သမ္မာတရားကို အမှန်တကယ် လက်ခံခြင်းဆိုသည်မှာ အဘယ်နည်း

10.09.2019

ရှောင်ဟီ ပူယန်းမြို့၊ ဟီနန်စီရင်စု

ယခင်က လူများသည် သမ္မာတရားကို မည်သို့မည်ပုံ လက်မခံကြကြောင်း ဘုရားသခင် ဖော်ထုတ်သည့် နှုတ်ကပတ်တော်များကို ဖတ်သည့်အခါတိုင်း ထိုစကားလုံးများက ကျွန်တော်နှင့် သက်ဆိုင်သည်ဟု မယုံကြည်ခဲ့ပါ။ ကျွန်တော်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှီဝဲ စားသောက်ရခြင်းကို နှစ်သက်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်နှလုံးသားကို မည်မျှထိတွေ့ခြင်းရှိမရှိ သို့မဟုတ် ကျွန်တော့်၏နားလည်မှုနှင့် မကိုက်ညီဖြစ်ခြင်းများနှင့် မသက်ဆိုင်ဘဲ ဘုရားသခင်ပြောသမျှ စကားများ အားလုံးကို အမှန်တရားအနေနှင့် အသိအမှတ်ပြုပြီး လက်ခံနိုင်သည်။ ထို့အပြင် ကျွန်တော့်၏ အစ်ကိုများ အစ်မများက မပြည့်စုံမှုများကို မည်မျှပင် ထောက်ပြသည်ဖြစ်စေ ကျွန်တော်က အသိအမှတ်ပြုပြီး လက်ခံနိုင်သည်၊ ကျွန်တော်က မိမိကိုယ်ကို မှန်ကန်မှုရှိမရှိ မသတ်မှတ်သောကြောင့်၊ ကျွန်တော်က အမှန်တရားကို သေချာပေါက် လက်ခံသည့်သူ တစ်ယောက်ဟုထင်ခဲ့သည်။ မာနထောင်လွှားပြီး၊ စိတ်ကြီးဝင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကို အမှန်တရားဟု အသိအမှတ်မပြုနိုင်သည့်သူများသာ အမှန်တရားကို လက်မခံသည့်သူများ ဖြစ်ပါသည်။ ကျွန်တော်အမြဲတမ်း ဤကဲ့သို့သာ တွေးထင်ခဲ့သည်။ သို့သော်လည်း တစ်နေ့မှာ “အသက်တာကို ဝင်ရောက်ခြင်းနှင့် ပတ်သက်သည့် မိတ်သဟာယနှင့်တရားဟောခြင်း” ကို နားထောင်သည့်အခါမှာ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို အမှန်တကယ် နားလည်သွားသည်။

၎င်းက- “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်လို့ အသိအမှတ်ပြုရုံ နဲ့ မလုံလောက် ပါဘူး။ သင့်နှလုံးသားထဲမှာ လက်ခံပြီး သင့်နှလုံးသားထဲမှာ သမ္မာတရား အတွက် နေရာပေးပြီး စွမ်းအင်ရှိစေပါ။ သမ္မာတရားဟာ သင့်နှလုံးသားထဲမှာ အမြစ်တွယ်ပြီး သင့်ရဲ့ဘဝဖြစ်လာရပါမယ်။ ဒါဟာ သမ္မာတရားကို လက်ခံခြင်းကို အစစ်အမှန် ဖော်ပြခြင်းပါပဲ။...သင့်နှလုံးသားထဲမှာ လက်ခံရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သင့်နှလုံးသားက ဒီစာကြောင်းဟာ သမ္မာတရားပါလို့လက်ခံပြီး၊ သမ္မာတရားရဲ့ အနှစ်သာရကို အမှန်တကယ် သိရှိမှတ်သားတယ်၊ ပြီးရင် သင်ဟာ ဒီသမ္မာတရားကို လုံးဝလက်ခံပြီး သင့်နှလုံးသားမှာ နေရာပေးပြီး အမြစ်တွယ်စေမယ်။ နောက်မှာတော့ ဒီသမ္မာတရားနဲ့ သင်ရှင်သန်ရမှာဖြစ်ပြီး ဒီသမ္မာတရားအရ အမှုကိစ္စကြောင်းအရာတွေကို မြင်မှာဖြစ်ပါတယ်။ ဒါဟာ သမ္မာတရားကို လက်ခံခြင်းပါ။...ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုစားသုံးပြီး ဘုရားရဲ့နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်ကြောင်းကို အသိအမှတ်ပြုတာနဲ့ ဒီလူဟာသမ္မာတရားကို လက်ခံတယ်လို့ မဆိုလိုဘူး။ တကယ်တမ်းက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အတွင်းက သမ္မာတရားရဲ့အနှစ်သာရတွေကို သေချာမှတ်သား သိရှိခြင်းဖြစ်ပြီး သင့်နှလုံးသားထဲမှာ လက်ခံခြင်း ပဲဖြစ်တယ်။ ဒါဟာဘုရားသခင်အပေါ်မှာ သင့်ရဲ့အယူအဆကို လုံးဝငြင်းပယ်ခြင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်ကို သမ္မာတရားအနေနဲ့ လက်ခံဖို့အတွက် အယူအဆဟောင်းတွေကို ငြင်းပယ်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့အညီ နေထိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ သမ္မာတရားကို အမှန်တကယ် လက်ခံခြင်း ဖြစ်ပါတယ်။” (အသက်တာကိုဝင်ရောက်ခြင်း နှင့်ပတ်သက်သည့်မိတ်သဟာယနှင့် တရားဟောခြင်း ၂ တွင် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဆိုကြောင်းကို သိနိုင်မယ့်နည်းလမ်း) ကျွန်တော် ဤအကြောင်းကို ကြားရသည့်အချိန်တွင် ကျွန်တော်နှလုံးသားက ချက်ချင်း ထိတ်လန့်သွားပါသည်။ သို့ပါက ဤသည်မှာ သမ္မာတရားကို လက်ခံခြင်းနှင့် ပတ်သက်၍ ကျွန်တော်ထင်ထားသကဲ့သို့ မဟုတ်ပါ။ ကျွန်တော် သေသေချာချာနှင့် နောက်တစ်ကြိမ် နားထောင်ပြီး၊ ဆင်ခြင်တွေးတောခြင်း နှင့် ရှာဖွေခြင်းတို့အားဖြင့် နောက်ဆုံးမှာ နားလည်သွားသည်၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ဟု နှုတ်ဖြင့်အသိအမှတ်ပြုခြင်း သို့မဟုတ် တစ်ခြားလူများက ဖွင့်ဟလာသည့် မပြည့်စုံမှု များကို လက်ခံနိုင်ခြင်းက ကျွန်တော်ထင်ထားသကဲ့သို့ သမ္မာတရားကို အမှန်တကယ် လက်ခံခြင်း မဟုတ်ပါ။ သမ္မာတရားကို အမှန်တကယ်လက်ခံခြင်းဆိုသည်မှာ ဘုရားသခင် ၏နှုတ်ကပတ်တော်များသည် သမ္မာတရားဟု လက်ခံရုံတင်မဟုတ်ဘဲ၊ သမ္မာတရား၏ အနှစ်သာရများကိုပါ သိရှိမှတ်သားပြီး၊ ယင်းကို သင့်နှလုံးသားမှာ လုံးလုံးလျားလျား လက်ခံထားခြင်းသာ ဖြစ်သည်။ သင်၏ယုံကြည်မှုအဟောင်းများ၊ ရှုထောင့်များ၊ မှားယွင်းသည့်အယူအဆအများကို လုံးဝငြင်းပယ်လိုက်ခြင်းပင် ဖြစ်ပါသည်။ ဤသည်မှာ သင့်နှလုံးသားတွင် သမ္မာတရားကို အမြစ်တွယ်ခွင့်ပြုပြီး သမ္မာတရားနှင့် ရှင်သန်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို အမှန်တကယ် လက်ခံခြင်း ဖြစ်ပါသည်။

ဤအရာများ အားလုံးကို နားလည်ပြီးသည့်နောက်မှာ ကျွန်တော် မိမိကိုယ်ကို စတင်ကာ ပြန်လည်သုံးသပ်လာသည်။ ကျွန်တော်က သမ္မာတရားကို လက်ခံသူတစ်ယောက်ဖြစ်သည်ဟု ယုံကြည်သည်၊ သို့သော် ကျွန်တော့်၏ နှလုံးသားထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံပြီးဖြစ်ပါလား။ ကျွန်တော့်နှလုံးသားမှာ သမ္မာတရားဟာ စွမ်းအားရှိနေပြီလား။ ကျွန်တော့်နှလုံးသားမှာ တည်ရှိခဲ့သည့် အတိတ်က သဘောထားများနှင့် မှားယွင်းသည့် အယူအဆများကို ကျွန်တော် ငြင်းပယ်ပြီးပြီလား။ ကျွန်တော် မိမိကိုယ်ကို သေချာသုံးသပ်စစ်ဆေးပြီးနောက်မှာ ဤအချက်များကို တစ်ခုမှ ကျွန်တော်မလုပ်ရ သေးကြောင်းကို သိမြင်လိုက်ရသည်။ ဥပမာ လူသားမျိုးနွယ်ကြားမှာ စစ်မှန်သည့်ချစ်ခြင်း မေတ္တာဆိုသည်မှာ မရှိဘဲ သူတို့အချင်းချင်း အခွင့်ကောင်းယူနေကြကြောင်းကို ဘုရားသခင်က ထုတ်ဖော်ခဲ့ပါသည်။ ဘုရားသခင် ပြောဆိုခဲ့သောအရာကို ကျွန်တော်က နှုတ်နှင့်အသိအမှတ်ပြုခဲ့သော်လည်း၊ ကျွန်တော့်ဇနီး၊ သားသမီး၊ မိဘများနှင့် ကျွန်တော်သည် အချင်းချင်းအပေါ်မှာ စစ်မှန်သည့်ချစ်ခြင်းမေတ္တာရှိသည်ဟု နှလုံးသားထဲမှာ အမြဲတမ်း ခံစားရပါသည်၊ ဘုရားသခင်သည် လူသားများ၌ အမှန်တရားရှိခြင်းမရှိခြင်း အပေါ်မှာ မူတည်ပြီး လူသားများကို သူတို့၏ အခြေအနေပေါ်မှာ အခြေခံပြီး၊ မပြည့်စုံစေခဲ့ကြောင်း အမှန်တရားကို ကျွန်တော့်၏နှုတ်ခမ်းများက လက်ခံသော်လည်း၊ ကျွန်တော့်၏အခြေအနေ မြင့်မားလာလေလေ ဘုရားသခင်က ကျွန်တော့်ကိုပိုပြီး ပြည့်စုံစေလာလေလေ၊ ကျွန်တော့်၏အခြေအနေက မြင့်မားလာလေလေ လူအများစုက ကျွန်တော့်ကို အထင်ကြီးလေးစားလာကြလေ ဖြစ်မည်ဆိုသည့် ကျွန်တော့်၏ ကိုယ်ပိုင်အမြင်ကိုမူ ကျွန်တော့်နှလုံးသားက စွဲကိုင်ထားဆဲပင် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်နှင့်ပတ်သက်လျှင် ကျေနပ်ဝမ်းသာမှုရှိလိမ့်မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော့်၏အခြေအနေများ မြင့်ခြင်းနိမ့်ခြင်းနှင့်ပတ်သက်ပြီး အမြဲတမ်း စိုးရိမ်ပူပန်ခဲ့ပြီး ၎င်းနှင့်ပတ်သက်လျှင် ခက်ခဲသကဲ့သို့ ခံစားခဲ့ရပါသည်။ ဘုရားသခင်ကပြောသည့် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းများ၊ ပြီးနောက် ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းများသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ များဆိုသည်မှာ လူသား၏ဘဝအတွက် အလွန်အကျိုးရှိသည်ဟု ပြောခဲ့သည်ကို ကျွန်တော်၏ ပါးစပ်က အသိအမှတ်ပြု ပါသည်။ သို့သော် ကျွန်တော်သည် ထိုစကားလုံးများ၏ သမ္မာတရားဆိုင်ရာအနှစ်သာရများကို နားလည်ဖို့မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်မျှ ချစ်ကြောင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ သည် မည်သို့ထင်ရှားခဲ့ကြောင်းကို ကျွန်တော် အသိအမှတ်မပြုခဲ့သည်မှာ၊ ကျွန်တော့်အနေဖြင့် ဘုရားသခင်က ကျွန်တော့်ကို သန့်စင်ရန် နှင့် ရိုက်နှက်ဆုံးမရန် ကျွန်တော့် အယူအဆနှင့် မကိုက်ညီသော လူများ၊ အရေးကိစ္စများနှင့် အရာများ ကို အသုံးပြုခြင်းအား လက်ခံလိုသည့် ဆန္ဒ မရှိသည့်အပြင်၊ ကျွန်တော်သည် စောဒကတက်ကာ၊ ငြီးတွားသည်အထိပင် ဖြစ်ပါတော့သည်။ လူသားများကို ရိုးသားဖို့အတွက် ဘုရားသခင် တောင်းဆိုခြင်းသည် အရေးပါကြောင်းကို သိသော်ငြားလည်း လက်တွေ့ ထဲထဲဝင်ဝင်ကျင့်သုံးဖို့အတွက် ကျွန်တော် အရေးမစိုက်ခဲ့ပါ။ ကျွန်တော့်၏ ဂုဏ်သိက္ခာအတွက် ကျွန်တော်မကြာခဏ လိမ်လည် လှည့်စားဆဲပင် ဖြစ်သည်။ ထို့နောက်တွင် ကျွန်တော်သည် အမှန်တရားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောလိုပါ။ ကျွန်တော့်၏အလုပ်တာဝန်များကို ထမ်းဆောင်နေစဉ်မှာ အားစိုက်လုပ်ရသည့် အခက်အခဲများ လိုအပ်လာသည့် ပြဿနာများကို ကြုံရသည့်အချိန်များမှာ ရေသာခိုလုပ်ကိုင်ခဲ့ပြီး၊ ကျွန်တော့်တာဝန်များအပေါ်မှာ မဆက်ကပ်နိုင်ခဲ့ပါ။ ဘုရားသခင်သည် အကြောင်းအရာတိုင်းမှာ သူ၏အလိုတော်ကို ရှာဖွေပြီး ဘုရားသခင်၏ ဆန္ဒအလို အတိုင်း ပြုမူဆောင်ရွက်ဖို့ပြောဆိုခဲ့ခြင်းကို ကျွန်တော့်နှုတ်က လက်ခံသော်လည်း၊ တကယ့်လက်တွေ့ဘဝမှာ ပြဿနာများကို ကြုံရသည့်အခါမှာ မိမိနှစ်သက်သကဲ့သို့ လုပ်ဆောင်၍ မိမိ၏အလိုဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ပါသည်။ ကျွန်တော်က ဘုရားသခင် ကို မေ့ထားပါသည််။ ပြီးလျှင် တစ်ခြားလူများက ကျွန်တော်သည် မာနထောင်လွှားသည်၊ မိမိစိတ်ကြိုက်လုပ်သည်ဟု ကျွန်တော့်၏ မပြည့်စုံမှုများကို ထောက်ပြလာလျှင် ကျွန်တော့် နှလုံးသားက သူတို့၏ ဝေဖန်မှုကို လက်မခံနိုင်ပါ။ သို့သော် ကျွန်တော်က အမှန်တရားကို လက်မခံပါဟု တစ်ခြားလူများက ပြောစိုးရိမ်သည့်အတွက် ကျွန်တော့် စိတ်သဘောထားကို ဆန့်ကျင်ပြီး၊ ခေါင်းငြိမ့် အသိအမှတ်ပြုလိုက်ပါသည်။ သို့သော် တကယ်တမ်းမှာမူ သူတို့၏ဝေဖန်မှုကို ကျွန်တော် မစဉ်းစားပါ။ ကျွန်တော်သည် အမှန်တရားကို လက်မခံသေးကြောင်းကို ပြသည့် အရာများ များစွာရှိပါသည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်မှာ လူများသည် အမှန်တရားကို လက်မခံကြပါဟု ထုတ်ဖော်သည်ကို မြင်ရသည့်အခါမှာ ကျွန်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်မခံခဲ့ပါ၊ ပြီးလျှင် မိမိကိုယ်ကို သုံးသပ်ဖို့နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဆိုင်ရာ အနှစ်သာရများကို နားလည်ဖို့ မကြိုးစားခဲ့ပါ။ ဤအရာများမလုပ်ဘဲ ကျွန်တော်က ဘုရား၏နှုတ်ကပတ်တော်ထဲမှာ ခြွင်းချက်ဖြစ်ပြီး၊ မိမိကိုယ်ကို သမ္မာတရားကို လက်ခံသည့် သူတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သည်။ ဤသည်မှာ သမ္မာတရားကို လက်မခံကြောင်း အသိသာဆုံး ဖော်ပြချက် တစ်ခု မဟုတ်ပါလား။ ထိုအချိန်တုန်းက ကျွန်တော်သည် မည်သည့်နည်းလမ်းနှင့်ဖြစ်ပါစေ၊ သမ္မာတရားကို လက်မခံခဲ့သည့်သူတစ်ယောက်ဖြစ်ကြောင်း ကျွန်တော်မြင်ခဲ့ပါသည်။ ကျွန်တော် သမ္မာတရားကို လက်ခံသည်ဆိုသည့် ကျွန်တော့်အမည်ခံ ဖော်ပြချက်များသည် လုံးဝ အပေါ်ယံအပြုအမူသက်သက်များသာဖြစ်ပါသည်၊ သမ္မာတရားကို လက်ခံခြင်းနှင့် နီးတောင်မနီးစပ်သည့် မှားယွင်းသည့် ဟန်ဆောင်မှုသာဖြစ်ပါသည်။ ကျွန်တော် မိမိကိုယ်ကို မသိခဲ့ပါ။ မိမိကိုယ်ကို တကယ်ကို မသိခဲ့ပါ။ ဤသည်ကို သတိထားမိလာပြီးသည့်နောက်မှာ ကျွန်တော်ကြောက်ရွံ့ခြင်းကို ခံစားလာရသည်။ ကျွန်တော်က ဤအချိန်များမှာ ဘုရားသခင်ကို ယုံကြည်ခဲ့သော်လည်း သူ့နှုတ်ကပတ်တော်များ၏ ပြင်ပမှာနေထိုင်ခဲ့ကြောင်းကို သိခဲ့ရသည်။ ကျွန်တော်သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အမှန်တကယ် လက်မခံခဲ့ရပါ။ ကျွန်တော်သည် အသက်တာမှာ ဘုရားသခင်နှင့် သမ္မာတရားမပါဝင်သည့် မယုံကြည်သူ သက်သက်တစ်ယောက်ပါပဲ။ ကျွန်တော် ဤကဲ့သို့သာ ဆက်ပြီး ယုံကြည်နေပါက ဘုရားသခင်၏ နှုတ်ကပတ်တော် များဟာ ကျွန်တော်၏အသက်တာ မည်သည့်အခါမျှ ဖြစ်လာမှာမဟုတ်ပါ။ ကျွန်တော်သည် မည်သည့်အခါမျှ စာတန်၏ လွှမ်းမိုးမှုအောက် မှနေလွတ်ပြီး၊ ကယ်တင်ခြင်းခံရကာ ပြည့်စုံခြင်းရှိသွားသည်မျိုး ဖြစ်မည်မဟုတ်ပါ။ ဆန့်ကျင် ဖက် အနေနှင့် ကျွန်တော်သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံရမည်ဖြစ်ပါသည်။

သမ္မာတရားကို အမှန်တကယ်လက်ခံဖို့ဆိုတာ မည်သည့်အရာကိုဆိုလိုကြောင်းကို ကျွန်တော့်ကို နားလည်စေဖို့ ခွင့်ပြုပြီး လမ်းပြခဲ့သည့်အတွက်၊ ကျွန်တော့်၏ အတိတ်က ဗဟုသုတနှင့် အလေ့အကျင့်များသည် အလွန်ပင် စိတ်ကူးသက်သက်သာဖြစ်ပြီး ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီကြောင်းကို မြင်နိုင်ခွင့်ပေးခဲ့သည့်အတွက်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း ပါသည်။ အသစ်တဖန် ပြန်လည်စတင်ပြီး ဘုရားသခင် မိန့်တော်မူခဲ့သည့် အရာအားလုံးတွင် ကျွန်တော့် နှလုံးသားထဲ၌ သမ္မာတရား၏ အနှစ်သာရများကို လက်ခံဖို့၊ ကျွန်တော့်၏ လက်တွေ့လုပ်ဆောင်မှုကို အကောင်အထည်ဖော်လိုပါသည်။ ကျွန်တော်သည် သမ္မာတရားကို အမှန်တကယ် လက်ခံသည့် လူတစ်ယောက်ဖြစ်လာပြီး၊ သမ္မာတရားအားဖြင့် ရှင်သန်နေထိုင်နိုင် သည့်သူဖြစ်ချင်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်တာဝန်တွင် မှန်ကန်သော သဘောထား၏ အရေးပါမှု

အယ်လာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ အောက်တိုဘာမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ စုဝေးပွဲတွေကို...

မာနထောင်လွှားမှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသည်

ရှောင်ချင်၊ ဟေနန်စီရင်စု ကျွန်မသည် မာနထောင်လွှားတတ်သော သဘောရှိသည့် လူတစ်ဦးဖြစ်ခဲ့သည်။ အခြားသူများထက် ကျွန်မ ပိုတော်သည်ဟု အမြဲတွေးထင်ရင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။