အမည်ခံလူကောင်းတစ်ဦး၏ မှန်ကန်သောစိတ်သဘောထား

05.09.2019

ခယ်မူ၊ ဟီနန်စီရင်စု

ကျွန်မစိတ်ထဲမှာမူ မိမိကိုယ်ကို ကောင်းမွန်သည့် လူ့သဘာဝရှိသူဟု အမြဲထင်ထားခဲ့သည်။ ဤသည်မှာ ကျွန်မအိမ်နီးချင်းများက ကျွန်မမိဘများရှေ့မှာ ကျွန်မက မိဘများ၏ အသည်းကြော်၊ မိသားစုအပေါ် စဉ်းစားပေးတတ်သည်၊ သိတတ်သည်ဆိုပြီး မကြာမခဏချီးမွမ်းခန်းဖွင့်၍ ဖြစ်သည်ဟု ထင်ခဲ့ပါသည်။ ကျွန်မအိမ်ထောင်ကျပြီးနောက်ပိုင်း၊ ကျွန်မ၏အမျိုးသားဘက်က အမျိုးများက သူတို့အပေါ် ကျွန်မက ကြင်နာတတ်သည်။ သားသမီးပီသသည်ဟု ဆိုပြီး အိမ်နီးချင်းများရှေ့မှာ ချီးမွမ်းကြပြန်ပါသည်။ အလုပ်ထဲမှာဆိုလည်း ကျွန်မ၏ခေါင်းဆောင်က ကျွန်မ၏ရိုးသားမှုနှင့် အရည်အချင်းကိုချီးမွမ်းသည်။ နောက်ပြီး ဘုရားသခင်၏ နောက်ဆုံးသောကာလဆိုင်ရာ အမှုတော်ကို လက်ခံပြီးနောက်ပိုင်း၊ အသင်းတော် စေခိုင်းသမျှကို ကျွန်မနာခံခဲ့သည်။ ကျွန်မကို အလုပ် ကောင်းကောင်းမလုပ်သည့်အတွက် အပြစ်တင်လျှင်ပင် ကျွန်မ၏ခေါင်းဆောင်ကို တစ်ခါမျှ မဆန့်ကျင်ခဲ့ပါ။ နောက်ပြီး လိုအပ်နေသည့် ညီအစ်ကိုမောင်နှမများကိုလည်း မကြာခဏကူညီပါသည်။ သို့နှင့် ကျွန်မကိုယ်ကျွန်မ ဆင်ခြင်တုံတရားရှိသည့်၊ မေတ္တာကရုဏာ ကြီးမားပြီး သနားကြင်နာတတ်သည့် လူ့သဘာဝနှင့် လူတစ်ယောက်ဟု ယုံကြည်မိသည်။ ဘုရားသခင်ဖော်ပြသည့် လူများက လူ့သဘာဝမရှိကြပါ ဒါမှမဟုတ် လူ့သဘာဝအားနည်းကြသည် ဆိုသည့်အချက်များနှင့် ကျွန်မကိုယ်ကျွန်မ တစ်ခါမျှ မတွေးခဲ့မိပါ။ ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့သည့်အခါ၊ ကျွန်မ၏ ပင်ကိုသဘာဝကို သတိပြုမိဖို့လိုကြောင်းကို သိသော်ငြားလည်း ကျွန်မကိုယ်ကျွန်မ အမှန်တကယ်သိပြီး စာတန်ကြောင့် အကျည်းတန် နေသည့် ကျွန်မ၏ဖောက်ပြန်ပျက်စီးနေသည့် အမှန်တရားကို ရှင်းရှင်း လင်းလင်းမြင်နိုင်မှ ကျွန်မကိုယ်ကျွန်မ အမှန်တကယ် မုန်းတီးနိုင်မည်။ သို့ပါမှ သမ္မာတရားကို ကြိုးစားအားထုတ်နိုင်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်ပြီး တွေ့ကြုံခံစားနိုင်မည်။ တဖြည်းဖြည်းနှင့် စိတ်သဘောထားပြောင်းလဲခြင်း ကို ရရှိပြီး ဘုရားသခင်က ကယ်တင်တော်မူမည်။ သို့သော် ကျွန်မ၏ကိုယ်ပိုင် အမြင်များကို ထိန်းသိမ်းထားဆဲပင် ဖြစ်ပါသည်။ စာတန်အားဖြင့် ကျွန်မ ပျက်စီးနေကြောင်းမှာ မှန်သည်ဟု ခံစားရပါသည်။ သို့သော် ကျွန်မက အကောင်းဆုံးလူသားတစ်ယောက် မဟုတ်လျှင်ပင် အဆိုးဆုံးမဟုတ်ပါ၊ သူများနှင့်ယှဉ်ပါက ကျွန်မက အနည်းငယ်ပိုကောင်း နေပါသေးသည်။ တနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်က သို့မဟုတ် အစ်ကိုများ၊ အစ်မများက မည်သို့ပင် ပြောပါစေ၊ ကျွန်မက ကောင်းမွန်သည့် လူ့သဘာဝရှိသည့် သူတစ်ယောက်ဖြစ်သည်ဆိုသည့် အယူအဆကို ဖြတ်ပစ်ဖို့ ကျွန်မ ဆန္ဒမရှိပါ။

တစ်ရက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်နေရင်း ကျမ်းပိုဒ်တစ်ပိုဒ်ကို အာရုံစိုက်မိသွားသည်။ ဘုရားသခင်က ပြောသည်၊ “လူအချို့တို့သည် ပင်ကိုအားဖြင့် ကောင်းကြ၏၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နိုင်ကြသည်။ အချို့လူတို့၏ လူ့သဘာဝမှာ ပို၍အားနည်းကြခြင်းကြောင့် သမ္မာတရားကို ကျင့်ဆောင်ရန် ၎င်းတို့အတွက် ခက်ခဲကြသည်၊ ဤသည်မှာ သူတို့က ဆင်းရဲဒုက္ခ အတော်အတန် ရင်ဆိုင်ရလိမ့်မည်ဟု ဆိုလိုသည်။ သမ္မာတရားကို လက်တွေ့မကျင့်ဆောင်သောသူသည် သူ၏ လုပ်ဆောင်ချက်များ၌ သမ္မာတရားကို ရှာဖွေဖူးသည်ဟု သင်တို့ ဆိုကြမည်လော။ သူသည် သမ္မာတရားကို လုံး၀ ရှာဖွေပြီးခြင်း မရှိပေ။ သူ၏ စိတ်ကူး၌ ‘ဤပုံစံ ကောင်းသည်၊ ၎င်းမှာ ကျွန်ုပ်အတွက် အကျိုးရှိသည်’ ဟူ၍ ဖြစ်ပေါ်လာ၏။ အဆုံးတွင် သူသည် သူ၏ အတွေးအခေါ်များကို အခြေခံကာ ပြုမူလေ၏။ သူ၏ စိတ်နှလုံးထဲ၌ တစ်စုံတစ်ခု လွဲ ချော်နေသောကြောင့်၊ သူ၏ စိတ်နှလုံး မမှန်သောကြောင့် သူသည် သမ္မာတရားကို မရှာဖွေခြင်း ဖြစ်သည်။ သူသည် ရှာဖွေခြင်း၊ ဆန်းစစ်ခြင်းနှင့် ဘုရားသခင်ရှေ့တွင် ဆုတောင်းခြင်း မပြုပေ၊ သူသည် သူ၏ ကိုယ်ပိုင်အလိုဆန္ဒများအတိုင်း တဇွတ်ထိုး ပြုမူခြင်းသာ ဖြစ်၏။ ဤကဲ့သို့သော လူအမျိုးအစား၌ သမ္မာတရားကို နှစ်သက်မြတ်နိုးမှု တကယ်ပင် မရှိချေ။…သမ္မာတရားကို ခုံမင်နှစ်သက်ခြင်း မရှိသောသူများသည် သမ္မာတရားကို ယခု ရှာဖွေခြင်း မရှိကြသည့်အပြင် ၎င်းတို့သည် နောက်တွင်လည်း ၎င်းတို့ကိုယ်ကို ဆန်းစစ်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့ ပြုသောအရာများမှာ အဆုံးသတ်တွင် မှန်သည် သို့မဟုတ် မှားသည်ကို မည်သည့်အခါမျှ စေ့စေ့ကြည့်ရှုစစ်ဆေးခြင်း မရှိသောကြောင့် ၎င်းတို့သည် ကိုယ်ကျင့်တရားများနှင့် သမ္မာတရားကို အစဉ် ချိုးဖောက်ကြခြင်း ဖြစ်သည်။…နှလုံးသားရှိသောသူ တစ်ဦးသည် ဆောင်ရွက်စရာ တစ်ခုကို ဆောင်ရွက်နေစဉ် အမှားတစ်ခုကို တစ်ကြိမ်၊ အများဆုံး နှစ်ကြိမ်သာ ပြုမိနိုင်သည်၊ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဖြစ်၍ သုံးကြိမ် သို့မဟုတ် လေးကြိမ် မဟုတ်ပေ၊ ဤသည်မှာ သာမန် အသိတရား ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် တူညီသော အမှားကို သုံးကြိမ် သို့မဟုတ် လေးကြိမ် ကျူးလွန်နိုင်ပါက ၎င်းတို့၌ သမ္မာတရားအပေါ် ချစ်မြတ်နိုးခြင်းကို လက်သင့်ခံနိုင်ခြင်း မရှိကြောင်း နှင့် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်း မရှိကြောင်းလည်း သက်သေပြ၏။ ဤကဲ့သို့သော လူအမျိုးအစားသည် လူစိတ်ရှိသော ပုဂ္ဂိုလ်တစ်ဦး လုံးဝ မဟုတ်ပေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း နှင့် ဗီဇကို ဖြေရှင်းခြင်း”) ဘုရားသခင်၏နှုတ်ကပတ်တော် ဤကျမ်းတစ်ပိုဒ်ကိုဖတ်ပြီးသည့်နောက် ကျွန်မ ချက်ချင်းပဲ ထုတ်ဖော်ပြသမှု တစ်ခုရလိုက်သည်။ တကယ်တော့ လူတစ်ယောက်က လူအများ၏ချီးမွမ်းခြင်းခံရတာနှင့်ပင် သူသည် ကောင်းမွန်သည့် လူ့သဘာဝ ရှိသောသူတစ်ယောက် မဖြစ်ပါ။ လူ့သဘာဝ ကောင်းခြင်း၊ ဆိုးခြင်းက လူတစ်ယောက် သမ္မာတရားကို မည်သို့သဘောထားသနည်းဆိုခြင်းနှင့် အလွန်ချိတ်ဆက်နေ ပါသည်။ စစ်မှန်သည့် စိတ်ထားကောင်းရှိသည့်သူက သမ္မာတရားကိုရှာဖွေပြီး အရာရာတိုင်းမှာ သမ္မာတရားကို ကျင့်သုံးသည်၊ သူကိုယ်တိုင် စစ်ဆေးသည်၊ သိကျွမ်းသည်။ ကျွန်မကိုယ်ကျွန်မ ကောင်းမွန်သည့် လူ့သဘာဝရှိသည့်သူဟု အမြဲတွေးထင်ထားသည့်အတွက် ကျွန်မက အရာရာတိုင်းမှာ သမ္မာတရားကိုရှာဖွေပြီး လက်တွေ့လုပ်ဆောင်သည့် သူတစ်ယောက် ဖြစ်ရဲ့လား။ ပြန်စဉ်းစားကြည့်လိုက်သည့်အခါ၊ ကျွန်မကြုံတွေ့ရသည့် အရာများနှင့်ပတ်သက်ပြီး ဘုရားသခင်ကို ဆုမတောင်းခဲ့ပါ။ သမ္မာတရားကိုမရှာဖွေခဲ့ပါ။ ကျွန်မကိုယ်ကျွန်မလည်း မစစ်ဆေးခဲ့၊ မသိ နားမလည်ခဲ့ပါ။ ကျွန်မ၏ဖောက်ပြားသည့် စိတ်သဘောထားကို ဖော်ပြခဲ့သော်လည်း၊ ကျွန်မ၏ပြဿနာများကို သမ္မာတရားကိုရှာဖွေခြင်းနှင့် ဖြေရှင်းရမည့်အစား အလားတူ အမှားများ ကိုသာ ထပ်ခါတလဲလဲ ကျူးလွန် နေမိသည်။ တစ်ခါတလေ သမ္မာတရားကို အနည်းငယ် နားလည်သွားလျှင်ပင် ကျွန်မ လက်တွေ့လုပ်ဆောင်ချင်သည့် ပုံစံမရှိခဲ့ပါ။ ဤကဲ့သို့အတွေ့အကြုံအများကြီးကို ကွက်ကွက်ကွင်းကွင်း ပြန်မှတ်မိလာပါသည်။ ကျွန်မနှင့်အတူ အမှုတော်ဆောင်ရွက်သည့် ညီအစ်ကိုမောင်နှမများနှင့် စိတ်ဝမ်းကွဲခြင်းများရှိလာသည့်အခါမှာ ဤပြဿနာကို မဖြေရှင်းမချင်း အလုပ်ကိုတိုက်ရိုက် ထိခိုက်နိုင်ကြောင်း ကို ကျွန်မသတိထားမိသော်ငြားလည်း၊ ကျွန်မ၏မာနနှင့် ဘဝင်မြင့်ခြင်း များကြောင့် ကျွန်မ၏အတ္တကို လက်လွှတ်ဖို့၊ သူတို့နှင့်ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ကျွန်မငြင်းပယ်ခဲ့သည်။ ထိုသို့လုပ်ရမည့်အစား ရေငုံနှုတ်ပိတ်ပြီး အလုပ်ဆက်လုပ်နေခဲ့ခြင်းသည် အရမ်း အကျိုးသက်ရောက်မှုမရှိသည့် လုပ်ဆောင်မှုများသာ ဖြစ်လာခဲ့သည်။ တစ်ခါတလေမှာ အစ်ကိုများ၊ အစ်မများက သူတို့၏ ဖောက်ပြန် ပျက်စီးသည့်စိတ်သဘောထားတချို့ကို ထုတ်ဖော်ပြသည်ကို ကျွန်မတွေ့သည့်အခါ သူတို့နှင့်အတူ သမ္မာတရား အကြောင်း မိတ်သဟာယဖွဲ့ပြီး သူတို့ကိုယ်သူတို့ သိမြင်ဖို့ကူညီရမည့်အစား သူတို့နောက်ကွယ်မှာ သူတို့ကို ဝေဖန်ကဲ့ရဲ့ခဲ့သည်။ ဤသို့မကြာမကြာ ဖြစ်ဖူးခြင်းကို နောင်တလဲမရ၊ ပြုပြင်ဖို့လည်းမကြိုးပမ်းခဲ့ပါ။ ထိုအစား နည်းလမ်းဟောင်းအတိုင်းပဲ နေမြဲနေခဲ့သည်။ ကျွန်မ၏အလုပ်မှာ အကောင်းဆုံးရလဒ်အတွက် မကြိုးစားခဲ့ဘဲ အမြဲလိုလိုဖြစ်ကတတ်ဆန်း၊ ပျင်းရိပျင်းတွဲနှင့် အချောင်လိုက်နေခဲ့ပြီး ကျွန်မ၏နာမည်နှင့် အဆင့်အတန်းကိုထိန်းသိမ်းဖို့အတွက်သာ ဘုရားသခင်ကိုလိမ်ညာဖို့ အမြဲကြိုးစားခဲ့သည်။ ထိုအကြောင်းကို သိပ်ပြီးမစဉ်းစားခဲ့သကဲ့သို့ လိပ်ပြာမသန့်သကဲ့သို့လည်း မဖြစ်ခဲ့ပါ။ ကျွန်မ၏ တာဝန်ထဲမှာ ကိစ္စလေးများ ကြုံလာရတိုင်း မရှာဖွေမစူးစမ်းခဲ့ဘဲ ကျွန်မလုပ်ချင်သည့် အတိုင်းသာလုပ်ခဲ့သည်။ အသင်းတော်အတွက် ဆုံးရှုံးစရာများဖြစ်လာ လျှင်ပင် ဘုရားသခင်ကို အကြွေးတင်သွားသည်ဟုလည်း မခံစားရသကဲ့သို့၊ မကောင်းသည့်လုပ်ရပ်များကြောင့်လည်း မရှက်တတ်ခဲ့ပါ။ ဘုရားသခင်က သူ့နှုတ်ကပတ်တော်များကနေတစ်ဆင့် ကျွန်မကို သတိပေးပြီး၊ အစ်ကိုများ အစ်မများကနေတစ်ဆင့် ရိုက်နှက်ဆုံးမပြီး ကျွန်မကို ပြုပြင်စေကာမူ ပြဿနာများကိုဖြေရှင်းဖို့အတွက် သမ္မာတရားကို မရှာဖွေခဲ့ဘဲ၊ ဤပြစ်မှားခြင်းများကိုသာ သုံးကြိမ် လေးကြိမ်တိုင်အောင် ကျူးလွန် နေဆဲပါပဲ။ ဤလုပ်ရပ်များက သမ္မာတရားကို ကျွန်မ မမြတ်နိုးကြောင်း၊ လက်တွေ့မလုပ်ဆောင်ကြောင်း၊ လူ့သဘာဝကင်းမဲ့ကြောင်း တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ထုတ်ဖော်ပြီး သက်သေပြနေခြင်းသာ မဟုတ်ပါလား။ ဘုရားသခင်၏နှုတ်ကပတ်တော်က ဤကဲ့သို့ပြောထားပါသည်။ “သမ္မာတရားကို မချစ်သောသူများ၏ အထဲတွင် ကောင်းမြတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဇာတိပကတိကိုသာ ချစ်သောသူများ၏အထဲတွင် ဖြောင့်မတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းနှင့် ကောင်းခြင်းတို့ကို သမ္မာတရားထံ ရည်ညွှန်းခြင်းအားဖြင့်သာ ပြောကြသည် မဟုတ်လော။ ယင်းတို့ကို ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်သောသူများအတွက် သီးသန့်ထားသည် မဟုတ်လော။ သမ္မာတရားကို မချစ်သောသူနှင့် ပုပ်ပျက်သော အလောင်းကောင်များသာ ဖြစ်သောသူ- ဤလူများအားလုံးတို့သည် ဆိုးယုတ်ခြင်းကို လက်သင့်ခံထားကြသည် မဟုတ်လော။ သမ္မာတရားဖြင့် အသက်ရှင် မနေထိုင်နိုင်သောသူများ အားလုံးသည် သမ္မာတရား၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။ ထိုသို့ဆိုပါက သင်တို့ရော အဘယ်သို့ရှိသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်”) မည်သို့ပင်ဖြစ်ပါစေ၊ ဘုရားသခင်၏ နှုတ်ပတ်တော်များ အပေါ်မှာ ကျွန်မကိုယ်ကျွန်မ သိအောင်မစူးစမ်းခဲ့ဘဲ၊ ကျွန်မခေါင်းပေါ်မှာ ”ကောင်းမွန်သည့် လူ့သဘာဝ” ဆိုသည့် အောင်ပန်းကို ဆင်မြန်းနေ ခဲ့သည်။ မည်မျှပင် ရှက်စရာကောင်းလိုက်သနည်း။

ထိုအချိန်တုန်းက ကျွန်မ၏နှလုံးသားမှာ မိမိကိုယ်ကို အပြစ်တင်မှုများနှင့် ပြည့်နေခဲ့ပြီး၊ ဘုရားသခင်ကို အပြည့်အဝ ကျေးဇူးတင်ခဲ့သည်။ ကျွန်မ မနေနိုင်တော့ဘဲ ဘုရားသခင်ရှေ့မှာ ဖွင့်ချခဲ့ပါသည်။ ''ဘုရားသခင်၊ အခုတော့ ကျွန်မဟာ ကောင်းမွန်တဲ့ လူ့သဘာဝရှိတဲ့ သူတစ်ယောက် မဟုတ်မှန်းသိပါတယ်။ ကိုယ်တော်ရဲ့နှုတ်ကပတ်တော် အလင်းဖွင့်ပေးခြင်း အားဖြင့်၊ စစ်မှန်တဲ့ လူ့သဘာဝရှိတဲ့ သူတစ်ယောက်ဟာ သမ္မာတရားကို ချစ်သောသူ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နာခံတတ်တဲ့သူ၊ ဘုရားသခင်ကို နာခံဖို့ အားထုတ်ကြိုးပမ်းသူ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသောသူ၊ ဘုရားသခင်ရဲ့ မေတ္တာတော်နောက်ကို လိုက်သူ ဖြစ်တယ်ဆိုတာကို သိနားလည်လာပါပြီ။ ကျွန်မကိုယ်ကျွန်မ သိနားလည်ခြင်းဟာလည်း ဘုရားသခင့် နှုတ်ကပတ်တော်ရဲ့ သမ္မာတရား အပေါ်မှာ အခြေမခံဘဲ ကိုယ့်စိတ်ကူး၊ ကိုယ့်ထင်မြင်ယူဆချက်တွေ၊ ပြီးတော့ လောကအမြင်တွေကိုပဲ အခြေခံတယ် ဆိုတာကိုလည်း နားလည်သဘောပေါက်ခဲ့ပါပြီ။ လုံးဝ အဓိပ္ပါယ်မရှိပါဘူး။ ဒီအတိုင်းသာ ဆက်ယုံကြည်သွားရင် စိတ်သဘောထား ပြောင်းလဲမှုကို ဘယ်တော့မှရမှာ မဟုတ်သလို ကယ်တင်ခြင်းခံရမှာလည်း မဟုတ်ပါဘူး။ ဘုရားသခင်၊ ကိုယ်တော့်ရဲ့ ဉာဏ်အလင်းဖွင့်ပေးခြင်းနဲ့ လမ်းပြခြင်းအတွက် ကျေးဇူးတင်ပါတယ်။ အခုကစပြီး၊ စာတန်ရဲ့ အတွေးအမြင်၊ ကိုယ့်စိတ်ကူးတွေနဲ့ ကျွန်မကိုယ်ကျွန်မ မတိုင်းတာချင် တော့ပါဘူး။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပေါ်သာ အခြေခံပြီး ကျွန်မကိုယ်ကျွန်မ သိနားလည်ချင်ပါတယ်၊ သမ္မာတရားကိုတတ်စွမ်းသမျှ ကြိုးစားအားထုတ် လိုပါတယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ကျွန်မရဲ့ဘဝကဲ့သို့ လက်ခံလိုပါတယ်။ ကိုယ်တော်ရဲ့နှလုံးသား သက်သာရာရစေဖို့အတွက် သမ္မာတရားနဲ့ လူ့သဘာဝ ရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားအားထုတ်လိုပါတယ်။”

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စိတ်နှလုံး၏ လွတ်မြောက်ခြင်း

ကျန်ရှင်း အမေရိကန်နိုင်ငံ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ မှာ ကျွန်မ ခင်ပွန်းနဲ့ ကျွန်မတို့က နိုင်ငံခြားမှာ ရှိနေတုန်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

ဘဝင်မြင့်ခြင်းမှ လွတ်မြောက်ရန်မှာ မလွယ်ကူပါ

ဟွမ်အိုက် ဂျပန်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ဗီဒီယိုအလုပ် လိုအပ်ချက်တွေကြောင့် ကြီးကြပ်သူက ညီမကို ဗီဒီယိုတွေလုပ်ဖို့ စီစဉ်ပေးတယ်။...

တန်ခိုးအာဏာကို မကြောက်တော့ပါ

ရှောင်ဟန် တရုတ်နိုင်ငံ ဒီနှစ်ဖေဖော်ဝါရီလမှာ၊ အသင်းတော် ခေါင်းဆောင်ဖြစ်တဲ့ အစ်မဝမ်က ကျွန်မအဖွဲ့ရဲ့ စုဝေးပွဲဆီ အစ်မဆောင်ကို ခေါ်လာပြီး၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။