုင် ပရမ်းပတာ ရည်မှန်းချက်များနှင့် ဓမ္မဓိဌာန်မကျသော အားထုတ်မှုများတို့ကို အမြဲတမ်း မှီခိုခဲ့ပြီး၊ မိမိကိုယ်ကို နာကျင်စေသည့်အပြင်၊ ကျွန်တော့်ဘဝတွင် ဆုံးရှုံးမှုကို ခံစားခဲ့ရပါသည်။ ယခုအခါတွင် ကျွန်တော်က ထိုအချိန်ကကဲ့သို့ လုံးဝမနေနိုင်တော့သည့်အပြင်၊ ကျွန်တော်နေ့စဉ် ကြုံတွေ့ရသည့် အခြေအနေများတွင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ၊ ဘုရားသခင် ၏နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး၊ ဘုရားသခင်၏ အချုပ်အခြာကို ဆက်ကပ်အပ်နှံသင့်ပါသည်၊ ဤသည်မှာ အသက်တာတွင် စစ်မှန်သည့် တစ်ခုတည်းသော လမ်းခရီးဖြစ်ပြီး၊ ဤကဲ့သို့ ရှာဖွေခြင်းဖြင့် သာလျှင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိနိုင်သောကြောင့် ဖြစ်သည်။ ဤနားလည်သဘောပေါက်မှု ရရှိလာပြီးနောက်၊ ကျွန်တော်က ဘုရားသခင် ထံတွင် “ အိုဘုရားသခင် အခုတော့ ကျွန်တော် ကိုယ်တော့်အလိုတော်ကို နားလည်ပါပြီ။ ကျွန်တော် နာခံလိုပြီး၊ ကျွန်တော့်တာဝန်ကို ထမ်းဆောင်လိုပါတယ်။ ကိုယ်တော့်မျက်မှောက်တော်မှာ သံဓိဌာန်တစ်ခု လည်း ချလိုပါတယ်၊ အနာဂတ်မှာ ဘယ်လိုအခြေအနေတွေနဲ့ ကြုံရပါစေ၊ ကျွန်တော်က ကိုယ်တော့် နှုတ်ကပတ်တော်ထဲက သမ္မာတရားကို အမြဲတမ်းရှာဖွေပြီးတော့ ကိုယ်တော့် သတ်မှတ်ချက်တွေအတိုင်း လက်တွေ့လုပ်ဆောင်ပါမယ်၊ ကိုယ်တော့် အချုပ်အခြာနဲ့ စီစဉ်မှုတွေကို ဆက်ကပ်အပ်နှံပါမယ်၊ ပြီးတော့ ဖန်ဆင်းခံသတ္တဝါတစ်ယောက် အနေနဲ့ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ပါ့မယ်။ ကိုယ်တော်က ကျွန်တော့်ကို လမ်းပြဖို့ တောင်းလျှောက်ပါတယ်” ဟု ဆုတောင်းခဲ့ပါသည်။ ဆုတောင်း ပြီးနောက် ကျွန်တော့် နှလုံးသားက တိုး၍ တည်ငြိမ်လာပြီး၊ ကျွန်တော့်တာဝန်ကို လေးလေးနက်နက် ထမ်းဆောင်မည်ဟု ကျွန်တော် ဆုံးဖြတ်ခဲ့ပါသည်။

နှစ်ရက်အကြာတွင် ကျွန်တော့်ဇနီးက ကျွန်တော့်သား ကျောင်းစရိတ် အတွက် သားလေး ပက်ဆိုခုနှစ်ထောင် လိုအပ်ကြောင်း ပြောလာခဲ့သောကြောင့်၊ ကျွန်တော်က ယခင်က အပေါင်ဆိုင်မှ ဝယ်ယူထားသည့် လက်ဝတ်လက်စားတစ်ခုကို ယူပြီး ပေါင်နှံဖို့ ဆိုင်ကို ပြန်ယူသွားခဲ့သည်။ ဆိုင်မန်နေဂျာက ထိုအတွက် ပက်ဆို ၁၈၀၀၀ ပေးလိမ့်မည်ဟု ကျွန်တော် လုံးဝ မမျှော်လင့်ထားခဲ့ပါ။ ယင်းမှာ ကျွန်တော့်အဖို့ မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါသည်၊ ဤအပေါင်ဆိုင်၏ မန်နေဂျာသည် ပုံမှန်အားဖြင့် နည်းပါးသည့် ပမာဏကိုသာ အမြဲတမ်းပေးလေ့ရှိသည်။ ထိုလက်ဝတ် လက်စားသည် ပက်ဆို ၁၁၀၀၀ သာ အများဆုံးရရှိမည်ဟု ကျွန်တော်က တွေးထားခဲ့ သော်လည်း၊ ယခု မန်နေဂျာက ကျွန်တော့်ကို အမှန်တကယ်ပင် ထိုထက် ပက်ဆို ၇၀၀၀ ပိုပေးနေပြီး၊ ၎င်းမှာ ကျွန်တော့်သား ကျောင်းစရိတ်အတွက် လုံလောက်ရုံ ဖြစ်ခဲ့ပါသည်၊ ဤသည်မှာ အမှန်တကယ်ပင် ဘုရားသခင်၏ အံ့သြဖွယ် ကောင်းသည့် လုပ်ဆောင်ချက် ဖြစ်သည်။ ကျွန်တော်က အရာအားလုံးကို ဘုရားသခင်၏ သြဇာအာဏာ အုပ်စိုးကြောင်း နှင့် စီမံခန့်ခွဲကြောင်း၊ ဘုရားသခင်က ကျွန်တော်တို့အသက်တာများအတွက် အရာအားလုံးကို စီစဉ်ညွှန်ကြားကြောင်း၊ ကျွန်တော်တို့သည် စိတ်ပူရန် သို့မဟုတ် စိုးရိမ်ရန် အကြောင်းအရင်းမရှိကြောင်းတို့ကို အမှန်တကယ်ပင် နားလည်သဘောပေါက်လာခဲ့သည်။ ကျွန်တော်က ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းခဲ့ပါသည်။

ကျွန်တော်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ကြီးမားသော ကျေးဇူးတရားကို ခံစားရပြီး အသက်တာအသစ်ဆီသို့ ရှေ့ဆက်သည်

တစ်နေ့တွင် ကျွန်တော်က ဤဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ သည်၊ “ ဘုရားသခင် မြင်ချင်သောအရာမှာ လူသား၏နှလုံးသား ပြန်လည် အားပြည့်နိုင်ခြင်းပင် ဖြစ်သည်။ လူသားအပေါ် အမှုတော်ပြုရန် အသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ ၎င်းတို့အနေဖြင့် မည်သည်က လာခဲ့သည်၊ ၎င်းတို့ကို မည်သူက လမ်းပြနေသည်၊ ထောက်ပံ့နေသည်၊ ပံ့ပိုးနေသည် ဆိုသည်တို့အပြင်၊ လူသားကို မည်သူက ယခုထိတိုင်အောင် ရှင်သန်ခွင့်ပြုထား သနည်းဆိုသည်ကိုလည်း သိစေခြင်းဖြစ်သည်။ မည်သူက ဖန်ဆင်းရှင်ဖြစ်သည်၊ မည်သူကို ၎င်းတို့ ကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းကို လျှောက်သင့်သည်နှင့် လူသားသည် ဘုရားသခင်ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် ရောက်ရှိသင့်သည် ဆိုသည်တို့ကို ယင်းနည်းလမ်းတို့ဖြင့် လူသားအား သိစေခြင်းဖြစ်သည်။ လူသားအား ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန်၊ လူသားကို ကယ်တင်မည့်အမှုတော်၏ နောက်ကွယ်မှ ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့် လာစေရန်အတွက် ယင်းနည်းလမ်းတို့ကို အသုံးပြုခြင်းဖြစ်၏၊ လူသား၏ နှလုံးသားသည် ပြန်လည်အားပြည့်လာသည့်အခါ၊ ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထားအတိပြီးသည့် အသက်တာကို နေထိုင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်၏ စိတ်ကျေနပ်စေခြင်းငှာ၊ သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိလာကြသည်။ လူသား၏နှလုံးသားသည် နိုးထလာသည့်အခါ၊ ၎င်းတို့သည် စာတန်နှင့် ပြတ်သားစွာ လမ်းခွဲခြင်းကို ပြုလုပ်နိုင်လာပြီး၊ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏စိတ်နှလုံးကို အပြုသဘော ကျေနပ်စေ သည့် နည်းလမ်းမျိုးဖြင့်၊ လူသားသည် ဘုရားသခင်၏အမှုနှင့် သူ၏ နှုတ်ကပတ်တော်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ကာ၊ ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုအား ရှောင်ကြဉ်ခြင်းတို့ကို ရရှိလာလေသည်။ ဤသည်မှာ ဘုရားသခင် အမှုတော်၏ မူလရည်ရွယ်ချက်ပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၆“ ) ကျွန်တော့် နှလုံးသားနှင့် ဝိညာဉ်တို့ကို လှုပ်နှိုးရန် နှင့် ကျွန်တော်က ဘုရားသခင်ကို နာခံခြင်း၊ ကြောက်ရွံ့ခြင်းနှင့် မကောင်းသော အကျင့်ကို ရှောင်ကြဉ်ခြင်း အသက်တာ၌ မှန်ကန်သည့် လမ်းကြောင်းကို လိုက်စေရန် ဘုရားသခင်က ဤအခြေအနေများကို စီစဉ်ခဲ့သည်ကို ကျွန်တော့်အတွေ့အကြုံများ အပြီးမှသာလျှင် နောက်ဆုံး တွင် ကျွန်တော်နားလည် သဘောပေါက်ခဲ့ပါသည်၊ ဤအရာများ အားလုံးသည် ဘုရားသခင်၏ အပတ်တကုတ် ကြိုးစား အားထုတ်မှုသာ ဖြစ်ခဲ့ပါသည်။ ကျွန်တော် ကျော်ဖြတ်ခဲ့သည့်အရာများဖြစ်သည့် ငွေ၏ နွံအိုင်ထဲသို့ နစ်မြုပ်ခြင်းနှင့် ပြင်းထန်သည့် နာမကျန်းဖြစ်ရခြင်းတို့မ နောက်ဆုံးသောကာလ ၏ ဘုရားသခင့် ဧဝံဂေလိကို နားထောင်ရခြင်းနှင့် ဘုရားသခင်ရှေ့တော်မှောက်သို့ လာရောက်ခြင်းတို့ဆီသို့၊ ထို့နောက်တစ်ဖန် ငွေနောက်လိုက်ပြီး၊ စာတန်၏ကွန်ထဲ တွင် ပိတ်မိခြင်းတို့ကို ပြန် တွေးတောခဲ့သည်။ ကျွန်တော့်ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း ကျွန်တော့်ကို မိတ်သဟာယပြုခဲ့ကြသည်၊ ကျွန်တော်က လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ်ကို ဘုရားသခင်၏ အချုပ်အခြာဆိုင်ရာ အချက်အလက်နှင့် ပတ်သက်သည့် အသိပညာအချို့ကို ရရှိလာခဲ့ပြီး၊ လူများကို ဖောက်ပြန်ပျက်စီးစေရန် မိစ္ဆာဒိဌိ ယုတ္တိအမှား များကို အသုံးပြုခြင်း၌ စာတန်၏ ကောက်ကျစ်စဉ်းလဲသော ရည်ရွယ်ချက်နှင့် ပတ်သက်သည့် အသိဉာဏ်အချို့ကိုလည်း ရရှိလာခဲ့သည်၊ ထို့နောက်မှသာလျှင် ကျွန်တော်က ငွေကို နည်းနည်းချင်း စတင်လက်လွတ် လာနိုင်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ အချုပ်အခြာကို ဆက်ကပ် အပ်နှံခြင်းသည်သာလျှင် အသက်တာတွင် လိုက်ရမည့် မှန်ကန်သည့် လမ်းကြောင်း ဖြစ်ကြောင်းကို နားလည်သဘောပေါက်ခဲ့ပါသည်။… ကျွန်တော့် နှလုံးသားကို လှုပ်နှိုးရန် နှင့် စာတန်၏ ဘေးဖြစ်စေခြင်းမှ ကယ်တင်ရန်၊ ဘုရားသခင်သည် ကျွန်တော့်အတွက် အပတ်တကုတ် အားထုတ်ရသော ပေးဆပ်မှုမျိုးကို ပေးဆပ်ခဲ့သည့်အပြင်၊ ကျွန်တော့်ကို သနားကရုဏာပြသခဲ့သည်။ ကျွန်တော် နားထောင်သည်ဖြစ်စေ၊ နာခံသည်ဖြစ်စေ၊ သို့မဟုတ် ကျွန်တော်က ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်သည်ဖြစ်စေ၊ ရှောင်ကြဉ်သည်ဖြစ်စေ ကျွန်တော် လှမ်းသမျှ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ကျွန်တော့်ကို ကယ်တင်ရန် အသင့်တော်ဆုံးနည်းလမ်းများကို အသုံးပြုခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာ မည်မျှစစ်မှန်ပုံ နှင့် ဘုရားသခင်၏ နှလုံးသား မည်မျှလှပပြီး ကောင်းမြတ်ပုံ တို့ကိုလည်း ကျွန်တော် အမှန်တကယ်ပင် နားလည်သဘောပေါက်လာခဲ့ရသည်။ ဘုရားသခင်၏ ကယ်တင်ခြင်း အတွက်သာ မဟုတ်ပါက၊ ကျွန်တော်သည် စာတန်၏ ကျော့ကွင်းထဲတွင် အသက်ရှင်နေထိုင်ဆဲဖြစ်ကာ၊ ငွေဝဲဂယက်ထဲတွင် ပိတ်မိနေပြီး၊ ကျွန်တော့်ကို စာတန်၏ ဘေးက မည်သည့်အရာအဖြစ်သို့ ပြောင်းလဲ နေသည်ကို လုံးလုံး သတိမပြုမိပဲ နေမည်သာ ဖြစ်ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဤသို့နားလည် သဘောပေါက်လာခြင်းဖြင့် စစ်မှန်သည့် လေးစားမှုဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းနှင့် ကျွန်တော်က ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာရောက်နိုင် ခြင်းသည် မည်သည့် ကံကောင်းခြင်းမျိုး ဖြစ်ကြောင်းတို့ကို နက်ရှိုင်းသော အသိစိတ် ရရှိခဲ့သည်၊ ဘုရားသခင်က ကျွန်တော့်ကို ချီးမြှင့်ခဲ့ပြီး၊ မျက်နှာပေးခဲ့သည်။ ကျွန်တော့်အနေဖြင့် အနာဂတ် စုဝေးပွဲများတက်ရောက်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၊ မိမိကိုယ်ကို သမ္မာတရားဖြင့် အင်အားဖြည့်ရန်၊ နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကောင်းမွန်စွာ ပြန်လည်ပေးဆပ်နိုင်ရန် ကျွန်တော့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်တို့တွင် အချိန်နှင့် အင်အား ပိုသုံးရန်သာ တောင့်တမိပါသည်။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။

သက်ဆိုင်သည့် အကြောင်းအရာ