ကျွန်မ၏ ကြိုးစားအားထုတ်ခြင်း နောက်ကွယ်မှ လျှို့ဝှက်ချက်များ

05.09.2019

လီလီ၊ ရှန်ဒုံ စီရင်စု

မကြာသေးမီကမှ ကျွန်မ ညီအစ်ကိုမောင်နှမများက ကျွန်မကို အလယ်ပိုင်းအဆင့် ခေါင်းဆောင် တစ်ဦးအနေဖြင့် ရွေးကောက်တင်မြောက်သည်ကို ခံခဲ့ရပါသည်။ ကျွန်မ လုပ်ဖော်ကိုင်ဖက်များဖြင့် စုဝေးချိန်တွင် ကိုယ့်ဘာသာ တွေးမိသည်မှာ “ကောင်းကောင်းကြိုးစားမှ ဖြစ်မယ်။ အလုပ်လုပ်တာ ညံ့ဖျင်းရင် ကျွန်မခေါင်းဆောင်တွေ နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို ဘယ်လိုမြင်ကြမလဲ။” ဟု ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့သည် တစ်စုံတစ်ခုကို ဆွေးနွေးသည့် အခါတိုင်း၊ ဆွေးနွေးသည့် အကြောင်းအရာကို အနည်းငယ်နားလည်သည်နှင့် တပြိုင်နက်၊ ထိုအကြောင်း အရာနှင့် ပတ်သက်ပြီး တစ်စုံတစ်ခုကို စတင်ပြောကြားသူ တစ်ယောက် ဖြစ်အောင် ကျွန်မကြိုးစားခဲ့ ပါသည်။ သို့သော်လည်း လတ်တလော ဆွေးနွေးနေသည့် အကြောင်းအရာ ခေါင်းစီးနှင့် ပတ်သက်ပြီး နားမလည်သည့်အခါတွင်၊ ပြောရန် စကားလည်း မရှိသောကြောင့်၊ စိုးရိမ်ပူပန်စိတ်ဝင်လေ့ရှိသည်ကိုလည်း ကိုယ့်ကိုကိုယ် သတိပြုမိသည်။ လွန်ခဲ့သည့် အစည်းအဝေးရက်များအတွင်း၊ ကျွန်မသည် အလွန်မောပန်းနေပြီး အထူးသဖြင့် စစ်ပွဲတစ်ခုကို တိုက်နေရသကဲ့သို့ပင် စိုးရိမ်ပူပန်ခဲ့ရသည်။ ထိုအစည်းအဝေးများတွင် ကျွန်မ ထုတ်ဖော်ပြောဆို မိသည်များကို နောက်ပိုင်းတွင် ပြန်လည်တွေးတောပြီးနောက် ထိုထုတ်ဖော်ပြောဆိုချက်များသည် ကျွန်မ၏ မာနစိတ်ကြီးဝင်မှု ကြောင့်သာ ဖြစ်ကြောင်း သုံးသပ်မိခဲ့ပါသည်။ ကျွန်မသည် ကိုယ့်ကိုကိုယ် ပိုမိုနက်ရှိုင်းစွာ ပြန်လှန်သုံးသပ်ခြင်း မရှိသကဲ့သို့၊ နားလည်သဘောပေါက်အောင်လည်း မကြိုးစားခဲ့ပါ။ ထို့နောက် အခြားဖြစ်ရပ်တစ်ခုတွင်မူ ခေါင်းဆောင်များက ကျွန်မကို အစည်းအဝေးတစ်ခုရှိကြောင်း အသိပေးခဲ့သည်။ ကျွန်မက ရာထူးကြီးသည့် ခေါင်းဆောင်များ အစည်းအဝေး လုပ်မည်ကို သိရသောကြောင့် အထူးတလည် စိတ်လှုပ်ရှားမိပါသည်။ ပြီးနောက်တွင် “ဒီအစည်းအဝေးကို ကျွန်မကို လည်း တက်စေချင်တယ်ဆိုတော့၊ ကျွန်မကိုများ ရာထူးတိုးပေးချင်လို့လား။ ကျွန်မသာ အလုပ်ကောင်းကောင်းလုပ်ပြီး၊ လူတွေ အမြင်ကောင်း အောင် ဆောင်ရွက်နိုင်တယ်ဆိုရင်၊ ကျွန်မလည်းပဲ ရာထူးတိုးမှာပဲ။ ပြီးတော့ ကျွန်မတာဝန်တွေ လည်း ပိုများလာမယ်။ အဲဒီကျရင် ကျွန်မလုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို အားကျရုံတင်မဟုတ်တော့ဘူး၊ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို အထင်ကြီးလေးစားကြမယ်။” ဟု တွေးမိသည်။ ထို့ကြောင့် အစည်းအဝေးတွင် ကျွန်မသည် ကိုယ့်မိတ်သဟာယနှင့် ပတ်သက်ပြီး အလွန်အမင်း ဂရုစိုက်လေသည်။ ပြီးနောက်တွင် ခေါင်းဆောင်များ အထင်မကြီးတော့မည်ကို ကြောက်ရွံ့သောကြောင့် ကိုယ်ပြောသည့် စကားများနှင့် ပတ်သက်ပြီးလည်း အလွန်သတိထား ခဲ့ပါသည်။ ရက်အနည်းငယ်အတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးများ အားလုံးသည် ထိုနည်းအတိုင်းပင် အဆုံးသတ်သွားခဲ့သည်။ ထိုရက်များတွင် ကျွန်မသည် စိတ်ပူပန်မှု စိတ်ရှုပ်ထွေးမှုများ များပြားလွန်းသောကြောင့် ထိုရက်များသည် ကျွန်မအတွက် အလွန်ပင် စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ရသည့် ရက်များ ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် အလွန်ပင် ကျေနပ်မိပါသည်။ ကျွန်မ၏ တင်ဆက်မှုများသည် သိပ်မဆိုးလှဟုလည်း ထင်မြင်မိသည့်အပြင်၊ အနာဂတ်သည်လည်း အလားအလာကောင်းများ ရှိနေသည်ဟု ထင်မြင်မိပါသည်။ ထိုအချိန်မှစတင်ကာ၊ ကျွန်မ၏ ကြိုးစားအားထုတ်မှုများသည်လည်း အရှိန်ရလာခဲ့ပါသည်။

တစ်နေ့တွင် ကျွန်မသည် ဒေသနာတော်တစ်ခုမှနေပြီး အောက်ပါစာပိုဒ်ကို ဖတ်ရှုဖြစ်သည်။ “လူများသည် အတိတ်တွင် ကိုယ့်ကိုကိုယ် နားလည်သိရှိအောင် ကြိုးစားကြသည့်အခါတွင် မည်သည့်ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း သို့မဟုတ် မည်သို့သော ဖောက်ပြန်ပျက်စီးခြင်းမျိုး ရှိခဲ့ကြောင်း စသည်တို့ကိုသာ အာရုံစိုက်ကြလေသည်။ သို့သော်လည်း ၎င်းတို့၏ စကားတိုင်းနှင့် လုပ်ရပ်တိုင်းတွင် စာတန်၏ ဖောက်ပြန်ပျက်စီးတတ်သောသဘောများသည် မည်သည့် အရာများဖြစ်သည်ကို လည်းကောင်း၊ အဆင်းနီသောနဂါးကြီး၏ အဆိပ်များသည် မည်သည့်အရာများဖြစ်သည်ကိုလည်းကောင်း၊ မည်သည့် အရာများသည် လောကီလူသားတို့၏ စိတ်ကူးများနှင့် အမြင်ရှုထောင့်များ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်အရာများသည် အတုအယောင်များနှင့် လွဲချော်မှုများသာ ဖြစ်သည်ကိုလည်းကောင်း ခွဲခြမ်းလေ့လာသုံးသပ်ခြင်း မရှိကြပါ။ထို့အရာများအပြင် လူများအနေဖြင့် ကိုယ့်စိတ်နေသဘောထားများ နှင့် အတွင်းပိုင်း စိတ်အခြေအနေများ စသည်တို့ကို ခွဲခြမ်းစိတ်ဖြာကာ ၎င်းတို့နှလုံးသားများ၌ ဖုံးကွယ်နေသည့် အရာများကို ဆုပ်ကိုင်မိစေရန် နှင့် သမ္မာတရားကို အသုံးပြုပြီး ထိုအရာများကို ရှုမြင်နိုင်ဖို့အတွက် ဘုရားသခင်ကို တိုးဝင်ချဉ်းကပ်ရန် စသည်တို့ကိုလည်း လုပ်ဆောင်ဖို့ လိုအပ်ပါသည်။ ထိုသို့ လုပ်ဆောင်မှသာလျှင် လူတစ်ယောက်သည် ကိုယ့်ဖောက်ပြန်ပျက်စီးမှု၏ အဖြစ်မှန် သဘောတရားကို သိရှိလာပြီးလျှင်၊ မိမိ၏ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၏ ပြဿနာကိုလည်း သိမြင်နိုင်မည် ဖြစ်ပါသည်။ လူတစ်ယောက်သည် ကြီးမားသည့် စည်းမျဉ်းဉပဒေ ချိုးဖောက်ခြင်းများ မရှိသေးသောကြောင့်၊ ၎င်းတို့ နှလုံးသား နက်ရှိုင်းသော တစ်နေရာတွင် မည်သည့်ပြဿနာမျှ မရှိဟု မဆိုနိုင်ပါ။ ဖုံးကွယ်နေသည့် ယုတ်မာသည့် စိတ်ထား အချို့၊ ဖောက်ပြန်တတ်သောသဘော နှင့် လူ့ဇာတိ၌ ရှိသော ပြဿနာများ စသည်တို့သည် ဖြေရှင်းရန် ပိုမိုပင် ခက်ခဲလှပါသည်။ အနာရောဂါ သေးငယ်ပါက လူတစ်ယောက် အသက်မဆုံးရှုံးစေသော်လည်း၊ ကြီးမားသည့် အနာရောဂါသာလျှင် အသက်ကိုနှုတ်ယူနိုင်ပါသည်။” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း) ယခုကျမ်းပိုဒ်ကို ဖတ်ရှုပြီးနောက်တွင်၊ ကျွန်မအနေဖြင့် ကိုယ့်ကိုကိုယ် သိကျွမ်းခြင်း ဆိုသည်မှာ ကျွန်မ ထုတ်ဖော်ပြောပြခဲ့ပြီးဖြစ်သည့် ကျွန်မ၏ဖောက်ပြန်ပျက်စီးမှုကို သိရှိရုံမျှသာမကပဲနှင့်၊ ကျွန်မ၏ နှလုံးသား နှင့် စိတ် တို့ကို နက်နက်နဲနဲ လေ့လာခြင်း ဖြစ်ကြောင်း နားလည်ခဲ့ရပါသည်။ ထိုသို့ နက်နက်နဲနဲ လေ့လာခြင်းသည်သာလျှင် ကျွန်မ၏ ကိုယ်ပိုင်အခြေအနေနှင့် ကျွန်မ၏ ဖောက်ပြန်တတ်သော သဘောရှိသည့် စိတ်တို့ကို အမှန်တကယ် နားလည်နိုင်လာမည် ဖြစ်ပါသည်။ ထိုအချိန်တွင် ယခင်က အစည်းအဝေးနှစ်ခုမှ ကျွန်မ၏အခြေအနေ ကို ပြန်မတွေးပဲ မနေနိုင်တော့ကာ၊ စိတ်ထဲမှနေပြီး “ကျွန်မ ထုတ်ဖော်ပြောပြခဲ့သော အရာများထဲမှ မည်သည့် သဘောသဘာဝများ၏ လွှမ်းမိုးမှုကို ခံနေရပါသနည်း” ဟု တွေးတောမိလာပါသည်။

ဘုရားသခင်၏ လမ်းညွှန်ချက်အောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပါသည်။ “ဥပမာ လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုချင်းစီကို စဉ်းစားဆင်ခြင်ရန် ထပ်ခါထပ်ခါ ကြိုးစားခဲ့ပါသည်။ ပြီးနောက်တွင် ကိုယ့်အတွေးများ၊ စကားများနှင့် လုပ်ရပ်များတို့ကိုလည်း ထိုနှုတ်ကပတ်တော်များဖြင့် နှိုင်းယှဉ် ကြည့်ခဲ့သည်။ ထိုမှသာလျှင်၊ ကျွန်မသည် နိုးထမှုအနည်းငယ် ဖြစ်ပေါ်လာခဲ့ပါသည်။ ကျွန်မသည် အထူးသဖြင့် စိုးရိမ်ပူပန်မှုများဖြင့် အစည်းအဝေးများတွင် အနေအထိုင်ကျဉ်းကျပ်ခဲ့သည်။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ကျွန်မကို အထင်ကြီးစေရန် မိတ်သဟာယအားဖြင့် ကောင်းမွန်စွာ နေထိုင်ရှင်သန်နိုင်မည့်နည်းလမ်းကို မကြာခဏ တွေးတောဆင်ခြင်ခဲ့သည်။ပြီးနောက်တွင် မိတ်သဟာယကို မရရှိနိုင်သည့်အခါတွင် စိတ်လှုပ်ရှားလာသည်။ အခြားသူများက ကိုယ့်ကို မည်သို့ထင်မြင်မည်ဆိုသည့်အပေါ် ပူပန်လာခဲ့သည်။ ထိုသို့ပူပန်ခြင်းကပင် အခြားသူများက ကျွန်မကို အာရုံစိုက်လာစေရန် နှင့် တန်ဖိုးထားလာစေရန် လုပ်ဆောင်ရသည့် အကြောင်းပြချက်များ မဟုတ်ပါသလား။ ခေါင်းဆောင်များက ကျွန်မကို အထင်ကြီးသည့်အခါတွင် ကျွန်မ၏ အနာဂတ်သည် အလားအလာကောင်းများ ရှိသည်ဟုထင်မိပြီး၊ အလွန်ကျေနပ်မိသည်။ စိတ်အားထက်သန်မှုလည်း ပြည့်နှက်လာသည်။ ထိုအချက်များ အားလုံး သည်ပင်လျှင် ပိုမိုကြီးမားသည့် ရာထူးအဆင့်အတန်း နှင့် အာဏာရရှိရန်အတွက် လည်းကောင်း၊ ကိုယ့်ရည်မှန်းချက် ပြီးမြောက်အောင်မြင်ရန် လည်းကောင်း၊ ထင်ပေါ်ကျော်ကြားခြင်းနှင့် ရာထူးဂုဏ်သိမ်တို့ ရရှိလိုသောဆန္ဒ ကို ဖြည့်ဆည်းရန် လည်းကောင်း ကြိုးစားအားထုတ်ခြင်းများ မဟုတ်ပါသလား။ ကျွန်မ၏ ပင်ကိုယ်ဇာတိသည် အလွန်မောက်မာပြီး၊ ဘဝင်မြင့် လှသည်။ ကျွန်မသည် အမြဲတမ်းလိုလို မြင့်မြင့်မားမား ရပ်တည်လိုပြီး၊ အခြားသူများကို အုပ်စိုးလိုသည်။ လူများ၏ နှလုံးသားတွင် နေရာတစ်နေရာ ရရှိလိုသည်ဆိုသည်တို့ကို ကျွန်မ မြင်ခဲ့သည်။ ကျွန်မ လျှောက်နေသည့်လမ်းကြောင်းသည် ရှင်ပေါလု၏ လမ်းကြောင်းနှင့် ကွာခြားမှု မရှိပါ။ ရှင်ပေါလုသည် သမ္မာတရားကို မလိုက်စားခဲ့ပါ။ ရှင်ပေါလုသည် ထင်ပေါ်ကျော်ကြားမှုများ၊ ရာထူးဂုဏ်သိမ်များကို အမြဲတမ်း လိုက်စားကာ၊ အခြားသူများက သူ့ကို အထင်ကြီးစေရန်၊ အတုယူစေရန် ကိုလည်း ကြိုးစားလေ့ရှိပါသည်။ ပြီးနောက် နောက်ဆုံးတွင် ရှင်ပေါလုသည် ၎င်းရှေ့တွင် လူများကို စုဝေးစေကာ၊ သူကိုယ်တိုင်လည်း အန္တိခရစ်တစ်ဦး ဖြစ်လာခဲ့ပါသည်။ ကျွန်မရော ထိုနည်းတူပင် မဟုတ်ပါသလား။ ကျွန်မသည် ဘုရားသခင်ကို နှစ်သက်စေရန် ဆောင်ရွက်ရမည့် တာဝန်ကို ကြိုးစားထမ်းဆောင်ဖို့ နည်းလမ်းများအား မတွေးတောခဲ့ပါ။ ထိုနည်းလမ်း များကို တွေးတောရမည့်အစား၊ ကျွန်မသည် ကိုယ့်ရည်မှန်းချက် ပြည့်ဝစေရန်၊ လူကြားထဲ၌ မားမားမတ်မတ် ရပ်တည် လိုသည့် ဆန္ဒကို ဖြည့်ဆည်းနိုင်ရန် ထင်ပေါ်ကျော်ကြားမှုနှင့် ရာထူးဂုဏ်သိမ် တို့ကို ရရှိအောင် ကြိုးစားခဲ့သည်။ ထိုအချက် များသည် ကောင်းကင်တမန်မင်းက ၎င်း၏ ဖောက်ပြန်တတ်သော သဘောရှိသည့် စိတ်ကြီးဝင်မှုကို ထုတ်ဖော်ပြ ခဲ့သည့် နည်းလမ်းပင် မဟုတ်ပါသလား။

ထိုအကြောင်းကို ယခုပြန်လည်တွေးတောပါက၊ ကျွန်မသည် ကိုယ့်မာနကြီးဘဝင်မြင့်သော ဇာတိဖြင့် လွှမ်းမိုးခြင်းကို ခံခဲ့ရခြင်း ဖြစ်လေသည်။ ပြီးနောက်တွင် ဘုရားသခင်ကို ခုခံတွန်းလှန်သည့် အရာများစွာကိုလည်း ပြုလုပ်ခဲ့သည်။ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ဖို့အရေး ယောက်ယတ်ခတ် နေခဲ့သည်။ ရာထူးဂုဏ်သိမ် ပိုမိုမြင့်မားစေရန်နှင့် ကျွန်မ၏ ညီအစ်ကိုမောင်နှမများ၏ အားကျခြင်းကို ရရှိရန် စသည်တို့အတွက် ကိုယ့်ဂုဏ်ကို ဖော်ထုတ်ကြွားဝါနိုင်မည့် နည်းလမ်း ကိုသာ အပူတပြင်း ရှာဖွေခဲ့သည်။ အခြားသူများကို ကိုယ့်အကြောင်း ပြောသည့် အခါတွင်၊ စိတ်အတွင်းပိုင်း နက်ရှိုင်း သော နေရာ၌ ဖုံးကွယ်နေသည့် ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို သေချာစွာ ခွဲခြမ်းစိတ်ဖြာခြင်း မရှိပါ။ ထိုသို့ခွဲခြမ်း စိတ်ဖြာရမည့်အစား ကိုယ့်ကိုကိုယ် သွယ်ဝိုက်သော နည်းလမ်းဖြင့် ချီးမြှောက်ရန် ကျွန်မ၏ အပြင်ပန်းလုပ်ရပ်အချို့ကို ပြောပြခြင်းနှင့် ကျွန်မသည် ကိုယ့်ကိုကိုယ် သိကျွမ်းနိုင်စွမ်းရှိကြောင်း အခြားသူများ မြင်ရစေရန် စသည်တို့အတွက်သာ ဆောင်ရွက်ခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရာတွင်၊ ကျွန်မသည် သမ္မာတရားကို ပိုမို သိရှိရန် သို့မဟုတ် ပိုမို နားလည်သဘောပေါက်ရန် တို့အတွက် ဖတ်ရှုခြင်း မဟုတ်ပဲနှင့်၊ ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို ကြွားဝါရန်အတွက်လည်းကောင်း၊ အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန် နှင့် ကျွန်မသည် သမ္မာတရားကို နားလည် သဘောပေါက်ကြောင်း လူတိုင်း တွေ့မြင်စေရန် စသည်တို့အတွက်သာ ဖတ်ရှုခဲ့ပါသည်။ ထိုအချက် များအားလုံးကို တွေးတောပြီး ကျွန်မ ရှက်ရွံ့မိခဲ့သည်။ ကျွန်မသည် ဘုရားသခင် နှစ်သက်တော်မူရန် ဆောင်ရွက် ရမည့် ကျွန်မ၏ တာဝန်ကို မထမ်းဆောင်ခဲ့ပါ။ ကျွန်မ ကိုယ်ရေးကိုယ်တာများဖြင့် ရှုပ်ထွေးနေပြီး၊ ဘုရားသခင်ကို ခုခံတွန်းလှန်ကာ၊ ကျွန်မလျှောက်နေသည့် လမ်းကြောင်းသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းတစ်ခု ဖြစ်လာပါသည်။ ယခုအခါတွင် ကျွန်မ၏ မာနကြီးသည့်သဘောကို သိမြင်စေရန်၊ ကျွန်မ စိတ်အားထက်သန်စွာလိုက်လျှောက်ခြင်း၏နောက်ကွယ်တွင်ရှိသည့် ရည်ရွယ်ချက်နှင့် မသန့်စင်မှု၊ ကျွန်မ လမ်းမှားပေါ်တွင်ရောက်ရှိနေမှုတို့ကိုမြင်စေရန် ဘုရားသခင်ကသာ ကျွန်မအား ဉာဏ်အလင်းဖွင့်ပြခြင်းမပြုလုပ်ခဲ့ပါက ကျွန်မသည် ကျွန်မ၏ မာနကြီးသည့်သဘောဖြင့် ဆက်လက် ရှင်သန်နေထိုင်လိမ့်မည်ဖြစ်သည်။နောက်ဆုံးတွင် ကျွန်မသည် မိမိ၏ရှေ့တွင် လူများကို စုဝေးကာ၊ ဘုရားသခင်ကို တွန်းလှန်သော၊ သစ္စာဖောက်သော မကောင်း သောအကျင့်များကိုသာ ပြုခဲ့မိမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ စီရင်ချက်ကိုလည်း ခံရမည်သာ ဖြစ်ပါသည်။

ဘုရားသခင်သည် ကျွန်မကို အချိန်ကိုက်ပင် အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းညွှန်ချက်များ ပေးခြင်းတို့အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ထိုအတွေ့အကြုံကြောင့် ကျွန်မသည် ကိုယ့်စိတ်ဆန္ဒကို ထုတ်ဖော်ချက်များ နှင့် စည်းကမ်းဖောက်ဖျက်မှုများကိုသာ အာရုံစိုက်သင့်ရုံမျှမကပဲနှင့်၊ ထိုအရာများထက် ပိုမိုအရေးကြီး သည်မှာ ထိုစိတ်ဆန္ဒထုတ်ဖော်ချက်များနှင့် စည်းကမ်းဖောက်ဖျက်မှုများကို သမ္မာတရားနှင့် နှိုင်းယှဉ်သင့်ပါသည်။ ပြီးနောက်တွင် ကိုယ်ပိုင်ဇာတိ နှင့် အနှစ်သာရတို့ကိုလည်း ပိုမိုနားလည် သဘောပေါက်အောင်၊ ကိုယ့်ဖောက်ပြန် တတ်သောသဘောကို ပြောင်းလဲနိုင်အောင် စသည်တို့ အတွက် ကိုယ့်စိတ်ကို နက်နဲစွာခွဲခြမ်းစိတ်ဖြာ ရပါမည်။ ယခုအချိန်မှ စတင်ကာ ကိုယ့်နှလုံးသား၊ စိတ်ဓါတ်နှင့် အတွင်းပိုင်းစိတ်နေစိတ်ထားတို့ကို သတိလေးထားကာ ခွဲခြမ်း စိတ်ဖြာသွားမည် ဖြစ်ပါသည်။ ကျွန်မ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိလာပါမည်။ ကျွန်မ၏ ဖောက်ပြန်တတ်သောသဘောကို ပြောင်းလဲနိုင်အောင် ကြိုးစားပါမည်။ ပြီးနောက် မကြာမီတွင်ပင် ဘုရားသခင် ၏ ကယ်တင်ခြင်းကို ရရှိရန် လမ်းကြောင်းအမှန်ပေါ်ကို ပြန်လည်ရောက်ရှိလာမည် ဖြစ်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ငွေ၏ကျေးကျွန်တစ်ယောက် အမြင်မှန်ရလာခြင်း

ရှင်ဝု တရုတ်နိုင်ငံ ကျွန်မ ငယ်ငယ်က မိသားစုကလည်း ဆင်းရဲပြီး မိဘများက ကျူရှင်ဖိုး မတတ်နိုင်ခဲ့သောကြောင့်၊ ကျောင်းလခအတွက် ခြံစည်းရိုးလေးများ...

ကြီးစွာသော အတိဒုက္ခများမှတစ်ဆင့် ကြီးမားသောအကျိုးကျေးဇူးများ ကျွန်မခံစားရသည်

ရွန်ဂူအန်၊ ဟီနန်စီရင်စု ဘုရားသခင် မိန့်တော်မူခဲ့သည်မှာ- “၎င်းတို့၏ မတူညီသည့် လုပ်ငန်းဆောင်တာများနှင့် သက်သေခံချက်များကို အခြေခံ၍၊...

နောက်ဆုံးတွင် ကျွန်ုပ်၏ ဉာဏ်နီဉာဏ်နက်ကို မြင်ရခြင်း

ရှောင်ချန့် ဟောင်ကောင် ပြီးခဲ့တဲ့နှစ်က ကျွန်မက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ရေလောင်းနေတာလေ။ အဲဒီအတောအတွင်း၊ ပျိုးထောင်ပေးလို့ရမဲ့...

အမှုတော်၌ ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှု

မီကျယ်၊ ရှန်ဒုံစီရင်စု အသင်းတော်သည် ရာထူးနေရာအားလုံးတွင်ရှိသည့် အသင်းတော်ခေါင်းဆောင်များကို တွဲဖက်တစ်ယောက်စီ ရှာစေသည့် အလုပ်အစီအစဉ်တစ်ခု...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။