ယှဉ်ပြိုင်ခြင်းက ဆင်းရဲဒုက္ခရောက်စေသည်
ရှင်းရီး တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီမှာ ကျွန်မနဲ့ ချန်းစီကို ရေလောင်းအလုပ် အတူတာဝန်ယူဖို့ အသင်းတော်က စီစဉ်ပေးတယ်။ အဲဒီသတင်းကြားတော့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ တွေးလေ့ရှိတာက ဘုရားသခင်က လူသား၏ပင်ကို ဖောက်ပြန်ပျက်ဆီးမှုကို ပြသသည့်အခါ သို့မဟုတ် လူသား၏နောက်ဆုံးခရီးပန်းတိုင်ကို တရားစီရင်သည့် ပြင်းထန်သည့်နူတ်ကပတ်တော်များကို သိရှိစေသည့် အခါမှသာ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတတ်ခြင်းဟု ဖြစ်ပါသည်။ နောက်ပိုင်း တော်တော်ကြာမှ မတော်မဆမှု တစ်ခု ကြောင့် ကျွန်မ သဘောပေါက်လာရခြင်းက ဘုရားသခင်၏ နူးညံ့သည့် နူတ်ကပတ်တော်များကလည်း သူ၏တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမမှုများသာ ဖြစ်ကြောင်းပင်။ ကျွန်မ သဘောပေါက်ခဲ့ခြင်းက ဘုရားသခင်မိန့်မြွက်သည့် နူတ်ကပတ်တော်တိုင်းက သူ၏လူသားကို တရားစီရင်ခြင်း ဖြစ်သည် ဆိုခြင်းပင်။
တစ်လောက ကျွန်မ၏အိမ်ရှင် မိသားစုမှ အသက်ကြီးသည့် အစ်မတစ်ယောက်က သူမနှင့် သူမ၏ ချွေးမ စကားများကြခြင်းကြောင့် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ ကျွန်မ သူမနှင့် အကြိမ်တစ်ချို့ မိတ်သဟာယဖွဲ့ခဲ့သည်။ သို့သော် သူမအခြေအနေထဲမှာ အပြောင်းအလဲ မရှိခဲ့ပါ။ တဖြည်းဖြည်းနှင့် ကျွန်မ စိတ်မရှည် ဖြစ်လာသည်၊ ကျွန်မကိုယ် ကျွန်မ စဉ်းစားမိခြင်းက “ကျွန်မနဲ့ အစ်မ အကြိမ်အတော်များများ မိတ်သဟာယဖွဲ့ပြီးပြီ၊ ဒါပေမဲ့ အစ်မက မပြောင်းလဲသွားဘူး။ အစ်မက သမ္မာတရားကို စိတ်မဝင်စားတာ ဖြစ်ရမယ်။ အစ်မနဲ့ ကျွန်မ ဘယ်တော့မှ မိတ်သဟာယထပ်မဖွဲ့တော့ဘူး” ထို့နောက်ပိုင်း သူမ မည်သို့ အခြေအနေမျိုးထဲမှာ ရောက်ခဲ့ကြောင်း ကျွန်မ သိပ်မမေးဖြစ်တော့ပါ။ တစ်နေ့တွင် ကျွန်မနှင့် အလုပ်အတူတူတွဲလုပ်သည့် အစ်မတစ်ယောက်က ထိုအစ်မ၏ အခြေအနေကို ပြောပြခဲ့ပြီး သူမနှင့်အတူတူ ပိုမိတ်သဟာယဖွဲ့ပြီး ဆုတောင်းသင့်ကြောင်း အကြံပေးလာ သည်။ ဤသည်ကို ကြားတော့၊ ကျွန်မ မည်သည်ကိုမှ အသံထွက် မပြောပဲ “ကျွန်မ သူနှင့်အတူ အကြိမ်အများကြီး မိတ်သဟာယပြု ဝေမျှခဲ့ပြီး အားလုံး အလဟသဖြစ်ခဲ့တယ်။ ကျွန်မမြင်သည့်အတိုင်းဆိုရင် သူနှင့် မိတ်သဟာယ ပိုဖွဲ့ခြင်းက အချိန်ဖြုန်းခြင်း သက်သက်ပဲဖြစ်တယ်” ဟု ကျွန်မကိုယ် ကျွန်မ တွေးခဲ့သည်။ ဤသည်မှာ စာတန်မာရ်နတ်၏ စိတ်သဘောထား ဖြစ်သည့် ကျွန်မ၏ မာနထောင်လွှားမှုကို ပြသနေကြောင်းကို သိနေခဲ့သည်။ ကျွန်မက သူမကိုတမင်အဖတ်မလုပ်ဘဲ သူမအပေါ် ချစ်ခြင်းမေတ္တာကို လုံးဝမပြသပါ။ သို့သော် ကျွန်မ၏ အခြေအနေကို ကျွန်မ မပြောင်းလဲနိုင်ခဲ့ပါ၊ ကျွန်မတို့ အတူတူ ဆုတောင်းကြ သည့်အခါမှာ ကျွန်မ၏ အတွင်းစိတ်ထဲက သူမကို ဆန့်ကျင်သည့် ကျွန်မ၏ လိုမုန်းထားစိတ်ကို စွန့်ပစ်လိုက်ဖို့ ခက်ခဲကြောင်း တွေ့ရှိလာရပြီး ဝိညာဉ်ရေးဆိုင်ရာ အမှောင်ထုထဲကို လုံးဝ နှစ်မြှုပ်သွားပြီး ဘုရားသခင်နှင့် ကျွန်မ အတူတူရှိနေကြောင်းကို မခံစားမိတော့ပါ။ ကျွန်မနှလုံးသားကို တစ်ခုခုက ပိတ်ဆို့ထားပြီး ဖယ်ရှား၍မရသကဲ့သို့ မွန်းကျပ်မှုကို ခံစားရသည်။ နောက်ပိုင်းမှာ၊ ဘုရားသခင်၏အရှေ့ ကျွန်မ ၏အကျပ်အတည်း ကိုယူဆောင်ခဲ့ပြီး ကျွန်မ ဆုတောင်းသည်၊ “ဘုရားသခင်၊ ကျွန်မရဲ့ မာနထောင်လွှားမှုနဲ့ မပြည့်စုံတဲ့ လူသားသဘာဝ သတိမူမိပါတယ်။ ကျွန်မရဲ့အစ်မအပေါ် ကျွန်မ စာနာထောက်ထားမှုကော ညှာတာခြင်းကော မပြခဲ့ဘူး။ ကျွန်မ ဒီအခြေအနေထဲမှာ အသက်မရှင်ချင်ပေမဲ့ ကျွန်မရဲ့ နှလုံးသားက တကယ်ကို မပြောင်းလဲနိုင်ပါဘူး။ ဘုရားသခင်၊ ကျွန်မကိုယ် ကျွန်မ သိဖို့နဲ့ သမ္မာတရားကို နားလည်ဖို့ ကိုယ်တော် ကျွန်မကို ဉာဏ်အလင်းဖွင့်ပေးဖို့ တောင်းလျှောက်ပါတယ်” ကျွန်မ ထိုသို့ဆုတောင်းပြီးချိန်မှာပဲ၊ ဘုရားသခင်၏နူတ်ကပတ်တော် တစ်ချို့ကို ကျွန်မ ရေးတေးတေးမှတ်မိခဲ့သည်။ ချက်ချင်းပင် ကျွန်မ ဘုရားသခင်၏နူတ်ကပတ်တော် စာအုပ်ကို ဖွင့်ခဲ့ပြီး အောက်ပါ ထုတ်ပြန်ချက်များကို တွေ့ရှိခဲ့ရသည်- “ဘုရားသခင်ကိုချစ်ရန် သင်၏ အဓိဋ္ဌာန်ပမာဏကို ယင်းက ဘာ့ကြောင့်ဆိုခဲ့သနည်း၊ ဖြစ်နိုင်သည်မှာ သင်သည် အသွေးအသားကို စစ်မှန်စွာဖြင့်ငြင်းပယ်ခဲ့ခြင်းဖြစ်မည်။ နောက်တစ်ခုမှာ သင်သည် သင့်ညီအစ်ကို မောင်နှမများကို ဘက်လိုက်ခြင်း၌ ရှိနေ၏။ အကယ်၍ သင်ဖြစ်လျှင် ထိုဘက်လိုက် လွှမ်းမိုးမှုများကို ဘေးဖယ် ပစ်နိုင်ပါသည်။ ယင်းကိုပြောရလျှင် သင့်ညီအစ်ကိုမောင်နှမတို့နှင့် ဆက်ဆံရေးပုံမှန်ဖြစ်နေစဥ်အခါ ဘုရားသခင် ရှေ့တွင် သင့်အခြေအနေများသည်လည်း ပုံမှန်ပင်ဖြစ်သည်။ သင့်ညီအစ်ကိုမောင်နှမအထဲမှ တစ်ဦးဦးက အားနည်းသောအခါ သင်သည် သူတို့ကို မုန်းခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ နောက်ပြောင်ခြင်း၊ ပယ်ချခြင်းတို့ကို ပြုလိမ့်မည်မဟုတ်ပေ။ သင်သည် သူတို့အား အစေခံနိုင်မည်ဆိုလျှင် သူတို့နှင့် ပူးပေါင်းဆောင်ရွက် နိုင်လိမ့်မည်။...အကယ်၍ သင်သည် သူတို့ကို မထောက်ပံ့နိုင်ကြောင်း စိတ်ထဲတွင် ခံစားရလျှင် သူတို့ထံ အလည်သွားနိုင်ပါသည်။ ထိုသို့ပြုခြင်းသည် အသင်းတော်၏ ခေါင်းဆောင်မှသာ ပြုရသည်မဟုတ်ပေ။ ယင်းအလုပ်သည် ညီအစ်ကို မောင်နှမတိုင်း ပြုကြရမည့် ၀တ္တရားပင်ဖြစ်ပါ၏။ အကယ်၍ ညီအစ်ကို (သို့) မောင်နှမ တစ်ဦးဦးသည် အခြအနေ မကောင်းပဲဖြစ်နေသည်ကို သင်မြင်ခဲ့လျှင် သင်သည် သူတို့ထံ အလည်သွားသင့်ပါသည်။ ယင်းသည်ကား သင်တို့ အယောက်စီတိုင်း၏ တာ၀န်၀တ္တရားပင်တည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု”) ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည့် “ယင်းကိုပြောရလျှင် သင့်ညီအစ်ကိုမောင်နှမတို့နှင့် ဆက်ဆံရေးပုံမှန်ဖြစ်နေစဥ်အခါ ဘုရားသခင် ရှေ့တွင် သင့်အခြေအနေများသည်လည်း ပုံမှန်ပင်ဖြစ်သည်။” ဆိုသည်တို့ကလည်း ကျွန်မစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း စွဲထင်သွားခဲ့သည်။ ကျွန်မ ရှာဖွေနေစဉ်မှာ ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ဉာဏ်အလင်းပွင့်စေခြင်းနှင့် အလင်းပေးခြင်း ကနေ တစ်ဆင့်၊ ဤနူးညံ့သည်ဟု ထင်ရသည့် ပြောဆိုချက်က အမှန်တကယ်တော့ ဘုန်းအာနူဘော်နှင့် တရားစီရင်မှု ဖွဲ့စည်းပါဝင်နေကြောင်း ကို ခံစားမိပြီး၊ ယင်းက ကျွန်မ နှလုံးသားကို ဓားတချောင်းနှင့် ထိုးဖောက်လိုက်သကဲ့သို့သာ ဖြစ်ပါသည်။ ဘုရားသခင်က လူသားကို အမြဲတမ်း ရှင်းလင်းစွာ ပြောဆိုသည်မှာ ဘုရားသခင်၏ နူတ်ကပတ်တော်များကို အခြေခံမှသာ လူသည် ညီအစ်ကို မောင်နှမများကြားတွင် ပုံမှန်ဆက်ဆံရေးများကို တည်ဆောက်နိုင်မည် ဖြစ်သည်၊ ပြီးလျှင် သူတို့၏ ညီအစ်ကိုမောင်နှမများနှင့် ဆက်ဆံရေးက ပုံမှန်ဖြစ်သည်ဆိုပါက၊ ဘုရား၏ရှေ့တွင် သူတို့၏ အခြေအနေ သည်လည်း ပုံမှန်ဖြစ်သည်။ သို့သော် တခြားလူများနှင့်အတူ ကျွန်မ၏အပြန်အလှန်ဆက်ဆံမှုမှာ၊ ကျွန်မ ပြသခြင်း တစ်ခုတည်းက စာတန်မာရ်နတ်၏ ဖောက်ပြန်တတ်သည့် စိတ်သဘောထားသာဖြစ်ပါသည်၊ ကျွန်မ တခြားလူများကို အထင်အမြင်သေးသည်၊ ပစ်ပယ်ပြီး ဘောင်ခတ်သည်။ ကျွန်မမှာ လူများနှင့် ပုံမှန်ဆက်ဆံရေးမျိုး မရှိခဲ့ပါ၊ သို့ပါက မည်သို့များ ဘုရားသခင်နှင့်ပုံမှန်ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်မည်နည်း။ အားနည်းပြီး အပျက်သဘောဆောင်သည့် ညီအစ်ကို မောင်နှမများကို အစေခံပြီး အလည်အပတ်သွားခြင်း သည် ဘုရားသခင်ကို ယုံကြည်သည့် လူ၏မပြောင်းလဲသည့် တာဝန်ဖြစ်ပါသည်။ ယင်းမှာ ဘုရားသခင်ကို ချစ်ဖို့ ကြိုးစားကြသည့် လူများ နေထိုင်ရမည့် ဘဝဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ချစ်ကြသည့် ညီအစ်ကို မောင်နှမများ၏အပြုအမူဖြစ်ပါသည်။ ဆန့်ကျင်ဘက်အနေနှင့်၊ ထိုအစ်မက အခြေအနေဆိုးထဲရောက်နေခြင်းကို ကျွန်မမြင်ခဲ့ သည့်အချိန်မှာ၊ ကျွန်မက သူမနှင့် မိတ်သဟာယဖွဲ့သည့် ပုံစံပေါ်နေသော်လည်း၊ ကျွန်မက သူမကို ဘုရားသခင်ကို ချစ်သည့် စိတ်နှင့် မကူညီခဲ့သလို အားမပေးခဲ့မိပါ။ ကျွန်မ သူမ၏ အမှောင်ထဲမှာ ရှင်သန်နေရသည့် ဒုက္ခဝေဒနာကို နားမလည်ပေးခဲ့ပါ၊ သို့မဟုတ် အပျက်သဘောဆောင်သည့် အခြေအနေကနေ ရုန်းထွက်နိုင်အောင် သူမကို ကူညီပေးဖို့ စိတ်ရှည်ရှည်နှင့် မိတ်သဟာယ ဖွဲ့မပေးခဲ့မိပါ။ ကျွန်မ သူမနှင့် မိတ်သဟာယဖွဲ့သည်နှင့် တပြိုင်နက် သူမ ပြန်လှည့်လာ သင့်သည် ဟုတွေးရင်း ကျွန်မ၏ ကိုယ်ပိုင် စံနှုန်းစံထားများပေါ် အခြေခံပြီး သူမအပေါ် ကျွန်မ တောင်းဆိုမှုများ လုပ်ခဲ့သည်။ မိတ်သဟာယဖွဲ့ပြီးသည့်နောက် သူမအခြေအနေ မပြောင်းလဲ သည့်အခါ သူက သမ္မာတရားကို ရှာဖွေဖို့တောင် ရည်ရွယ်ချက် မရှိပါဟုပင် ဆုံးဖြတ်ခဲ့မိရင်း သူမအပေါ် မရိုမသေ ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်မ သူမကို အထင်သေးပြီး ရှောင်ရှားခဲ့သည်။ ဤသည်မှာ ဘုရားသခင် သတ်မှတ်ထား သည့်အရာနှင့် အတော်အလှမ်းဝေးပါသည်။ ကျွန်မက သူမနှင့် အကြိမ်အနည်းငယ် မိတ်သဟာယပြုခဲ့သည်ဟု ထင်ခဲ့ပြီးနောက်၊ စိတ်မရှည်ဖြစ်ခဲ့သည်။ ကျွန်မ သူမကို ကန့်သတ်မိပြီး အထင်သေးမိခဲ့သည်။ ကျွန်မ၏ လူ့သဘာဝက အရမ်းချို့လှသည်။ ထိုအချိန်မှာ၊ ကျွန်မ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ဆုံးရှုံးခဲ့ရပြီးတော့ ဝိညာဉ်ရေးရာ အမှောင်ထုထဲမှာ ကျွန်မ၏ ဝိညာဉ် ဝေဒနာခံစားရင်း သူ၏ ပြစ်တင်ဆုံးမခြင်းခံရဖို့ ဖြစ်လာခဲ့သည်။ ယင်းက ဘုရားသခင်၏ ပင်ကိုစိတ်နေသဘောထား ကျွန်မဆီကို ရောက်လာခဲ့သည့် အခြေအနေသာ မဟုတ်ပါလား။ ကျွန်မ ဤအကြောင်းကို ပိုစဉ်းစားမိလေလေ ကျွန်မ ပိုမိုခိုင်မာစွာ ခံစားမိသည်မှာ ဤတကယ့်ထုတ်ပြန်ချက်က ဘုရားသခင်၏ ကျွန်မအပေါ် မျက်နှာချင်းဆိုင် တရားစီရင်မှု ဖြစ်ကြောင်းပင် ဖြစ်သည်။ ကျွန်မ ရှက်ပြီး အရမ်းကို နောင်တရမိခဲ့သည်။ သို့သော် တစ်ချိန်ထဲမှာပင် ကျွန်မ၏ ဘုရားသခင်ကို ကြောက်ရွံ့မှုက အလိုအလျောက် ပြည့်လာခဲ့ပြီး ဘုရားသခင်၏ စိတ်သဘောထားက ဘုန်းအာနုဘော်နှင့် အမျက်ဒေါသထဲက တစ်ခုဖြစ်မှန်း ကျွန်မ သဘောပေါက်မိခဲ့သည်။ ဘုရားသခင်က အမှန်တကယ်သာ အလွန့်အလွန် ဖြောင့်မတ်ပြီး သန့်ရှင်းသည်ဆိုတာ ကျွန်မ သဘောပေါက်မိခဲ့သည်။ ဘုရားသခင်က ကျွန်မ၏ အတွေးတစ်ခုစီတိုင်းကို ဆန်းစစ်နိုင်သည်၊ ထို့ကြောင့် သူမတရားစီရင်ခြင်းကနေ လွတ်မြောက်နိုင်ခြင်း မရှိပါ။
ဘုရားသခင်၏နူတ်ကပတ်တော် တရားစီရင်ခြင်းက ထိုအစ်မအပေါ် အမှန်ကို မလိုမုန်းထားမှုကို စွန့်ပစ်ဖို့ ကျွန်မကို ကူညီမစခဲ့ပြီး၊ ကြင်နာခြင်း ချစ်ခြင်းစိတ်တစ်ခုနှင့်အတူ သူမနှင့် မိတ်သဟာယပြုဖို့ ကျွန်မ လိုလားခဲ့သည်။ ထိုသို့ဖြစ်သော်ငြားလည်း၊ မမျှော်လင့်ဘဲ၊ ကျွန်မ သူနှင့် မိတ်သဟာယထပ်မဖွဲ့မီမှာပင်၊ သူမသည် ဘုရားသခင်ဆီက အသိဉာဏ်ပွင့်လင်းမှုကို လက်ခံရရှိခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မတေးများကို နားထောင်ခြင်းနှင့် ဆုတောင်းခြင်းကနေ သူမ၏ အပျက်သဘောဆောင်သည့် အခြေအနေ ကနေ ထွက်လာနိုင်ခဲ့သည်။ ထိုအခိုက်အတန့်မှာပင်၊ သူမအခြေအနေ တိုးတက်ကောင်းမွန်လာခဲ့သည်ကို ကျွန်မ ပျော်ရွှင်မိသည်။ ဘုရားသခင် အမြဲ ဦးဆောင်သည့်အတိုင်း ကျွန်မတို့ကို ဦးဆောင်ခဲ့သည်ကို ကျေးဇူးတင်မိပါသည်။ ကျွန်မ ထုတ်ဖော်ပြသခဲ့မိသည့် ဆိုးယုတ်သည့် စိတ်သဘောထား အတွက်လည်း အရှက်ရခဲ့ပါသည်။
ဘုရားသခင်ကို ကျေးဇူးတင်မိပါသည်။ ကျွန်မ ဤအတွေ့အကြုံ ကနေတဆင့် ပုန်ကန်မှုနှင့် ပျက်ဆီးခြင်းကိုသာ ပြသခဲ့ပေ သော်ငြားလည်း၊ ဘုရားသခင်၏ နူးညံ့သည့် နူတ်ကပတ်တော်များ ကလည်း လူသားအပေါ် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသာဖြစ်ကြောင်း နှင့် သူ့ဆီက နှုတ်ကပတ်တော်တိုင်းသည် သမ္မာတရားဖြစ်ပြီး ၎င်းတို့သည် ဖောက်ပြန်ပျက်ဆီးသည့် လူသားများ သူတို့၏ လူသားသဘာဝအတွင်းမှာ ချို့သည့်နေသည့် အရာများ အားလုံးသာဖြစ်ကြောင်းကို ကျွန်မ သိခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်ထံမှ နှုတ်ကပတ်တော်တိုင်းသည် လူ၏ တရားစီရင်ခြင်း ဖြစ်ရသည့်အကြောင်းရင်းပင် ဖြစ်ပါသည်။ ဘုရားသခင်၏နူတ်ကပတ်တော်ကို မည်သည့်အခါမျှ ကျွန်မ ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးများနှင့် ထပ်ပြီး မမှတ်ယူတော့ပါ။ သမ္မာတရားများကို ရရှိပြီး ပိုမို နားလည်သဘောပေါက်ဖို့နှင့် ကျွန်မ၏စိတ်သဘောထားကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြောင်းလဲဖို့အတွက် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း များကို လုံးဝနာခံခြင်းနှင့် လက်ခံပါတော့မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ရှင်းရီး တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီမှာ ကျွန်မနဲ့ ချန်းစီကို ရေလောင်းအလုပ် အတူတာဝန်ယူဖို့ အသင်းတော်က စီစဉ်ပေးတယ်။ အဲဒီသတင်းကြားတော့...
ကာနန် တရုတ်နိုင်ငံ ၂၀၁၇ ဧပြီလမှာပေါ့၊ ကျွန်မက သွေးတိုးရောဂါ ဖြစ်နေတာ။ ဒါနဲ့ အိမ်ပြန်နားလို့ရအောင်ဆိုပြီး ခေါင်းဆောင်က ကျွန်မတာဝန်ကို ခဏ...
ရွှင်းချုံ ဂျပန်နိုင်ငံ ကျွန်မငယ်စဉ်က ကျွန်မမိဘများက အခြားသူများကို စိတ်ထဲအရှိအတိုင်းမပြောဖို့နှင့် စိတ်ပျက်အောင်မလုပ်ဖို့သင်ပေးခဲ့ပြီး...
ကျစ်ကျန်း တရုတ်နိုင်ငံ ကျွန်တော်က အိမ်တွင်းအသင်းတော်တစ်ခုမှာ တွဲဖက်အမှုဆောင်ပါ။ ၂၀၀၀ခုနှစ် နေ့တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက...