လောက၏ အမိုက်မှောင်နှင့် ဆိုးယုတ်ခြင်းတို့၏ အရင်းအမြစ်အကြောင်းကို အကျဉ်းစကားဆိုခြင်း

10.09.2019

ယန်းလီ၊ ဝူဟိုင်မြို့၊ မွန်ဂိုးလီးယား ပြည်မကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ

ကျွန်မကျောင်းတက်နေဆဲ အချိန်တွင် ကျွန်မ၏ဖခင်မှာ အဖျားကြီးပြီး ဆုံးပါးသွားခဲ့သည်။ သူ ကွယ် လွန် ပြီးနောက်တွင်၊ ကျွန်မဖခင် မကြာခဏ ကူညီလာခဲ့သည့် နှစ်ဖက်သောမိသားစုမှ ဦးလေးများမှာ ဝင်ငွေ အရင်းအမြစ် မရှိသည့် ကျွန်မ၏ မိခင်၊ ကျွန်မ၏ ညီမနှစ်ယောက်နှင့် ကျွန်မတို့ကို ပြုစုစောင့်ရှောက်ခြင်း မပြု သည်သာမက ကူညီပြစုခြင်းနှင့် ပြောင်းပြန်အဖြစ် ကျွန်မတို့ထံမှ ရသမျှ အကျိုးအမြတ်ကို ယူကြ ပြီး၊ ကျွန်မဖခင်ထားခဲ့သည့် အနည်းငယ်သော အမွေအနှစ်အတွက် ကျွန်မတို့နှင့် ရန်ပွဲပင် ဖြစ်ခဲ့ကြသည်။ ကျွန်မ ဘယ်သောအခါမှကမျှ မမျှော်လင့်ထားနိုင်ခဲ့သည့် ဆွေမျိုးသားချင်းများ၏ ဥပေက္ခာပြုခြင်းနှင့် သူတို့ လုပ်ရပ် အားလုံးကို ရင်ဆိုင်ရသည့်အခါ ထိုမျှလောက် ပြင်းထန်သော နာကျည်းမှု ခံစားခဲ့ပြီး၊ ဤဆွေမျိုးများပြသည့် အသိစိတ် လုံးလုံးကင်းမဲ့ခြင်းနှင့် သနားကြင်နာမှု မရှိခြင်းကို မမုန်းတီးဘဲ မနေနိုင်တော့ပေ။ တစ်ချိန်တည်း တွင် လူ့သဘာဝ၏ မတည်တံ့ ပြောင်းလဲလွယ်ခြင်း သဘောကိုလည်း ကျွန်မ သိနားလည်လာ တော့သည်။ ထို့နောက် လူ့ဘောင်လောကတွင် ငွေကြေးကိစ္စအတွက် မိသားစုဝင်အချင်းချင်း ရန်ဖြစ်မှု၊ သို့မဟုတ် ငွေကြေးအတွက် လူအများ လုယက်သတ်ဖြတ်မှု ဖြစ်ရပ်တစ်ချို့ကို ကျွန်မမြင်လိုက်တိုင်း ယနေ့ ဤကမ္ဘာလောကကြီးသည် အလွန်ပင် မှောင်မိုက်အတိ ပြည့်လျက်၊ လူတို့၏ နှလုံးသားမှာ အမှန်အကန် အန္တရာယ်ပြုမည့် လက္ခဏာရှိပြီး လောကကြီးသည် အမှန်ပင် ဖောက်ပြန်ပြောင်းလဲ တတ်လွန်းသည် ဟု ကျွန်မ မကြာခဏ မြည်တမ်းခဲ့မိသည်။ ထိုအချိန်တွင် ကျွန်မစဉ်းစားခဲ့မိသည်မှာ လောကကြီးသည် မှောင်အတိ ဖုံးနေရ သည့် အကြောင်းရင်းခံမှာ ယနေ့လူအများသည် ဆိုးသွမ်းလာ၍ဖြစ်ကြောင်း၊ သူတို့တွင် မည်သည့် အသိ တရားမှ မရှိကြတော့ခြင်း၊ လောကကြီးထဲ၌ ဆိုးညစ်သူ အမြောက်အများ ရှိနေကြခြင်းတို့ ဖြစ်ကြောင်းပင်။ ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်သာ ကျွန်မစဉ်းစားမိခဲ့သည့် အရာသည် အပေါ်ယံမျှသာဖြစ်လျက် လောကကြီး၏ အမိုက်မှောင်နှင့် ဆိုးယုတ်ခြင်း၏ အရင်းအမြစ် မဟုတ်ကြောင်းကို ကျွန်မသဘောပေါက်မိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လောကကြီးထဲ၌ ရှိသော အမိုက်မှောင်နှင့် ဆိုးယုတ်မှုတို့၏ အရင်းမြစ်အမှန်ကို ရှင်းရှင်းလင်းလင်း ကျွန်မ တွေ့ခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်လာသည်မှာ ဤသို့ဖြစ်သည်။ “စာတန်၏ ဖျက်ဆီးခြင်းမခံရမီ၊ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်များကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ့၌ ပင်ကိုအားဖြင့် အကောင်းပကတိ အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝ ရှိခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် သူ၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝတို့သည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ဆုံးရှုံးသွားခဲ့သည်။ လူ့အသိစိတ် မူမမှန်ဖြစ်သွားကာ၊ သူ၏စိတ်သဘောထားသည် တိရစ္ဆာန်၏ စိတ်သဘောထား နည်းတူဖြစ်သွားသည်၊ ပြီးလျှင် ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ဤအရာကို သိခြင်း သို့မဟုတ် အသိအမှတ်ပြုခြင်းမရှိဘဲ၊ ကျိုးကြောင်းမမြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်”) “နှစ်ထောင်ပေါင်း အချို့ လွှမ်းခြုံသည့် ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့်ဆိုင်သော အသိပညာသည် လူသား၏အတွေးအခေါ်၊ အယူအဆများနှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အမြင်တို့ကို အလွန်တင်းကျပ်စွာ ပိတ်ထားခဲ့သည်မှာ သြဇာမသက်ရောက်နိုင်သော အရာနှင့် မပျက်စီးနိုင်သောအရာ ဖြစ်စေဖို့ ဖြစ်သည်။...ကံကျွေးချ စနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ ခုခံရန် အစွမ်းတန်ခိုးကို သာ၍အားနည်းစေရင်း လူသား၏အသက်တာကို ‘မရဏနိုင်ငံ’ ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဖိနှိပ်မှု မျိုးစုံတို့သည် လူသားကို ဘုရားသခင်ထံမှ ဝေးသထက်ဝေးသွားစေလျက်၊ မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းဖို့ တွန်းလေသည်၊...ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်း တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်ကာ ဆိုးယုတ်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။...ပြစ်မှုထဲက ဤကြံရာပါ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ၊ ၎င်းတို့သည် လူသားကို အလွန်ကစားခဲ့ကြသည်မှာ လူသား၏ သွင်ပြင်သည် အလွန့်အလွန် အကျည်းတန်လျက် စိုက်ကွင်း၏ လူမဆန်သော သားရဲတစ်ကောင်၏ သွင်ပြင်ဖြစ်လာပြီးဖြစ်ကာ၊ ယင်းမှ မူလက သန့်ရှင်းသောလူ၏ နောက်ဆုံး အရိပ်အယောင်သည် ပျောက်ဆုံးသွားပြီးဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)”) ဘုရားသခင်၏ ယင်းနှုတ်ကပတ်တော်များမှ ကျွန်မ နားလည်လာခဲ့သည့် အရာမှာ ဘုရားသခင် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်သည် အစအဦးမူလတွင် ဘုရား သခင်အား နာခံလျက် သူ့ကိုကိုးကွယ်ပြီး သာမန် လူ့သဘာဝ၏ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိခဲ့ကြ သည်၊ သူတို့သည် ညစ်ညမ်းခြင်းမရှိ၊ မကောင်းမှု တစ်စုံတစ်ခုမှလည်း မပြုခဲ့ပါ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရပြီးနောက်တွင်၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်သို့ ကျရောက်ပြီး၊ အပြစ်ကို စတင်ကျူးလွန်ကြကာ၊ ဘုရားသခင်ကို ခုခံခဲ့ကြသည်။ နှစ်ထောင် ပေါင်း များစွာအတွင်း စာတန်သည် လူကို အစဉ်အဆက် နှောင့်ယှက်ပြီး ဖျက်ဆီးခဲ့သည်။ ၎င်းက လူအထဲတွင် ဖောက်ပြန်တတ်သော အတွေးများနှင့် အယူအဆများ သွတ်သွင်းပေးကာ ထိုသို့ဖြင့် လူသည် ယင်း၏အဆိပ် အန္တရာယ်၌ မှီခိုအသက်ရှင်ပြီး လူသားမျိုးနွယ်သည် သာ၍ ပျက်စီးယိုယွင်းခြင်း ရလဒ်ကို ဖြစ်စေလျက် လောကကို သာ၍အမှောင်ကျပြီး သာ၍ဆိုးယုတ်စေသည်။ အောက်ပါ စကားများသည် လူအထဲသို့ စာတန် သွတ်သွင်းသည့် အဆိပ်အတောက်များ ဖြစ်ကြသည်။ “မိမိကိုယ်သာ ကိုးကွယ်ရာ”၊ “ကိုယ့်အတွက် ဘာမှမရှိရင် ဘာကြောင့် စောစောထရမှာလဲ” “မတော်လောဘအတွက် အဖိုးအခဟာ သေခြင်းပဲ”၊ “စိတ်ဘောထား သေးသိမ်သူ တစ်ဦးသည် လူကြီးလူကောင်းတစ်ဦး မဖြစ်နိုင်၊ စစ်မှန်သည့် လူတစ်ဦးသည် အဆိပ်မရှိပဲ မနေပါ”၊ “တိုတောင်းသည့် လူ့ဘဝမှာ ပျော်အောင်နေ” “ဘယ်သောအခါမှ ကယ်တင်ရှင် မရှိခဲ့ပါ” နှင့် “ကမ္ဘာကြီးပေါ်မှာ ဘယ်လိုမှ ဘုရားသခင်မရှိဘူး” စသည်တို့ဖြစ်၏။ ဤအရာများသည် လူတို့၏ဘဝများနှင့် ဘဝအတွက် စည်းမျဉ်း စည်းကမ်းများ ဖြစ်လာသဖြင့်၊ မည်သူကမှ ဘုရားသခင် တည်ရှိကြောင်းကို မယုံကြည်၊ ကောင်းကင်ကို မည်သူကမှ မကိုးကွယ်၊ မည်သူကမှ ဆင်ခြင်တုံတရား၊ သို့မဟုတ် သူတို့၏ အသိတရားကို နားထောင်ခြင်း မရှိကြတော့ပေ။ လူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာမရှိတော့ပါ။ ဘုရားသခင်ထံမှလာသော ဥပဒေသ များ၊ စည်းမျဉ်းစည်းကမ်းများမှ ကန့်သတ်ချက်များလည်း မရှိတော့ချေ။ လူသားများသည် စာတန် အဆိပ် ခတ်ခြင်းနှင့် ထိန်းချုပ်မှုခံရသဖြင့် လူသည် သာ၍ သစ္စာဖောက်ဖျက်သူ၊ တစ်ကိုယ်ကောင်းဆန်သူ၊ စက်ဆုပ် ဖွယ်ရာ၊ လောဘကြီးသောသူ၊ မာနကြီးသောသူ၊ သာ၍ ဆိုးယုတ်ပြီး ကာမရာဂ တဏှာကြီးသူ၊ ထိန်းမနိုင် သိမ်းမရသူ၊ အဓမ္မလူ၊ ဘုရားမဲ့သူနှင့် ပေကပ်ကပ်နိုင်သူ ဖြစ်လာသည်။ သူတို့သည် အသိတရား၊ ကိုယ်ကျင့် စာရိတ္တ၊ လူ့သဘာဝ မရှိသော၊ မလိုမုန်းထားမှုတို့ အကျင့်လိုဖြစ်နေသည့် လူတစ်ဦး၏ မာရ်နတ် ပြယုဂ် ဖြစ်လာကြသည်။ အထူးသဖြင့် “မိမိကိုယ်သာ ကိုးကွယ်ရာ” ဟူသည့် စကားမှာ လူသားများအကြား စာတန် စိုက်ပျိုးသည့် သေစေနိုင်သော အဆိပ်အတောက်ဖြစ်ပါသည်။ ကျွန်မ၏ ဦးလေးများအားဖြင့် ဤအချက်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်မှု တစ်ခု ရရှိခဲ့ပါသည်။ လူသည် မိမိတို့၏ အကျိုးအမြတ်အတွက်သာ ရှင်သန်တတ်ကြပြီး အရာရာတိုင်း အကျိုးအမြတ်ထုတ်၍ “ငါ့အတွက် ဘာမှမရှိရင် ဘာကြောင့် စောစောထရမလဲ” ဟူ၍ စဉ်းစား၏။ သာ၍ရဖို့နှင့် ပို၍ အကျိုးရှိဖို့ဆိုလျှင် လူက မည်သည့်ဆိုးယုတ်မှု၊ သို့မဟုတ် ကောက်ကျစ် စဉ်းလဲမှုကိုမဆို လုပ်နိုင်ပြီး အရှက်တရားမရှိ၊ စက်ဆုပ်ဖွယ်ရာ သို့မဟုတ် စိတ်ယုတ်မာ ကလိမ်ကကျစ် ပြုသည်။ စစ်မှန်သောချစ်ခြင်း သို့မဟုတ် ခင်တွယ်မှုဟူသည် လူတွေကြားတွင်မရှိပါ။ လိမ်လည်လှည့်စား ခြင်း၊ အချင်းချင်း အလွဲသုံးစားပြုလျက် အန္တရာယ်ပေးခြင်းသာ ရှိသည်။ မိသားစုဝင် အချင်းချင်း သဘောထားကွဲလွဲပြီး ရန်သူများဖြစ်လာကြကာ၊ ငွေကြေးနှင့် အကျိုးအမြတ်အတွက် ရန်ဖြစ်နေကြ၏။ ထိုအရာတင်မကဘဲ အမြတ်ရဖို့အလို့ငှါ ဆက်ဆံရေးများနှင့် မိတ်ဆွေများမှာ ကိုယ်ကျင့်တရားကို မေ့လျော့ ကြသည်။ သူတို့သည် လူ့အဆင်းသဏ္ဌာန် ရှိသော်လည်း သားရဲ၏စိတ်ရှိကြ၏။ စာတန်၏ “မိမိကိုယ်သာ ကိုးကွယ်ရာ” ဟူသည့် အဆိပ်ခတ်ခြင်းကြောင့် လူက ယင်းမကောင်းမှုများကို လုပ်နိုင်ပြီး၊ ၎င်း၏ ကြီးစိုးမှု အောက်တွင် ရှိကြသည်။ လူ့အကျင့်ဆိုးများ၏ အရင်းအမြစ်မှာ စာတန်၏ အဆိပ်အတောက်ကြောင့် ဖြစ်ကြောင်း မြင်နိုင်သည်။ ၎င်းသည် လောက၏ အမိုက်မှောင် အရင်းအမြစ်ပေတည်း။

ကျွန်မတို့နေထိုင်ရာ ဖြစ်စဉ်များစွာတွင် လောက၏ အမိုက်မှောင်ကို လွယ်လင့်တကူ မြင်ရ၏။ ယခုအခါမှာ လောကကြီးကို ဦးဆောင်သူတို့သည် စာတန်၏ ပြယုဂ်များဖြစ်ကြောင်း ဆိုနိုင်သည်။ အထူး သဖြင့် အခွင့်အာဏာရှိသူတို့သည် မာရ်နတ်များ၏ မင်းသားများဖြစ်ကြပြီး၊ ယင်းအထဲ အဆင်းနီသော နဂါးကြီးသည် အမိုက်မှောင်ဆုံးနှင့် အဆိုးဆုံးတန်ခိုးရှင်ဖြစ်၏။ အဆင်းနီသော နဂါးကြီးသည် အာဏာသိမ်း ကတည်းကစ၍ လူကိုပျက်စီးစေမည့်အကြောင်း မိမိတန်ခိုးကို အစွမ်းကုန် အသုံးပြုခဲ့ပြီး၊ သူတို့ကို ပျက်စီး သဖြင့် လူသဏ္ဌာန်ဆောင်သော မာရ်နတ်များ ဖြစ်လာကြကာ လူကလူနှင့်မတူတော့ချေ။ အဆင်းနီသော နဂါးကြီးက အကြမ်းဖက်မှုကို မြတ်နိုးပြီး တော်လှန်ရေးကို ထောက်ခံအားပေးသည်။ ၎င်းက အာဏာသိမ်းရဖို့ အကြမ်းဖက်မှုကို အသုံးပြုပြီး၊ နိုင်ငံကို အုပ်ချုပ်ဖို့ အကြမ်းဖက်မှုကို အသုံးချပါသည်။ ယင်းအုပ်စိုးမှု အောက်၌ ရှိသော သူတို့သည်လည်း အကြမ်းဖက်ခြင်း၌ ပျော်မွေ့ကြပြီး ကိစ္စဟူသမျှ ဖြေရှင်းရန် အင်အားကို အစဉ်အဆက် အသုံးပြုကာ၊ အသေးမွှားဆုံးပြဿနာကို အကြိမ်ကြိမ် တိုက်ခိုက်မှုနှင့်သာ ပြီးဆုံးသွားစေ သည်။ လူတို့၏သွေးကို ဆူပူစေသောလုယက်မှုနှင့် သတ်ပုတ်မှုများစွာရှိ၍ လူတို့ကိုသတ်သည့် နည်းလမ်းမှာ ပို၍ရက်စက် ကြမ်းကြုတ်ပြီး မသတီစရာဖြစ်၏။ ဤအရာများအားလုံးသည် မြင်နိုင်သော ဖြစ်ရပ်အမှန် ဖြစ်ကြသည်။ အဆင်းနီသော နဂါးကြီးက သူ့လူများကို “စီးပွားရေးတိုးတက်” စေရန် လမ်းပြပေးလျက် “ကြောင်ဖြူ၊ ကြောင်မဲအဓိကမဟုတ် ကြွက်ဖမ်းမိဖို့သာ အဓိက”၊ “ဆင်းရဲမွဲတေခြင်းထက် ပြည့်တန်ဆာ လုပ်ခြင်းသည် သာ၍ကောင်း၏”၊ “ငွေရှိလျှင် မာရ်နတ်ကိုပင် ကြိတ်ဆုံအား လှည့်ခိုင်း၍ရသည်”၊ “ငွေမပါရင် ဘယ်အရာမှ သင်မလုပ်နိုင်ပါ”၊ “ငွေက အရာရာလုပ်နိုင်သည်” ဟူသော စကားပုံများကို မြတ်နိုးတတ်သည်။ ၎င်း၏ ထိုအရာများအား ထောက်ခံအားပေးမှု အရှိန်နှင့်အတူ လူတွေက ငွေနှင့်အာဏာကို အထင်ကြီးပြီး၊ ငွေနှင့်အာဏာရှိသူတိုင်း ကြီးပွားနိုင်သည်။ ငွေနှင့်အာဏာ မရှိသူတိုင်း ဖိနှိပ်ခြင်းသာ ခံရလျက် မကျေနပ်မှု အားလုံးကို မျိုချပြီး ရလဒ်အဖြစ် လူတို့၏စိတ်တွင် ငွေကြေးသက်သက်သာ ပြည့်ဝနေခြင်း ဖြစ်ပေသည်။ ငွေကြေးကြောင့် သွေးသားတော်စပ်မှုများကို မေ့လျော့တတ်ကြ၏၊ ငွေနှင့်အာဏာအတွက်ဆိုလျှင် တံစိုး လက်ဆောင်များ ပေးယူနိုင်ပြီး၊ အာဏာပိုင်များကို ရောင်းဝယ်နိုင်သည်။ လူများကို လုယက် လိမ်လည် သတ်ဖြတ်လျက် သူတို့ပိုင်ဆိုင်မှုများအား သိမ်းယူသည်။ အချင်းချင်း ရန်ဖြစ်ပြီး သတ်ဖြတ်ကြကာ မည်သည့် နည်းကိုမဆို အသုံးပြုနိုင်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် ယနေ့ လူ့ပတ်ဝန်းကျင် နေရာတိုင်း၌ ပြည့်တန်ဆာ လုပ်ခြင်းကို တွေ့ရပြီး မိန်းမပျက်နှင့် မူးယစ်ဆေးများ ရှိသည့်နေရာများမှာ နေရာတိုင်း၌ တွေ့နိုင်သည်။ လိင်ပိုင်းဆိုင်ရာ တံစိုးစားခြင်းများနှင့် လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများမှာ ရေပန်းစားပြီး လူအများက မကောင်း သော အရာတွင် ကျင်လည်ကာ မကောင်းမှုကို အထင်ကြီးကြသည်။ ရှက်ကြောက်ဖွယ်ရာဟု မစဉ်းစားကြဘဲ ဂုဏ်ဝင့်ဖွယ်ဖြစ်သည်ဟု ထင်မှတ်ကြ၏။ လူတွေကြား၌ ငွေကြေးဆက်နွယ်မှု တစ်ခုပြုလုပ်ခြင်း တည်းဟူ သော စီးပွားရေး တိုးတက်စေခြင်း၏ ရလဒ်များလည်း ရှိ၏။ လူများ၏ အကျင့်စာရိတ္တများကို ဖျက်စီးဖို့ရန် အဆင်းနီသော နဂါးကြီးက ၎င်းကို အသုံးပြုကာ သူတို့၏အသိတရားကို ပျောက်ကွယ်စေသည်။ ဤအချက် တွင် အမှောင်မိုက်ဆုံး၊ အဖောက်ပြန်ဆုံးသော သွင်ပြင်လက္ခဏာမှာ အဆင်းနီသော နဂါးကြီးက ဘုရားသခင် တစ်ပါးတည်း ရှိကြောင်းကို အသိအမှတ်မပြုဘဲ လူအများက ဘုရားသခင်နှင့် သူ၏ အချုပ်အခြာ အာဏာကို ငြင်းပယ်၍ စစ်မှန်သော ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ကို ကိုးကွယ်စေရန် ဘုရားမဲ့ဝါဒကို ဖြန့်ခြင်း ပင်တည်း။ အဆင်းနီသော နဂါးကြီး၏ လှည့်စားခြင်းနှင့် လုပ်ကြံသတင်းအောက်တွင် အသက်ရှင်သော သူတို့က ဘုရားသခင်ရှိသည်ကို မယုံကြည်သကဲ့သို့ စစ်မှန်သော ဘုရားသခင်ကိုလည်း မကိုးကွယ်ဘဲ စာတန် နောက်သို့ လိုက်ပြီး မကောင်းမှုကို မြတ်နိုးကြ၏၊ သူတို့သည် ဖြောင့်မတ်ခြင်းမှ ခွာရသဖြင့် ပို၍ပျက်စီး ယိုယွင်းကြသည်။ ယခုမှာ ဤအဆင်းနီသော နဂါးကြီး၏ “စံပြ” ကြောင့် လူသည် အလွန်ပျက်စီးခြင်း ရှိပြီး၊ ဆိုးရွားလျက် အသိတရားမရှိ၊ လူသားဖြစ်ခြင်း မရှိတော့ကြောင်းကို ကျွန်မ ရှင်းလင်းစွာ မြင်နိုင်ပါသည်။ ယင်းပျက်စီးခြင်း၏ ဇာစ်မြစ်မှာ အဆင်းနီသော နဂါးကြီးပေါ်တွင် လုံးလုံးမူတည်သည်။ လူ၏ စိတ်နှလုံး များတွင် မကောင်းမှု ဖန်တီးခြင်း၊ လက်ရှိ လူ့ပတ်ဝန်းကျင်ထဲက လောက၏ အကျင့်စာရိတ္တ ပျက်စီးခြင်းနှင့် မတည်တံ့ခြင်းတို့ကို ဖန်တီးသည့် အဓိက လက်သည်တရားခံသည် အဆင်းနီသော နဂါးကြီးပင်ဖြစ်၏၊ အဆင်းနီသော နဂါးကြီး အာဏာသိမ်းခြင်းသည် လောက၏ အမိုက်မှောင်နှင့် ဆိုးယုတ်ခြင်းကို ဖြစ်စေသည့် ဇစ်မြစ်ဖြစ်သည်။ အကယ်၍ အဆင်းနီသော နဂါးကြီးက တစ်ရက်အတွက်သာ အာဏာသိမ်းခဲ့လျှင်၊ အကယ်၍ စာတန်သည် တစ်ရက်သာ အမြစ်ဖြတ်မခံရလျှင်၊ လူသားက အလင်း၌ နေနိုင်လိမ့်မည် မဟုတ် သကဲ့သို့ လောကကြီးက ငြိမ်သက်ခြင်းကို တစ်ဖန် သိလိမ့်မည်မဟုတ်ပါ။

အဆင်းနီသောနဂါးကြီး၏ မှောင်မိုက်ခြင်း၊ ဆိုးယုတ်ခြင်းနှင့် ၎င်းကလူတို့ကို ဖျက်ဆီးလျက် ခြေဖဝါး အောက်တွင် မည်ကဲ့သို့နင်းခြေသည်ကို မြင်သည့်နောက် ခရစ်တော်၏ သန့်ရှင်းခြင်းနှင့် အဆင်းလှပခြင်းကို ကျွန်မ သာ၍ ခံစားရသည်။ ခရစ်တော်သည် လောက၏ တစ်ခုတည်းသော အလင်းဖြစ်ပြီး ခရစ်တော် သာလျှင် လူသားအား လောကအမှောင်နှင့် ဆိုးယုတ်သောနေရာမှ လွတ်မြောက်ရန် ကူညီကယ်တင်နိုင်သည်။ သို့ဖြစ်ရာ ခရစ်တော်က အာဏာသိမ်းသည့် အချိန်မှသာ လူသားထံ အလင်းရောင် ဆောင်ကျဉ်းလာပေမည်။ အကြောင်းမှာ ဘုရားသခင်၌သာ လှပ၍ကောင်းသော အနှစ်သာရတစ်ခုရှိလျက် ဘုရားသခင်သာလျှင် ဖြောင့်မတ်ခြင်းနှင့် အလင်းရောင်၏ မူလအစဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည်သာလျှင် မှောင်မိုက် ခြင်းနှင့် ဆိုးယုတ်ခြင်းအပေါင်း မလွှမ်းနိုင်၊ မချိုးဖေါက်နိုင်သော သင်္ကေတဖြစ်ပြီး၊ ဘုရားသခင်သာလျှင် လောကတစ်ခုလုံး၏ မျက်နှာဟောင်းကို ပြောင်းလဲ၍ မြေကြီးသို့ အလင်းရောင် ဆောင်ကျဉ်းပေးနိုင်သည်။ နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသောနေရာသို့ လူကို ပို့ဆောင်နိုင်သောသူသည် ဘုရားသခင်သာလျှင် ဖြစ်၏။ ဘုရားသခင်မှလွဲပြီး ယင်းအမှုကို မည်သူမှ မပြုနိုင်ကြသကဲ့သို့ စာတန်ကို မအောင်နိုင်၊ အမြစ်မဖြတ်နိုင် ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော် လာသည်နှင့်အညီ ဖြစ်သည်၊ “အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ကဲ့သို့သော မရေတွက်နိုင်သည့် ပြောင်းလဲမှုများသည် ထပ်ခါထပ်ခါ ဖြစ်ပွားခဲ့သည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်၊ မညွှန်ကြားနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် ကြိုးပမ်းရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် အင်အားကြီးသောသူ တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွား နိုင်သူနှင့် ကမ္ဘာကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။“ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”) “လူ့လောက၏ မတရားမှုများကို ငါပြင်မည်။ ငါ၏ လူများကို တစ်ဖန် ဘေးပြုခြင်းမှ စာတန်ကို တားမြစ်လျက်၊ ရန်သူများကို ၎င်းတို့စိတ်ကြိုက် တစ်ဖန် လုပ်ဆောင်နေခြင်းမှ တားမြစ်လျက်၊ လောကတစ်လျှောက် ငါ၏ အမှုကို ငါကိုယ်တိုင်၏ လက်များဖြင့် ငါဆောင်ရွက်မည်။ ငါ၏ ရန်သူများ အားလုံးကို မြေပေါ်သို့ လဲကျစေလျက်၊ ပြီးလျှင် ၎င်းတို့၏ ပြစ်မှုများကို ငါ့ရှေ့မှောက် ဝန်ခံလာစေရင်း၊ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှင်ဘုရင် ဖြစ်လာမည်ဖြစ်ပြီး ငါ၏ပလ္လင်ကို ထိုနေရာသို့ ရွှေ့မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၇” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းနှင့် သူ၏သြဇာအာဏာရှိခြင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ကျွန်မတွေ့ခဲ့သည်။ အဆင်းနီသော နဂါးကြီး၏ အုပ်စိုးမှုအောက်တွင် ရှိသောသူတို့ နှင့် သူ၏ခြေဖဝါးအောက်က နင်းခြေခြင်းခံသော သူတို့ကို ဘုရားသခင်သာလျှင် ကယ်တင်နိုင်ကြောင်းကို ကျွန်မမြင်ခဲ့သည်။ ဤအရာကြောင့် ကျွန်မ၏ စိတ်နှလုံးမှာ ခရစ်တော်အတွက်ကြောင့် အစွမ်းတန်ခိုးနှင့် အဆင်းနီသော နဂါးကြီးအတွက် ၎င်း၏နိဂုံးကို အလျင်အမြန်ရင်ဆိုင်ရန် သာ၍ တောင့်တလာသည်။

လောကအမိုက်မှောင်နှင့် ဆိုးယုတ်ခြင်း၏ မူလဇစ်မြစ်ကို မြင်တွေ့ခွင့်ပေးပြီး အဆင်းနီသော နဂါးကြီး၏ အော့နှလုံးနာခြင်းအစစ်ကို ကျွန်မ၏ စိတ်နှလုံးထဲမှာ ပေါ်ထွက်စေပြီး အလင်းထဲသို့ လူကို ဝင်ရောက်စေရန် ဤအမှောင်အရပ်က လွတ်မြောက်စေနိုင်သော သူသည် ခရစ်တော်သာ ဖြစ်ကြောင်းကို နားလည်ခွင့်ပေးသည့် ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းအတွက် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ခရစ်တော်နောက်လိုက်၍ ခရစ်တော်ကို ကိုးကွယ်ခြင်းအားဖြင့်သာ လူကို စာတန်၏ ဖိစီး နှိပ်စက်ခြင်းမှ လွတ်မြောက်နိုင်သည်။ ယနေ့မှစ၍၊ သမ္မာတရားဖွေရှာပြီး ခရစ်တော်၏ ဦးဆောင်မှုကို လိုက်ရန် ဆန္ဒရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး ကျွန်မ၏အသက်တာ ဖြစ်စေကာ၊ ကျွန်မကိုယ်တိုင်ကို အဆင်းနီသော နဂါးကြီး၏ အဆိပ်အတောက်အပေါင်းအား ဖယ်ရှားရန်ဆန္ဒရှိ၏။ အဆင်းနီသော နဂါးကြီး၏ လွှမ်းမိုးထိန်းချုပ်မှုကို စွန့်ပစ်လျက် အဆင်းနီသော နဂါးကြီးကို လုံးဝပုန်ကန်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိကာ ဘုရားသခင်က ပြီးပြည့်စုံသူအဖြစ် ကျွန်မကို ဆောင်ရွက်ပေးရန် ဆန္ဒရှိသည်။

အောက်ခြေမှတ်စု(များ)-

၁။ လူတို့အနေဖြင့် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုရင်း၊ “မပျက်စီးနိုင်သောအရာ” ကို ဤနေရာတွင် သရော်သည့်စကားအဖြစ် ရည်ရွယ်သည်။

၂။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။

၃။ “ပြစ်မှုထဲက ဤကြံရာပါ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နာမည်နှင့် အကျိုးအမြတ် ရှာဖွေခြင်းအပေါ် သုံးသပ်ဆင်ခြင်မှုများ

၂၀၂၁ မေလမှာ ရေလောင်းပေးတဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်တွေကို ကျွန်မယူခဲ့တယ်။ ညီအစ်ကို မောင်နှမ နှစ်ဖွဲ့ကို ရေလောင်းပေးဖို့ တာဝန်ယူခဲ့ပြီး...

ကျရှုံးမှုများ၊ အနှောင့်အယှက်များမှတစ်ဆင့် ကြီးထွားတိုးတက်ခြင်း

ကျိန်းရှင်း ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါသည်။...

သတိထား အန္တိခရစ်တွေက သင့်အနားမှာရှိနေတယ်

ထရီ အာဂျင်တီးနားနိုင်ငံ ၂၀၂၁၊ မတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အနန္တတန်ခိုးရှင်...

အခက်အခဲမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်များက လမ်းပြသည်

ရှောင်ဟော် တရုတ်နိုင်ငံ ကျွန်မမှတ်မိတာက ၂၀၀၃ ခုနှစ် ညတစ်ညမှာပေါ့။ အသင်းတော် ညီအစ်မနှစ်ယောက်နဲ့ ကျွန်မက အစည်းအဝေးတစ်ခု လုပ်နေကြပြီး ရုတ်တရက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။