ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်တော် ကြုံတွေ့ခဲ့ရသည်

10.09.2019

ချန်ဟို၊ ဟူနန်စီရင်စု

ကျွန်တော့် အမျိုးသမီးနှင့် ကျွန်တော်တို့သည် အသင်းတော်တွင် ထမ်းဆောင်ရသည့် တာဝန်မှာ ဧဝံဂေလိတရားဟောကြားရန် ဖြစ်ပါသည်။ သိပ်မကြာသေးမီက ကျွန်တော့်အမျိုးသမီးက ဧဝံဂေလိအဖွဲ့ဒါရိုက်တာအဖြစ် ရာထူးတိုးခံရပြီး ကျွန်တော်မှာမူ မိမိ၏မာနထောင်လွှားခြင်းနှင့် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော အပြုအမူများ၏ ရလဒ်အနေနှင့် ကျွန်တော့်လုပ်ရပ်များကို ပြန်လှန် သုံးသပ်ရန် အိမ်သို့ပြန်ပို့ခြင်း ခံရပါသည်။ ကျွန်တော့်အမျိုးသမီးနှင့် ကျွန်တော်တို့သည် တာဝန်များကို တစ်ချိန်တည်းမှာ စတင်ထမ်းဆောင်ခဲ့ကြသည့်အလျောက်၊ ကျွန်တော်က အလုပ်မှနေ ထုတ်ပစ်ခံရပြီး သူမကမူ ရာထူးတိုးခဲ့သည်ကို ကြည့်ရသည်မှာ အခံရခက်စရာပင် ဖြစ်ပါသည်။ ကျွန်တော် စဉ်းစားနေချိန်မှာပင် ကျွန်တော့် မျက်လုံးမှ မျက်ရည်များထွက်လာခဲ့သည်။ “ဘုရားသခင်က လူ့အမျိုးအစားအလိုက်ကို တစ်ယောက်ချင်းစီ ခွဲထုတ်နေပြီးတော့ ငါလည်း အလုပ်ထုတ်ခံရတာ ကိုကြည့်ရရင် ငါ့ကို အထင်အရှားထုတ်ဖော်ပြပြီး၊ ငါက ဖယ်ရှားခံရတယ်ဆိုတာ သေချာတယ်။ အိုး ဒီနှစ်တွေဒီလောက် ကြာပြီးတဲ့နောက်မှာ ယုံကြည်သူတစ်ယောက်ဖြစ်တဲ့ ငါ့ဘဝဟာ ဒီလို အရှုံးကြီးကျရှုံးရလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ ငါအခုလုပ်နိုင်တာက အပြစ်ဒဏ်ခတ်ခံ ရဖို့အတွက် စောင့်ရုံပဲရှိတယ်။” အဲဒီနောက်တွင် ကျွန်တော့် အိမ်ကို လေးလံသည့် နှလုံးသားနှင့် ပြန်လာခဲ့ပါသည်။ ထိုအချိန်မှစတင်ကာ ကျွန်တော်သည် ကျရှုံးမှုတွင် နှစ်မြုပ်သွားခဲ့ပြီး အထင်လွဲမှုတွေ အပြည့်နှင့်ဘုရားသခင်ကို အပြစ်တင်ခဲ့ပါသည်။ ကျွန်တော်ဟာ မျှော်လင့်ချက်မဲ့စွာ ဖြင့် အမှောင်ထဲ၌ နှစ်မြုပ်ခဲ့ပါသည်။

တစ်နေ့မှာတော့ ဘုရားသခင်၏ နှုတ်ကပတ်တော်စာပိုဒ်နှစ်ပိုဒ်ကို ကျွန်တော် ထင်မှတ်မထားဘဲ တွေ့လိုက်ရသည်။ “သင်တို့သည် ဖျက်ဆီးခံရကြမည် သို့မဟုတ် ထာဝရ ပြစ်ဒဏ် ခံစားရကြမည်ကို မဆိုထားနှင့်၊ အနာဂတ် အလားအလာများ သင်တို့ မရှိဟု ငါ လုံးဝ မပြောခဲ့ပေ။ ထိုသို့သော အရာများကို လူသိရှင်ကြား ငါကြေညာပြီး ဖြစ်သလော။ သင်တို့သည် မျှော်လင့်ချက် မရှိဟု ပြောကြသော်လည်း၊ ဤသည်မှာ သင်တို့ မိမိတို့ကိုယ်ကိုယ် ချမှတ်ကြသည့် သုံးသပ်ချက်တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သင်၏ ကိုယ်ပိုင် ပုံသေအတွေးအခေါ်၏ သက်ရောက်မှု မဟုတ်လော။ သင်၏ ကိုယ်ပိုင် သုံးသပ်ချက်သည် အရေးပါသလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏”) “သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မမြင်ဘဲ ဘုရားသခင်ကို အစဉ် နားလည်မှုလွဲပြီး သူ၏ ရည်ရွယ်ချက်များကို လိုရာဆွဲ၍ မမှန်မကန် ပြောခြင်းကြောင့် သင့်ကို အစဉ် အကောင်းမမြင်သောသူ ဖြစ်စေကာ မျှော်လင့်ချက် ပျောက်ဆုံးစေသည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အနာတရဖြစ်စေခြင်းပင် မဟုတ်သလော။...သင်သည် ဘုရားသခင်၏ အမှု နှင့် ဘုရားသခင်၏ အလိုတော်ကို လုံးဝ နားမလည်ပေ၊ ထိုမျှမက ဘုရားသခင်သည် သူ၏ နှစ် ၆၀၀၀ စီမံခန့်ခွဲရေးအမှုထဲ၌ ထည့်သွင်းပြီးသည့် ကောင်းသော ရည်ရွယ်ချက်များကို သင် နားမလည်ပေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလိုတော်မှာ လူတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ တတ်နိုင်သမျှ ကယ်တင်ရန် ဖြစ်သည်”) ဒီစာပိုဒ်တွေကို ဖတ်ပြီးတဲ့နောက်တွင် ကျွန်တော် စတင်သတိပြုလိုက်မိသည်မှာ ဘုရားသခင်က ကျွန်တော့်အကြောင်းကို ပြောနေခြင်း မဟုတ်ပါလား။ အသင်းတော်က ကျွန်တော့်ကို အိမ်ပြန်လွှတ်လိုက်သည်ကို သိပြီးသည်နှင့်တပြိုက်နက် ကျွန်တော်သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားသုတ်သင်ခြင်းတို့ကို ခံရသည်ဟု ခန့်မှန်းကာ၊ ကောက်ချက်ချသည့်အပြင်၊ ကျွန်တော်သည် သမ္မာတရားကို ရှာဖွေရာတွင် ယုံကြည်မှုပျောက်ဆုံးခဲ့သည်။ ကျွန်တော်သည် အဆိုးမြင်ခြင်းနဲ့ အထင်လွဲခြင်း အခြေအနေတို့ အမြဲတမ်း ဖြစ်နေပြီး ကျွန်တော်ကိုယ်တိုင်၏ ကျရှုံးမှုကို လုံးဝ ကြိတ်မှိတ်လက်ခံခဲ့သည်။ ထိုအခြေအနေတွင် ကျွန်တော့်၏နှလုံးသားအတွင်းကို ကြည့်ပြီး ကျွန်တော် မေးလိုက်သည်မှာ "ဒီလို အကြောင်းမလှတဲ့အဖြစ်တွေကို ငါဘာကြောင့်ကြုံရတယ်ဆိုတာ ငါတကယ်ပဲနားလည် သလား၊ ဘုရားသခင်ရဲ့အလိုတော်ကို ငါတကယ်ပဲနားလည်ရဲ့လား။ ဘယ်နားလည်ပါ့မလဲ။ ငါ နားမလည်ဘူး။ ငါကယ်တင်ခြင်းမရ တော့ဘူးလို့ ဘုရားသခင်က ပြောခဲ့လို့လား။ မပြောခဲ့ပါဘူး။ ဒါဆိုရင် ဘာကြောင့် ငါက ရမ်းသန်း ထင်ကြေးတွေပေးပြီး အခြေအမြစ်မရှိတဲ့ ဖော်ပြချက်တွေကို လုပ်ရတာလဲ။ ဒါက စိတ်ကြီးဝင်လွန်းတာ၊ ဖြီးဖြန်းတာ မဟုတ်ဘူးလား။မှောင်မိုက်စွာနဲ့ ဆင်းရဲဒုက္ခခံစားရတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် စွန့်ထားခဲ့တာ မဟုတ်ဘူးလား။ ငါဟာ တော်တော်ကို မိုက်မဲပြီး၊ ယုတ္တိမရှိခဲ့တာပဲ။" ထို့ကြောင့် ကျွန်တော်သည် ဘုရားသခင်ရှေ့မှောက်ကိုသွားရောက်ပြီး ဆုတောင်းခဲ့ကာ ဤမကြာသေးခင်က ဖော်ထုတ်ပြချက်မှာ ကိုယ်တော်၏အလိုတော်ကို ကျွန်တော် နားလည်နိုင်ရန် ကိုယ်တော် ဉာဏ်အလင်းပေးခြင်းကို ကျွန်တော် တောင်းလျှောက်ခဲ့ပါသည်။

နောက်ပိုင်းတွင် ဤဘုရားသခင်၏ နှုတ်ကပတ်တော်စာပိုဒ်ကို ကျွန်တော်တွေ့လိုက်ရသည်။ “သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ခင်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ၊ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် ဆန္ဒမရှိပေ။ ယနေ့တွင်၊ သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ၊ ထိုသို့သော ကယ်တင်ခြင်းသည် သာ၍ပင် ကြီးမားသည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက၊ သင်တို့ကို သူကိုယ်တိုင် လမ်းပြရန် ထိုမျှအရေးပါမှု အတိုင်းအတာရှိသော အမှုကို လုပ်ဆောင်လိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ မနာခံသောကြောင့်သာ ဖြစ်ပေသည်။ ဤအတွက်သာ မဟုတ်ပါက၊ ၎င်းတို့ကို ကယ်တင်ခြင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။…သင်တို့ကိုယ်တိုင်သည် ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်ကြသောကြောင့်၊ ဘုရားသခင်သည် သင်တို့ကို သာ၍ အကျင့်ပျက်လာခွင့် မပေးရက်ပေ၊ စာတန်၏ သဘောရှိ နင်းခြေခြင်းကို ခံရလျက်၊ ဤညစ်ညူးသောနယ်မြေ၌ ယခု သင်တို့ အသက်ရှင်သည့်အတိုင်း၊ အသက်ရှင်နေကြသည်ကို မကြည့်ရက်သကဲ့သို့၊ မရဏနိုင်ငံထဲသို့ သင်တို့ကို ကျဆင်းခွင့် မပေးရက်နိုင်ပေ။ ဘုရားသခင်သည် ဤလူစုကိုသာ ရရှိချင်ပြီး သင်တို့ကို လုံးလုံးလျားလျား ကယ်တင်ချင်၏။ ဤသည်မှာ သင်တို့အပေါ် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်- ယင်းမှာ ကယ်တင်ခြင်းအတွက်သာ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)”) ဘုရားသခင်၏ လေးနက်သည့် နှုတ်ကပတ်တော်များသည် ကျွန်တော့်နှလုံးသားကို နွေးထွေးစေခဲ့ပြီး ကျွန်တော် အမှန်အတိုင်းမမြင်နိုင်သည့် ထုံထိုင်းမှုမှနေ နှိုးထစေခဲ့ပါသည်။ ကျွန်တော့် အခြေအနေသည် အစပိုင်း စူးစမ်းလေ့လာကြည့်ပါက စိတ်ပျက်ဖွယ်ရာဟု ထင်ရသော်လည်း အမှန်မှာမူ ဘုရားသခင်က သူ၏ချစ်ခြင်းမေတ္တာကို ကျွန်တော့်အပေါ် သက်ရောက်စေပြီး သူ့၏ကယ်တင်ခြင်းဖြင့်ကျွန်တော့်ကို ရင်းနှီးမြုပ်နှံနေခြင်း ဖြစ်ပါသည်။ ကျွန်တော်ထင်သသကဲ့သို့ ကျွန်တော့်ကို ဖယ်ရှားခံရမှာမျိုး မဟုတ်ပါ။ ကျွန်တော်သည် မာနကြီးပြီး ညှိနှိုင်းခြင်းကင်းမဲ့စွာဖြင့် ကျွန်တော်၏ တာဝန်များကို မဆင်မခြင်ဆောင်ရွက်ကာ၊ ကိုယ်ကျင့်သိက္ခာမဲ့စွာဖြင့် စွန့်ပစ်ခဲ့ပါသည်။ စာတန်၏နင်းချေမှုကို ဆက်လက်ခံနေရသည့် ကျွန်တော့်ကို ဘုရားသခင် အလွယ်တကူနဲ့ မကြည့်ရက်နိုင်ခဲ့ပါ။ ဘုရားသခင်သည် ကျွန်တော် ဆက်ပြီးနှစ်မြုပ်သွားမှာကို မကြည့်နိုင်တော့ သည့်အပြင် အထူးသဖြင့် စိတ်ကြီးဝင်သည့်အပြုအမူများမှနေတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို ထိခိုက်စေခြင်းအတွက် ကျွန်တော်အပြစ်ဒဏ်ရင်ဆိုင်ရမည်ကို ဘုရားသခင် မကြည့်ရက်နိုင်ခဲ့ပါ။ ထို့ကြောင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှနေတစ်ဆင့် ဘုရားသခင်သည် ကျွန်တော့် အပေါ်ကို ကယ်တင်ခြင်းကို ယူဆောင်လာခဲပြီး၊ သူ၏ကယ်တင်ခြင်း ကျေးဇူးတော်နှင့် ကျွန်တော့်ကို ကောင်းချီးပေးကာ စာတန်၏ဖောက်ပြန်ပျက်စီးခြင်း၏ ဖမ်းဆုပ်မှုထံ လွတ်မြောက်အောင် ကူညီခဲ့ပါသည်။ အမှန်မှာမူ အသင်းတော်မှ ကျွန်တော့်ကို အိမ်သို့ပြန်လွှတ်ခြင်းသည် ဘုရားသခင်၏ အကြီးမြတ်ဆုံးကယ်တင်ခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်သည် ပို၍စိတ်ကြီးဝင် လာလေ ကျွန်တော်၏အမှားများကိုရင်ဆိုင်ရန် ပတ်ဝန်းကျင်များကို ဘုရားသခင်က ပို၍ဖန်တီးဖြစ်ပါသည်။ ကျွန်တော့်၏ ထုံထိုင်းနေသည့် နှလုံးသားအနေဖြင့် နာကျင်မှုကို စတင်ခံစားလာရန် ဘုရားသခင်သည် ကျွန်တော့်၏ ဆန္ဒများကို မပြည့်စုံအောင်ပြုတော်မူခဲ့သည်။ ကျွန်တော်၏အပြုအမူများကို ပြန့်လှန်သုံးသပ်ရန်၊ ကျွန်တော့်၏ဖောက်ပြန်ပျက်စီးသည် သဘာဝ၏ အနှစ်သာရကို နားလည်ရန် နှင့် ကျွန်တော်၏စိတ်သဘောထားပြောင်းလဲမှုကို ရရှိဖို့အတွက် သမ္မာတရား ကိုရှာဖွေရန် ဘုရားသခင်သည် ဤနာကျင်မှုကနေတစ်ဆင့် ဆောင်ရွက်တော်မူခဲ့ပါသည်။ ဤသည်မှာ ဘုရားသခင် ကျွန်တော့်အပေါ်ကို ကျရောက်လာစေသည့် ကယ်တင်ခြင်း၏ စစ်မှန်လှသည့်လုပ်ဆောင်မှုဖြစ်ပါသည်။ ဘုရားသခင်ပြုလုပ်သမျှသည် ကျွန်တော့်ကို ဂရုစိုက် စောင့်ရှောက်ခြင်းနှင့် ချစ်ခြင်းသာဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက ကျွန်တော်သည် အမှုမဲ့အမှတ်မဲ့နှင့် ဒုစရိုက်အားဖြင့်သာ ရှင်သန်နေဆဲဖြစ်သည့်အပြင်၊ ဧဝံဂေလိအမှုတော်နှင့် ပတ်သက်လျှင်လည်း မဆင်မခြင်၊ ပိတ်ပင်ဟန့်တားကာ၊ နှောင့်ယှက်နေဦးမည်သာ ဖြစ်ပါသည်။ အဆုံးတွင် ကျွန်တော့်၏ အပြုအမူများသည် ဘုရားသခင်၏ စိတ်သဘောထားကို ထိခိုက်စေမှာဖြစ်ပြီး ဘုရားသခင် ၏ အပြစ်ပေးခြင်းကို ကျွန်တော် ခံရမည်သာ ဖြစ်ပါသည်။ ဤအခြေအနေတွင် ဘုရားသခင်၏ ကယ်တင်ခြင်းသည် အလွန်ပင် စစ်မှန်ကြောင်းကို ကျွန်တော် သိရှိလာရပါသည်။ ဘုရားသခင်၏ချစ်ခြင်းနှင့် ပတ်သက်ပါက မှားယွင်းခြင်း သို့မဟုတ် အနှစ်သာရကင်းမဲ့ခြင်းများ မရှိပါ။ မှန်ကန်ပြီး စစ်မှန်ပါသည်။ သို့သော်လည်း ကျွန်တော်ကမူ ဘုရားသခင်၏လုပ်ဆောင်မှု နှင့် ကယ်တင်ခြင်းတို့ကို မမြင်နိုင်ခဲ့ပါ။ ဘုရားသခင်၏ ကယ်တင်ခြင်း၌ လေးနက်သည့် ရည်ရွယ်ချက်ကို ကျွန်တော် မရှာဖွေနိုင်ခဲ့ပဲနှင့်၊ ထိုသို့ရှာဖွေမည့်အစား ဘုရားသခင်ကို အထင်လွဲပြီး ဝေဖန်ကာ အဆိုးမြင်သည့် အထီးကျန်မှု၌ ရှင်သန်ရင်းဖြင့် နေထိုင်ရင်းနဲ့ အခြေအနေတိုင်းမှာ မိမိကိုယ်ကိုယ် တရားသေ အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်နေခဲ့ပါသည်။ ကျွန်တော်သည် မည်မျှ ယုတ္တိမတန်လိုက်သည့် သူတစ်ယောက်နည်း။ ကျွန်တော်သည် ဘုရားသခင်ရဲ့ စီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို ရရှိရန် မထိုက်တန်ပါ။

ကျွန်မသည် ဘုရားသခင် ရှေ့တော်မှောက်တွင် ပျပ်ဝပ်ပြီး၊ သူ့အား ကျွန်မ၏ ကျေးဇူးတင်ခြင်း နှင့် ချီးမွမ်းခြင်းတို့ကို မပူဇော်ပဲ မနေနိုင်ပါ။ ချစ်လှစွာသော ဘုရားသခင်၊ ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ကိုယ်တော်ရဲ့ ကယ်တင်ခြင်းဟာ စစ်မှန်တယ်ဆိုတာကို သိမြင်ရပြီး ကိုယ်တော်ရဲ့စီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုဟာ ချစ်ခြင်းတို့နဲ့ ပြည့်နေတယ်ဆိုတာကို သိရပါတယ်။ ကိုယ်တော်ရဲ့ စီရင်မှုနဲ့ပြစ်တင်ဆုံးမမှု မပါရင် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ပွင့်ပွင့်လင်းလင်း ဘယ်တော့မှ ကြည့်မြင်မိမှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကျရှုံးမှုနဲ့အတူ စာတန်ရဲ့ နင်းချေခြင်းကို ခံရပြီး ဖောက်ပြန်ပျက်စီးခြင်း မှာပဲ ဆက်လက်ရှင်သန်ရမှာဖြစ်ပြီး နောက်ဆုံးမှာ စာတန်ရဲ့ သယ်ဆောင်သွားခြင်းကို ခံရမှာဖြစ်ပါတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ကိုယ်တော်ရဲ့ အနှစ်သာရဟာ ချစ်ခြင်းမေတ္တာ ဆိုတာ၊ ကိုယ်တော်ရဲ့အပြုအမူအားလုံးဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဦးတည်တယ်ဆိုတာတွေကိုလည်း သိလိုက်ရပါတယ်။ ဘုရားသခင် သမ္မာတရားကို ရှာဖွေခြင်းနဲ့ အသစ်တဖန်ပြန်လည်စတင်ခြင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ရင်းနှီးမြုပ်နှံပါမယ်လို့ ကတိသစ္စာပြုပါတယ်။ ဘယ်လိုအကျိုးရလဒ်တွေပဲ ရရှိပါစေ ကိုယ်တော်ရဲ့အလိုတော်ကို ဖြည့်ဆည်းဖို့ ကျွန်တော့်ရဲ့ ဖန်ဆင်းခံတို့ရဲ့တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့ ကတိသစ္စာပြုပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်က ကျွန်မကို ပေးသော အကောင်းဆုံးလက်ဆောင်

ယီရှင်း ရှီကြားချောင်မြို့၊ ဟီပိန်းဒေသ ယခင်က ကျွန်မ၏ ညီအစ်ကိုမောင်နှမများက “ဘုရားသခင် လုပ်ဆောင်တဲ့ အရာအားလုံးက အကောင်းဆုံးအတွက်ပဲ ဖြစ်တယ်။...

နောက်ထပ် မကြွားဝါတော့ပါ

မော့ဝင် စပိန်နိုင်ငံ ၂၀၁၈ခုနှစ်တွင် ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိတရား ဟောဖို့ တာဝန်ယူထားရသည့်အချိန်ဖြစ်ပြီး နောက်ပိုင်းမှာ ထိုတာဝန်အတွက်...

ဘဝ၏ကြွယ်ဝချမ်းသာမှုများ

ဝန်ဂျန်၊ ရှန်ဒေါင်စီရင်စု ကျွန်တော်နှင့် ကျွန်တော်၏ဇနီးသည် နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အလုပ်ကိုလက်ခံခဲ့သည့်...