ဘေးအန္တရာယ်ကြုံစဉ် ရွေးချယ်မှုတစ်ခု
လီရှင်းမော့ တရုတ်နိုင်ငံ အရင် သုံးလေးနှစ်လောက်က ဆောင်းရာသီတစ်ခုမှာ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်ကို ပြောတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
လွန်ခဲ့သည့် နှစ်ကုန်ပိုင်းတွင် ကျွန်မသည် ကျွန်မ၏ နေရာမှာ ဧဝံဂေလိအမှုတော်ကို အောင်မြင်အောင် မလုပ်ဆောင်နိုင် သည့်အတွက်၊ ကျွန်မ၏အလုပ်ကို လွှဲပြောင်းယူဖို့အတွက် ဘုရားသခင်၏ မိသားစုက တစ်ခြား နေရာက အစ်ကိုတစ်ယောက်ကို ပြောင်းရွှေ့ချထားခဲ့ပါသည်။ ဤသို့မဖြစ်မီတွင် ကျွန်မကို အသိမပေးထားပါ။ သို့သော် ကျွန်မနှင့် လက်တွဲလုပ်နေသည့် အစ်မတစ်ယောက်ဆီကတစ်ဆင့် သွယ်ဝိုက်ပြီး သိရခြင်းဖြစ်သည်။ ကျွန်မ သိပ်စိတ်တိုသွားသည်။ ခေါင်းဆောင်လုပ် သည့်သူက ကျွန်မက ကျွန်မနေရာကို လွတ်ဖို့ ဆန္ဒမရှိဘဲ အတိုက်အခံလုပ်မှာကို ကြောက်ပြီး ကျွန်မကို အသိမပေးခြင်း ဖြစ်သည်ဟုထင်မိသည်။ အကျိုးဆက်အနေနှင့် ခေါင်းဆောင်လုပ်သည့် အစ်မပေါ် မကောင်းသည့် အမြင် ကျွန်မ မြင်လာသည်။ နောက်ပိုင်းမှာ အစ်မက ကျွန်မနှင့် တွေ့ပြီး အစားထိုးခံရခြင်းနှင့် ပတ်သက်ပြီး မည်သို့ခံစားရသနည်းဟု မေးခဲ့သည်။ အစပိုင်းမှာ ကျွန်မ စိတ်ထဲမှာ ရှိသည့်အရာကို ပြောဖို့လုပ်ထားပါသည်။ သို့သော် သူက ကျွန်မကို တစ်မျိုးထင်ပြီး ဤနေရာကို ရအောင် သွယ်ဝိုက် ပြောနေသည်ဟု ထင်မည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် ထိုကဲ့သို့မလုပ်ဘဲ အသံကို တတ်နိုင်သလောက် အေးအေး ဆေးဆေးပုံစံနှင့် ကျွန်မပြောလိုက်သည်၊ “ပြဿနာမရှိပါဘူး။ ကျွန်မက အပြုသဘောဆောင်တဲ့ အလုပ်ကိုမှ မလုပ်နိုင်တာပဲ။ ဒီတော့ ကျွန်မကို အစားထိုးလိုက်တာ အကျိုးအကြောင်းသင့်ပါတယ်။ ကျွန်မ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးအထွေ စဉ်းစားမိတာ မရှိပါဘူး။ ဘုရားသခင်ရဲ့ မိသားစုက ကျွန်မ လုပ်ဖို့အတွက် ဘာတာဝန်ပဲပေးသည်ဖြစ်စေ ကျွန်မ နာခံပါမယ်” သို့နှင့် ကျွန်မ၏ တကယ့်ပုံစံအမှန်ကို ဖုံးကွယ်လိုက်ပြီး ကျွန်မ၏ တကယ်မဟုတ်သည့်ပုံစံနှင့် အစ်မကို ပြလိုက်ပါသည်။ ပြီးနောက်မှာတော့ ဘုရားသခင်၏ မိသားစုက ကျွန်မကို လုပ်ဖော်ကိုင်ဖက် အနေဖြင့် လုပ်ဖို့ စေလွှတ်လိုက်ပါသည်။ ကျွန်မတို့၏ ပထမဆုံး လုပ်ဖော်ကိုင်ဖက် အစည်းအဝေးပွဲမှာ ကျွန်မတို့၏ အသစ်ကူးပြောင်းလာသည့် ခေါင်းဆောင်က သူ့၏အခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြလာ ပါသည်။ “နာမည်နှင့် ဂုဏ်များအားလုံး ဆုံးရှုံးသည်” ဆိုသည့် သူသုံးသွားသည့် စကားတစ်ခွန်းက ကျွန်မကို အုတ်ခဲ တစ်တန်လောက်နှင့် ပစ်ထုလိုက်သကဲ့သို့ပင် ဖြစ်သည်။ ကျွန်မအကြောင်းကို ပြောနေသည့်အလားပင်။ ကျွန်မ တော်တော်ကို စိတ်ညစ်ပြီး ဝမ်းနည်းနေရင်းနှင့် ထိုင်နေမိသည်။ မျက်ရည်များက ကျွန်မမျက်လုံးထဲမှာ ပြည့်လျှံလာတာကို ခံစားရသည်။ သို့သော် အခြားလူများ သတိထားမိမည်စိုး၍ ပြန်ထိန်းလိုက်သည်။ ကျွန်မ ကိုယ့်အကြောင်းကို ဖွင့်ပြလိုက်ချင်သည်။ သို့သော် ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များက ကျွန်မကို အထင်သေးမည်ကိုလည်း စိုးရိမ်မိသည်။ အရှက်မရစေဖို့အတွက် ကျွန်မမည်သည့် အဆင့်အထိ အပြစ်သန့်စင်ပြီးကြောင်းကို အခြားသူများကို မမြင်စေဘဲ ကျွန်မ၏ အမှန်တကယ် အခြေအနေကို နောက်တစ်ခါ ဖုံးကွယ်လိုက်ပါသည်။ ကျွန်မ၏ အခြေအနေက ပုံမှန်သာ ဖြစ်ကြောင်းကို လူတိုင်းကို ပြသဖို့ ကျွန်မအတင်းပြုံးပြခဲ့သည်။ သို့နှင့် ကျွန်မ၏ အဖျက်သဘောများကို ကျွန်မနှင့်အတူ အလုပ်ကို ပြန်သယ်လာခဲ့ပြီး၊ ကျွန်မအလုပ်မထွက်ရဲဘဲ မနက်မိုးလင်းကနေ ညမိုးချုပ်အထိနေ့တိုင်း အလုပ် လုပ်နေ သော်ငြားလည်း၊ ကျွန်မ ပိုပြီးအလုပ် ကြိုးစားလေလေ ကျွန်မက ပိုပြီး မထိရောက်သည့်သူ ဖြစ်လေလေဖြစ်ပြီး၊ ပြဿနာပေါင်းစုံ ဖြစ်လာခဲ့ ပါသည်။ ဧဝံဂေလိလုပ်ငန်းက အဆုံးသတ်ရမည့် အခြေအနေ ရောက်လာနေပြီး ခေါင်းဆောင်နှင့် သူ့အဖွဲ့အဝင်တစ်ချို့ကို တရုတ်ကွန်မြူနစ်ပါတီ ရဲက ဖမ်းထားပါသည်။ ဤအရာ အားလုံးကို ရင်ဆိုင်ရပြီး ကျွန်မ ပြိုလဲခါနီးနီးဖြစ်နေသကဲ့သို့ ခံစားရကာ ကျွန်မကို အစားထိုးလာတော့မည်ကိုသာ တွေးမိနေပါသည်။ ထိုအချိန်တုန်းက ကျွန်မ၏ ညီအစ်ကို မောင်နှမတို့ရှေ့တွင် မိမိကိုယ်ကို စိတ်ခိုင်မာအောင်၊ ပြတ်ပြတ်သားသား ဖြစ်အောင်လုပ်ရင်းနှင့် ကျွန်မအကြောင်းကို ဖွင့်ပြဖို့ ငြင်းဆန်ခဲ့သည်။
တစ်နေ့မှာ ဝိညာဉ်ရေးရာ တိုးတက်ရေးပွဲမှာ ခရစ်တော်၏ မိတ်သဟာယဖွဲ့ခြင်းမှနေ အောက်ပါ စာပိုဒ်ကို ကြားလိုက်ရသည်။ “၎င်းတို့၏ညီအစ်ကိုမောင်နှမများဖြင့် အပြန်အလှန်ပြောဆိုသော်အခါ လူအချို့က ၎င်းတို့၏စိတ်နှလုံးအတွင်းမှ အခက်အခဲများကို ညီအစ်ကိုမောင်နှမများက တွေ့ရှိပြီး ၎င်းတို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောရန်ရှိမည် သို့မဟုတ် ၎င်းတို့ကို အထင်အမြင်သေးမည်ကို စိုးရိမ်ကြသည်။ ၎င်းတို့စကားပြောစဉ် ၎င်းတို့သည် အမှန်တကယ် စိတ်အားထက်သန်ကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် အလိုရှိကြောင်းနှင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန် အမှန်တကယ် ဆန္ဒရှိကြောင်း ထင်မြင်ချက်ကို ပေးရန် အမြဲကြိုးစားကြသည်၊ သို့သော်လည်း အမှန်မှာ ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့သည် အလွန်အမင်းအားနည်းပြီး မတုန်မလှုပ် ရှိကြသည်။ ၎င်းတို့၏သဘောသဘာ၀ အစစ်အမှန်ကို မည်သူမျှ မရိပ်မိစေရန် ၎င်းတို့သည် ကြံ့ခိုင်ချင်ယောင်ဆောင်ကြသည်။ ဤအရာမှာလည်း လိမ်လည်လှည့်ဖြားမှု ဖြစ်သည်။ အကျဉ်းချုပ်အားဖြင့် သင် မည်သည့်အရာကို ပြုပါစေ၊ ၎င်းသည် အသက်တာထဲ၌ဖြစ်စေ၊ ဘုရားသခင်ကို အစေခံရာ၌ဖြစ်စေ၊ သို့မဟုတ် သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်ဖြစ်စေ၊ အကယ်၍ သင်သည် လူတို့အား မျက်နှာအတုအယောင်တစ်ခုကို ပြသပြီး လူတို့အား လှည့်စားရန်၊ သင့်ကို ၎င်းတို့ အထင်ကြီးအောင် လုပ်ရန် သို့မဟုတ် သင့်ကို အထင်မသေးစေရန် ထိုမျက်နှာကို အသုံးပြုပါက သင်သည် လိမ်လည်လှည့်ဖြားနေခြင်း ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဒီစာပိုဒ်ကို ကြားပြီးနောက်မှာ ကျွန်မ သိပ်ကို အံ့အားသင့်သွားသည်။ ခရစ်တော်၏ တရားစီရင်မှုက ကျွန်မ၏ အတွင်းပိုင်းထဲကို ရိုက်ခတ်သွားသည်။ ဤစကားလုံးများနှင့် ယှဉ်ပြီး ကျွန်မကိုယ်တိုင်၏ အပြုအမူများ နှင့် တိုင်းတာကြည့်သည့်အခါမှာ ကျွန်မက ဘုရားသခင်ပြောသည့် ကောက်ကျစ်သည့်သူ၊ ကြောင်သူတော် စစ်စစ် တစ်ယောက်ဖြစ်နေသည်။ ကျွန်မက အဆင့်အတန်းများကို လွှတ်ချပြီး ဘုရားသခင်၏မိသားစုက ကျွန်မ အတွက် ပြင်ဆင် ထားသည့် အစီအစဉ်များကို လိုက်လျှောက်သည့်သူ တစ်ယောက် ဖြစ်သည်ဆိုသည့်အမြင်ကို ခေါင်းဆောင်နှင့် ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များကို ပေးဖို့ ကျွန်မ ချက်ချင်းပင် နှစ်ခါပြန်မတွေးဘဲ ဘုရားသခင်၏ မိသားစုနှင့် ကျွန်မ၏ ညီအစ်ကို မောင်နှမတို့၏ အလုပ်များကို ကြိုးစားလုပ်ကိုင်ရင်းဖြင့်၊ မိမိကိုယ်ကို သေသေချာချာ ဟန်ဆောင်ပြီး အမှန်တရားကို ဖုံးကွယ်ခဲ့သည်။ ကျွန်မ၏အခြေအနေ နှင့် အပြုအမူက ကျွန်မ အစားထိုးခံရပြီးနောက်မှာ မည်မျှ အဖျက်သဘော ဖြစ်လာကြောင်းကို သူတို့ကို ထုတ်ပြဖို့ ဆန္ဒမရှိခဲ့ဘူး။ ထို့ကြောင့် ကျွန်မ၏ ခေါင်းဆောင်နေရာမှနေ ဖယ်ချခံရပြီး၊ လုပ်သားအနေနှင့် အလုပ်ပေးအပ် ခံရကတည်းက ကျွန်မက ခံစားချက် မကောင်းဘဲ အတွင်းမှာ အားနည်းပေမဲ့ ကျွန်မ ခိုင်မာပြီး ပြတ်သား သလိုမျိုး ဟန်ဆောင်နေခဲ့သည်။ ကျွန်မက စာတန်၏ လှည့်စားမှုမှာ အသက်ရှင်နေထိုင်နေခြင်း ဖြစ်သည်။ ကျွန်မသည် ဘုရားသခင်အပေါ် နားလည်မှု လွဲခြင်းနှင့် သစ္စာဖောက်ခြင်းတို့ဖြင့် အသက်ရှင် နေထိုင်ခဲ့သည်။ သို့ဖြစ်သည့်တိုင် ကျွန်မဟာ ကိုယ့်အကြောင်းကို ထုတ်ဖော်ပြောဖို့နှင့် ကျွန်မ၏ ယိုယွင်းပျက်စီးနေသည့် စိတ်သဘောထားကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေဖို့ ဆန္ဒမရှိသေးပါဘူး။ မည်မျှ လှည့်စားပြီး လျှို့ဝှက်ကောက်ကျစ် တတ်သည့် ကျွန်မလဲ။ သို့သော် ကျွန်မ၏ အမှန်တကယ်ခံစားချက်ကို မည်မျှပဲ ဟန်ဆောင်ပြီး ဖုံးကွယ်ပါစေ ဘုရားသခင်၏ စီစစ်မှုကို ကျွန်မ မလွတ်မြောက်နိုင်ပါဘူး။ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်မှာ ကျွန်မ၏ မထိရောက်မှုကို အသုံးပြုပြီး အရာအားလုံးကို ဖွင့်ပြပါသည်။ ကျွန်မက ကျွန်မ၏ အဆင့်အတန်းကို လွတ်ချဖို့ ဆန္ဒမရှိဘူး။ ကျွန်မ၏ ညီအစ်ကို မောင်နှမများကို အရူးလုပ်ပြီး ရှုပ်ထွေးစေဖို့ ကျွန်မ၏ မဟုတ်မမှန်သည့် ပုံသဏ္ဌာန်ကို ပြထားခြင်း အားဖြင့် အရှက်မရစေဖို့၊ ကျွန်မ၏ ဂုဏ်ကို ထိန်းသိမ်းဖို့ တော်တော်ကို ကြိုးစားခဲ့သည်။ ဤကဲ့သို့ပြုမူခြင်းသည် ကျွန်မ မိမိကိုယ်ကို ပိတ်မိစေရုံသာမကဘဲ ဘုရားသခင် မိသားစု၏ လုပ်ဆောင်ချက်ကိုပါ အရမ်းထိခိုက် စေတာကို ကျွန်မ မည်သို့များ မသိခဲ့ပါလိမ့်။ ဘုရားသခင် မိသားစု၏ လုပ်ဆောင်ချက်နှင့် ကျွန်မကိုယ်ပိုင်၏ ဘဝကို လျှောက်ပြီးကစားတာ မည်မျှအန္တရာယ်ရှိလိုက်သနည်း။
ဤအချိန်မှာ ကျွန်မ မနေနိုင်တော့ဘဲ မိမိကိုယ်ကို မေးလိုက်သည်။ ကျွန်မ မိမိ၏ မဟုတ်မမှန်သည့် ပုံသဏ္ဌာန်ကို အဘယ့်ကြောင့် သူများကို အမြဲတမ်းပြနေတာလဲ။ အမြဲတမ်း အရှက်မရစေဖို့နှင့် ကျွန်မ၏ အဆင့် အတန်းကို ကာကွယ်ဖို့ ကျွန်မ၏ လှည့်စားတတ်သည့် သဘာဝက ကျွန်မကို အမိန့်ပေးနေ၍ မဟုတ်ပါလား။ သန်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပြမှုမှနေ တစ်ဆင့် စာတန်၏ အဆိပ်များက ကျွန်မအတွင်းထဲမှာ မည်ကဲ့သို့ ဆိုးဝါးလာသည်ကို သိမြင်လာသည်။ “သစ်ပင်က သူ့၏သစ်ခေါက်နှင့် အသက်ရှင်သည်။ လူက သူ့၏ မျက်နှာနှင့် အသက်ရှင်သည်” ဆိုတာနှင့် “ငန်းရိုင်းတစ်ကောင်က နောက်မှာ အသံတစ်သံထားခဲ့သည်။ လူသား တစ်ယောက်က နောက်မှာ ဂုဏ်သိက္ခာကို ထားခဲ့သည်” ဆိုသည့် စကားစုများဟာ ကျွန်မ၏ အပြုအမူများ အားလုံးကို လွှမ်းမိုးပြီး စီစဉ်ညွှန်ကြားခြင်းကို ပြုကြသည့်အထိ ကျွန်မ၏ ဝိညာဉ်အတွင်းပိုင်း ထဲကို သူတို့ဖာသာ အမြစ်တွယ်နှင့်ပြီး ဖြစ်ပါသည်။ ယခင်က ဤအရာသည် မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို ကျွန်မ ပြန်စဉ်းစားသည်။ အရှက်မရစေဖို့ အမှန်တရားကို ဖုံးကွယ်ရင်းနှင့် တစ်ခြားလူများကို ပြောလျှင်ကျွန်မကို ဝေဖန်ကြမည်ကို ကြောက်ရွံ့သောကြောင့် ကျွန်မ၏ တာဝန်များကို ထမ်းဆောင်ရာမှာ သမ္မာတရား၏ သဘောတရား များကို ဆန့်ကျင်ပြီး ကျွန်မ အကြိမ်ရေမည်မျှ ပြုမူခဲ့သနည်း။ ကျွန်မ၏ အခြေအနေက ဆိုးနေကြောင်းနှင့် အခြားသူများနှင့် လူ့အဖွဲ့အစည်းမှာ ကျွန်မ၏အကြောင်းကို ထုတ်ဖော်ပြရမည် ဖြစ်ကြောင်းကို သိရင်းနှင့် နာကျင်စွာ သတိပြုမိသော်ငြားလည်း ကျွန်မကို အထင်သေးကြမှာကို ကြောက်ရွံ့သည့်အတွက်ကြောင့် ပွင့်ပွင့်လင်းလင်းပြောဆိုပြီး၊ အလင်း၏ လမ်းကြောင်းကို ရှာဖွေရမည့်အစား တိတ်တဆိတ်နှင့် ဒုက္ခခံဖို့ ရွေးချယ် ခဲ့တာကြောင့် ကျွန်မ၏ ဘဝကို ကြီးမားသည့် ထိခိုက်မှုများ ကျွန်မ အကြိမ်ရေမည်မျှ ဖြစ်စေခဲ့ပြီလဲ။ အမှန်တကယ် ကတော့ ကျွန်မ၏ မျက်နှာနှင့် ဂုဏ်သိက္ခာအတွက် သိပ်အန္တရာယ် ရှိနေသည့် အချိန်တိုင်းမှာ ကျွန်မသည် ဘုရားသခင်ကို အရူးလုပ်ဖို့နှင့် အခြားသူများကို စိတ်ရှုပ်ထွေးသွားစေဖို့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်လှည့်စားပြီး မဟုတ်မမှန်သည့် ပုံသဏ္ဌာန်ကို လုပ်ပြပါသည်။ ဘုရားသခင်က မရေမတွက်နိုင်သည့် ဖွင့်ပြခြင်းများ မှနေတစ်ဆင့် ကျွန်မကယ်ဖို့ ကြိုးစား ပြုလုပ်သော်ငြားလည်း ကျွန်မ၏ လှည့်စားတတ်သည့် သဘောက မှားယွင်းသည့် ပုံသဏ္ဌာန်ကို တည်ဆောက်ဖို့၊ ဘုရားသခင်ကို လှည့်စားပြီး အခြားသူများကို စိတ်ရှုပ်ထွေးအောင်လုပ်ဖို့ အမိန့်ပေးနေဆဲပင်ဖြစ်ပါသည်။ ဤကဲ့သို့ ပုံစံမျိုးနှင့် ဘုရားသခင်က ကျွန်မကနေတစ်ဆင့် မည်သို့အလုပ် လုပ်မည်နည်း။ ကျွန်မက ဤလမ်းကြောင်းကို ဆက်သွားနေပါက၊ ကယ်တင်ခြင်းကို ကျွန်မ မည်သို့ ရရှိပါမည်နည်း။ ဤအရာများ အားလုံးက ဘုရားသခင်၏ အမျက်တော်ကို မည်သို့များ မထိခိုက်စေမည်နည်း။ အကြောက်တရားများ၏ ဖမ်းဆီးမှုကို ခံရရင်းနှင့် ကျွန်မ ဘုရားသခင် ရှေ့မှာ ပျပ်ဝပ်လိုက်ပါသည်။ "အနန္တတန်ခိုးရှင် ဘုရားသခင် ကျွန်မ ကိုယ်တော်ရဲ့ရှေ့မှာ ရပ်ဖို့ မထိုက်တန် ပါဘူး။ ကျွန်မရဲ့ လှည့်စားတတ်တဲ့သဘောက ဘုရားသခင် မိသားစုရဲ့အလုပ်ကို ကြီးမားစွာ ထိခိုက်စေခဲ့ ပါတယ်။ ဒါပေမဲ့ ကိုယ်တော်ဟာ ကျွန်မရဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေအရ ကျွန်မကို မဆုံးမသေးဘဲ ပြန်လည်ပြုပြင်ဖို့အတွက် ကျွန်မကို အခွင့်အရေးတောင် ပေးခဲ့ပါတယ်။ ကိုယ်တော် ကျွန်မကို သည်းခံဖို့ အခု မတောင်းဆိုပါဘူး၊ ဒါမှမဟုတ် သူများတွေက ကျွန်မကို အထင်ကြီးစေဖို့ မတောင်းဆိုပါဘူး။ ကိုယ်တော်ရဲ့ အပြစ်ဒဏ်ခတ်ခြင်း နဲ့ တရားစီရင်ခြင်းက ကျွန်မနဲ့ အမြဲတမ်းအတူရှိဖို့ပဲ တောင်းဆိုပါတယ်။ ကိုယ်တော်ရဲ့ အပြစ်ဒဏ်ခတ်ခြင်းနဲ့ တရားစီရင်ခြင်းကနေတစ်ဆင့် ကျွန်မရဲ့ ဟန်ဆောင်ခြင်းတွေကို ဖယ်ရှင်းပြီး ရိုးသားစွာ အသက်ရှင် နေထိုင်နိုင်ဖို့အတွက် ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မြင်ရပြီး ကျွန်မရဲ့ လှည့်စားတတ်တဲ့ သဘောကို အပြည့်အဝ နားလည်လာစေဖို့ အခွင့်ကိုပေးတော်မူပါ"
နောက်ပိုင်းမှာ အောက်ပါ ဘုရားသခင်၏ နှုတ်ကပတ်တော်စာပိုဒ်ကို ကျွန်မဖတ်ပါသည်- “ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။...အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကနေ သူတို့၏မိမိကိုယ်ကို ယုံကြည်မှုကိုဝေမျှပြီး သမ္မာတရား ကို ရှာဖွေဖို့အတွက် သူတို့၏ အခက်အခဲများကို ဖွင့်ချဖို့ ဆန္ဒမရှိသူမျာသည် လှည့်စားတတ်သူများ ဖြစ်ကြောင်းကို ကျွန်မ မြင်ပါသည်။ ဘုရားသခင်သည် လှည့်စားတတ် သူများကို မုန်းတီးစက်ဆုပ်သည့်အတွက် လှည့်စား တတ်သည့် လူများသည် သူတို့အတွင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမရှိပါ။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို နှစ်ပေါင်း မည်မျှကြာအောင် ကျင့်သည်ဖြစ်စေ သူ့၏ကယ်တင်ခြင်းကို သူတို့မည်သည့်အခါမျှ ရမည်မဟုတ်သည့်အပြင်၊ နောက်ဆုံးမှာ ဖျက်ဆီးခြင်းကို ခံကြရမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် အလင်းပြမှု၏ ကျေးဇူးတော်ပင် ဖြစ်ပါသည်။ ကျွန်မသည် ဘုရားသခင်ကို အစေခံရာတွင် ရှုံးနိမ့်ခဲ့သည့် အကြောင်းရင်းက ကျွန်မကိုယ်တိုင်၏ သစ္စာဖောက်တတ်သည့် သဘာဝကြောင့် ဖြစ်ကြောင်းကို သိမြင်နိုင်ခဲ့သည်။ ကျွန်မသည် ဘုရားသခင်ကို ကျွန်မ၏ နှလုံးသားကို ပေးအပ်ဖို့၊ ဘုရားသခင်ရှေ့မှာ မိမိကိုယ်ကို ဖွင့်ပြဖို့၊ သို့မဟုတ် ကျွန်မ၏ ညီအစ်ကို မောင်နှမများကို ဖွင့်ပြပြီး မိမိကိုယ်ကို သန့်စင်စေဖို့ ဘုရားသခင်၏ အပြစ်ဒဏ် ခတ်ခြင်းနှင့် တရားစီရင်မှု တို့ကို လက်ခံရရှိဖို့ တစ်ခါမှ ဆန္ဒမရှိခဲ့ပါ။ အကျိုးရလဒ်အနေနှင့် ကျွန်မသည် မသင့်တော်သည့် အခြေအနေ အတွင်းမှာ နေထိုင်ခဲ့သည်။ သန်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ဆုံးရှုံးခဲ့ပြီး အမှောင်ထဲကို ကျရောက် ခဲ့ရသည်။ ကျွန်မသည် ခေါင်းဆောင်လုပ်သည့် အစ်မနှင့် မိတ်သဟာယဖွဲ့စဉ် အတွင်းမှာ ကျွန်မ၏ တကယ့် အခြေအနေနှင့် ပတ်သက်ပြီး ဝေမျှခဲ့ပါက သမ္မာတရားကို ကျွန်မနှင့် သူဝေမျှမှာဖြစ်ပြီး ကျွန်မ၏ အခြေအနေက ချက်ချင်း တိုးတက်လာမည် ဖြစ်သည်။ ကျွန်မက အမြဲတမ်း ရိုးရှင်းစွာနှင့် မိမိကိုယ်ကို ဖွင့်ချပြပါက၊ ဘုရားသခင်နှင့် ကျွန်မ၏ ဆက်ဆံရေးက ပုံမှန်ဖြစ်ပြီး ကျွန်မက သူ့အပေါ် မကောင်းမြင်မှုများ သိမ်းဆည်းထားမည် မဟုတ်တော့ပါ၊ သို့မဟုတ် ဘုရားသခင့် မိသားစု၏ အလုပ်များကို ကြီးမားစွာ ထိခိုက်စေမည် မဟုတ်တော့ပါ။ ဘုရားသခင်က သူ့၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်မကို ဖွင့်ပြသည့်အတွက် သူ့ကို ကျေးဇူးတင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် မှနေတစ်ဆင့် ကျွန်မကို ဖွင့်ပြခဲ့ပြီး တရားစီရင်ခဲ့သည်။ ထို့ကြောင့် ကျွန်မ၏ လှည့်စားတတ်သည့် သဘောနှင့် ကျွန်မ၏ ရှုံးနိမ့်မှု ဖြစ်ပွားရခြင်း အရင်းအမြစ်ကို သိမြင်လာခဲ့သည်။ ဘုရားသခင်၏ ဖွင့်ပြခြင်းနှင့် တရားစီရင်ခြင်း တို့သည် ကျင့်ကြံဖို့ လမ်းကြောင်းတစ်ခုကိုလည်း ပြသခဲ့ပါသည်။ မည်မျှပင်များပြားသည့် ခက်ခဲမှုများကို ကျွန်မ ကြုံတွေ့ပါစေ သို့မဟုတ် ကျွန်မ၏ အခြေအနေက မည်မျှပင် ညံ့ဖျင်းနေပါစေ မိမိကိုယ်ကို ဖွင့်ပြခြင်းနှင့် ပြတ်သားခြင်းကိုရောက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း လျှောက်သွားခြင်းတို့ဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ကျွန်မရရှိမည် ဖြစ်ပါသည်။ ကျွန်မ၏ ဟန်ဆောင်မှုကို ဖယ်ထုတ်ပြီး ရိုးသားစွာ ပြုမူခြင်းဖြင့်သာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်မ ရယူနိုင်မှာဖြစ်ပါသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှာ ကျွန်မ မျှော်လင့်ချက်ကို တွေ့ရှိပြီး ကျွန်မ၏ နှလုံးသားက နက်ရှိုင်းစွာ ထိတွေ့ခံရပါသည်။ ကျွန်မ၏ အပြုအမူများက ဘုရားသခင်ကို သိပ်နာကျင်စေခဲ့ပေမဲ့ သူဟာ ကျွန်မကို မည်သည့်အခါမျှ မစွန့်လွှတ်ဘဲ သူ့၏ကယ်တင်ခြင်းအတွက် ဆိတ်ငြိမ်စွာ လုပ်ဆောင်ရင်း အမြဲတမ်း ရှိနေခဲ့သည်။ ဘုရားသခင်၏ တင်းမာသည့်ပုံစံမြင်ရသည့် အပြစ်ဒဏ်ခတ်ခြင်းနှင့် တရားစီရင်ခြင်း တို့နောက်မှာ ဘုရားသခင်၏ တည်ကြည်လေးနက်သည့် ထည့်သွင်း စဉ်းစားပေးခြင်းသည် နှံ့နှံ့စပ်စပ်ကို မြင်သာပါသည်။ “သားအပေါ်မှာ အဖေတစ်ယောက်ရဲ့ လမ်းညွှန်မှုမှာ မြင်သာတဲ့ ချစ်ခြင်းကဲ့သို့ လေးနက်သိမ်မွေ့တဲ့ ချစ်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း ကျွန်မ အမှန်တကယ်ကို ကြုံတွေ့ခဲ့ရပါသည်။ ဘုရားသခင်၏ အနှစ်သာရသည် ယုံကြည်မှု ရှိခြင်းသာမကပဲနှင့်၊ လှပခြင်းနှင့် ကောင်းမြတ်ခြင်းတို့လည်း ဖြစ်ပါသည်။ ဘုရားသခင် ထုတ်ဖော် ပြောဆိုသည့် အရာအားလုံးက သမ္မာတရားဖြစ်ပြီး လူသားအားလုံးက တန်ဖိုးထားသင့်ပါသည်။ ယိုယွင်း ပျက်စီးသည့် လူသားမျိုးနွယ်၏ မည်သည့်အဖွဲ့ဝင်ကမှ ဤဘုရားသခင်၏ အနှစ်သာရကို မပိုင်ဆိုင်သည့် အတွက် ကြောင့်ပင် ဖြစ်သည်။ ကျွန်မ၏ တကယ့် စိတ်သဘောက လှည့်စားတတ်၊ ယုတ်ညံ့တတ်ပြီး ကျွန်မ လုပ်သမျှ အရာရာတိုင်းက သမ္မာတရားနှင့် ဆန့်ကျင်နေသော်ငြားလည်း ဘုရားသခင်ဆီကို ပြန်လာပြီး သမ္မာတရားကို ရှာဖွေဖို့ကို ကျွန်မ အတတ်နိုင်ဆုံးလုပ်ဖို့၊ ကျွန်မ၏ စိတ်သဘောထားမှာ ပြောင်းလဲခြင်းကို ရှာဖွေပြီး ကျွန်မ၏ တန်ဖိုး မရှိသည့် အဆင့်အတန်းနှင့် မျက်နှာကို ကာကွယ်ဖို့အရေးအတွက် နောက်တစ်ခါ မည်သည့်အခါမျှ မိမိကိုယ်ကို ဟန်ဆောင်ဖုံးကွယ်ခြင်း မလုပ်ဖို့ ကတိသစ္စာပြုပါသည်။ အနာဂတ်မှာ မည်သည့်အခက်အခဲ အမျိုးအစား သို့မဟုတ် ဆိုးရွားသည့် အခြေအနေများကို ကျွန်မကြုံရသည်ဖြစ်စေ၊ သမ္မာတရားကို ရှာဖွေရာတွင် အခြားသူများနှင့် မိမိကိုယ်ကို ဖွင့်ပြပြီး ဘုရားသခင်၏ နှလုံးသားကို သက်သာစေဖို့ ရိုးသားစွာ အသက်ရှင်နေထိုင်သွားဖို့ ကတိသစ္စာ ပြုပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
လီရှင်းမော့ တရုတ်နိုင်ငံ အရင် သုံးလေးနှစ်လောက်က ဆောင်းရာသီတစ်ခုမှာ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်ကို ပြောတယ်။...
ရွှင်းချုံ တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ၏ဇာတိပကတိသည် စာတန်နှင့်သက်ဆိုင်ပြီး၊ ပုန်ကန်လိုသော စိတ်သဘောထားများနှင့်...
မုတုံ ဂျပန်နိုင်ငံ ၂၀၁၇ ခုနှစ်မှာ အသင်းတော်က ကျွန်မအတွက် နိုင်ငံခြားလူသစ်တွေကို ရေလောင်းပေးဖို့ စီစဉ်တယ်။ နိုင်ငံခြားဘာသာစကားတွေမှာ ကျွန်မက...
ဖုဒမ်း တရုတ်နိုင်ငံ လွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...