သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် လွတ်မြောက်ပြီ
လျိုကျင့် တရုတ်နိုင်ငံ နောက်ဆုံးသော ကာလ ဘုရားအမှုတော်ကို လက်ခံပြီးတဲ့နောက် တစ်လအကြာမှာ၊ ကျွန်မတို့ အသင်းတော် ခေါင်းဆောင် ကျန်းလင်းက...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
မေလ ၁၂ ရက်နေ့ စီချွမ်ငလျင်ဖြစ်ပြီးကတည်းက တစ်နေ့နေ့တွင် ကျွန်မအနေနှင့် ကပ်ဘေးဒုက္ခခံရနိုင်သည်ဆိုပြီး အမြဲတမ်း ကြောက်ရွံ့ စိုးရိမ်နေခဲ့ရပါသည်။ အထူးသဖြင့် ကပ်ဘေးဒုက္ခများက မြှင့်တက်လာ ခြင်းများ၊ ငလျင်များက ပို၍ စိပ်လာခြင်းများကို ကျွန်မ မြင်ရသည့်အခါတွင် ကျရောက်လာမည့် ကြမ္မာဆိုးအပေါ် ကျွန်မ၏ ကြောက်ရွံ့မှုက ပို၍ သိသာလာသည်။ ရလဒ်မှာမူ ငလျင်လှုပ်လျှင် မိမိကိုယ်ကို ကာကွယ်ဖို့ မည်သည့် ကြိုတင်ကာကွယ်မှုများလုပ်ရမည်ကို ကျွန်မ တစ်နေကုန် တွေးတောနေမိခြင်းသာ ဖြစ်သည်။
တစ်နေ့၊ နေ့လည်စာ စားချိန်တွင် ကျွန်မ၏ အိမ်ရှင် မိသားစု၏ ညီမဖြစ်သူက ခါတိုင်းကဲ့သို့ပင် တီဗီကို ဖွင့်လိုက်ပါသည်။ ဤသို့နှင့် သတင်းထုတ်လွှင့်သူက ငလျင်နှင့်ပတ်သက်၍ ဘေးကင်းလုံခြုံရေး စီမံချက်များ အတွက် ပြောနေခြင်းခြင်း ဖြစ်နေပါသည်။ ငလျင်လှုပ်ခြင်း ဖြစ်ရပ်တစ်ခုတွင် ပြိုကျလာနေသည့် အဆောက်အဦး ပြိုကျပြီး၊ တစ်ခုအားဖြင့် ထိခိုက်ဒဏ်ရာရခြင်းမှနေ ရှောင်ကြဉ်နိုင်ဖို့အတွက် သင့်အနေနှင့် အပြင်ဘက် ကွင်းပြင် တစ်ခုဆီ ကို အမြန်ပြေးသွားသင့်သည်။ သင့်အနေနှင့် အချိန်မီ ထွက်မပြေးနိုင်ပါက၊ ခုတင် အောက်၊ စားပွဲ အောက် သို့မဟုတ် ထောင့်တစ်နေရာရာတွင် ပုန်းကွယ်နေသင့်သည်။ ဤသည်ကို ကြားပြီးနောက်တွင် ကျွန်မက အသက်ကယ်တင်သည့် အဖြေတစ်ခုကို တွေ့ရကဲ့သို့ ခံစားလိုက်ရပြီး ဤကြိုတင်ကာကွယ်မှု ပြုလုပ်ချက်များကို မှတ်သားဖို့ မြန်မြန်ပင်စိတ်ပိုင်းဖြတ်လိုက်သည်။ သို့ပါက ငလျင်လှုပ်သည့်အခါတွင် ကျွန်မအသက်ကို ကျွန်မ ကာကွယ်နိုင်မည်။ နေ့လည်စာစားပြီးတော့ ကျွန်မ၏ အခန်းကို ပြန်သွားသည်။ အိမ်၏ အတွင်း အပြင်ကို သေချာ လှည့်ပတ် ကြည့်ပြီး ကျွန်မ မြင်ရသည့်အပေါ်တွင် တော်တော်ကို စိတ်ပျက်သွားသည်။ ခုတင် အောက်တွင် အမှိုက်ပုံကြီး က အများကြီးရှိပြီး ပုန်းစရာနေရာ အပိုမရှိပါ။ အိမ်၏အပြင်ကိုကြည့်ပါက ကျွန်မ ရပ်နေသည့်နေရာမှနေ မီတာရာချီသည့် အကွာအဝေးအတွင်းတွင် ရှိသည့် အဆောက်အဦးများက ငါးထပ် သို့မဟုတ် ခြောက်ထပ်လောက်မြင့် ပြီး၊ တစ်ခုနှင့်တစ်ခု နီးကပ်စွာပြွတ်သိပ် နေသည်။ ကျွန်မ၏ အဆောက်အဦး ကနေ လွတ်လာလျှင်ပင် ကျွန်မ ဖိချေခံရပြီး သေဖို့သိပ်များနေဆဲသာ ဖြစ်သည်။ ကျွန်မ၏ တာဝန်များကို ဤနေရာမှာ ထမ်းဆောင်နေရခြင်းသည် တော်တော် အန္တရာယ်ကြီးနေသည့်ပုံစံဖြစ်နေသည်။ မြို့ပြင်က ဧည့်ခံမိသားစုတစ်ခုထံသို့ ပြောင်းပေးဖို့ ခရိုင်ခေါင်းဆောင်အလာကို ကျွန်မ စောင့်ရဦးမည်။ ဤနည်းလမ်းနှင့် ငလျင်လှုပ်ခဲ့သည်ဆိုပါက ကွင်းပြင်ဘက်ကို ပြေးဖို့က ပိုလွယ်မည်သာပင်။ သို့သော်လည်း ကျွန်မ စိတ်ထဲတစ်ခုပေါ်လာသည်။ ဆောင်းပါးများကို ဖတ်ရှုတည်းဖြတ်ရသည့် ကျွန်မ၏အလုပ်က အဓိကအားဖြင့် အိမ်တွင်းထဲ၌နေရခြင်းများ ပါဝင်သည်။ မြို့ပြင်တွင်နေရလျှင်ပင် ကျွန်မ၏အသက်က အန္တရာယ်ရှိနေဦးမည်သာ ဖြစ်သည်။ ဧဝံဂေလိအဖွဲ့တစ်ဖွဲ့ထံသို့ ကျွန်မကို ပြောင်းပေးဖို့ ခရိုင်ခေါင်းဆောင်ကို ပြောလိုက်ခြင်းက ကောင်းမည်။ ဤသို့နှင့် အနည်းဆုံး ကျွန်မက တစ်နေကုန် အပြင်တွင်ရှိနေမည်။ အိမ်တွင်နေခြင်းထက်စာလျှင် ပိုပြီး ဘေးကင်းမည်။ တစ်ခုရှိသည်မှာ ခရိုင်ခေါင်းဆောင်က မည်သည့် အချိန်လာမည်ကို ကျွန်မ မသိပါ။ ကျွန်မ လောလောဆယ်မှာမူ ဤကြားထဲ နေထိုင်စရာ တစ်နေရာပြင်ဆင်ဖို့ လိုဦးမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်မ နေ့စဉ် ကြောက်ရွံ့ပြီး နေထိုင်ခဲ့ရသည်။ ကျွန်မ၏ ဆောင်းပါးများကို စိစစ်တည်းဖြတ်ဖို့အပေါ်တွင် အာရုံမစိုက်နိုင် ခဲ့ပါ။
ဤသို့နှင့် တစ်နေ့တွင် “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” ထဲမှ အောက်ပါစာပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်။ “ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ကောက်ကျစ် စဉ်းလဲမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။” “မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”) ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကို နိုးထစေခဲ့သည်။ အမှန်မှာမူ ဘုရားသခင်က ကပ်ဘေးဒုက္ခများကို ဖြစ်စေသည်။ ဤသည်တို့မှာ ဘုရားသခင်ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘုရားသခင်က ဤ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ ကပ်ဘေးဒုက္ခများကို အသုံးပြုချင်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလများတွင် ဘုရားသခင်ပြုလုပ်ဖို့ ဆန္ဒရှိသည့်အရာဖြစ်ပါသည်။ မယုံကြည်သူများက ဤသည်ကို မသိဘဲ ၎င်းတို့သည် သဘာဝကပ်ဘေး ဒုက္ခများ ဟုထင်ကြသည်။ ထို့ကြောင့် သူတို့က ကပ်ဘေးဒုက္ခများနှင့် ကြုံရသည့်အချိန်တွင် သူတို့ကိုယ်သူတို့ကယ်တင်ဖို့အတွက် လူသား နည်းလမ်းများ၊ လူသား၏ အားစိုက်ထုတ်မှုများကို အသုံးပြုကြသည်။ ဤကဲ့သို့ လုပ်ခြင်းအားဖြင့် အမျိုးမျိုးသော ကပ်ဘေးဒုက္ခများ၏ ဖျက်ဆီးခြင်းမှနေ ရှောင်ကြဉ်နိုင်မည်ဟု သူတို့ ထင်ကြသည်။ အသိကင်းမဲ့သည့် ကျွန်မကမူ ဘုရားသခင်ကို ယုံသော်လည်း၊ ဘုရားသခင်၏ လုပ်ဆောင်မှုကို လုံးဝမသိခဲ့ပါ။ ကျွန်မလုပ်ဖို့လိုအပ်နေသည်မှာ မယုံကြည်သူများ၏ ကြိုတင်ကာကွယ်မှု နည်းလမ်းများကို လိုက်နာဖို့နှင့် ကပ်ဘေးဒုက္ခကြောင့်ဖြစ်ပေါ်သည့် ဒုက္ခခံစားရမှုများကို ကျွန်မ လွတ်မြောက်နိုင်ပြီး ရှင်သန်ရပ်တည်နိုင်ဖို့သာဖြစ်သည် ဟု ကျွန်မ တွေးထင်နေခဲ့သည်။ မယုံကြည်သူများနှင့် တူညီသည့်အမြင်ကို ကျွန်မ စွဲကိုင်ထားခြင်းက အမှန်တကယ်ကို အဓိပ္ပါယ်မရှိခြင်းသာ ဖြစ်သည်။ လူများက သူတို့၏ တာဝန်များကို သစ္စာရှိစွာနှင့် မထမ်းဆောင်ဘဲ ကုသိုလ်ကောင်းမှု များကို လုပ်ဆောင်ဖို့ပျက်ကွက်မည်ဆိုပါက၊ သူတို့က ဘုရားသခင်၏အမြင်တွင် ကောင်းသည်ဟု မြင်ခံရမည်မဟုတ်ကြောင်းကို ကျွန်မ မသိခဲ့သင့်ပါသလား။ လူများက မည်မျှပင် အစွမ်းထက်ပါစေ၊ သူတို့၏ ကြိုတင်ကာကွယ်ရေး စီမံချက်များက မည်မျှပင် ခေတ်မီနေပါစေ၊ သို့မဟုတ် သူတို့၏ မိမိကိုယ်ကို ကယ်တင်ရေး အစီအစဉ်များက မည်မျှပင် ပြီးပြည်စုံနေပါစေ၊ အဆုံးတွင်မူ လူသားအပေါ်ကို ဘုရားသခင် သက်ရောက်စေသည့် ဤ ကပ်ဘေးဒုက္ခများကနေ လွတ်လမ်းမရှိပါ။ ကပ်ဘေးဒုက္ခ၏ အန္တရာယ်အပေါ် ကျွန်မ၏ တုံ့ပြန်မှုအမျိုးမျိုးတို့ကို ကြည့်ပါက ဘုရားသခင်အပေါ်တွင် ကျွန်မအနေနှင့် စစ်မှန်သည့် ယုံကြည်မှုမရှိခဲ့ကြောင်းမှာ သက်သေထင်ရှားခဲ့ပါသည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ လုပ်ဆောင်မှု သော်လည်းကောင်း၊ ကိုယ်တော်၏ အနန္တတန်ခိုးရှင်ဖြစ်တော်မူခြင်းနှင့် စိုးစံတော်မူခြင်းတို့ကိုလည်းကောင်း ကျွန်မ အမှန်တကယ် နားလည်ခြင်းမရှိခဲ့ပါ။ ကပ်ဘေးဒုက္ခများထဲတွင် ဘုရားသခင်က မည်သူ့ကို ဖျက်ဆီးဖို့ရည်ရွယ်ကြောင်း သို့မဟုတ် ဘုရားသခင်က မည်သူ့ကို ကယ်တင်ချင်ကြောင်း ကျွန်မအနေနှင့် စဉ်းစား၍မရခဲ့ခြင်းသည့်အပြင်၊ ကပ်ဘေးဒုက္ခများတွင် ဘုရားသခင်အပေါ် သစ္စာရှိနေသည့်သူများနှင့် လုံလောက်သည့် ကောင်းမှုကုသိုလ်များကို အဆင်သင့်ပြင်ဆင်ထားသည့်သူများသာ ကြမ္မာဆိုးထဲ အသက်ချမ်းသာ ရာရသည့် သူများဖြစ်ကြောင်းကိုလည်း ကျွန်မ အနေနှင့် သတိပြုခဲ့ခြင်း မရှိခဲ့ရပါ။ ထို့ကြောင့် ကပ်ဘေးအန္တရာယ်က ဘွားကနဲပေါ်လာ သည့်အခါတွင် ကျွန်မက ကောင်းမှုကုသိုလ်များကို အသင့်ပြင်ဆင်ထားမှု ရှိမရှိ ကိုသော်လည်းကောင်း၊ ဘုရားသခင်အပေါ် သစ္စာရှိခဲ့ မရှိခဲ့ကိုသော်လည်းကောင်း၊ သမ္မာတရားကို ရှာဖွေခဲ့ခြင်း ရှိမရှိကို သော်လည်းကောင်း၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံခဲ့ပြီးခြင်း ရှိမရှိကို သော်လည်းကောင်းတို့ကို ပြန်လည်ဆန်းစစ်ရမည့်အစား၊ မိမိကိုယ်ကို ကယ်တင်ဖို့ နည်းလမ်းများ အကြံထုတ်စဉ်းစားချိန်ဆရင်းနှင့် ကျွန်မ၏ အချိန်အားလုံးကို ကျွန်မဖြုန်းတီးခဲ့ပါသည်။ ဤသည်မှာ သမ္မာတရားမပါလျှင် ကျွန်မတို့ မည်မျှ သနားစရာကောင်းလိုက်မည်နည်း။
နောဧ၏ခေတ်ကာလအတွင်းတွင် ဘုရားသခင်က ကမ္ဘာမြေကြီးကို ရေလွှမ်းမိုးမှုနှင့် ဖျက်ဆီးသည့်အခါ၌ နောဧက ဘုရားသခင်ကို ကြောက်ရွံ့ ခဲ့ပြီး မကောင်းမှုနှင့် ဝေးအောင်နေခဲ့၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ သင်္ဘောကြီးကို တည်ဆောက်ခဲ့၊ ဘုရားသခင်၏ တောင်းဆိုမှု အပေါ်တွင် အရာရာတိုင်းကို အသုံးပြုခဲ့၊ ပြီးလျှင် သူ့၏ အကောင်းဆုံး သစ္စာရှိမှုကို ပြသခဲ့သည့်အတွက်၊ သူ့ကို ဘုရားသခင်က ကောင်းမြတ်သည်ဟု မြင်ခဲ့သည်။ ထို့ကြောင့် ကပ်ဘေးကျရောက်သည့်အခါတွင် သူ့၏မိသားစုရှစ်ယောက်လုံး အသက်ချမ်းသာရာရခဲ့ကြသည်။ ဤအချိန်တွင် “အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ” တွင် ဆွေးနွေးခဲ့သည့်အရာကို ကျွန်မ ပြန်သတိရမိသည်။ “ကပ်ဘေးကျရောက် သည့်အခါတွင် သင်က ဘာကောင်းမှုမှ မပြင်ဆင်ထားဘူးဆိုရင် သင့်နှလုံးသားဟာ တစ်နေ့လုံး ထိတ်လန့် တုန်လှုပ်နေရလိမ့်မယ်။ ကောင်းမှုတွေ မရှိရင် လူသားရဲ့နှလုံးသားဟာ သက်သာရာရမှာမဟုတ်ဘူး။ သူ့နှလုံးသားမှာ စိတ်ချ ယုံကြည်မှု ဒါမှမဟုတ် ငြိမ်းချမ်းမှု မရှိဘူး။ သူဟာ ကောင်းမှုတွေကို ပြင်ဆင်မထားတဲ့အတွက် သူ့နှလုံးသားမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဝမ်းမြောက်မှုမရှိဘူး။ မကောင်းမှုကိုပြုလုပ်သူတွေဟာ အပြစ်ရှိကြောင်းခံစားရတဲ့ လိပ်ပြာမလုံမှုရှိပြီး၊ နှလုံးသားဟာ ဆိုးယုတ်တယ်။ မကောင်းမှုတွေကို သူတို့လုပ်လေလေ၊ အပြစ်ရှိတယ်လို့ ပိုခံစားရလေလေ၊ သူတို့ဟာပိုပြီး ကြောက်ရွံ့လာလေလေဖြစ်တယ်။ ကပ်ဘေးအန္တရာယ်ကြီး ကျရောက် တဲ့အခါမှာ သင်ဟာ ကောင်းမွန်တဲ့အရာတွေကိုပိုလုပ်ဖို့လိုပြီး ကောင်းမှုတွေ ကိုပိုပြီး ပြင်ဆင်ရမယ်။ ဒါဆိုရင် သင့်နှလုံးသားဟာ သက်သာရာရပြီး ငြိမ်းချမ်းနိုင်မယ်။ အဲဒီအခါကျမှသာ သင်ဟာ ကပ်ဘေးကျရောက် တဲ့အချိန်မှာ သင့်နှလုံးသားထဲမှာ ငြိမ်းချမ်းပြီး သက်သာရာရလိမ့်မယ်။” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၃) တွင်ပါဝင်သော “ကောင်းမှုတွေကို ပြင်ဆင်ခြင်းနောက်ကွယ်က အရေးကြီးတဲ့ အဓိပ္ပါယ်”) ကျွန်မက တစ်နေကုန် မသက်မသာဖြစ်ပြီး၊ ရင်ဖိုခံစားနေခဲ့ရခြင်းများ၊ ကပ်ဘေးတွင် ကျွန်မကိုယ်တိုင် သေမည်ကို ကြောက်ရွံနေခြင်းများကို တွေးကြည့်သည့် အခါတွင်၊ ဤသည်မှာ ကျွန်မက ကျွန်မ၏ တာဝန်များကို သစ္စာရှိရှိနှင့် မပြီးမြောက်စေခြင်းကြောင့် နှင့်၊ ကောင်းမှုများတစ်ခုမှ မပြင်ဆင်ထားခဲ့ ခြင်းကြောင့် ဖြစ်သည်ဆိုခြင်းကို ကျွန်မ သိမြင်လာခဲ့သည်။ ကျွန်မ၏တာဝန်များကို ထမ်းဆောင်ရာတွင် အသင်းတော်က ကျွန်မကို ယုံကြည်အပ်နှံထားသည့် တာဝန်များအတွက် ဝန်ထုပ်ဝန်ပိုးကို ကျွန်မ တစ်ခါမှ အမှန်တကယ် တာဝန်မယူခဲ့ပါ။ ကျွန်မက ဘုရားသခင်အပေါ် သစ္စာရှိသည့် နှလုံးသားနှင့် ကျွန်မ၏ တာဝန်များကို တစ်ခါမှ မပြီးမြောက်စေခဲ့ဖူးပါ။ ထိုအစား ကျွန်မက သွေးသားအလိုကိုလိုက်လျောပြီး ဘုရားသခင်ကို လှည့်စားပြီး ဆက်ဆံခဲ့သည်။ ကျွန်မထံသို့ ပို့လိုက်သည့် ဆောင်းပါးများအပေါ်တွင် ကျွန်မ မည်သည့်အရာမှသိပ်မလုပ်ဘဲ ဖြစ်ကတတ်ဆန်းသာ ပြန်လှန်စစ်ဆေးပြီး ကျွန်မ၏အလုပ်ပြီးဖို့သာ အားထုတ်ခဲ့သည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများ ရေးထားသည့် ဆောင်းပါးများက အစီအစဉ်မကျဖြစ်နေခြင်းများကို ကျွန်မ မြင်ရသည့်အခါတွင် ကျွန်မ သူတို့ကို လုံ့လစိုက်ထုတ်ပြီး လမ်းညွှန်ပြသပေးခြင်းမရှိဘဲ၊ မှတ်ချက် အနည်းငယ်သာ ရေးလိုက်သည်။ ဤမှတ်ချက်များကို သူတို့နားလည်ခြင်း ရှိမရှိ၊ သူတို့အတွက် အထောက်အကူ ဖြစ်စေခြင်း ရှိမရှိကို ဂရုမစိုက်ခဲ့ပါ။ ထိုအစား ဆောင်းပါးများကို သူတို့ထံသို့ အမြန်သာ ပြန်ပို့လိုက်သည်။ နောက်ပိုင်းတွင် တည်းဖြတ်ဖို့ ဆောင်းပါးများ လက်ခံရရှိခြင်း တဖြည်းဖြည်း နည်းလာသည်။ အကျိုးရလဒ်အနေနှင့် စာတည်း အလုပ်က အရှိန်သေပြီး တဖြည်းဖြည်း လုံးဝရပ်တန့်ခံ လိုက်ရသည်။ သို့ဖြစ်သည့်တိုင် ကျွန်မ၏ အပြုအမူများကို ကျွန်မ ပြန်လည်သုံးသပ်ခြင်းမလုပ်ခဲ့ဘဲ၊ ပြဿနာ၏ ဇာစ်မြစ်ကို ခွဲခြားသတ်မှတ်ပြီး ပြုပြင်ဖို့လည်း မကြိုးစားခဲ့သည့် အပြင်၊ ခေါင်းဆောင်ကိုသာ သူမက တည်ဖြတ်ခြင်းလုပ်ငန်းကို အရေးကြီးကဏ္ဍတွင် မထား၍ ပြဿနာများတက် နေခြင်းဖြစ်သည်ဟု ဆိုပြီး အပြစ်တင်ခဲ့မိသည်။ ဤကဲ့သို့အပြုအမူမျိုးနှင့် ဘုရားသခင်ကို ကျေနပ်စေပြီး ကျွန်မ၏နှလုံးသားတွင် စိတ်သက်သာရာ ရစေဖို့ ကျွန်မ မည်သို့များ ထင်မှတ်ခဲ့ခြင်းပါလိမ့်။ ဤကဲ့သို့ပုံစံနှင့် ဘုရားသခင်၏အမြင်တွင် ကျွန်မကို ကောင်းမြတ်သည်ဟု မည်သို့များ မြင်တော့မည်နည်း။ အကယ်၍ ကျွန်မက ဤလမ်းကြောင်းကို ဆက်လျှောက်ပြီး သမ္မာတရားကို ကောင်းမွန်စွာ မလိုက်လျှောက်ပါက၊ အသင်းတော်က ကျွန်မကို ယုံကြည် အပ်နှံထားသည့် အရာအပေါ်တွင် သစ္စာမရှိနိုင်ပါက၊ လုံလောက်သည့် ကောင်းမှုကုသိုလ်များ လည်း ပြင်ဆင်မှုမရှိခဲ့ပါက၊ ကပ်ဘေးကျရောက်သည့်အခါတွင် လောကီ လူသားများ ပြင်ဆင်ထားသည့်သည့် ထိုကြိုတင်ကာကွယ်မှုများကို ကျွန်မ လိုက်နာလျှင်ပင်၊ ဆိုးယုတ်သူများအပေါ် ဘုရားသခင်၏ အပြစ်ဒဏ်ခတ်မှု အမျက်ဒေါသကို ကျွန်မ မလွတ်မြောက်နိုင်မည်မှာ အသေအချာပင် ဖြစ်ပါသည်။
ကျွန်မ၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းနှင့် လုံလောက်သည့် ကောင်းမှုများကို လုပ်ဆောင်ခြင်းကသာ ကပ်ဘေးများ အားဖြင့် ဒုက္ခခံစားနေရခြင်းများမှနေ လွတ်မြောက်ခြင်းကို ရရှိပြီး ကျွန်မ၏ အသက်နှင့်အတူ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်းကို နားလည်နိုင်ခွင့် ရရှိရန်အတွက် ကျွန်မ၏ အမြင်ကို ဖွင့်ပေးခြင်းအပေါ် ဘုရားသခင်၏ လမ်းညွှန်မှုအတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။ အနာဂတ်တွင် ကျွန်မက သမ္မာတရားနောက်ကို မှန်ကန်စွာလိုက်လျှောက်ဖို့၊ ကျွန်မ၏ တာဝန်များကို ပြီးမြောက်စေဖို့လုပ်ဆောင်ရာတွင် အတတ်နိုင်ဆုံး သစ္စာရှိဖို့၊ ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် လုံလောက်သည့် ကောင်းမှုကုသိုလ်များကို ပြင်ဆင်ထားဖို့ ဆန္ဒပြုအပ် ပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
လျိုကျင့် တရုတ်နိုင်ငံ နောက်ဆုံးသော ကာလ ဘုရားအမှုတော်ကို လက်ခံပြီးတဲ့နောက် တစ်လအကြာမှာ၊ ကျွန်မတို့ အသင်းတော် ခေါင်းဆောင် ကျန်းလင်းက...
ရှောင်ချင်း တရုတ်နိုင်ငံ ၂၀၁၆ခုနှစ် နွေရာသီမှာ ကျွန်မက အသင်းတော်မှာ ခေါင်းဆောင်ရာထူးနဲ့ တော်တော်လေးကို စိမ်းနေခဲ့တယ်။ တစ်နေ့မှာ...
ကျိုင်းလင် ဖိလစ်ပိုင်နိုင်ငံ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...
ချိုကျန်း တရုတ်နိုင်ငံ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ မနက် ၅ နာရီ လောက်မှာ၊ ကျွန်မ တွေ့ဆုံပွဲတစ်ခုကို အသွား လမ်းဘေးမှာ ရပ်ထားတဲ့...